ပရဟိတႏွင့္ အတၱဟိတ ကြဲျပားစြာသိပါေစ

တခ်ိဳ႕က ပရဟိတသမား ပရဟိတလုပ္သူလို႔ ခံယူခ်က္နဲ႔လုပ္ေနၾကေပမဲ့ ငါဆိုတဲ့ အတၱစိတ္ မစြန္႔လႊတ္ႏိုင္ၾကေသးေပ။ ငါလုပ္ေနတာက ပရဟိတ အမ်ားအတြက္လုပ္ေနတာဆိုရင္ အမ်ားအတြက္ပဲ ၾကည့္လုပ္ရမွာပါ။
လူကိုမၾကည့္နဲ႔ မူကိုၾကည့္ပါဆိုတဲ့အတိုင္း မိမိျပဳလုပ္ေနတဲ့ အမ်ားေကာင္းက်ိဳးအလုပ္ကိုပဲ စိတ္ထဲမွာႏွလံုးသြင္းထားၿပီး ကိုယ့္အလုပ္ကို ဘယ္လိုတိုးတက္ေအာင္ အမ်ားအတြက္ ဘယ္လိုပိုအက်ိဳးရွိေအာင္ ျပဳလုပ္ရမလဲဆိုတာပဲ စဥ္းစားလုပ္ကိုင္ေနမွသာ ထိုသူဟာ ပရဟိတသမား စစ္စစ္ျဖစ္ပါလိမ့္မယ္။
ထိုသို႔မဟုတ္ဘဲ ငါလုပ္ေနတာကို သူတစ္ပါးက မေကာင္းေျပာလို႔ မလုပ္ေတာ့ဘူး၊ ငါနဲ႔ အျမင္မၾကည္တဲ့သူ ငါ့အလုပ္ထဲမွာ ပါေနရင္ ငါမလုပ္ေတာ့ဘူး၊ ငါ့ကို ဆရာလုပ္သူပါရင္ ငါမလုပ္ေတာ့ဘူးဆိုၿပီး ငါဆိုတာႀကီးနဲ႔ပတ္သတ္တာေတြကို ေရွ႕တန္းတင္ေနမယ္ဆိုရင္ေတာ့ မိမိဟာ ပရဟိတသမား မဟုတ္ေတာ့ဘူးဆိုတာ သိထားပါေလ။
ပရဟိတဆိုတာ သူတစ္ပါးအက်ိဳးေဆာင္ရြက္ရတာမို႔ မိမိအတြက္ ငါဆိုတာ ဘယ္ေနရာ ဘယ္အခ်ိန္ ဘယ္ေသာအခါမွ မပါရေပ။ ငါ့အတြက္ ငါနဲ႔စသည့္ ငါဆိုတာပါေနတဲ့ အတၱဟိတသမားပါေနရင္ ထိုပရဟိတအဖြဲ႕သည္ ေရရွည္မည္သို႔မွ် တည္တံ့ႏိုင္မည္ မဟုတ္ေပ။ အဘယ့္ေၾကာင့္ဆိုေသာ္ တစ္ဦးတစ္ေယာက္က အတၱပါေနရင္ က်န္သူမ်ားပါ အတၱစိတ္ေတြ ကူးစက္လာၿပီး ပရဟိတအဖြဲ႕ကေန အတၱဟိတအဖြဲ႕ျဖစ္သြားလွ်င္ ပရဟိတဆိုတာ အမည္နာမသာ က်န္ေတာ့ပါလိမ့္မည္။
ထိုကဲ့သို႔ မျဖစ္ရေလေအာင္ ပရဟိတလုပ္သူေတြဟာ မိမိတို႔ရဲ႕ ပရဟိတေရွ႕ေဆာင္ ျမတ္ဗုဒၶရဲ႕ စိတ္ဓာတ္ႏွင့္ နည္းလမ္းေတြကို အၿမဲတေစ ႏွလံုးသြင္းၿပီး ျမတ္ဗုဒၶကဲ့သို႔ မလုပ္ႏိုင္ေပမဲ့ လမ္းေၾကာမေပ်ာက္ဖို႔ေတာ့ အေရးႀကီးေပသည္။
ျမတ္ဗုဒၶ ပါရမီျဖည့္က်င့္ခဲ့တဲ့ ဘဝေတြရဲ႕ ပံုရိပ္ေတြ၊ ေျခာက္ႏွစ္တာ တရားက်င့္ႀကံခဲ့မႈေတြ၊ (၄၅)ႏွစ္လံုး မနားမေန ပရဟိတလုပ္ခဲ့တာေတြကိုၾကည့္ရင္ ပရဟိတစိတ္ဓာတ္ မည္မွ်ျပင္းထန္လွၿပီး အတၱဟိတအတြက္ မငဲ့ကြက္ခဲ့ဘူးဆိုတာ သိပါလိမ့္မယ္။
အဲဒီလို အတၱဟိတစြန္႔ၿပီး ပရဟိတကို ျပင္းျပင္းထန္ထန္ ျပဳလုပ္ေပးခဲ့တဲ့ မိမိတို႔ရဲ႕ ေက်းဇူးရွင္လမ္းျပသူရဲ႕ အလုပ္ကို မိမိတို႔က လုပ္ေနၿပီဆိုရင္ မိမိလုပ္ေနတဲ့ အခ်ိန္အပိုင္းအျခားေလးမွာေတာ့ အတၱကို စြန္႔လႊတ္ထားဖို႔ လိုပါလိမ့္မယ္။
ဦးဇင္းဆိုရင္လည္း မိမိအတြက္ပဲၾကည့္ၿပီး အဓိကထားမယ္ဆိုရင္ အခုလို သာသနာ့ေဘာင္ေနၿပီး ကိုယ္ေရာစိတ္ပါ ပင္ပန္းခံရတဲ့ အမ်ားအက်ိဳးေတြလုပ္မေနဘဲ ကိုယ္သက္သာရာ ေပ်ာ္ရႊင္ရာအလုပ္ေတြပဲ လုပ္ေနမိမွာ အမွန္ပါပဲ။ ျမတ္ဗုဒၶရဲ႕ နည္းလမ္းေပးခဲ့မႈရွိခဲ့လို႔သာ ခုလို လူနဲ႔တူေသာသူ ျဖစ္ေနရတယ္ဆိုတာ မေမ့ၾကပါနဲ႔ေလ။
အရွင္ေကာမလ
ေရႊျပည္သာဓမၼရိပ္သာဆရာေတာ္
ရပ္ေစာက္ၿမိဳ႕၊ ဖုန္း 09-789556638.
(Unicode)

ပရဟိတနှင့် အတ္တဟိတ ကွဲပြားစွာသိပါစေ

တချို့က ပရဟိတသမား ပရဟိတလုပ်သူလို့ ခံယူချက်နဲ့လုပ်နေကြပေမဲ့ ငါဆိုတဲ့ အတ္တစိတ် မစွန့်လွှတ်နိုင်ကြသေးပေ။ ငါလုပ်နေတာက ပရဟိတ အများအတွက်လုပ်နေတာဆိုရင် အများအတွက်ပဲ ကြည့်လုပ်ရမှာပါ။

လူကိုမကြည့်နဲ့ မူကိုကြည့်ပါဆိုတဲ့အတိုင်း မိမိပြုလုပ်နေတဲ့ အများကောင်းကျိုးအလုပ်ကိုပဲ စိတ်ထဲမှာနှလုံးသွင်းထားပြီး ကိုယ့်အလုပ်ကို ဘယ်လိုတိုးတက်အောင် အများအတွက် ဘယ်လိုပိုအကျိုးရှိအောင် ပြုလုပ်ရမလဲဆိုတာပဲ စဉ်းစားလုပ်ကိုင်နေမှသာ ထိုသူဟာ ပရဟိတသမား စစ်စစ်ဖြစ်ပါလိမ့်မယ်။

ထိုသို့မဟုတ်ဘဲ ငါလုပ်နေတာကို သူတစ်ပါးက မကောင်းပြောလို့ မလုပ်တော့ဘူး၊ ငါနဲ့ အမြင်မကြည်တဲ့သူ ငါ့အလုပ်ထဲမှာ ပါနေရင် ငါမလုပ်တော့ဘူး၊ ငါ့ကို ဆရာလုပ်သူပါရင် ငါမလုပ်တော့ဘူးဆိုပြီး ငါဆိုတာကြီးနဲ့ပတ်သတ်တာတွေကို ရှေ့တန်းတင်နေမယ်ဆိုရင်တော့ မိမိဟာ ပရဟိတသမား မဟုတ်တော့ဘူးဆိုတာ သိထားပါလေ။

ပရဟိတဆိုတာ သူတစ်ပါးအကျိုးဆောင်ရွက်ရတာမို့ မိမိအတွက် ငါဆိုတာ ဘယ်နေရာ ဘယ်အချိန် ဘယ်သောအခါမှ မပါရပေ။ ငါ့အတွက် ငါနဲ့စသည့် ငါဆိုတာပါနေတဲ့ အတ္တဟိတသမားပါနေရင် ထိုပရဟိတအဖွဲ့သည် ရေရှည်မည်သို့မျှ တည်တံ့နိုင်မည် မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် တစ်ဦးတစ်ယောက်က အတ္တပါနေရင် ကျန်သူများပါ အတ္တစိတ်တွေ ကူးစက်လာပြီး ပရဟိတအဖွဲ့ကနေ အတ္တဟိတအဖွဲ့ဖြစ်သွားလျှင် ပရဟိတဆိုတာ အမည်နာမသာ ကျန်တော့ပါလိမ့်မည်။

ထိုကဲ့သို့ မဖြစ်ရလေအောင် ပရဟိတလုပ်သူတွေဟာ မိမိတို့ရဲ့ ပရဟိတရှေ့ဆောင် မြတ်ဗုဒ္ဓရဲ့ စိတ်ဓာတ်နှင့် နည်းလမ်းတွေကို အမြဲတစေ နှလုံးသွင်းပြီး မြတ်ဗုဒ္ဓကဲ့သို့ မလုပ်နိုင်ပေမဲ့ လမ်းကြောမပျောက်ဖို့တော့ အရေးကြီးပေသည်။

မြတ်ဗုဒ္ဓ ပါရမီဖြည့်ကျင့်ခဲ့တဲ့ ဘဝတွေရဲ့ ပုံရိပ်တွေ၊ ခြောက်နှစ်တာ တရားကျင့်ကြံခဲ့မှုတွေ၊ (၄၅)နှစ်လုံး မနားမနေ ပရဟိတလုပ်ခဲ့တာတွေကိုကြည့်ရင် ပရဟိတစိတ်ဓာတ် မည်မျှပြင်းထန်လှပြီး အတ္တဟိတအတွက် မငဲ့ကွက်ခဲ့ဘူးဆိုတာ သိပါလိမ့်မယ်။

အဲဒီလို အတ္တဟိတစွန့်ပြီး ပရဟိတကို ပြင်းပြင်းထန်ထန် ပြုလုပ်ပေးခဲ့တဲ့ မိမိတို့ရဲ့ ကျေးဇူးရှင်လမ်းပြသူရဲ့ အလုပ်ကို မိမိတို့က လုပ်နေပြီဆိုရင် မိမိလုပ်နေတဲ့ အချိန်အပိုင်းအခြားလေးမှာတော့ အတ္တကို စွန့်လွှတ်ထားဖို့ လိုပါလိမ့်မယ်။

ဦးဇင်းဆိုရင်လည်း မိမိအတွက်ပဲကြည့်ပြီး အဓိကထားမယ်ဆိုရင် အခုလို သာသနာ့ဘောင်နေပြီး ကိုယ်ရောစိတ်ပါ ပင်ပန်းခံရတဲ့ အများအကျိုးတွေလုပ်မနေဘဲ ကိုယ်သက်သာရာ ပျော်ရွှင်ရာအလုပ်တွေပဲ လုပ်နေမိမှာ အမှန်ပါပဲ။ မြတ်ဗုဒ္ဓရဲ့ နည်းလမ်းပေးခဲ့မှုရှိခဲ့လို့သာ ခုလို လူနဲ့တူသောသူ ဖြစ်နေရတယ်ဆိုတာ မမေ့ကြပါနဲ့လေ။

အရှင်ကောမလ
ရွှေပြည်သာဓမ္မရိပ်သာဆရာတော်
ရပ်စောက်မြို့၊ ဖုန်း 09-789556638.

LEAVE A REPLY

Please enter your comment!
Please enter your name here