အဂတိ (၄) ပါးေ႐ွာင္
*****************
အေၾကာင္း ၄- မ်ိဳးနဲ႔ မေကာင္းမႈကို မလုပ္နဲ႔တဲ့။ အေၾကာင္း ၄- မ်ိဳးဆိုတာ အဂတိ ၄- ပါးကိုေျပာတာ။ ေလာကမွာ အဂတိဆိုတာ မလိုက္သင့္တဲ့လမ္းကို လိုက္တာ၊ တရားလမ္းေၾကာင္းက ေသြဖည္တာကို အဂတိလိုက္တယ္လို႔ ေခၚတာ။ အ, ဂတိဆိုတာ မလိုက္သင့္တဲ့ လမ္းေၾကာင္း။ ဓမၼလမ္းေၾကာင္းကို ေသြဖည္တဲ့လမ္းေၾကာင္း။ လူေတြ အဂတိလိုက္ျခင္းရဲ႕အေၾကာင္း ၄-မ်ိဳး ႐ွိတယ္။
ဆႏၵ- ကိုယ္နဲ႔ အသိျဖစ္လို႔ ရင္းႏွီးတယ္၊ မိတ္ေဆြျဖစ္တယ္။ ကိုယ့္ကို လာဘ္ထိုးထားလို႔, သူက ပိုက္ဆံေတြအမ်ားႀကီးေပးထားလို႔ သူ႔ကို favour ေပးတယ္။ ေဟာ- ဆႏၵေၾကာင့္ မဟုတ္မတရား ဆံုးျဖတ္တယ္။ တရား႐ုံးေတြမွာ အႏိုင္ေပးလိုက္တယ္။ လာဘ္ေပးတဲ့လူ အႏိုင္ေပးလိုက္တယ္ေနာ္။ ကိုယ့္မိတ္ေဆြမို႔ အႏိုင္ေပးလိုက္တယ္။ ေဟာ- အဲဒါမ်ိဳးကို `ဆႏၵာဂတိ´ လိုက္တယ္လို႔ေခၚတာ။ အမွန္တရားအတိုင္း မျဖစ္ဘူးတဲ့။
ဆႏၵကိုလိုက္ၿပီးေတာ့ မလုပ္ရဘူးလို႔ ဒီလိုေျပာတာ။ ဆႏၵလို႔ဆိုတဲ့ ခ်စ္ခင္မႈကိုအေၾကာင္းျပဳၿပီး တရားလမ္းေၾကာင္းက ေသြဖည္တာမ်ိဳး မလုပ္ရဘူးတဲ့။ တရား လမ္းေၾကာင္းအတိုင္းပဲ ျဖစ္ေစရမယ္၊ ဒီလိုေျပာတာေနာ္။ အဲဒီ ဆႏၵာဂတိလိုက္ၿပီးေတာ့ ဆံုးျဖတ္ၿပီ၊ မိမိကိုယ္တိုင္လည္းပဲ ဆႏၵာဂတိ လိုက္ၿပီးေတာ့လုပ္ၿပီ ဆိုလို႐ွိရင္ေတာ့ ဒီပုဂၢိဳလ္ရဲ႕ ဂုဏ္သတင္းဟာ လဆုတ္ပကၡမွာ ထြက္တဲ့ လ,လို႔ပဲ တေျဖးေျဖး ေသးသြားမွာပဲတဲ့။ ေနာက္ဆံုး ေပ်ာက္ကြယ္သြားမယ္ေပါ့ ဒီလိုေျပာတာေနာ္။ အဲဒီေတာ့ `ဆႏၵာဂတိ´ ဆိုတာ မလိုက္ရဘူး။
တခ်ိဳ႕က်ေတာ့ ဒီလူဟာ ငါနဲ႔မတည့္တဲ့လူဆိုၿပီး မုန္းလို႔ ဒုကၡေရာက္ေအာင္လုပ္တာမ်ိဳး။ တရားလမ္းေၾကာင္းအတိုင္း မလုပ္ဘဲနဲ႔ မုန္းတီးမႈကို အေၾကာင္းျပဳၿပီး ျပစ္ဒဏ္ကို ႀကီးႀကီးမားမား ခ်ပစ္တာတို႔၊ မုန္းတာကို အေၾကာင္းျပဳၿပီး ဘက္လိုက္တာတို႔ျဖစ္တယ္။ အရပ္ထဲမွာလည္း ဒီလို႐ွိတယ္ေလ။ အလုပ္တူတူ ေလွ်ာက္တယ္၊ ကိုယ္မုန္းတဲ့လူျဖစ္လို႔ ဖယ္လိုက္တယ္။ ေဟာ- မုန္းလို႔ဖယ္လိုက္တာ။ `ေဒါသာဂတိ´ လိုက္တယ္လို႔ ဒီလိုေျပာတာ။
`ေမာဟာဂတိ´ ဆိုတာက်ေတာ့ လုပ္သင့္တာနဲ႔ မလုပ္သင့္တာ၊ အရည္အခ်င္းေကာင္းတာ မေကာင္းတာကို မေရြးတတ္လို႔ မလုပ္သင့္တာကို လုပ္သင့္တယ္ထင္တယ္၊ မဟုတ္တာကို အဟုတ္ထင္ၿပီးေတာ့ လုပ္တယ္။ ဒါကို `ေမာဟာဂတိ´ လို႔ ေခၚတယ္။ အဲဒါမ်ိဳးနဲ႔လည္းပဲ ဒီ မေကာင္းမႈကို မလုပ္ရဘူးလို႔ဆိုတယ္။ တရားလမ္းေၾကာင္းအတိုင္းပဲ အစစ္အမွန္ျဖစ္ေအာင္ ႀကိဳးစားရမယ္။
`ဘယာဂတိ´ ဆိုတာကေတာ့ ဒီလူက အာဏာ႐ွိတယ္၊ ပိုက္ဆံ႐ွိတယ္၊ ငါ့ကို ဒုကၡေပးလိမ့္မယ္။ သူ႔ေတာ့ သာသာထိုးထိုးေလး လုပ္ေပးမွ ျဖစ္မယ္လို႔ဆိုရင္ ဒါ `ဘာယာဂတိ´ ေခၚတယ္။ ေၾကာက္လို႔ တရားလမ္းေၾကာင္းအတိုင္း မလုပ္ဘဲနဲ႔ ေ႐ွာင္လႊဲလို႔႐ွိရင္ `ဘာယာဂတိ´ လို႔ ေခၚတယ္။ အဲဒီအဂတိ ၄-ပါးနဲ႔ ဆႏၵ, ေဒါသ, ေမာဟ, ဘယ လို႔ဆိုတဲ့ ဒီစိတ္ရဲ႕အေျခအေနေတြေနာက္ လိုက္ၿပီးေတာ့ အဲဒီအေၾကာင္း ၄-မ်ိဳးေၾကာင့္ အကုသိုလ္ကို မလုပ္မိပါေစနဲ႔တဲ့။
ေလာကႀကီးမွာ အကုသိုလ္လုပ္ေနတာဟာ အဲဒီ ၄-မ်ိဳးထဲက တစ္မ်ိဳးမ်ိဳးျဖစ္ေနတတ္တယ္တဲ့။ ဟုတ္တယ္။ ဒါက ဒီ ၄-မ်ိဳးေၾကာင့္မို႔လို႔ ဓမၼလမ္းေၾကာင္းကေန ေသြဖည္ၿပီးေတာ့ လုပ္ေနၾကတာေတြ႐ွိတယ္။
ေလာကႀကီးတစ္ခုလံုးမွာ ဒီ အတူတကြ အလုပ္လုပ္ေနတဲ့ အသင္းေတြထဲမွာလည္း ဒီလူကေတာ့ ငါနဲ႔ရင္းႏွီးတဲ့ ငါ့မိတ္ေဆြဆိုၿပီးေတာ့ အျပစ္႐ွိေပမယ့္လို႔ သာသာထိုးထိုး ထားတယ္။ မတည့္တဲ့လူက်ေတာ့ အျပစ္ေသးေသးကို အႀကီးခ်ဲ႕လိုက္တယ္။ အဲဒါမ်ိဳးေတြ ျဖစ္တတ္တယ္။
ဟာ- ဒီလူကေတာ့ မဟုတ္မခံျဖစ္တယ္။ သူ႔ေတာ့ ေၾကာက္ရတယ္ဆို အျပစ္ကို မထုတ္ေဖာ္ရဲဘူးဆိုတာလည္း အသင္းအဖြဲ႕ထဲမွာ အဂတိ ၄- ပါး လိုက္တာ ျဖစ္တာပဲ။ အဲဒီေတာ့ ဘယ္ေနရာမ်ိဳးမွာပဲျဖစ္ျဖစ္ အဂတိ ၄-ပါး မလိုက္စားဖို႔ အေရးႀကီးတယ္။ အမွန္တရားေပၚမွာ ရပ္တည္ရမယ္လို႔ ဒီလိုဆိုလိုတာေနာ္။
စည္းကမ္းဥပေဒဆိုတာ အသင္းအဖြဲ႕ေတြမွာလည္း စည္းကမ္းဥပေဒ႐ွိတယ္။ ႏိုင္ငံေတြမွာလည္း စည္းကမ္းဥပေဒ႐ွိတယ္။ အဲဒီ တရားဥပေဒအတိုင္း လိုက္နာက်င့္သံုးရမယ္လို႔ ဒီလိုဆိုတာ။ ပိုက္ဆံေပးထားတဲ့လူက်ေတာ့ မီးနီျဖတ္လည္း မျမင္ခ်င္ေယာင္ေဆာင္ေနတယ္။ ပိုက္ဆံေပးမထားဘူး ဆိုရင္ေတာ့ မီးဝါေလး ျဖတ္တာေတာင္မွပဲ အေရးယူတယ္။ လုပ္တတ္တာေတြ ေျပာျပတာပါ။ ဘယ္မွာလုပ္တယ္လို႔ မေျပာပါဘူး။ အဲဒီလို လုပ္တတ္တာေတြ ႐ွိတဲ့အေၾကာင္း ေျပာျပတာေနာ္။
အဲဒီေတာ့ ေနရာတိုင္းမွာ `ဆႏၵာဂတိ, ေဒါသာဂတိ, ဘယာဂတိ, ေမာဟာဂတိ´ ဆိုတဲ့ အဂတိေတြ လႊမ္းမိုးၿပီး တကယ္ဥပေဒအတိုင္း မလုပ္လို႔႐ွိရင္ ဒါက ဆႏၵ, ေဒါသ, ေမာဟ, ဘယ လိုဆိုတဲ့ အေၾကာင္း ၄-မ်ိဳးနဲ႔ အကုသိုလ္လုပ္တယ္လို႔ ျမတ္စြာဘုရားကေျပာတာ။
အဲဒီလို အကုသိုလ္ မလုပ္ပါနဲ႔တဲ့။ လုပ္ခဲ့လို႔႐ွိရင္ လဆုတ္ပကၡမွာ ထြက္တဲ့ လ,လို သူ႔ရဲ႕ဂုဏ္သတင္းေတြဟာ က်ဆင္းသြားပါလိမ့္မယ္တဲ့။ အကယ္၍ အဂတိ ၄-ပါး မလိုက္စားဘဲနဲ႔ ဥပေဒနဲ႔အညီ ေဆာင္ရြက္တယ္ဆိုလို႔႐ွိရင္တဲ့ အဲဒီပုဂၢိဳလ္ရဲ႕ ဂုဏ္သတင္းဟာ လဆန္းပိုင္းမွာ ထြက္တဲ့ လ,လို တေျဖးေျဖး ႀကီးပြားလာပါလိမ့္မယ္တဲ့။ ျမတ္စြာဘုရားက ဒီလို ေဟာတာေနာ္။
ပါေမာကၡခ်ဳပ္ ဆရာေတာ္
ေဒါက္တာ အ႐ွင္နႏၵမာလာဘိဝံသ
(ျမတ္ဗုဒၶ၏ ေလာကဝိဇယလမ္းစဥ္ စာအုပ္မွ)
( ႏွာ ၄၀/ ၄၄)https://www.facebook.com/bwar99
1.02.2015 မွ ျပန္လည္မ်ွေဝပါသည္။
(credit to ကိုလိႈင္တိုး)
(Unicode)
အဂတိ (၄) ပါးရှောင်
*****************

အကြောင်း ၄- မျိုးနဲ့ မကောင်းမှုကို မလုပ်နဲ့တဲ့။ အကြောင်း ၄- မျိုးဆိုတာ အဂတိ ၄- ပါးကိုပြောတာ။ လောကမှာ အဂတိဆိုတာ မလိုက်သင့်တဲ့လမ်းကို လိုက်တာ၊ တရားလမ်းကြောင်းက သွေဖည်တာကို အဂတိလိုက်တယ်လို့ ခေါ်တာ။ အ, ဂတိဆိုတာ မလိုက်သင့်တဲ့ လမ်းကြောင်း။ ဓမ္မလမ်းကြောင်းကို သွေဖည်တဲ့လမ်းကြောင်း။ လူတွေ အဂတိလိုက်ခြင်းရဲ့အကြောင်း ၄-မျိုး ရှိတယ်။

ဆန္ဒ- ကိုယ်နဲ့ အသိဖြစ်လို့ ရင်းနှီးတယ်၊ မိတ်ဆွေဖြစ်တယ်။ ကိုယ့်ကို လာဘ်ထိုးထားလို့, သူက ပိုက်ဆံတွေအများကြီးပေးထားလို့ သူ့ကို favour ပေးတယ်။ ဟော- ဆန္ဒကြောင့် မဟုတ်မတရား ဆုံးဖြတ်တယ်။ တရားရုံးတွေမှာ အနိုင်ပေးလိုက်တယ်။ လာဘ်ပေးတဲ့လူ အနိုင်ပေးလိုက်တယ်နော်။ ကိုယ့်မိတ်ဆွေမို့ အနိုင်ပေးလိုက်တယ်။ ဟော- အဲဒါမျိုးကို `ဆန္ဒာဂတိ´ လိုက်တယ်လို့ခေါ်တာ။ အမှန်တရားအတိုင်း မဖြစ်ဘူးတဲ့။

ဆန္ဒကိုလိုက်ပြီးတော့ မလုပ်ရဘူးလို့ ဒီလိုပြောတာ။ ဆန္ဒလို့ဆိုတဲ့ ချစ်ခင်မှုကိုအကြောင်းပြုပြီး တရားလမ်းကြောင်းက သွေဖည်တာမျိုး မလုပ်ရဘူးတဲ့။ တရား လမ်းကြောင်းအတိုင်းပဲ ဖြစ်စေရမယ်၊ ဒီလိုပြောတာနော်။ အဲဒီ ဆန္ဒာဂတိလိုက်ပြီးတော့ ဆုံးဖြတ်ပြီ၊ မိမိကိုယ်တိုင်လည်းပဲ ဆန္ဒာဂတိ လိုက်ပြီးတော့လုပ်ပြီ ဆိုလိုရှိရင်တော့ ဒီပုဂ္ဂိုလ်ရဲ့ ဂုဏ်သတင်းဟာ လဆုတ်ပက္ခမှာ ထွက်တဲ့ လ,လို့ပဲ တဖြေးဖြေး သေးသွားမှာပဲတဲ့။ နောက်ဆုံး ပျောက်ကွယ်သွားမယ်ပေါ့ ဒီလိုပြောတာနော်။ အဲဒီတော့ `ဆန္ဒာဂတိ´ ဆိုတာ မလိုက်ရဘူး။

တချို့ကျတော့ ဒီလူဟာ ငါနဲ့မတည့်တဲ့လူဆိုပြီး မုန်းလို့ ဒုက္ခရောက်အောင်လုပ်တာမျိုး။ တရားလမ်းကြောင်းအတိုင်း မလုပ်ဘဲနဲ့ မုန်းတီးမှုကို အကြောင်းပြုပြီး ပြစ်ဒဏ်ကို ကြီးကြီးမားမား ချပစ်တာတို့၊ မုန်းတာကို အကြောင်းပြုပြီး ဘက်လိုက်တာတို့ဖြစ်တယ်။ အရပ်ထဲမှာလည်း ဒီလိုရှိတယ်လေ။ အလုပ်တူတူ လျှောက်တယ်၊ ကိုယ်မုန်းတဲ့လူဖြစ်လို့ ဖယ်လိုက်တယ်။ ဟော- မုန်းလို့ဖယ်လိုက်တာ။ `ဒေါသာဂတိ´ လိုက်တယ်လို့ ဒီလိုပြောတာ။

`မောဟာဂတိ´ ဆိုတာကျတော့ လုပ်သင့်တာနဲ့ မလုပ်သင့်တာ၊ အရည်အချင်းကောင်းတာ မကောင်းတာကို မရွေးတတ်လို့ မလုပ်သင့်တာကို လုပ်သင့်တယ်ထင်တယ်၊ မဟုတ်တာကို အဟုတ်ထင်ပြီးတော့ လုပ်တယ်။ ဒါကို `မောဟာဂတိ´ လို့ ခေါ်တယ်။ အဲဒါမျိုးနဲ့လည်းပဲ ဒီ မကောင်းမှုကို မလုပ်ရဘူးလို့ဆိုတယ်။ တရားလမ်းကြောင်းအတိုင်းပဲ အစစ်အမှန်ဖြစ်အောင် ကြိုးစားရမယ်။

`ဘယာဂတိ´ ဆိုတာကတော့ ဒီလူက အာဏာရှိတယ်၊ ပိုက်ဆံရှိတယ်၊ ငါ့ကို ဒုက္ခပေးလိမ့်မယ်။ သူ့တော့ သာသာထိုးထိုးလေး လုပ်ပေးမှ ဖြစ်မယ်လို့ဆိုရင် ဒါ `ဘာယာဂတိ´ ခေါ်တယ်။ ကြောက်လို့ တရားလမ်းကြောင်းအတိုင်း မလုပ်ဘဲနဲ့ ရှောင်လွှဲလို့ရှိရင် `ဘာယာဂတိ´ လို့ ခေါ်တယ်။ အဲဒီအဂတိ ၄-ပါးနဲ့ ဆန္ဒ, ဒေါသ, မောဟ, ဘယ လို့ဆိုတဲ့ ဒီစိတ်ရဲ့အခြေအနေတွေနောက် လိုက်ပြီးတော့ အဲဒီအကြောင်း ၄-မျိုးကြောင့် အကုသိုလ်ကို မလုပ်မိပါစေနဲ့တဲ့။

လောကကြီးမှာ အကုသိုလ်လုပ်နေတာဟာ အဲဒီ ၄-မျိုးထဲက တစ်မျိုးမျိုးဖြစ်နေတတ်တယ်တဲ့။ ဟုတ်တယ်။ ဒါက ဒီ ၄-မျိုးကြောင့်မို့လို့ ဓမ္မလမ်းကြောင်းကနေ သွေဖည်ပြီးတော့ လုပ်နေကြတာတွေရှိတယ်။

လောကကြီးတစ်ခုလုံးမှာ ဒီ အတူတကွ အလုပ်လုပ်နေတဲ့ အသင်းတွေထဲမှာလည်း ဒီလူကတော့ ငါနဲ့ရင်းနှီးတဲ့ ငါ့မိတ်ဆွေဆိုပြီးတော့ အပြစ်ရှိပေမယ့်လို့ သာသာထိုးထိုး ထားတယ်။ မတည့်တဲ့လူကျတော့ အပြစ်သေးသေးကို အကြီးချဲ့လိုက်တယ်။ အဲဒါမျိုးတွေ ဖြစ်တတ်တယ်။

ဟာ- ဒီလူကတော့ မဟုတ်မခံဖြစ်တယ်။ သူ့တော့ ကြောက်ရတယ်ဆို အပြစ်ကို မထုတ်ဖော်ရဲဘူးဆိုတာလည်း အသင်းအဖွဲ့ထဲမှာ အဂတိ ၄- ပါး လိုက်တာ ဖြစ်တာပဲ။ အဲဒီတော့ ဘယ်နေရာမျိုးမှာပဲဖြစ်ဖြစ် အဂတိ ၄-ပါး မလိုက်စားဖို့ အရေးကြီးတယ်။ အမှန်တရားပေါ်မှာ ရပ်တည်ရမယ်လို့ ဒီလိုဆိုလိုတာနော်။

စည်းကမ်းဥပဒေဆိုတာ အသင်းအဖွဲ့တွေမှာလည်း စည်းကမ်းဥပဒေရှိတယ်။ နိုင်ငံတွေမှာလည်း စည်းကမ်းဥပဒေရှိတယ်။ အဲဒီ တရားဥပဒေအတိုင်း လိုက်နာကျင့်သုံးရမယ်လို့ ဒီလိုဆိုတာ။ ပိုက်ဆံပေးထားတဲ့လူကျတော့ မီးနီဖြတ်လည်း မမြင်ချင်ယောင်ဆောင်နေတယ်။ ပိုက်ဆံပေးမထားဘူး ဆိုရင်တော့ မီးဝါလေး ဖြတ်တာတောင်မှပဲ အရေးယူတယ်။ လုပ်တတ်တာတွေ ပြောပြတာပါ။ ဘယ်မှာလုပ်တယ်လို့ မပြောပါဘူး။ အဲဒီလို လုပ်တတ်တာတွေ ရှိတဲ့အကြောင်း ပြောပြတာနော်။

အဲဒီတော့ နေရာတိုင်းမှာ `ဆန္ဒာဂတိ, ဒေါသာဂတိ, ဘယာဂတိ, မောဟာဂတိ´ ဆိုတဲ့ အဂတိတွေ လွှမ်းမိုးပြီး တကယ်ဥပဒေအတိုင်း မလုပ်လို့ရှိရင် ဒါက ဆန္ဒ, ဒေါသ, မောဟ, ဘယ လိုဆိုတဲ့ အကြောင်း ၄-မျိုးနဲ့ အကုသိုလ်လုပ်တယ်လို့ မြတ်စွာဘုရားကပြောတာ။

အဲဒီလို အကုသိုလ် မလုပ်ပါနဲ့တဲ့။ လုပ်ခဲ့လို့ရှိရင် လဆုတ်ပက္ခမှာ ထွက်တဲ့ လ,လို သူ့ရဲ့ဂုဏ်သတင်းတွေဟာ ကျဆင်းသွားပါလိမ့်မယ်တဲ့။ အကယ်၍ အဂတိ ၄-ပါး မလိုက်စားဘဲနဲ့ ဥပဒေနဲ့အညီ ဆောင်ရွက်တယ်ဆိုလို့ရှိရင်တဲ့ အဲဒီပုဂ္ဂိုလ်ရဲ့ ဂုဏ်သတင်းဟာ လဆန်းပိုင်းမှာ ထွက်တဲ့ လ,လို တဖြေးဖြေး ကြီးပွားလာပါလိမ့်မယ်တဲ့။ မြတ်စွာဘုရားက ဒီလို ဟောတာနော်။

ပါမောက္ခချုပ် ဆရာတော်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ

(မြတ်ဗုဒ္ဓ၏ လောကဝိဇယလမ်းစဉ် စာအုပ်မှ)
( နှာ ၄၀/ ၄၄)https://www.facebook.com/bwar99

1.02.2015 မှ ပြန်လည်မျှဝေပါသည်။
(credit to ကိုလှိုင်တိုး)

LEAVE A REPLY

Please enter your comment!
Please enter your name here