သင့္ကိုဖ်က္ဆီးေနတဲ့ အက်င့္ဆိုး (၁၀) ခု
_________________________
အက်င့္ေကာင္းေတြဟာ ကိုယ့္ရဲ႕အနာဂတ္ကို ေရႊေရာင္ခင္းတဲ့ လမ္းတစ္ခုျဖစ္ေစႏုိင္သလုိ မေကာင္းတဲ့ အက်င့္ဆိုးေတြဟာလည္း ကိုယ့္ရဲ႕ေတာက္ပႏုိင္မယ့္အနာဂတ္ကို ေမွးမွိန္ေပ်ာက္ကြယ္သြားေစႏုိင္ပါတယ္။
က်ြန္ေတာ္တို႔ရဲ့ ေန႔စဥ္ဘဝမွာ လုပ္နိုင္စြမ္းအား ပိုတိုးလာေစဖို႔ အေကာင္းဆံုးနည္းလမ္းကေတာ့ က်ြန္ေတာ္တို႔ရဲ့ဘစိတ္အားထက္သန္မႈကို ဟန္႔တားေနတဲ့ အက်င့္ဆိုးေတြကို ဖ်က္ပစ္ဖို႔ပါပဲ။ ဒီလို အက်င့္ဆိုးေတြဟာ လူကို စိတ္မေပ်ာ္မရႊင္ျဖစ္ေစတဲ့အျပင္ ကိုယ္ပိုင္စြမ္းရည္ကိုလည္း ေလ်ာ့က်ေစတာပါ။ ဘဝဆိုတာဟာ အဟန္႔အတား အေနွာင့္အယွက္ေတြ ရွိေနသလို ဒီအရာေတြကို ကာကြယ္ဖို႔ မတတ္သာတဲ့အခါ သင့္ရဲ့ေန႔ရက္ေတြဟာ ရွင္သန္ရခက္ခဲလာတာကို ေတြ႔ရပါလိမ့္မယ္။ ဒီလိုအျဖစ္ခံမယ့္အစား သင့္အေနနဲ႔ ဘဝမွာ ကိုယ္ပိုင္စြမ္းရည္ေတြတက္လာဖို႔နဲ႔ စိတ္အားထက္သန္မႈတိုးလာေစဖို႔ ဘယ္လိုအရာေတြကို ေျပာင္းလဲျပင္ဆင္သင့္သလဲဆိုတာကို ေတြးေတာရွာေဖြသင့္ပါတယ္။ ဒီလိုလုပ္ျခင္းအားျဖင့္ သင့္ရဲ့ျဖစ္တည္မႈဟာလည္း ပိုမိုခိုင္ျမဲလာမွာပါပဲ။
ဒါေၾကာင့္ ကိုယ့္ရဲ႕ဘဝမွာ ေနေပ်ာ္ျပီး ေအာင္ျမင္မႈရေစဖို႔ ျပင္ဆင္သင့္တဲ့ အက်င့္ဆိုး (၁၀) ခုကို Myanmar Online Entrepreneur – MOE မိတ္ေဆြေတြအားလံုးအတြက္ ေဝမွ်ေပးခ်င္ပါတယ္။
(1) ကိုယ္ဘာမွမတတ္နိုင္တဲ့အရာေတြကို လိုက္ပူပန္ေနတာ။
ဘဝမွာ ခက္ခဲတဲ့အခ်ိန္ေတြ အေျခအေနေတြ ၾကံဳေကာင္းၾကံဳလာနိုင္တဲ့အခါ သင္ဘာမွမတတ္နိုင္တဲ့ အရာတစ္ခုအတြက္ ထိုင္စိတ္ပူေနရုံနဲ႔ ဘာမွျဖစ္လာမွာ မဟုတ္ပါဘူး။ ဥပမာ အစိုးရက ခ်လိုက္တဲ့ ဆံုးျဖတ္ခ်က္မ်ိဳး အမွတ္မထင္ၾကံဳရတဲ့ ကံဆိုးမႈမ်ိဳးေတြကို သင္ထိန္းခ်ဳပ္နိုင္မွာ မဟုတ္ပါဘူး။ သင္လုပ္ရမယ့္ တစ္ခုတည္းေသာအရာက ဘာဆက္လုပ္ရမလဲဆိုတဲ့ ဆံုးျဖတ္ခ်က္ကိုခ်ဖို႔ပါပဲ။ ထိုင္ျပီး နာက်င္ေၾကကြဲေနမယ့္အစား ျဖစ္ျပီးသမ်ွကို လက္ခံလိုက္တာဟာ စိတ္ေပါ့ပါးလြတ္လပ္မႈအျပင္ စိတ္ခြန္အားကိုပါ ပိုတိုးလာေစပါတယ္။
_________________________
(2) အျမဲတမ္း perfect ျဖစ္ေနခ်င္တာ။
ဘယ္အရာမွ ျပီးျပည့္စံုတယ္ဆိုတာမရွိပါဘူး။ တခါတေလမွာ လံုးဝ perfect ေနဖို႔ဆိုတဲ့အရာက အေရးၾကီးေပမယ့္ တခါတေလမွာေတာ့ မလိုအပ္လွပါဘူး။ ဒါေၾကာင့္ perfect ျဖစ္မွရမယ္ဆိုတဲ့ စိတ္စြဲလမ္းမႈ မထားပါနဲ႔။ ဒီစိတ္ေၾကာင့္လည္း သင့္ရဲ့ စြမ္းရည္ေတြကို မလိုအပ္ဘဲ ျဖဳန္းတီးရာေရာက္တတ္ပါတယ္။
_________________________
(3) တျခားသူေတြ အာရုံစိုက္တဲ့အေပၚ လိုက္ေယာင္တာ။
အေၾကာင္းအရာတစ္ခုခုကို မေက်မနပ္ ျငင္းခုန္ေနတဲ့သူေတြ ဆန္႔က်င္ေျပာဆိုေနတဲ့သူေတြကေတာ့ အျမဲရွိေနမွာပါ။ ဥပမာ သင့္ရဲ့သူငယ္ခ်င္းေတြနဲ႔ စကားေျပာရင္း သူတို႔က သူတို႔ရဲ့ သူေဌးအေၾကာင္း အခ်ိန္ၾကာၾကာ မေက်မနပ္ေျပာဆိုတာကို နားေထာင္ေဆြးေႏြးရတဲ့အခါ သင့္အတြက္ စိတ္ခြန္အားေတြ အလကားသက္သက္ ဆံုးရႈံးတာကို သတိထားမိပါသလား။ အဆိုးျမင္စိတ္ရွိေနသူေတြရဲ့ စကားကို နားေထာင္ရတာဟာ စိတ္ပင္ပန္းစရာေကာင္းပါတယ္။ ဒါေၾကာင့္ တတ္နိုင္သမ်ွ ဒီလိုအေျခအေနမ်ိဳးကိုေရွာင္ပါ။ သင္နဲ႔ မပတ္သက္တဲ့ သင္ကိုယ္တိုင္လည္း စိတ္မဝင္စားတဲ့ အရာေတြရဲ့ ေနွာင့္ယွက္မႈကို ေရွာင္ရွားနိုင္ပါေစ။
_________________________
(4) အကူအညီမယူခ်င္တဲ့သူေတြကို ကူညီေပးတာ။
သင္ခ်စ္ခင္ဂရုစိုက္တဲ့သူေတြမွာ တခါတေလ အခက္အခဲၾကံဳေနတာမ်ိဳးရွိပါလိမ့္မယ္။ ဒီအခ်ိန္မွာ သင့္အေနနဲ႔လည္း တတ္အားသမ်ွ ကူညီေစာင္မရမွာပါ။ ကူညီတဲ့အခါမွာ အေျခအေနအရ အရမ္းပင္ပန္းတာမ်ိဳးလည္း ျဖစ္ေကာင္းျဖစ္နိုင္ပါလိမ့္မယ္။ ဒါေပမယ့္ သင္ကိုယ္တိုင္ မတတ္နိုင္တဲ့အေျခအေနမွာဆိုရင္ေတာ့ အားစိုက္သမ်ွ အလကားပါပဲ။ ဒါ့အျပင္ တဖက္လူက မကူညီေစခ်င္လို႔ ျငင္းဆန္တဲ့ အေျခအေနမ်ိဳးမွာ ကူညီမိရင္ေတာ့ သင္ကိုယ္တိုင္ မခ်င့္မရဲနဲ႔ ပင္ပင္ပန္းပန္း လွည့္ျပန္လာရမယ့္အျပင္ တျခားသူအတြက္လည္း အက်ိဳးရွိမွာ မဟုတ္ပါဘူး။
_________________________
(5) တျခားသူေတြရဲ့ အေသးအဖြဲ အျပဳအမူ အေျပာအဆိုတိုင္းကို အာရုံစိုက္လြန္းတာ။
တခါတေလမွာ တျခားသူေတြရဲ့ အေျပာအဆို အျပဳအမူေတြဟာ က်ြန္ေတာ္တို႔အတြက္ ေလးစားတန္ဖိုးထားစရာျဖစ္တတ္ပါတယ္။ ဒါေပမယ့္ တခါတေလမွာေတာ့ သူတို႔ရဲ့ အျပဳအမူ အေျပာအဆိုေတြေၾကာင့္ က်ြန္ေတာ္တို႔ကို အဆိုးသေဘာ သက္ေရာက္မႈေတြ ရတတ္ပါတယ္။ မ်ားေသာအားျဖင့္ က်ြန္ေတာ္တို႔က သူတို႔ေျပာသမ်ွလုပ္သမ်ွကို အာရုံစိုက္လြန္းၾကေပမယ့္ တကယ္တမ္းမွာ အေသးအဖြဲအရာေလးေတြဆိုတာ ဘာမွအေရးမပါတာကို နားလည္ထားသင့္ပါတယ္။
_________________________
(6) ကိုယ့္ကို စိတ္ဓာတ္က်ေစမယ့္သူေတြအနားမွာ ေနတာ။
မိမိေဘးမွာ ရွိေနသူေတြရဲ့ ေမ်ွာ္လင့္ခ်က္ေတြကို လိုက္လံျဖည့္ဆည္းရွင္သန္ရင္း ကိုယ့္ကိုယ္ကို ဘာမွန္းနားမလည္ေတာ့ဘဲ စိတ္ဓာတ္က်ေနသူေတြရွိတတ္ပါတယ္။ ဒါေၾကာင့္ သင့္ကို အရွိအတိုင္းလက္ခံေပးျပီး ပံ့ပိုးကူညီေပးသူေတြကိုပဲ အနားမွာထားပါ။
_________________________
(7) ကိုယ္တိုင္သေဘာမက်တဲ့ အလုပ္အကိုင္မ်ိဳး လုပ္မိတာ။
တခါတရံမွာ ကိုယ္သေဘာမက်တဲ့အလုပ္ကို ေရွာင္လႊဲမရဘဲလုပ္ရတာမ်ိဳးရွိပါတယ္။ တကယ္လို႔မ်ား ဒီအလုပ္ဟာ သင့္အတြက္ အခ်ိန္ျပည့္အလုပ္ဆိုရင္ေတာ့ ဒီအေျခအေနကို ေျပာင္းလဲသင့္ပါျပီ။ တစ္ေန႔ 8 နာရီေလာက္ ကိုယ္မလုပ္ခ်င္တဲ့အလုပ္ကို ဘာအက်ိဳးမွာလည္း မရွိဘဲလုပ္ေနတာဟာ အင္မတန္ ျဖဳန္းတီးရာေရာက္ပါတယ္။ ဒါက အလုပ္ထြက္ဖို႔ ေျပာေနတာမဟုတ္ပါဘူး။ သင္နွစ္သက္ျမတ္နိုးရာ အလုပ္ကို ၾကိဳးစားရွာေဖြဖို႔ တိုက္တြန္းခ်င္တာပါ။
_________________________
(8) ကိုယ္လက္ေလ့က်င့္ခန္း မလုပ္တာ။
ကိုယ္လက္ေလ့က်င့္ခန္းလုပ္တာဟာ စိတ္ဖိစီးမႈကို ေလ်ွာ့ခ်ေပးတဲ့အျပင္ ကိုယ့္ကိုယ္ကိုလည္း က်န္းမာတယ္လို႔ ယံုၾကည္မႈတိုးေစပါတယ္။ ကိုယ္လက္ေလ့က်င့္ခန္းမလုပ္တာဟာ တကယ္မေကာင္းတဲ့အက်င့္ပါပဲ။ ဒါေၾကာင့္ တစ္ပတ္မွာ သံုးရက္ေလာက္ေတာ့ Gym ကိုသြားသင့္တာပါ။ Gym သြားဖို႔အခ်ိန္မေပးႏုိင္ရင္ ဒါမွမဟုတ္ ပိုက္ဆံအပိုကုန္တယ္လုိ႔ထင္ရင္ေတာင္ တစ္ေန႔ကို နာရီဝက္ တစ္နာရီေလာက္ လမ္းေလွ်ာက္တာျဖစ္ျဖစ္ ဒါမွမဟုတ္ အိပ္ထမတင္၊ ဒိုက္ထိုး၊ ထုိင္ထ စတဲ့ ကိုယ္လက္လႈပ္ရွားမႈ ေလ့က်င့္ခန္းေတြကို တစ္ေန႔ကို နာရီဝက္ေလာက္ ေန႔တိုင္း လုပ္ေဆာင္ေပးသင့္ပါတယ္။
_________________________
(9) အတိတ္က ကံမေကာင္းခဲ့တာေတြကို ျပန္ေတြးေတာတာ။
အတိတ္ကျဖစ္ျပီးသား သင္ဘာမွမတတ္နိုင္ေတာ့တဲ့အရာေတြကို ျပန္ေတြးေတာေနတာဟာ အလကားပါပဲ။ ဒီအက်င့္ဟာ လက္ရွိမွာရွိေနသင့္တဲ့ စိတ္ခြန္အားေတြပါ ေလ်ာ့က်ေစတဲ့အျပင္ လက္ရွိအေျခအေနကေန ေအာက္ကို ဆြဲခ်တတ္ပါေသးတယ္။ ဒါေၾကာင့္ လုပ္သင့္တာကေတာ့ ေနာက္ေၾကာင္းမျပန္ဖို႔နဲ႔ ေရွ့ကိုသာ ဦးတည္ေလ်ွာက္လွမ္းဖို႔ပါပဲ။
_________________________
(10) ျငင္းဆန္ရမွာ ခက္ခဲတာ / အားနာတာ။
က်ြန္ေတာ္တို႔ဟာ ေဘးပတ္ဝန္းက်င္ကသူေတြကို စိတ္ေက်နပ္မႈ အင္မတန္ရေစခ်င္ၾကပါတယ္။ ဒါေၾကာင့္လည္း တဖက္သားကို ျငင္းဆန္ဖို႔ ခက္ခဲၾကတာပါ။ တခါတေလမွာ ဒါဟာ က်ြန္ေတာ္တို႔ကို comfort zone အျပင္ကို တြန္းပို႔ေပးတတ္တာေကာင္းေပမယ့္ မ်ားေသာအားျဖင့္ က်ြန္ေတာ္တို႔ကို ထိခိုက္ေစတတ္ပါတယ္။ မျငင္းဆန္ရဲတာေတြေၾကာင့္ က်ြန္ေတာ္တို႔ မလုပ္ခ်င္တဲ့ အလုပ္ေတြ တာဝန္ေတြယူရတတ္ပါတယ္။ ဒါကို ေျဖရွင္းနည္းကေတာ့ ဘယ္လိုျငင္းဆန္ရမလဲဆိုတာ သင္ယူဖို႔ပါပဲ။ အစပိုင္းမွာခက္ခဲေပမယ့္ ေနာက္ပိုင္းမွာေတာ့ သင့္ကို လူေတြေလးစားလာမွာပါ။ ဒါ့အျပင္ သင့္အတြက္လည္း အခ်ိန္ပိုရေစလို႔ တျခားအေရးၾကီးတဲ့အရာေတြကို ေကာင္းေကာင္းလုပ္ေဆာင္နိုင္ပါလိမ့္မယ္။
_________________________
အခုဆိုရင္ေတာ့ မိတ္ေဆြတုိ႔လည္း ကိုယ့္ကိုမသိမသာပ်က္စီးေစတဲ့ အက်င့္ဆိုးေတြကို သိရွိသြားျပီဆိုေတာ့ အဲ့ဒီအက်င့္ဆိုးေတြကို ကိုယ့္ရဲ႕ဘဝထဲ၊ ကိုယ့္ရဲ႕ေန႔စဥ္လုပ္ငန္းေဆာင္တာေတြထဲကေန အျပီးအပိုင္ထုတ္ပစ္ဖုိ႔ စတင္ေဆာင္ရြက္လုိက္ပါေတာ့။
အခုေဖာ္ျပေပးခဲ့တဲ့ Post ေလးက မိတ္ေဆြတုိ႔အတြက္ အက်ိဳးရွိေစတယ္လုိ႔ယူဆရင္ အျခားမိတ္ေဆြသူငယ္ခ်င္းေတြပါ အက်ိဳးရွိေစဖို႔အတြက္ ဒီ Post ေလးကို Like & Share လုပ္ေပးဖို႔ မေမ့ပါနဲ႔ခင္ဗ်ာ။
#MOE
#BadHabits
#MyanmarOnlineEntrepreneur
(Unicode)

သင့်ကိုဖျက်ဆီးနေတဲ့ အကျင့်ဆိုး (၁၀) ခု
_________________________
အကျင့်ကောင်းတွေဟာ ကိုယ့်ရဲ့အနာဂတ်ကို ရွှေရောင်ခင်းတဲ့ လမ်းတစ်ခုဖြစ်စေနိုင်သလို မကောင်းတဲ့ အကျင့်ဆိုးတွေဟာလည်း ကိုယ့်ရဲ့တောက်ပနိုင်မယ့်အနာဂတ်ကို မှေးမှိန်ပျောက်ကွယ်သွားစေနိုင်ပါတယ်။
ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ လုပ်နိုင်စွမ်းအား ပိုတိုးလာစေဖို့ အကောင်းဆုံးနည်းလမ်းကတော့ ကျွန်တော်တို့ရဲ့ဘစိတ်အားထက်သန်မှုကို ဟန့်တားနေတဲ့ အကျင့်ဆိုးတွေကို ဖျက်ပစ်ဖို့ပါပဲ။ ဒီလို အကျင့်ဆိုးတွေဟာ လူကို စိတ်မပျော်မရွှင်ဖြစ်စေတဲ့အပြင် ကိုယ်ပိုင်စွမ်းရည်ကိုလည်း လျော့ကျစေတာပါ။ ဘဝဆိုတာဟာ အဟန့်အတား အနှောင့်အယှက်တွေ ရှိနေသလို ဒီအရာတွေကို ကာကွယ်ဖို့ မတတ်သာတဲ့အခါ သင့်ရဲ့နေ့ရက်တွေဟာ ရှင်သန်ရခက်ခဲလာတာကို တွေ့ရပါလိမ့်မယ်။ ဒီလိုအဖြစ်ခံမယ့်အစား သင့်အနေနဲ့ ဘဝမှာ ကိုယ်ပိုင်စွမ်းရည်တွေတက်လာဖို့နဲ့ စိတ်အားထက်သန်မှုတိုးလာစေဖို့ ဘယ်လိုအရာတွေကို ပြောင်းလဲပြင်ဆင်သင့်သလဲဆိုတာကို တွေးတောရှာဖွေသင့်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် သင့်ရဲ့ဖြစ်တည်မှုဟာလည်း ပိုမိုခိုင်မြဲလာမှာပါပဲ။
ဒါကြောင့် ကိုယ့်ရဲ့ဘဝမှာ နေပျော်ပြီး အောင်မြင်မှုရစေဖို့ ပြင်ဆင်သင့်တဲ့ အကျင့်ဆိုး (၁၀) ခုကို Myanmar Online Entrepreneur – MOE မိတ်ဆွေတွေအားလုံးအတွက် ဝေမျှပေးချင်ပါတယ်။
(1) ကိုယ်ဘာမှမတတ်နိုင်တဲ့အရာတွေကို လိုက်ပူပန်နေတာ။
ဘဝမှာ ခက်ခဲတဲ့အချိန်တွေ အခြေအနေတွေ ကြုံကောင်းကြုံလာနိုင်တဲ့အခါ သင်ဘာမှမတတ်နိုင်တဲ့ အရာတစ်ခုအတွက် ထိုင်စိတ်ပူနေရုံနဲ့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ ဥပမာ အစိုးရက ချလိုက်တဲ့ ဆုံးဖြတ်ချက်မျိုး အမှတ်မထင်ကြုံရတဲ့ ကံဆိုးမှုမျိုးတွေကို သင်ထိန်းချုပ်နိုင်မှာ မဟုတ်ပါဘူး။ သင်လုပ်ရမယ့် တစ်ခုတည်းသောအရာက ဘာဆက်လုပ်ရမလဲဆိုတဲ့ ဆုံးဖြတ်ချက်ကိုချဖို့ပါပဲ။ ထိုင်ပြီး နာကျင်ကြေကွဲနေမယ့်အစား ဖြစ်ပြီးသမျှကို လက်ခံလိုက်တာဟာ စိတ်ပေါ့ပါးလွတ်လပ်မှုအပြင် စိတ်ခွန်အားကိုပါ ပိုတိုးလာစေပါတယ်။
_________________________
(2) အမြဲတမ်း perfect ဖြစ်နေချင်တာ။
ဘယ်အရာမှ ပြီးပြည့်စုံတယ်ဆိုတာမရှိပါဘူး။ တခါတလေမှာ လုံးဝ perfect နေဖို့ဆိုတဲ့အရာက အရေးကြီးပေမယ့် တခါတလေမှာတော့ မလိုအပ်လှပါဘူး။ ဒါကြောင့် perfect ဖြစ်မှရမယ်ဆိုတဲ့ စိတ်စွဲလမ်းမှု မထားပါနဲ့။ ဒီစိတ်ကြောင့်လည်း သင့်ရဲ့ စွမ်းရည်တွေကို မလိုအပ်ဘဲ ဖြုန်းတီးရာရောက်တတ်ပါတယ်။
_________________________
(3) တခြားသူတွေ အာရုံစိုက်တဲ့အပေါ် လိုက်ယောင်တာ။
အကြောင်းအရာတစ်ခုခုကို မကျေမနပ် ငြင်းခုန်နေတဲ့သူတွေ ဆန့်ကျင်ပြောဆိုနေတဲ့သူတွေကတော့ အမြဲရှိနေမှာပါ။ ဥပမာ သင့်ရဲ့သူငယ်ချင်းတွေနဲ့ စကားပြောရင်း သူတို့က သူတို့ရဲ့ သူဌေးအကြောင်း အချိန်ကြာကြာ မကျေမနပ်ပြောဆိုတာကို နားထောင်ဆွေးနွေးရတဲ့အခါ သင့်အတွက် စိတ်ခွန်အားတွေ အလကားသက်သက် ဆုံးရှုံးတာကို သတိထားမိပါသလား။ အဆိုးမြင်စိတ်ရှိနေသူတွေရဲ့ စကားကို နားထောင်ရတာဟာ စိတ်ပင်ပန်းစရာကောင်းပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ ဒီလိုအခြေအနေမျိုးကိုရှောင်ပါ။ သင်နဲ့ မပတ်သက်တဲ့ သင်ကိုယ်တိုင်လည်း စိတ်မဝင်စားတဲ့ အရာတွေရဲ့ နှောင့်ယှက်မှုကို ရှောင်ရှားနိုင်ပါစေ။
_________________________
(4) အကူအညီမယူချင်တဲ့သူတွေကို ကူညီပေးတာ။
သင်ချစ်ခင်ဂရုစိုက်တဲ့သူတွေမှာ တခါတလေ အခက်အခဲကြုံနေတာမျိုးရှိပါလိမ့်မယ်။ ဒီအချိန်မှာ သင့်အနေနဲ့လည်း တတ်အားသမျှ ကူညီစောင်မရမှာပါ။ ကူညီတဲ့အခါမှာ အခြေအနေအရ အရမ်းပင်ပန်းတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် သင်ကိုယ်တိုင် မတတ်နိုင်တဲ့အခြေအနေမှာဆိုရင်တော့ အားစိုက်သမျှ အလကားပါပဲ။ ဒါ့အပြင် တဖက်လူက မကူညီစေချင်လို့ ငြင်းဆန်တဲ့ အခြေအနေမျိုးမှာ ကူညီမိရင်တော့ သင်ကိုယ်တိုင် မချင့်မရဲနဲ့ ပင်ပင်ပန်းပန်း လှည့်ပြန်လာရမယ့်အပြင် တခြားသူအတွက်လည်း အကျိုးရှိမှာ မဟုတ်ပါဘူး။
_________________________
(5) တခြားသူတွေရဲ့ အသေးအဖွဲ အပြုအမူ အပြောအဆိုတိုင်းကို အာရုံစိုက်လွန်းတာ။
တခါတလေမှာ တခြားသူတွေရဲ့ အပြောအဆို အပြုအမူတွေဟာ ကျွန်တော်တို့အတွက် လေးစားတန်ဖိုးထားစရာဖြစ်တတ်ပါတယ်။ ဒါပေမယ့် တခါတလေမှာတော့ သူတို့ရဲ့ အပြုအမူ အပြောအဆိုတွေကြောင့် ကျွန်တော်တို့ကို အဆိုးသဘော သက်ရောက်မှုတွေ ရတတ်ပါတယ်။ များသောအားဖြင့် ကျွန်တော်တို့က သူတို့ပြောသမျှလုပ်သမျှကို အာရုံစိုက်လွန်းကြပေမယ့် တကယ်တမ်းမှာ အသေးအဖွဲအရာလေးတွေဆိုတာ ဘာမှအရေးမပါတာကို နားလည်ထားသင့်ပါတယ်။
_________________________
(6) ကိုယ့်ကို စိတ်ဓာတ်ကျစေမယ့်သူတွေအနားမှာ နေတာ။
မိမိဘေးမှာ ရှိနေသူတွေရဲ့ မျှော်လင့်ချက်တွေကို လိုက်လံဖြည့်ဆည်းရှင်သန်ရင်း ကိုယ့်ကိုယ်ကို ဘာမှန်းနားမလည်တော့ဘဲ စိတ်ဓာတ်ကျနေသူတွေရှိတတ်ပါတယ်။ ဒါကြောင့် သင့်ကို အရှိအတိုင်းလက်ခံပေးပြီး ပံ့ပိုးကူညီပေးသူတွေကိုပဲ အနားမှာထားပါ။
_________________________
(7) ကိုယ်တိုင်သဘောမကျတဲ့ အလုပ်အကိုင်မျိုး လုပ်မိတာ။
တခါတရံမှာ ကိုယ်သဘောမကျတဲ့အလုပ်ကို ရှောင်လွှဲမရဘဲလုပ်ရတာမျိုးရှိပါတယ်။ တကယ်လို့များ ဒီအလုပ်ဟာ သင့်အတွက် အချိန်ပြည့်အလုပ်ဆိုရင်တော့ ဒီအခြေအနေကို ပြောင်းလဲသင့်ပါပြီ။ တစ်နေ့ 8 နာရီလောက် ကိုယ်မလုပ်ချင်တဲ့အလုပ်ကို ဘာအကျိုးမှာလည်း မရှိဘဲလုပ်နေတာဟာ အင်မတန် ဖြုန်းတီးရာရောက်ပါတယ်။ ဒါက အလုပ်ထွက်ဖို့ ပြောနေတာမဟုတ်ပါဘူး။ သင်နှစ်သက်မြတ်နိုးရာ အလုပ်ကို ကြိုးစားရှာဖွေဖို့ တိုက်တွန်းချင်တာပါ။
_________________________
(8) ကိုယ်လက်လေ့ကျင့်ခန်း မလုပ်တာ။
ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာဟာ စိတ်ဖိစီးမှုကို လျှော့ချပေးတဲ့အပြင် ကိုယ့်ကိုယ်ကိုလည်း ကျန်းမာတယ်လို့ ယုံကြည်မှုတိုးစေပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်းမလုပ်တာဟာ တကယ်မကောင်းတဲ့အကျင့်ပါပဲ။ ဒါကြောင့် တစ်ပတ်မှာ သုံးရက်လောက်တော့ Gym ကိုသွားသင့်တာပါ။ Gym သွားဖို့အချိန်မပေးနိုင်ရင် ဒါမှမဟုတ် ပိုက်ဆံအပိုကုန်တယ်လို့ထင်ရင်တောင် တစ်နေ့ကို နာရီဝက် တစ်နာရီလောက် လမ်းလျှောက်တာဖြစ်ဖြစ် ဒါမှမဟုတ် အိပ်ထမတင်၊ ဒိုက်ထိုး၊ ထိုင်ထ စတဲ့ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းတွေကို တစ်နေ့ကို နာရီဝက်လောက် နေ့တိုင်း လုပ်ဆောင်ပေးသင့်ပါတယ်။
_________________________
(9) အတိတ်က ကံမကောင်းခဲ့တာတွေကို ပြန်တွေးတောတာ။
အတိတ်ကဖြစ်ပြီးသား သင်ဘာမှမတတ်နိုင်တော့တဲ့အရာတွေကို ပြန်တွေးတောနေတာဟာ အလကားပါပဲ။ ဒီအကျင့်ဟာ လက်ရှိမှာရှိနေသင့်တဲ့ စိတ်ခွန်အားတွေပါ လျော့ကျစေတဲ့အပြင် လက်ရှိအခြေအနေကနေ အောက်ကို ဆွဲချတတ်ပါသေးတယ်။ ဒါကြောင့် လုပ်သင့်တာကတော့ နောက်ကြောင်းမပြန်ဖို့နဲ့ ရှေ့ကိုသာ ဦးတည်လျှောက်လှမ်းဖို့ပါပဲ။
_________________________
(10) ငြင်းဆန်ရမှာ ခက်ခဲတာ / အားနာတာ။
ကျွန်တော်တို့ဟာ ဘေးပတ်ဝန်းကျင်ကသူတွေကို စိတ်ကျေနပ်မှု အင်မတန်ရစေချင်ကြပါတယ်။ ဒါကြောင့်လည်း တဖက်သားကို ငြင်းဆန်ဖို့ ခက်ခဲကြတာပါ။ တခါတလေမှာ ဒါဟာ ကျွန်တော်တို့ကို comfort zone အပြင်ကို တွန်းပို့ပေးတတ်တာကောင်းပေမယ့် များသောအားဖြင့် ကျွန်တော်တို့ကို ထိခိုက်စေတတ်ပါတယ်။ မငြင်းဆန်ရဲတာတွေကြောင့် ကျွန်တော်တို့ မလုပ်ချင်တဲ့ အလုပ်တွေ တာဝန်တွေယူရတတ်ပါတယ်။ ဒါကို ဖြေရှင်းနည်းကတော့ ဘယ်လိုငြင်းဆန်ရမလဲဆိုတာ သင်ယူဖို့ပါပဲ။ အစပိုင်းမှာခက်ခဲပေမယ့် နောက်ပိုင်းမှာတော့ သင့်ကို လူတွေလေးစားလာမှာပါ။ ဒါ့အပြင် သင့်အတွက်လည်း အချိန်ပိုရစေလို့ တခြားအရေးကြီးတဲ့အရာတွေကို ကောင်းကောင်းလုပ်ဆောင်နိုင်ပါလိမ့်မယ်။
_________________________
အခုဆိုရင်တော့ မိတ်ဆွေတို့လည်း ကိုယ့်ကိုမသိမသာပျက်စီးစေတဲ့ အကျင့်ဆိုးတွေကို သိရှိသွားပြီဆိုတော့ အဲ့ဒီအကျင့်ဆိုးတွေကို ကိုယ့်ရဲ့ဘဝထဲ၊ ကိုယ့်ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေထဲကနေ အပြီးအပိုင်ထုတ်ပစ်ဖို့ စတင်ဆောင်ရွက်လိုက်ပါတော့။
အခုဖော်ပြပေးခဲ့တဲ့ Post လေးက မိတ်ဆွေတို့အတွက် အကျိုးရှိစေတယ်လို့ယူဆရင် အခြားမိတ်ဆွေသူငယ်ချင်းတွေပါ အကျိုးရှိစေဖို့အတွက် ဒီ Post လေးကို Like & Share လုပ်ပေးဖို့ မမေ့ပါနဲ့ခင်ဗျာ။
#MOE
#BadHabits
#MyanmarOnlineEntrepreneur

LEAVE A REPLY

Please enter your comment!
Please enter your name here