ေသခါနီးမွာေက်ာ္ရမည့္ စည္း
************************
ဒို႔ ေဝဒနာျပင္းထန္လာျပီး ေဝဒနာက
အခ်ိန္နဲ႔အမ်ွ ေရွ႕ကုိသာတိုးတယ္ ေနာက္ကုိျပန္မဆုတ္ဘူး
ဒါဆို ကုိယ့္ကုိယ္ကုိေသရမွာ လူတိုင္းသိတယ္။
ဒို႔ ေတာေျပာ,ေျပာရရင္ေတာ့
ဒီေတာင္မေက်ာ္နိုင္ေတာ့ဘူး ကုိယ့္ကုိယ္ကုိသိတယ္။
အဲ႔ေတာ့ သြားေတာ့ သာသာသြားရမွာမဟုတ္ဘူး။
စည္း ၃-ခ်က္ ေက်ာ္သြားရမွာ။
အဲလို ေဝဒနာျပင္းထန္ခ်ိန္
ရႈမွတ္မႈတရားအရွိန္မရွိတဲ႔ပုဂၢိဳလ္ဟာ
အေတြးဝင္မွာ။ ခႏၶာ႔ျဖစ္စဥ္ကုိမရႈတဲ႔ပုဂၢိဳလ္
တရားနွလုံးမသြင္းတဲ႔ပုဂၢိဳလ္
ငါေသရေတာ့မယ္ဆိုတဲ႔အေတြး ဝင္မွာ။
ေသရေတာ့မယ္သိရင္ ေပ်ာ္မလား။
(မေပ်ာ္ပါဘုရား) မေပ်ာ္ရင္ေႀကာက္မွာေပါ့ ဟုတ္ေနာ္။ ေၾကာက္ေသရင္ ငရဲသြားမွာ။
နွလုံးမသာယာစိတ္မွန္သမ်ွ စာလို ‘ေဒါသ’ လို႔သုံးတာ။ ေႀကာက္စိတ္နဲ႔ဆို ငရဲသြားမွာေလ ဒီစည္းမေက်ာ္နိုင္ဘူး။ ဒါ ပထမစည္းပဲ။
အဲဒီစည္းကုိေက်ာ္နိုင္ဖို႔ ေက်ာ္နိုင္တဲ႔ စိတ္ဓာတ္အင္အားရွိမွ ေက်ာ္နိုင္မယ္။ ဟုတ္ေနာ္။
ဒို႔ ရုပ္ဓာတ္ေတြကေတာ့ျဖင့္ ရုပ္စာေကြ်းတဲ႔အတြက္ ႀကီးႀကီး ႀကီးႀကီးလာတယ္။ အခု လမ္းဆုံးနားထိ ေရာက္ေနၾကျပီ။ သုိ႔ေသာ္ ဒို႔က စိတ္စာကုိေတာ့ ေကြ်းသူမရွိသေလာက္ပဲ။ စိတ္အားေကာင္းဖို႔ရာ စိတ္စာသည္ “သတိ” ပဲ။ ဟုတ္ေနာ္။
စိတ္စာ သတိမေကြ်းနိုင္ရင္ အဲဒီစိတ္သည္
ဘယ္ေတာ့မွမႀကီးဘူး။ အခု ခင္ဗ်ားတို႔ စိတ္ႀကီးၾကျပီလား—? (မႀကီးေသးပါဘုရား)
ငယ္ငယ္တုန္းကေရာ ကုိယ္ႀကိဳက္တဲ႔အာရံုနဲ႔ေတြ႕ရင္ လိုခ်င္သလား မလိုခ်င္ဘူးလား—? (လိုခ်င္ပါတယ္ဘုရား)
အခုေကာ—? (လိုခ်င္ပါတယ္ဘုရား)
ဒါျဖင့္ စိတ္မႀကီးေသးဘူးေပါ့။
ငယ္ငယ္တုန္းကေရာ ကုိယ္မႀကိဳက္တာနဲ႔ေတြ႕ရင္
မုန္းသလား မမုန္းဘူးလား—?(မုန္းပါတယ္ဘုရား) အခုေကာ—? (မုန္းပါတယ္ဘုရား) ဒါျဖင့္ စိတ္ႀကီးျပီလား မႀကီးေသးဘူးလား—? (မႀကီးေသးပါဘုရား)
ဒါဆို ရုပ္ကသာေသခါနီးေနၾကတာ စိတ္က ကေလးပဲရွိျကေသးတယ္ေနာ္။ ဘိုးကေလး ဘြားကေလးေတြေပါ့။ ဒို႔က စိတ္စာ သတိမွ မေကြ်းၾကဘဲနဲ႔။ စိတ္စာေကြ်းမွ စိတ္စည္းလုံးမႈရွိတယ္။ စိတ္စာေကြ်းမွ စိတ္ေအးတယ္။ စိတ္ေအးမွလည္း စည္းလုံးမႈရွိတယ္။ စည္းလုံးမႈရွိမွလည္း စိတ္ကႀကီးထြားတယ္။
ေလာကဓံေကာင္းတာလဲ မတုန္လႈပ္ဘူး။ ေလာကဓံဆိုးတာလည္း မတုန္လႈပ္ဘူး။ အဲဒါ စိတ္ႀကီးသမားမွျဖစ္နိုင္တယ္။
အဲဒီစိတ္ႀကီးသမားမွသာ ဒီစည္း ၃-ခ်က္ကုိ ေက်ာ္နိုင္မယ္ေနာ္။
ဒို႔ သတိမရွိတဲ႕ပုဂၢိဳလ္တိုင္း ေဝဒနာကျပင္းထန္ေနရင္ အဲဒီအခါ စိတ္စည္းလုံးမႈမရွိလို႔
စိတ္မႀကီးထြားတဲ႔ပုဂၢိဳလ္ဟာ ငါေသရေတာ့မယ္ဆိုတဲ႔အေတြး ဝင္ကုိဝင္တယ္။ ေသခ်င္သူရွိလား ဘယ္သူမွမေသခ်င္ဘူးေနာ္။
လူျဖစ္ျဖစ္ တိရစာၦန္ျဖစ္ျဖစ္ ကုိယ့္ဘဝကုိ ခင္တြယ္တယ္ေနာ္။ ေသရမယ္မွန္းသိရင္ ေပ်ာ္မလား ေၾကာက္မလား။
(ေၾကာက္မွာပါဘုရား) ေၾကာက္ရင္ ေၾကာက္တာ ေဒါသေပါ့။ ဒါဆိုဘယ္သြားမတုန္း (ငရဲပါဘုရား)
#ဒီပထမအေတြးမဝင္ရင္လဲ ဒုတိယအေတြးဝင္နိုင္တယ္။
ဒုတိယစည္းေပါ့ ဟုတ္ေနာ္။
သံေယာဇဥ္ျကီးလြန္းလို႔မွ ကြ်န္ခံျပီး လုပ္ေက်ြးထားတဲ႔ သားသမီး ဇနီးေတြထားခဲ႔ခ်င္မလား။
အရိပ္တၾကည့္ၾကည့္နဲ႕ အဲဒါေလးေတြၾကည့္ေလေလ
သာယာစိတ္ကေလးရွိေလ နွစ္သက္စိတ္ကေလးရွိေလ
တပ္မက္စိတ္ကေလးရွိေလ
အဲဒီအကုသုိလ္ေတြေလ ဟုတ္ေနာ္။
အဲ႕ေလာက္အစြဲနာထားတာႀကီး ကုိယ့္စိတ္ကေလးကလည္း
စည္းလုံးမႈမရွိဘူးဆိုရင္ ခင္ဗ်ားတို႔ ဒုတိယစည္းကုိ ေက်ာ္နိုင္မေက်ာ္နိုင္
(မေက်ာ္နိုင္ပါဘူးဘုရား)
ဘယ္လိုလုပ္ၾကမတုန္းခင္ဗ်ားတို႔—?
သတိနဲ႔ စိတ္ကုိစုစည္းမႈအားေကာင္းေအာင္
ႀကီးထြားေအာင္လုပ္မထားျကရင္ မေက်ာ္နိုင္ဘူးေနာ္ ဒုတိယစည္းေက်ာ္နိုင္ဖို႔
ခဲယဥ္းတယ္။
စြဲထားၾကတာေတြက ေမြးကတည္းက စြဲထားျကတာေတြ ဟုတ္ေနာ္။ သားသမီးအေပၚ မိသားစုအေပၚ ကိုယ့္အိမ္ ကုိယ့္ပစၥည္းအေပၚ ဟုတ္ေနာ္။ အဲဒီလို ငါ့မိသားစု ငါ့ပစၥည္းေတြနဲ႔
မခြဲခ်င္တဲ႔စိတ္လည္းဝင္မွာပဲ သုိ႕မဟုတ္ အားကုိးစိတ္လည္း ဝင္မွာပဲ။
* မခြဲခ်င္လို႔ နွလုံးမသာယာစိတ္ဝင္ရင္လည္း
သြားမွာငရဲကုိ။
* အားကုိးစိတ္ဝင္ရင္ေတာ့ လာခဲ႕ျပိတၱာ။
* ဒါမွမဟုတ္ ငါ့အိမ္ ငါ့မိသားစု
သာမန္စြဲဆိုရင္ေတာ့ တိရစာၦန္။ ဒါျဖင့္ ဒို႔
ဒုတိယစည္းေက်ာ္ဖို႔ ေတာ္ေတာ္ခဲယဥ္းတယ္။
#တတိယစည္းကလဲ ဒို႔ ေဝဒနာေက်ာ္ရမွာ။ ေသခါနီးရဲ႕ ေဝဒနာ မီးစာကုန္ဆီခမ္းေနာ္
ျခင္ကုိက္သလိုမဟုတ္ဘူးေနာ္။
အထဲထဲရွိတဲ႔ အတိုက္အခံဓာတ္ခ်င္းကုိ
တစ္ဖက္တစ္ဖက္ကုိေသေအာင္သတ္မွာေနာ္။ အတိုက္ဖက္ကနိုင္သြားျပီး အခံဖက္က လုံးဝေသမွဆုံးမွာ။ အခံဖက္က ခုခံအားေကာင္းလို႔ အတိုက္ဖက္က အားေလ်ာ့သြားရင္ ဒို႔ မဆုံးေသးဘူး။ တစ္ဖက္ဖက္ကေသမွ ဒို႔ဆုံးမွာ။
အဲဒီျကားမွာ ၾကားလူမခံနိုင္ဘူးေနာ္။
မခ်ိမဆံ႔ ခံရမွာ။ အဲလိုမခ်ိမဆံ႔ခံရခ်ိန္ ဒီေဝဒနာကုိ ျဖစ္ပ်က္မျမင္ရင္ ဒို႕စည္းမေက်ာ္နိုင္ဘူးေနာ္။
ဒါျဖင့္ ဒို႔ ဒီတတိယစည္းေရာ ေက်ာ္နိုင္တဲ႔ စိတ္ဓာတ္အင္အား ရွိျကျပီလား (မရွိေသးပါဘုရား)။
ဒို႔ ေသခါနီး အဲဒီလို စည္း၃-ခ်က္ေက်ာ္ရမွာဗ်။
အဲဒီစည္း၃-ခ်က္ေက်ာ္နိုင္မွ ဒို႔႔ ကုိယ့္လုပ္စာ ကုိယ္စားရမွာ ကုိယ္လုပ္ထားတဲ႕ဒါနသီလရွိတဲ႕ လူ႔ဘုံနတ္ဘုံကုိ ဒို႔ ဥာဥ္ကုိပယ္နိုင္မွ ဥာဏ္နဲ႕သြားမွ အထက္ဘုံကုိ
ေရာက္တာ ဟုတ္ေနာ္။
* ေသခါနီးျကည့္လိုက္ ဂတိနိမိတ္ေကာင္းလို႕
လူနိမိတ္ နတ္နိမိတ္ေရာက္တဲ႔ပုဂၢိဳလ္ကုိျကည့္ရင္ အိပ္ေပ်ာ္ေနသလို ျပံဳးျပံဳးေလး။
* ေသခါနီး အိမ္တို႔ သားသမီးတို႕ အဲဒါေတြအစြဲနဲ႔ ေသမယ္ဆိုရင္ ျပိတၱာနဲ႔တိရစာၦန္ျဖစ္မယ့္ပုဂၢိဳလ္ရဲ႕
မ်က္နွာက်ေတာ့ ညိွဳးညိွဳးေလး။
* ေသခါနီး မေကာင္းမႈေတြလုပ္ထားလို႕
ငရဲနိမိတ္ျမင္တဲ႔ပုဂၢိဳလ္ရဲ႕ မ်က္နွာက်ေတာ့ မဲ႔မဲ႔ႀကီး။
ကိုင္း – – – – ေနဝင္ခါနီးျပီဗ်။
အိမ္အျပန္ မ်က္နွာပန္းလွျကပါ့မလား။
စည္း ၃-ခ်က္ ေက်ာ္နိုင္ၾကပါ့မလား။
အခ်ိန္က မရပ္မနားသြားေနသလို
အရြယ္ကလည္း မနားဘူးေနာ္။
ဒါေျကာင့္ ခင္ဗ်ားတို႔နားေနလို႔မရဘူး။
ျပံဳးျပံဳးေလးေသခ်င္ျကရင္ ခုကတည္းက စိတ္ကုိ “သတိ” အစာ မျပတ္ေကြ်းၾက။
ေက်းဇူးေတာ္ရွင္
#မဟာေဗာဓိျမိဳင္ဆရာေတာ္ဘုရားျကီး
___________________________________
တရားေတာ္အသံဖိုင္မွ ေကာက္နုတ္ပူေဇာ္ပါသည္။
#Credit – ႏြယ္လဲ့ငယ္ ဓမၼဒါနအျဖစ္..
#Zaw Zaw Min ထပ္ဆင့္မ်ွ ေဝပူေဇာ္ပါသည္။
(Unicode)
#သေခါနီးမှာကျော်ရမည့် စည်း
************************
ဒို့ ဝေဒနာပြင်းထန်လာပြီး ဝေဒနာက
အချိန်နဲ့အမျှ ရှေ့ကိုသာတိုးတယ် နောက်ကိုပြန်မဆုတ်ဘူး
ဒါဆို ကိုယ့်ကိုယ်ကိုသေရမှာ လူတိုင်းသိတယ်။
ဒို့ တောပြော,ပြောရရင်တော့
ဒီတောင်မကျော်နိုင်တော့ဘူး ကိုယ့်ကိုယ်ကိုသိတယ်။

အဲ့တော့ သွားတော့ သာသာသွားရမှာမဟုတ်ဘူး။
စည်း ၃-ချက် ကျော်သွားရမှာ။

အဲလို ဝေဒနာပြင်းထန်ချိန်
ရှုမှတ်မှုတရားအရှိန်မရှိတဲ့ပုဂ္ဂိုလ်ဟာ
အတွေးဝင်မှာ။ ခန္ဓာ့ဖြစ်စဉ်ကိုမရှုတဲ့ပုဂ္ဂိုလ်
တရားနှလုံးမသွင်းတဲ့ပုဂ္ဂိုလ်
ငါသေရတော့မယ်ဆိုတဲ့အတွေး ဝင်မှာ။

သေရတော့မယ်သိရင် ပျော်မလား။
(မပျော်ပါဘုရား) မပျော်ရင်ကြောက်မှာပေါ့ ဟုတ်နော်။ ကြောက်သေရင် ငရဲသွားမှာ။
နှလုံးမသာယာစိတ်မှန်သမျှ စာလို ‘ဒေါသ’ လို့သုံးတာ။ ကြောက်စိတ်နဲ့ဆို ငရဲသွားမှာလေ ဒီစည်းမကျော်နိုင်ဘူး။ ဒါ ပထမစည်းပဲ။

အဲဒီစည်းကိုကျော်နိုင်ဖို့ ကျော်နိုင်တဲ့ စိတ်ဓာတ်အင်အားရှိမှ ကျော်နိုင်မယ်။ ဟုတ်နော်။

ဒို့ ရုပ်ဓာတ်တွေကတော့ဖြင့် ရုပ်စာကျွေးတဲ့အတွက် ကြီးကြီး ကြီးကြီးလာတယ်။ အခု လမ်းဆုံးနားထိ ရောက်နေကြပြီ။ သို့သော် ဒို့က စိတ်စာကိုတော့ ကျွေးသူမရှိသလောက်ပဲ။ စိတ်အားကောင်းဖို့ရာ စိတ်စာသည် “သတိ” ပဲ။ ဟုတ်နော်။

စိတ်စာ သတိမကျွေးနိုင်ရင် အဲဒီစိတ်သည်
ဘယ်တော့မှမကြီးဘူး။ အခု ခင်ဗျားတို့ စိတ်ကြီးကြပြီလား—? (မကြီးသေးပါဘုရား)

ငယ်ငယ်တုန်းကရော ကိုယ်ကြိုက်တဲ့အာရုံနဲ့တွေ့ရင် လိုချင်သလား မလိုချင်ဘူးလား—? (လိုချင်ပါတယ်ဘုရား)
အခုကော—? (လိုချင်ပါတယ်ဘုရား)
ဒါဖြင့် စိတ်မကြီးသေးဘူးပေါ့။

ငယ်ငယ်တုန်းကရော ကိုယ်မကြိုက်တာနဲ့တွေ့ရင်
မုန်းသလား မမုန်းဘူးလား—?(မုန်းပါတယ်ဘုရား) အခုကော—? (မုန်းပါတယ်ဘုရား) ဒါဖြင့် စိတ်ကြီးပြီလား မကြီးသေးဘူးလား—? (မကြီးသေးပါဘုရား)

ဒါဆို ရုပ်ကသာသေခါနီးနေကြတာ စိတ်က ကလေးပဲရှိကြသေးတယ်နော်။ ဘိုးကလေး ဘွားကလေးတွေပေါ့။ ဒို့က စိတ်စာ သတိမှ မကျွေးကြဘဲနဲ့။ စိတ်စာကျွေးမှ စိတ်စည်းလုံးမှုရှိတယ်။ စိတ်စာကျွေးမှ စိတ်အေးတယ်။ စိတ်အေးမှလည်း စည်းလုံးမှုရှိတယ်။ စည်းလုံးမှုရှိမှလည်း စိတ်ကကြီးထွားတယ်။

လောကဓံကောင်းတာလဲ မတုန်လှုပ်ဘူး။ လောကဓံဆိုးတာလည်း မတုန်လှုပ်ဘူး။ အဲဒါ စိတ်ကြီးသမားမှဖြစ်နိုင်တယ်။
အဲဒီစိတ်ကြီးသမားမှသာ ဒီစည်း ၃-ချက်ကို ကျော်နိုင်မယ်နော်။

ဒို့ သတိမရှိတဲ့ပုဂ္ဂိုလ်တိုင်း ဝေဒနာကပြင်းထန်နေရင် အဲဒီအခါ စိတ်စည်းလုံးမှုမရှိလို့
စိတ်မကြီးထွားတဲ့ပုဂ္ဂိုလ်ဟာ ငါသေရတော့မယ်ဆိုတဲ့အတွေး ဝင်ကိုဝင်တယ်။ သေချင်သူရှိလား ဘယ်သူမှမသေချင်ဘူးနော်။
လူဖြစ်ဖြစ် တိရစ္ဆာန်ဖြစ်ဖြစ် ကိုယ့်ဘဝကို ခင်တွယ်တယ်နော်။ သေရမယ်မှန်းသိရင် ပျော်မလား ကြောက်မလား။
(ကြောက်မှာပါဘုရား) ကြောက်ရင် ကြောက်တာ ဒေါသပေါ့။ ဒါဆိုဘယ်သွားမတုန်း (ငရဲပါဘုရား)

#ဒီပထမအတွေးမဝင်ရင်လဲ ဒုတိယအတွေးဝင်နိုင်တယ်။
ဒုတိယစည်းပေါ့ ဟုတ်နော်။
သံယောဇဉ်ကြီးလွန်းလို့မှ ကျွန်ခံပြီး လုပ်ကျွေးထားတဲ့ သားသမီး ဇနီးတွေထားခဲ့ချင်မလား။
အရိပ်တကြည့်ကြည့်နဲ့ အဲဒါလေးတွေကြည့်လေလေ
သာယာစိတ်ကလေးရှိလေ နှစ်သက်စိတ်ကလေးရှိလေ
တပ်မက်စိတ်ကလေးရှိလေ
အဲဒီအကုသိုလ်တွေလေ ဟုတ်နော်။

အဲ့လောက်အစွဲနာထားတာကြီး ကိုယ့်စိတ်ကလေးကလည်း
စည်းလုံးမှုမရှိဘူးဆိုရင် ခင်ဗျားတို့ ဒုတိယစည်းကို ကျော်နိုင်မကျော်နိုင်
(မကျော်နိုင်ပါဘူးဘုရား)
ဘယ်လိုလုပ်ကြမတုန်းခင်ဗျားတို့—?
သတိနဲ့ စိတ်ကိုစုစည်းမှုအားကောင်းအောင်
ကြီးထွားအောင်လုပ်မထားကြရင် မကျော်နိုင်ဘူးနော် ဒုတိယစည်းကျော်နိုင်ဖို့
ခဲယဉ်းတယ်။

စွဲထားကြတာတွေက မွေးကတည်းက စွဲထားကြတာတွေ ဟုတ်နော်။ သားသမီးအပေါ် မိသားစုအပေါ် ကိုယ့်အိမ် ကိုယ့်ပစ္စည်းအပေါ် ဟုတ်နော်။ အဲဒီလို ငါ့မိသားစု ငါ့ပစ္စည်းတွေနဲ့
မခွဲချင်တဲ့စိတ်လည်းဝင်မှာပဲ သို့မဟုတ် အားကိုးစိတ်လည်း ဝင်မှာပဲ။

* မခွဲချင်လို့ နှလုံးမသာယာစိတ်ဝင်ရင်လည်း
သွားမှာငရဲကို။
* အားကိုးစိတ်ဝင်ရင်တော့ လာခဲ့ပြိတ္တာ။
* ဒါမှမဟုတ် ငါ့အိမ် ငါ့မိသားစု
သာမန်စွဲဆိုရင်တော့ တိရစ္ဆာန်။ ဒါဖြင့် ဒို့
ဒုတိယစည်းကျော်ဖို့ တော်တော်ခဲယဉ်းတယ်။

#တတိယစည်းကလဲ ဒို့ ဝေဒနာကျော်ရမှာ။ သေခါနီးရဲ့ ဝေဒနာ မီးစာကုန်ဆီခမ်းနော်
ခြင်ကိုက်သလိုမဟုတ်ဘူးနော်။
အထဲထဲရှိတဲ့ အတိုက်အခံဓာတ်ချင်းကို
တစ်ဖက်တစ်ဖက်ကိုသေအောင်သတ်မှာနော်။ အတိုက်ဖက်ကနိုင်သွားပြီး အခံဖက်က လုံးဝသေမှဆုံးမှာ။ အခံဖက်က ခုခံအားကောင်းလို့ အတိုက်ဖက်က အားလျော့သွားရင် ဒို့ မဆုံးသေးဘူး။ တစ်ဖက်ဖက်ကသေမှ ဒို့ဆုံးမှာ။

အဲဒီကြားမှာ ကြားလူမခံနိုင်ဘူးနော်။
မချိမဆံ့ ခံရမှာ။ အဲလိုမချိမဆံ့ခံရချိန် ဒီဝေဒနာကို ဖြစ်ပျက်မမြင်ရင် ဒို့စည်းမကျော်နိုင်ဘူးနော်။
ဒါဖြင့် ဒို့ ဒီတတိယစည်းရော ကျော်နိုင်တဲ့ စိတ်ဓာတ်အင်အား ရှိကြပြီလား (မရှိသေးပါဘုရား)။

ဒို့ သေခါနီး အဲဒီလို စည်း၃-ချက်ကျော်ရမှာဗျ။
အဲဒီစည်း၃-ချက်ကျော်နိုင်မှ ဒို့့ ကိုယ့်လုပ်စာ ကိုယ်စားရမှာ ကိုယ်လုပ်ထားတဲ့ဒါနသီလရှိတဲ့ လူ့ဘုံနတ်ဘုံကို ဒို့ ဉာဉ်ကိုပယ်နိုင်မှ ဉာဏ်နဲ့သွားမှ အထက်ဘုံကို
ရောက်တာ ဟုတ်နော်။

* သေခါနီးကြည့်လိုက် ဂတိနိမိတ်ကောင်းလို့
လူနိမိတ် နတ်နိမိတ်ရောက်တဲ့ပုဂ္ဂိုလ်ကိုကြည့်ရင် အိပ်ပျော်နေသလို ပြုံးပြံုးလေး။

* သေခါနီး အိမ်တို့ သားသမီးတို့ အဲဒါတွေအစွဲနဲ့ သေမယ်ဆိုရင် ပြိတ္တာနဲ့တိရစ္ဆာန်ဖြစ်မယ့်ပုဂ္ဂိုလ်ရဲ့
မျက်နှာကျတော့ ညှိုးညှိုးလေး။

* သေခါနီး မကောင်းမှုတွေလုပ်ထားလို့
ငရဲနိမိတ်မြင်တဲ့ပုဂ္ဂိုလ်ရဲ့ မျက်နှာကျတော့ မဲ့မဲ့ကြီး။

ကိုင်း – – – – နေဝင်ခါနီးပြီဗျ။
အိမ်အပြန် မျက်နှာပန်းလှကြပါ့မလား။
စည်း ၃-ချက် ကျော်နိုင်ကြပါ့မလား။

အချိန်က မရပ်မနားသွားနေသလို
အရွယ်ကလည်း မနားဘူးနော်။
ဒါကြောင့် ခင်ဗျားတို့နားနေလို့မရဘူး။
ပြံုးပြံုးလေးသေချင်ကြရင် ခုကတည်းက စိတ်ကို “သတိ” အစာ မပြတ်ကျွေးကြ။

ကျေးဇူးတော်ရှင်
#မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး
___________________________________

တရားတော်အသံဖိုင်မှ ကောက်နုတ်ပူဇော်ပါသည်။

#Credit – နွယ်လဲ့ငယ် ဓမ္မဒါနအဖြစ်..
#Zaw Zaw Min ထပ်ဆင့်မျှ ဝေပူဇော်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here