အမ်ိဳးသမီးေတြက ယုတ္ညံ့သတဲ့လား
**********************************

ေမး – အရွင္ဘုရား ၊ အမ်ိဳးသမီးေတြဟာ
အိပ္ေပ်ာ္ေနတဲ့ ေခြးထီးကိုေတာင္
ေက်ာ္,ခြ,မသြားေကာင္းေလာက္တဲ့အထိ
ယုတ္ညံ့တယ္လို႔ ေျပာၾကတယ္ဘုရား ။
အဲဒါ…တပည့္ေတာ္ သိခ်င္လို႔ ။ ဘုရားေဟာ
ဟုတ္,မဟုတ္ ေျဖၾကားေပးပါဦးဘုရား ။

ေျဖ – အင္း……ခက္ေတာ့ ခက္ေနၿပီ ။
ဒကာ ဘယ္ကၾကားလာတာလဲ ။
အခ်ိဳ႕လူႀကီးေတြေျပာတာကို ၾကားတာ
မဟုတ္လား ။ (မွန္ဘ ဘုရား) ဦးဇင္းတို႔
ဘုရားေဟာ တရားေတြဟာ ပိဋကတ္
အားျဖင့္(၃)ပံု ။ နိကာယ္အားျဖင့္(၅)ရပ္ ။
ဓမၼခႏၶာအားျဖင့္(၈၄၀၀၀)ေထာင္ ရွိပါတယ္ ။

ထိုတရားေတာ္ေတြ အားလံုးထဲမွာ
ျမတ္စြာဘုရားက အမ်ိဳးသမီးေတြကို ယုတ္ညံ့
ပါတယ္လို႔ ဘယ္ေနရာမွာမွ မေဟာပါဘူး ။
ျမတ္စြာဘုရားကိုယ္တိုင္ကလည္း သူတစ္
ပါးအား ရႈတ္ခ်ေျပာဆိုျခင္းကို လံုးဝ မႏွစ္သက္
ဘူး ။ အားေပးအားေျမွာက္လည္း လံုးဝ မလုပ္
ဘူး ။ ျမတ္စြာဘုရား ေျပာတာကေတာ့ ဒီလို
ရွိတယ္………………………

သုကရံ သာဓုနာ သာဓံု ၊ သာဓုံ ပါေပန ဒုကၠရံ ။
ပါပံ ပါေပန သုကရံ ၊ ပါပ မရိေယဟိ ဒုကၠရံ ။

သုကရာနိ အသာဓုနိ ၊ အတၱေနာ အဟိတာနိ စ ။
ယေဥၥ ဟိတဥၥ သာဓုဥၥ ၊ တံ ေဝ ပရမဒုကၠရံ ။

(ဓမၼပဒပါဠိေတာ္ အတၱဝဂ္)

အဓိပၸါယ္ကေတာ့………သူေတာ္ေကာင္းေတြဟာ
ေကာင္းမႈကို ျပဳရတာ လြယ္ကူသေလာက္
သူယုတ္မာေတြဟာ ေကာင္းမႈကို မျပဳလုပ္ႏိုင္ဘူး ။
လူေတာ္လူျမတ္မွန္ရင္ ေကာင္းမႈကို လုပ္ႏိုင္
ရမယ္ ။ ေကာင္းမႈကို မလုပ္ဘူးဆိုရင္ေတာ့
လူေတာ္လူျမတ္လို႔ မဆိုႏိုင္ဘူး ။

ဒါေၾကာင့္……လူတစ္ေယာက္ကို အယုတ္
အျမတ္ သိရေအာင္ တိုင္းတာတဲ့အခါ

(ေယာက်ၤား , မိန္းမ ပညတ္ေတြနဲ႔ မတိုင္းရဘူး)

ေကာင္းမႈလုပ္ျခင္း မလုပ္ျခင္းနဲ႔ဘဲ တိုင္းရတယ္ ။
ေယာက်ၤားျဖစ္ၿပီး ေလာကေကာင္းက်ိဳး အမ်ား
ေကာင္းက်ိဳး မလုပ္ရင္ေတာ့ ေယာက်ၤားယုတ္ျဖစ္
သလို ၊ မိန္းမဆိုရင္ေတာ့ မိန္းမယုတ္ျဖစ္တယ္
ဆိုတာ ဒကာ မွတ္ထားပါ ။ (မွန္ဘ ဘုရား)

အမ်ိဳးသမီးေတြဟာ အိပ္ေနတဲ့ ေခြးထီးကိုေတာင္
ေက်ာ္,ခြ မသြားေကာင္းဘူးဆိုတဲ ဒကာရဲ႕စကား
ကို စစ္တမ္းထုတ္ၾကည့္ပါဦး ။
လူျဖစ္ရတာ…
ဘာေၾကာင့္လဲ .. ? (ကုသိုလ္ေၾကာင့္ပါ ဘုရား)
ေခြးဆိုတာ တိရစၧာန္ေနာ္(မွန္ဘ ဘုရား)
တိရစၧာန္ျဖစ္တာကေရာ
ဘာေၾကာင့္လဲ… ? (အကုသိုလ္ေၾကာင့္ပါ ဘုရား)
အကုသိုကံေၾကာင္ ျဖစ္လာတဲ့ ေခြး
တိရစၧာန္အေပၚကို ကုသိုလ္ကံေၾကာင့္ ျဖစ္လာတဲ့
လူမိန္းမက ေက်ာ္,ခြ မသြားေကာင္းဘူးဆိုတဲ့
စကားဟာ သဘာဝယုတိၱ ရွိပါရဲ႕လား ။ ဒါကို
အလြန္စဥ္းစားဖို႔ လိုအပ္ပါတယ္ ဒကာ ။

(မွန္ဘ တပည့္ေတာ္ နားလည္ပါၿပီ ဘုရား)

တတယ္ေတာ့……ဒီစကားေတြဟာ အမ်ိဳးသမီေတြကို
ခ်ိဳးႏွိမ္ၿပီးေျပာတဲ့စကားပါ ၊ ဗုဒၶဘာသာဝင္ျဖစ္ၿပီး
ဘုရားလည္းမေဟာ သဘာဝလည္းမက်တဲ့
အေျပာအဆို အယူအဆေတြကို လက္ခံ ယုံၾကည္
ေနမယ္ဆိုရင္ေတာ့ ထိုလူဟာ တကယ့္ ဗုဒၶဘာသာ
ဝင္ စစ္စစ္မဟုတ္ေတာ့ပါဘူး ။ အမည္ခံ ဗုဒၶဘာသာ
ဝင္သာ ျဖစ္ပါလိမ့္မယ္ ဒကာ ။

(မွန္ဘ ဘုရား ၊ ေနာက္ကို တပည့္ေတာ္ သတိနဲ႔
ဆင္ျခင္ပါ့မယ္ ဘုရား ။ အခုလို ရွင္းျပေပးတဲ့
အတြက္လည္း ေက်းဇူးတင္ပါတယ္ ဘုရား)

ေမးေလ်ွာက္သူ – အမည္မေဖာ္လိုသူ ဒကာတစ္ဦး ။

ေျဖၾကားသူ – ဦးေဇာတိက (ဓမၼသုခေက်ာင္း)

(Unicode)

အမျိုးသမီးတွေက ယုတ်ညံ့သတဲ့လား
**********************************

မေး – အရှင်ဘုရား ၊ အမျိုးသမီးတွေဟာ
အိပ်ပျော်နေတဲ့ ခွေးထီးကိုတောင်
ကျော်,ခွ,မသွားကောင်းလောက်တဲ့အထိ
ယုတ်ညံ့တယ်လို့ ပြောကြတယ်ဘုရား ။
အဲဒါ…တပည့်တော် သိချင်လို့ ။ ဘုရားဟော
ဟုတ်,မဟုတ် ဖြေကြားပေးပါဦးဘုရား ။

ဖြေ – အင်း……ခက်တော့ ခက်နေပြီ ။
ဒကာ ဘယ်ကကြားလာတာလဲ ။
အချို့လူကြီးတွေပြောတာကို ကြားတာ
မဟုတ်လား ။ (မှန်ဘ ဘုရား) ဦးဇင်းတို့
ဘုရားဟော တရားတွေဟာ ပိဋကတ်
အားဖြင့်(၃)ပုံ ။ နိကာယ်အားဖြင့်(၅)ရပ် ။
ဓမ္မခန္ဓာအားဖြင့်(၈၄၀၀၀)ထောင် ရှိပါတယ် ။

ထိုတရားတော်တွေ အားလုံးထဲမှာ
မြတ်စွာဘုရားက အမျိုးသမီးတွေကို ယုတ်ညံ့
ပါတယ်လို့ ဘယ်နေရာမှာမှ မဟောပါဘူး ။
မြတ်စွာဘုရားကိုယ်တိုင်ကလည်း သူတစ်
ပါးအား ရှုတ်ချပြောဆိုခြင်းကို လုံးဝ မနှစ်သက်
ဘူး ။ အားပေးအားမြှောက်လည်း လုံးဝ မလုပ်
ဘူး ။ မြတ်စွာဘုရား ပြောတာကတော့ ဒီလို
ရှိတယ်………………………

သုကရံ သာဓုနာ သာဓုံ ၊ သာဓုံ ပါပေန ဒုက္ကရံ ။
ပါပံ ပါပေန သုကရံ ၊ ပါပ မရိယေဟိ ဒုက္ကရံ ။

သုကရာနိ အသာဓုနိ ၊ အတ္တနော အဟိတာနိ စ ။
ယေဥ္စ ဟိတဥ္စ သာဓုဥ္စ ၊ တံ ဝေ ပရမဒုက္ကရံ ။

(ဓမ္မပဒပါဠိတော် အတ္တဝဂ်)

အဓိပ္ပါယ်ကတော့………သူတော်ကောင်းတွေဟာ
ကောင်းမှုကို ပြုရတာ လွယ်ကူသလောက်
သူယုတ်မာတွေဟာ ကောင်းမှုကို မပြုလုပ်နိုင်ဘူး ။
လူတော်လူမြတ်မှန်ရင် ကောင်းမှုကို လုပ်နိုင်
ရမယ် ။ ကောင်းမှုကို မလုပ်ဘူးဆိုရင်တော့
လူတော်လူမြတ်လို့ မဆိုနိုင်ဘူး ။

ဒါကြောင့်……လူတစ်ယောက်ကို အယုတ်
အမြတ် သိရအောင် တိုင်းတာတဲ့အခါ

(ယောကျင်္ား , မိန်းမ ပညတ်တွေနဲ့ မတိုင်းရဘူး)

ကောင်းမှုလုပ်ခြင်း မလုပ်ခြင်းနဲ့ဘဲ တိုင်းရတယ် ။
ယောကျင်္ားဖြစ်ပြီး လောကကောင်းကျိုး အများ
ကောင်းကျိုး မလုပ်ရင်တော့ ယောကျင်္ားယုတ်ဖြစ်
သလို ၊ မိန်းမဆိုရင်တော့ မိန်းမယုတ်ဖြစ်တယ်
ဆိုတာ ဒကာ မှတ်ထားပါ ။ (မှန်ဘ ဘုရား)

အမျိုးသမီးတွေဟာ အိပ်နေတဲ့ ခွေးထီးကိုတောင်
ကျော်,ခွ မသွားကောင်းဘူးဆိုတဲ ဒကာရဲ့စကား
ကို စစ်တမ်းထုတ်ကြည့်ပါဦး ။
လူဖြစ်ရတာ…
ဘာကြောင့်လဲ .. ? (ကုသိုလ်ကြောင့်ပါ ဘုရား)
ခွေးဆိုတာ တိရစ္ဆာန်နော်(မှန်ဘ ဘုရား)
တိရစ္ဆာန်ဖြစ်တာကရော
ဘာကြောင့်လဲ… ? (အကုသိုလ်ကြောင့်ပါ ဘုရား)
အကုသိုကံကြောင် ဖြစ်လာတဲ့ ခွေး
တိရစ္ဆာန်အပေါ်ကို ကုသိုလ်ကံကြောင့် ဖြစ်လာတဲ့
လူမိန်းမက ကျော်,ခွ မသွားကောင်းဘူးဆိုတဲ့
စကားဟာ သဘာဝယုတ္တိ ရှိပါရဲ့လား ။ ဒါကို
အလွန်စဉ်းစားဖို့ လိုအပ်ပါတယ် ဒကာ ။

(မှန်ဘ တပည့်တော် နားလည်ပါပြီ ဘုရား)

တတယ်တော့……ဒီစကားတွေဟာ အမျိုးသမီတွေကို
ချိုးနှိမ်ပြီးပြောတဲ့စကားပါ ၊ ဗုဒ္ဓဘာသာဝင်ဖြစ်ပြီး
ဘုရားလည်းမဟော သဘာဝလည်းမကျတဲ့
အပြောအဆို အယူအဆတွေကို လက်ခံ ယုံကြည်
နေမယ်ဆိုရင်တော့ ထိုလူဟာ တကယ့် ဗုဒ္ဓဘာသာ
ဝင် စစ်စစ်မဟုတ်တော့ပါဘူး ။ အမည်ခံ ဗုဒ္ဓဘာသာ
ဝင်သာ ဖြစ်ပါလိမ့်မယ် ဒကာ ။

(မှန်ဘ ဘုရား ၊ နောက်ကို တပည့်တော် သတိနဲ့
ဆင်ခြင်ပါ့မယ် ဘုရား ။ အခုလို ရှင်းပြပေးတဲ့
အတွက်လည်း ကျေးဇူးတင်ပါတယ် ဘုရား)

မေးလျှောက်သူ – အမည်မဖော်လိုသူ ဒကာတစ်ဦး ။

ဖြေကြားသူ – ဦးဇောတိက (ဓမ္မသုခကျောင်း)

LEAVE A REPLY

Please enter your comment!
Please enter your name here