“ဇနီးေလးေယာက္ဥပမာျပ တရားေတာ္”

<><><><><>(သီတဂူဆရာေတာ္ႀကီး)
အမ်ိဳးသားတစ္ဦးမွာ
ဇနီးသည္ေလးဦး ရွိပါတယ္..
ယင္းထဲမွာ သူက
ေလးေယာက္ေျမာက္
အငယ္ဆုံးမယားကို
အခ်စ္ဆုံးျဖစ္သတဲ့..
အျမဲတမ္း ဂရုစိုက္တယ္..
ျပဳျပင္ျခယ္သေပးတယ္..
တတိယေျမာက္မယားကို
ခ်စ္တာက်ေတာ့ တစ္မ်ိဳးေလးပါ..
သူ႔မိတ္ေဆြသူငယ္ခ်င္းေတြနဲ႔
ေတြ႕တဲ့အခါက်ေတာ့
အျမဲလိုလို ထုတ္ျပဂုဏ္ယူခ်င္ၿပီး
တတိယဇနီးးရွိထားျခင္းအတြက္လည္း
သူဂုဏ္ယူသတဲ့..
ဒုတိယေျမာက္ဇနီးျဖစ္သူကိုေတာ့ သူခ်စ္တာက
ေနာက္တစ္နည္းနဲ႔ျဖစ္ပါတယ္..
သူျပႆနာျဖစ္တိုင္း အခက္အခဲေတြၾကံဳေတြ႕ရတိုင္း
အျမဲတမ္း တိုင္ပင္လို႔ရတယ္..
အေျဖေကာင္းေတြေပးတယ္..
ကူညီေျဖရွင္းဖို႔အတြက္ အျမဲအေထာက္အကူျဖစ္ေစပါတယ္..
ဒါေၾကာင့္မို႔ သူ႔ကိုလည္း မခဲြႏိုင္ပါဘူး..
သူ႔ရဲ႕ပထမဇနီး
(မယားေခါင္ႀကီး)ကိုက်ေတာ့
သူ မခ်စ္ပါဘူး..
ပထမဇနီးကေတာ့ သူ႔ကို
ဂရုစိုက္ရွာပါတယ္..
ဒါေပမယ့္ တစ္ခါတစ္ရံ
ရွိတယ္လို႔ေတာင္ အမ်ိဳးသားက သတ္မွတ္ထားသူမဟုတ္ပါဘူး..
တစ္ေန႔ေတာ့ ေရာဂါတစ္ခုေၾကာင့္
ေသဆုံးခါနီးအခ်ိန္ကို အမ်ိဳးသားေရာက္ရွိလာပါၿပီ..
သူေသဖို႔ အင္မတန္ေၾကာက္ရံြ႕လို႔
သူ႔ဇနီးေလးေယာက္ထဲမွာ ဘယ္သူေတြ သူနဲ႔လိုက္မလဲလို႔ ေမးပါတယ္..
အငယ္ဆုံး ေလးေယာက္ေျမာက္ဇနီးက
“မလိုက္ႏိုင္ပါဘူးရွင္”လို႔ ေျဖၿပီး
အျခားဘာမွမေျပာပဲ ထြက္ခြာသြားပါတယ္..
တတိယဇနီးက
“ရွင္ေသရင္ ကြ်န္မ
ေနာက္တစ္ေယာက္ ထပ္ယူရံုပဲ”လို႔
ေပၚတင္ေျပာၿပီး လွည့္ထြက္သြားပါတယ္..
ဒုတိယဇနီးက
“ရွင္မေသခင္နဲ႔ အုတ္ဂူမသြင္းခင္
အထိေတာ့ ကြ်န္မျပဳစုေစာင့္ေရွာက္
ေပးႏိုင္ပါတယ္”
“အတူေသေပးဖို႔ကေတာ့ ကြ်န္မလည္းမတတ္ႏိုင္လို႔ ဝမ္းနည္းပါတယ္”လို႔ဆိုပါတယ္..
ပထမဇနီးက
“ကြ်န္မ ရွင္နဲ႔လိုက္ပါမယ္”
“ဘယ္ေတာ့မွ မခဲြပါဘူး” လို႔ ေျပာပါတယ္..
အဲ့ေတာ့
ေသလုေျမာေျမာအမ်ိဳးသားက
သူ႔ပထမဇနီးကို ဂရုမစိုက္ခဲ့ရေလျခင္းဆိုၿပီးေတာ့ ေနာင္တရပါေတာ့တယ္..
အေၾကာင္းက သူ႔ပထမဇနီးကို
ေသခ်ာမျပဳစု မေကြ်းေမြးခဲ့လို႔ ပိန္ၿပီးပင္ပန္းေနရွာပါတယ္..
ဒါေတာင္ လိုက္ဖို႔ေသခ်ာဆုံးျဖတ္ထားသူ
ျဖစ္ေနေလရဲ႕..
“စတုတၳဇနီး”ဆိုတာ
မိမိတို႔ေန႔စဥ္သယ္ေဆာင္ေနတဲ့ ကိုယ္ခႏၶာျဖစ္ပါတယ္..
ေသတဲ့တစ္ေန႔က်ရင္ ယူသြားလို႔မရပဲ ထားခဲ့ရပါမယ္..
ေျမႀကီးမႈန္႔သာ ျဖစ္သြားပါလိမ့္မယ္..
“တတိယဇနီး”ဆိုတာ
မိမိ အသက္ရွင္ခ်ိန္မွာ လက္ဝယ္ပိုင္ဆိုင္ထားတဲ့
စည္းစိမ္ဥစၥာမ်ားျဖစ္ပါတယ္..
မိမိေသသြားတဲ့အခါ
သူတစ္ပါးရဲ႕လက္ထဲကို ေရာက္ရွိသြားပါလိမ့္မယ္..
မိမိ မပိုင္ေတာ့ပါဘူး..
“ဒုတိယဇနီး”ဆိုတာ
မိမိရဲ႕မိသားစုပါ..
အသက္ရွိစဥ္ အတူေနရစဥ္
မိမိအတြက္ အေကာင္းဆုံး
အၾကံဉာဏ္မ်ား ေပးအပ္ျခင္း
ကူညီေပးျခင္းတို႔
ျပဳလုပ္ေပးႏိုင္ေပမယ့္
အတူေတာ့ လိုက္ေသႏိုင္သူမ်ားမဟုတ္ပါဘူး..
ကံရွိလို႔သာ ဒီတစ္ဘဝမွာ ေတြ႔ဆုံၾကံဳေတြ႕ရျခင္းျဖစ္ပါတယ္..
“ပထမဇနီး”ဆိုတာ
မိမိတို႔ျပဳလုပ္တဲ့ကံ ျဖစ္ပါတယ္..
ကံဆိုတာ မိမိတို႔ျပဳလုပ္တဲ့ မေကာင္းမႈေကာင္းမႈမ်ားျဖစ္ၿပီး
သံသရာမွာ က်င္လည္
ေနရေသးသေရြ႕ တစ္လွည့္စီ
အက်ိဳးေပးေနမွာ ျဖစ္ပါတယ္..
မေကာင္းမႈမ်ားမ်ားျပဳထားသူဟာ
မေကာင္းတဲ့ဝဋ္ဒုကၡမ်ားကို
ၾကံဳေတြ႕ခံစားရမွာျဖစ္ပါတယ္..
ေကာင္းတဲ့အမႈကိစၥမ်ားျပဳလုပ္ထားရင္
ေကာင္းတဲ့ကံမ်ား ရလဒ္မ်ားကို
ခံစားရမွာျဖစ္ပါတယ္..
အကယ္၍
ဝိပႆနာကုသိုလ္
ေကာင္းမႈျပဳလုပ္ျခင္းျဖစ္တဲ့
တရားထိုင္ျခင္း တရားအားထုတ္ျခင္းတို႔ကေတာ့
မိမိကို သံသရာကေန လြတ္ေျမာက္ၿပီး နိဗၺာန္သို႔ေရာက္ရွိေစႏိုင္မွာျဖစ္ပါတယ္..
ဒါကို လူအမ်ားစုက ေမ့ေလ်ာ့ၾကၿပီး
မိမိရဲ႕ဒီပထမဇနီး ပထမခင္ပြန္းကို ပစ္ပယ္ထားေလ့ရွိပါတယ္..
မပစ္ပယ္သည့္တိုင္
မေကာင္းမႈမ်ားမွာသာ
ေမြ႔ေလ်ာ္ေနၾကတာ မ်ားပါတယ္..
မိမိက မေခၚရင္ေတာင္
ဘဝဆက္တိုင္းမွာ သူက လိုက္ပါလာမွာျဖစ္ပါတယ္..
ဒါေၾကာင့္မို႔
ယေန႔ကစလို႔ မိမိတို႔အေနနဲ႔
ေကာင္းမႈကုသိုလ္နဲ႔
ဝိပႆနာကုသိုလ္မ်ားကို
စတင္ျပဳလုပ္ႏိုင္ၾကေစဖို႔
ေစတနာျဖင့္ အၾကံေပး တိုက္တြန္းလိုက္ရပါတယ္..။
သီတဂူဆရာေတာ္ႀကီး
ေစတနာေမတၱာအရင္းခံျဖင့္ ကူးယူမ်ွေဝပူေဇာ္ပါသည္..။

Credit_ ohmarshin
(Unicode)

“ဇနီးလေးယောက်ဥပမာပြ တရားတော်”
<><><><><>(သီတဂူဆရာတော်ကြီး)

အမျိုးသားတစ်ဦးမှာ
ဇနီးသည်လေးဦး ရှိပါတယ်..
ယင်းထဲမှာ သူက

လေးယောက်မြောက်
အငယ်ဆုံးမယားကို
အချစ်ဆုံးဖြစ်သတဲ့..
အမြဲတမ်း ဂရုစိုက်တယ်..
ပြုပြင်ခြယ်သပေးတယ်..

တတိယမြောက်မယားကို
ချစ်တာကျတော့ တစ်မျိုးလေးပါ..
သူ့မိတ်ဆွေသူငယ်ချင်းတွေနဲ့
တွေ့တဲ့အခါကျတော့
အမြဲလိုလို ထုတ်ပြဂုဏ်ယူချင်ပြီး

တတိယဇနီးးရှိထားခြင်းအတွက်လည်း
သူဂုဏ်ယူသတဲ့..

ဒုတိယမြောက်ဇနီးဖြစ်သူကိုတော့ သူချစ်တာက
နောက်တစ်နည်းနဲ့ဖြစ်ပါတယ်..
သူပြဿနာဖြစ်တိုင်း အခက်အခဲတွေကြုံတွေ့ရတိုင်း
အမြဲတမ်း တိုင်ပင်လို့ရတယ်..
အဖြေကောင်းတွေပေးတယ်..
ကူညီဖြေရှင်းဖို့အတွက် အမြဲအထောက်အကူဖြစ်စေပါတယ်..
ဒါကြောင့်မို့ သူ့ကိုလည်း မခွဲနိုင်ပါဘူး..

သူ့ရဲ့ပထမဇနီး
(မယားခေါင်ကြီး)ကိုကျတော့
သူ မချစ်ပါဘူး..
ပထမဇနီးကတော့ သူ့ကို
ဂရုစိုက်ရှာပါတယ်..
ဒါပေမယ့် တစ်ခါတစ်ရံ
ရှိတယ်လို့တောင် အမျိုးသားက သတ်မှတ်ထားသူမဟုတ်ပါဘူး..

တစ်နေ့တော့ ရောဂါတစ်ခုကြောင့်
သေဆုံးခါနီးအချိန်ကို အမျိုးသားရောက်ရှိလာပါပြီ..
သူသေဖို့ အင်မတန်ကြောက်ရွံ့လို့
သူ့ဇနီးလေးယောက်ထဲမှာ ဘယ်သူတွေ သူနဲ့လိုက်မလဲလို့ မေးပါတယ်..

အငယ်ဆုံး လေးယောက်မြောက်ဇနီးက
“မလိုက်နိုင်ပါဘူးရှင်”လို့ ဖြေပြီး
အခြားဘာမှမပြောပဲ ထွက်ခွာသွားပါတယ်..

တတိယဇနီးက
“ရှင်သေရင် ကျွန်မ
နောက်တစ်ယောက် ထပ်ယူရုံပဲ”လို့
ပေါ်တင်ပြောပြီး လှည့်ထွက်သွားပါတယ်..

ဒုတိယဇနီးက
“ရှင်မသေခင်နဲ့ အုတ်ဂူမသွင်းခင်
အထိတော့ ကျွန်မပြုစုစောင့်ရှောက်
ပေးနိုင်ပါတယ်”
“အတူသေပေးဖို့ကတော့ ကျွန်မလည်းမတတ်နိုင်လို့ ဝမ်းနည်းပါတယ်”လို့ဆိုပါတယ်..

ပထမဇနီးက
“ကျွန်မ ရှင်နဲ့လိုက်ပါမယ်”
“ဘယ်တော့မှ မခွဲပါဘူး” လို့ ပြောပါတယ်..

အဲ့တော့
သေလုမြောမြောအမျိုးသားက
သူ့ပထမဇနီးကို ဂရုမစိုက်ခဲ့ရလေခြင်းဆိုပြီးတော့ နောင်တရပါတော့တယ်..

အကြောင်းက သူ့ပထမဇနီးကို
သေချာမပြုစု မကျွေးမွေးခဲ့လို့ ပိန်ပြီးပင်ပန်းနေရှာပါတယ်..
ဒါတောင် လိုက်ဖို့သေချာဆုံးဖြတ်ထားသူ
ဖြစ်နေလေရဲ့..

“စတုတ္ထဇနီး”ဆိုတာ
မိမိတို့နေ့စဉ်သယ်ဆောင်နေတဲ့ ကိုယ်ခန္ဓာဖြစ်ပါတယ်..
သေတဲ့တစ်နေ့ကျရင် ယူသွားလို့မရပဲ ထားခဲ့ရပါမယ်..
မြေကြီးမှုန့်သာ ဖြစ်သွားပါလိမ့်မယ်..

“တတိယဇနီး”ဆိုတာ
မိမိ အသက်ရှင်ချိန်မှာ လက်ဝယ်ပိုင်ဆိုင်ထားတဲ့
စည်းစိမ်ဥစ္စာများဖြစ်ပါတယ်..
မိမိသေသွားတဲ့အခါ
သူတစ်ပါးရဲ့လက်ထဲကို ရောက်ရှိသွားပါလိမ့်မယ်..
မိမိ မပိုင်တော့ပါဘူး..

“ဒုတိယဇနီး”ဆိုတာ
မိမိရဲ့မိသားစုပါ..
အသက်ရှိစဉ် အတူနေရစဉ်
မိမိအတွက် အကောင်းဆုံး
အကြံဉာဏ်များ ပေးအပ်ခြင်း
ကူညီပေးခြင်းတို့
ပြုလုပ်ပေးနိုင်ပေမယ့်
အတူတော့ လိုက်သေနိုင်သူများမဟုတ်ပါဘူး..
ကံရှိလို့သာ ဒီတစ်ဘဝမှာ တွေ့ဆုံကြုံတွေ့ရခြင်းဖြစ်ပါတယ်..

“ပထမဇနီး”ဆိုတာ
မိမိတို့ပြုလုပ်တဲ့ကံ ဖြစ်ပါတယ်..
ကံဆိုတာ မိမိတို့ပြုလုပ်တဲ့ မကောင်းမှုကောင်းမှုများဖြစ်ပြီး
သံသရာမှာ ကျင်လည်
နေရသေးသရွေ့ တစ်လှည့်စီ
အကျိုးပေးနေမှာ ဖြစ်ပါတယ်..

မကောင်းမှုများများပြုထားသူဟာ
မကောင်းတဲ့ဝဋ်ဒုက္ခများကို
ကြုံတွေ့ခံစားရမှာဖြစ်ပါတယ်..

ကောင်းတဲ့အမှုကိစ္စများပြုလုပ်ထားရင်
ကောင်းတဲ့ကံများ ရလဒ်များကို
ခံစားရမှာဖြစ်ပါတယ်..

အကယ်၍
ဝိပဿနာကုသိုလ်
ကောင်းမှုပြုလုပ်ခြင်းဖြစ်တဲ့
တရားထိုင်ခြင်း တရားအားထုတ်ခြင်းတို့ကတော့
မိမိကို သံသရာကနေ လွတ်မြောက်ပြီး နိဗ္ဗာန်သို့ရောက်ရှိစေနိုင်မှာဖြစ်ပါတယ်..

ဒါကို လူအများစုက မေ့လျော့ကြပြီး
မိမိရဲ့ဒီပထမဇနီး ပထမခင်ပွန်းကို ပစ်ပယ်ထားလေ့ရှိပါတယ်..
မပစ်ပယ်သည့်တိုင်
မကောင်းမှုများမှာသာ
မွေ့လျော်နေကြတာ များပါတယ်..
မိမိက မခေါ်ရင်တောင်
ဘဝဆက်တိုင်းမှာ သူက လိုက်ပါလာမှာဖြစ်ပါတယ်..

ဒါကြောင့်မို့
ယနေ့ကစလို့ မိမိတို့အနေနဲ့
ကောင်းမှုကုသိုလ်နဲ့
ဝိပဿနာကုသိုလ်များကို
စတင်ပြုလုပ်နိုင်ကြစေဖို့
စေတနာဖြင့် အကြံပေး တိုက်တွန်းလိုက်ရပါတယ်..။

သီတဂူဆရာတော်ကြီး

စေတနာမေတ္တာအရင်းခံဖြင့် ကူးယူမျှဝေပူဇော်ပါသည်..။

Credit_ ohmarshin

LEAVE A REPLY

Please enter your comment!
Please enter your name here