အားကိုး လက္ကိုင္႐ွာ
✨ ✨ ✨ ✨ ✨ ✨ ✨ ✨
#ခႏၶာႀကီး႐ွိလို႔ ခႏၶာႀကီးေရာက္ႏိုင္တဲ႔ေနရာဟာ
အိုနာေသေဘး မကင္းတဲ႔ေနရာပါ။
အိုနာေသလြတ္ေအာင္ လက္ကိုင္ရွာထားရပါမယ္။
အိုနာေသလြတ္ကင္းနိုင္ေအာင္လက္ဆုပ္လက္ကိုင္
ျပဳစရာ အားကိုးအားထားျပဳစရာကို ရွာထားရမယ္။
အားကိုးရွာရပါမယ္။
#တရားမရွိတဲ႔သူသည္ အားငယ္စရာပါ။
ပတ္ဝန္းက်င္မွာ ျမင္ေနရ ေတြ႕ေနရၾကရပါတယ္။
ကိုယ့္ဒကာ ဒကာမေတြ တခ်ိဳ႕ဘဝေနာက္ဆံုးခ်ိန္
ဘဝနိဂံုးခ်ဳပ္ကာနီးအခ်ိန္ သတိရလို႔ ပင့္ၾကတာ
ရွိပါတယ္။
ေဆးရံုေတြဘာေတြ၊ ေဆးခန္းေတြဘာေတြ
ေရာက္တဲ႔အခါမွ အမ်ိဳးမ်ိဳးအဖံုဖံု ေတြ႕ရတယ္။
တခ်ိဳ႕ကဣေျႏၵမပ်က္ အၿပံဳးေလးနဲ႔ ေသသြားတာ
လည္း ရွိတယ္။
တခ်ိဳ႕ေသခါနီးအခ်ိန္မွာ ေၾကာက္အားလန္႔အားနဲ႔
ေၾကာက္လန္႔ၿပီး ေသရတာလည္း ရွိတယ္။
ေၾကာက္လန္႔ေသရတယ္ဆိုတဲ႔အဓိပၸါယ္က
သူ႔မွာအားကိုးမရွိလို႔ပါ။
#အားကိုးမရွိေတာ႔ ေဘးကလူေတြ ကယ္ပါဦး
ယူပါဦး၊ အေမကယ္ပါ၊ အေဖကယ္ပါ၊ သားေရ
ကယ္ပါဦး၊ သမီးေရ ကယ္ပါဦး ေအာ္ဟစ္ေနတာ
အားကိုးမရွိလို႔ပါ။ အားကိုးမရွိေတာ႔ ေၾကာက္တယ္။
ေၾကာက္အားလန္႔အားနဲ႔ေၾကာက္လန္႔စိတ္နဲ႔ ေသဆံုး
ကြယ္လြန္သြားျပန္ေတာ႔ မေကာင္းရာ ေရာက္ပါမယ္။
#ေသခ်ာတယ္။ ဘယ္မွသြားၿပီးေတာ႔ ေဗဒင္ေမးစရာလည္း
မလိုဘူး။နတ္ေမးစရာလည္းမလိုဘူး။ လူတစ္ေယာက္
ဘဝနိဂံုးခ်ဳပ္တဲ႔အခ်ိန္မွာ အကဲခတ္ၾကည့္ရင္ ေရွ႕ဘဝ
သူဘယ္လိုျဖစ္မယ္၊ ဘယ္သြားမယ္ဆိုတာ မွန္းလို႔ရတယ္။
အားကိုးမရွိလို႔ ေၾကာက္အားလန္႔အားနဲ႔ ေသရမယ္ဆိုရင္
မေကာင္းရာကို သြားဖို႔မ်ားတယ္။
#တခ်ိဳ႕ကေတာ႔ ဒီလိုမဟုတ္ဘူး။ ေသလို႔ေသသြားမွန္းေတာင္
မသိဘူး။ ညင္ညင္သာသာေလး တိတ္တိတ္ဆိတ္ဆိတ္ေလး
မ်က္နွာေလးကလည္းၾကည္လင္လို႔ ေအးခ်မ္းလို႔ ေအာ္ဟစ္
ညည္းညဴတာလည္း မရွိဘူး။ ကယ္ပါယူပါလို႔ ေတာင္းခံတာ
လည္း မရွိဘူး။ အၿပံဳးမပ်က္ဘာေၾကာင့္ ေသနိုင္တာလည္း
ဆိုရင္ အားကိုးရွိလို႔ပါ။ ေနာက္ဆံုးအားကိုးစရာသည္ တရားပါ။
#ဓမၼဒူတဆရာေတာ္ေဒါက္တာအရွင္ပညိႆရ
#Posted_by_Words_of_Buddha
(Unicode)
အားကိုး လက်ကိုင်ရှာ

#ခန္ဓာကြီးရှိလို့ ခန္ဓာကြီးရောက်နိုင်တဲ့နေရာဟာ
အိုနာသေဘေး မကင်းတဲ့နေရာပါ။
အိုနာသေလွတ်အောင် လက်ကိုင်ရှာထားရပါမယ်။
အိုနာသေလွတ်ကင်းနိုင်အောင်လက်ဆုပ်လက်ကိုင်
ပြုစရာ အားကိုးအားထားပြုစရာကို ရှာထားရမယ်။
အားကိုးရှာရပါမယ်။

#တရားမရှိတဲ့သူသည် အားငယ်စရာပါ။
ပတ်ဝန်းကျင်မှာ မြင်နေရ တွေ့နေရကြရပါတယ်။
ကိုယ့်ဒကာ ဒကာမတွေ တချို့ဘဝနောက်ဆုံးချိန်
ဘဝနိဂုံးချုပ်ကာနီးအချိန် သတိရလို့ ပင့်ကြတာ
ရှိပါတယ်။
ဆေးရုံတွေဘာတွေ၊ ဆေးခန်းတွေဘာတွေ
ရောက်တဲ့အခါမှ အမျိုးမျိုးအဖုံဖုံ တွေ့ရတယ်။
တချို့ကဣန္ဒြေမပျက် အပြုံးလေးနဲ့ သေသွားတာ
လည်း ရှိတယ်။
တချို့သေခါနီးအချိန်မှာ ကြောက်အားလန့်အားနဲ့
ကြောက်လန့်ပြီး သေရတာလည်း ရှိတယ်။
ကြောက်လန့်သေရတယ်ဆိုတဲ့အဓိပ္ပါယ်က
သူ့မှာအားကိုးမရှိလို့ပါ။

#အားကိုးမရှိတော့ ဘေးကလူတွေ ကယ်ပါဦး
ယူပါဦး၊ အမေကယ်ပါ၊ အဖေကယ်ပါ၊ သားရေ
ကယ်ပါဦး၊ သမီးရေ ကယ်ပါဦး အော်ဟစ်နေတာ
အားကိုးမရှိလို့ပါ။ အားကိုးမရှိတော့ ကြောက်တယ်။
ကြောက်အားလန့်အားနဲ့ကြောက်လန့်စိတ်နဲ့ သေဆုံး
ကွယ်လွန်သွားပြန်တော့ မကောင်းရာ ရောက်ပါမယ်။

#သေချာတယ်။ ဘယ်မှသွားပြီးတော့ ဗေဒင်မေးစရာလည်း
မလိုဘူး။နတ်မေးစရာလည်းမလိုဘူး။ လူတစ်ယောက်
ဘဝနိဂုံးချုပ်တဲ့အချိန်မှာ အကဲခတ်ကြည့်ရင် ရှေ့ဘဝ
သူဘယ်လိုဖြစ်မယ်၊ ဘယ်သွားမယ်ဆိုတာ မှန်းလို့ရတယ်။
အားကိုးမရှိလို့ ကြောက်အားလန့်အားနဲ့ သေရမယ်ဆိုရင်
မကောင်းရာကို သွားဖို့များတယ်။

#တချို့ကတော့ ဒီလိုမဟုတ်ဘူး။ သေလို့သေသွားမှန်းတောင်
မသိဘူး။ ညင်ညင်သာသာလေး တိတ်တိတ်ဆိတ်ဆိတ်လေး
မျက်နှာလေးကလည်းကြည်လင်လို့ အေးချမ်းလို့ အော်ဟစ်
ညည်းညူတာလည်း မရှိဘူး။ ကယ်ပါယူပါလို့ တောင်းခံတာ
လည်း မရှိဘူး။ အပြံုးမပျက်ဘာကြောင့် သေနိုင်တာလည်း
ဆိုရင် အားကိုးရှိလို့ပါ။ နောက်ဆုံးအားကိုးစရာသည် တရားပါ။

#ဓမ္မဒူတဆရာတော်ဒေါက်တာအရှင်ပညိဿ ရ

#Posted_by_Words_of_Buddha

LEAVE A REPLY

Please enter your comment!
Please enter your name here