ဗုဒၶေလးမ်ိဳး

ဗုဒၶဆိုတာ ဘုရားပဲ ၊ ဘုန္းၾကီးတို႔ ဗုဒၶဆိုတဲ့ နာမည္ဟာ ဘရားရွင္ ကိုယ္ေတာ္ျမတ္ရဲ. ထူးျခားတဲ့ နာမည္တစ္မ်ိဳး၊ ဘြဲ႔ေတာ္တစ္မ်ိဳး ၊ ဘရားရွင္ ကိုယ္ေတာ္ျမတ္ရဲ. ဂုဏ္ေတာ္ကို ေဖာ္ေပးေနတဲ့ နာမည္လို႔လဲ ဆိုႏိုင္တာေပါ့ ၊
ဗုဒၶဆိုတာ သစၥာေလးပါး ျမတ္တရားကို ဆရာမရွိ ကိုယ္တုိင္သိတဲ့ ပုဂၢဳိလ္ၾကီးလို႔ ဆိုလိုတယ္။
ဗုဒၶေလးမ်ိဳး
ေလာကမွာ ဗုဒၶဆိုတာ ဘုရားမွာသာရွိသလား ၊ ဒီလိုေတာ့လဲ မဟုတ္ဘူး၊
နာမည္ဆိုတာကေတာ့ သူမွည့္ ကိုယ္မွည့္ ဆိုရင္ရွိၾကတာပဲ၊
သို႔ေသာ္ တကယ့္ ဗုဒၶအမည္က ဘုန္းၾကီးတို႔ ဘုရားမွာသာရွိတယ္၊
ဗုဒၶေလးမ်ိဳးတဲ့။
(၁) သုတဗုဒၶ
(၂) အႏုဗုဒၶ
(၃) ပေစၥကဗုဒၶ
(၄) သမၼာသမၺဳဒၶ
———–
သုတဗုဒၶ
သုတဗုဒၶဆိုတာ ဘုန္းၾကီးတို႔ သာသနာေတာ္မွာ က်မ္းဂန္စာေပေတြ သင္ၾကား ပို႔ခ်ျပီးေတာ့ စာေပ ဗဟုသုတ ရွိၾကတဲ့ ဘုရားေဟာ တရားေတာ္ေတြကို အားလံုး ရွင္လူအမ်ားသိေအာင္ သင္ၾကား ေဖာ္ထုတ္ေပးေနတဲ့ ပုဂၢိဳလ္ေတြ ၊ ရဟန္းေတာ္ေတြကို သုတဗုဒၶ ၊ အဲဒီ သုတဗုဒၶကို ဘုရားရွင္ကိုယ္ေတာ္ျမတ္က အင္မတန္ ေက်းဇူးမ်ားလို႔ မိမိအရာမွာ ထားျပီးေတာ့ ခ်ီးက်ဴးေျမွာက္စားတာခ်ည္းပဲ၊ ဒါေၾကာင့္မို႔လို သုတဗုဒၶဆိုတဟာလဲ အဲ-သူကလဲ သာမညမဟုတ္ဘူး၊ ဘုရားရွင္ကိုယ္ေတာ္ျမတ္က မိမိအရာမွာထားျပီး ေျမွာက္စားခ်ီးက်ဴးခဲ့တဲ့ ဘုရားတစ္ဆူ၊ အဲဒါက သာသကေတြနဲ႔ ဆိုင္တဲ့ ဘုရားတပည့္ေတြ။
အႏုဗုဒၶ
အႏုဗုဒၶဆိုတာက ဘုရားရွင္ ကိုယ္ေတာ္ျမတ္ သိေတာ္မူတဲ့ သစၥာေလးပါး တရားကို ဘုရားရွင္ကိုယ္ေတာ္ျမတ္ နည္းေပးေသာအားျဖင့္ သိျမင္ေဖာက္ထြင္း ၊ သိျမင္နားလည္လို႔ မဂ္ဆိုက္ ဖိုလ္ဆိုက္ၾကတဲ့ အရိယာ သာ၀ကေတြ ၊ အရိယာ သာ၀ကေတြကို အႏုဗုဒၶ ၊ ဘုရားရွင္ကိုယ္ေတာ္ျမတ္ သိသလို လိုက္သိၾကတဲ့ အႏုဗုဒၶ။
ပေစၥကဗုဒၶ
ပေစၥကဗုဒၶဆိုတာကေတာ့ ဘုရားရွင္ ကိုယ္ေတာ္ျမတ္မ်ား မပြင့္ေသးသည့္အခါ သာသနာပမွာ ဆရာမရွိ ၊ ေရွးက မိမိတို႔ ျပဳခဲ့တဲ့ ပါရမီေၾကာင့္ သစၥာေလးပါးကို ကိုယ္တိုင္ ထိုးထြင္းသိၾကတဲ့ ဘုရားငယ္လို႔ ေခၚၾကတဲ့ ပေစၥကဗုဒၶပဲ ၊ ဘုရားငယ္ေတြ ။
ပေစၥကဗုဒၶဆိုတာလဲ အမွန္အားျဖင့္ သစၥာေလးပါး တရားကို ကိုယ္တိုင္သိၾကတာပဲ ၊ ဆရာမရွိဘဲ ကိုယ္တုိင္ သိၾကတာပဲ။ သို႔ေသာ္လဲပဲ သူမ်ားကုိ ေဟာေဖာ္ျပသျဖင္းငွာ မတတ္ႏိုင္ဘူး၊ ဘာေၾကာင့္တံုး၊ ေ၀ါဟာရ ပရိယာယ္ၾကြယ္ဖို႔ ၊ ေ၀ါဟာရေတြ ထူးထူးျခားျခား နားလည္ဖို႔ဆိုတာ သာ၀ကတို႔ရဲ. အရာ မဟုတ္ဘူး၊ ဘုရားရွင္ ကိုယ္ေတာ္ျမတ္တို႔ရဲ. အရာ။
သမၼာသမၺဳဒၶ
စိတ္ထဲမွာ မိမိတို႔ ဉာဏ္ထဲမွာ သိေနတဲ့ သစၥာေလးပါးတို႔ ၊ ပဋိစသမုပၸါဒ္တို႔ ၊ သစၥာေလးပါးတို႔ ၊ ပ႒ာန္းတို႔ ဆိုတာ အဲဒီတရားေတြကို ဒီလို အမည္အမ်ိဳးမ်ိဳးတပ္ျပီးေတာ့ ၊ အမည္ အမ်ိဳးမ်ိဳးထြင္ျပီးေတာ့ အဲေဟာဖို႔ဆိုတာက သာမန္ပုဂၢိဳလေတြ အရာမဟုတ္ဘူး၊ တကယ့္ အတုမရွိ၊ အဲ-သဗၺညဳတ ဉာဏ္ေတာ္ၾကီးရွိတဲ့ ဘုရားရွင္ ကိုယ္ေတာ္ျမတ္ရဲ. အရာသာ။
ဒါေၾကာင့္ အဲသလိုေဟာႏိုင္ဖို႔ရာ ပေစၥကဗုဒၶါတို႔မွာ မတတ္ႏိုင္ဘူး ၊ ဘုရားရွင္ကိုယ္ေတာ္ျမတ္သာ တတ္ႏိုင္တယ္၊ သဗၺညဳတဉာဏ္ေတာ္ၾကီးရွိလို႔ အားလံုးတရားေတြကို အမည္အမ်ိဳးမ်ိဳးတပ္ျပီးေတာ့ ၊ အဓိပၸါယ္ အမ်ိဳးမ်ိဳးဖြင့္ျပီးေတာ့ ၊ နည္းအမ်ိဳးမ်ိဳး ျခယ္လွယ္ျပီးေတာ့ ဒီနည္းနဲ႔မသိ ဟိုနည္းနဲ႔ ၊ ဟိုနည္းနဲ႔မသိ ေနာက္တစ္နည္း နည္းေပါင္းမ်ားစြာ ၊ အဲ-ထြင္ျပီးေတာ့ ေဟာၾကားျပသေတာ္မူတယ္၊
အဲဒါေၾကာင့္မို႔လို႔ သူမတူေအာင္ ထူးျခားတဲ့ သဗၺညဳတဉာဏ္ေတာ္ရွင္ ဘုရားရွင္ကိုယ္ေတာ္ျမတ္ၾကီးကို သမၼာသမၺဳဒၶလို႔ေခၚတယ္။
(အဘိဓဇ မဟာရ႒ဂုရု ေရႊက်င္နိကာယ ဥပ ဥကၠ႒ က်မ္းျပဳအေက်ာ္ သေျပကန္ဆရာေတာ္ အရွင္၀ါေသ႒ာဘိ၀ံသ၊ သေျပကန္တရားေပါင္းခ်ဳပ္၊ အမွတ္ (၁)၊ စာ ၂၄၄-၂၄၆)
(Unicode)

ဗုဒ္ဓလေးမျိုး
ဗုဒ္ဓဆိုတာ ဘုရားပဲ ၊ ဘုန်းကြီးတို့ ဗုဒ္ဓဆိုတဲ့ နာမည်ဟာ ဘရားရှင် ကိုယ်တော်မြတ်ရဲ. ထူးခြားတဲ့ နာမည်တစ်မျိုး၊ ဘွဲ့တော်တစ်မျိုး ၊ ဘရားရှင် ကိုယ်တော်မြတ်ရဲ. ဂုဏ်တော်ကို ဖော်ပေးနေတဲ့ နာမည်လို့လဲ ဆိုနိုင်တာပေါ့ ၊
ဗုဒ္ဓဆိုတာ သစ္စာလေးပါး မြတ်တရားကို ဆရာမရှိ ကိုယ်တိုင်သိတဲ့ ပုဂ္ဂိုလ်ကြီးလို့ ဆိုလိုတယ်။
ဗုဒ္ဓလေးမျိုး
လောကမှာ ဗုဒ္ဓဆိုတာ ဘုရားမှာသာရှိသလား ၊ ဒီလိုတော့လဲ မဟုတ်ဘူး၊
နာမည်ဆိုတာကတော့ သူမှည့် ကိုယ်မှည့် ဆိုရင်ရှိကြတာပဲ၊
သို့သော် တကယ့် ဗုဒ္ဓအမည်က ဘုန်းကြီးတို့ ဘုရားမှာသာရှိတယ်၊
ဗုဒ္ဓလေးမျိုးတဲ့။
(၁) သုတဗုဒ္ဓ
(၂) အနုဗုဒ္ဓ
(၃) ပစ္စေကဗုဒ္ဓ
(၄) သမ္မာသမ္ဗုဒ္ဓ
———–
သုတဗုဒ္ဓ
သုတဗုဒ္ဓဆိုတာ ဘုန်းကြီးတို့ သာသနာတော်မှာ ကျမ်းဂန်စာပေတွေ သင်ကြား ပို့ချပြီးတော့ စာပေ ဗဟုသုတ ရှိကြတဲ့ ဘုရားဟော တရားတော်တွေကို အားလုံး ရှင်လူအများသိအောင် သင်ကြား ဖော်ထုတ်ပေးနေတဲ့ ပုဂ္ဂိုလ်တွေ ၊ ရဟန်းတော်တွေကို သုတဗုဒ္ဓ ၊ အဲဒီ သုတဗုဒ္ဓကို ဘုရားရှင်ကိုယ်တော်မြတ်က အင်မတန် ကျေးဇူးများလို့ မိမိအရာမှာ ထားပြီးတော့ ချီးကျူးမြှောက်စားတာချည်းပဲ၊ ဒါကြောင့်မို့လို သုတဗုဒ္ဓဆိုတဟာလဲ အဲ-သူကလဲ သာမညမဟုတ်ဘူး၊ ဘုရားရှင်ကိုယ်တော်မြတ်က မိမိအရာမှာထားပြီး မြှောက်စားချီးကျူးခဲ့တဲ့ ဘုရားတစ်ဆူ၊ အဲဒါက သာသကတွေနဲ့ ဆိုင်တဲ့ ဘုရားတပည့်တွေ။
အနုဗုဒ္ဓ
အနုဗုဒ္ဓဆိုတာက ဘုရားရှင် ကိုယ်တော်မြတ် သိတော်မူတဲ့ သစ္စာလေးပါး တရားကို ဘုရားရှင်ကိုယ်တော်မြတ် နည်းပေးသောအားဖြင့် သိမြင်ဖောက်ထွင်း ၊ သိမြင်နားလည်လို့ မဂ်ဆိုက် ဖိုလ်ဆိုက်ကြတဲ့ အရိယာ သာဝကတွေ ၊ အရိယာ သာဝကတွေကို အနုဗုဒ္ဓ ၊ ဘုရားရှင်ကိုယ်တော်မြတ် သိသလို လိုက်သိကြတဲ့ အနုဗုဒ္ဓ။
ပစ္စေကဗုဒ္ဓ
ပစ္စေကဗုဒ္ဓဆိုတာကတော့ ဘုရားရှင် ကိုယ်တော်မြတ်များ မပွင့်သေးသည့်အခါ သာသနာပမှာ ဆရာမရှိ ၊ ရှေးက မိမိတို့ ပြုခဲ့တဲ့ ပါရမီကြောင့် သစ္စာလေးပါးကို ကိုယ်တိုင် ထိုးထွင်းသိကြတဲ့ ဘုရားငယ်လို့ ခေါ်ကြတဲ့ ပစ္စေကဗုဒ္ဓပဲ ၊ ဘုရားငယ်တွေ ။
ပစ္စေကဗုဒ္ဓဆိုတာလဲ အမှန်အားဖြင့် သစ္စာလေးပါး တရားကို ကိုယ်တိုင်သိကြတာပဲ ၊ ဆရာမရှိဘဲ ကိုယ်တိုင် သိကြတာပဲ။ သို့သော်လဲပဲ သူများကို ဟောဖော်ပြသဖြင်းငှာ မတတ်နိုင်ဘူး၊ ဘာကြောင့်တုံး၊ ဝေါဟာရ ပရိယာယ်ကြွယ်ဖို့ ၊ ဝေါဟာရတွေ ထူးထူးခြားခြား နားလည်ဖို့ဆိုတာ သာဝကတို့ရဲ. အရာ မဟုတ်ဘူး၊ ဘုရားရှင် ကိုယ်တော်မြတ်တို့ရဲ. အရာ။
သမ္မာသမ္ဗုဒ္ဓ
စိတ်ထဲမှာ မိမိတို့ ဉာဏ်ထဲမှာ သိနေတဲ့ သစ္စာလေးပါးတို့ ၊ ပဋိစသမုပ္ပါဒ်တို့ ၊ သစ္စာလေးပါးတို့ ၊ ပဋ္ဌာန်းတို့ ဆိုတာ အဲဒီတရားတွေကို ဒီလို အမည်အမျိုးမျိုးတပ်ပြီးတော့ ၊ အမည် အမျိုးမျိုးထွင်ပြီးတော့ အဲဟောဖို့ဆိုတာက သာမန်ပုဂ္ဂိုလတွေ အရာမဟုတ်ဘူး၊ တကယ့် အတုမရှိ၊ အဲ-သဗ္ဗညုတ ဉာဏ်တော်ကြီးရှိတဲ့ ဘုရားရှင် ကိုယ်တော်မြတ်ရဲ. အရာသာ။
ဒါကြောင့် အဲသလိုဟောနိုင်ဖို့ရာ ပစ္စေကဗုဒ္ဓါတို့မှာ မတတ်နိုင်ဘူး ၊ ဘုရားရှင်ကိုယ်တော်မြတ်သာ တတ်နိုင်တယ်၊ သဗ္ဗညုတဉာဏ်တော်ကြီးရှိလို့ အားလုံးတရားတွေကို အမည်အမျိုးမျိုးတပ်ပြီးတော့ ၊ အဓိပ္ပါယ် အမျိုးမျိုးဖွင့်ပြီးတော့ ၊ နည်းအမျိုးမျိုး ခြယ်လှယ်ပြီးတော့ ဒီနည်းနဲ့မသိ ဟိုနည်းနဲ့ ၊ ဟိုနည်းနဲ့မသိ နောက်တစ်နည်း နည်းပေါင်းများစွာ ၊ အဲ-ထွင်ပြီးတော့ ဟောကြားပြသတော်မူတယ်၊
အဲဒါကြောင့်မို့လို့ သူမတူအောင် ထူးခြားတဲ့ သဗ္ဗညုတဉာဏ်တော်ရှင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို သမ္မာသမ္ဗုဒ္ဓလို့ခေါ်တယ်။
(အဘိဓဇ မဟာရဋ္ဌဂုရု ရွှေကျင်နိကာယ ဥပ ဥက္ကဋ္ဌ ကျမ်းပြုအကျော် သပြေကန်ဆရာတော် အရှင်ဝါသေဋ္ဌာဘိဝံသ၊ သပြေကန်တရားပေါင်းချုပ်၊ အမှတ် (၁)၊ စာ ၂၄၄-၂၄၆)

LEAVE A REPLY

Please enter your comment!
Please enter your name here