ဒါနကုသိုလ္ အက်ဳိးမ်ားလိုလွ်င္ သီလလုံျခံဳပါ
•••••••••••••••••••••••••••••••••••••
ဒီေနရာမွာ ကိုယ္က်င့္သီလ ျဖဴစင္ျမင့္ျမတ္တဲ့ သူေတာ္ေကာင္းတစ္ဦးက ျပဳစုပ်ဳိးေထာင္လိုက္တဲ့
ဒါနကုသိုလ္ကံႏွင့္ ကိုယ္က်င့္သီလပ်က္စီးေနတဲ့ ပုဂၢိဳလ္တစ္ဦးက ျပဳစုပ်ဳိးေထာင္လိုက္တဲ့ ဒါန
ကုသိုလ္ကံတို႔ရဲ႕ ကြာျခားတဲ့ အက်ဳိးတရားရွိပံုႏွင့္ ဆက္စပ္ၿပီး ေဟာၾကားထားေတာ္မူတဲ့ ဇာဏုေသာဏိသုတၱန္ဆိုတဲ့
သုတၱန္တစ္ခု ရွိပါတယ္။ အဲဒီ သုတၱန္မွာ လာရွိတဲ့ အေၾကာင္းအရာ
အခ်ဳိ႕ကို အတိုခ်ဳပ္ၿပီး ထပ္ေျပာဦးမယ္ —
တစ္ခ်ိန္မွာ ဗိမၺိသာရမင္းႀကီးရဲ႕ ပုေရာဟိတ္ဆရာႀကီးျဖစ္တဲ့ ဇာဏုေသာဏိပုဏၰားႀကီးက
ဘုရားရွင္ထံေတာ္သို႔ ခ်ဥ္းကပ္ၿပီးေတာ့ ေမးခြန္းတစ္ခု ေမးပါတယ္။ ဘယ္လို ေမးသလဲ? —
အရွင္ေဂါတမ … တပည့္ေတာ္တို႔ ပုဏၰားေတြဟာ ” ဤအလွဴသည္ ကြယ္လြန္ၿပီးကုန္ေသာ
ေဆြမ်ဳိးသားခ်င္းတို႔ထံသို႔ ကပ္ေရာက္ပါေစ၊ ဤအလွဴကို ကြယ္လြန္ကုန္ေသာ ေဆြမ်ဳိးသားခ်င္း
တို႔သည္ သံုးေဆာင္ၾကပါေစ” ဆိုတဲ့ ဦးတည္ခ်က္ႏွင့္ အလွဴဒါနေတြကို ျပဳလုပ္ၾကပါတယ္။ ေသသူကို
ရည္စူးၿပီးေတာ့ ကုဗၻီးထမင္းတို႔ကို ျပဳလုပ္ၾကပါတယ္။ အဲဒီ အလွဴဟာ ကြန္လြန္သြားၾကတဲ့ ေဆြမ်ဳိး
သားခ်င္းေတြထံသို႔ ဆိုက္ေရာက္ပါသလား? ကြယ္လြန္သြားၾကတဲ့ ေဆြမ်ဳိးသားခ်င္းေတြဟာ ဒီအလွဴ
ကို သံုးေဆာင္ၾကရပါသလား?
ဒီလို ဇာဏုေသာဏိပုဏၰားႀကီးက ဘုရားရွင္အား ေသသူကို ရည္ၫႊန္း၍ လွဴဒါန္းအပ္တဲ့
အလွဴဒါနႏွင့္ ပတ္သက္ၿပီးေတာ့ ေမးခြန္းေတြကို ေမးျမန္းေလွ်ာက္ထားပါတယ္။
အဲဒီအခါမွာ ဘုရားရွင္က —
ဒကာေတာ္ပုဏၰား …ဒီေကာင္းမႈကုသိုလ္ဟာ ေရာက္သင့္ေသာ အရာဌာန၌ ေရာက္တယ္၊
မေရာက္သင့္ေသာ အရာဌာန၌ မေရာက္ဘူးလို႔ ခပ္က်ဥ္းက်ဥ္းပဲ အေျဖေပးေတာ္မူလိုက္ပါတယ္၊၊
က်ဥ္းလြန္းေတာ့ ပုဏၰားႀကီးက ထပ္ၿပီး ရွင္းလင္းေဟာၾကားေတာ္မူရန္ ေတာင္းပန္ျပန္တယ္။ ဒီအခါမွာ
ဘုရားရွင္က အက်ယ္ေ၀ဖန္ၿပီး ေဟာၾကားေပးေတာ္မူပါတယ္။
ဒီေဒသနာေတာ္ရဲ႕ လိုရင္းကေတာ့ ဒီလိုပါ …။
ငရဲ, တိရစၦာန္, ၿပိတၱာ,လူ႕ျပည္, နတ္ျပည္ဆိုတဲ့ ေသၿပီးေနာက္ လားရာဂတိငါးတန္ရွိတဲ့
အထဲက — ေသလြန္သြားတဲ့ ပုဂၢိဳလ္ဟာ မေသခင္ လူ႕ဘ၀တုန္းက ဒုစ႐ုိက္မ်ဳိးစံုကို လက္သြက္သြက္
လြန္က်ဴးေလ့ရွိတဲ့ ဒုစ႐ုိက္အိုး လူမိုက္မ်ဳိး ျဖစ္ျခင္းေၾကာင့္ ေသလြန္သြားတဲ့အခါ ငရဲသို႔ ေရာက္မယ္
ဆိုရင္ ထိုငရဲသားသတၱ၀ါရဲ႕ အကုသိုလ္ကံဆိုတဲ့ ေစတနာအာဟာရႏွင့္ပဲ မွ်တေနရတယ္။ အကယ္၍
တိရစၦာန္ဘ၀သို႔ ေရာက္ခဲ့မယ္ဆိုရင္လည္း တိရစၦာန္ဘ၀မွာရွိတဲ့ ျမက္သစ္ရြက္စတဲ့ တိရစၦာန္တို႔ရဲ႕
အာဟာရေတြႏွင့္ပဲ မွ်တေနရတယ္။ ဒါေၾကာင့္ ဒီငရဲ တိရစၦာန္ဆိုတဲ့ ဘံုဌာနေတြဟာလည္း ဒီလူ႕ဘ၀
က ေဆြမ်ဳိးသားခ်င္းတို႔က ျပဳလုပ္လိုက္တဲ့ ေကာင္းမႈကုသိုလ္ေတြ ေရာက္ရွိႏိုင္တဲ့ ဘံုဌာနမ်ဳိး မဟုတ္တဲ့အတြက္
ဒီေကာင္းမႈကုသိုလ္ဟာ အဲဒီ ငရဲသားထံသို႔ သို႔မဟုတ္ တိရစၦာန္ထံသို႔ မေရာက္ႏိုင္ဘူး၊
အရာဌာန မဟုတ္ဘူးလို႔ ဆိုလိုတယ္။
ငရဲသားသတၱ၀ါဆိုတာကလည္း သူ႕ရဲ႕ အကုသိုလ္ကံေတြရဲ႕ အရွိန္အ၀ါေတြ မကုန္သမွ် ကာလ
ပတ္လံုး ငရဲမွာ ခံေနရမည့္ သေဘာ ရွိပါတယ္။ ဒီလူ႕ျပည္လူ႕ေလာကက သူ႕အတြက္ ရည္ၫႊန္းၿပီး
ျပဳလုပ္ေပးတဲ့ ကုသိုလ္တို႔ရဲ႕ အရွိန္အ၀ါကို ခံယူႏိုင္တဲ့ သေဘာ မရွိဘူး။ ဒီကုသိုလ္ေတြရဲ႕ အက်ဳိးကို
လည္း သံုးေဆာင္ခံစားႏိုင္ခြင့္ မရွိဘူး။
ေနာက္တစ္ခု — တိရစၦာန္ဘ၀ဆိုတာကလည္း အလားတူပဲ — တိရစၦာန္ဘ၀ကို ျဖစ္ေစႏိုင္တဲ့
စြမ္းအားရွိတဲ့ အကုသိုလ္ကံတို႔ရဲ႕ အရွိန္အ၀ါေတြ မကုန္ေသးသမွ် ကာလပတ္လံုး တိရစၦာန္ဘ၀မွ
ကြၽတ္ႏိုင္လြတ္ႏိုင္တဲ့သေဘာ မရွိဘူး။ ဒါေၾကာင့္ တိရစၦာန္ဘံုဘ၀ ေရာက္ရွိသြားတဲ့ ကြယ္လြန္သူကို
ရည္ၫႊန္းၿပီး လူ႕ဘ၀က က်န္ရစ္သူ ေဆြမ်ဳိးသားခ်င္းတုိ႔က ေကာင္းမႈကုသုိလ္ ျပဳေပးေသာ္လည္း
အဲဒီ တိရစၦာန္ဘ၀ ေရာက္ရွိေနတဲ့ သူက သိရွိဖုိ႔ သာဓုေခၚႏုိင္ဖုိ႔ဆုိတဲ့ သေဘာတရားမွာ အလြန္
ျဖစ္ႏုိင္ခဲတဲ့ သေဘာတစ္ခုသာ ျဖစ္ေနတယ္။
တိရစၦာန္ဘ၀မွာရွိတဲ့ မိခင္တစ္ဦးဦးရဲ႕ ၀မ္းထဲမွာ ပဋိသေႏၶတည္ေနဆဲ အခ်ိန္အခါမ်ဳိးမွာ ဒီလူ႕ဘ၀က ေဆြမ်ဳိးသားခ်င္းေတြက ေကာင္းမႈကုသုိလ္
ျပဳေပးမယ္ဆိုရင္ ထုိသတၱ၀ါက သိရွိႏုိင္ဖုိ႔ သာဓုေခၚႏုိင္ဖုိ႔ဆုိတဲ့ သေဘာတရားဟာလည္း ပုိၿပီး
အလွမ္းေ၀းတဲ့ အခက္အခဲတစ္ရပ္သာ ျဖစ္ဖုိ႔ ရွိတယ္။ ဒါေၾကာင့္ တိရစၦာန္ဘ၀ဟာလည္း လူ႕ျပည္
လူ႕ေလာကက ေဆြမ်ဳိးသားခ်င္းတုိ႔က ျပဳလုပ္ေပးလုိက္တဲ့ ေကာင္းမႈကုသုိလ္တုိ႔ရဲ႕ အရွိန္အ၀ါေတြ
ေရာက္ႏုိင္တဲ့ ေနရာဌာနမ်ဳိး မဟုတ္ဘူး။
ေနာက္တစ္ခု ေျပာဦးမယ္ — ပုဂၢိဳလ္တစ္ဦးဟာ လူ႕ျပည္လူ႕ေလာကမွာရွိစဥ္ ကုိယ္က်င့္သီလ
ေတြက အလြန္ျဖဴစင္တယ္၊ ကာယကံ စင္ၾကယ္မႈ ရွိတယ္၊ ၀စီကံ စင္ၾကယ္မႈ ရွိတယ္၊ မေနာကံ
စင္ၾကယ္မႈ ရွိတယ္၊ ထုိပုဂၢိဳလ္ဟာ ကြယ္လြန္သြားတဲ့အခါ လူ႕ျပည္လူ႕ေလာက ေရာက္ခဲ့ရင္ လူတုိ႔ရဲ႕
အစာအာဟာရျဖင့္ မွ်တေနရတယ္၊ နတ္ျပည္နတ္ေလာက ေရာက္ခဲ့ရင္လည္း နတ္တုိ႔ရဲ႕ အစာ
အာဟာရျဖင့္ မွ်တေနရတယ္။
ထုိလူ႕ျပည္ နတ္ျပည္ ေရာက္သြားတဲ့ ပုဂၢိဳလ္တစ္ဦးအတြက္ ရည္ၫႊန္းၿပီး လူ႕ျပည္လူ႕ေလာကမွာ
က်န္ရစ္ခဲ့သူ ေဆြမ်ဳိးသားခ်င္းတုိ႔က ေကာင္းမႈကုသုိလ္ေတြကုိ ျပဳေပးၾကေသာ္လည္း ထုိကြယ္လြန္
သြားတဲ့ ပုဂၢိဳလ္ဟာ အဲဒီ ကုသုိလ္ရဲ႕ အက်ဳိးတရားကုိ ခံစားဖုိ႔ရန္ အရာဌာန မဟုတ္ျပန္ဘူး။
ဒီအခ်က္ဟာလည္း ထင္ရွားပါတယ္။ ကြယ္လြန္သြားတဲ့ ပုဂၢိဳလ္ဟာ လူ႕ျပည္လူ႕ေလာကကုိ
ေရာက္ရွိေနၿပီဆုိၾကစုိ႔။ ရက္ပုိင္းလပုိင္းအတြင္းမွာပဲ ထုိကြယ္လြန္သူကုိ ရည္ၫႊန္းၿပီးေတာ့ က်န္ရစ္သူ
ေဆြမ်ဳိးသားခ်င္းတုိ႔က ေကာင္းမႈကုသုိလ္ျပဳခဲ့ရင္ ထုိကုသုိလ္ကုိ ထုိလူသားတစ္ဦးက ရရွိဖုိ႔မွာ အလြန္
ခက္ခဲတဲ့ သေဘာတစ္ခု ျဖစ္ေနတယ္။
ဘာေၾကာင့္လဲ?— ထုိကြယ္လြန္သြားတဲ့ ပုဂၢိဳလ္ဟာ အဲဒီ
ရက္ပုိင္းလပုိင္းအတြင္းေလာက္မွာဆုိရင္ မိခင္တစ္ဦးဦးရဲ႕ ၀မ္းၾကာတုိက္မွာ တည္ရွိေနတုန္း ျဖစ္ႏိုင္
တယ္။ မိခင္တစ္ဦးဦးရဲ႕ ၀မ္းၾကာတုိက္မွာရွိေနတဲ့ ဒီကေလးအတြက္ က်န္ရစ္သူ ေဆြမ်ဳိးသားခ်င္း
တုိ႔က ေကာင္းမႈကုသုိလ္ ျပဳေပးေသာ္လည္း ထုိကေလးသူငယ္အဖုိ႔ ထုိကုသုိလ္ရဲ႕ အက်ဳိးတရားေတြကုိ
ရရွိဖုိ႔ရန္ အရာဌာနမဟုတ္ ျဖစ္ေနေသးတယ္။ အကယ္၍ ကြယ္လြန္သူဟာ နတ္ျပည္နတ္ေလာကသုိ႔
ေရာက္ရွိသြားခဲ့ရင္လည္း နတ္စည္းစိမ္ကုိ ခံစားေနဆဲအခ်ိန္သာ ျဖစ္တယ္။
လူဘ၀က မကြယ္လြန္မီ မိမိကုိယ္တုိင္ ျပဳစုပ်ဳိးေထာင္ခဲ့တဲ့ ကုသုိလ္ကံေတြရဲ႕ အရွိန္အ၀ါေတြ မကုန္ေသးသမွ် နတ္ျပည္
နတ္ေလာကမွာ နတ္စည္းစိမ္ေတြကို ခံစားရမည့္သေဘာသာ ရွိတယ္။ ဒါေၾကာင့္ နတ္ျပည္နတ္ေလာကဟ
ာလည္း ကြယ္လြန္သူကုိ ရည္ၫႊန္းၿပီး က်န္ရစ္သူ ေဆြမ်ဳိးသားခ်င္းတုိ႔က ျပဳေပးလုိက္တဲ့
ေကာင္းမႈကုသုိလ္တုိ႔ရဲ႕ အက်ဳိးတရားေတြကုိ ရရွိႏုိင္တဲ့ အရာဌာနမ်ဳိး မဟုတ္ဘူး။
အကယ္၍ ကြယ္လြန္သူဟာ ၿပိတၱာဘ၀သုိ႔ ေရာက္ရွိခဲ့မယ္ဆိုရင္, ထုိ ၿပိတၱာဘ၀မွာလည္း
ပရဒတၱဴပဇီ၀ိၿပိတၱာတုိ႔လုိ သူတစ္ပါးတုိ႔ ျပဳေပးလုိက္တဲ့ ကုသုိလ္ကုိ မွီၿပီး အသက္ရွည္ရမည့္ ၿပိတၱာမ်ဳိး
ျဖစ္ခဲ့မယ္ဆိုရင္ေတာ့ က်န္ရစ္သူ ေဆြမ်ဳိးသားခ်င္းတုိ႔က ထုိကြယ္လြန္သူ (ၿပိတၱာဘုံဘ၀သုိ႔ ေရာက္ရွိ
သြားသူ)ကုိ ရည္ၫႊန္းၿပီး ေကာင္းမႈကုသုိလ္ကုိ ျပဳခဲ့ရင္ ထုိဒါနျဖင့္ ထုိၿပိတၱာဟာ ထုိၿပိတၱာဘုံ၌
မွ်တရတယ္၊ ထုိဒါနျဖင့္ ထုိၿပိတၱာဟာ ထုိၿပိတၱာဘုံ၌ တည္ေနရတယ္။ ဒါေၾကာင့္ ထုိၿပိတၱာဘုံ၌
တည္ေနသူအား ထုိဒါနသည္ ေရာက္ရွိတယ္လို႔ ဒီလုိ ဘုရားရွင္က အေျဖေပးေတာ္မူလုိက္ပါတယ္။
(၂၂၉ အံ၊၃၊၄၇၈။)
” ဖားေအာက္ေတာရဆရာေတာ္ ”
Bhikkhu’s Dhamma
https://www.facebook.com/Bhikkhu.BuddhaDhamma/
http://bhikkhudhamma.blogspot.com/
(Unicode)

ဒါနကုသိုလ် အကျိုးများလိုလျှင် သီလလုံခြုံပါ
•••••••••••••••••••••••••••••••••••••
ဒီနေရာမှာ ကိုယ်ကျင့်သီလ ဖြူစင်မြင့်မြတ်တဲ့ သူတော်ကောင်းတစ်ဦးက ပြုစုပျိုးထောင်လိုက်တဲ့
ဒါနကုသိုလ်ကံနှင့် ကိုယ်ကျင့်သီလပျက်စီးနေတဲ့ ပုဂ္ဂိုလ်တစ်ဦးက ပြုစုပျိုးထောင်လိုက်တဲ့ ဒါန
ကုသိုလ်ကံတို့ရဲ့ ကွာခြားတဲ့ အကျိုးတရားရှိပုံနှင့် ဆက်စပ်ပြီး ဟောကြားထားတော်မူတဲ့ ဇာဏုသောဏိသုတ္တန်ဆိုတဲ့
သုတ္တန်တစ်ခု ရှိပါတယ်။ အဲဒီ သုတ္တန်မှာ လာရှိတဲ့ အကြောင်းအရာ
အချို့ကို အတိုချုပ်ပြီး ထပ်ပြောဦးမယ် —

တစ်ချိန်မှာ ဗိမ္ဗိသာရမင်းကြီးရဲ့ ပုရောဟိတ်ဆရာကြီးဖြစ်တဲ့ ဇာဏုသောဏိပုဏ္ဏားကြီးက
ဘုရားရှင်ထံတော်သို့ ချဉ်းကပ်ပြီးတော့ မေးခွန်းတစ်ခု မေးပါတယ်။ ဘယ်လို မေးသလဲ? —
အရှင်ဂေါတမ … တပည့်တော်တို့ ပုဏ္ဏားတွေဟာ ” ဤအလှူသည် ကွယ်လွန်ပြီးကုန်သော
ဆွေမျိုးသားချင်းတို့ထံသို့ ကပ်ရောက်ပါစေ၊ ဤအလှူကို ကွယ်လွန်ကုန်သော ဆွေမျိုးသားချင်း
တို့သည် သုံးဆောင်ကြပါစေ” ဆိုတဲ့ ဦးတည်ချက်နှင့် အလှူဒါနတွေကို ပြုလုပ်ကြပါတယ်။ သေသူကို
ရည်စူးပြီးတော့ ကုဗ္ဘီးထမင်းတို့ကို ပြုလုပ်ကြပါတယ်။ အဲဒီ အလှူဟာ ကွန်လွန်သွားကြတဲ့ ဆွေမျိုး
သားချင်းတွေထံသို့ ဆိုက်ရောက်ပါသလား? ကွယ်လွန်သွားကြတဲ့ ဆွေမျိုးသားချင်းတွေဟာ ဒီအလှူ
ကို သုံးဆောင်ကြရပါသလား?

ဒီလို ဇာဏုသောဏိပုဏ္ဏားကြီးက ဘုရားရှင်အား သေသူကို ရည်ညွှန်း၍ လှူဒါန်းအပ်တဲ့
အလှူဒါနနှင့် ပတ်သက်ပြီးတော့ မေးခွန်းတွေကို မေးမြန်းလျှောက်ထားပါတယ်။

အဲဒီအခါမှာ ဘုရားရှင်က —
ဒကာတော်ပုဏ္ဏား …ဒီကောင်းမှုကုသိုလ်ဟာ ရောက်သင့်သော အရာဌာန၌ ရောက်တယ်၊
မရောက်သင့်သော အရာဌာန၌ မရောက်ဘူးလို့ ခပ်ကျဉ်းကျဉ်းပဲ အဖြေပေးတော်မူလိုက်ပါတယ်၊၊
ကျဉ်းလွန်းတော့ ပုဏ္ဏားကြီးက ထပ်ပြီး ရှင်းလင်းဟောကြားတော်မူရန် တောင်းပန်ပြန်တယ်။ ဒီအခါမှာ
ဘုရားရှင်က အကျယ်ဝေဖန်ပြီး ဟောကြားပေးတော်မူပါတယ်။
ဒီဒေသနာတော်ရဲ့ လိုရင်းကတော့ ဒီလိုပါ …။

ငရဲ, တိရစ္ဆာန်, ပြိတ္တာ,လူ့ပြည်, နတ်ပြည်ဆိုတဲ့ သေပြီးနောက် လားရာဂတိငါးတန်ရှိတဲ့
အထဲက — သေလွန်သွားတဲ့ ပုဂ္ဂိုလ်ဟာ မသေခင် လူ့ဘဝတုန်းက ဒုစရိုက်မျိုးစုံကို လက်သွက်သွက်
လွန်ကျူးလေ့ရှိတဲ့ ဒုစရိုက်အိုး လူမိုက်မျိုး ဖြစ်ခြင်းကြောင့် သေလွန်သွားတဲ့အခါ ငရဲသို့ ရောက်မယ်
ဆိုရင် ထိုငရဲသားသတ္တဝါရဲ့ အကုသိုလ်ကံဆိုတဲ့ စေတနာအာဟာရနှင့်ပဲ မျှတနေရတယ်။ အကယ်၍
တိရစ္ဆာန်ဘဝသို့ ရောက်ခဲ့မယ်ဆိုရင်လည်း တိရစ္ဆာန်ဘဝမှာရှိတဲ့ မြက်သစ်ရွက်စတဲ့ တိရစ္ဆာန်တို့ရဲ့
အာဟာရတွေနှင့်ပဲ မျှတနေရတယ်။ ဒါကြောင့် ဒီငရဲ တိရစ္ဆာန်ဆိုတဲ့ ဘုံဌာနတွေဟာလည်း ဒီလူ့ဘဝ
က ဆွေမျိုးသားချင်းတို့က ပြုလုပ်လိုက်တဲ့ ကောင်းမှုကုသိုလ်တွေ ရောက်ရှိနိုင်တဲ့ ဘုံဌာနမျိုး မဟုတ်တဲ့အတွက်
ဒီကောင်းမှုကုသိုလ်ဟာ အဲဒီ ငရဲသားထံသို့ သို့မဟုတ် တိရစ္ဆာန်ထံသို့ မရောက်နိုင်ဘူး၊
အရာဌာန မဟုတ်ဘူးလို့ ဆိုလိုတယ်။

ငရဲသားသတ္တဝါဆိုတာကလည်း သူ့ရဲ့ အကုသိုလ်ကံတွေရဲ့ အရှိန်အဝါတွေ မကုန်သမျှ ကာလ
ပတ်လုံး ငရဲမှာ ခံနေရမည့် သဘော ရှိပါတယ်။ ဒီလူ့ပြည်လူ့လောကက သူ့အတွက် ရည်ညွှန်းပြီး
ပြုလုပ်ပေးတဲ့ ကုသိုလ်တို့ရဲ့ အရှိန်အဝါကို ခံယူနိုင်တဲ့ သဘော မရှိဘူး။ ဒီကုသိုလ်တွေရဲ့ အကျိုးကို
လည်း သုံးဆောင်ခံစားနိုင်ခွင့် မရှိဘူး။

နောက်တစ်ခု — တိရစ္ဆာန်ဘဝဆိုတာကလည်း အလားတူပဲ — တိရစ္ဆာန်ဘဝကို ဖြစ်စေနိုင်တဲ့
စွမ်းအားရှိတဲ့ အကုသိုလ်ကံတို့ရဲ့ အရှိန်အဝါတွေ မကုန်သေးသမျှ ကာလပတ်လုံး တိရစ္ဆာန်ဘဝမှ
ကျွတ်နိုင်လွတ်နိုင်တဲ့သဘော မရှိဘူး။ ဒါကြောင့် တိရစ္ဆာန်ဘုံဘဝ ရောက်ရှိသွားတဲ့ ကွယ်လွန်သူကို
ရည်ညွှန်းပြီး လူ့ဘဝက ကျန်ရစ်သူ ဆွေမျိုးသားချင်းတို့က ကောင်းမှုကုသိုလ် ပြုပေးသော်လည်း
အဲဒီ တိရစ္ဆာန်ဘဝ ရောက်ရှိနေတဲ့ သူက သိရှိဖို့ သာဓုခေါ်နိုင်ဖို့ဆိုတဲ့ သဘောတရားမှာ အလွန်
ဖြစ်နိုင်ခဲတဲ့ သဘောတစ်ခုသာ ဖြစ်နေတယ်။

တိရစ္ဆာန်ဘဝမှာရှိတဲ့ မိခင်တစ်ဦးဦးရဲ့ ၀မ်းထဲမှာ ပဋိသန္ဓေတည်နေဆဲ အချိန်အခါမျိုးမှာ ဒီလူ့ဘဝက ဆွေမျိုးသားချင်းတွေက ကောင်းမှုကုသိုလ်
ပြုပေးမယ်ဆိုရင် ထိုသတ္တဝါက သိရှိနိုင်ဖို့ သာဓုခေါ်နိုင်ဖို့ဆိုတဲ့ သဘောတရားဟာလည်း ပိုပြီး
အလှမ်းဝေးတဲ့ အခက်အခဲတစ်ရပ်သာ ဖြစ်ဖို့ ရှိတယ်။ ဒါကြောင့် တိရစ္ဆာန်ဘဝဟာလည်း လူ့ပြည်
လူ့လောကက ဆွေမျိုးသားချင်းတို့က ပြုလုပ်ပေးလိုက်တဲ့ ကောင်းမှုကုသိုလ်တို့ရဲ့ အရှိန်အဝါတွေ
ရောက်နိုင်တဲ့ နေရာဌာနမျိုး မဟုတ်ဘူး။

နောက်တစ်ခု ပြောဦးမယ် — ပုဂ္ဂိုလ်တစ်ဦးဟာ လူ့ပြည်လူ့လောကမှာရှိစဉ် ကိုယ်ကျင့်သီလ
တွေက အလွန်ဖြူစင်တယ်၊ ကာယကံ စင်ကြယ်မှု ရှိတယ်၊ ၀စီကံ စင်ကြယ်မှု ရှိတယ်၊ မနောကံ
စင်ကြယ်မှု ရှိတယ်၊ ထိုပုဂ္ဂိုလ်ဟာ ကွယ်လွန်သွားတဲ့အခါ လူ့ပြည်လူ့လောက ရောက်ခဲ့ရင် လူတို့ရဲ့
အစာအာဟာရဖြင့် မျှတနေရတယ်၊ နတ်ပြည်နတ်လောက ရောက်ခဲ့ရင်လည်း နတ်တို့ရဲ့ အစာ
အာဟာရဖြင့် မျှတနေရတယ်။

ထိုလူ့ပြည် နတ်ပြည် ရောက်သွားတဲ့ ပုဂ္ဂိုလ်တစ်ဦးအတွက် ရည်ညွှန်းပြီး လူ့ပြည်လူ့လောကမှာ
ကျန်ရစ်ခဲ့သူ ဆွေမျိုးသားချင်းတို့က ကောင်းမှုကုသိုလ်တွေကို ပြုပေးကြသော်လည်း ထိုကွယ်လွန်
သွားတဲ့ ပုဂ္ဂိုလ်ဟာ အဲဒီ ကုသိုလ်ရဲ့ အကျိုးတရားကို ခံစားဖို့ရန် အရာဌာန မဟုတ်ပြန်ဘူး။
ဒီအချက်ဟာလည်း ထင်ရှားပါတယ်။ ကွယ်လွန်သွားတဲ့ ပုဂ္ဂိုလ်ဟာ လူ့ပြည်လူ့လောကကို
ရောက်ရှိနေပြီဆိုကြစို့။ ရက်ပိုင်းလပိုင်းအတွင်းမှာပဲ ထိုကွယ်လွန်သူကို ရည်ညွှန်းပြီးတော့ ကျန်ရစ်သူ
ဆွေမျိုးသားချင်းတို့က ကောင်းမှုကုသိုလ်ပြုခဲ့ရင် ထိုကုသိုလ်ကို ထိုလူသားတစ်ဦးက ရရှိဖို့မှာ အလွန်
ခက်ခဲတဲ့ သဘောတစ်ခု ဖြစ်နေတယ်။

ဘာကြောင့်လဲ?— ထိုကွယ်လွန်သွားတဲ့ ပုဂ္ဂိုလ်ဟာ အဲဒီ
ရက်ပိုင်းလပိုင်းအတွင်းလောက်မှာဆိုရင် မိခင်တစ်ဦးဦးရဲ့ ၀မ်းကြာတိုက်မှာ တည်ရှိနေတုန်း ဖြစ်နိုင်
တယ်။ မိခင်တစ်ဦးဦးရဲ့ ၀မ်းကြာတိုက်မှာရှိနေတဲ့ ဒီကလေးအတွက် ကျန်ရစ်သူ ဆွေမျိုးသားချင်း
တို့က ကောင်းမှုကုသိုလ် ပြုပေးသော်လည်း ထိုကလေးသူငယ်အဖို့ ထိုကုသိုလ်ရဲ့ အကျိုးတရားတွေကို
ရရှိဖို့ရန် အရာဌာနမဟုတ် ဖြစ်နေသေးတယ်။ အကယ်၍ ကွယ်လွန်သူဟာ နတ်ပြည်နတ်လောကသို့
ရောက်ရှိသွားခဲ့ရင်လည်း နတ်စည်းစိမ်ကို ခံစားနေဆဲအချိန်သာ ဖြစ်တယ်။

လူဘဝက မကွယ်လွန်မီ မိမိကိုယ်တိုင် ပြုစုပျိုးထောင်ခဲ့တဲ့ ကုသိုလ်ကံတွေရဲ့ အရှိန်အဝါတွေ မကုန်သေးသမျှ နတ်ပြည်
နတ်လောကမှာ နတ်စည်းစိမ်တွေကို ခံစားရမည့်သဘောသာ ရှိတယ်။ ဒါကြောင့် နတ်ပြည်နတ်လောကဟ
ာလည်း ကွယ်လွန်သူကို ရည်ညွှန်းပြီး ကျန်ရစ်သူ ဆွေမျိုးသားချင်းတို့က ပြုပေးလိုက်တဲ့
ကောင်းမှုကုသိုလ်တို့ရဲ့ အကျိုးတရားတွေကို ရရှိနိုင်တဲ့ အရာဌာနမျိုး မဟုတ်ဘူး။

အကယ်၍ ကွယ်လွန်သူဟာ ပြိတ္တာဘဝသို့ ရောက်ရှိခဲ့မယ်ဆိုရင်, ထို ပြိတ္တာဘဝမှာလည်း
ပရဒတ္တူပဇီဝိပြိတ္တာတို့လို သူတစ်ပါးတို့ ပြုပေးလိုက်တဲ့ ကုသိုလ်ကို မှီပြီး အသက်ရှည်ရမည့် ပြိတ္တာမျိုး
ဖြစ်ခဲ့မယ်ဆိုရင်တော့ ကျန်ရစ်သူ ဆွေမျိုးသားချင်းတို့က ထိုကွယ်လွန်သူ (ပြိတ္တာဘုံဘဝသို့ ရောက်ရှိ
သွားသူ)ကို ရည်ညွှန်းပြီး ကောင်းမှုကုသိုလ်ကို ပြုခဲ့ရင် ထိုဒါနဖြင့် ထိုပြိတ္တာဟာ ထိုပြိတ္တာဘုံ၌
မျှတရတယ်၊ ထိုဒါနဖြင့် ထိုပြိတ္တာဟာ ထိုပြိတ္တာဘုံ၌ တည်နေရတယ်။ ဒါကြောင့် ထိုပြိတ္တာဘုံ၌
တည်နေသူအား ထိုဒါနသည် ရောက်ရှိတယ်လို့ ဒီလို ဘုရားရှင်က အဖြေပေးတော်မူလိုက်ပါတယ်။

(၂၂၉ အံ၊၃၊၄၇၈။)
” ဖားအောက်တောရဆရာတော် ”
Bhikkhu’s Dhamma
https://www.facebook.com/Bhikkhu.BuddhaDhamma/

http://bhikkhudhamma.blogspot.com/

LEAVE A REPLY

Please enter your comment!
Please enter your name here