မိုးကုတ္ဆရာေတာ္ျမတ္ဘုရားႀကီး၏ ေနာက္ဆံုးတစ္ေန႔တာ

ဆရာေတာ္ဘုရားႀကီး၏ၾကည္ညိဳစရာ လြမ္း
စရာ ေနာက္ဆံုးတစ္ေန႔တာပါဘုရား။
ဤေန႔သည္ကား ဆရာေတာ္၏ေနာက္ဆံုးတစ္ေန႔
တာျဖစ္၏။၁၃၂၄ ခုႏွစ္၊ သီတင္းကြၽတ္လျပည္႔ေက်ာ္
ေလးရက္၊ ဗုဒၶဝူးေန႔။႐ွင္ျပဳကထိန္ပဲြ႐ွိ၍ မဂၤလာတိုက္၌
ရဟန္း႐ွင္လူ အစည္ကားဆံုးေန႔ျဖစ္သည္။ ဆရာေတာ္
ကား ယမန္ေန႔၊ သီတင္းကြၽတ္လျပည္႔ေက်ာ္ သံုးရက္ေန႔
ကပင္ဤ႐ွင္ျပဳပဲြအတြက္ ႀကိဳတင္ေရစက္ခ်ေပးကာ တစ္
နာရီခန္႔ တရားေဟာခဲ႔ၿပီးျဖစ္သည္။
နံနက္ ငါးနာရီတြင္ ေက်ာင္းအမေလး ေဒၚတင္လွႏွင္႔
ေဒၚကုမၼာရီတို႔ ေကြကာအုပ္ေဖ်ာ္၍ဆရာေတာ္ေက်ာင္း
သို႔ဝင္လာၾကသည္။
” တင္လွ -နင္တို႔ငယ္ေသးတယ္။ ကမ္းမျမင္တဲ႔ေရျပင္
မွာလက္ပစ္ကူးေနၾကရတယ္။ေလာကဓံကို ခံႏိုင္ေအာင္
လုပ္။ေရေမ်ာယင္း ကမ္းစပ္ကသစ္ပင္ကို ကံအားေလ်ာ္
စြာ ေတြ႕ရလို႔ အားကိုးတစ္ႀကီးဆဲြကိုင္မိေပမယ္႔ သစ္ပင္
ကလည္း လိႈင္းဒဏ္ေၾကာင္႔ အျမစ္အံုပါႂကြၿပီးေနတဲ႔ သစ္
ပင္အိုႀကီးဆိုေတာ႔ နင္တို႔အေပၚမိအံုးမွာပဲ “ဟု မိန္႔ေတာ္
မူကာ ေဒၚတင္လွ၏ ခင္ပြန္းအပါးေတာ္ျမဲေက်ာင္းဒကာ
ေလး ဦးေက်ာ္သိန္းအားလႊတ္လိုက္ရန္ မိန္႔ေတာ္မူ၏။

ေက်ာင္းဒကာေလးေရာက္လာလွ်င္ –
” အင္း –
သံုးဖို႔စားဖို႔ေတာ႔လူတိုင္းထိုက္တန္ေလာက္
႐ွိေနၾကတာပဲ။ ေတာ္ေလာက္ၿပီ။ မင္းတို႔ စီးပြား
႐ွာေနတာက ျဖဳန္းဖို႕႐ွာေနၾကတာ။ မင္းတို႔ဥစၥာ
ကို တြယ္တာမေနနဲ႔၊ ဉာဏ္နဲ႔စြန္႔။ေလာကဓံလိႈင္း
ပိမယ္။ ငါမရွိလည္း ငါ႔တရားေခြ႐ွိတယ္။ ႀကိဳးစား
နာရစ္ ” ဟု မိန္႔ေတာ္မူရာ နားမ႐ွင္းေသာ္လည္း
ဘာမွ်ျပန္မေလ်ွာက္ဝံ႔။ ႐ုပ္လကၡဏာႏွင္႔ အသံ
သည္ဘအလ်င္ကအတိုင္းပင္႐ွိ၍ မည္သို႔ဟု
မထင္တတ္႐ွိေန၏။ သို႔ႏွင္႔ျပန္လာၿပီး ( အျမဲ
ဝတ္ျပဳရသူ ေ႐ွ႕မွီေနာက္မွီ ) ဦးသာဆိုင္အား
အက်ိဳးအေၾကာင္းေျပာျပရာ –
” ဆရာေတာ္ ရန္ကုန္ႂကြမလို႔ ျဖစ္မွာေပါ႔ ” ဟု
သာ မွတ္ခ်က္ေပးေလသည္။ မွန္ေပ၏။
ဆရာေတာ္ကား ရန္ကုန္ဌာနသို႔ ႂကြေပေတာ႔
မည္။
ဆရာေတာ္သည္ ေကြကာအုပ္ဘုဥ္းေပးၿပီး
ေနာက္ သကၤန္းလဲကာ ကထိန္ဆြမ္းေကြၽး အ
တြက္ ႂကြသြားေလသည္။ မိုးကုတ္ဦးခ်စ္လွ၊
ေဒၚေသာင္းတို႔က သား႐ွင္ျပဳကထိန္ပဲြအတြက္
နံနက္ ၆ နာရီမွစ၍ မဂၤလာတိုက္တြင္ သံဃာ
အပါး ႏွစ္ရာအား ဆြမ္းကပ္ၾက၏။ ဆရာေတာ္
ကား မဘုဥ္းေပး။ ဆရာေတာ္ႀကီးမ်ားအပါးတြင္
တရားအာရံုျပဳ၍ ထိုင္ေနေတာ္မူသည္။
ဆရာေတာ္ၾကီးမ်ားအပါးတြင္ တရားအာရံုျဖင္႔
ထိုင္ေနေတာ္မူသည္။ ဆရာေတာ္ႀကီးမ်ား လက္
ဖက္ရည္အခ်ိဳပဲြမွ ထခါနီးတြင္ ဆရာေတာ္ ဦးဝိမလက
ငယ္စဥ္မွအစ အစ္ကိုႀကီးပမာ တစ္ဘဝလံုး ဆံုးမသြန္
သင္ေပးခဲ႔ေသာ ေအာင္ျခင္း႐ွစ္ပါးဆရာေတာ္ႀကီး
ဦးနာဂဝံသ၏ ေျခဖမိုးကို နဖူးျပင္ႏွင္႔တိုက္ၿပီး ပ်ပ်ဝပ္ဝပ္
ကန္ေတာ႔သည္။ ႏႈတ္မွလည္း –
” အ႐ွင္ဘုရားကို အခုလို ကန္ေတာ႔ျခင္းဟာ
တပည္႔ေတာ္အတြက္ ေနာက္ဆံုးျဖစ္ပါလိမ္႔မည္
ဘုရား ” ဟူ၍ ေလ်ွာက္ထားေသးသည္။
သံဃာမ်ား ဆြမ္းေဘာဇဥ္ ဘုဥ္းေပးၿပီးလွ်င္
ဆရာေတာ္ကိုယ္တိုင္ ဆရာေတာ္ႀကီးမ်ားအား
လွဴဖြယ္ပစၥည္းမ်ားကို လိုက္၍ ဆက္ကပ္၏။
ၿပီးလွ်င္ ေထရ္ႀကီး ဝါႀကီးဆရာေတာ္ႀကီးမ်ား
ျပန္ႂကြမည္ျဖစ္ရာ ဆရာေတာ္သည္ တိုက္ေပၚမွ
ဆင္းလ်ွက္ တစ္ပါးၿပီးတစ္ပါး လိုက္လံ၍ တဲြပို႕
ဝတ္ျပဳကာ ကားမ်ားေပၚသို႔ အေရာက္ ရႊင္လန္း
ဝမ္းေျမာက္စြာအေခါက္ေခါက္သြားေခ်ျပန္လွည္႔
ႏုတ္ဆက္ေတာ္မူသည္။
အလွဳပဲြၿပီးလ်ွင္ တပည္႔ႀကီး ဦးလွဘူးအား
ေခၚ၍ ( ႐ွင္ျပဳကထိန္ပဲြ က်င္းပရာ မဂၤလာ
ေက်ာင္းတိုက္ဘက္မွ ) ရိပ္သာဘက္သို႔ ကူးလာ
၏။
” အင္း –
ငါ႔ခႏၶာကိုယ္ႀကီးကေတာ႔ ေလးလွၿပီ ” ဟု
မိန္႔ေတာ္မူရာ ဦးလွဘူူမွ နားမလည္၍ အက်ိဳး
အေၾကာင္းျပန္ေလွ်ာက္ရာ –
” မင္းတယ္အ, တဲ႔ေကာင္ပဲ ” ဟုသာ ျပံဳး၍
မိန္႔ေတာ္မူ၏။
ေနာက္ ေဒၚတင္လွအား ေကာ္ဖီလာ၍ကပ္
ရန္ အမိန္႔႐ွိသျဖင္႔ ေဒၚတင္လွေရာက္လာ၏။
ေကာ္ဖီဘုဥ္းေပးလ်က္ –
” တင္လွ ခုရက္ပိုင္း နင္အိပ္မက္မ်ား ထူးထူး
ေထြေထြ မမက္ဘူးလား ” ဟု ေမးေတာ္မူ၍
” ရိပ္သာထဲမွ ေစတီႀကီးတစ္ဆူအနီး၌
ဆရာေတာ္တရား႐ႈမွတ္ေနရာေစတီႀကီးမွာ
မီးခိုးအူ၍ ေဖာင္းရစ္မွ တအိအိၿပိဳက်လာရာ
ဆရာေတာ္အေပၚ ပိက်ေသာ္လည္း ဆရာေတာ္
မွာမည္သို႔မွ် မျဖစ္ေၾကာင္း”ေလွ်ာက္ထားသည္။
” ဟ –
နင္႔ အိပ္မက္က တယ္စင္းပါလား။
ပုဗၺနိမိတ္ဆိုတာ ဒီလိုပဲ ျဖစ္ေပၚစျမဲပဲ။
ငါ႔လို ခံႏိုင္ရည္႐ွိေအာင္ တရားကို နာနာဖိ
အားထုတ္ရစ္ၾက ” ဟု အမိန္႔႐ွိကာ –
” ခဏေစာင္႔အံုး ” ဟု မိန္႔ေတာ္မူ၍ အခန္း
တြင္းသို႔ ႂကြသြား၏။ ၿပီးလွ်င္ သကၤန္းလဲကာ
ေစာေစာကဝတ္ထားေသာ ဧကသီသင္းပိုင္ႏွင္႔
အံသကိဋ္ ႏွစ္ထည္ကို ကိုင္၍ ထြက္လာသည္။
” ေရာ႔ –
ဒီသကၤန္းေတြ နင္႔ဇရပ္ယူသြား၊ သိမ္းထား၊
ေရမေလွ်ာ္နဲ႔ ” ဟု ေပးလိုက္ေတာ္မူသည္။
ေဒၚတင္လွခဗ်ာ စိတ္ဇေဝဇဝါျဖင္႔ ဘာမွ်ျပန္မေလွ်ာက္
ရဲပဲ သကၤန္းမ်ားကိုယူ၍မိမိဇရပ္သို႔ ျပန္လာခဲ႔ရ႐ွာ၏။
ထိုေန႔ ၁၁ နာရီခဲြတြင္ ေကာ္ဖီႏွင္႔စြပ္ျပဳတ္
ဘုဥ္းေပးေတာ္မူ၏။ ဆရာေတာ္ဘုရားႀကီး သံုးပါးႏွင္႔အတူ ဘုဥ္းေပးပံုကို ဓါတ္ပံုအ႐ိုက္ခံ
ေတာ္မူေသးသည္။ ဆရာေတာ္သည္ ဆံုးမ
စကားေျပာေဟာလ်က္ပင္ ႐ွိေန၏။ ေျပာေဟာ
ေသာစကားမ်ားမွာ အံ႔အားသင္႔စရာခ်ည္႔ျဖစ္၍
ဆရာဝန္ပင္႔ရန္ ဒကာမ်ားက ေလွ်ာက္ရာ –
” ကိစၥမ႐ွိပါဘူး။ မေန႔က ပန္ကာေလ မိသြားလို႔ အခိုးနဲနဲငုတ္သြားတာပါ။ဆရာဝန္ပင္႔ခ်င္လွ်င္ တစ္ခ်က္
ခဲြမွပင္႔ ” ဟု မိန္႔ေတာ္မူ၏။
ဆံုးမစကားကိုသာ တြင္တြင္ေဟာေတာ္မူသည္။
႐ုပ္လကၡဏာေတာ္ႏွင္႔ အသံေတာ္ကား ပကတိ
အတိုင္းပင္။
” ခႏၶာဝန္ႀကီးကလည္း တယ္ေလးတာပဲ။
ကဲ – ဦးသန္းေမာင္၊ ဝမ္းခ်ဴေပးစမ္းပါအံုး ”
ဟုဆိုကာ ကုဋီတိုက္ေတာ္သို႔ ကိုယ္ေတာ္တိုင္
ႂကြေတာ္မူသည္။
ရဟန္း႐ွင္လူပရိသတ္ကား ဆရာေတာ္
ေက်ာင္းေပၚ၌ အားလံုးစု၍ လာၾက၏။ ေဒါက္တာဆိုနီႏွင္႔ ဆရာဝန္ႀကီး ဦးေစာျမေအာင္
တို႔ေရာက္လာၾကသည္။
” ကဲ –
ေနာက္ထပ္ေဆးထိုးစရာ႐ွိေသးရင္ ျမန္ျမန္
ထိုးၾက။ အခ်ိန္မ႐ွိဘူး။ မင္းတို႔ေဆးလည္း
ဘာမွမတတ္ႏိုင္ဘူး ” ဟုပင္ မိန္႔ေတာ္မူ၏။
ေန႔တစ္နာရီ ထိုးေပၿပီ။
မိုးကုတ္ဆရာေတာ္ျမတ္ဘုရားႀကီးက
ဆရာဝန္ပင္႔ခ်င္လွ်င္ တစ္ခ်က္ခဲြမွပင္႔ အမိန္႔႐ွိ
ထားပါသည္။ တပည္႔ ဒကာ၊ ဒကာမမ်ားသည္
တစ္နာရီမထိုးမီကပင္ ဆရာဝန္မ်ားကို ရိပ္သာ
အေရာက္ပင္႔ၾကပါသည္။ ထိုအခါ ေဆးအကုသ
ခံေပးေတာ္မူရပါသည္။ အစစျပဳစုေပးမႈလည္း
ခံေပးေတာ္မူရပါသည္။ တပည္႔ ဒကာ၊ ဒကာမ
တို႔၏ ကုသိုလ္ေစတနာကို ခြင္႔ျပဳေတာ္မူရပါ
သည္။ တစ္ခ်က္ခဲြမွ ဆရာဝန္ပင္႔ခ်င္လွ်င္ ပင္႔
အမိန္႔ေတာ္႐ွိသည္ကို တစ္ခ်က္မတိုင္မီကပင္
ဤသို႔ျပဳစုကုသေပးၾကသည္ကို ေဗြမယူသာပဲ
ေဝေနယ်၏ အက်ိဳးအတြက္ အလွဴလက္ခံ
ကုသိုလ္ေပးေတာ္မူရပါသည္။ ျမတ္ဗုဒၶသာသနာ
တြင္ ရဟန္းသံဃာျမတ္ဘုရားတို႔ကို လူဒကာ၊
ဒကာမမ်ားတို႔က လယ္ယာေျမေကာင္းသဖြယ္
ထာဝစဥ္, စဥ္ဆက္, ဆက္လက္ခံယူသြားၾကရ
ေရးကို ဒိ႒ာႏူဂတိစံေတာ္ထားရေသာ ဘုရား
သားေတာ္ျမတ္ဘုရားႀကီး မွန္ေတာ္မူလွ
ပါသည္။ ဤသို႔ေသာ သူေတာ္ေကာင္းဆရာ
ဘုရားႀကီးတို႔၏ ၿပီးျပည္႔စံုေသာအ႐ွိသေဘာကို
ေစာေက်ာမစြက္ သဒၶါၾကည္ျဖဴခံယူသင္႔ပါသည္။
မိုးကုတ္ဆရာေတာ္ျမတ္ဘုရားႀကီး၏
ေနာက္ဆံုးတစ္ေန႔တာ ျမန္မာႏိုင္ငံပဋိပတၱိ
သာသနာဝင္စာေတာ္ပါ ၾကည္ညိဳဘြယ္၊ လြမ္း
ဆြတ္ဘြယ္ရာမ်ား

အားငယ္ေသာမ်က္ႏွာမ်ားျဖင္႔ ရဟန္းႏွင္႔
႐ွင္လူမ်ား စိုးရိမ္တႀကီး ဖူးေျမာ္ေနၾကစဥ္ –
” ေမာင္ခ်စ္ေဆြ –
ဒီတစ္ခါေတာ႔ မရေတာ႔ဘူး။
ေဟ႔ –
တင္ေငြႀကီး၊ ငါ႔မ်က္စိေတြ ျပာလာၿပီ။
ကဲ –
အားလံုး ဦးပဥၨင္းမ်ားေရာ၊ ဒကာ ဒကာမေတြ
ေရာ ခႏၶာ႐ွိသူတိုင္း ခံစားရမည္႔ ေဝဒနာကို
ေက်ာ္လြန္ေအာင္ ႐ႈၾက။
မင္းတို႔ ခႏၶာဝန္ႀကီးရဲ႕ဒုကၡကို လက္ေတြ႕
ဒီမွာ ၾကည္႔ထားၾက။
မေမ႔မေလ်ာ႔ ေနရစ္ၾကေပေတာ႔ “ဟု ဆံုးမ
ၾသဝါဒေပးၿပီး ၁၅ မိနစ္ခန္႔ ၿငိမ္သက္ေအးေဆး
စြာ တရားႏွလံုးသြင္း၍ ေနေတာ္မူသည္။
တစ္နာရီႏွင္႔ မိနစ္ ၂၀ တြင္ ခႏၶာဇာတ္သိမ္း
၍ ခ်ဳပ္ျပတ္ၿငိ္မ္းေတာ္မူေလ၏။
အပၸမာဒတရား လက္ကိုင္ထားေတာ္မူေသာ
အရိယာရဟႏၱာျမတ္ႀကီးပါဘုရား။
အပၸမာဒတရား လက္ကိုင္ထားေတာ္မူေသာ
အရိယာရဟႏၱာျမတ္ႀကီးပါဘုရား။
အပၸမာဒတရား လက္ကိုင္ထားေတာ္မူေသာ
အရိယာရဟႏၱာျမတ္ႀကီးပါဘုရား။
သဒၶါၾကည္ယံုလႊမ္းပတ္ျခံဳ၍ မိုးကုတ္ဆရာ
ေတာ္ဘုရားႀကီး၏အရိယာရဟႏၱာဂုဏ္သင္းနံ႔
ထံုသည္ကို ျမင္သာထင္႐ွားသိေစႏိုင္ရန္
အတြက္ FACE BOOK စာမ်က္ႏွာေပၚမွ သူငယ္ခ်င္းမ်ားအားလံုံးသို႔ ကြၽန္ေတာ္ႏွင္႔ စာပန္းအိမ္မိသားစုမွ တရားဓမၼ ေပးေဝငွပါ၏။
ဆရာေတာ္ဘုရား –
ဤစာေရးသားေဖာ္ျပရာတြင္ အမွားတစ္စံုတစ္ရာ႐ွိခဲ႔ပါက အစဥ္သနားေသာအားျဖင္႔ သနားသည္း
ခံခြင္႔လႊတ္ေတာ္မူပါဘုရား။
စာပန္းအိမ္ မိသားစု
မနၱေလးၿမိဳ႕။
၂၃.၁၁.၂၀၁၆။
Credit_ original uploader.
(Unicode)

မိုးကုတ်ဆရာတော်မြတ်ဘုရားကြီး၏ နောက်ဆုံးတစ်နေ့တာ
ဆရာတော်ဘုရားကြီး၏ကြည်ညိုစရာ လွမ်း
စရာ နောက်ဆုံးတစ်နေ့တာပါဘုရား။
ဤနေ့သည်ကား ဆရာတော်၏နောက်ဆုံးတစ်နေ့
တာဖြစ်၏။၁၃၂၄ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော်
လေးရက်၊ ဗုဒ္ဓဝူးနေ့။ရှင်ပြုကထိန်ပွဲရှိ၍ မင်္ဂလာတိုက်၌
ရဟန်းရှင်လူ အစည်ကားဆုံးနေ့ဖြစ်သည်။ ဆရာတော်
ကား ယမန်နေ့၊ သီတင်းကျွတ်လပြည့်ကျော် သုံးရက်နေ့
ကပင်ဤရှင်ပြုပွဲအတွက် ကြိုတင်ရေစက်ချပေးကာ တစ်
နာရီခန့် တရားဟောခဲ့ပြီးဖြစ်သည်။
နံနက် ငါးနာရီတွင် ကျောင်းအမလေး ဒေါ်တင်လှနှင့်
ဒေါ်ကုမ္မာရီတို့ ကွေကာအုပ်ဖျော်၍ဆရာတော်ကျောင်း
သို့ဝင်လာကြသည်။
” တင်လှ -နင်တို့ငယ်သေးတယ်။ ကမ်းမမြင်တဲ့ရေပြင်
မှာလက်ပစ်ကူးနေကြရတယ်။လောကဓံကို ခံနိုင်အောင်
လုပ်။ရေမျောယင်း ကမ်းစပ်ကသစ်ပင်ကို ကံအားလျော်
စွာ တွေ့ရလို့ အားကိုးတစ်ကြီးဆွဲကိုင်မိပေမယ့် သစ်ပင်
ကလည်း လှိုင်းဒဏ်ကြောင့် အမြစ်အုံပါကြွပြီးနေတဲ့ သစ်
ပင်အိုကြီးဆိုတော့ နင်တို့အပေါ်မိအုံးမှာပဲ “ဟု မိန့်တော်
မူကာ ဒေါ်တင်လှ၏ ခင်ပွန်းအပါးတော်မြဲကျောင်းဒကာ
လေး ဦးကျော်သိန်းအားလွှတ်လိုက်ရန် မိန့်တော်မူ၏။

ကျောင်းဒကာလေးရောက်လာလျှင် –
” အင်း –
သုံးဖို့စားဖို့တော့လူတိုင်းထိုက်တန်လောက်
ရှိနေကြတာပဲ။ တော်လောက်ပြီ။ မင်းတို့ စီးပွား
ရှာနေတာက ဖြုန်းဖို့ရှာနေကြတာ။ မင်းတို့ဥစ္စာ
ကို တွယ်တာမနေနဲ့၊ ဉာဏ်နဲ့စွန့်။လောကဓံလှိုင်း
ပိမယ်။ ငါမရှိလည်း ငါ့တရားခွေရှိတယ်။ ကြိုးစား
နာရစ် ” ဟု မိန့်တော်မူရာ နားမရှင်းသော်လည်း
ဘာမျှပြန်မလျှောက်ဝံ့။ ရုပ်လက္ခဏာနှင့် အသံ
သည်ဘအလျင်ကအတိုင်းပင်ရှိ၍ မည်သို့ဟု
မထင်တတ်ရှိနေ၏။ သို့နှင့်ပြန်လာပြီး ( အမြဲ
ဝတ်ပြုရသူ ရှေ့မှီနောက်မှီ ) ဦးသာဆိုင်အား
အကျိုးအကြောင်းပြောပြရာ –
” ဆရာတော် ရန်ကုန်ကြွမလို့ ဖြစ်မှာပေါ့ ” ဟု
သာ မှတ်ချက်ပေးလေသည်။ မှန်ပေ၏။
ဆရာတော်ကား ရန်ကုန်ဌာနသို့ ကြွပေတော့
မည်။
ဆရာတော်သည် ကွေကာအုပ်ဘုဉ်းပေးပြီး
နောက် သင်္ကန်းလဲကာ ကထိန်ဆွမ်းကျွေး အ
တွက် ကြွသွားလေသည်။ မိုးကုတ်ဦးချစ်လှ၊
ဒေါ်သောင်းတို့က သားရှင်ပြုကထိန်ပွဲအတွက်
နံနက် ၆ နာရီမှစ၍ မင်္ဂလာတိုက်တွင် သံဃာ
အပါး နှစ်ရာအား ဆွမ်းကပ်ကြ၏။ ဆရာတော်
ကား မဘုဉ်းပေး။ ဆရာတော်ကြီးများအပါးတွင်
တရားအာရုံပြု၍ ထိုင်နေတော်မူသည်။
ဆရာတော်ကြီးများအပါးတွင် တရားအာရုံဖြင့်
ထိုင်နေတော်မူသည်။ ဆရာတော်ကြီးများ လက်
ဖက်ရည်အချိုပွဲမှ ထခါနီးတွင် ဆရာတော် ဦးဝိမလက
ငယ်စဉ်မှအစ အစ်ကိုကြီးပမာ တစ်ဘဝလုံး ဆုံးမသွန်
သင်ပေးခဲ့သော အောင်ခြင်းရှစ်ပါးဆရာတော်ကြီး
ဦးနာဂဝံသ၏ ခြေဖမိုးကို နဖူးပြင်နှင့်တိုက်ပြီး ပျပျဝပ်ဝပ်
ကန်တော့သည်။ နှုတ်မှလည်း –
” အရှင်ဘုရားကို အခုလို ကန်တော့ခြင်းဟာ
တပည့်တော်အတွက် နောက်ဆုံးဖြစ်ပါလိမ့်မည်
ဘုရား ” ဟူ၍ လျှောက်ထားသေးသည်။
သံဃာများ ဆွမ်းဘောဇဉ် ဘုဉ်းပေးပြီးလျှင်
ဆရာတော်ကိုယ်တိုင် ဆရာတော်ကြီးများအား
လှူဖွယ်ပစ္စည်းများကို လိုက်၍ ဆက်ကပ်၏။
ပြီးလျှင် ထေရ်ကြီး ဝါကြီးဆရာတော်ကြီးများ
ပြန်ကြွမည်ဖြစ်ရာ ဆရာတော်သည် တိုက်ပေါ်မှ
ဆင်းလျှက် တစ်ပါးပြီးတစ်ပါး လိုက်လံ၍ တွဲပို့
ဝတ်ပြုကာ ကားများပေါ်သို့ အရောက် ရွှင်လန်း
ဝမ်းမြောက်စွာအခေါက်ခေါက်သွားချေပြန်လှည့်
နုတ်ဆက်တော်မူသည်။
အလှုပွဲပြီးလျှင် တပည့်ကြီး ဦးလှဘူးအား
ခေါ်၍ ( ရှင်ပြုကထိန်ပွဲ ကျင်းပရာ မင်္ဂလာ
ကျောင်းတိုက်ဘက်မှ ) ရိပ်သာဘက်သို့ ကူးလာ
၏။
” အင်း –
ငါ့ခန္ဓာကိုယ်ကြီးကတော့ လေးလှပြီ ” ဟု
မိန့်တော်မူရာ ဦးလှဘူူမှ နားမလည်၍ အကျိုး
အကြောင်းပြန်လျှောက်ရာ –
” မင်းတယ်အ, တဲ့ကောင်ပဲ ” ဟုသာ ပြုံး၍
မိန့်တော်မူ၏။
နောက် ဒေါ်တင်လှအား ကော်ဖီလာ၍ကပ်
ရန် အမိန့်ရှိသဖြင့် ဒေါ်တင်လှရောက်လာ၏။
ကော်ဖီဘုဉ်းပေးလျက် –
” တင်လှ ခုရက်ပိုင်း နင်အိပ်မက်များ ထူးထူး
ထွေထွေ မမက်ဘူးလား ” ဟု မေးတော်မူ၍
” ရိပ်သာထဲမှ စေတီကြီးတစ်ဆူအနီး၌
ဆရာတော်တရားရှုမှတ်နေရာစေတီကြီးမှာ
မီးခိုးအူ၍ ဖောင်းရစ်မှ တအိအိပြိုကျလာရာ
ဆရာတော်အပေါ် ပိကျသော်လည်း ဆရာတော်
မှာမည်သို့မျှ မဖြစ်ကြောင်း”လျှောက်ထားသည်။
” ဟ –
နင့် အိပ်မက်က တယ်စင်းပါလား။
ပုဗ္ဗနိမိတ်ဆိုတာ ဒီလိုပဲ ဖြစ်ပေါ်စမြဲပဲ။
ငါ့လို ခံနိုင်ရည်ရှိအောင် တရားကို နာနာဖိ
အားထုတ်ရစ်ကြ ” ဟု အမိန့်ရှိကာ –
” ခဏစောင့်အုံး ” ဟု မိန့်တော်မူ၍ အခန်း
တွင်းသို့ ကြွသွား၏။ ပြီးလျှင် သင်္ကန်းလဲကာ
စောစောကဝတ်ထားသော ဧကသီသင်းပိုင်နှင့်
အံသကိဋ် နှစ်ထည်ကို ကိုင်၍ ထွက်လာသည်။
” ရော့ –
ဒီသင်္ကန်းတွေ နင့်ဇရပ်ယူသွား၊ သိမ်းထား၊
ရေမလျှော်နဲ့ ” ဟု ပေးလိုက်တော်မူသည်။
ဒေါ်တင်လှခဗျာ စိတ်ဇဝေဇဝါဖြင့် ဘာမျှပြန်မလျှောက်
ရဲပဲ သင်္ကန်းများကိုယူ၍မိမိဇရပ်သို့ ပြန်လာခဲ့ရရှာ၏။
ထိုနေ့ ၁၁ နာရီခွဲတွင် ကော်ဖီနှင့်စွပ်ပြုတ်
ဘုဉ်းပေးတော်မူ၏။ ဆရာတော်ဘုရားကြီး သုံးပါးနှင့်အတူ ဘုဉ်းပေးပုံကို ဓါတ်ပုံအရိုက်ခံ
တော်မူသေးသည်။ ဆရာတော်သည် ဆုံးမ
စကားပြောဟောလျက်ပင် ရှိနေ၏။ ပြောဟော
သောစကားများမှာ အံ့အားသင့်စရာချည့်ဖြစ်၍
ဆရာဝန်ပင့်ရန် ဒကာများက လျှောက်ရာ –
” ကိစ္စမရှိပါဘူး။ မနေ့က ပန်ကာလေ မိသွားလို့ အခိုးနဲနဲငုတ်သွားတာပါ။ဆရာဝန်ပင့်ချင်လျှင် တစ်ချက်
ခွဲမှပင့် ” ဟု မိန့်တော်မူ၏။
ဆုံးမစကားကိုသာ တွင်တွင်ဟောတော်မူသည်။
ရုပ်လက္ခဏာတော်နှင့် အသံတော်ကား ပကတိ
အတိုင်းပင်။
” ခန္ဓာဝန်ကြီးကလည်း တယ်လေးတာပဲ။
ကဲ – ဦးသန်းမောင်၊ ဝမ်းချူပေးစမ်းပါအုံး ”
ဟုဆိုကာ ကုဋီတိုက်တော်သို့ ကိုယ်တော်တိုင်
ကြွတော်မူသည်။
ရဟန်းရှင်လူပရိသတ်ကား ဆရာတော်
ကျောင်းပေါ်၌ အားလုံးစု၍ လာကြ၏။ ဒေါက်တာဆိုနီနှင့် ဆရာဝန်ကြီး ဦးစောမြအောင်
တို့ရောက်လာကြသည်။
” ကဲ –
နောက်ထပ်ဆေးထိုးစရာရှိသေးရင် မြန်မြန်
ထိုးကြ။ အချိန်မရှိဘူး။ မင်းတို့ဆေးလည်း
ဘာမှမတတ်နိုင်ဘူး ” ဟုပင် မိန့်တော်မူ၏။
နေ့တစ်နာရီ ထိုးပေပြီ။
မိုးကုတ်ဆရာတော်မြတ်ဘုရားကြီးက
ဆရာဝန်ပင့်ချင်လျှင် တစ်ချက်ခွဲမှပင့် အမိန့်ရှိ
ထားပါသည်။ တပည့် ဒကာ၊ ဒကာမများသည်
တစ်နာရီမထိုးမီကပင် ဆရာဝန်များကို ရိပ်သာ
အရောက်ပင့်ကြပါသည်။ ထိုအခါ ဆေးအကုသ
ခံပေးတော်မူရပါသည်။ အစစပြုစုပေးမှုလည်း
ခံပေးတော်မူရပါသည်။ တပည့် ဒကာ၊ ဒကာမ
တို့၏ ကုသိုလ်စေတနာကို ခွင့်ပြုတော်မူရပါ
သည်။ တစ်ချက်ခွဲမှ ဆရာဝန်ပင့်ချင်လျှင် ပင့်
အမိန့်တော်ရှိသည်ကို တစ်ချက်မတိုင်မီကပင်
ဤသို့ပြုစုကုသပေးကြသည်ကို ဗွေမယူသာပဲ
ဝေနေယျ၏ အကျိုးအတွက် အလှူလက်ခံ
ကုသိုလ်ပေးတော်မူရပါသည်။ မြတ်ဗုဒ္ဓသာသနာ
တွင် ရဟန်းသံဃာမြတ်ဘုရားတို့ကို လူဒကာ၊
ဒကာမများတို့က လယ်ယာမြေကောင်းသဖွယ်
ထာဝစဉ်, စဉ်ဆက်, ဆက်လက်ခံယူသွားကြရ
ရေးကို ဒိဋ္ဌာနူဂတိစံတော်ထားရသော ဘုရား
သားတော်မြတ်ဘုရားကြီး မှန်တော်မူလှ
ပါသည်။ ဤသို့သော သူတော်ကောင်းဆရာ
ဘုရားကြီးတို့၏ ပြီးပြည့်စုံသောအရှိသဘောကို
စောကျောမစွက် သဒ္ဓါကြည်ဖြူခံယူသင့်ပါသည်။
မိုးကုတ်ဆရာတော်မြတ်ဘုရားကြီး၏
နောက်ဆုံးတစ်နေ့တာ မြန်မာနိုင်ငံပဋိပတ္တိ
သာသနာဝင်စာတော်ပါ ကြည်ညိုဘွယ်၊ လွမ်း
ဆွတ်ဘွယ်ရာများ

အားငယ်သောမျက်နှာများဖြင့် ရဟန်းနှင့်
ရှင်လူများ စိုးရိမ်တကြီး ဖူးမြော်နေကြစဉ် –
” မောင်ချစ်ဆွေ –
ဒီတစ်ခါတော့ မရတော့ဘူး။
ဟေ့ –
တင်ငွေကြီး၊ ငါ့မျက်စိတွေ ပြာလာပြီ။
ကဲ –
အားလုံး ဦးပဥ္ဇင်းများရော၊ ဒကာ ဒကာမတွေ
ရော ခန္ဓာရှိသူတိုင်း ခံစားရမည့် ဝေဒနာကို
ကျော်လွန်အောင် ရှုကြ။
မင်းတို့ ခန္ဓာဝန်ကြီးရဲ့ဒုက္ခကို လက်တွေ့
ဒီမှာ ကြည့်ထားကြ။
မမေ့မလျော့ နေရစ်ကြပေတော့ “ဟု ဆုံးမ
သြဝါဒပေးပြီး ၁၅ မိနစ်ခန့် ငြိမ်သက်အေးဆေး
စွာ တရားနှလုံးသွင်း၍ နေတော်မူသည်။
တစ်နာရီနှင့် မိနစ် ၂၀ တွင် ခန္ဓာဇာတ်သိမ်း
၍ ချုပ်ပြတ်ငြိ်မ်းတော်မူလေ၏။
အပ္ပမာဒတရား လက်ကိုင်ထားတော်မူသော
အရိယာရဟန္တာမြတ်ကြီးပါဘုရား။
အပ္ပမာဒတရား လက်ကိုင်ထားတော်မူသော
အရိယာရဟန္တာမြတ်ကြီးပါဘုရား။
အပ္ပမာဒတရား လက်ကိုင်ထားတော်မူသော
အရိယာရဟန္တာမြတ်ကြီးပါဘုရား။
သဒ္ဓါကြည်ယုံလွှမ်းပတ်ခြုံ၍ မိုးကုတ်ဆရာ
တော်ဘုရားကြီး၏အရိယာရဟန္တာဂုဏ်သင်းနံ့
ထုံသည်ကို မြင်သာထင်ရှားသိစေနိုင်ရန်
အတွက် FACE BOOK စာမျက်နှာပေါ်မှ သူငယ်ချင်းများအားလုံံးသို့ ကျွန်တော်နှင့် စာပန်းအိမ်မိသားစုမှ တရားဓမ္မ ပေးဝေငှပါ၏။
ဆရာတော်ဘုရား –
ဤစာရေးသားဖော်ပြရာတွင် အမှားတစ်စုံတစ်ရာရှိခဲ့ပါက အစဉ်သနားသောအားဖြင့် သနားသည်း
ခံခွင့်လွှတ်တော်မူပါဘုရား။
စာပန်းအိမ် မိသားစု
မန္တလေးမြို့။
၂၃.၁၁.၂၀၁၆။
Credit_ original uploader.

LEAVE A REPLY

Please enter your comment!
Please enter your name here