ေသ႐ြာျပန္ ဦးေရခဲ

ဤေလာကတြင္ ယုံၾကည္ရန္ခက္ခဲေသာ အေၾကာင္းရပ္မ်ား
ရွိသည့္အနက္ ယခုတင္ျပမည့္ ေသ႐ြာျပန္ ဦးေရခဲ၏
အေၾကာင္းမွာ အံ့ဖြယ္တစ္ရပ္ပင္ ျဖစ္ပါသည္။
အသက္ ၅၇ ႏွစ္ရွိၿပီျဖစ္ေသာ ဦးေရခဲသည္
အဘ ဦးႏွင္းေမာင္ အမိ ေဒၚသိန္းတင္တို႔၏
သားသမီး ၇ ဦးအနက္ အႀကီးဆုံးသား ျဖစ္သည္။
ေမြးဇာတိမွာ မင္းလွၿမိဳ႕ျဖစ္ၿပီး လြန္ခဲ့ေသာ အႏွစ္ ၃၀-ခန္႔မွစ၍ ယခုေနထိုင္ရာ သုံးခြၿမိဳ႕သို႔ ေရာက္ရွိလာခဲ့ပါသည္။
ဦးေရခဲသည္ ဇနီးသည္ ေဒၚေအးေ႐ႊႏွင့္ သားသမီး ၆ ေယာက္တို႔ကို ဆုိက္ကားနင္း၍ လုပ္ကိုင္ေကၽြးေမြးခဲ့သည္။ အမည္ရင္းမွာ ဦးေအာင္ၾကည္ ျဖစ္ၿပီး ယခု အမည္ဦးေရခဲမွာ သုံးခြၿမိဳက ေပးေသာ အမည္ျဖစ္ပါသည္။
ဆိုက္ကားနင္းစားရေသာ္လည္း တရားမဲ့ေသာ လုပ္ကိုင္ေျပာဆိုမႈကို စိတ္ပင္မကူးခဲ့၊ ခပ္ေအးေအးပင္ ေနတတ္သည္။ တစ္ႀကိမ္က အိမ္ေပၚထိုင္ေနစဥ္
လူငယ္ႏွစ္ဦးက မည္သည့္အခ်က္ေၾကာင့္မသိ အိမ္ျပင္မွလာ၍ ဒုတ္ ဓားမ်ားကိုင္ကာ ဆင္းခဲ့ရန္ စိန္ ေခၚသည္။
သူက ပုံမပ်က္ပင္ ထုိင္လ်က္ ….
“မင္းတို႔မေက်နပ္စရာ ငါေတာ့ဘာမွ မလုပ္မိပါဘူးကြာ မေက်နပ္ဘူးဆိုရင္ ႀကိဳက္သလို လုပ္ၾကပါ ငါကေတာ့ ဘာမွ ျပန္မလုပ္ပါဘူးကြာ” ဟု ေအးေဆးစြာပင္ ေျပာလိုက္သည္။
အိမ္နီးပါးခ်င္း မ်ားကပင္ မေက်နပ္ၾက တစ္ဖက္သက္ ရန္ျဖစ္ရသည္ျဖစ္၍ လူငယ္ႏွစ္ဦးမွာလည္း ျပန္သြားၾကသည္။ ထိုအခ်ိန္မွစ၍ ေရခဲတုံးလို ေအးတဲ့လူဆိုၿပီး အမည္ရင္းကို မေခၚၾကေတာ့ဘဲ ဦးေရခဲ ဟု တြင္ခဲ့ေတာ့သည္။
သူ၏သတင္း ၾကားစကပင္ စိတ္ဝင္စားခဲ့၏။
ယခုႏွစ္ ဝါဆိုလျပည့္ေန႔ကမူ သုံးခြၿမိဳ႕သား
မိတ္ေဆြမ်ားျဖစ္ေသာ ဦးေမာင္ေမာင္၊ ဦးလွႀကိဳင္တို႔ႏွင့္
သုံးခြၿမိဳ႕ ၃-ရပ္ကြက္ ေလာကမာရဇိန္ ဘုရားႀကီးအနီးေန ဦးေရခဲအိမ္သို႔ သြားခဲ့ၾကသည္။ ဦးေရခဲသည္ ဥပုတ္ေစာင့္ၿပီး တန္ေဆာင္းထဲတြင္ တရားထိုင္၍ ေခတၱေစာင့္ေနရသည္။
“လာရင္းကိစၥ သိပါရေစ ခင္ဗ်ာ”
“ကၽြန္ေတာ္ကေတာ့ရန္ကုန္ကပါ ဟို.. လြန္ခဲ့ေသာ
သုံးႏွစ္ေက်ာ္က ထူဆန္းစြာေတြ႕ခဲ့တဲ့ ဦးေရခဲရဲ႕အေတြ႕အၾကံဳကို သိလို၍ျဖစ္ပါတယ္ ေနာက္ဒီအေၾကာင္းကိုလည္း စာေစာင္တစ္ခုခုမွာ အမ်ားဗဟုသုတျဖစ္ရန္ျပန္လည္တင္ျပခ်င္၍ ေက်းဇူးျပဳ၍ ေျပာျပပါခင္ဗ်ာ”
ဦးေရခဲသည္ ကၽြန္ေတာ္တို႔သုံးဦးအား အကဲခတ္သလိုၾကည့္သည္။ အနီးတြင္ရွိေသာ စုတ္ေနသည့္ ေမြ႕ရာကိုၾကည့္သည္၊ ၿပီးမွ…..
“ဟုတ္ကဲ့၊ ေျပာျပပါမယ္၊ တစ္ခုေတာ့ ႀကိဳတင္ေတာင္းပန္ပါရေစ အထဲမွာ ပါတဲ့ နံမည္ေတြကိုေတာ့ မေျပာပါရေစနဲ႔ ဒါေတြက ပုဂၢိဳလ္ေရးေတြမို႔ပါ၊ ဒီၿမိဳ႕သားဆို သူတို႔သိပါတယ္”ဟ
ကၽြန္ေတာ္ႏွင့္ ပါလာသူ မိတ္ေဆြႏွစ္ဦးကိုၾကည့္၍ ေျပာသည္။
မိတ္ေဆြမ်ားကလည္း ၿပိဳင္တူေခါင္းညိတ္၍ ေထာက္ခံၾကသည္။ ေနာက္မွသိရသည္က ယခု သက္ရွိထင္ရွား
ေဆြမ်ိဳးရင္းေတြျဖစ္ေန၍ မွန္ေသာ္လည္း အမည္ထုတ္ေဖာ္
ေျပာသည္ကို လက္မခံၾကဟု သိရပါသည္။
“ျဖစ္ပုံက ဒီလုိဗ်၊ ေဟာဒီဟာ အဲဒီတုန္းက ကၽြန္ေတာ္အိပ္တဲ့ေမႊယာျဖစ္လို႔ စုတ္ေပမယ့္ လႊင့္မပစ္ဘဲ ခုလည္းဒီေနရာမွာ အိပ္ေနပါတယ္၊
ကၽြန္ေတာ္ျဖစ္တဲ့ေန႔ကေတာ့…. ၁၃၄၇ ခုႏွစ္၊ တန္ေဆာင္မုန္းလဆန္း (၁)ရက္ေန႔ ျဖစ္ပါတယ္၊ ဒီလိုမျဖစ္ခင္ တစ္ႏွစ္ေလာက္ကတည္းက ေရာဂါမည္မည္ရရမရွိဘဲ တေရွာင္ေရွာင္ ျဖစ္ေနခဲ့တယ္၊ ေဆးရုံ ေဆးခန္းနဲ႔ ရွိတာေလးေတြ ေရာင္းခ် ကုတာ ေငြတစ္ေထာင္ေက်ာ္ေက်ာ္ေလာက္ ကုန္တယ္ ဘာမွ်မထူးျခားဘူး”
ခုလိုျဖစ္လို႔ ၄၉-ရက္အလိုမွာေတာ့ ထမင္းကိုစားဖို႔ေဝးလို႔ အနံ႔ေတာင္မခံႏိုင္ျဖစ္လာတယ္၊
တျဖည္းျဖည္း ျဖစ္လာတာက ေရေတာင္ႏွစ္ခြက္ေသာက္လို႔ မရဘူး၊ မတ္ခြက္နဲ႔ေသာက္ေသာက္ လဘက္ရည္အၾကမ္းပန္ကန္ေလးနဲ႔ေသာက္ေသာက္ တစ္ခြက္ပဲ၊ ႏွစ္ခြက္ေသာက္ရင္ အန္ပစ္တာပဲ၊ ဒါကိုသိေတာ့ အိမ္ကလူေတြက မ်ားမ်ားဝင္ေအာင္ ႏြားႏို႔ကို မတ္ခြက္ႀကီးနဲ႔ တစ္ေန႔ တစ္ခြက္တိုက္ၾကပါတယ္။ ကၽြန္ေတာ့္စိတ္ထဲလည္း လူေတြနဲ႔စကားမေျပာခ်င္ဘူး၊ ျခင္ေထာင္ထဲမွာပဲေနတယ္၊
ထူးထူးျခားျခား ျဖစ္မယ့္ေန႔ ညေန ၃-နာရီေလာက္ကစၿပီး ရင္ထဲမွာ ေနလို႔မရေအာင္ ပူေလာင္လာတာပဲ၊ ေနာက္ေတာ့ ေမြ႕ယာေပၚမွာ လူးလွိမ့္ေနတယ္၊ ဆရာဝန္ေခၚကုတယ္၊ မရဘူး၊
ေဝဒနာခံစားရလြန္းလို႔ သတိမရတစ္ခ်က္ ရတစ္ခ်က္ျဖစ္ရာက ညဘက္ေရာက္လာၿပီး အိမ္အမိုးကို ၾကည့္လိုက္ေတာ့ ဓနိေပါက္ၿပဲေနတာေတြကို ျမင္တယ္၊ တစ္ခါမွ်မေပၚဘူးပဲ ထူးထူးျခားျခား ေၾသာ္ေကာင္းတာေတြကေကာင္း၊ ပ်က္တာေတြကပ်က္၊ ငါလည္းပ်က္ရေတာ့မယ္လို႔ သံေဝဂရတယ္၊
အဲဒီလိုရွိေနတုန္း လူက ၿငိမ္သြားၿပီး ေမ့ေဆးေပးခံရသူလို တျဖည္းျဖည္း အသံေတြ အာရုံမွာ ေလ်ာ့လာတယ္၊ သုံးခြေစ်းက ေခါက္လိုက္တဲ့ နာရီသံ ရွစ္ခ်က္ကို ေကာင္းေကာင္း ၾကားလိုက္ရၿပီး ခဏေန ကၽြန္ေတာ္တို႔ လမ္းထိပ္က နာရီသံက်ေတာ့ ေျခာက္ခ်က္သာ ၾကားၿပီး လုံးလုံးသတိေမ့သြားတာပါပဲ၊
#ငရဲသို႔အသြား
========
ေျခလက္ ကိုယ္လုံးကိုယ္ထည္ ကၽြန္ေတာ့္ထက္ ႀကီးမားတုတ္ခို္င္ၿပီး ခါးေတာင္းေျမာင္ေနေအာင္ က်ိဳက္ထားတဲ့ လူႀကီးတစ္ေယာက္က အိမ္ေပါက္ဝမွာလာၿပီး “ေဟ့ေကာင္လာခဲ့လို႔” အသံမာမာနဲ႔ ေခၚတာပါပဲ၊ အဲဒီလူႀကီးရဲ႕မ်က္ႏွာက ခက္ထန္ၿပီး အားခြန္ဗလကလည္း ကၽြန္ေတာ့္ထက္မ်ားစြာ ကြာေနတဲ့အတြက္
“အင္း….. ငါခုခံလို႔လဲ ႏိုင္မွာ မဟုတ္ဘူး၊ အသာတၾကည္ လိုက္သြားတာပဲ ေကာင္းပါတယ္လို႔ ဆုံးျဖတ္ၿပီး သူေခၚရာကို ထလိုက္ခဲ့တာဘဲ။”
အဲ… ခု ကၽြန္ေတာ္ဆက္ေျပာမယ့္ ေတြ႕ခဲ့တဲ့အေၾကာင္းအရာေတြကေတာ့ ရုပ္ရွင္ထဲကလိုလို၊ မ်က္လွည့္ျပေနသလိုလိုပါပဲ၊
ေဟာဟို ေျမာင္းကူးတံတားေလး ဟိုဘက္လဲေရာက္ေရာ ေလးေပေလာက္ ရွိတဲ့ ခပ္ေသးေသး အုန္းတုံးေလး သုံးခုဟာ ႀကိဳးမခ်ည္ သံမစြဲဘဲ တြဲလ်က္ရွိေနတယ္၊
လူႀကီးက ကၽြန္ေတာ္ကို “အဲဒီေပၚတက္ထိုင္” လို႔ ေျပာတယ္။ အဲဒီေပၚ ကၽြန္ေတာ္ သူခုိင္းတဲ့အတိုင္း ထုိင္လိုက္တယ္ ဆိုရင္ပဲ ဘာမွမေျပာေတာ့ဘဲ သူက ေရွ႕ကေလ်ာက္သြားေတာ့ ေနာက္ကကၽြန္ေတာ္ ထိုင္ေနတဲ့အုန္းတုံးေလး သုံးခုဟာ ဘီးတပ္ထားတဲ့ယာဥ္လို ပါသြားတယ္၊
ကၽြန္ေတာ့္စိတ္ထဲ ဘယ္လိုျဖစ္တာပါလိမ့္ မလဲလို႔ ေတြးရင္း လိုက္သြားရာက ေျမႀကီးေပၚမွာတစ္ျဖည္းျဖည္း သြားႏႈန္းက ျမန္လာတယ္။ အေနအထားကလည္း တစ္ျဖည္းျဖည္း နိမ့္ဆင္းသြားတယ္လို႔ ထင္ရတယ္။
သူက ေျခလွမ္းတစ္လွမ္းခ်င္း ေလွ်ာက္ေနတာ မွန္ေပမယ့္ ကၽြန္ေတာ္ထိုင္ေနတဲ့ အုန္းတုံးကေလး ကေတာ့ ရိပ္ရိပ္တန္းေအာင္ ျမန္ေနတယ္။
ေတာ္ေတာ္သြားမိတယ္ဆိုရင္ ေျမႀကီးေပၚမွာ ရွိေနတဲ့ သစ္ပင္ေတြ ဘာေတြကို မျမင္ရေတာ့ဘဲ ဟင္းလင္းျပင္ ကြက္လပ္ႀကီးထဲကို ေရာက္လာတယ္၊ ေရွ႕မွာ ဝန္းႀကီးလို ကာရံထားတာကို ေတြ႕ရတယ္။
တျဖည္းျဖည္း နီးလာတာနဲ႔ အထဲက ဆူညံေအာ္ဟစ္လိုက္တဲ့အသံေတြဟာ ၾကက္သီးေမြးညွင္းထေအာင္ ေၾကာက္စရာေကာင္းတဲ့အသံေတြကို ၾကားရတယ္။ အနားလဲေရာက္ေရာ ေက်ာက္ေတာင္ႀကီးလို အျပားႀကီး ႏွစ္ခ်ပ္ဟာ တံခါးလို အတြင္းကို ပြင့္သြားတယ္။ လမ္းမႀကီးကလဲ ျဖဴးေနတယ္။
အတြင္းဝင္မိတယ္ဆိုရင္ပဲ အပူရွိန္ဟပ္သလို ရွိန္းကနဲျဖစ္ၿပီးပူလာတယ္။ ေစာေစာက ေအာ္သံေတြဟာ ဒီထဲေရာက္တဲ့အခါ မၾကားေတာ့ဘူး။
ေတာ္ေတာ္သြားမိရင္ ပထမဦးဆုံးေတြ႕တာက…
တုံးလုံးလဲေနတဲ့ ေယာက်္ား မိန္းမေတြကို ဦးေခါင္းေတြခ်ည္းပဲ လိုက္ရိုက္ေနတဲ့ေနရာပဲ၊
တစ္ဆက္တည္း တစ္ခ်ိဳ႕ေနရာမွာေတာ့ ထိုင္လ်က္ ပါးေစာင္းႏွစ္ဖက္ကို သံခ်ိတ္နဲ႔ဆြဲဟထားတယ္၊
ကၽြန္ေတာ္က ေမးမလို႔ စိတ္ကူးရုံရွိေသးတယ္ “ေခါင္းရုိက္တဲ့ဟာေတြက မင္းလူ႕ျပည္ေရာက္မွ သိမယ္၊ ပါးစပ္ခ်ိတ္ထားတာက ႏႈတ္ၾကမ္းသူေတြ” လို႔ ေရွ႕ကလူႀကီးက ေျပာတယ္။
ငရဲဆိုရင္ ႏွိပ္စက္သူက တစ္ဖက္…. ခံရသူက တစ္ဖက္လို႔ .. ကၽြန္ေတာ္တို႔ ထင္ခဲ့တယ္။ ဒီလိုခ်ည္း မဟုတ္ဘူး၊ အခ်င္းခ်င္း ႏွိပ္စက္ရတာလည္း ရွိတယ္၊ ခုေတြ႔တဲ့ေနရာဟာ လူႏွစ္ေယာက္တစ္တြဲ အခ်င္းခ်င္း အျပန္အလွန္ တစ္ခ်က္စီ ရိုက္ေနတာ ေတြ႕တယ္။
“အဲ့ဒါ မင္းတို႔ဆီမွာ ၾကက္တိုက္သူေတြေပါ့”
လို႔ ေရွ႕ကလူႀကီးက ေျပာတယ္။
ကၽြန္ေတာ္တို႔ငယ္စဥ္ လူႀကီးသူမေတြက ဒါမလုပ္နဲ႔ ငရဲအိုး ေဇာက္ထိုးက်လိမ့္မယ္လို႔ ေျပာရင္ မိုးၿပဲဒယ္ အႀကီးစားကို မ်က္စိထဲျမင္လာတယ္။ ဆီေတြနဲ႔ ေၾကာ္မွာပဲလို႔ထင္ခဲ့တယ္။
တကယ္ေတြ႔ရတဲ့ ငရဲအိုးမွာ ထိုသို႔မဟုတ္ပါ။
အိုးႏႈတ္ခမ္းအေရာင္မွာ စဥ့္ေရာင္ျဖစ္ၿပီး လူႀကီးကပို႔၍ ေရာက္သြားေသာအခါ မည္မွ်က်ယ္သလဲ မသိဘူး၊ ကၽြန္ေတာ္ေရာက္တဲ့ ႏႈတ္ခမ္းသာ ျမင္ရတယ္။ က်န္သုံးဘက္ ႏႈတ္ခမ္းကို လွမ္းၾကည့္၍ပင္ မျမင္။
မီးေတြဖို၍ တည္ထားတာလဲမဟုတ္၊ ကန္ႀကီးလို ျဖစ္ေနတယ္။ ၾကည့္၍မဆုံးႏုိင္ေသာ ျပင္က်ယ္ႀကီးထဲမွာ ေယာက်္ားမိန္းမေတြဟာ အလိပ္လိုက္ ေရေႏြးပူထဲမွာ လွိမ့္ၿပီး ပူေလာင္မႈဒဏ္ကို ခံေနၾကရတယ္၊ ေရေႏြးပူဆိုေပမယ့္ အဲ့ဒီမွာ ေတြ႕ရတာက အခ်ိဳ႕ေနရာေတြမွာ အုတ္နီမႈန္႔အေရာင္ နီၾကင္ၾကင္ပ်စ္တြဲတြဲ၊ တစ္ခ်ိဳ႕ေနရာေတြမွာေတာ့ ခဲပုတ္ေရာင္လို ပ်စ္တြဲတြဲေတြ ျဖစ္ပါတယ္။
လူႀကီးက ကၽြန္ေတာ့္ကို ျပပုံမွာ တစ္ခုကတစ္ခု ေက်ာ္လႊားျပပုံမ်ိဳး မဟုတ္ပဲ ျမင္ေစခ်င္တဲ့အရာကို ျပလိုက္၊ ေနာက္တစ္ဖက္သြားျပလိုက္ အဲ့ဒီလိုပုံမ်ိဳး၊ ကၽြန္ေတာ္ ေမးေစခ်င္တဲ့ ေနရာက် ရပ္ေပးတယ္။
တစ္ေနရာမွာေတာ့ ငရဲခံေနရတဲ့လူေတြက မတ္တပ္ရပ္လ်က္ ႏွိပ္စက္သူေတြက လက္ရိုက္လို သစ္သားတုတ္ႀကီးနဲ့ ဘယ္ျပန္ညာျပန္ ရိုက္တာပဲ၊ အံ့ၾသစရာေကာင္းတာက ကၽြန္ေတာ္သိတဲ့ အဘိုးႀကီးတစ္ဦးကုိေတြ႕တယ္၊
“ဆရာႀကီးခင္ဗ်ာ ဘယ္လိုျဖစ္တာလဲ” လို႔ ကၽြန္ေတာ္ကေမးေတာ့ ထူးျခားမႈက ကၽြန္ေတာ္က ၾကည့္ၿပီးသူ႔ကိုေမးေပမယ့္ သူကကၽြန္ေတာ့္ကို တုိက္ရိုက္မေျပာဘူး။ ေရွ႕ကလူႀကီးကို ေျပာတယ္။ သူတို႔ခ်င္းေျပာတဲ့အသံလည္းမၾကားရဘူး၊ ပါးစပ္လႈပ္တာသာ ေတြ႕တယ္။ ၿပီးမွ ထိုလူႀကီးက အသံထြက္ၿပီး ကၽြန္ေတာ္ကို ျပန္ေျပာျပတယ္။ အဲ့ဒီမွာ ေတြ႕လို႔ ေမးတဲ့သူတိုင္းက သူကတစ္ဆင့္သာ ျပန္ေျပာတယ္။
“ဒီလိုခံရတာ တစ္ျခားေၾကာင့္မဟုတ္ပါဘူး၊ ဟိုတုန္းက ေရကန္တူးဖို႔ အလႉခံတဲ့ေငြေတြထဲက ေဆးလိပ္ဝယ္ေသာက္မိလို႔ျဖစ္ပါတယ္။ သူသိမ္းထားတဲ့ပစၥည္း ၉-မ်ိဳးရွိတယ္၊ မင္းေရာက္ရင္ အဲ့ဒါေတြေရာင္းခ်ၿပီး တစ္ဝက္ကိုစား တစ္ဝက္ကိုလႈပါ၊ လႈရာမွာလည္း ကန္တူးဖို႔၊ ေက်ာင္းေဆာက္ဖို႔ ကိစၥမ်ားမွာလႉပါ၊ ကုသိုလ္အမွ်ေဝတဲ့အခါ ငရဲမင္းနဲ႔ သူ႔ကိုသာ အမည္ေခၚေဝၚပါလို႔ မွာတယ္၊ သုံးဆယ့္တစ္ဘုံတို႔ ဘာတို႔ မမွာဘူး၊” အဲ့ဒီမွာ ကၽြန္ေတာ္နဲ႔ အေမးအေျဖ လုပ္ရတဲ့လူတိုင္းက ဒီလိုပဲ မွာတယ္။
တစ္ေနရာမွာေတာ့ စဥ့္ေရာင္ကရားအိုးနဲ႔ ေရေႏြးပူေတြကို ခပ္ၿပီး ဟထားတဲ့ ပါးစပ္ေတြထဲကို လုိက္ေလာင္းတယ္၊ ေတြ႕ရတဲဲ့ေနရာတိုင္းမွာ တစ္ဦးခ်င္း တစ္ေယာက္ခ်င္းမဟုတ္ဘူး မ်က္စိ တစ္ဆုံး မေရတြက္ႏိုင္ေအာင္မ်ားတဲ့ ေယာက်္ား မိန္းမေတြခ်ည္းပဲ၊ လူ႔ျပည္မွာ လူေတာင္ က်န္ေသးရဲ႕လားလို႔ ထင္ရေအာင္ကို မ်ားတယ္။
အဲ့ဒီမွာတင္ ကၽြန္ေတာ္သိတဲ့ ကေလးမတစ္ဦးကုိေတြ႕တယ္၊ သူဘာေၾကာင့္ေရာက္လာတာလို႔ မေျပာဘူး၊ အိမ္မွာ သူသိမ္းထားတဲ့ မတ္ေစ့တစ္ေစ့၊ လက္စြပ္တစ္ကြင္း၊ နားကပ္တစ္ရံနဲ႔ တစ္ဘက္တို႔ကို ျပလုိက္ပါ။ အဲ့ဒါ ေရာင္းၿပီး သီလရွင္ေတြကို ေကၽြးေမြးလႉဒါန္းၿပီး သူနဲ႔ ငရဲမင္းႀကီးကို အမွ်ေဝပါလို႔ မွာလိုက္တယ္။
ေနာက္တစ္ေနရာမွာ….တစ္ခ်ိဳ႕က ဓားနဲ႔အခုတ္ခံရတယ္၊
အဲ့ဒီမွာလည္း ဓားအမႊန္း ခံရတဲ့ အသိ မိန္းမႀကီးတစ္ေယာက္ကို ေတြ႕တယ္၊ သူကေတာ့ လူ႕ျပည္မွာရွိစဥ္က ပါးစပ္ၾကမ္းၿပီး ငါးအရွင္ကို ဓားနဲ႔မႊန္းခဲ့မိလုိ႔ ေျပာတယ္။ ဘာမွမမွာလိုက္ဘူး၊
ေနာက္တစ္ေနရာမွာ…. ဓားနဲ႔ရစ္ၿပီး အေရကို အရွင္လတ္လတ္ခြာေနတယ္၊
အဲ့ဒီမွာ သိတဲ့ အဘုိးႀကီးကေတာ့ ႏြားမေသမရွင္ အေရခြာဖ်က္ခဲ့တဲ့အတြက္တဲ့၊ အိမ္မွာ သူသိမ္းထားတဲ့ စာ႐ြက္စာတမ္းေတြကို ေနရာနဲ႔တကြ ေျပာတယ္။ ဟိုေရာက္ရင္ ေျပာျပၿပီး အလႉေပးပါ၊ သူနဲ႔ ငရဲမင္းႀကီးကို အမွ်ေဝပါလို႔ မွာလိုက္တယ္။
ေနာက္တစ္ေနရာမွာ…..
ထန္းသီးခန္႔မီးခဲလို ရဲရဲအလုံးႀကီးေတြ ပါးစပ္ထဲခြံ႕တယ္၊
တစ္ေနရာမွာ အဲ့ဒီလို အရည္ေတြ ပါးစပ္ထဲ ေလာင္းတယ္၊ ေမးၾကည့္ေတာ့ ဘိန္းစားသူေတြနဲ႔ အရက္ေသာက္သူေတြလို႔ ေျပာတယ္။
ေနာက္…. ထိုးလိုက္၊ ရုိက္လုိက္၊ ပုတ္လိုက္၊ ခုတ္လိုက္ အမိ်ဳးမ်ိဳးခံေနရသူေတြလည္း ေတြ႕ရတယ္။
တစ္ေနရာမွာေတာ့……. ကၽြန္ေတာ့္အသိ သူငယ္ေလးတစ္ဦးဟာ ဆူးအပင္ေပၚကို လူႀကီးတစ္ဦးက ႀကိမ္နဲ႔ရိုက္ၿပီး တက္ခိုင္းတာကို ေတြ႔ရတယ္။
သူကလည္း အိမ္မွာသူဝွက္ထားတဲ့ ေဖာင္တိန္၊ သူ႔သခ်ၤာစာအုပ္နဲ႔ ျမန္မာစာစာအုပ္ ငွားထားတဲ့သူေတြကို နံမည္နဲ႔ေျပာတယ္၊ ကုသုိလ္ျပဳေပးပါလို႔လဲ မွာလိုက္တယ္၊ သူနဲ႔အတူခံေနရသူေတြဟာ လူ႔ျပည္တြင္ ေနစဥ္က သူေတာ္ေကာင္းေတြကို ေနာက္ေျပာင္ဆဲေရးသူမ်ားလို႔ေျပာတယ္”
ကၽြန္ေတာ္ေရာက္ခဲ့တဲ့ ေနရာမ်ားမွာ ငရဲအိုး သုံးေနရာေတြ႕တယ္၊
ပထမအိုးမွာ ခံရသူမ်ားက ေရေႏြးထဲတြင္ အလိပ္လိုက္လွိမ့္ေနၾကတယ္၊ ဒုတိယအိုးမွာ ဆူပြက္ေနတဲ့သေဘာ ခံရေနသူေတြဟာ ပြက္ပြက္ဆူတဲ့ေရေႏြးအိုးထဲမွာ လက္ဖက္ေျခာက္ေတြလို ဖြားကနဲေပၚလိုက္ ျမဳတ္သြားလိုက္ ကၽြမ္းထိုးေမွာက္ခုံ ျပန္လို႔ ေအာ္ေနခ်ိန္မရဘူး။ တတိယအိုးမွာ ထူးျခားတာက အသားျဖဴသူေရာ အသားမဲသူေရာ သူေတာ္စင္အဝတ္နဲ႔ေရာ လူမ်ိဳးစုံေတြ႕ရတာပဲ၊”
အျပန္ခရီး
ဒါေတြေတြ႕ၿပီး ဆက္သြားတဲ့အခါ စိတ္မခ်မ္းေျမ႕စရာေတြကို မေတြ႕ရေတာ့ဘဲ အလြန္သာယာတဲ့ ဟင္လင္ျပင္ႀကီး၊ အဖိုးတန္ ေက်ာက္မ်က္ရတနာမ်ားနဲ႔ စီျခယ္ထားတဲ့ ဗိမာန္သုံးခု၊ က်ယ္ျပန္႔ၿပီး သစ္သီးဝလံမ်ား ပန္းပြင့္ပန္းႏြယ္မ်ား ယွက္သန္း သာယာလွတဲ့ ၾကည္ႏူးဖြယ္ ဥယ်ာဥ္ႀကီးကုိ ေတြ႕ရတယ္
အဲ့ဒီလို ျပန္လာတဲ့လမ္းမွာ တစ္ဖက္က လြယ္အိတ္ႀကီးလြယ္ တစ္ဖက္က ႏြယ္ပင္ေတြ ေပြ႔ၿပီး ေလွ်ာက္လာတဲ့ ေဆးဆရာႀကီးလို အဘိုးအို တစ္ဦးကို ေတြ႔တယ္၊ ဒီတစ္ခါ ကၽြန္ေတာ့္ေရွ႕က လူႀကီးက လွမ္းၿပီး……
“ဒီေကာင့္ေရာဂါ ဘာနဲ႔ကုရမလဲကြ” လို႔ေမးတယ္၊
ဟုိုဆရာႀကီးက “အလြယ္ကေလး သရင္းႀကီး ေလးငါး႐ြက္ သုံးခြက္တစ္ခြက္တင္က်ိဳ၊ ထန္းလ်က္သုံးခဲေလာက္ ပစ္ထည့္၊ ဆားမီးဖုတ္နဲ႔ေသာက္ ေပ်ာက္ေပါ့ကြ” လို႔ေျပာၿပီး ဆက္သြားတာပဲ။
ကၽြန္ေတာ္လည္း ဒီေဆးကို ေမ့မသြားေအာင္ အႀကိမ္ႀကိမ္ ႐ြတ္လာခဲ့တယ္။
အဲ့ဒီေနာက္ေတာ့ လူႀကီးက ေရွ႕ကသြား ကၽြန္ေတာ္ထိုင္ေနတဲ့ အုန္းတုံးေလး သုံးခုက ေနာက္ကလိုက္နဲ႔ အလာကထက္ေတာင္ ျမန္ေသးတယ္၊ ရိပ္ရိပ္တန္းၿပီး နား႐ြက္ကို ေလတိုးတာ မခံႏိုင္ေအာင္ကို ေအးလွတယ္။
သုံးခြျပန္ေရာက္တဲ့အခါ ေဆးရုံကို ပထမ ျမင္ရတယ္၊ ေနာက္ တစ္ျဖည္းျဖည္း ကၽြန္ေတာ္ မူလက တက္ထိုင္တဲ့ ေျမာင္းကူးကို ေရာက္ရင္ ဟိုလူႀကီးက ခပ္ထန္ထန္ပင္ “ေဟ့ေကာင္ ဆင္းသြားေတာ့” လုိ႔ေျပာတာနဲ႔ ကၽြန္ေတာ္လည္း ကပ်ာကယာဆင္းၿပီး ေျမာင္းကူးတံတားေလးေပၚ ေလွ်ာက္လာခဲ့တယ္၊ တစ္ဝက္ေရာက္လို႔ လွည့္ၾကည့္တဲ့အခါ အုန္းတုံးေရာ လူႀကီးပါ မေတြ႔ရေတာ့ဘူး။
သၿဂိဳလ္မည့္ေန႔
တကယ္ေတာ့ ကၽြန္ေတာ့္ခု ေျပာျပတာဟာ ဘာမ ွမမ်ား မၾကာလိုက္ဘူးလို႔ ထင္ရတယ္၊ တန္ေဆာင္မုန္း လဆန္း (၁) ရက္ေန႔ ည ၈-နာရီက သတိေမ့ေျမာသြားတာ ခု ကၽြန္ေတာ္ျပန္ေရာက္တဲ့ေန႔ဟာ တန္ေဆာင္မုန္းလဆန္း (၃) ရက္ ေန႔ နံနက္ ၄-နာရီ ျဖစ္ပါတယ္၊
ဒီမွာ ျဖစ္ေနၾကတာက….. ေသၿပီ၊
ဒါေၾကာင့္ ကၽြန္ေတာ့္ခႏၶာကိုယ္ကို ေျခမ လက္မ ပူး၍ ႀကိဳးခ်ည္ၿပီး ေသတၱာပ်က္ သုံးလုံးေပၚမွာ ပ်ဥ္ခင္းကာ အေလာင္းစင္ ျပင္ထားၾကတယ္၊
တစ္ရက္အၾကာတြင္… ေခါင္းသြင္းေရး မသြင္းေရး အျငင္းပြားတဲ့အခါ သမီးအႀကီးက “ကၽြန္မအေဖဟာ ပုပ္လည္းမပုပ္ အသားအရည္လည္း ေတာင့္တင္းမေနတဲ့အတြက္ သၿဂိဳလ္ခါနီးမွ သြင္းပါ”လို႔ အတိုက္အခံ ေျပာထားတဲ့အတြက္ အေလာင္းစင္ေဘးမွာ အေခါင္းအဆင္သင့္ ခ်ထားတယ္၊
ေန႔လည္ ၁၂-နာရီဆိုရင္ မသာပို႔ၾကမယ္၊ အသုဘယာဥ္လည္း ငွားၿပီးၿပီ….
မနက္ အသုဘပို႔သူမ်ားေကၽြးဖို႔ ဆန္ႏွစ္တင္း၊ ဝက္သား အခ်ိန္ ၇၀၊ ဟင္းခ်ိဳ၊ ငံျပာရည္ခ်က္၊ တို႔စရာ အားလုံၚအဆင္သင့္ ျဖစ္ေနၿပီ။
ေကၽြးေမြးရန္ ပုဂံခြက္ေယာက္မ်ားလည္း ငွားရမ္း၍ အိမ္ေပၚတြင္ ေရာက္ေနၿပီ၊
ဒီပစၥည္းေတြအားလုံး အေႂကြးယူၿပီး လုပ္ကိုင္ထားတာ ျဖစ္တယ္၊
အဲ….. ဖဲဝိုင္းကလဲ အိမ္ေပၚမွာ သုံးဝိုင္းေလာက္ရွိတယ္္၊
ဒီလို ျဖစ္ေနတဲ့အခ်ိန္ ကၽြန္ေတာ္က သတိျပန္ဝင္လာၿပီး…
ေရ… ေရ…. ေရေပးပါလို႔ ေအာ္ရင္း ငုတ္တုတ္ထ, ထိုင္ လိုက္တဲ့အခါ….
ဘာေျပာေကာင္းမလဲ ဖဲဝိုင္းကလူေတြ လန္႔ၿပီး တိုးေဝွ႔ ေျပးလိုက္ၾကတာ… ပန္းကန္ျပား ၁၈ ခ်ပ္၊ ဟင္းေသာက္ပန္းကန္ ၆ လုံး ကြဲကုန္တာပဲ၊
သတိေကာင္းတဲ့ ကၽြန္ေတာ့္သမီး ေျပးလာၿပီး လက္ ေျခက ႀကိဳးေတြ ျဖဳတ္ေပးတယ္။
ကၽြန္ေတာ္ကိုယ္တိုင္ကေတာ့ မ်က္လုံးေတြျပာၿပီး ဘာမွ် သဲသဲကြဲကြဲကို မျမင္ရဘူး။
ေရတဝ ေသာက္ၿပီး ျပန္အိပ္လိုက္တာ နံနက္ ၁၀-နာရီထိုးခ်ိန္က်မွ ႏိုးတယ္၊ ဒီေတာ့ အေခါင္းေတြ အေလာင္းစင္ေတြကို သူတို႔က ေဖ်ာက္ထားၿပီး လူေတြ တက္လိုက္ ဆင္းလိုက္ တစ္အုပ္ႀကီးလာလိုက္၊ ျပန္သြားလိုက္နဲ႔ ကၽြန္ေတာ့္စိတ္ထဲ ဘာမ်ား ျဖစ္ေနၾကပါလိမ့္လို႔ ေအာက္ေမ့တယ္၊
ေနာက္ေတာ့မွ အထက္ကအျဖစ္အပ်က္ကို သိရပါေတာ့တယ္၊
အဲ…. ေခါင္းပ်ဥ္ကို ဘုန္းေတာ္ႀကီးေက်ာင္း ေနကျပင္အျဖစ္ လႉ၊ ဝက္သားဟင္းေတြ ေနာက္တစ္ေန႔ ဘုန္းေတာ္ႀကီးေက်ာင္းမ်ားကို လႉလိုက္တယ္၊
ခုႏွစ္ရက္လည္တဲ့ေန႔က်ေတာ့ ေၾကြးရွင္ေတြ စာ႐ြက္ကိုယ္စီနဲ႔ လာၾကေတာ့တာပဲ။
နဂိုက အစီအစဥ္မွာ ကူေငြနဲ႔ ဆပ္ဖို႔၊ လူမေသေတာ့ ကူေငြမရျဖစ္လို႔ ကၽြန္ေတာ္ပုိင္ပစၥည္းမွန္သမွ် ဆိုက္ကားကအစ အိမ္ရွိပရိေဘာဂ ပစၥည္း တစ္ခုမက်န္ ေရာင္းတာ ေငြ ၇,၀၀၀ိ ရတယ္၊
ေၾကြးက အသုဘ တင္ဖို႔ ယာဥ္ အပါအဝင္ ၆,၂၀၀ိ က်တယ္၊
လက္ထဲမွာ ေငြ ၈၀၀ိ ပဲ က်န္တယ္။
ကၽြန္ေတာ့္ ေရာဂါလည္း ဟိုက ေျပာတဲ့ေဆးနဲ႔ ေပ်ာက္ၿပီး အခုလို က်န္းမာလာတာပါဘဲ။
အဲ…….. တစ္ခုထူးတာက ႏွာေခါင္းအဖ်ားေလး ပုတ္လို႔ ကု႔ယူရတယ္၊
မွာလိုက္တဲ့ ကိစၥေတြလည္း အားလုံးကၽြန္ေတာ္ကိုယ္တုိင္ လုိက္ေျပာ၊ ရွာေဖြ ကုသိုလ္ ျပဳၾကတဲ့အခါ အမွ်ေဝေပးပါဆိုလို႔ အိမ္ျပင္ထြက္ၿပီး ကၽြန္ေတာ္က အမွ်ေဝ ေပးရပါတယ္။
ခုေတာ့ ကၽြန္ေတာ့္အေနနဲ႔ တတ္ႏိုင္သမွ် ကုသုိလ္ေကာင္းမႈကိုပဲ ဂရုစုိက္ ေဆာင္႐ြက္ေနပါတယ္၊ မ်က္စိထဲမွာ ေၾကာက္မက္ဖြယ္ေကာင္းတဲ့ ခံစားမႈေတြက စဥ္းစားလိုက္တုိင္း ေပၚလာပါတယ္၊
ကုသုိလ္ေကာင္းမႈကို ျပဳၾကပါ၊ အကုသိုလ္ဟာ အေသးအဖြဲလို႔ မရွိဘဲ ခံရတတ္ပါတယ္၊
ဤသို႔လွ်င္ ေသ႐ြာျပန္ ဦးေရခဲက သူ႕ရဲ႕အေတြ႕အႀကံဳေတြကို သံေဝဂ ယူႏိုင္ၾကရန္ စိတ္ရွည္ လက္ရွည္ ေျပာျပလိုက္ပါသည္။
(၁၉၉၀ ႏွစ္ ေဖေဖၚဝါရီလ ထုတ္ အံ့ဖြယ္သုတ မဂၢဇင္း ပါ က်ိဳက္လတ္မိုးျမင့္၏ ေသ႐ြာျပန္ဦးေရခဲ ေဆာင္းပါးကို ျပန္လည္္ေဖာ္ျပပါသည္။)
သမိုင္းအေႀကာင္း
(Unicode)

သေရွာပြန် ဦးရေခဲ
°°°°°°°°°°°°°°
ဤလောကတွင် ယုံကြည်ရန်ခက်ခဲသော အကြောင်းရပ်များ
ရှိသည့်အနက် ယခုတင်ပြမည့် သေရွာပြန် ဦးရေခဲ၏
အကြောင်းမှာ အံ့ဖွယ်တစ်ရပ်ပင် ဖြစ်ပါသည်။

အသက် ၅၇ နှစ်ရှိပြီဖြစ်သော ဦးရေခဲသည်
အဘ ဦးနှင်းမောင် အမိ ဒေါ်သိန်းတင်တို့၏
သားသမီး ၇ ဦးအနက် အကြီးဆုံးသား ဖြစ်သည်။
မွေးဇာတိမှာ မင်းလှမြို့ဖြစ်ပြီး လွန်ခဲ့သော အနှစ် ၃၀-ခန့်မှစ၍ ယခုနေထိုင်ရာ သုံးခွမြို့သို့ ရောက်ရှိလာခဲ့ပါသည်။

ဦးရေခဲသည် ဇနီးသည် ဒေါ်အေးရွှေနှင့် သားသမီး ၆ ယောက်တို့ကို ဆိုက်ကားနင်း၍ လုပ်ကိုင်ကျွေးမွေးခဲ့သည်။ အမည်ရင်းမှာ ဦးအောင်ကြည် ဖြစ်ပြီး ယခု အမည်ဦးရေခဲမှာ သုံးခွမြိုက ပေးသော အမည်ဖြစ်ပါသည်။

ဆိုက်ကားနင်းစားရသော်လည်း တရားမဲ့သော လုပ်ကိုင်ပြောဆိုမှုကို စိတ်ပင်မကူးခဲ့၊ ခပ်အေးအေးပင် နေတတ်သည်။ တစ်ကြိမ်က အိမ်ပေါ်ထိုင်နေစဉ်
လူငယ်နှစ်ဦးက မည်သည့်အချက်ကြောင့်မသိ အိမ်ပြင်မှလာ၍ ဒုတ် ဓားများကိုင်ကာ ဆင်းခဲ့ရန် စိန် ခေါ်သည်။

သူက ပုံမပျက်ပင် ထိုင်လျက် ….
“မင်းတို့မကျေနပ်စရာ ငါတော့ဘာမှ မလုပ်မိပါဘူးကွာ မကျေနပ်ဘူးဆိုရင် ကြိုက်သလို လုပ်ကြပါ ငါကတော့ ဘာမှ ပြန်မလုပ်ပါဘူးကွာ” ဟု အေးဆေးစွာပင် ပြောလိုက်သည်။

အိမ်နီးပါးချင်း များကပင် မကျေနပ်ကြ တစ်ဖက်သက် ရန်ဖြစ်ရသည်ဖြစ်၍ လူငယ်နှစ်ဦးမှာလည်း ပြန်သွားကြသည်။ ထိုအချိန်မှစ၍ ရေခဲတုံးလို အေးတဲ့လူဆိုပြီး အမည်ရင်းကို မခေါ်ကြတော့ဘဲ ဦးရေခဲ ဟု တွင်ခဲ့တော့သည်။
သူ၏သတင်း ကြားစကပင် စိတ်ဝင်စားခဲ့၏။

ယခုနှစ် ဝါဆိုလပြည့်နေ့ကမူ သုံးခွမြို့သား
မိတ်ဆွေများဖြစ်သော ဦးမောင်မောင်၊ ဦးလှကြိုင်တို့နှင့်
သုံးခွမြို့ ၃-ရပ်ကွက် လောကမာရဇိန် ဘုရားကြီးအနီးနေ ဦးရေခဲအိမ်သို့ သွားခဲ့ကြသည်။ ဦးရေခဲသည် ဥပုတ်စောင့်ပြီး တန်ဆောင်းထဲတွင် တရားထိုင်၍ ခေတ္တစောင့်နေရသည်။

“လာရင်းကိစ္စ သိပါရစေ ခင်ဗျာ”

“ကျွန်တော်ကတော့ရန်ကုန်ကပါ ဟို.. လွန်ခဲ့သော
သုံးနှစ်ကျော်က ထူဆန်းစွာတွေ့ခဲ့တဲ့ ဦးရေခဲရဲ့အတွေ့အကြုံကို သိလို၍ဖြစ်ပါတယ် နောက်ဒီအကြောင်းကိုလည်း စာစောင်တစ်ခုခုမှာ အများဗဟုသုတဖြစ်ရန်ပြန်လည်တင်ပြချင်၍ ကျေးဇူးပြု၍ ပြောပြပါခင်ဗျာ”

ဦးရေခဲသည် ကျွန်တော်တို့သုံးဦးအား အကဲခတ်သလိုကြည့်သည်။ အနီးတွင်ရှိသော စုတ်နေသည့် မွေ့ရာကိုကြည့်သည်၊ ပြီးမှ…..

“ဟုတ်ကဲ့၊ ပြောပြပါမယ်၊ တစ်ခုတော့ ကြိုတင်တောင်းပန်ပါရစေ အထဲမှာ ပါတဲ့ နံမည်တွေကိုတော့ မပြောပါရစေနဲ့ ဒါတွေက ပုဂ္ဂိုလ်ရေးတွေမို့ပါ၊ ဒီမြို့သားဆို သူတို့သိပါတယ်”ဟ
ကျွန်တော်နှင့် ပါလာသူ မိတ်ဆွေနှစ်ဦးကိုကြည့်၍ ပြောသည်။

မိတ်ဆွေများကလည်း ပြိုင်တူခေါင်းညိတ်၍ ထောက်ခံကြသည်။ နောက်မှသိရသည်က ယခု သက်ရှိထင်ရှား
ဆွေမျိုးရင်းတွေဖြစ်နေ၍ မှန်သော်လည်း အမည်ထုတ်ဖော်
ပြောသည်ကို လက်မခံကြဟု သိရပါသည်။

“ဖြစ်ပုံက ဒီလိုဗျ၊ ဟောဒီဟာ အဲဒီတုန်းက ကျွန်တော်အိပ်တဲ့မွှေယာဖြစ်လို့ စုတ်ပေမယ့် လွှင့်မပစ်ဘဲ ခုလည်းဒီနေရာမှာ အိပ်နေပါတယ်၊
ကျွန်တော်ဖြစ်တဲ့နေ့ကတော့…. ၁၃၄၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၁)ရက်နေ့ ဖြစ်ပါတယ်၊ ဒီလိုမဖြစ်ခင် တစ်နှစ်လောက်ကတည်းက ရောဂါမည်မည်ရရမရှိဘဲ တရှောင်ရှောင် ဖြစ်နေခဲ့တယ်၊ ဆေးရုံ ဆေးခန်းနဲ့ ရှိတာလေးတွေ ရောင်းချ ကုတာ ငွေတစ်ထောင်ကျော်ကျော်လောက် ကုန်တယ် ဘာမျှမထူးခြားဘူး”
ခုလိုဖြစ်လို့ ၄၉-ရက်အလိုမှာတော့ ထမင်းကိုစားဖို့ဝေးလို့ အနံ့တောင်မခံနိုင်ဖြစ်လာတယ်၊

တဖြည်းဖြည်း ဖြစ်လာတာက ရေတောင်နှစ်ခွက်သောက်လို့ မရဘူး၊ မတ်ခွက်နဲ့သောက်သောက် လဘက်ရည်အကြမ်းပန်ကန်လေးနဲ့သောက်သောက် တစ်ခွက်ပဲ၊ နှစ်ခွက်သောက်ရင် အန်ပစ်တာပဲ၊ ဒါကိုသိတော့ အိမ်ကလူတွေက များများဝင်အောင် နွားနို့ကို မတ်ခွက်ကြီးနဲ့ တစ်နေ့ တစ်ခွက်တိုက်ကြပါတယ်။ ကျွန်တော့်စိတ်ထဲလည်း လူတွေနဲ့စကားမပြောချင်ဘူး၊ ခြင်ထောင်ထဲမှာပဲနေတယ်၊

ထူးထူးခြားခြား ဖြစ်မယ့်နေ့ ညနေ ၃-နာရီလောက်ကစပြီး ရင်ထဲမှာ နေလို့မရအောင် ပူလောင်လာတာပဲ၊ နောက်တော့ မွေ့ယာပေါ်မှာ လူးလှိမ့်နေတယ်၊ ဆရာဝန်ခေါ်ကုတယ်၊ မရဘူး၊
ဝေဒနာခံစားရလွန်းလို့ သတိမရတစ်ချက် ရတစ်ချက်ဖြစ်ရာက ညဘက်ရောက်လာပြီး အိမ်အမိုးကို ကြည့်လိုက်တော့ ဓနိပေါက်ပြဲနေတာတွေကို မြင်တယ်၊ တစ်ခါမျှမပေါ်ဘူးပဲ ထူးထူးခြားခြား သြော်ကောင်းတာတွေကကောင်း၊ ပျက်တာတွေကပျက်၊ ငါလည်းပျက်ရတော့မယ်လို့ သံဝေဂရတယ်၊
အဲဒီလိုရှိနေတုန်း လူက ငြိမ်သွားပြီး မေ့ဆေးပေးခံရသူလို တဖြည်းဖြည်း အသံတွေ အာရုံမှာ လျော့လာတယ်၊ သုံးခွစျေးက ခေါက်လိုက်တဲ့ နာရီသံ ရှစ်ချက်ကို ကောင်းကောင်း ကြားလိုက်ရပြီး ခဏနေ ကျွန်တော်တို့ လမ်းထိပ်က နာရီသံကျတော့ ခြောက်ချက်သာ ကြားပြီး လုံးလုံးသတိမေ့သွားတာပါပဲ၊

#ငရဲသို့အသွား
========
ခြေလက် ကိုယ်လုံးကိုယ်ထည် ကျွန်တော့်ထက် ကြီးမားတုတ်ခို်င်ပြီး ခါးတောင်းမြောင်နေအောင် ကျိုက်ထားတဲ့ လူကြီးတစ်ယောက်က အိမ်ပေါက်ဝမှာလာပြီး “ဟေ့ကောင်လာခဲ့လို့” အသံမာမာနဲ့ ခေါ်တာပါပဲ၊ အဲဒီလူကြီးရဲ့မျက်နှာက ခက်ထန်ပြီး အားခွန်ဗလကလည်း ကျွန်တော့်ထက်များစွာ ကွာနေတဲ့အတွက်
“အင်း….. ငါခုခံလို့လဲ နိုင်မှာ မဟုတ်ဘူး၊ အသာတကြည် လိုက်သွားတာပဲ ကောင်းပါတယ်လို့ ဆုံးဖြတ်ပြီး သူခေါ်ရာကို ထလိုက်ခဲ့တာဘဲ။”
အဲ… ခု ကျွန်တော်ဆက်ပြောမယ့် တွေ့ခဲ့တဲ့အကြောင်းအရာတွေကတော့ ရုပ်ရှင်ထဲကလိုလို၊ မျက်လှည့်ပြနေသလိုလိုပါပဲ၊
ဟောဟို မြောင်းကူးတံတားလေး ဟိုဘက်လဲရောက်ရော လေးပေလောက် ရှိတဲ့ ခပ်သေးသေး အုန်းတုံးလေး သုံးခုဟာ ကြိုးမချည် သံမစွဲဘဲ တွဲလျက်ရှိနေတယ်၊
လူကြီးက ကျွန်တော်ကို “အဲဒီပေါ်တက်ထိုင်” လို့ ပြောတယ်။ အဲဒီပေါ် ကျွန်တော် သူခိုင်းတဲ့အတိုင်း ထိုင်လိုက်တယ် ဆိုရင်ပဲ ဘာမှမပြောတော့ဘဲ သူက ရှေ့ကလျောက်သွားတော့ နောက်ကကျွန်တော် ထိုင်နေတဲ့အုန်းတုံးလေး သုံးခုဟာ ဘီးတပ်ထားတဲ့ယာဉ်လို ပါသွားတယ်၊

ကျွန်တော့်စိတ်ထဲ ဘယ်လိုဖြစ်တာပါလိမ့် မလဲလို့ တွေးရင်း လိုက်သွားရာက မြေကြီးပေါ်မှာတစ်ဖြည်းဖြည်း သွားနှုန်းက မြန်လာတယ်။ အနေအထားကလည်း တစ်ဖြည်းဖြည်း နိမ့်ဆင်းသွားတယ်လို့ ထင်ရတယ်။
သူက ခြေလှမ်းတစ်လှမ်းချင်း လျှောက်နေတာ မှန်ပေမယ့် ကျွန်တော်ထိုင်နေတဲ့ အုန်းတုံးကလေး ကတော့ ရိပ်ရိပ်တန်းအောင် မြန်နေတယ်။
တော်တော်သွားမိတယ်ဆိုရင် မြေကြီးပေါ်မှာ ရှိနေတဲ့ သစ်ပင်တွေ ဘာတွေကို မမြင်ရတော့ဘဲ ဟင်းလင်းပြင် ကွက်လပ်ကြီးထဲကို ရောက်လာတယ်၊ ရှေ့မှာ ဝန်းကြီးလို ကာရံထားတာကို တွေ့ရတယ်။

တဖြည်းဖြည်း နီးလာတာနဲ့ အထဲက ဆူညံအော်ဟစ်လိုက်တဲ့အသံတွေဟာ ကြက်သီးမွေးညှင်းထအောင် ကြောက်စရာကောင်းတဲ့အသံတွေကို ကြားရတယ်။ အနားလဲရောက်ရော ကျောက်တောင်ကြီးလို အပြားကြီး နှစ်ချပ်ဟာ တံခါးလို အတွင်းကို ပွင့်သွားတယ်။ လမ်းမကြီးကလဲ ဖြူးနေတယ်။
အတွင်းဝင်မိတယ်ဆိုရင်ပဲ အပူရှိန်ဟပ်သလို ရှိန်းကနဲဖြစ်ပြီးပူလာတယ်။ စောစောက အော်သံတွေဟာ ဒီထဲရောက်တဲ့အခါ မကြားတော့ဘူး။
တော်တော်သွားမိရင် ပထမဦးဆုံးတွေ့တာက…
တုံးလုံးလဲနေတဲ့ ယောကျ်ား မိန်းမတွေကို ဦးခေါင်းတွေချည်းပဲ လိုက်ရိုက်နေတဲ့နေရာပဲ၊
တစ်ဆက်တည်း တစ်ချို့နေရာမှာတော့ ထိုင်လျက် ပါးစောင်းနှစ်ဖက်ကို သံချိတ်နဲ့ဆွဲဟထားတယ်၊
ကျွန်တော်က မေးမလို့ စိတ်ကူးရုံရှိသေးတယ် “ခေါင်းရိုက်တဲ့ဟာတွေက မင်းလူ့ပြည်ရောက်မှ သိမယ်၊ ပါးစပ်ချိတ်ထားတာက နှုတ်ကြမ်းသူတွေ” လို့ ရှေ့ကလူကြီးက ပြောတယ်။
ငရဲဆိုရင် နှိပ်စက်သူက တစ်ဖက်…. ခံရသူက တစ်ဖက်လို့ .. ကျွန်တော်တို့ ထင်ခဲ့တယ်။ ဒီလိုချည်း မဟုတ်ဘူး၊ အချင်းချင်း နှိပ်စက်ရတာလည်း ရှိတယ်၊ ခုတွေ့တဲ့နေရာဟာ လူနှစ်ယောက်တစ်တွဲ အချင်းချင်း အပြန်အလှန် တစ်ချက်စီ ရိုက်နေတာ တွေ့တယ်။
“အဲ့ဒါ မင်းတို့ဆီမှာ ကြက်တိုက်သူတွေပေါ့”
လို့ ရှေ့ကလူကြီးက ပြောတယ်။

ကျွန်တော်တို့ငယ်စဉ် လူကြီးသူမတွေက ဒါမလုပ်နဲ့ ငရဲအိုး ဇောက်ထိုးကျလိမ့်မယ်လို့ ပြောရင် မိုးပြဲဒယ် အကြီးစားကို မျက်စိထဲမြင်လာတယ်။ ဆီတွေနဲ့ ကြော်မှာပဲလို့ထင်ခဲ့တယ်။
တကယ်တွေ့ရတဲ့ ငရဲအိုးမှာ ထိုသို့မဟုတ်ပါ။
အိုးနှုတ်ခမ်းအရောင်မှာ စဉ့်ရောင်ဖြစ်ပြီး လူကြီးကပို့၍ ရောက်သွားသောအခါ မည်မျှကျယ်သလဲ မသိဘူး၊ ကျွန်တော်ရောက်တဲ့ နှုတ်ခမ်းသာ မြင်ရတယ်။ ကျန်သုံးဘက် နှုတ်ခမ်းကို လှမ်းကြည့်၍ပင် မမြင်။
မီးတွေဖို၍ တည်ထားတာလဲမဟုတ်၊ ကန်ကြီးလို ဖြစ်နေတယ်။ ကြည့်၍မဆုံးနိုင်သော ပြင်ကျယ်ကြီးထဲမှာ ယောကျ်ားမိန်းမတွေဟာ အလိပ်လိုက် ရေနွေးပူထဲမှာ လှိမ့်ပြီး ပူလောင်မှုဒဏ်ကို ခံနေကြရတယ်၊ ရေနွေးပူဆိုပေမယ့် အဲ့ဒီမှာ တွေ့ရတာက အချို့နေရာတွေမှာ အုတ်နီမှုန့်အရောင် နီကြင်ကြင်ပျစ်တွဲတွဲ၊ တစ်ချို့နေရာတွေမှာတော့ ခဲပုတ်ရောင်လို ပျစ်တွဲတွဲတွေ ဖြစ်ပါတယ်။
လူကြီးက ကျွန်တော့်ကို ပြပုံမှာ တစ်ခုကတစ်ခု ကျော်လွှားပြပုံမျိုး မဟုတ်ပဲ မြင်စေချင်တဲ့အရာကို ပြလိုက်၊ နောက်တစ်ဖက်သွားပြလိုက် အဲ့ဒီလိုပုံမျိုး၊ ကျွန်တော် မေးစေချင်တဲ့ နေရာကျ ရပ်ပေးတယ်။

တစ်နေရာမှာတော့ ငရဲခံနေရတဲ့လူတွေက မတ်တပ်ရပ်လျက် နှိပ်စက်သူတွေက လက်ရိုက်လို သစ်သားတုတ်ကြီးနဲ့ ဘယ်ပြန်ညာပြန် ရိုက်တာပဲ၊ အံ့သြစရာကောင်းတာက ကျွန်တော်သိတဲ့ အဘိုးကြီးတစ်ဦးကိုတွေ့တယ်၊
“ဆရာကြီးခင်ဗျာ ဘယ်လိုဖြစ်တာလဲ” လို့ ကျွန်တော်ကမေးတော့ ထူးခြားမှုက ကျွန်တော်က ကြည့်ပြီးသူ့ကိုမေးပေမယ့် သူကကျွန်တော့်ကို တိုက်ရိုက်မပြောဘူး။ ရှေ့ကလူကြီးကို ပြောတယ်။ သူတို့ချင်းပြောတဲ့အသံလည်းမကြားရဘူး၊ ပါးစပ်လှုပ်တာသာ တွေ့တယ်။ ပြီးမှ ထိုလူကြီးက အသံထွက်ပြီး ကျွန်တော်ကို ပြန်ပြောပြတယ်။ အဲ့ဒီမှာ တွေ့လို့ မေးတဲ့သူတိုင်းက သူကတစ်ဆင့်သာ ပြန်ပြောတယ်။
“ဒီလိုခံရတာ တစ်ခြားကြောင့်မဟုတ်ပါဘူး၊ ဟိုတုန်းက ရေကန်တူးဖို့ အလှူခံတဲ့ငွေတွေထဲက ဆေးလိပ်ဝယ်သောက်မိလို့ဖြစ်ပါတယ်။ သူသိမ်းထားတဲ့ပစ္စည်း ၉-မျိုးရှိတယ်၊ မင်းရောက်ရင် အဲ့ဒါတွေရောင်းချပြီး တစ်ဝက်ကိုစား တစ်ဝက်ကိုလှုပါ၊ လှုရာမှာလည်း ကန်တူးဖို့၊ ကျောင်းဆောက်ဖို့ ကိစ္စများမှာလှူပါ၊ ကုသိုလ်အမျှဝေတဲ့အခါ ငရဲမင်းနဲ့ သူ့ကိုသာ အမည်ခေါ်ဝေါ်ပါလို့ မှာတယ်၊ သုံးဆယ့်တစ်ဘုံတို့ ဘာတို့ မမှာဘူး၊” အဲ့ဒီမှာ ကျွန်တော်နဲ့ အမေးအဖြေ လုပ်ရတဲ့လူတိုင်းက ဒီလိုပဲ မှာတယ်။

တစ်နေရာမှာတော့ စဉ့်ရောင်ကရားအိုးနဲ့ ရေနွေးပူတွေကို ခပ်ပြီး ဟထားတဲ့ ပါးစပ်တွေထဲကို လိုက်လောင်းတယ်၊ တွေ့ရတဲဲ့နေရာတိုင်းမှာ တစ်ဦးချင်း တစ်ယောက်ချင်းမဟုတ်ဘူး မျက်စိ တစ်ဆုံး မရေတွက်နိုင်အောင်များတဲ့ ယောကျ်ား မိန်းမတွေချည်းပဲ၊ လူ့ပြည်မှာ လူတောင် ကျန်သေးရဲ့လားလို့ ထင်ရအောင်ကို များတယ်။
အဲ့ဒီမှာတင် ကျွန်တော်သိတဲ့ ကလေးမတစ်ဦးကိုတွေ့တယ်၊ သူဘာကြောင့်ရောက်လာတာလို့ မပြောဘူး၊ အိမ်မှာ သူသိမ်းထားတဲ့ မတ်စေ့တစ်စေ့၊ လက်စွပ်တစ်ကွင်း၊ နားကပ်တစ်ရံနဲ့ တစ်ဘက်တို့ကို ပြလိုက်ပါ။ အဲ့ဒါ ရောင်းပြီး သီလရှင်တွေကို ကျွေးမွေးလှူဒါန်းပြီး သူနဲ့ ငရဲမင်းကြီးကို အမျှဝေပါလို့ မှာလိုက်တယ်။
နောက်တစ်နေရာမှာ….တစ်ချို့က ဓားနဲ့အခုတ်ခံရတယ်၊

အဲ့ဒီမှာလည်း ဓားအမွှန်း ခံရတဲ့ အသိ မိန်းမကြီးတစ်ယောက်ကို တွေ့တယ်၊ သူကတော့ လူ့ပြည်မှာရှိစဉ်က ပါးစပ်ကြမ်းပြီး ငါးအရှင်ကို ဓားနဲ့မွှန်းခဲ့မိလို့ ပြောတယ်။ ဘာမှမမှာလိုက်ဘူး၊
နောက်တစ်နေရာမှာ…. ဓားနဲ့ရစ်ပြီး အရေကို အရှင်လတ်လတ်ခွာနေတယ်၊
အဲ့ဒီမှာ သိတဲ့ အဘိုးကြီးကတော့ နွားမသေမရှင် အရေခွာဖျက်ခဲ့တဲ့အတွက်တဲ့၊ အိမ်မှာ သူသိမ်းထားတဲ့ စာရွက်စာတမ်းတွေကို နေရာနဲ့တကွ ပြောတယ်။ ဟိုရောက်ရင် ပြောပြပြီး အလှူပေးပါ၊ သူနဲ့ ငရဲမင်းကြီးကို အမျှဝေပါလို့ မှာလိုက်တယ်။
နောက်တစ်နေရာမှာ…..
ထန်းသီးခန့်မီးခဲလို ရဲရဲအလုံးကြီးတွေ ပါးစပ်ထဲခွံ့တယ်၊

တစ်နေရာမှာ အဲ့ဒီလို အရည်တွေ ပါးစပ်ထဲ လောင်းတယ်၊ မေးကြည့်တော့ ဘိန်းစားသူတွေနဲ့ အရက်သောက်သူတွေလို့ ပြောတယ်။
နောက်…. ထိုးလိုက်၊ ရိုက်လိုက်၊ ပုတ်လိုက်၊ ခုတ်လိုက် အမျိုးမျိုးခံနေရသူတွေလည်း တွေ့ရတယ်။
တစ်နေရာမှာတော့……. ကျွန်တော့်အသိ သူငယ်လေးတစ်ဦးဟာ ဆူးအပင်ပေါ်ကို လူကြီးတစ်ဦးက ကြိမ်နဲ့ရိုက်ပြီး တက်ခိုင်းတာကို တွေ့ရတယ်။
သူကလည်း အိမ်မှာသူဝှက်ထားတဲ့ ဖောင်တိန်၊ သူ့သချင်္ာစာအုပ်နဲ့ မြန်မာစာစာအုပ် ငှားထားတဲ့သူတွေကို နံမည်နဲ့ပြောတယ်၊ ကုသိုလ်ပြုပေးပါလို့လဲ မှာလိုက်တယ်၊ သူနဲ့အတူခံနေရသူတွေဟာ လူ့ပြည်တွင် နေစဉ်က သူတော်ကောင်းတွေကို နောက်ပြောင်ဆဲရေးသူများလို့ပြောတယ်”
ကျွန်တော်ရောက်ခဲ့တဲ့ နေရာများမှာ ငရဲအိုး သုံးနေရာတွေ့တယ်၊

ပထမအိုးမှာ ခံရသူများက ရေနွေးထဲတွင် အလိပ်လိုက်လှိမ့်နေကြတယ်၊ ဒုတိယအိုးမှာ ဆူပွက်နေတဲ့သဘော ခံရနေသူတွေဟာ ပွက်ပွက်ဆူတဲ့ရေနွေးအိုးထဲမှာ လက်ဖက်ခြောက်တွေလို ဖွားကနဲပေါ်လိုက် မြုတ်သွားလိုက် ကျွမ်းထိုးမှောက်ခုံ ပြန်လို့ အော်နေချိန်မရဘူး။ တတိယအိုးမှာ ထူးခြားတာက အသားဖြူသူရော အသားမဲသူရော သူတော်စင်အဝတ်နဲ့ရော လူမျိုးစုံတွေ့ရတာပဲ၊”
အပြန်ခရီး
ဒါတွေတွေ့ပြီး ဆက်သွားတဲ့အခါ စိတ်မချမ်းမြေ့စရာတွေကို မတွေ့ရတော့ဘဲ အလွန်သာယာတဲ့ ဟင်လင်ပြင်ကြီး၊ အဖိုးတန် ကျောက်မျက်ရတနာများနဲ့ စီခြယ်ထားတဲ့ ဗိမာန်သုံးခု၊ ကျယ်ပြန့်ပြီး သစ်သီးဝလံများ ပန်းပွင့်ပန်းနွယ်များ ယှက်သန်း သာယာလှတဲ့ ကြည်နူးဖွယ် ဥယျာဉ်ကြီးကို တွေ့ရတယ်
အဲ့ဒီလို ပြန်လာတဲ့လမ်းမှာ တစ်ဖက်က လွယ်အိတ်ကြီးလွယ် တစ်ဖက်က နွယ်ပင်တွေ ပွေ့ပြီး လျှောက်လာတဲ့ ဆေးဆရာကြီးလို အဘိုးအို တစ်ဦးကို တွေ့တယ်၊ ဒီတစ်ခါ ကျွန်တော့်ရှေ့က လူကြီးက လှမ်းပြီး……
“ဒီကောင့်ရောဂါ ဘာနဲ့ကုရမလဲကွ” လို့မေးတယ်၊

ဟိုုဆရာကြီးက “အလွယ်ကလေး သရင်းကြီး လေးငါးရွက် သုံးခွက်တစ်ခွက်တင်ကျို၊ ထန်းလျက်သုံးခဲလောက် ပစ်ထည့်၊ ဆားမီးဖုတ်နဲ့သောက် ပျောက်ပေါ့ကွ” လို့ပြောပြီး ဆက်သွားတာပဲ။
ကျွန်တော်လည်း ဒီဆေးကို မေ့မသွားအောင် အကြိမ်ကြိမ် ရွတ်လာခဲ့တယ်။
အဲ့ဒီနောက်တော့ လူကြီးက ရှေ့ကသွား ကျွန်တော်ထိုင်နေတဲ့ အုန်းတုံးလေး သုံးခုက နောက်ကလိုက်နဲ့ အလာကထက်တောင် မြန်သေးတယ်၊ ရိပ်ရိပ်တန်းပြီး နားရွက်ကို လေတိုးတာ မခံနိုင်အောင်ကို အေးလှတယ်။

သုံးခွပြန်ရောက်တဲ့အခါ ဆေးရုံကို ပထမ မြင်ရတယ်၊ နောက် တစ်ဖြည်းဖြည်း ကျွန်တော် မူလက တက်ထိုင်တဲ့ မြောင်းကူးကို ရောက်ရင် ဟိုလူကြီးက ခပ်ထန်ထန်ပင် “ဟေ့ကောင် ဆင်းသွားတော့” လို့ပြောတာနဲ့ ကျွန်တော်လည်း ကပျာကယာဆင်းပြီး မြောင်းကူးတံတားလေးပေါ် လျှောက်လာခဲ့တယ်၊ တစ်ဝက်ရောက်လို့ လှည့်ကြည့်တဲ့အခါ အုန်းတုံးရော လူကြီးပါ မတွေ့ရတော့ဘူး။
သဂြိုလ်မည့်နေ့
တကယ်တော့ ကျွန်တော့်ခု ပြောပြတာဟာ ဘာမ ှမများ မကြာလိုက်ဘူးလို့ ထင်ရတယ်၊ တန်ဆောင်မုန်း လဆန်း (၁) ရက်နေ့ ည ၈-နာရီက သတိမေ့မြောသွားတာ ခု ကျွန်တော်ပြန်ရောက်တဲ့နေ့ဟာ တန်ဆောင်မုန်းလဆန်း (၃) ရက် နေ့ နံနက် ၄-နာရီ ဖြစ်ပါတယ်၊
ဒီမှာ ဖြစ်နေကြတာက….. သေပြီ၊

ဒါကြောင့် ကျွန်တော့်ခန္ဓာကိုယ်ကို ခြေမ လက်မ ပူး၍ ကြိုးချည်ပြီး သေတ္တာပျက် သုံးလုံးပေါ်မှာ ပျဉ်ခင်းကာ အလောင်းစင် ပြင်ထားကြတယ်၊
တစ်ရက်အကြာတွင်… ခေါင်းသွင်းရေး မသွင်းရေး အငြင်းပွားတဲ့အခါ သမီးအကြီးက “ကျွန်မအဖေဟာ ပုပ်လည်းမပုပ် အသားအရည်လည်း တောင့်တင်းမနေတဲ့အတွက် သဂြိုလ်ခါနီးမှ သွင်းပါ”လို့ အတိုက်အခံ ပြောထားတဲ့အတွက် အလောင်းစင်ဘေးမှာ အခေါင်းအဆင်သင့် ချထားတယ်၊
နေ့လည် ၁၂-နာရီဆိုရင် မသာပို့ကြမယ်၊ အသုဘယာဉ်လည်း ငှားပြီးပြီ….
မနက် အသုဘပို့သူများကျွေးဖို့ ဆန်နှစ်တင်း၊ ဝက်သား အချိန် ၇၀၊ ဟင်းချို၊ ငံပြာရည်ချက်၊ တို့စရာ အားလုံါ်အဆင်သင့် ဖြစ်နေပြီ။
ကျွေးမွေးရန် ပုဂံခွက်ယောက်များလည်း ငှားရမ်း၍ အိမ်ပေါ်တွင် ရောက်နေပြီ၊
ဒီပစ္စည်းတွေအားလုံး အကြွေးယူပြီး လုပ်ကိုင်ထားတာ ဖြစ်တယ်၊
အဲ….. ဖဲဝိုင်းကလဲ အိမ်ပေါ်မှာ သုံးဝိုင်းလောက်ရှိတယ််၊
ဒီလို ဖြစ်နေတဲ့အချိန် ကျွန်တော်က သတိပြန်ဝင်လာပြီး…
ရေ… ရေ…. ရေပေးပါလို့ အော်ရင်း ငုတ်တုတ်ထ, ထိုင် လိုက်တဲ့အခါ….
ဘာပြောကောင်းမလဲ ဖဲဝိုင်းကလူတွေ လန့်ပြီး တိုးဝှေ့ ပြေးလိုက်ကြတာ… ပန်းကန်ပြား ၁၈ ချပ်၊ ဟင်းသောက်ပန်းကန် ၆ လုံး ကွဲကုန်တာပဲ၊
သတိကောင်းတဲ့ ကျွန်တော့်သမီး ပြေးလာပြီး လက် ခြေက ကြိုးတွေ ဖြုတ်ပေးတယ်။
ကျွန်တော်ကိုယ်တိုင်ကတော့ မျက်လုံးတွေပြာပြီး ဘာမျှ သဲသဲကွဲကွဲကို မမြင်ရဘူး။
ရေတဝ သောက်ပြီး ပြန်အိပ်လိုက်တာ နံနက် ၁၀-နာရီထိုးချိန်ကျမှ နိုးတယ်၊ ဒီတော့ အခေါင်းတွေ အလောင်းစင်တွေကို သူတို့က ဖျောက်ထားပြီး လူတွေ တက်လိုက် ဆင်းလိုက် တစ်အုပ်ကြီးလာလိုက်၊ ပြန်သွားလိုက်နဲ့ ကျွန်တော့်စိတ်ထဲ ဘာများ ဖြစ်နေကြပါလိမ့်လို့ အောက်မေ့တယ်၊
နောက်တော့မှ အထက်ကအဖြစ်အပျက်ကို သိရပါတော့တယ်၊
အဲ…. ခေါင်းပျဉ်ကို ဘုန်းတော်ကြီးကျောင်း နေကပြင်အဖြစ် လှူ၊ ဝက်သားဟင်းတွေ နောက်တစ်နေ့ ဘုန်းတော်ကြီးကျောင်းများကို လှူလိုက်တယ်၊
ခုနှစ်ရက်လည်တဲ့နေ့ကျတော့ ကြွေးရှင်တွေ စာရွက်ကိုယ်စီနဲ့ လာကြတော့တာပဲ။
နဂိုက အစီအစဉ်မှာ ကူငွေနဲ့ ဆပ်ဖို့၊ လူမသေတော့ ကူငွေမရဖြစ်လို့ ကျွန်တော်ပိုင်ပစ္စည်းမှန်သမျှ ဆိုက်ကားကအစ အိမ်ရှိပရိဘောဂ ပစ္စည်း တစ်ခုမကျန် ရောင်းတာ ငွေ ၇,၀၀၀ိ ရတယ်၊
ကြွေးက အသုဘ တင်ဖို့ ယာဉ် အပါအဝင် ၆,၂၀၀ိ ကျတယ်၊
လက်ထဲမှာ ငွေ ၈၀၀ိ ပဲ ကျန်တယ်။
ကျွန်တော့် ရောဂါလည်း ဟိုက ပြောတဲ့ဆေးနဲ့ ပျောက်ပြီး အခုလို ကျန်းမာလာတာပါဘဲ။
အဲ…….. တစ်ခုထူးတာက နှာခေါင်းအဖျားလေး ပုတ်လို့ ကု့ယူရတယ်၊
မှာလိုက်တဲ့ ကိစ္စတွေလည်း အားလုံးကျွန်တော်ကိုယ်တိုင် လိုက်ပြော၊ ရှာဖွေ ကုသိုလ် ပြုကြတဲ့အခါ အမျှဝေပေးပါဆိုလို့ အိမ်ပြင်ထွက်ပြီး ကျွန်တော်က အမျှဝေ ပေးရပါတယ်။
ခုတော့ ကျွန်တော့်အနေနဲ့ တတ်နိုင်သမျှ ကုသိုလ်ကောင်းမှုကိုပဲ ဂရုစိုက် ဆောင်ရွက်နေပါတယ်၊ မျက်စိထဲမှာ ကြောက်မက်ဖွယ်ကောင်းတဲ့ ခံစားမှုတွေက စဉ်းစားလိုက်တိုင်း ပေါ်လာပါတယ်၊
ကုသိုလ်ကောင်းမှုကို ပြုကြပါ၊ အကုသိုလ်ဟာ အသေးအဖွဲလို့ မရှိဘဲ ခံရတတ်ပါတယ်၊
ဤသို့လျှင် သေရွာပြန် ဦးရေခဲက သူ့ရဲ့အတွေ့အကြုံတွေကို သံဝေဂ ယူနိုင်ကြရန် စိတ်ရှည် လက်ရှည် ပြောပြလိုက်ပါသည်။

(၁၉၉၀ နှစ် ဖေဖေါ်ဝါရီလ ထုတ် အံ့ဖွယ်သုတ မဂ္ဂဇင်း ပါ ကျိုက်လတ်မိုးမြင့်၏ သေရွာပြန်ဦးရေခဲ ဆောင်းပါးကို ပြန်လည််ဖော်ပြပါသည်။)

သမိုင်းအကြောင်း

LEAVE A REPLY

Please enter your comment!
Please enter your name here