ေတာၾကီးမ်က္မည္းထဲမွ ေရွးေဟာင္းယဥ္ေက်းမွဳလက္ရာမ်ား

ကၽြန္ေတာ္တို႔ထြက္လာခဲ့တဲ့ ခရီးစဥ္က ၀မ္ညွပ္-၀မ္ရွဲန္ ဆိုတဲ့ရြာေလးေတြနဲ႔ အဲဒီရြာကလြယ္တိုင္းရင္းသားတို႔ရဲ ႔ဘုန္းၾကီးေက်ာင္းေတြကိုေလ့လာဖို႔ျဖစ္ပါတယ္ ။ ပထမဆံုး က်ိဳင္းတံုျမိဳ ႔ကေန တရုတ္နယ္စပ္ျဖစ္တဲ့မိုင္းလားဘက္ကို 38 မိုင္အကြာေလာက္ထြက္လာခဲ့ရပါတယ္ ။ အဲဒီကမွတဆင့္ ေတာလမ္း ( လမ္းေလွ်ာက္၀င္ရင္ သံုးနာရီၾကာ ) ခရီးအတိုင္းအေနာက္ဘက္ကိုခ်ဳိး၀င္လိုက္ျပီးအေတာ္ေလးၾကာေတာ့ ပထမဆံုး “၀မ္ညွပ္ရြာ” ေလးနဲ႔ ကုန္းေပၚက ဘုန္းၾကီးေက်ာင္းဆီကို အရင္ေရာက္တာပါ ။ ဒါေပမယ့္လည္း ေရွ ႔ဆက္သြားရင္ ပိုျပီးစိတ္၀င္စားဖို႔ေကာင္းတဲ့ “၀မ္ရွဲရြာ” နဲ႔ ဘုန္းၾကီးေက်ာင္းကို ေတြ႔ရအုံးမွာဆိုေတာ့ အရင္ေတြ႔တဲ႔ ၀မ္ညွပ္ရြာနဲ႔ ဘုန္းၾကီးေက်ာင္းၾကီးကို ထားခဲ့လိုက္ျပီး ေရွ ႔ဆက္လာခဲ့ပါတယ္ ။ ခရီးဆံုးေတာ့ ၀မ္ရွဲန္ရြာကိုေရာက္ေတာ့တာပါ ။ လြယ္တိုင္းရင္းသားတို႔ရဲ ႔ ၀မ္ရွဲန္ရြာေလးမွာ စိတ္ေက်နပ္ေအာင္ ေလ့လာလည္ပတ္ခဲ့ျပီးအခါမွာ ရြာနဲ႔တြဲလွ်က္ရွိတဲ့ ေရွးေဟာင္းဘုန္းၾကီးေက်ာင္းဆီကို ဆက္ျပီးေလ့လာျဖစ္ခဲ့တာပါပဲ ။
ဘုန္းၾကီးေက်ာင္းရွိတဲ့ေနရာကိုေရာက္ေတာ့ ေတြ ႔ျမင္လိုက္ရတဲ့ ျမင္ကြင္းက ကၽြန္ေတာ့အတြက္ အေတာ္ေလးကို ထူးဆန္းသလို ခံစားေနရပါတယ္ ။ ဘုန္းၾကီးေက်ာင္းၾကီးက ျပည္မဘက္မွာ ေတြ ႔ဖူးေနက်ပံုစံမ်ိဳးမဟုတ္တာအျပင္ ထူးျခားဆန္းျပားတဲ့အသြင္ျပင္အေနထားနဲ႔ တည္ရွိေနတာမို႔ အေတာ္ေလးကို စိတ္၀င္စားမိသြားတာပါ ။ ေက်ာင္းေတာ္ၾကီးကိုၾကည့္ရတာကလည္း ျပီးခဲ့တဲ့ ဆယ္စုနွစ္ေတြအတြင္း တည္ေဆာက္ထားခဲ့တာမ်ိဳး မဟုတ္ေလာက္ဘူး ။ သာမန္အားျဖစ္ ခန္႔မွန္းၾကည့္ရရင္ေတာင္မွ အနည္းဆံုး ရာစုနွစ္နွစ္ခုေလာက္ကို ျဖတ္သန္းလာခဲ့ျပီး ျဖစ္ေလာက္ပါတယ္ ။ အဓိကေက်ာင္းေဆာင္ၾကီးအပါအျပင္ ဘုန္းၾကီးေနတဲ့အေဆာင္ ၊ ကိုရင္ေနတဲ့အေဆာင္နဲ႔ တျခားဘုရားေက်ာင္းေဆာင္ငယ္ေတြအပါအ၀င္ အကုန္လံုး ေက်ာင္းေဆာင္ ၈ ေဆာင္ေလာက္ရွိမွာပါ ။ အဲဒီေက်ာင္းေဆာင္ေတြအကုန္လံုးကို ၀ိုင္းပတ္ျပီး အုတ္တံတိုင္းၾကီးနဲ႔ ကာရံထားပါတယ္ ။
ေက်ာင္းေတာ္ၾကီးရဲ ႔အမိုးက ဘံုသံုးဆင့္အမိုးပါ ။ ဒါေပမယ္႔ အမိုးေတြက တစ္ခုနဲ႔တစ္ခု ထပ္ေနသလိုျဖစ္ေနေတာ့ ဘံုအဆင့္ဆင့္ေတြကို ရုတ္တရက္ၾကည့္လိုက္ရင္ မထင္ရွားဘဲ ျဖစ္ေနပါတယ္ ။. အရင္တုန္းကေတာ့ ေက်ာင္းရဲ ႔ အမိုးေတြကို ခဲျပားေတြနဲ႔ပဲအမိုးမိုးထားခဲ့တာတဲ့ ။ ေနာက္ပိုင္းမွာေတာ့ ခဲျပားေတြေနရာမွာ အုတ္ကၽြတ္ျပားေတြကို အစားထိုးမိုးခဲ့တယ္လို႔ သိရပါတယ္ ။ အဲဒီအုပ္ၾကြတ္အမိုးေတြေတာင္မွ ေတာ္ေတာ္ေလးကို ေဟာင္းႏြမ္းေနျပီး တခ်ိဳ ႔ေနရာမွာ ဖရိုဖရဲျဖစ္ေနၾကပါျပီ ။ ေက်ာင္းေတာ္ထဲ၀င္ၾကည့္လိုက္တဲ့အခါမွာေတာ့ ျမင္ေနက်ပံုစံမ်ိဳးေတြမဟုတ္ဘဲ ထူးျခားဆန္းျပားတဲ့ ယဥ္ေက်းမွဳလက္ရာမ်ားကို ေတြ႕ျမင္ရေတာ့တာပါ ။ ေက်ာင္းေဆာင္အတြင္းမွာ အခင္းျပင္နဲ႔ နံရံေတြကလြဲလို႔ ထုတည္ခိုင္မာတဲ႔သစ္သားေတြနဲ႔ ဖြဲ႔စည္လို႔တည္ေဆာက္ထားတာကိုေတြ ႔ရပါတယ္ ။ ထုတ္တန္းေတြနဲ႔ တိုင္လံုးၾကီးေတြကလည္း ထုတည္ၾကီးမားတဲ့သစ္သားလံုးၾကီးေတြကိုအသံုးျပဳျပီး တည္ေဆာက္ထားတာပါပဲ ။
ဘုန္းၾကီးေက်ာင္းရဲ ႔ အတြင္းအျပင္ပံုစံက ဒီနယ္နဲ႔ဆက္စပ္လွ်က္ရွိတဲ့ အမ်ိဳးႏြယ္တူ တိုင္းရင္းသားမ်ားေဆာက္လုပ္ေလ့ရွိတဲ့ပံုမ်ိဳးျဖစ္တယ္လို႔ သိရပါတယ္ ။ ရုပ္ပြားေတာ္ထုလုပ္ထားတဲ့ စတိုင္ေတြလည္း ဒီအတိုင္းပါပဲ ။ ျပည္မဘက္က ရုပ္ပြားေတာ္ထုလုပ္မွဴေတြနဲ႔ မတူပါဘူး ။ မ်က္နွာေတာ္မွာ ေမးကျပားျပီး အေရွ ႔ကိုခၽြန္ထြက္ေနတဲ့ ပံုစံမ်ိဳးပါ ။ ဘုရားခန္းပလႅင္အၾကီးေပၚမွာ အရြယ္အစားသိပ္မကြာတဲ့ ထိုင္ေတာ္မူရုပ္ပြားေတာ္ၾကီး နွစ္ဆူကို အေရွ ႔အေနာက္ဆင့္လို႔ထားျပီး နေဘး၀ဲယာအေရွ ႔ေနာက္တို႔မွာလည္း ဘုရားပလႅင္ေပၚမွာထားလို႔ရနိဳင္သေလာက္ကို ဆင္းတုေတာ္ေတြကို အစီအရီ ထားရွိကိုးကြယ္ထားတာကို ဖူးေတြ ႔ရပါတယ္ ။ ဒါအျပင္ အဓိကပလႅင္ရဲ ႔ ေနာင္ေက်ာဘက္နဲ႔ နံရံေတြမွာလည္း ဆင္းတုေတာ္ေတြ အမ်ားအျပားထားရွိေသးတာပါ ။ ဆင္းတုေတာ္ေတြကေတာ့ အရြယ္စားမ်ိဳးစံုနဲ႔ ျပႊတ္သိပ္ေနေအာင္ကို တားရွိကိုးကြယ္ထားတာကို ဖူးေတြ ႔ရပါတယ္ ။ ဘုရားေက်ာင္းေဆာင္ရဲ ႔နံရံမ်ားမွာလည္း သစ္သားထြင္းရုပ္ၾကြေတြနဲ႔ ဇာတ္ကြက္ပန္းခ်ီမ်ားကို ေနရာမလပ္ေအာင္ကို ေရးဆြဲတတ္ဆင္ထားတာကို ေတြ႔ေနရေသးတာပါ ။
အတိုခ်ံဳ ႔ေျပာရရင္ ေက်ာင္းေဆာင္အတြင္းေရာအျပင္မွာပါ အနုစိတ္လက္ရာေတြနဲ႔ ေနရာလြတ္မရွိေအာင္ ေရႊေရာင္တစ္၀င္း၀င္းတစ္၀င္း၀င္းနဲ႔ အလွဆင္ထားတယ္လို႔ ေျပာရမွာျဖစ္ပါတယ္ ။ ေက်ာင္းေဆာင္ထဲက တူးျခားတဲ့သစ္သားဆင္းတုေတာ္ေတြ ၊ ဘုရားပလႅင္ေတြမွာအလွဆင္ထားတဲ့ မွန္စီေရႊခ်လက္ရာေတြ ၊ သစ္သားထြင္း နတ္ရုပ္ နဂါးရုပ္ ၊ ၾကြင္းက်န္ေနေသးတဲ့ နံရံေဆးေရးပန္ခ်ီေတြ ၊ စာတိုက္ေသတၱာ ၊ ဆြမ္းအုပ္ စတာေတြရဲ ႔ အနုပညာလက္ရာေတြက အဆင့္ျမင့္လြန္းတာမို႔ ၾကည့္ရွေလ့လာေနရင္း အံ့ၾသမွဳေတြျဖစ္ေနရပါေတာ့တာပါ ။ ေက်ာင္းေဆာင္ေတြအတြင္းေလ့လာေနရင္းမွာလည္း ဒီလိုထူးျခားဆန္းျပားတဲ့ ေက်ာင္းေတာ္ၾကီးေတြေပၚထြန္းလာေအာင္ ၾကိဳးစားအားထုတ္ထားခဲ့ၾကတဲ့ ကုသိုလ္ရွင္ေတြကိုလည္း သိပ္ကိုအထင္ၾကီးေလးစားသြားမိပါတယ္ ။ ဒီေတာ့ ကၽြန္ေတာ့အေနနဲ႔က ဒီေက်ာင္းေတာ္ၾကီးကို ဘယ္သူေတြ စတင္ထည္ေထာင္သြားၾကတယ္ဆိုတာကိုလည္း သိခ်င္ေနမိေတာ့တာပါ ။ လက္ရွိအေျခအေနမွာ ေတာၾကီးေတာင္ၾကီးထဲက ဒီဘုန္းၾကီးေက်ာင္း၀န္းက်င္မွာ ေစာေစာက၀င္ေရာက္ေလ့လာခဲ့တဲ့ ၀မ္ရွဲန္ရြာေလးတစ္ရြာကိုပဲေတြ ႔ေနရတာဆိုေတာ့ စိတ္ထဲမွာ ေတြးေတာစရာေတြ ေပၚလာေတာ့တာပဲ ။
ကၽြန္ေတာ္က ၀မ္ရွဲန္ရြာဘုန္းၾကီးေက်ာင္းနဲ႔ ပက္သက္လို႔ သမိုင္းေၾကာင္းအေထာက္ထားေတြကို ဘာမွ ေသေသခ်ာမသိရေသးပါဘူး ။ ဒီေတာ့ ဘုန္းၾကီးေက်ာင္းနဲ႔ ပက္သက္တဲ့ ပေဟဠိေတြက ပိုပိုမ်ားလာေနမိပါေတာ့တာပါ ။ ေနာက္ျပီး ကၽြန္ေတာ့္စိတ္ထဲမွာ ေစာေစာက၀င္ေရာက္လည္ပတ္ခဲ့တဲ့ ၀မ္ရွဲန္ရြာနဲ႔ ဒီလိုယဥ္ေက်းမွဳအဆင့္ျမင့္မားစြာတန္ဆာဆင္ျပီးတည္ရွိေနတဲ့ ရြာထိပ္ကဘုန္းၾကီးေက်ာင္းတို႔ကို ဘယ္လိုမွ ဆပ္စပ္လို႔မရဘဲျဖစ္ေနရပါတယ္ ။ ဘုန္းၾကီးေက်ာင္းနဲ႔ တစ္ဖာလံုအကြာအတြင္း တည္ရွိေနတဲ့ ၀မ္ရွဲန္ရြာဟာ လြယ္တိုင္းရင္းသားေတြ ေနထိုင္ၾကတဲ့ရြာေလးတစ္ရြာျဖစ္ပါတယ္ ။ ရြာသူရြာသားေတြကဗုဒၶဘာသာ၀င္ေတြ ျဖစ္ၾကတယ္ဆိုတာကေတာ့ အမွန္ပါပဲ ။ ဒါေပမယ့္ ၀မ္ရွဲန္ရြာသူရြာသားတို႔ဟာ သူတို႔ရဲ ႔ဓေလ့ထံုးတမ္းလူေနမွဳပံုစံေတြနဲ႔ခ်ည္ေနွာင္ျပီး ျပင္ပေလာကနဲ႔ခပ္ကင္းကင္းေနၾကတဲ့ သေဘာရွိပါတယ္ ။ သူတို႔ရဲ ႔ လူမွဳအဖြဲ ႔စည္းေလးဟာ အျပင္ပေလာကနဲ႔လွမ္းကြာေ၀းေနျပီး သီးျခားကမၻာေလးလို ေနေနၾကေသးတာပါ ။ လက္ရွိေတြ ႔ျမင္ရတဲ့ သူတို႔ရဲ ႔လူေနမွဳပံုစံနဲ႔ ခန္႔မွန္းမိသေလာက္ရြာရဲ ႔စီးပြားေရးအေျခေနေတြကို အေျခခံျပီးေတြးၾကည့္ျပန္ေတာ့လည္း ဘုန္းၾကီးေက်ာင္းနဲ႔ ဒီရြာေလးကို ဆက္စပ္လို႔မရေအာင္ ျဖစ္ေနမိပါတယ္ ။ ေနာက္ျပီး ဒီဘုန္းၾကီးေက်ာင္းဟာ ေခတ္သစ္ဘူန္းၾကီးေက်ာင္းမဟုတ္ပါဘူး ။ အရင္ အနွစ္နွစ္ရာအတြင္းေလာက္ကတည္းက ရွိေနေလာက္တဲ့ေရွးေဟာင္း အေဆာက္အံုၾကီးေတြျဖစ္မွာပါ ။
အမွန္တိုင္း၀န္ခံရရင္ ကၽြန္ေတာ္မေတြးတတ္ေအာင္ကို ျဖစ္ေနရပါတယ္ ။ ဒါေပမယ့္လည္း ၀မ္ရွန္ရြာနဲ႔ ေရွးေဟာင္းဘုန္းၾကီးေက်ာင္းတို႔အၾကား ဆက္စပ္မွဳကို ကၽြန္ေတာ္ေတြးတတ္သေလာက္ေတြးျပီး ေကာက္ခ်က္ခ်ခ်င္ပါေသးတယ္ ။ ပထမ အခ်က္အေနနဲ႔ေတြးၾကည့္ရရင္ အရင္ကဒီေနရာတစ္၀ိုက္မွာ ဒီလိုယဥ္ေက်းမွဳအဆင့္ျမင့္မားတဲ့ ဘုန္းၾကီးေက်ာင္းကို တည္ေထာင္နိဳင္ေအာင္ စီးပြားေရးေကာင္းမြန္ျပီး ယဥ္ေက်းမွဳအဆင့္ျမင့္တဲ့လူမ်ိဳးစုေတြ ေနထိုင္သြားခဲ့ဖူးသလား လို႔ပါ ။ ဒုတိယအခ်က္အေနနဲ႔က အခုလက္ရွိေတြ ႔ျမင္ေနရတဲ့ အဆင့္ျမင့္ဘုန္းၾကီးေက်ာင္းၾကီးကို ၀မ္ရွဲန္ရြာမွာ ေခတ္အဆက္ဆက္ ေနထိုင္လာခဲ့တဲ့ ဗုဒၶဘာသာ၀င္လြယ္တိုင္းရင္းသားေတြကပဲ တည္ေထာင္ခဲ့တာ ျဖစ္မွာပဲလို႔ ေတြးမိပါတယ္ ။
ကၽြန္ေတာ့အေနနဲ႔ အခုေတြးမိတဲ့ အခ်က္နွစ္ခ်က္ထဲက ဒုတိယအခ်က္ကသာ ပိုျပီးျဖစ္နိဳင္ေျခရွိတယ္လို႔ ထင္မိပါတယ္ ။ လြယ္ ( သို႔မဟုတ္ ) တိုင္လြယ္ လူမ်ိဳးေတြဟာ တရုပ္ ၊ လာအိ္ု ၊ ယိုးဒယား နဲ႔ က်ိဳင္းတံုနယ္ေတြထဲမွာ ျပန္နွံ ႔ေနထိုင္ၾကတဲ့ တိုင္အႏြယ္၀င္ေတြပဲ ျဖစ္ပါတယ္ ။ တကယ္ေတာ့ ကၽြန္ေတာ္တို႔ဟာ တိုင္အႏြယ္၀င္ေတြပ်ံ ႔နွံ ့ေနထိုင္ရာနိဳင္ငံေဒသတြင္းက သူတို႔ရဲ ႔ယဥ္ေက်းမွဳ လက္ရာအေဆာက္အအံုမ်ားကို အခုအခ်ိန္ထိ ေတြ ႔ျမင္ေနၾကရတာ ျဖစ္ပါတယ္ ။ အခုေတြ ႔ေနရတဲ့ လြယ္တိုင္းရင္းသားတို႔ေနထိုင္ရာ ၀မ္ရွဲန္ရြာအနီးက ေရွးေဟာင္းဘုန္းၾကီးေက်ာင္းၾကီးဟာလည္း လြယ္တိုင္းရင္းသားတို႔ရဲ ႔ယဥ္ေက်းမွဳလက္ရာအေဆာက္အအံုၾကီးျဖစ္ပါတယ္ ။ ဒီလိုပံုစံတူ အေဆာက္အအံုေတြကိုလည္း တိုင္အႏြယ္၀င္လူမ်ိဳးစုေတြ ေနထိုင္ရာျမန္မာနိဳင္ငံအတြင္းက က်ိဳင္းတံုနယ္အျပင္ တရုတ္ ၊ လာအို ၊ ယိုးဒယား စတဲ့နိဳင္ငံေတြမွာပါ ေတြ႔ျမင္နိဳင္ေသးတယ္လို႔သိရပါတယ္ ။ ေနရာတစ္ေနရာနဲ႔ တစ္ေနရာ အေျခခံ အေဆာက္အအံုပံုစံေတြတူညီၾကမွာျဖစ္ေပမယ့္လည္း ယဥ္ေက်းမွဳအနုအစိပ္လက္ရာအားျဖင့္ကေတာ့ မတူနိုင္ၾကပါဘူး ။ မိတ္ေဆြတစ္ေယာက္ရဲ ႔ ေျပာျပခ်က္အရ အခုကၽြန္ေတာ္ေတြ ႔ေနရတဲ့ ေက်ာင္းေတာ္ၾကီးရဲ ႔အနုအစိတ္လက္ရာဟာ ယိုးဒယားဘက္မွာရွိတဲ့ ေခတ္ကာလတူလက္ရာေတြထက္ သာလြန္တယ္လို႔ ထိုင္းနိဳင္ငံကေလ့လာသူမ်ားကုိယ္တိုင္ မွတ္ခ်က္ျပဳသြားေၾကာင္း သိရပါတယ္ ။
ကၽြန္ေတာ္တို႔ တိုင္းရင္းသားလူမ်ိဳးဗုဒၶဘာသာ၀င္ေတြဟာ ကိုယ္ယံုၾကည္ကိုးကြယ္ရာဘာသာတရားအေပၚမွာ သဒၵါတရားထက္သန္လြန္းတတ္ၾကပါတယ္ ။ မိမိတို႔ကိုယ္တိုင္က သစ္ ၊ ၀ါး တို႔နဲ႔ ေဆာက္လုပ္တဲ့အိမ္ေလးေတြနဲ႔သာေနထိုင္ၾကမွာျဖစ္ေပမယ္လည္း ခိုင္ခန္႔ျပီး ၾကီးက်ယ္ထူးျခား ဆန္းျပားတဲ့ သာသနိကအေဆာက္အအံုၾကီးေတြကို ေဆာက္လွဴၾကေလ့ရွိပါတယ္ ။ ဒါဟာ ဗုဒၶဘာသာ၀င္တို႔ရဲ ႔ လုပ္ရိုးထံုးစံေတြပါ ။ ပုဂံျမိဳ ႔ေဟာင္းမွာ ပုဂံေခတ္လူေနအိမ္အေထာက္ထားေတြ မေတြ ႔ရဘဲ အဲဒီေခတ္ကေစတီပုထိုးဘုရားေတြကိုပဲေတြ ႔ေနရတာဟာ ဒီသေဘာမ်ိဳးဘဲလို႔ ပညာရွင္မ်ားက ယူဆၾကပါတယ္ ။ ဒါေၾကာင့္ ၀မ္ရဲန္ရြာကထူးျခားတဲ့ေရွးေဟာင္းဘုန္းၾကီးေက်ာင္းဟာ ဗုဒၶဘာသာအေပၚ ယံုၾကည့္သက္၀င္မွဳအားေကာင္းတဲ့ ၀မ္ရွဲန္ရြာသူရြာသားတို႔ ေခတ္အဆက္ဆက္က ျပဳလာခဲ့တဲ့ သဒၵါထက္သန္မွဳျပယုဒ္တစ္ခုအျဖစ္ မွတ္ယူရမွာျဖစ္ပါတယ္ ။
တကယ္ေတာ့ လြယ္တိုင္းရင္းသားေတြေနထိုင္ရာ ဒီေဒသရဲ ႔ေတာၾကီးမ်က္မည္းေနရာေတြမွာ ေနာက္ထပ္ဒီလို ယဥ္ေက်းမွဳလက္ရာအဆင့္ျမင့္မားတဲ့ ေရွးေဟာင္းဘုန္းၾကီးေက်ာင္းေတြ ေတာ္ေတာ္မ်ားမ်ား ရွိေနၾကေသးတယ္လို႔ သိရပါတယ္ ။ တခ်ိဳ ႔ေနရာေတြက ဘုန္းၾကီးေက်ာင္းေတြရဲ ႔အနုပညာလက္ရာေတြဟာ ၀မ္ရွဲန္ဘုန္းၾကီးေက်ာင္းထက္ေတာင္မွ အဆင့္ျမင့္မားၾကျပီး အနီးအနားပတ္၀န္က်င္မွာရွိတဲ့ လြယ္လူမ်ိဳးေတြရဲ ႔ ဘ၀အေျခေနေတြကလည္း ပိုမိုျမင့္မားတယ္လို႔ဆိုပါတယ္ ။ ဒီလိုျမိဳ႕ျပနဲ႔လွမ္းေ၀းတဲ့ ေတာၾကီးမ်က္မဲေတြထဲမွာ ေရွးေဟာင္းဘုန္းၾကီးေက်ာင္းေတြနဲ႔ တိုင္းရင္းသားလူမ်ိဳးေတြရွိေနၾကတာကို ၾကားသိရေတာ့ သြားေရာက္ေလ့လာခ်င္တဲ့ စိတ္ေတြတဖြားဖြား ေပၚေနမိတာပါ ။ ဒါေပမယ့္လည္း အဲဒီေနရာေတြကိုသြားေရာက္ဖို႔ လံုး၀မလြယ္ကူဘူးလို႔ သိရပါတယ္ ။ အခု ကၽြန္ေတာ္တို႔ ခက္ခက္ခဲခဲနဲ႔ လာေရာက္ခဲ့တဲ့ ၀မ္ရွဲန္ရြာနဲ႔ ဘုန္းၾကီးေက်ာင္းရွိရာေနရာဟာ သြားရအလြယ္ကူဆံုးေနရာျဖစ္ျပီး တျခားလြယ္တိုင္းရင္းသားရြာနဲ႔ ဘုန္းၾကီးေက်ာင္းေတြဆီကိုေတာ့ သာမန္အားျဖင့္သြားလည္ဖို႔ လံုး၀စိတ္မကူးပါနဲ႔ တဲ့ ။
နယ္ေျမအေၾကာင္းသိထားတဲ့ မိတ္ေဆြက အဲဒီလို သတိေပးေျပာဆိုပါတယ္ ။
ဘယ္လိုပဲျဖစ္ျဖစ္ပါ ။ ၀မ္ညွပ္ရြာေလးနဲ႔ ဘုန္းၾကီးေက်ာင္းရွိရာကိုလာေရာက္လည္ပတ္ရတာ လွမ္းေ၀းျပီး ပင္ပန္းလွေပမယ့္လည္း ကၽြန္ေတာ့အေနနဲ႔ အထူးပဲအားရေက်နပ္မိပါတယ္ ။ ဒီခရီးမွာ လြယ္တိုင္းရင္းသားတို႔ရဲ ႔ လူေနမွဳဘ၀ပံုစံေလးေတြကို ေလ့လာခြင့္ရခဲ့တာအျပင္ သူတို႔ရဲ ႔အံ့မခန္းသဒၵါတရားထက္သန္မွဳကို ေပၚလြင္ေစတဲ့ေရွးေဟာင္းဘုန္းၾကီးေက်ာင္းေတာ္ၾကီးကိုပါ ေလ့လာခြင့္ရခဲ့ေသးတာမို႔ ပိုျပီးအားရေက်နပ္ေနမိတာပါ ။ ကၽြန္ေတာ့အေနနဲ႔ကေတာ့ သီးျခားကမၻာေလးထဲက ခ်စ္ရာေကာင္းတဲ႔ လြယ္တိုင္းရင္းသူတိုင္းရင္းသားမ်ားနဲ႔ ေတြ႕ဆံုရျပီး ထူးျခားတဲ့၀မ္ရွဲန္ဘုန္းၾကီးေက်ာင္းၾကီးကိုပါေလ့လာခြင့္ရတာေတြကို ဘယ္ေတာ့မွ ေမ့ေပ်ာက္လို႔ ရနိဳင္ေတာ့မွာ မဟုတ္ပါဘူး ။ ဒါေၾကာင့္ ေနာက္ထပ္ အခါခြင့္သင္႔ရင္လည္း ဒီေနရာေလးကို ထပ္ျပီးသြားေရာက္နိဳင္ဖို႔ အားခဲထားပါေသးတယ္ ။ ျဖစ္ေအာင္လည္း သြားေရာက္လည္ပတ္အံုးမွာပါ ။ ( ရန္ေနာင္စိုး )
Photos-Kyaw Ye Myint Aung
Credit — ေခမရဌ္တိုင္း ဂံုရွမ္းဌာေန က်ိဳင္းတံုေျမ Keng Tung เขมรัฐเชียงตุง

(Unicode)

တောကြီးမျက်မည်းထဲမှ ရှေးဟောင်းယဉ်ကျေးမှုလက်ရာများ
ကျွန်တော်တို့ထွက်လာခဲ့တဲ့ ခရီးစဉ်က ဝမ်ညှပ်-ဝမ်ရှဲန် ဆိုတဲ့ရွာလေးတွေနဲ့ အဲဒီရွာကလွယ်တိုင်းရင်းသားတို့ရဲ ့ဘုန်းကြီးကျောင်းတွေကိုလေ့လာဖို့ဖြစ်ပါတယ် ။ ပထမဆုံး ကျိုင်းတုံမြို ့ကနေ တရုတ်နယ်စပ်ဖြစ်တဲ့မိုင်းလားဘက်ကို 38 မိုင်အကွာလောက်ထွက်လာခဲ့ရပါတယ် ။ အဲဒီကမှတဆင့် တောလမ်း ( လမ်းလျှောက်ဝင်ရင် သုံးနာရီကြာ ) ခရီးအတိုင်းအနောက်ဘက်ကိုချိုးဝင်လိုက်ပြီးအတော်လေးကြာတော့ ပထမဆုံး “ဝမ်ညှပ်ရွာ” လေးနဲ့ ကုန်းပေါ်က ဘုန်းကြီးကျောင်းဆီကို အရင်ရောက်တာပါ ။ ဒါပေမယ့်လည်း ရှေ ့ဆက်သွားရင် ပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ “ဝမ်ရှဲရွာ” နဲ့ ဘုန်းကြီးကျောင်းကို တွေ့ရအုံးမှာဆိုတော့ အရင်တွေ့တဲ့ ဝမ်ညှပ်ရွာနဲ့ ဘုန်းကြီးကျောင်းကြီးကို ထားခဲ့လိုက်ပြီး ရှေ ့ဆက်လာခဲ့ပါတယ် ။ ခရီးဆုံးတော့ ဝမ်ရှဲန်ရွာကိုရောက်တော့တာပါ ။ လွယ်တိုင်းရင်းသားတို့ရဲ ့ ဝမ်ရှဲန်ရွာလေးမှာ စိတ်ကျေနပ်အောင် လေ့လာလည်ပတ်ခဲ့ပြီးအခါမှာ ရွာနဲ့တွဲလျှက်ရှိတဲ့ ရှေးဟောင်းဘုန်းကြီးကျောင်းဆီကို ဆက်ပြီးလေ့လာဖြစ်ခဲ့တာပါပဲ ။
ဘုန်းကြီးကျောင်းရှိတဲ့နေရာကိုရောက်တော့ တွေ ့မြင်လိုက်ရတဲ့ မြင်ကွင်းက ကျွန်တော့အတွက် အတော်လေးကို ထူးဆန်းသလို ခံစားနေရပါတယ် ။ ဘုန်းကြီးကျောင်းကြီးက ပြည်မဘက်မှာ တွေ ့ဖူးနေကျပုံစံမျိုးမဟုတ်တာအပြင် ထူးခြားဆန်းပြားတဲ့အသွင်ပြင်အနေထားနဲ့ တည်ရှိနေတာမို့ အတော်လေးကို စိတ်ဝင်စားမိသွားတာပါ ။ ကျောင်းတော်ကြီးကိုကြည့်ရတာကလည်း ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း တည်ဆောက်ထားခဲ့တာမျိုး မဟုတ်လောက်ဘူး ။ သာမန်အားဖြစ် ခန့်မှန်းကြည့်ရရင်တောင်မှ အနည်းဆုံး ရာစုနှစ်နှစ်ခုလောက်ကို ဖြတ်သန်းလာခဲ့ပြီး ဖြစ်လောက်ပါတယ် ။ အဓိကကျောင်းဆောင်ကြီးအပါအပြင် ဘုန်းကြီးနေတဲ့အဆောင် ၊ ကိုရင်နေတဲ့အဆောင်နဲ့ တခြားဘုရားကျောင်းဆောင်ငယ်တွေအပါအဝင် အကုန်လုံး ကျောင်းဆောင် ၈ ဆောင်လောက်ရှိမှာပါ ။ အဲဒီကျောင်းဆောင်တွေအကုန်လုံးကို ၀ိုင်းပတ်ပြီး အုတ်တံတိုင်းကြီးနဲ့ ကာရံထားပါတယ် ။
ကျောင်းတော်ကြီးရဲ ့အမိုးက ဘုံသုံးဆင့်အမိုးပါ ။ ဒါပေမယ့် အမိုးတွေက တစ်ခုနဲ့တစ်ခု ထပ်နေသလိုဖြစ်နေတော့ ဘုံအဆင့်ဆင့်တွေကို ရုတ်တရက်ကြည့်လိုက်ရင် မထင်ရှားဘဲ ဖြစ်နေပါတယ် ။. အရင်တုန်းကတော့ ကျောင်းရဲ ့ အမိုးတွေကို ခဲပြားတွေနဲ့ပဲအမိုးမိုးထားခဲ့တာတဲ့ ။ နောက်ပိုင်းမှာတော့ ခဲပြားတွေနေရာမှာ အုတ်ကျွတ်ပြားတွေကို အစားထိုးမိုးခဲ့တယ်လို့ သိရပါတယ် ။ အဲဒီအုပ်ကြွတ်အမိုးတွေတောင်မှ တော်တော်လေးကို ဟောင်းနွမ်းနေပြီး တချို ့နေရာမှာ ဖရိုဖရဲဖြစ်နေကြပါပြီ ။ ကျောင်းတော်ထဲဝင်ကြည့်လိုက်တဲ့အခါမှာတော့ မြင်နေကျပုံစံမျိုးတွေမဟုတ်ဘဲ ထူးခြားဆန်းပြားတဲ့ ယဉ်ကျေးမှုလက်ရာများကို တွေ့မြင်ရတော့တာပါ ။ ကျောင်းဆောင်အတွင်းမှာ အခင်းပြင်နဲ့ နံရံတွေကလွဲလို့ ထုတည်ခိုင်မာတဲ့သစ်သားတွေနဲ့ ဖွဲ့စည်လို့တည်ဆောက်ထားတာကိုတွေ ့ရပါတယ် ။ ထုတ်တန်းတွေနဲ့ တိုင်လုံးကြီးတွေကလည်း ထုတည်ကြီးမားတဲ့သစ်သားလုံးကြီးတွေကိုအသုံးပြုပြီး တည်ဆောက်ထားတာပါပဲ ။
ဘုန်းကြီးကျောင်းရဲ ့ အတွင်းအပြင်ပုံစံက ဒီနယ်နဲ့ဆက်စပ်လျှက်ရှိတဲ့ အမျိုးနွယ်တူ တိုင်းရင်းသားများဆောက်လုပ်လေ့ရှိတဲ့ပုံမျိုးဖြစ်တယ်လို့ သိရပါတယ် ။ ရုပ်ပွားတော်ထုလုပ်ထားတဲ့ စတိုင်တွေလည်း ဒီအတိုင်းပါပဲ ။ ပြည်မဘက်က ရုပ်ပွားတော်ထုလုပ်မှူတွေနဲ့ မတူပါဘူး ။ မျက်နှာတော်မှာ မေးကပြားပြီး အရှေ ့ကိုချွန်ထွက်နေတဲ့ ပုံစံမျိုးပါ ။ ဘုရားခန်းပလ္လင်အကြီးပေါ်မှာ အရွယ်အစားသိပ်မကွာတဲ့ ထိုင်တော်မူရုပ်ပွားတော်ကြီး နှစ်ဆူကို အရှေ ့အနောက်ဆင့်လို့ထားပြီး နဘေးဝဲယာအရှေ ့နောက်တို့မှာလည်း ဘုရားပလ္လင်ပေါ်မှာထားလို့ရနိုင်သလောက်ကို ဆင်းတုတော်တွေကို အစီအရီ ထားရှိကိုးကွယ်ထားတာကို ဖူးတွေ ့ရပါတယ် ။ ဒါအပြင် အဓိကပလ္လင်ရဲ ့ နောင်ကျောဘက်နဲ့ နံရံတွေမှာလည်း ဆင်းတုတော်တွေ အများအပြားထားရှိသေးတာပါ ။ ဆင်းတုတော်တွေကတော့ အရွယ်စားမျိုးစုံနဲ့ ပြွှတ်သိပ်နေအောင်ကို တားရှိကိုးကွယ်ထားတာကို ဖူးတွေ ့ရပါတယ် ။ ဘုရားကျောင်းဆောင်ရဲ ့နံရံများမှာလည်း သစ်သားထွင်းရုပ်ကြွတွေနဲ့ ဇာတ်ကွက်ပန်းချီများကို နေရာမလပ်အောင်ကို ရေးဆွဲတတ်ဆင်ထားတာကို တွေ့နေရသေးတာပါ ။
အတိုချုံ ့ပြောရရင် ကျောင်းဆောင်အတွင်းရောအပြင်မှာပါ အနုစိတ်လက်ရာတွေနဲ့ နေရာလွတ်မရှိအောင် ရွှေရောင်တစ်ဝင်းဝင်းတစ်ဝင်းဝင်းနဲ့ အလှဆင်ထားတယ်လို့ ပြောရမှာဖြစ်ပါတယ် ။ ကျောင်းဆောင်ထဲက တူးခြားတဲ့သစ်သားဆင်းတုတော်တွေ ၊ ဘုရားပလ္လင်တွေမှာအလှဆင်ထားတဲ့ မှန်စီရွှေချလက်ရာတွေ ၊ သစ်သားထွင်း နတ်ရုပ် နဂါးရုပ် ၊ ကြွင်းကျန်နေသေးတဲ့ နံရံဆေးရေးပန်ချီတွေ ၊ စာတိုက်သေတ္တာ ၊ ဆွမ်းအုပ် စတာတွေရဲ ့ အနုပညာလက်ရာတွေက အဆင့်မြင့်လွန်းတာမို့ ကြည့်ရှလေ့လာနေရင်း အံ့သြမှုတွေဖြစ်နေရပါတော့တာပါ ။ ကျောင်းဆောင်တွေအတွင်းလေ့လာနေရင်းမှာလည်း ဒီလိုထူးခြားဆန်းပြားတဲ့ ကျောင်းတော်ကြီးတွေပေါ်ထွန်းလာအောင် ကြိုးစားအားထုတ်ထားခဲ့ကြတဲ့ ကုသိုလ်ရှင်တွေကိုလည်း သိပ်ကိုအထင်ကြီးလေးစားသွားမိပါတယ် ။ ဒီတော့ ကျွန်တော့အနေနဲ့က ဒီကျောင်းတော်ကြီးကို ဘယ်သူတွေ စတင်ထည်ထောင်သွားကြတယ်ဆိုတာကိုလည်း သိချင်နေမိတော့တာပါ ။ လက်ရှိအခြေအနေမှာ တောကြီးတောင်ကြီးထဲက ဒီဘုန်းကြီးကျောင်းဝန်းကျင်မှာ စောစောကဝင်ရောက်လေ့လာခဲ့တဲ့ ဝမ်ရှဲန်ရွာလေးတစ်ရွာကိုပဲတွေ ့နေရတာဆိုတော့ စိတ်ထဲမှာ တွေးတောစရာတွေ ပေါ်လာတော့တာပဲ ။
ကျွန်တော်က ဝမ်ရှဲန်ရွာဘုန်းကြီးကျောင်းနဲ့ ပက်သက်လို့ သမိုင်းကြောင်းအထောက်ထားတွေကို ဘာမှ သေသေချာမသိရသေးပါဘူး ။ ဒီတော့ ဘုန်းကြီးကျောင်းနဲ့ ပက်သက်တဲ့ ပဟေဠိတွေက ပိုပိုများလာနေမိပါတော့တာပါ ။ နောက်ပြီး ကျွန်တော့်စိတ်ထဲမှာ စောစောကဝင်ရောက်လည်ပတ်ခဲ့တဲ့ ဝမ်ရှဲန်ရွာနဲ့ ဒီလိုယဉ်ကျေးမှုအဆင့်မြင့်မားစွာတန်ဆာဆင်ပြီးတည်ရှိနေတဲ့ ရွာထိပ်ကဘုန်းကြီးကျောင်းတို့ကို ဘယ်လိုမှ ဆပ်စပ်လို့မရဘဲဖြစ်နေရပါတယ် ။ ဘုန်းကြီးကျောင်းနဲ့ တစ်ဖာလုံအကွာအတွင်း တည်ရှိနေတဲ့ ဝမ်ရှဲန်ရွာဟာ လွယ်တိုင်းရင်းသားတွေ နေထိုင်ကြတဲ့ရွာလေးတစ်ရွာဖြစ်ပါတယ် ။ ရွာသူရွာသားတွေကဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြတယ်ဆိုတာကတော့ အမှန်ပါပဲ ။ ဒါပေမယ့် ဝမ်ရှဲန်ရွာသူရွာသားတို့ဟာ သူတို့ရဲ ့ဓလေ့ထုံးတမ်းလူနေမှုပုံစံတွေနဲ့ချည်နှောင်ပြီး ပြင်ပလောကနဲ့ခပ်ကင်းကင်းနေကြတဲ့ သဘောရှိပါတယ် ။ သူတို့ရဲ ့ လူမှုအဖွဲ ့စည်းလေးဟာ အပြင်ပလောကနဲ့လှမ်းကွာဝေးနေပြီး သီးခြားကမ္ဘာလေးလို နေနေကြသေးတာပါ ။ လက်ရှိတွေ ့မြင်ရတဲ့ သူတို့ရဲ ့လူနေမှုပုံစံနဲ့ ခန့်မှန်းမိသလောက်ရွာရဲ ့စီးပွားရေးအခြေနေတွေကို အခြေခံပြီးတွေးကြည့်ပြန်တော့လည်း ဘုန်းကြီးကျောင်းနဲ့ ဒီရွာလေးကို ဆက်စပ်လို့မရအောင် ဖြစ်နေမိပါတယ် ။ နောက်ပြီး ဒီဘုန်းကြီးကျောင်းဟာ ခေတ်သစ်ဘူန်းကြီးကျောင်းမဟုတ်ပါဘူး ။ အရင် အနှစ်နှစ်ရာအတွင်းလောက်ကတည်းက ရှိနေလောက်တဲ့ရှေးဟောင်း အဆောက်အုံကြီးတွေဖြစ်မှာပါ ။
အမှန်တိုင်းဝန်ခံရရင် ကျွန်တော်မတွေးတတ်အောင်ကို ဖြစ်နေရပါတယ် ။ ဒါပေမယ့်လည်း ဝမ်ရှန်ရွာနဲ့ ရှေးဟောင်းဘုန်းကြီးကျောင်းတို့အကြား ဆက်စပ်မှုကို ကျွန်တော်တွေးတတ်သလောက်တွေးပြီး ကောက်ချက်ချချင်ပါသေးတယ် ။ ပထမ အချက်အနေနဲ့တွေးကြည့်ရရင် အရင်ကဒီနေရာတစ်ဝိုက်မှာ ဒီလိုယဉ်ကျေးမှုအဆင့်မြင့်မားတဲ့ ဘုန်းကြီးကျောင်းကို တည်ထောင်နိုင်အောင် စီးပွားရေးကောင်းမွန်ပြီး ယဉ်ကျေးမှုအဆင့်မြင့်တဲ့လူမျိုးစုတွေ နေထိုင်သွားခဲ့ဖူးသလား လို့ပါ ။ ဒုတိယအချက်အနေနဲ့က အခုလက်ရှိတွေ ့မြင်နေရတဲ့ အဆင့်မြင့်ဘုန်းကြီးကျောင်းကြီးကို ဝမ်ရှဲန်ရွာမှာ ခေတ်အဆက်ဆက် နေထိုင်လာခဲ့တဲ့ ဗုဒ္ဓဘာသာဝင်လွယ်တိုင်းရင်းသားတွေကပဲ တည်ထောင်ခဲ့တာ ဖြစ်မှာပဲလို့ တွေးမိပါတယ် ။
ကျွန်တော့အနေနဲ့ အခုတွေးမိတဲ့ အချက်နှစ်ချက်ထဲက ဒုတိယအချက်ကသာ ပိုပြီးဖြစ်နိုင်ခြေရှိတယ်လို့ ထင်မိပါတယ် ။ လွယ် ( သို့မဟုတ် ) တိုင်လွယ် လူမျိုးတွေဟာ တရုပ် ၊ လာအိ်ု ၊ ယိုးဒယား နဲ့ ကျိုင်းတုံနယ်တွေထဲမှာ ပြန်နှံ ့နေထိုင်ကြတဲ့ တိုင်အနွယ်ဝင်တွေပဲ ဖြစ်ပါတယ် ။ တကယ်တော့ ကျွန်တော်တို့ဟာ တိုင်အနွယ်ဝင်တွေပျံ ့နှံ ့နေထိုင်ရာနိုင်ငံဒေသတွင်းက သူတို့ရဲ ့ယဉ်ကျေးမှု လက်ရာအဆောက်အအုံများကို အခုအချိန်ထိ တွေ ့မြင်နေကြရတာ ဖြစ်ပါတယ် ။ အခုတွေ ့နေရတဲ့ လွယ်တိုင်းရင်းသားတို့နေထိုင်ရာ ဝမ်ရှဲန်ရွာအနီးက ရှေးဟောင်းဘုန်းကြီးကျောင်းကြီးဟာလည်း လွယ်တိုင်းရင်းသားတို့ရဲ ့ယဉ်ကျေးမှုလက်ရာအဆောက်အအုံကြီးဖြစ်ပါတယ် ။ ဒီလိုပုံစံတူ အဆောက်အအုံတွေကိုလည်း တိုင်အနွယ်ဝင်လူမျိုးစုတွေ နေထိုင်ရာမြန်မာနိုင်ငံအတွင်းက ကျိုင်းတုံနယ်အပြင် တရုတ် ၊ လာအို ၊ ယိုးဒယား စတဲ့နိုင်ငံတွေမှာပါ တွေ့မြင်နိုင်သေးတယ်လို့သိရပါတယ် ။ နေရာတစ်နေရာနဲ့ တစ်နေရာ အခြေခံ အဆောက်အအုံပုံစံတွေတူညီကြမှာဖြစ်ပေမယ့်လည်း ယဉ်ကျေးမှုအနုအစိပ်လက်ရာအားဖြင့်ကတော့ မတူနိုင်ကြပါဘူး ။ မိတ်ဆွေတစ်ယောက်ရဲ ့ ပြောပြချက်အရ အခုကျွန်တော်တွေ ့နေရတဲ့ ကျောင်းတော်ကြီးရဲ ့အနုအစိတ်လက်ရာဟာ ယိုးဒယားဘက်မှာရှိတဲ့ ခေတ်ကာလတူလက်ရာတွေထက် သာလွန်တယ်လို့ ထိုင်းနိုင်ငံကလေ့လာသူများကိုယ်တိုင် မှတ်ချက်ပြုသွားကြောင်း သိရပါတယ် ။
ကျွန်တော်တို့ တိုင်းရင်းသားလူမျိုးဗုဒ္ဓဘာသာဝင်တွေဟာ ကိုယ်ယုံကြည်ကိုးကွယ်ရာဘာသာတရားအပေါ်မှာ သဒ္ဒါတရားထက်သန်လွန်းတတ်ကြပါတယ် ။ မိမိတို့ကိုယ်တိုင်က သစ် ၊ ၀ါး တို့နဲ့ ဆောက်လုပ်တဲ့အိမ်လေးတွေနဲ့သာနေထိုင်ကြမှာဖြစ်ပေမယ်လည်း ခိုင်ခန့်ပြီး ကြီးကျယ်ထူးခြား ဆန်းပြားတဲ့ သာသနိကအဆောက်အအုံကြီးတွေကို ဆောက်လှူကြလေ့ရှိပါတယ် ။ ဒါဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ ့ လုပ်ရိုးထုံးစံတွေပါ ။ ပုဂံမြို ့ဟောင်းမှာ ပုဂံခေတ်လူနေအိမ်အထောက်ထားတွေ မတွေ ့ရဘဲ အဲဒီခေတ်ကစေတီပုထိုးဘုရားတွေကိုပဲတွေ ့နေရတာဟာ ဒီသဘောမျိုးဘဲလို့ ပညာရှင်များက ယူဆကြပါတယ် ။ ဒါကြောင့် ဝမ်ရဲန်ရွာကထူးခြားတဲ့ရှေးဟောင်းဘုန်းကြီးကျောင်းဟာ ဗုဒ္ဓဘာသာအပေါ် ယုံကြည့်သက်ဝင်မှုအားကောင်းတဲ့ ဝမ်ရှဲန်ရွာသူရွာသားတို့ ခေတ်အဆက်ဆက်က ပြုလာခဲ့တဲ့ သဒ္ဒါထက်သန်မှုပြယုဒ်တစ်ခုအဖြစ် မှတ်ယူရမှာဖြစ်ပါတယ် ။
တကယ်တော့ လွယ်တိုင်းရင်းသားတွေနေထိုင်ရာ ဒီဒေသရဲ ့တောကြီးမျက်မည်းနေရာတွေမှာ နောက်ထပ်ဒီလို ယဉ်ကျေးမှုလက်ရာအဆင့်မြင့်မားတဲ့ ရှေးဟောင်းဘုန်းကြီးကျောင်းတွေ တော်တော်များများ ရှိနေကြသေးတယ်လို့ သိရပါတယ် ။ တချို ့နေရာတွေက ဘုန်းကြီးကျောင်းတွေရဲ ့အနုပညာလက်ရာတွေဟာ ဝမ်ရှဲန်ဘုန်းကြီးကျောင်းထက်တောင်မှ အဆင့်မြင့်မားကြပြီး အနီးအနားပတ်ဝန်ကျင်မှာရှိတဲ့ လွယ်လူမျိုးတွေရဲ ့ ဘဝအခြေနေတွေကလည်း ပိုမိုမြင့်မားတယ်လို့ဆိုပါတယ် ။ ဒီလိုမြို့ပြနဲ့လှမ်းဝေးတဲ့ တောကြီးမျက်မဲတွေထဲမှာ ရှေးဟောင်းဘုန်းကြီးကျောင်းတွေနဲ့ တိုင်းရင်းသားလူမျိုးတွေရှိနေကြတာကို ကြားသိရတော့ သွားရောက်လေ့လာချင်တဲ့ စိတ်တွေတဖွားဖွား ပေါ်နေမိတာပါ ။ ဒါပေမယ့်လည်း အဲဒီနေရာတွေကိုသွားရောက်ဖို့ လုံးဝမလွယ်ကူဘူးလို့ သိရပါတယ် ။ အခု ကျွန်တော်တို့ ခက်ခက်ခဲခဲနဲ့ လာရောက်ခဲ့တဲ့ ဝမ်ရှဲန်ရွာနဲ့ ဘုန်းကြီးကျောင်းရှိရာနေရာဟာ သွားရအလွယ်ကူဆုံးနေရာဖြစ်ပြီး တခြားလွယ်တိုင်းရင်းသားရွာနဲ့ ဘုန်းကြီးကျောင်းတွေဆီကိုတော့ သာမန်အားဖြင့်သွားလည်ဖို့ လုံးဝစိတ်မကူးပါနဲ့ တဲ့ ။
နယ်မြေအကြောင်းသိထားတဲ့ မိတ်ဆွေက အဲဒီလို သတိပေးပြောဆိုပါတယ် ။
ဘယ်လိုပဲဖြစ်ဖြစ်ပါ ။ ဝမ်ညှပ်ရွာလေးနဲ့ ဘုန်းကြီးကျောင်းရှိရာကိုလာရောက်လည်ပတ်ရတာ လှမ်းဝေးပြီး ပင်ပန်းလှပေမယ့်လည်း ကျွန်တော့အနေနဲ့ အထူးပဲအားရကျေနပ်မိပါတယ် ။ ဒီခရီးမှာ လွယ်တိုင်းရင်းသားတို့ရဲ ့ လူနေမှုဘဝပုံစံလေးတွေကို လေ့လာခွင့်ရခဲ့တာအပြင် သူတို့ရဲ ့အံ့မခန်းသဒ္ဒါတရားထက်သန်မှုကို ပေါ်လွင်စေတဲ့ရှေးဟောင်းဘုန်းကြီးကျောင်းတော်ကြီးကိုပါ လေ့လာခွင့်ရခဲ့သေးတာမို့ ပိုပြီးအားရကျေနပ်နေမိတာပါ ။ ကျွန်တော့အနေနဲ့ကတော့ သီးခြားကမ္ဘာလေးထဲက ချစ်ရာကောင်းတဲ့ လွယ်တိုင်းရင်းသူတိုင်းရင်းသားများနဲ့ တွေ့ဆုံရပြီး ထူးခြားတဲ့ဝမ်ရှဲန်ဘုန်းကြီးကျောင်းကြီးကိုပါလေ့လာခွင့်ရတာတွေကို ဘယ်တော့မှ မေ့ပျောက်လို့ ရနိုင်တော့မှာ မဟုတ်ပါဘူး ။ ဒါကြောင့် နောက်ထပ် အခါခွင့်သင့်ရင်လည်း ဒီနေရာလေးကို ထပ်ပြီးသွားရောက်နိုင်ဖို့ အားခဲထားပါသေးတယ် ။ ဖြစ်အောင်လည်း သွားရောက်လည်ပတ်အုံးမှာပါ ။ ( ရန်နောင်စိုး )
Photos-Kyaw Ye Myint Aung
Credit — ခေမရဌ်တိုင်း ဂုံရှမ်းဌာနေ ကျိုင်းတုံမြေ Keng Tung เขมรัฐเชียงตุง

LEAVE A REPLY

Please enter your comment!
Please enter your name here