2139

ကမၺည္းထိုးရာမွာ သိေကာင္းစရာ၊
═══════════════════
အလွဴကမၸည္းေၾကာင့္ ၿပိတၱာဘဝက လြတ္ေျမာက္သြားပံု
═══════════════════
“အလွဴကမၸည္း”
═══════════════════
.
“ေပးေသာလက္ကို လူမျမင္ေစနဲ႔”ဆိုတာဟာ
ဗုဒၶဝါဒ အဆံုးအမ မဟုတ္ဘူးလို႔ စိတ္ထဲ ၿမဲၿမဲမွတ္ထားပါ။
ဗုဒၶဝါဒအရ ေကာင္းမႈရွင္ ကမၸည္းထိုးရာမွာ ရည္႐ြယ္ခ်က္
ႏွစ္ခု ရွိတယ္။
(၁)။ မိမိနဲ႔ မိမိရဲ႕ သားစဥ္မ်ိဳးဆက္ အဲဒီကုသိုလ္နဲ႔
ပတ္သက္ၿပီး အပရေစတနာ(ကိုယ့္အလွဴကို ျပန္သတိရၿပီး
ၾကည္ႏူးႏွစ္သက္မႈ) ထက္သန္ေနဖို႔။
ဆိုပါေတာ့ ..… အနည္းဆံုး အဖိုး၊အဖြားေတြ
တည္သြားတဲ့ ဘုရားပ်က္ကို ေျမးျမစ္ေတြ
ဆက္လက္ၿပီး ထိန္းသိမ္းႏိုင္တာေပါ့။ ေရွးေခတ္က
လွဴႏိုင္ဒါန္းႏိုင္သူေတြမွာ မိမိတို႔ လွဴဒါန္းထားတဲ့ အလွဴဒါန
အားလံုးကို စာရင္းလုပ္ထားတဲ့ ပုညေပါတၳက
(ေကာင္းမႈ စာရင္းစာအုပ္) ဆိုတာေတာင္ ရွိတယ္။
(၂)။ သူေတာ္ေကာင္းတို႔ သာဓု ေခၚႏိုင္ဖို႔။
ကမၸည္းထိုးသူအေနနဲ႔ ဘာရည္႐ြယ္ခ်က္နဲ႔ ထိုးထိုး
(ႂကြားခ်င္လို႔ပဲ ထိုးထိုး၊ေက်ာ္ခ်င္လို႔ပဲ ထိုးထိုး)
မိမိအေနနဲ႔ သာဓုေခၚ႐ံုပါပဲ။
ဒါ သူေတာ္ေကာင္း အလုပ္ပါ။
သူမ်ား အလွဴေၾကာင့္ ကိုယ့္စိတ္ထဲ ဘာလို႔
အကုသိုလ္ အျဖစ္ခံမွာလဲ။
အလွဴဖိတ္စာထဲက ဘယ္သူ ဘာေကြၽးမယ္ဆိုတဲ့
စာရင္းမွာ သူ႔နာမည္ကို မထည့္ပါနဲ႔တဲ့။
လွဴတာေတာ့ လွဴမွာပါတဲ့။ လူတစ္ေယာက္က အဲဒီလို
ေျပာဖူးပါတယ္။ သူ႔ဆႏၵျဖစ္လို႔ သူ႔ကိုေတာ့ ဘာမွ
ေျပာစရာ မလိုပါဘူး။ ဒါေပမယ့္ အဲဒီလိုလုပ္႐ံုနဲ႔
မိ႐ိုးဖလာလြန္ ဗုဒၶဝါဒီေတာ့ ျဖစ္မသြားႏိုင္ပါဘူး။
အဲဒီ အယူအဆမ်ိဳးကို အတုလည္း မယူသင့္ဘူး။
ဘာေၾကာင့္လဲ .. သိလား။ ဆက္ဖတ္ၾကည့္ …။
.
══════════
ေဝွးေစ့ထမ္းၿပိတၱာ
══════════
.
ကုမၻ႑ၿပိတၱာ (ရာဝင္စဥ့္အိုးေလာက္ရွိတဲ့ ေဝွးေစ့ႀကီးကို
ထမ္းသြားေနရတဲ့ ၿပိတၱာ) တစ္ေယာက္ ေနပူက်ဲက်ဲမွာ
ယမ္းတန္း ယမ္းတန္းနဲ႔ လမ္းေလွ်ာက္လာရင္း
အလြန္ ေရဆာလာသတဲ့။ တစ္ေနရာ ေရာက္ေတာ့
မန္က်ည္းပင္ေအာက္မွာ ဝါးပိုးဝါးနဲ႔ လုပ္ထားတဲ့
တစ္တိုင္စင္ေပၚက ေရအျပည့္နဲ႔ ေရခ်မ္းအိုးကို
ေတြ႕သတဲ့။ အုန္းမႈတ္ခြက္နဲ႔ ေရကို အငမ္းမရ
ခပ္ေသာက္ေနဆဲ ေရခ်မ္းစင္က စာကို
ဖတ္ၾကည့္မိေတာ့ . . .
“တရားသူႀကီး ..… ကို ရည္စူး၍ သားသမီး ေျမးျမစ္
ေကာင္းမႈ” တဲ့။ ဒါနဲ႔ “ဩ .. ဒါ ငါ့သား၊သမီးေတြရဲ႕
ကုသိုလ္ပဲ” လို႔ ဝမ္းသာအားရျဖစ္ၿပီး သာဓု သံုးႀကိမ္
ေခၚမိသတဲ့။ အဲဒီ အခိုက္မွာပဲ ကုသိုလ္အမွ် ရၿပီး၊
အဲဒီ “ေဝွးေစ့ထမ္း ၿပိတၱာ” ဘဝက
လြတ္ေျမာက္သြားပါသတဲ့။ ။

【ဆရာေတာ္အရွင္ေကလာသ】
══════════════════
ကမၺည္းထိုးရာမွာ သိေကာင္းစရာ
══════════════════
.
ဗုဒၶဘာသာဝင္ ပုဂၢိဳလ္တုိ႔သည္ မိမိတုိ႔ လွဴဒါန္းထားေသာ
ေက်ာင္းကန္၊ဘုရားေစတီ စေသာ အေဆာက္အဦးမ်ား၌ မိမိတုိ႔ ေဆာက္လုပ္လွဴဒါန္းခဲ့သည့္ ခုႏွစ္၊သကၠရာဇ္ႏွင့္ အမည္ ကမၺည္းမ်ားကို အမွတ္တရ ေရးထိုးထားေလ့ ရွိၾကေပသည္။ ဤကဲ့သုိ႔ အမည္ကမၺည္း ေရးထိုးထားျခင္းကို ႏွစ္သက္ေသာ ပုဂၢိဳလ္မ်ားလည္း
ရွိၾကေပသည္။ မႏွစ္သက္ေသာ ပုဂၢိဳလ္မ်ားလည္း
(အနည္းငယ္) ရွိၾကေပသည္။
.
အမည္ကမၺည္း ေရးထိုးထားျခင္းကို မႏွစ္သက္ၾကေသာ ပုဂၢိဳလ္မ်ား၏ အယူအဆမွာ အလွဴဒါနျပဳလုပ္တယ္ဆိုတာ ေစတနာသံုးတန္ ျပ႒ာန္းၿပီး ျပဳရမည္။
လွဴဒါန္းၿပီးေသာ ပစၥည္းမ်ားကို ျပန္၍ စြဲလမ္း
ႏွစ္သက္မႈမ်ား မရွိေစရ။စြဲလမ္းႏွစ္သက္မႈမ်ား
ရွိေနလွ်င္ အက်ဳိးႀကီးသင့္သေလာက္ အက်ဳိးမႀကီးဘဲ
ျဖစ္ေပမည္။ အမည္ကမၺည္းထိုးထားျခင္းျဖင့္
လွဴဒါန္းထားေသာ ပစၥည္းမ်ား၌ စြဲလမ္းမႈမ်ား
ျဖစ္ေနတတ္ၾကေပသည္။ အမည္ကမၺည္း
ေရးထိုးထားျခင္းသည္ ဂုဏ္ပကာသနေတြ လိုခ်င္
ေရးထိုးထားျခင္းလည္း ျဖစ္ႏုိင္ေပသည္ ဟု
ယူဆကာ အခ်ဳိ႕ေသာ ပုဂၢိဳလ္မ်ားက အမည္ကမၺည္း
ေရးထိုးျခင္းကို မႏွစ္သက္ဘဲ ရွိၾကေပသည္။
အမည္ကမၺည္း ေရးထိုးထားျခင္းကို ဗုဒၶဘာသာဝင္
အမ်ားစုက မ်ားေသာအားျဖင့္ ႏွစ္သက္လ်က္
ရွိၾကေပသည္။ အမည္ကမၺည္း ေရးထိုးထားျခင္းျဖင့္
လွဴဒါန္းၿပီးသည္မွ ေနာင္အခါ ေနာက္ကာလမ်ား၌လည္း ကုသိုလ္တရားမ်ား တိုးပြားရရွိႏုိင္ၾကမည္
ျဖစ္ေပသည္ ဟု ယံုၾကည္ယူဆကာ အမည္ကမၼည္း
ေရးထိုးျခင္းကို ႏွစ္သက္လ်က္ ရွိၾကေပသည္။
အမည္ကမၺည္း ေရးထိုးထားျခင္းျဖင့္ တိုးပြား
ရရွိေစႏုိင္ေသာ ကုသိုလ္မ်ားမွာ –
(၁)။ မိမိလွဴဒါန္းထားရျခင္းကုိ အဖန္ဖန္သတိရျခင္း-
စာဂါႏုႆတိ ကုသိုလ္၊
(၂)။ သူတစ္ပါးတုိ႔အား အမွ်ေပးေဝျခင္း
ပတၱိဒါနကုသိုလ္၊
(၃)။ သူတစ္ပါးတုိ႔အား သာဓုေခၚေစျခင္း
ပတၱာႏုေမာဒနကုသိုလ္၊
(၄)။ သားစဥ္ေျမးဆက္ အဆက္ဆက္တုိ႔အား
ကုသိုလ္တရားမ်ားကို တိုးပြားရရွိေစႏုိင္သည့္
ကုသိုလ္တုိ႔ ျဖစ္ၾကေပသည္။
.
(၁)။ မိမိလွဴဒါန္းထားျခင္းကို အဖန္ဖန္ သတိရျခင္း-
စာဂါႏုႆတိ ကုသိုလ္ကို ရရွိေစႏုိင္သည္ ဟု
ဆိုရာ၌ အၾကင္အမည္ကမၺည္းေရးထိုး ထားျခင္းျဖင့္
အမည္ကမၺည္း ေရးထိုး၍ လွဴဒါန္းထားျကေသာ
အလွဴရွင္တုိ႔သည္ မိမိတုိ႔ လွဴဒါန္းသည့္ အေဆာက္အဦးမ်ား၊
လွဴဖြယ္ပစၥည္းမ်ားကို ျပန္၍ ေတြ႕ျမင္ရစဥ္အခိုက္မွာ
ဪ…အေၾကာင္းညီညြတ္၍ လွဴဒါန္းခဲ့ရေပၿပီ၊
လွဴဒါန္းခဲ့ရေပၿပီ ဟု အဖန္ဖန္ ဝမ္းေျမာက္ဝမ္းသာ
ျဖစ္ကာ ကုသိုလ္တရားမ်ား ရရွိၾကေပသည္။
အမည္ကမၺည္း ေရးထိုး၍ လွဴဒါန္းထားၾကေသာ
အလွဴရွင္တုိ႔သည္ အမည္ကမၺည္း ေရးထိုးထားေသာ
အေဆာက္အဦမ်ား ၊ လွဴဖြယ္ပစၥည္းမ်ားကို
ေတြ႕ျမင္ရၿပီးသည္မွ ေနာက္ကာလမ်ား၌လည္း
ျပန္၍ သတိရတိုင္း၊သတိရတိုင္း အဖန္ဖန္
ဝမ္းေျမာက္ဝမ္းသာျဖစ္ကာ ကုသိုလ္တရားမ်ား
ရရွိျကေပ သည္။ ထုိ႔ေၾကာင့္ အမည္ကမၺည္း
ေရးထိုးထားျခင္းျဖင့္ စာဂါႏုႆတိ ကုသိုလ္မ်ားကို
ရရွိေစႏုိင္ျခင္း ျဖစ္ေပသည္။
(၂)။ သူတစ္ပါးတုိ႔အား အမွ်ေပးေဝျခင္း ပတၱိဒါန
ကုသိုလ္ကို ရရွိေစႏုိင္သည္ ဟု ဆိုရာ၌
အၾကင္ အမည္ကမၺည္းေရးထိုးထားျခင္းျဖင့္
ထိုအမည္ကမၺည္း ေရးထိုးထားေသာ အေဆာက္အဦးမ်ား၊
လွဴဖြယ္ပစၥည္းမ်ားကို ေတြ႕ျမင္ၾကရသည့္ တစ္ပါးေသာသူ
တုိ႔သည္လည္း “ဝမ္းေျမာက္ႏုေမာ္ သာဓုေခၚၾကပါေစ”
ဟု ႏွလံုးသြင္း၍ အမည္ကမၺည္း ေရးထိုးထား၏။
ထုိ႔ေၾကာင့္ ဤကဲ့သုိ႔ ႏွလံုးသြင္း၍ အမည္ကမၺည္း
ေရးထိုးထားျခင္းျဖင့္ သူတစ္ပါးတုိ႔အား “အမွ်ေဝျခင္း
ပတၱိဒါန ကုသိုလ္မ်ား”ကိုလည္း ရရွိေစႏုိင္ျခင္း
ျဖစ္ေပသည္။
(၃)။ သူတစ္ပါးတုိ႔အား သာဓုေခၚေစျခင္း
ပတၱာႏုေမာဒန ကုသိုလ္ကို ရရွိေစႏုိင္သည္ ဟု
ဆိုရာ၌ အၾကင္အမည္ကမၺည္း ေရးထိုးထားျခင္းျဖင့္
အမည္ကမၺည္း ေရးထိုးထားေသာ အေဆာက္အဦးမ်ား၊ လွဴဖြယ္ပစၥည္းမ်ားကို ေတြ႕ျမင္ၾကရေသာ
သူတစ္ပါးတုိ႔က ဝမ္းေျမာက္ႏုေမာ္ သာဓုေခၚၾက၏။
ထုိ႔ေၾကာင့္ အမည္ကမၺည္း ေရးထိုးထားျခင္းျဖင့္
“သူတစ္ပါးတုိ႔အား သာဓုေခၚေစျခင္း ပတၱာႏုေမာဒန
ကုသိုလ္မ်ား” ကိုလည္း ရရွိေစႏုိင္ျခင္း ျဖစ္ေပသည္။
(၄)။ သားစဥ္ေျမးဆက္ အဆက္ဆက္တုိ႔အား
ကုသိုလ္တရားမ်ား တိုးပြားရရွိေစႏုိင္သည္ ဟု
ဆိုရာ၌ အၾကင္ အမည္ကမၺည္း ေရးထိုးထားျခင္းျဖင့္
အမည္ကမၺည္း ေရးထိုးထားသည့္ အေဆာက္အဦးမ်ား၊ လွဴဖြယ္ပစၥည္းမ်ားကို မိမိတုိ႔၏ သားစဥ္ေျမးဆက္၊ အဆက္ဆက္တုိ႔က ေတြ႕ျမင္ၾကရေသာအခါ
ဝမ္းေျမာက္ဝမ္းသာ ျဖစ္၍ ကုသိုလ္တရားမ်ား
ရရွိၾကေပသည္။ ကာလရွည္ၾကာ၍ ပ်က္စီး
ယိုယြင္းမႈမ်ား ရွိလာခဲ့ေသာ္ သားစဥ္ေျမးဆက္၊
အဆက္ဆက္တုိ႔က ထပ္မံေဆာက္လုပ္ျပဳျပင္ၾကရ၍
ကုသုိလ္တရားမ်ား တိုးပြားရရွိၾကေပသည္။
ထိုေၾကာင့္ အမည္ကမၺည္း ေရးထိုးထားျခင္းျဖင့္
သားစဥ္ ေျမးဆက္ အဆက္ဆက္ တုိ႔အား
ကုသိုလ္တရားမ်ား တိုးပြားရရွိေစႏုိင္ျခင္းျဖစ္ေပသည္။
ဤကဲ့သုိ႔ အမည္ ကမၺည္း ေရးထုိးထားျခင္းျဖင့္-
(၁)။ မိမိလွဴဒါန္းထားရျခင္းကုိ အဖန္ဖန္သတိရျခင္း-
စာဂါႏုႆတိ ကုသိုလ္ ကုိလည္း ရရွိႏုိင္ေပသည္။
(၂)။ သူတစ္ပါးတုိ႔အား အမွ်ေပးေဝျခင္း
ပတၱိဒါနကုသိုလ္ ကုိလည္း ရရွိႏုိင္ေပသည္။
(၃)။ သူတစ္ပါးတုိ႔အား သာဓုေခၚေစျခင္း
ပတၱာႏုေမာဒနကုသိုလ္ ကုိလည္း ရရွိႏုိင္ေပသည္။
(၄)။ သားစဥ္ေျမးဆက္ အဆက္ဆက္တုိ႔အား
ကုသိုလ္တရားမ်ားကုိလည္း ရရွိႏုိင္ေပသည္။
ထုိ႔ေၾကာင့္ လွဴဒါန္းထားၾကသည့္ အေဆာက္အဦးမ်ား၊
လွဴဖြယ္ပစၥည္းမ်ား၌ အမည္ကမၸည္း ေရးထိုးထားျခင္းကို ဗုဒၶဘာသာဝင္ ပုဂၢိဳလ္အမ်ားစုတုိ႔က ႏွစ္သက္လ်က္ ရွိၾကေပသည္။ အမည္ကမၸည္း ေရးထိုးထားသင့္သည္ ဟု ယူဆကာ ထိုထို ေက်ာင္းကန္ဘုရား၊ေစတီေတာ္ စေသာ အေဆာက္အဦးမ်ား၌ အမည္ကမၸည္း ေရးထိုးထားလ်က္ ရွိၾကေပသည္။ ။
မဟာစည္နာယက၊အဂၢမဟာ
ကမၼ႒ာနာစရိယ၊အရွင္ကု႑လာဘိဝံသ-
သဒၶမၼရံသီရိပ္သာဆရာေတာ္ဘုရားႀကီး

#Credit
ပ႒ာန္း ပူေဇာ္ၾကသူမ်ား……
(Unicode)
ကမ္ဗည်းထိုးရာမှာ သိကောင်းစရာ၊
═══════════════════
အလှူကမ္ပည်းကြောင့် ပြိတ္တာဘဝက လွတ်မြောက်သွားပုံ
═══════════════════
“အလှူကမ္ပည်း”
═══════════════════
.
“ပေးသောလက်ကို လူမမြင်စေနဲ့”ဆိုတာဟာ
ဗုဒ္ဓဝါဒ အဆုံးအမ မဟုတ်ဘူးလို့ စိတ်ထဲ မြဲမြဲမှတ်ထားပါ။
ဗုဒ္ဓဝါဒအရ ကောင်းမှုရှင် ကမ္ပည်းထိုးရာမှာ ရည်ရွယ်ချက်
နှစ်ခု ရှိတယ်။
(၁)။ မိမိနဲ့ မိမိရဲ့ သားစဉ်မျိုးဆက် အဲဒီကုသိုလ်နဲ့
ပတ်သက်ပြီး အပရစေတနာ(ကိုယ့်အလှူကို ပြန်သတိရပြီး
ကြည်နူးနှစ်သက်မှု) ထက်သန်နေဖို့။
ဆိုပါတော့ ..… အနည်းဆုံး အဖိုး၊အဖွားတွေ
တည်သွားတဲ့ ဘုရားပျက်ကို မြေးမြစ်တွေ
ဆက်လက်ပြီး ထိန်းသိမ်းနိုင်တာပေါ့။ ရှေးခေတ်က
လှူနိုင်ဒါန်းနိုင်သူတွေမှာ မိမိတို့ လှူဒါန်းထားတဲ့ အလှူဒါန
အားလုံးကို စာရင်းလုပ်ထားတဲ့ ပုညပေါတ္ထက
(ကောင်းမှု စာရင်းစာအုပ်) ဆိုတာတောင် ရှိတယ်။
(၂)။ သူတော်ကောင်းတို့ သာဓု ခေါ်နိုင်ဖို့။
ကမ္ပည်းထိုးသူအနေနဲ့ ဘာရည်ရွယ်ချက်နဲ့ ထိုးထိုး
(ကြွားချင်လို့ပဲ ထိုးထိုး၊ကျော်ချင်လို့ပဲ ထိုးထိုး)
မိမိအနေနဲ့ သာဓုခေါ်ရုံပါပဲ။
ဒါ သူတော်ကောင်း အလုပ်ပါ။
သူများ အလှူကြောင့် ကိုယ့်စိတ်ထဲ ဘာလို့
အကုသိုလ် အဖြစ်ခံမှာလဲ။
အလှူဖိတ်စာထဲက ဘယ်သူ ဘာကျွေးမယ်ဆိုတဲ့
စာရင်းမှာ သူ့နာမည်ကို မထည့်ပါနဲ့တဲ့။
လှူတာတော့ လှူမှာပါတဲ့။ လူတစ်ယောက်က အဲဒီလို
ပြောဖူးပါတယ်။ သူ့ဆန္ဒဖြစ်လို့ သူ့ကိုတော့ ဘာမှ
ပြောစရာ မလိုပါဘူး။ ဒါပေမယ့် အဲဒီလိုလုပ်ရုံနဲ့
မိရိုးဖလာလွန် ဗုဒ္ဓဝါဒီတော့ ဖြစ်မသွားနိုင်ပါဘူး။
အဲဒီ အယူအဆမျိုးကို အတုလည်း မယူသင့်ဘူး။
ဘာကြောင့်လဲ .. သိလား။ ဆက်ဖတ်ကြည့် …။
.
══════════
ဝှေးစေ့ထမ်းပြိတ္တာ
══════════
.
ကုမ္ဘဏ္ဍပြိတ္တာ (ရာဝင်စဉ့်အိုးလောက်ရှိတဲ့ ဝှေးစေ့ကြီးကို
ထမ်းသွားနေရတဲ့ ပြိတ္တာ) တစ်ယောက် နေပူကျဲကျဲမှာ
ယမ်းတန်း ယမ်းတန်းနဲ့ လမ်းလျှောက်လာရင်း
အလွန် ရေဆာလာသတဲ့။ တစ်နေရာ ရောက်တော့
မန်ကျည်းပင်အောက်မှာ ဝါးပိုးဝါးနဲ့ လုပ်ထားတဲ့
တစ်တိုင်စင်ပေါ်က ရေအပြည့်နဲ့ ရေချမ်းအိုးကို
တွေ့သတဲ့။ အုန်းမှုတ်ခွက်နဲ့ ရေကို အငမ်းမရ
ခပ်သောက်နေဆဲ ရေချမ်းစင်က စာကို
ဖတ်ကြည့်မိတော့ . . .
“တရားသူကြီး ..… ကို ရည်စူး၍ သားသမီး မြေးမြစ်
ကောင်းမှု” တဲ့။ ဒါနဲ့ “ဩ .. ဒါ ငါ့သား၊သမီးတွေရဲ့
ကုသိုလ်ပဲ” လို့ ဝမ်းသာအားရဖြစ်ပြီး သာဓု သုံးကြိမ်
ခေါ်မိသတဲ့။ အဲဒီ အခိုက်မှာပဲ ကုသိုလ်အမျှ ရပြီး၊
အဲဒီ “ဝှေးစေ့ထမ်း ပြိတ္တာ” ဘဝက
လွတ်မြောက်သွားပါသတဲ့။ ။

【ဆရာတော်အရှင်ကေလာသ】
══════════════════
ကမ္ဗည်းထိုးရာမှာ သိကောင်းစရာ
══════════════════
.
ဗုဒ္ဓဘာသာဝင် ပုဂ္ဂိုလ်တို့သည် မိမိတို့ လှူဒါန်းထားသော
ကျောင်းကန်၊ဘုရားစေတီ စသော အဆောက်အဦးများ၌ မိမိတို့ ဆောက်လုပ်လှူဒါန်းခဲ့သည့် ခုနှစ်၊သက္ကရာဇ်နှင့် အမည် ကမ္ဗည်းများကို အမှတ်တရ ရေးထိုးထားလေ့ ရှိကြပေသည်။ ဤကဲ့သို့ အမည်ကမ္ဗည်း ရေးထိုးထားခြင်းကို နှစ်သက်သော ပုဂ္ဂိုလ်များလည်း
ရှိကြပေသည်။ မနှစ်သက်သော ပုဂ္ဂိုလ်များလည်း
(အနည်းငယ်) ရှိကြပေသည်။
.
အမည်ကမ္ဗည်း ရေးထိုးထားခြင်းကို မနှစ်သက်ကြသော ပုဂ္ဂိုလ်များ၏ အယူအဆမှာ အလှူဒါနပြုလုပ်တယ်ဆိုတာ စေတနာသုံးတန် ပြဋ္ဌာန်းပြီး ပြုရမည်။
လှူဒါန်းပြီးသော ပစ္စည်းများကို ပြန်၍ စွဲလမ်း
နှစ်သက်မှုများ မရှိစေရ။စွဲလမ်းနှစ်သက်မှုများ
ရှိနေလျှင် အကျိုးကြီးသင့်သလောက် အကျိုးမကြီးဘဲ
ဖြစ်ပေမည်။ အမည်ကမ္ဗည်းထိုးထားခြင်းဖြင့်
လှူဒါန်းထားသော ပစ္စည်းများ၌ စွဲလမ်းမှုများ
ဖြစ်နေတတ်ကြပေသည်။ အမည်ကမ္ဗည်း
ရေးထိုးထားခြင်းသည် ဂုဏ်ပကာသနတွေ လိုချင်
ရေးထိုးထားခြင်းလည်း ဖြစ်နိုင်ပေသည် ဟု
ယူဆကာ အချို့သော ပုဂ္ဂိုလ်များက အမည်ကမ္ဗည်း
ရေးထိုးခြင်းကို မနှစ်သက်ဘဲ ရှိကြပေသည်။
အမည်ကမ္ဗည်း ရေးထိုးထားခြင်းကို ဗုဒ္ဓဘာသာဝင်
အများစုက များသောအားဖြင့် နှစ်သက်လျက်
ရှိကြပေသည်။ အမည်ကမ္ဗည်း ရေးထိုးထားခြင်းဖြင့်
လှူဒါန်းပြီးသည်မှ နောင်အခါ နောက်ကာလများ၌လည်း ကုသိုလ်တရားများ တိုးပွားရရှိနိုင်ကြမည်
ဖြစ်ပေသည် ဟု ယုံကြည်ယူဆကာ အမည်ကမ္မည်း
ရေးထိုးခြင်းကို နှစ်သက်လျက် ရှိကြပေသည်။
အမည်ကမ္ဗည်း ရေးထိုးထားခြင်းဖြင့် တိုးပွား
ရရှိစေနိုင်သော ကုသိုလ်များမှာ –
(၁)။ မိမိလှူဒါန်းထားရခြင်းကို အဖန်ဖန်သတိရခြင်း-
စာဂါနုဿတိ ကုသိုလ်၊
(၂)။ သူတစ်ပါးတို့အား အမျှပေးဝေခြင်း
ပတ္တိဒါနကုသိုလ်၊
(၃)။ သူတစ်ပါးတို့အား သာဓုခေါ်စေခြင်း
ပတ္တာနုမောဒနကုသိုလ်၊
(၄)။ သားစဉ်မြေးဆက် အဆက်ဆက်တို့အား
ကုသိုလ်တရားများကို တိုးပွားရရှိစေနိုင်သည့်
ကုသိုလ်တို့ ဖြစ်ကြပေသည်။
.
(၁)။ မိမိလှူဒါန်းထားခြင်းကို အဖန်ဖန် သတိရခြင်း-
စာဂါနုဿတိ ကုသိုလ်ကို ရရှိစေနိုင်သည် ဟု
ဆိုရာ၌ အကြင်အမည်ကမ္ဗည်းရေးထိုး ထားခြင်းဖြင့်
အမည်ကမ္ဗည်း ရေးထိုး၍ လှူဒါန်းထားကြသော
အလှူရှင်တို့သည် မိမိတို့ လှူဒါန်းသည့် အဆောက်အဦးများ၊
လှူဖွယ်ပစ္စည်းများကို ပြန်၍ တွေ့မြင်ရစဉ်အခိုက်မှာ
ဪ…အကြောင်းညီညွတ်၍ လှူဒါန်းခဲ့ရပေပြီ၊
လှူဒါန်းခဲ့ရပေပြီ ဟု အဖန်ဖန် ဝမ်းမြောက်ဝမ်းသာ
ဖြစ်ကာ ကုသိုလ်တရားများ ရရှိကြပေသည်။
အမည်ကမ္ဗည်း ရေးထိုး၍ လှူဒါန်းထားကြသော
အလှူရှင်တို့သည် အမည်ကမ္ဗည်း ရေးထိုးထားသော
အဆောက်အဦများ ၊ လှူဖွယ်ပစ္စည်းများကို
တွေ့မြင်ရပြီးသည်မှ နောက်ကာလများ၌လည်း
ပြန်၍ သတိရတိုင်း၊သတိရတိုင်း အဖန်ဖန်
ဝမ်းမြောက်ဝမ်းသာဖြစ်ကာ ကုသိုလ်တရားများ
ရရှိကြပေ သည်။ ထို့ကြောင့် အမည်ကမ္ဗည်း
ရေးထိုးထားခြင်းဖြင့် စာဂါနုဿတိ ကုသိုလ်များကို
ရရှိစေနိုင်ခြင်း ဖြစ်ပေသည်။
(၂)။ သူတစ်ပါးတို့အား အမျှပေးဝေခြင်း ပတ္တိဒါန
ကုသိုလ်ကို ရရှိစေနိုင်သည် ဟု ဆိုရာ၌
အကြင် အမည်ကမ္ဗည်းရေးထိုးထားခြင်းဖြင့်
ထိုအမည်ကမ္ဗည်း ရေးထိုးထားသော အဆောက်အဦးများ၊
လှူဖွယ်ပစ္စည်းများကို တွေ့မြင်ကြရသည့် တစ်ပါးသောသူ
တို့သည်လည်း “ဝမ်းမြောက်နုမော် သာဓုခေါ်ကြပါစေ”
ဟု နှလုံးသွင်း၍ အမည်ကမ္ဗည်း ရေးထိုးထား၏။
ထို့ကြောင့် ဤကဲ့သို့ နှလုံးသွင်း၍ အမည်ကမ္ဗည်း
ရေးထိုးထားခြင်းဖြင့် သူတစ်ပါးတို့အား “အမျှဝေခြင်း
ပတ္တိဒါန ကုသိုလ်များ”ကိုလည်း ရရှိစေနိုင်ခြင်း
ဖြစ်ပေသည်။
(၃)။ သူတစ်ပါးတို့အား သာဓုခေါ်စေခြင်း
ပတ္တာနုမောဒန ကုသိုလ်ကို ရရှိစေနိုင်သည် ဟု
ဆိုရာ၌ အကြင်အမည်ကမ္ဗည်း ရေးထိုးထားခြင်းဖြင့်
အမည်ကမ္ဗည်း ရေးထိုးထားသော အဆောက်အဦးများ၊ လှူဖွယ်ပစ္စည်းများကို တွေ့မြင်ကြရသော
သူတစ်ပါးတို့က ဝမ်းမြောက်နုမော် သာဓုခေါ်ကြ၏။
ထို့ကြောင့် အမည်ကမ္ဗည်း ရေးထိုးထားခြင်းဖြင့်
“သူတစ်ပါးတို့အား သာဓုခေါ်စေခြင်း ပတ္တာနုမောဒန
ကုသိုလ်များ” ကိုလည်း ရရှိစေနိုင်ခြင်း ဖြစ်ပေသည်။
(၄)။ သားစဉ်မြေးဆက် အဆက်ဆက်တို့အား
ကုသိုလ်တရားများ တိုးပွားရရှိစေနိုင်သည် ဟု
ဆိုရာ၌ အကြင် အမည်ကမ္ဗည်း ရေးထိုးထားခြင်းဖြင့်
အမည်ကမ္ဗည်း ရေးထိုးထားသည့် အဆောက်အဦးများ၊ လှူဖွယ်ပစ္စည်းများကို မိမိတို့၏ သားစဉ်မြေးဆက်၊ အဆက်ဆက်တို့က တွေ့မြင်ကြရသောအခါ
ဝမ်းမြောက်ဝမ်းသာ ဖြစ်၍ ကုသိုလ်တရားများ
ရရှိကြပေသည်။ ကာလရှည်ကြာ၍ ပျက်စီး
ယိုယွင်းမှုများ ရှိလာခဲ့သော် သားစဉ်မြေးဆက်၊
အဆက်ဆက်တို့က ထပ်မံဆောက်လုပ်ပြုပြင်ကြရ၍
ကုသိုလ်တရားများ တိုးပွားရရှိကြပေသည်။
ထိုကြောင့် အမည်ကမ္ဗည်း ရေးထိုးထားခြင်းဖြင့်
သားစဉ် မြေးဆက် အဆက်ဆက် တို့အား
ကုသိုလ်တရားများ တိုးပွားရရှိစေနိုင်ခြင်းဖြစ်ပေသည်။
ဤကဲ့သို့ အမည် ကမ္ဗည်း ရေးထိုးထားခြင်းဖြင့်-
(၁)။ မိမိလှူဒါန်းထားရခြင်းကို အဖန်ဖန်သတိရခြင်း-
စာဂါနုဿတိ ကုသိုလ် ကိုလည်း ရရှိနိုင်ပေသည်။
(၂)။ သူတစ်ပါးတို့အား အမျှပေးဝေခြင်း
ပတ္တိဒါနကုသိုလ် ကိုလည်း ရရှိနိုင်ပေသည်။
(၃)။ သူတစ်ပါးတို့အား သာဓုခေါ်စေခြင်း
ပတ္တာနုမောဒနကုသိုလ် ကိုလည်း ရရှိနိုင်ပေသည်။
(၄)။ သားစဉ်မြေးဆက် အဆက်ဆက်တို့အား
ကုသိုလ်တရားများကိုလည်း ရရှိနိုင်ပေသည်။
ထို့ကြောင့် လှူဒါန်းထားကြသည့် အဆောက်အဦးများ၊
လှူဖွယ်ပစ္စည်းများ၌ အမည်ကမ္ပည်း ရေးထိုးထားခြင်းကို ဗုဒ္ဓဘာသာဝင် ပုဂ္ဂိုလ်အများစုတို့က နှစ်သက်လျက် ရှိကြပေသည်။ အမည်ကမ္ပည်း ရေးထိုးထားသင့်သည် ဟု ယူဆကာ ထိုထို ကျောင်းကန်ဘုရား၊စေတီတော် စသော အဆောက်အဦးများ၌ အမည်ကမ္ပည်း ရေးထိုးထားလျက် ရှိကြပေသည်။ ။
မဟာစည်နာယက၊အဂ္ဂမဟာ
ကမ္မဋ္ဌာနာစရိယ၊အရှင်ကုဏ္ဍလာဘိဝံသ-
သဒ္ဓမ္မရံသီရိပ်သာဆရာတော်ဘုရားကြီး

#Credit
ပဋ္ဌာန်း ပူဇော်ကြသူများ……

LEAVE A REPLY

Please enter your comment!
Please enter your name here