ယစ္မူးမႈ (၃) မ်ိဳး
ျမတ္စြာဘုရားက ယစ္မူးမႈ (၃)မ်ိဳးကို ေဖာ္ျပထားတာရွိတယ္။
နံပါတ္ (၁)
ယစ္မူးမႈက – “ေယာဗၺနမဒ” တဲ့၊
ငယ္ရြယ္တဲ့ ပုဂၢိဳလ္ေတြမွာ ျဖစ္တက္တဲ့ မာန္မာန ယစ္မူးမႈ၊
လူငယ္လူရြယ္ေတြဆုိတာ သူရဲ႕ ႏုပ်ိဳမႈနဲ႔ အားခြန္ဗလေတြ အေပၚမွာအထင္ႀကီးၿပီးယစ္မူးေနတက္တယ္။
ယစ္မူးေနၿပီး ကုသိုလ္ေကာင္းမႈ လုပ္ရမွာကို ေမ့ေလ်ာ့ေနတယ္၊
အဲဒါကို “ေယာဗၺနမဒ” လို႔ ေခၚတယ္၊
ႏုပ်ိဳတဲ့အေပၚမွာ ယစ္မူးမႈ ျဖစ္တယ္၊
“ငါလုပ္ရင္ ဘာမဆိုျဖစ္တယ္၊ ငါဟာ ငယ္ရြယ္တဲ့ပုဂၢိဳလ္
ျဖစ္တယ္၊ သန္စြမ္းတယ္၊ က်န္းမာတယ္၊
ငါ့မွာ မက်န္းမာျခင္းဆိုတာ ျဖစ္လာမွာ မဟုတ္ဘူး၊
အိုမင္းရင့္ေရာ္မႈဆိုတာ ျဖစ္လာမွာ မဟုတ္ဘူး” ဆိုၿပီး
ႏုပ်ိဳမႈအေပၚ အေျခခံၿပီး ယစ္မူးမႈ ျဖစ္တယ္၊
ကုသိုလ္ေကာင္းမႈ လုပ္ရမွာကုိ ေမ့ေလ်ာ့ေနတယ္။
အကုသိုလ္ အမႈေတြကို ျပဳမိတက္တယ္။
အဲဒါ “ပမာဒ” လို႔ ေခၚတယ္။
နံပါတ္ (၂)
ယစ္မူးမႈက – “အာေရာဂ်မဒ” ။
က်န္းမာသန္စြမ္းတဲ့ ပုဂၢိဳလ္ကလည္း ယစ္မူးတာပဲ။
“ဒို႔ကေတာ့ ေဆး႐ံုေဆးခန္း ဘယ္ေတာ့မွ မသြားရဘူး”။
တစ္ခ်ိဳ႕ေျပာတက္တယ္၊
“လ်က္ဆားေတာင္မွ မလ်က္ဖူးဘူး။ ေခါင္းဆို တစ္ခါမွာ
မကိုက္ဖူးဘူး။က်န္းမာတယ္၊ ဘာစားစားအစာေၾက
သြားတာပဲ။ဘာနဲ႔စားရ စားရ ဘယ္လိုေနရ ေနရ က်န္းမာတယ္”ဆိုၿပီး ကိုယ့္ရဲ႕ က်န္းမာမႈအေပၚမွာ ယစ္မူးၿပီး “ငါလုပ္ရင္ ဘာမဆိုျဖစ္တယ္” လို႔ အေတြးေရာက္ၿပီး ကုသိုလ္ေကာင္းမႈ ျပဳလုပ္ဖို႔ ေမ့ေနတက္ၾကတယ္။
တရားႏွလံုးသြင္းရမွာ သတိမရဘူး၊
အဲဒါကို “အာေရာဂ်မဒ” လို႔ ေခၚတယ္။
အဲဒီ “အာေရာဂ်မဒ” နဲ႔ ယစ္မူးတဲ့ ပုဂၢိဳလ္ဟာ
မေကာင္းမႈကိုလည္း ျပဳလုပ္မိတက္တယ္။
အနည္းဆံုးေတာ့ ကုသုိလ္ေကာင္းမႈ အေပၚမွာ
ေမ့ေနတက္တယ္။
နံပါတ္ (၃)
ယစ္မူးမႈက – “ဇီဝိတမဒ”။
အသက္ရွည္တဲ့ ပုဂၢိဳလ္ကလည္း အသက္ရွည္မႈအေပၚ
ယစ္မူးတယ္။
“တခ်ိဳ႕တေလဟာ လူ႔ျပည္မေရာက္ေသးဘူး၊ ေသသြားၾကၿပီ၊တခ်ိဳ႕က်ေတာ့ ငယ္ငယ္ရြယ္ရြယ္နဲ႔ ေသသြားၾကၿပီ၊တို႔မွာ အသက္ (၇၀) (၈၀) (၉၀) ဘာမွ မျဖစ္ေသးဘူး”ဆိုၿပီး အသက္ရွည္မႈ အေပၚ ယစ္မူး ေနတက္ၾကတယ္။
ကိုယ့္က်ေတာ့ မေသဘူးလို႔ အထင္ေရာက္တက္တယ္။
အဲဒီလို ဇီဝိတမဒရွိၿပီးေတာ့ ကုသိုလ္ေကာင္းမႈ
ေမ့ေလ်ာ့တက္တယ္။
ဒီယစ္မူးမႈ သံုးမ်ိဳးလံုးဟာ ပမာဒပဲ။
အဲဒီလို မယစ္မူးဘဲနဲ႔ ကုသိုလ္ေကာင္းမႈလုပ္ဖို႔ရန္ သတိရေနတာကို အပၸမာဒ လို႔ ေခၚတယ္။
အဲဒီ အပၸမာဒတရားဟာ အလြန္အေရးႀကီးလို႔
ျမတ္စြာဘုရားက ေနာက္ဆံုး ပရိနိဗၺာန္စံခါနီး အခ်ိန္မွာ –
‘အပၸမာေဒန သမၸာေဒထ’ အပၸမာဒ နဲ႔ မင္းတို႔ရဲ႕ သႏၱာန္မွာ ကုသိုလ္တရားေတြ ျပည့္စံုေအာင္ လုပ္ၾက၊အပၸမာဒ ရွိၿပီးေတာ့ ကိုယ္က်င့္ရမယ့္ သီလ သမာဓိ ပညာ
ေတြ မေမ့ၾကနဲ႔၊လုပ္ရမယ့္ ကုသိုလ္တရားေတြ လုပ္ၾက၊
ယစ္မူး ေမ့ေလ်ာ့ၿပီး မေနၾကနဲ႔လို႔ မွားထားခဲ့တာေပါ့။
(အဂၢမဟာပ႑ိတ အရွင္နႏၵမာလာဘိဝံသ ဆရာေတာ္ႀကီး)
ကုသိုလ္ျဖစ္ေအာင္ သတိေဆာင္ (ႏွာ ၁၁-၁၆) မွ
ေကာက္ႏုတ္ပူေဇာ္ပါသည္။
MS
Credit >>
(Unicode)

ယစ်မူးမှု (၃) မျိုး
မြတ်စွာဘုရားက ယစ်မူးမှု (၃)မျိုးကို ဖော်ပြထားတာရှိတယ်။
နံပါတ် (၁)
ယစ်မူးမှုက – “ယောဗ္ဗနမဒ” တဲ့၊
ငယ်ရွယ်တဲ့ ပုဂ္ဂိုလ်တွေမှာ ဖြစ်တက်တဲ့ မာန်မာန ယစ်မူးမှု၊
လူငယ်လူရွယ်တွေဆိုတာ သူရဲ့ နုပျိုမှုနဲ့ အားခွန်ဗလတွေ အပေါ်မှာအထင်ကြီးပြီးယစ်မူးနေတက်တယ်။
ယစ်မူးနေပြီး ကုသိုလ်ကောင်းမှု လုပ်ရမှာကို မေ့လျော့နေတယ်၊
အဲဒါကို “ယောဗ္ဗနမဒ” လို့ ခေါ်တယ်၊
နုပျိုတဲ့အပေါ်မှာ ယစ်မူးမှု ဖြစ်တယ်၊
“ငါလုပ်ရင် ဘာမဆိုဖြစ်တယ်၊ ငါဟာ ငယ်ရွယ်တဲ့ပုဂ္ဂိုလ်
ဖြစ်တယ်၊ သန်စွမ်းတယ်၊ ကျန်းမာတယ်၊
ငါ့မှာ မကျန်းမာခြင်းဆိုတာ ဖြစ်လာမှာ မဟုတ်ဘူး၊
အိုမင်းရင့်ရော်မှုဆိုတာ ဖြစ်လာမှာ မဟုတ်ဘူး” ဆိုပြီး
နုပျိုမှုအပေါ် အခြေခံပြီး ယစ်မူးမှု ဖြစ်တယ်၊
ကုသိုလ်ကောင်းမှု လုပ်ရမှာကို မေ့လျော့နေတယ်။
အကုသိုလ် အမှုတွေကို ပြုမိတက်တယ်။
အဲဒါ “ပမာဒ” လို့ ခေါ်တယ်။
နံပါတ် (၂)
ယစ်မူးမှုက – “အာရောဂျမဒ” ။
ကျန်းမာသန်စွမ်းတဲ့ ပုဂ္ဂိုလ်ကလည်း ယစ်မူးတာပဲ။
“ဒို့ကတော့ ဆေးရုံဆေးခန်း ဘယ်တော့မှ မသွားရဘူး”။
တစ်ချို့ပြောတက်တယ်၊
“လျက်ဆားတောင်မှ မလျက်ဖူးဘူး။ ခေါင်းဆို တစ်ခါမှာ
မကိုက်ဖူးဘူး။ကျန်းမာတယ်၊ ဘာစားစားအစာကြေ
သွားတာပဲ။ဘာနဲ့စားရ စားရ ဘယ်လိုနေရ နေရ ကျန်းမာတယ်”ဆိုပြီး ကိုယ့်ရဲ့ ကျန်းမာမှုအပေါ်မှာ ယစ်မူးပြီး “ငါလုပ်ရင် ဘာမဆိုဖြစ်တယ်” လို့ အတွေးရောက်ပြီး ကုသိုလ်ကောင်းမှု ပြုလုပ်ဖို့ မေ့နေတက်ကြတယ်။
တရားနှလုံးသွင်းရမှာ သတိမရဘူး၊
အဲဒါကို “အာရောဂျမဒ” လို့ ခေါ်တယ်။
အဲဒီ “အာရောဂျမဒ” နဲ့ ယစ်မူးတဲ့ ပုဂ္ဂိုလ်ဟာ
မကောင်းမှုကိုလည်း ပြုလုပ်မိတက်တယ်။
အနည်းဆုံးတော့ ကုသိုလ်ကောင်းမှု အပေါ်မှာ
မေ့နေတက်တယ်။
နံပါတ် (၃)
ယစ်မူးမှုက – “ဇီဝိတမဒ”။
အသက်ရှည်တဲ့ ပုဂ္ဂိုလ်ကလည်း အသက်ရှည်မှုအပေါ်
ယစ်မူးတယ်။
“တချို့တလေဟာ လူ့ပြည်မရောက်သေးဘူး၊ သေသွားကြပြီ၊တချို့ကျတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ သေသွားကြပြီ၊တို့မှာ အသက် (၇၀) (၈၀) (၉၀) ဘာမှ မဖြစ်သေးဘူး”ဆိုပြီး အသက်ရှည်မှု အပေါ် ယစ်မူး နေတက်ကြတယ်။
ကိုယ့်ကျတော့ မသေဘူးလို့ အထင်ရောက်တက်တယ်။
အဲဒီလို ဇီဝိတမဒရှိပြီးတော့ ကုသိုလ်ကောင်းမှု
မေ့လျော့တက်တယ်။
ဒီယစ်မူးမှု သုံးမျိုးလုံးဟာ ပမာဒပဲ။
အဲဒီလို မယစ်မူးဘဲနဲ့ ကုသိုလ်ကောင်းမှုလုပ်ဖို့ရန် သတိရနေတာကို အပ္ပမာဒ လို့ ခေါ်တယ်။
အဲဒီ အပ္ပမာဒတရားဟာ အလွန်အရေးကြီးလို့
မြတ်စွာဘုရားက နောက်ဆုံး ပရိနိဗ္ဗာန်စံခါနီး အချိန်မှာ –
‘အပ္ပမာဒေန သမ္ပာဒေထ’ အပ္ပမာဒ နဲ့ မင်းတို့ရဲ့ သန္တာန်မှာ ကုသိုလ်တရားတွေ ပြည့်စုံအောင် လုပ်ကြ၊အပ္ပမာဒ ရှိပြီးတော့ ကိုယ်ကျင့်ရမယ့် သီလ သမာဓိ ပညာ
တွေ မမေ့ကြနဲ့၊လုပ်ရမယ့် ကုသိုလ်တရားတွေ လုပ်ကြ၊
ယစ်မူး မေ့လျော့ပြီး မနေကြနဲ့လို့ မှားထားခဲ့တာပေါ့။
(အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ ဆရာတော်ကြီး)
ကုသိုလ်ဖြစ်အောင် သတိဆောင် (နှာ ၁၁-၁၆) မှ
ကောက်နုတ်ပူဇော်ပါသည်။
MS
Credit >>

LEAVE A REPLY

Please enter your comment!
Please enter your name here