အဘိဓမၼာ ရွင္းစရာ

သံကိုသံဖ်က္ သံေခ်းတက္သလို စိတ္ကို မွီၿပီး စိတ္ကို ဖ်က္ဆီးေနတာက စိတ္ရဲ့အပူ အခိုးအေငြ႕ျဖစ္တဲ့ကိေလသာပါ။ စိတ္ထဲကိေလသာ၀င္လာတာနဲ့ စိတ္ရဲ့ထိန္းခ်ဳပ္နိုင္တဲ့ စြမ္းအားေတြ ပ်က္ျပယ္သြားတယ္။ ကိေလသာဟာ ေအးျမတဲ့စိတ္ကို ပူေလာင္ေစတယ္။ စင္ႀကယ္တဲ့စိတ္ကို ညစ္ႏြမ္းေစတယ္။ တရား အရွိကို မျမင္ရေအာင္ ဖံုးအုပ္ထားတယ္။ ေကာင္းမွဳျပဳခြင့္ကို တားျမစ္ပိတ္ပင္ထားတယ္။ စိတ္ကိုနာက်င္ေအာင္ နွိပ္စက္ညွင္းပန္း တယ္။ မလိုခ်င္တာေတြေပးတယ္။
ေရွ႕ကိုသြားသေယာင္ေယာင္ ဟန္ေဆာင္ၿပီး ေနာက္ကိုသာ ျပန္ပို႕ေနတတ္တယ္။
တရားအလုပ္ မလုပ္ရင္ ကိေလသာဟာ ဘယ္သူ႔ကိုမွ မငဲ့ညွာ မေထာက္ထားဘူး။
အသက္ၾကီးရုံ အခ်ိန္ကုန္ရုံနဲ႔ အလိုအေလ်ာက္ ရပ္တန္႔ ေနာက္္ဆုတ္ သြားတာမဟုတ္ဘူး။ ဘ၀ကူးအာမခံခ်က္ကိုေတာင္ ေမႊေနွာက္္ဖ်က္ဆီးပစ္တတ္တယ္။ တရားကင္းကြာရင္ အသက္ၾကီးေတာ့ ပိုေသာင္းက်န္းတတ္တယ္။ ၾကီးေလ ဆိုးေလ ျဖစ္တတ္တယ္။ ေမာဟ အေမွာင္ကို အကာအကြယ္ယူထားတဲ့ ကိေလသာဟာ စိတ္ရဲ့အက်ိဳးကို လိုလားသေယာင္ မိတ္ေဆြ ဟန္ေဆာင္ၿပီး ၀င္လာတတ္တယ္။
စိတ္နွင္႔ယွဥ္တြဲမိတာနဲ႔ တၿပိဳင္နက္ အေတြးအေျပာအလုပ္လြဲေအာင္ စိတ္ကို အလဲတြန္းခ်တတ္တယ္။ ကိုယ္႔စိတ္ကို ကိုယ္လိုသလို မသံုးနိုင္ေတာ့ဘူး။ ကိေလသာဆိုတာ မ်က္စိနဲ႔ၾကည့္လို႔လဲ မျမင္ရဘူး။ လက္နဲကိုင္ၾကည့္လုိ႔လဲ မေတြ႔ရဘူး။ ေခတ္မီစက္ကိရိယာမ်ိဳးစံုနဲ႔ စမ္းၾကည့္လို႔လဲ မရဘူး။
စိတ္မွာ ကိေလသာ၀င္လာရင္ ပူေလာင္ညစ္ႏြမ္း ပင္ပန္း႐ႈပ္ေထြးရတာလဲ အမွန္ပဲ။ ဗုဒၶေက်းဇူးေၾကာင့္ သာ ကိေလသာကို သိရတာပါ။ ကိေလသာ အက်ဥ္း ၁၀၊ အက်ယ္ ၁၅၀၀-ဆိုတာ ဆင္းရဲအပူ တည္ေဆာက္ေရးအဖြဲ႔ ျဖစ္ပါတယ္။ အဲဒီအဖြဲ႕မွာ အ၀ိဇၨာဆိုတဲ့ ေမာဟက ဥကၠ႒-ပါ။ တဏွာဆိုတဲ့ ေလာဘက အတြင္းေရးမွဴးပါ။ က်န္တဲ့ကိေလသာေတြက အဖြဲ႕၀င္ေတြ ပါ။ ဥကၠ႒ အ၀ိဇၨာက အမွန္သေဘာကို ဘာမွမသိ။
အတြင္းေရးမွဴး တဏွာက အလိုၿပီးျပည့္စံုႏိုင္တယ္လို႔ လံုး၀မရွိ။ ခႏၶာပစၥည္းရွာလို႔ မၿပီးစီး မျပည့္၀မီမွာပဲ အိုနာေသၾကရတယ္။ အဲဒီမသိနဲ႔ မျပည့္ဆိုတဲ့ အ၀ိဇၨာတဏွာနဲ႔ပဲ သံသရာလည္ေနၾကရတယ္။ သံသရာဒုကၡ မျပတ္ႏိုင္ေအာင္ ခ်ည္ေႏွာင္ဆက္စပ္ ေပးေနတဲ့ အခိုင္မာဆံုး သံသရာ ႀကိဳး ႏွစ္ေခ်ာင္းျဖစ္ပါတယ္။
ကိေလသာကို ႏိုင္တဲ့လက္နက္က စည္းကမ္းလိုက္နာတဲ့ သီလ၊ အာ႐ံုေပၚ စူးစိုက္တဲ့ သမာဓိ၊ အရွိကို ျမင္ေအာင္ၾကည့္ႏိုင္တဲ့ ပညာ၊ အဲဒီ သိကၡာသံုးပါးပဲ ရွိတယ္။ ေလာကမွာ အဖိုးတန္ ေက်ာက္ျမက္ ရတနာဆိုတာ ေက်ာက္ခဲ သဲထဲ ေျမထဲက ခက္ခက္ခဲခဲ တူးေဖာ္ၿပီး ျပဳျပင္ေပးႏိုင္မွ အဖိုးတန္အဆင့္ ေရာက္လာႏိုင္သလုိ လူ႔စိတ္ဓာတ္လည္း ကိေလသာဆိုတဲ့ ေက်ာက္ခဲ သဲထဲ ေျမထဲက ခက္ခက္ခဲခဲ ဆြဲထုတ္ၿပီး ျပဳျပင္ေပးႏိုင္မွ စိတ္ေကာင္းေပၚလာပါတယ္။ လူေကာင္း ျဖစ္ခြင့္ ရႏိုင္ပါတယ္။
ကိေလသာဆိုတာ တကယ္ေၾကာက္ရတဲ့ ေၾကာက္ခဲ-အစစ္ပါ။ ယပင့္ေက်ာက္ မဟုတ္ဘူး။ ရရစ္ေၾကာက္ပါ။ လူအခ်င္းခ်င္းေၾကာက္ရတာ ကိေလသာေၾကာင့္ပါ။ သူ႔ကိုေတြးေၾကာက္ေနရတာလဲဲ ကိေလသာေၾကာင့္, ကိုယ္က ေတြးေၾကာက္ေနရတာလဲ ကိေလသာေၾကာင့္ပါ။ ေၾကာက္စရာ ဆင္းရဲအပူ အားလုံး ကိေလသာေၾကာက္ခဲက ျမစ္ဖ်ားခံတာပါ။
(ေယာဆရာေတာ္၏ -အဘိဓမၼာ သိစရာ -စာအုုပ္မွ ထုတ္ႏႈတ္ ပူေဇာ္ပါသည္။)

Credit —

(Unicode)

အဘိဓမ္မာ ရှင်းစရာ
သံကိုသံဖျက် သံချေးတက်သလို စိတ်ကို မှီပြီး စိတ်ကို ဖျက်ဆီးနေတာက စိတ်ရဲ့အပူ အခိုးအငွေ့ဖြစ်တဲ့ကိလေသာပါ။ စိတ်ထဲကိလေသာဝင်လာတာနဲ့ စိတ်ရဲ့ထိန်းချုပ်နိုင်တဲ့ စွမ်းအားတွေ ပျက်ပြယ်သွားတယ်။ ကိလေသာဟာ အေးမြတဲ့စိတ်ကို ပူလောင်စေတယ်။ စင်ကြယ်တဲ့စိတ်ကို ညစ်နွမ်းစေတယ်။ တရား အရှိကို မမြင်ရအောင် ဖုံးအုပ်ထားတယ်။ ကောင်းမှုပြုခွင့်ကို တားမြစ်ပိတ်ပင်ထားတယ်။ စိတ်ကိုနာကျင်အောင် နှိပ်စက်ညှင်းပန်း တယ်။ မလိုချင်တာတွေပေးတယ်။
ရှေ့ကိုသွားသယောင်ယောင် ဟန်ဆောင်ပြီး နောက်ကိုသာ ပြန်ပို့နေတတ်တယ်။
တရားအလုပ် မလုပ်ရင် ကိလေသာဟာ ဘယ်သူ့ကိုမှ မငဲ့ညှာ မထောက်ထားဘူး။
အသက်ကြီးရုံ အချိန်ကုန်ရုံနဲ့ အလိုအလျောက် ရပ်တန့် နောက််ဆုတ် သွားတာမဟုတ်ဘူး။ ဘဝကူးအာမခံချက်ကိုတောင် မွှေနှောက််ဖျက်ဆီးပစ်တတ်တယ်။ တရားကင်းကွာရင် အသက်ကြီးတော့ ပိုသောင်းကျန်းတတ်တယ်။ ကြီးလေ ဆိုးလေ ဖြစ်တတ်တယ်။ မောဟ အမှောင်ကို အကာအကွယ်ယူထားတဲ့ ကိလေသာဟာ စိတ်ရဲ့အကျိုးကို လိုလားသယောင် မိတ်ဆွေ ဟန်ဆောင်ပြီး ဝင်လာတတ်တယ်။
စိတ်နှင့်ယှဉ်တွဲမိတာနဲ့ တပြိုင်နက် အတွေးအပြောအလုပ်လွဲအောင် စိတ်ကို အလဲတွန်းချတတ်တယ်။ ကိုယ့်စိတ်ကို ကိုယ်လိုသလို မသုံးနိုင်တော့ဘူး။ ကိလေသာဆိုတာ မျက်စိနဲ့ကြည့်လို့လဲ မမြင်ရဘူး။ လက်နဲကိုင်ကြည့်လို့လဲ မတွေ့ရဘူး။ ခေတ်မီစက်ကိရိယာမျိုးစုံနဲ့ စမ်းကြည့်လို့လဲ မရဘူး။
စိတ်မှာ ကိလေသာဝင်လာရင် ပူလောင်ညစ်နွမ်း ပင်ပန်းရှုပ်ထွေးရတာလဲ အမှန်ပဲ။ ဗုဒ္ဓကျေးဇူးကြောင့် သာ ကိလေသာကို သိရတာပါ။ ကိလေသာ အကျဉ်း ၁၀၊ အကျယ် ၁၅၀၀-ဆိုတာ ဆင်းရဲအပူ တည်ဆောက်ရေးအဖွဲ့ ဖြစ်ပါတယ်။ အဲဒီအဖွဲ့မှာ အဝိဇ္ဇာဆိုတဲ့ မောဟက ဥက္ကဋ္ဌ-ပါ။ တဏှာဆိုတဲ့ လောဘက အတွင်းရေးမှူးပါ။ ကျန်တဲ့ကိလေသာတွေက အဖွဲ့ဝင်တွေ ပါ။ ဥက္ကဋ္ဌ အဝိဇ္ဇာက အမှန်သဘောကို ဘာမှမသိ။
အတွင်းရေးမှူး တဏှာက အလိုပြီးပြည့်စုံနိုင်တယ်လို့ လုံးဝမရှိ။ ခန္ဓာပစ္စည်းရှာလို့ မပြီးစီး မပြည့်ဝမီမှာပဲ အိုနာသေကြရတယ်။ အဲဒီမသိနဲ့ မပြည့်ဆိုတဲ့ အဝိဇ္ဇာတဏှာနဲ့ပဲ သံသရာလည်နေကြရတယ်။ သံသရာဒုက္ခ မပြတ်နိုင်အောင် ချည်နှောင်ဆက်စပ် ပေးနေတဲ့ အခိုင်မာဆုံး သံသရာ ကြိုး နှစ်ချောင်းဖြစ်ပါတယ်။
ကိလေသာကို နိုင်တဲ့လက်နက်က စည်းကမ်းလိုက်နာတဲ့ သီလ၊ အာရုံပေါ် စူးစိုက်တဲ့ သမာဓိ၊ အရှိကို မြင်အောင်ကြည့်နိုင်တဲ့ ပညာ၊ အဲဒီ သိက္ခာသုံးပါးပဲ ရှိတယ်။ လောကမှာ အဖိုးတန် ကျောက်မြက် ရတနာဆိုတာ ကျောက်ခဲ သဲထဲ မြေထဲက ခက်ခက်ခဲခဲ တူးဖော်ပြီး ပြုပြင်ပေးနိုင်မှ အဖိုးတန်အဆင့် ရောက်လာနိုင်သလို လူ့စိတ်ဓာတ်လည်း ကိလေသာဆိုတဲ့ ကျောက်ခဲ သဲထဲ မြေထဲက ခက်ခက်ခဲခဲ ဆွဲထုတ်ပြီး ပြုပြင်ပေးနိုင်မှ စိတ်ကောင်းပေါ်လာပါတယ်။ လူကောင်း ဖြစ်ခွင့် ရနိုင်ပါတယ်။
ကိလေသာဆိုတာ တကယ်ကြောက်ရတဲ့ ကြောက်ခဲ-အစစ်ပါ။ ယပင့်ကျောက် မဟုတ်ဘူး။ ရရစ်ကြောက်ပါ။ လူအချင်းချင်းကြောက်ရတာ ကိလေသာကြောင့်ပါ။ သူ့ကိုတွေးကြောက်နေရတာလဲဲ ကိလေသာကြောင့်, ကိုယ်က တွေးကြောက်နေရတာလဲ ကိလေသာကြောင့်ပါ။ ကြောက်စရာ ဆင်းရဲအပူ အားလုံး ကိလေသာကြောက်ခဲက မြစ်ဖျားခံတာပါ။
(ယောဆရာတော်၏ -အဘိဓမ္မာ သိစရာ -စာအုုပ်မှ ထုတ်နှုတ် ပူဇော်ပါသည်။)

Credit —

LEAVE A REPLY

Please enter your comment!
Please enter your name here