သီလ မှ နိဗ္ဗာန် သို့
=============
ဝမ်းမြောက်ခြင်းဆိုတဲ့ #ပါမောဇ္ဇဖြစ်တဲ့ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ နှစ်သက်ခြင်းဆိုတဲ့ ပီတိဖြစ်ပါတယ်။
နှစ်သက်ခြင်းဆိုတဲ့ ပီတိဖြစ်တဲ့ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ကိုယ်စိတ်နှစ်ပါးငြိမ်းအေးခြင်းဆိုတဲ့ #ပဿဒ္ဓိဖြစ်ပါတယ်။
ကိုယ်စိတ်နှစ်ပါးငြိမ်းအေးခြင်းဆိုတဲ့ ပဿဒ္ဓိဖြစ်တဲ့ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ကိုယ်စိတ်နှစ်ပါးချမ်းသာခြင်းဆိုတဲ့#သုခဖြစ်ပါတယ်။
ကိုယ်စိတ်နှစ်ပါးချမ်းသာခြင်းဆိုတဲ့သုခဖြစ်တဲ့ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ စိတ်တည်ငြိမ်မှုဆိုတဲ့ #သမာဓိဖြစ်ပါတယ်။
စိတ်တည်ငြိမ်မှုဆိုတဲ့ သမာဓိဖြစ်တဲ့ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ရုပ်တရား၊ နာမ်တရားတွေရဲ့ သဘာဝကို အရှိအရှိအတိုင်း အမှန်အတိုင်းသိမြင်ခြင်းဆိုတဲ့ #ယထာဘူတဥာဏဒဿနဖြစ်ပါတယ်။
အရှိတရား အမှန်တရားကို သိမြင်ခြင်းဆိုတဲ့ ယထာဘူတဥာဏဒဿနဖြစ်တဲ့ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ငြီးငွေ့ခြင်းဆိုတဲ့ #နိဗ္ဗိဒါ ဖြစ်ပါတယ်။
ငြီးငွေ့ခြင်းဆိုတဲ့ နိဗ္ဗိဒါ ဖြစ်တဲ့ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ တပ်မက်မှုကင်းခြင်းဆိုတဲ့ ၀ိရာဂဖြစ်ပါတယ်။ (မဂ်လေးပါးပါပဲ)
တပ်မက်မှုကင်းခြင်းဆိုတဲ့ ၀ိရာဂဖြစ်တဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ လွတ်မြောက်ခြင်း #၀ိမုတ္တိနဲ့ လွတ်မြောက်ခြင်းကို သိမြင်ခြင်းဆိုတဲ့ ၀ိမုတ္တိဥာဏဒဿန ဖြစ်ပါတယ်။ (ဖိုလ်လေးပါးနဲ့ ပစ္စဝေက္ခဏာဥာဏ်တွေပါပဲ)
MS
(Unicode)
သီလ မှ နိဗ္ဗာန် သို့
=============

ကိုယ်ကျင့်သီလရှိတဲ့ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ #၀ိပ္ပဋိသာရလို့ခေါ်တဲ့ နောင်တတစ်ဖန် ပူပန်ခြင်းသဘော၊ စိတ်နှလုံးမသာမယာဖြစ်ခြင်းသဘော မရှိတော့ပါဘူး။
#အဝိပ္ပဋိသာရလို့ခေါ်တဲ့ စိတ်ကြည်လင်ခြင်းသဘော၊ စိတ်ရွှင်လန်းခြင်းသဘောပဲ ဖြစ်ပါတယ်။
စိတ်ကြည်လင်ရွှင်လန်းနေတဲ့ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ၀မ်းမြောက်ခြင်းဆိုတဲ့ ပါမောဇ္ဇဖြစ်ပါတယ်။

၀မ်းမြောက်ခြင်းဆိုတဲ့ #ပါမောဇ္ဇဖြစ်တဲ့့ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ နှစ်သက်ခြင်းဆိုတဲ့ ပီတိဖြစ်ပါတယ်။
နှစ်သက်ခြင်းဆိုတဲ့ ပီတိဖြစ်တဲ့့ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ကိုယ်စိတ်နှစ်ပါးငြိမ်းအေးခြင်းဆိုတဲ့ #ပဿဒ္ဓိဖြစ်ပါတယ်။

ကိုယ်စိတ်နှစ်ပါးငြိမ်းအေးခြင်းဆိုတဲ့ ပဿဒ္ဓိဖြစ်တဲ့့ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ကိုယ်စိတ်နှစ်ပါးချမ်းသာခြင်းဆိုတဲ့#သုခဖြစ်ပါတယ်။

ကိုယ်စိတ်နှစ်ပါးချမ်းသာခြင်းဆိုတဲ့သုခဖြစ်တဲ့့ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ စိတ်တည်ငြိမ်မှုဆိုတဲ့ #သမာဓိဖြစ်ပါတယ်။
စိတ်တည်ငြိမ်မှုဆိုတဲ့ သမာဓိဖြစ်တဲ့ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ရုပ်တရား၊ နာမ်တရားတွေရဲ့ သဘာဝကို အရှိအရှိအတိုင်း အမှန်အတိုင်းသိမြင်ခြင်းဆိုတဲ့ #ယထာဘူတဉာဏဒဿနဖြစ်ပါတယ်။
အရှိတရား အမှန်တရားကို သိမြင်ခြင်းဆိုတဲ့့ ယထာဘူတဉာဏဒဿနဖြစ်တဲ့့ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ငြီးငွေ့ခြင်းဆိုတဲ့ #နိဗ္ဗိဒါ ဖြစ်ပါတယ်။
ငြီးငွေ့ခြင်းဆိုတဲ့ နိဗ္ဗိဒါ ဖြစ်တဲ့့ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ တပ်မက်မှုကင်းခြင်းဆ်ိုတဲ့ ၀ိရာဂဖြစ်ပါတယ်။ (မဂ်လေးပါးပါပဲ)

တပ်မက်မှုကင်းခြင်းဆ်ိုတဲ့ ၀ိရာဂဖြစ်တဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ လွတ်မြောက်ခြင်း #၀ိမုတ္တိနဲ့ လွတ်မြောက်ခြင်းကို သိမြင်ခြင်းဆိုတဲ့ ၀ိမုတ္တိဉာဏဒဿန ဖြစ်ပါတယ်။ (ဖိုလ်လေးပါးနဲ့ ပစ္စဝေက္ခဏာဉာဏ်တွေပါပဲ)

ဒီတော့ သီလရဲ့အကျိုးတွေကို အဆက်ဆက်ပြထားတာ အလယ်က အချက်အလက်တွေကို ကျော်ပြီးကြည့်လိုက်မယ်ဆိုရင် သီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာ #အရဟတ္တမဂ်၊ #အရဟတ္တဖိုလ်နဲ့ #နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တယ်လို့ ဒီလိုအဓိပ္ပါယ်ရပါတယ်။ ဒါသီလရဲ့ လောကုတ္တရာ အကျိုးတရားပါပဲ။

ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
လောက၌အကောင်းဆုံးသောအရာ စာအုပ်မှ
MS

LEAVE A REPLY

Please enter your comment!
Please enter your name here