ပုစြန္က်ားေၾကာ္ႏွပ္

ပုစြန္က်ား………….၂၅က်ပ္သား
ၾကက္သြန္နီ……. …၁လုံး
ၾကက္သြန္ျဖဴ……….၅တက္
ခ်င္းေသးေသး………၁တက္
ခရမ္းခ်ဥ္သီး………..၃လုံး
နံနံပင္………………အနည္းငယ္

ပုစြန္က်ားေတြကိုေရေဆးသန္႔စင္ၿပီးအခြံခြာ၊
ေခါင္းခ်ိဳးပါ။ၾကက္သြန္ျဖဴ ကိုညႇက္ေအာင္ေထာင္းထည့္ၿပီးအရသာအနည္းငယ္ႏွင့္နယ္ၿပီးႏွပ္ထားပါ။

ခ်င္းကိုအမွ်င္ေသးေလးမ်ားလွီးပါ။

ခရမ္းခ်ဥ္သီးႏွင့္ၾကက္သြန္ကိုေလးစိတ္(သို႔)
ေျခာက္စိတ္ခန္႔လွီးပါ။

ဒယ္အိုးတစ္လုံးမွာဆီအနည္းငယ္ကိုအပူေပးၿပီးအရသာနယ္ထားေသာပုစြန္ေတြကိုအေပၚယံေၾကာေတြတင္းသြားေအာင္ထည့္ေၾကာ္ၿပီးျပန္ဆယ္ယူထားပါ။

လက္က်န္ဆီမွာခ်င္းႏွင့္ၾကက္သြန္နီကိုဦးစြာထည့္ၿပီးဆီသတ္ပါ။နႏြင္းမွဳန္႔ေလးအနည္းငယ္ထည့္ပါ။

ေမႊးလာလ်ွင္ခရမ္းခ်ဥ္သီးေတြထည့္ၿပီးငါးငံျပာရည္၊ဟင္းခတ္မွဳန္႔ျဖည့္စြက္ၿပီးအဖုံးအုပ္ထားပ

ဆီျပန္ၿပီးအႏွစ္က်လာလွ်င္ေၾကာ္ၿပီးစစ္ထားးတဲ့ပုစြန္ေတြထည့္ၿပီးေမႊေပးပါ။

င႐ုတ္သီးစိမ္းခြဲျခမ္းေလးလည္းထည့္ႏိူင္ၿပီး
နံနံပင္ေလးလဲအုပ္ေပးႏိူင္ပါတယ္။

Credit: WinNaingThein
ဗဟုသုတေက်းရြာ
Credit — Knowledge Village

(Unicode)

ပုစွန်ကျားကြော်နှပ်

ပုစွန်ကျား………….၂၅ကျပ်သား
ကြက်သွန်နီ……. …၁လုံး
ကြက်သွန်ဖြူ……….၅တက်
ချင်းသေးသေး………၁တက်
ခရမ်းချဉ်သီး………..၃လုံး
နံနံပင်………………အနည်းငယ်

ပုစွန်ကျားတွေကိုရေဆေးသန့်စင်ပြီးအခွံခွာ၊
ခေါင်းချိုးပါ။ကြက်သွန်ဖြူ ကိုညှက်အောင်ထောင်းထည့်ပြီးအရသာအနည်းငယ်နှင့်နယ်ပြီးနှပ်ထားပါ။

ချင်းကိုအမျှင်သေးလေးများလှီးပါ။

ခရမ်းချဉ်သီးနှင့်ကြက်သွန်ကိုလေးစိတ်(သို့)
ခြောက်စိတ်ခန့်လှီးပါ။

ဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်ကိုအပူပေးပြီးအရသာနယ်ထားသောပုစွန်တွေကိုအပေါ်ယံကြောတွေတင်းသွားအောင်ထည့်ကြော်ပြီးပြန်ဆယ်ယူထားပါ။

လက်ကျန်ဆီမှာချင်းနှင့်ကြက်သွန်နီကိုဦးစွာထည့်ပြီးဆီသတ်ပါ။နနွင်းမှုန့်လေးအနည်းငယ်ထည့်ပါ။

မွှေးလာလျှင်ခရမ်းချဉ်သီးတွေထည့်ပြီးငါးငံပြာရည်၊ဟင်းခတ်မှုန့်ဖြည့်စွက်ပြီးအဖုံးအုပ်ထားပ

ဆီပြန်ပြီးအနှစ်ကျလာလျှင်ကြော်ပြီးစစ်ထားးတဲ့ပုစွန်တွေထည့်ပြီးမွှေပေးပါ။

ငရုတ်သီးစိမ်းခွဲခြမ်းလေးလည်းထည့်နိူင်ပြီး
နံနံပင်လေးလဲအုပ်ပေးနိူင်ပါတယ်။

Credit: WinNaingThein
ဗဟုသုတကျေးရွာ
Credit — Knowledge Village

LEAVE A REPLY

Please enter your comment!
Please enter your name here