လူျဖစ္က်ိဳးနပ္ေစရန္ ဘယ္လုိအေတြးမ်ိဳး ေတြးရမလဲ
••••••••••••••••••••••••••••••••••••••••••••
ျမတ္စြာဘုရားက အေတြးနဲ႔ပတ္သက္လာရင္ အေတြးသုံးမ်ိဳးကု္ိ
မေတြးနဲ႔တဲ့ ၊ ေတြးရင္လူျဖစ္ရက်ိဳးမနပ္ ျဖစ္လိမ့္မယ္ ၊ မေကာင္း
တဲ့အေတြးသုံးမ်ိဳးကေတာ့ အဘိဇၩာ ၊ ဗ်ာပါဒ ၊ မိစာၦဒိ႒ိတဲ့ ။
( ၁ ) အဘိဇၩာ ၊ အဘိဆိုတာ သူတစ္ပါးပစၥည္းကုိ ဦးတည္ျပီး
ဇၩာ – ရခ်င္တဲ့စိတ္နဲ႔ စိတ္ကူးတာ ၊ သူတစ္ပါးပစၥည္းကုိ ပုိင္ဆိုင္
ခ်င္တဲ့အေတြးဟာ သူခိုးဓားျပျဖစ္ေစတဲ့အေတြး ၊ အဒီအေတြး
ဟာ အႏၱရာယ္ရွိတဲ့ အေတြး ၊ အကုသုိလ္အေတြး ၊ မေနာဒုစ
ရုိက္လုိ႔ေခၚတယ္ ၊ ဒီအေတြးမ်ိဳး မေတြးသင္ဘူး ၊ ဒီအေတြးကုိ
ေရွာင္ရမယ္ ။
( ၂ ) ဗ်ာပါဒ – ဘာလဲဆိုိရင္ ကုိယ္နဲ႔မတည့္သူတစ္ေယာက္
အေပၚ စိတ္ထဲေပၚလာတယ္ ၊ ဟာ … ဒီေကာင္ေသသြားရင္
ေကာင္းမွာပဲ ၊ စီးပြားပ်က္သြားရင္ ေကာင္းမွာပဲ ၊ ဒုကၡေရာက္
သြား ၊ ေထာင္က်သြားရင္ ေကာင္းမွာပဲဆိုတဲ့အေတြးေတြ တစ္
ခ်ိဳ႕မေတြးၾကဘူးလား ၊ အဲဒီအေတြးေတြဟာ ဗ်ာပါဒအေတြးလုိ႔
ေခၚတယ္ ၊ လူျဖစ္ရက်ိဳးနပ္ေစဖို႔ အဲဒီအေတြးမ်ိဳး မေတြးမိေစနဲ႔
ေရွာင္ရွားဖိုံ လုိတယ္ ။
( ၃ ) မိစာၦဒိ႒ိ – မိစာၦာဒိ႒ိဆိုတာ ကုိယ္လုပ္တာ ကုိယ္နဲ့ဆိုင္
တယ္လုိ႔ မေတြးဘူး ၊ ေကာင္းတာလုပ္လည္း ေကာင္းတာ
မျဖစ္ပါဘူး ၊ မေကာင္းတာလုပ္လည္း ေကာင္းတာျဖစ္တယ္ ၊
မေကာင္းတာလုပ္တဲ့သူေတြ ႀကီးပြားေနတာ ရွိတာပဲ ၊ ေကာင္း
တာလုပ္ေနတဲ့သူေတြ ဒုကၡေရာက္ေနရတာစသညါျဖင့္ ကံကုိ
မ်က္စိလည္ေနၾကတယ္ ၊ တကယ္ေတာ့မေကာင္းတာလုပ္ေနတဲ့
သူေတြႀကီးပြားေနတာ တစ္ခ်ိန္တုန္းကေကာင္းတာလုပ္ခဲ့လုိ႔
ေကာင္းက်ိဳးကုိ ခံစားေနရတယ္လုိ႔ ဒီလုိနားလည္ရမယ္ ၊ ဟုတ္
တယ္မို႔လား ၊ ကုိယ္ကခုမွ ေကာင္းတာေတြလုပ္တာ ၊ အက်ိဳး
မေပးေသးဘူးလား ၊ အခုမွသရက္ပင္စုိက္တာ သရက္သီးစား
ရပါ့မလား ၊ မစားရပါဘူး ၊ ေကာင္းတာခုမွလုပ္တာ ၊ မေကာင္း
တာေတြနဲ႔ႀကဳံေနရတယ္ ၊ အတိတ္ကမေကာင္းတာေတြ ဘယ္
ေလညက္လုပ္ခဲ့မွန္းမွ မသိတာ ၊ အဲဒါေၾကာင့္ မွန္ကန္တဲ့အ
ေတြးမွာ ကံဆုိတာရွိတယ္ ၊ ကံကုိျငင္းပယ္တာ အကိရိယဒိ႒ိ
လုိ႔ ေခၚတယ္ ၊ ကံဆိုတာမရွိ ၊ အကုသုိလ္ဆိုတာ မရွိဘူးဆိုျပီး
ျငင္းပယ္တဲ့ဝါဒ ။
နတၳိကဒိ႒ိ – ကံရဲ့ အက်ိဳးတရားကုိ လက္မခံဘူး ၊ မေကာင္းတာ
လုပ္လည္း မေကာင္းတာမျဖစ္ဘူး ၊ ေကာင္းတာလုပ္လည္း
ေကာင္းတာ မျဖစ္ဘူး ၊ အက်ိဳးတရားကု္ိ ျငင္းပယ္တဲ့အျမင္ ။
အေဟတုကဒိ႒ိ – အေၾကာင္းတရားကုိ ျငင္းပယ္တဲ့အျမင္ ၊
ေပါင္းလုိက္ရင္ ကံႏွင့္ ကံ၏အက်ိဳးကုိ ျငင္းပယ္တဲ့သူဟာ
မိစာၦဒိ႒ိအျမင္ရွိသူသာ ျဖစ္တယ္ ၊ အဲဒီလုိ မိစာၦဒိ႒ိအယူရွိသူ
ဟာ ေကာင္းရာသုဂတိ မေရာက္နိုင္ဘူး ၊ သူသြားရမွာက
အပါယ္ေလးဘုံပဲ ၊ ဘာလုိ႔တုန္းဆိုရင္ သူက ကံကုိျငင္းပယ္
ထားေတာ့ သူလုပ္ခ်င္ရာ လုပ္ေတာ့မွာေလ ၊ လုပ္ခ်င္ရာလုပ္
လုိ႔ ဆိုတဲ့ေနရာမွာ လူေတြက ဘာေတြလုပ္ခ်င္သလည္းဆို
ရင္ မေကာင္းတာပဲ လုပ္ခ်င္ၾကတာမ်ားတယ္ေလ ၊ အေတြးနဲ႔
ပတ္သက္ရင္ အေပၚကအေတြးမ်ိဳး မေတြးၾကပါနဲ႔ ၊ ေတြးမိျပီ
ဆိုရငါ ကုိယ့္သႏၲာန္မွာ ကုိယ့္ရဲ့စိတ္အစဥ္မွာ ကိန္းဝပ္သြား
တယ္ ၊ ကိန္းဝပ္သြားရင္ အေၾကာင္းရွိတုိင္း ေပၚလာလိမ့္မယ္
ဒါေၾကာင့္ အဲဒီအေတြးမ်ိဳး မေတြးမိဖို႔ သတိထားရမယ္ ။
အဲဒီေတာ့ ဘာေတြးရမွာလည္းဆိုေတာ့ သူတစ္ပါးပစၥည္းကုိ
ရလုိတဲ့အေတြးေတြနဲ႔ မေတြးနဲ႔တဲ့ ၊ တရားသျဖင့္ ရတဲ့ပစၥည္း
ကုိသာ လုိခ်င္တဲ့အေတြး ရွိရမယ္ ၊ သူတစ္ပါးကုိ ပ်က္စီးေစလုိ
တဲ့အေတြးနဲ႔ မေတြးနဲ႔ ၊ ႀကီးပြားၾကပါေစ ၊ ခ်မ္းသာၾကပါေစ ၊
အစဥ္ေျပၾကပါေစဆိုတဲ့ အေတြးကုိသာေတြးပါ ၊ အဲဒါကုိေမတၱာ
အေတြးလုိ႔ ေခၚတယ္ ၊ ျပီးေတာ့ မွန္ကန္တဲ့အျမင္နဲ႔ မိစာၦအျမင္
ကုိ ဖယ္ရွားရမယ္ ၊ ကမၼႆ ကတာ သမၼာဒိ႒ိ – ကုိယ္လုပ္တာ
ကုိယ္ပဲဆိုင္တယ္ဆိုတဲ့အျမင္မ်ိဳး ျမင္မယ္ ၊ ေကာင္းတာလုပ္
လုပ္ ၊ ဆိုတာလုပ္လုပ္ ငါပဲအေမြခံရမယ္ဆိုတဲ့ အျမင္ရွိပါေစ
တဲ့ ။
ေဒါက္တာ အရွင္နႏၵမာလာဘိဝံသ ( ပါခ်ဳပ္ဆရာေတာ္ )
Credit — ဓမၼေရခ်မ္းစင္
(Unicode)
လူဖြစ်ကျိုးနပ်စေရန် ဘယ်လိုအတွေးမျိုး တွေးရမလဲ
••••••••••••••••••••••••••••••••••••••••••••
မြတ်စွာဘုရားက အတွေးနဲ့ပတ်သက်လာရင် အတွေးသုံးမျိုးကု်ိ
မတွေးနဲ့တဲ့ ၊ တွေးရင်လူဖြစ်ရကျိုးမနပ် ဖြစ်လိမ့်မယ် ၊ မကောင်း
တဲ့အတွေးသုံးမျိုးကတော့ အဘိဇ္ဈာ ၊ ဗျာပါဒ ၊ မိစ္ဆာဒိဋ္ဌိတဲ့ ။
( ၁ ) အဘိဇ္ဈာ ၊ အဘိဆိုတာ သူတစ်ပါးပစ္စည်းကို ဦးတည်ပြီး
ဇ္ဈာ – ရချင်တဲ့စိတ်နဲ့ စိတ်ကူးတာ ၊ သူတစ်ပါးပစ္စည်းကို ပိုင်ဆိုင်
ချင်တဲ့အတွေးဟာ သူခိုးဓားပြဖြစ်စေတဲ့အတွေး ၊ အဒီအတွေး
ဟာ အန္တရာယ်ရှိတဲ့ အတွေး ၊ အကုသိုလ်အတွေး ၊ မနောဒုစ
ရိုက်လို့ခေါ်တယ် ၊ ဒီအတွေးမျိုး မတွေးသင်ဘူး ၊ ဒီအတွေးကို
ရှောင်ရမယ် ။
( ၂ ) ဗျာပါဒ – ဘာလဲဆိိုရင် ကိုယ်နဲ့မတည့်သူတစ်ယောက်
အပေါ် စိတ်ထဲပေါ်လာတယ် ၊ ဟာ … ဒီကောင်သေသွားရင်
ကောင်းမှာပဲ ၊ စီးပွားပျက်သွားရင် ကောင်းမှာပဲ ၊ ဒုက္ခရောက်
သွား ၊ ထောင်ကျသွားရင် ကောင်းမှာပဲဆိုတဲ့အတွေးတွေ တစ်
ချို့မတွေးကြဘူးလား ၊ အဲဒီအတွေးတွေဟာ ဗျာပါဒအတွေးလို့
ခေါ်တယ် ၊ လူဖြစ်ရကျိုးနပ်စေဖို့ အဲဒီအတွေးမျိုး မတွေးမိစေနဲ့
ရှောင်ရှားဖိုံ လိုတယ် ။
( ၃ ) မိစ္ဆာဒိဋ္ဌိ – မိစ္ဆာာဒိဋ္ဌိဆိုတာ ကိုယ်လုပ်တာ ကိုယ်နဲ့ဆိုင်
တယ်လို့ မတွေးဘူး ၊ ကောင်းတာလုပ်လည်း ကောင်းတာ
မဖြစ်ပါဘူး ၊ မကောင်းတာလုပ်လည်း ကောင်းတာဖြစ်တယ် ၊
မကောင်းတာလုပ်တဲ့သူတွေ ကြီးပွားနေတာ ရှိတာပဲ ၊ ကောင်း
တာလုပ်နေတဲ့သူတွေ ဒုက္ခရောက်နေရတာစသညါဖြင့် ကံကို
မျက်စိလည်နေကြတယ် ၊ တကယ်တော့မကောင်းတာလုပ်နေတဲ့
သူတွေကြီးပွားနေတာ တစ်ချိန်တုန်းကကောင်းတာလုပ်ခဲ့လို့
ကောင်းကျိုးကို ခံစားနေရတယ်လို့ ဒီလိုနားလည်ရမယ် ၊ ဟုတ်
တယ်မို့လား ၊ ကိုယ်ကခုမှ ကောင်းတာတွေလုပ်တာ ၊ အကျိုး
မပေးသေးဘူးလား ၊ အခုမှသရက်ပင်စိုက်တာ သရက်သီးစား
ရပါ့မလား ၊ မစားရပါဘူး ၊ ကောင်းတာခုမှလုပ်တာ ၊ မကောင်း
တာတွေနဲ့ကြုံနေရတယ် ၊ အတိတ်ကမကောင်းတာတွေ ဘယ်
လေညက်လုပ်ခဲ့မှန်းမှ မသိတာ ၊ အဲဒါကြောင့် မှန်ကန်တဲ့အ
တွေးမှာ ကံဆိုတာရှိတယ် ၊ ကံကိုငြင်းပယ်တာ အကိရိယဒိဋ္ဌိ
လို့ ခေါ်တယ် ၊ ကံဆိုတာမရှိ ၊ အကုသိုလ်ဆိုတာ မရှိဘူးဆိုပြီး
ငြင်းပယ်တဲ့ဝါဒ ။
နတ္ထိကဒိဋ္ဌိ – ကံရဲ့ အကျိုးတရားကို လက်မခံဘူး ၊ မကောင်းတာ
လုပ်လည်း မကောင်းတာမဖြစ်ဘူး ၊ ကောင်းတာလုပ်လည်း
ကောင်းတာ မဖြစ်ဘူး ၊ အကျိုးတရားကု်ိ ငြင်းပယ်တဲ့အမြင် ။
အဟေတုကဒိဋ္ဌိ – အကြောင်းတရားကို ငြင်းပယ်တဲ့အမြင် ၊
ပေါင်းလိုက်ရင် ကံနှင့် ကံ၏အကျိုးကို ငြင်းပယ်တဲ့သူဟာ
မိစ္ဆာဒိဋ္ဌိအမြင်ရှိသူသာ ဖြစ်တယ် ၊ အဲဒီလို မိစ္ဆာဒိဋ္ဌိအယူရှိသူ
ဟာ ကောင်းရာသုဂတိ မရောက်နိုင်ဘူး ၊ သူသွားရမှာက
အပါယ်လေးဘုံပဲ ၊ ဘာလို့တုန်းဆိုရင် သူက ကံကိုငြင်းပယ်
ထားတော့ သူလုပ်ချင်ရာ လုပ်တော့မှာလေ ၊ လုပ်ချင်ရာလုပ်
လို့ ဆိုတဲ့နေရာမှာ လူတွေက ဘာတွေလုပ်ချင်သလည်းဆို
ရင် မကောင်းတာပဲ လုပ်ချင်ကြတာများတယ်လေ ၊ အတွေးနဲ့
ပတ်သက်ရင် အပေါ်ကအတွေးမျိုး မတွေးကြပါနဲ့ ၊ တွေးမိပြီ
ဆိုရငါ ကိုယ့်သန္တာန်မှာ ကိုယ့်ရဲ့စိတ်အစဉ်မှာ ကိန်းဝပ်သွား
တယ် ၊ ကိန်းဝပ်သွားရင် အကြောင်းရှိတိုင်း ပေါ်လာလိမ့်မယ်
ဒါကြောင့် အဲဒီအတွေးမျိုး မတွေးမိဖို့ သတိထားရမယ် ။
အဲဒီတော့ ဘာတွေးရမှာလည်းဆိုတော့ သူတစ်ပါးပစ္စည်းကို
ရလိုတဲ့အတွေးတွေနဲ့ မတွေးနဲ့တဲ့ ၊ တရားသဖြင့် ရတဲ့ပစ္စည်း
ကိုသာ လိုချင်တဲ့အတွေး ရှိရမယ် ၊ သူတစ်ပါးကို ပျက်စီးစေလို
တဲ့အတွေးနဲ့ မတွေးနဲ့ ၊ ကြီးပွားကြပါစေ ၊ ချမ်းသာကြပါစေ ၊
အစဉ်ပြေကြပါစေဆိုတဲ့ အတွေးကိုသာတွေးပါ ၊ အဲဒါကိုမေတ္တာ
အတွေးလို့ ခေါ်တယ် ၊ ပြီးတော့ မှန်ကန်တဲ့အမြင်နဲ့ မိစ္ဆာအမြင်
ကို ဖယ်ရှားရမယ် ၊ ကမ္မဿ ကတာ သမ္မာဒိဋ္ဌိ – ကိုယ်လုပ်တာ
ကိုယ်ပဲဆိုင်တယ်ဆိုတဲ့အမြင်မျိုး မြင်မယ် ၊ ကောင်းတာလုပ်
လုပ် ၊ ဆိုတာလုပ်လုပ် ငါပဲအမွေခံရမယ်ဆိုတဲ့ အမြင်ရှိပါစေ
တဲ့ ။
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ ( ပါချုပ်ဆရာတော် )
Credit — ဓမ္မရေချမ်းစင်

LEAVE A REPLY

Please enter your comment!
Please enter your name here