{အရိယာသီလ}

အကေခၤယ်သုတ္မွာ ဘုရားရွင္ေဟာေတာမူခ့ဲတာကို လိုရင္းေျပာရရင္ . . .
ရဟန္းတို႕ . . . အတူေနမ်ားရဲ႕ ခ်စ္ၾကည္ေလးစားမႈကို ခံယူလိုလ်ွင္ သီလကိုသာအားကိုးပါ။
ေသဆုံးသူ မိဘေဆြမ်ိဳးမ်ား ဘဝေကာင္းသို႕ ပို႕လိုလ်ွင္ သီလကိုသာ အားကိုးပါ။
ေတာေတာင္ဝင္၍ တရားအားထုတ္ရာ၌ နတ္တို႕၏အကူ ရယူလိုလ်ွင္ သီလကိုသာအားကိုးပါ။
စ်ာန္အရာ၊ မဂ္အရာ၊ ဖိုလ္အရာတည္လိုပါလ်ွင္ သီလကိုသာ အားကိုးပါတ့ဲ။
ဘုရားခ်ီးမြမ္းတ့ဲ သီလဟာ သတိအသိပါတ့ဲသီလကို ရည္ညႊန္းပါတယ္။
ခႏၶာေပၚ သတိတင္ထားတ့ဲသီလ က်င့္လ်က္ကသိ၊ သိလ်က္က က်င့္ေနတ့ဲသီလကို ပါရမီတန္းဝင္ သီလလို႕ဆိုပါတယ္။
သတိနဲ႕ အသိၫွပ္ျပီး အစြဲျပတ္ေစတ့ဲ ဒီသီလဟာ အတိတ္ရဲ႕ ကံ၊ စ်ာန္၊ ဉာဏ္ေတြနဲ႕ ပစၥဳပၸန္ရဲ႕ ကံ၊ စ်ာန္၊ ဉာဏ္တို႕ကို ဆက္စပ္အားေကာင္းေစပါတယ္။
အတိတ္ကံမွာပါလာတ့ဲ ကိေလသာနဲ႕ ပစၥဳပၸန္ရွိ ကိေလသာမ်ားကိုလည္း အဆက္ျပတ္ ရပ္စဲေစပါတယ္။
ဒီလို သီလမ်ိဳးကိုသာ ‘အရိယာသီလ’ လို႕ ဆိုနိုင္ပါတယ္။
(မဟာေဗာဓိျမိဳင္ ဆရာေတာ္ဘုရားၾကီး)
[၁၃၆၂ ခုႏွစ္၊ ေမာေနယ်ေတာ]
share & copy
(Unicode)
{အရိယာသီလ}

အကင်္ခေယျသုတ်မှာ ဘုရားရှင်ဟောတောမူခဲ့တာကို လိုရင်းပြောရရင် . . .

ရဟန်းတို့ . . . အတူနေများရဲ့ ချစ်ကြည်လေးစားမှုကို ခံယူလိုလျှင် သီလကိုသာအားကိုးပါ။

သေဆုံးသူ မိဘဆွေမျိုးများ ဘဝကောင်းသို့ ပို့လိုလျှင် သီလကိုသာ အားကိုးပါ။

တောတောင်ဝင်၍ တရားအားထုတ်ရာ၌ နတ်တို့၏အကူ ရယူလိုလျှင် သီလကိုသာအားကိုးပါ။

စျာန်အရာ၊ မဂ်အရာ၊ ဖိုလ်အရာတည်လိုပါလျှင် သီလကိုသာ အားကိုးပါတဲ့။

ဘုရားချီးမွမ်းတဲ့ သီလဟာ သတိအသိပါတဲ့သီလကို ရည်ညွှန်းပါတယ်။

ခန္ဓာပေါ် သတိတင်ထားတဲ့သီလ ကျင့်လျက်ကသိ၊ သိလျက်က ကျင့်နေတဲ့သီလကို ပါရမီတန်းဝင် သီလလို့ဆိုပါတယ်။

သတိနဲ့ အသိညှပ်ပြီး အစွဲပြတ်စေတဲ့ ဒီသီလဟာ အတိတ်ရဲ့ ကံ၊ စျာန်၊ ဉာဏ်တွေနဲ့ ပစ္စုပ္ပန်ရဲ့ ကံ၊ စျာန်၊ ဉာဏ်တို့ကို ဆက်စပ်အားကောင်းစေပါတယ်။

အတိတ်ကံမှာပါလာတဲ့ ကိလေသာနဲ့ ပစ္စုပ္ပန်ရှိ ကိလေသာများကိုလည်း အဆက်ပြတ် ရပ်စဲစေပါတယ်။

ဒီလို သီလမျိုးကိုသာ ‘အရိယာသီလ’ လို့ ဆိုနိုင်ပါတယ်။

(မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး)

[၁၃၆၂ ခုနှစ်၊ မောနေယျတော]

share & copy

LEAVE A REPLY

Please enter your comment!
Please enter your name here