ေခါင္းငံု႔မသြားပါနဲ႔ ေခါင္းေမာ့ထားပါ
========================
ေအာင္ျမင္ခ်င္ရင္ အေရထူပါ။ အံတင္းတင္းႀကိတ္ပါ။ တစ္ဒဂၤသာယာမႈကို ေရွာင္ပါ။ ေရရွည္စိတ္ခ်မ္းသာဖို႔ စဥ္းစားေတြးေခၚၿပီး အလုပ္လုပ္ပါ။ သာမညကိစၥေတြ ေလွ်ာ့ခ်ပါ။ အေရးအပါဆံုးေတြနဲ႔ တတ္ႏိုင္တာေတြကို အရင္လုပ္ပါ။ အခ်ိန္မၿဖံဳးပါနဲ႔။ မေတြေ၀ပါနဲ႔။ တစ္ခုခုလုပ္ေနပါ။
လူတိုင္းေတာ့ ေအာင္ျမင္ခ်င္တယ္ ေျပာတတ္ၾကတာပါပဲ။ ဒါေပမဲ့ ဇြဲရွိသူနဲ႔ အာရံုစိုက္အလုပ္လုပ္သူေတာ့ အေတာ္နည္းပါတယ္။ ဒါေၾကာင့္လည္း ေအာင္ျမင္သူက နည္းၿပီး က်ရႈံးသူေတြမ်ားေနရတာေပါ့။ တစ္ခ်ိဳ႕က လူတစ္ေယာက္ရဲ႕ ေအာင္ျမင္မႈကို ျမင္ၿပီး အားေတာ့က်ပါရဲ႕။ အဲဒီလူဘာေတြေပးဆပ္ခဲ့ရသလဲ၊ ဘယ္ေလာက္ အားစိုက္ခဲ့ရသလဲ၊ အခ်ိန္ေတြဘယ္ေလာက္ရင္းခဲ့ရသလဲဆိုတာကိုေတာ့ စိတ္မ၀င္စားၾကပါဘူး။ ဒါေၾကာင့္ ကိုယ့္ေအာင္ျမင္မႈအတြက္ ဘာေတြျဖည့္ဆည္းရမယ္ဆိုတာ နားမလည္ေတာ့ဘူးေပါ့။
တကယ္ေတာ့ ေနရာတစ္ခုရေနၿပီး ေအာင္ျမင္ဆဲ၊ ေအာင္ျမင္လတၱံ႕ ျဖစ္ေနသူေတြဟာ အရည္အခ်င္းေတြ အမ်ားႀကီးျဖည့္ခဲ့ၿပီးၿပီဆိုတာပါပဲ။ ဇြဲေတြ၊ အရံႈးမေပးစိတ္ဓာတ္ေတြ အမ်ားႀကီးပါပဲ။ အသစ္သမားဘ၀မွာ သူတို႔ေတြ အႏွိမ္ခံခဲ့ ရတာေတြ၊ ႀကိဳးစားေနဆဲဘ၀မွာ လမ္းပိတ္ထားတာေတြ၊ တက္လာမွာစိုးလို႔ ေခ်ာက္တြန္းခံရတာေတြ၊ အဖ်က္ခံရတာေတြ၊ ကူညီသလိုနဲ႔ မေသမရွင္ဘ၀မ်ိဳး ထားတာေတြ၊ လူေတြရဲ႕ လိုတစ္မ်ိဳး မလိုတစ္မ်ိဳး ဆက္ဆံခံရတာေတြ၊ မ်ားလွမ်ားလွေသာ ေလာကဓံေတြကို ေက်ာ္ျဖတ္ခဲ့ရတယ္ဆိုတာ ဘယ္သူမွ စိတ္မ၀င္စားတတ္ဘူးေလ။
သူတို႔ေတြ ဘာလို႔ဒီေန႔ ရပ္တည္ေနႏိုင္ၾကလဲ။ တစ္ျခားေတာ့မဟုတ္ပါဘူး။ ဘယ္လိုေလာကဓံနဲ႔ႀကံဳႀကံဳ အံတင္းတင္းႀကိတ္ၿပီး၊ အရံႈးမေပးတဲ့စိတ္နဲ႔ ေခါင္းေမာ့ရင္ေကာ့ၿပီး လုပ္စရာရွိတာသာ တစ္စိုက္မတ္မတ္လုပ္တတ္ခဲ့ၾကလို႔ ေရာက္ခ်ိန္တန္ေတာ့ ေရာက္လာၾကတာပဲ ျဖစ္ပါတယ္။ သူတို႔ဘယ္ေတာ့မွ ေခါင္းမငံု႔တတ္ၾကဘူး။ အရံႈးမေပးတတ္ၾကဘူး။ အခက္အခဲကို မေၾကာက္ၾကဘူး။ မ်က္စိပိတ္မထားၾကဘူး။ နားပိတ္မထားၾကဘူး။ နားေတာင္မနားခဲ့ၾကပါဘူး။ ဒီေန႔ေတာ့ သူတို႔ေအာင္ျမင္ေနတယ္ေလ။
အရွင္သုစိတၱ (ေမာ္ကၽြန္း) ဆရာေတာ္
(Unicode)
ခေါင်းငုံ့မသွားပါနဲ့ ခေါင်းမော့ထားပါ။
========================
အောင်မြင်ချင်ရင် အရေထူပါ။ အံတင်းတင်းကြိတ်ပါ။ တစ်ဒင်္ဂသာယာမှုကို ရှောင်ပါ။ ရေရှည်စိတ်ချမ်းသာဖို့ စဉ်းစားတွေးခေါ်ပြီး အလုပ်လုပ်ပါ။ သာမညကိစ္စတွေ လျှော့ချပါ။ အရေးအပါဆုံးတွေနဲ့ တတ်နိုင်တာတွေကို အရင်လုပ်ပါ။ အချိန်မဖြုံးပါနဲ့။ မတွေဝေပါနဲ့။ တစ်ခုခုလုပ်နေပါ။

လူတိုင်းတော့ အောင်မြင်ချင်တယ် ပြောတတ်ကြတာပါပဲ။ ဒါပေမဲ့ ဇွဲရှိသူနဲ့ အာရုံစိုက်အလုပ်လုပ်သူတော့ အတော်နည်းပါတယ်။ ဒါကြောင့်လည်း အောင်မြင်သူက နည်းပြီး ကျရှုံးသူတွေများနေရတာပေါ့။ တစ်ချို့က လူတစ်ယောက်ရဲ့ အောင်မြင်မှုကို မြင်ပြီး အားတော့ကျပါရဲ့။ အဲဒီလူဘာတွေပေးဆပ်ခဲ့ရသလဲ၊ ဘယ်လောက် အားစိုက်ခဲ့ရသလဲ၊ အချိန်တွေဘယ်လောက်ရင်းခဲ့ရသလဲဆိုတာကိုတော့ စိတ်မဝင်စားကြပါဘူး။ ဒါကြောင့် ကိုယ့်အောင်မြင်မှုအတွက် ဘာတွေဖြည့်ဆည်းရမယ်ဆိုတာ နားမလည်တော့ဘူးပေါ့။

တကယ်တော့ နေရာတစ်ခုရနေပြီး အောင်မြင်ဆဲ၊ အောင်မြင်လတ္တံ့ ဖြစ်နေသူတွေဟာ အရည်အချင်းတွေ အများကြီးဖြည့်ခဲ့ပြီးပြီဆိုတာပါပဲ။ ဇွဲတွေ၊ အရှုံးမပေးစိတ်ဓာတ်တွေ အများကြီးပါပဲ။ အသစ်သမားဘဝမှာ သူတို့တွေ အနှိမ်ခံခဲ့ ရတာတွေ၊ ကြိုးစားနေဆဲဘဝမှာ လမ်းပိတ်ထားတာတွေ၊ တက်လာမှာစိုးလို့ ချောက်တွန်းခံရတာတွေ၊ အဖျက်ခံရတာတွေ၊ ကူညီသလိုနဲ့ မသေမရှင်ဘဝမျိုး ထားတာတွေ၊ လူတွေရဲ့ လိုတစ်မျိုး မလိုတစ်မျိုး ဆက်ဆံခံရတာတွေ၊ များလှများလှသော လောကဓံတွေကို ကျော်ဖြတ်ခဲ့ရတယ်ဆိုတာ ဘယ်သူမှ စိတ်မဝင်စားတတ်ဘူးလေ။

သူတို့တွေ ဘာလို့ဒီနေ့ ရပ်တည်နေနိုင်ကြလဲ။ တစ်ခြားတော့မဟုတ်ပါဘူး။ ဘယ်လိုလောကဓံနဲ့ကြံုကြံု အံတင်းတင်းကြိတ်ပြီး၊ အရှုံးမပေးတဲ့စိတ်နဲ့ ခေါင်းမော့ရင်ကော့ပြီး လုပ်စရာရှိတာသာ တစ်စိုက်မတ်မတ်လုပ်တတ်ခဲ့ကြလို့ ရောက်ချိန်တန်တော့ ရောက်လာကြတာပဲ ဖြစ်ပါတယ်။ သူတို့ဘယ်တော့မှ ခေါင်းမငုံ့တတ်ကြဘူး။ အရှုံးမပေးတတ်ကြဘူး။ အခက်အခဲကို မကြောက်ကြဘူး။ မျက်စိပိတ်မထားကြဘူး။ နားပိတ်မထားကြဘူး။ နားတောင်မနားခဲ့ကြပါဘူး။ ဒီနေ့တော့ သူတို့အောင်မြင်နေတယ်လေ။

အရှင်သုစိတ္တ (မော်ကျွန်း) ဆရာတော်

LEAVE A REPLY

Please enter your comment!
Please enter your name here