လူေတာ္လူေကာင္းျဖစ္ဖို႔ဆိုတာ
▬▬▬▬▬▬▬▬▬▬▬▬
★ ျမတ္စြာဘုရားေဟာတဲ့ အႏွစ္ခ်ဳပ္က ဘာလဲဆိုရင္ သူတစ္ပါးရဲ႕ စိတ္ေနသေဘာထားေတြ မသိခ်င္ေနပါေစတဲ့ ကိုယ့္ရဲ႕စိတ္ေနသေဘာထားေတြ သိေအာင္လုပ္ပါ။ သူမ်ားစိတ္ကုိ မသိတာ ဘာမွ အေရးမႀကီးဘူး ကိုယ့္စိတ္ကိုယ္သိေအာင္လုပ္ပါ။
★ အဲေတာ့ သိေအာင္လုပ္ဆိုတာဘာလဲ မဟာသတိပဌာနသုတ္မွာ သတိပ႒ာန္ေလးမ်ိဳး ေဟာထားတဲ့အထဲမယ္ စိတၱာႏုပႆနာသတိပ႒ာန္ဆိုတာ ကိုယ့္စိတ္ကို အကဲခတ္ေစာင့္ၾကည့္ ေလ့က်င့္တာကိုဆိုလိုတယ္။ ငါ့ စိတ္ေလးမွာ ေလာဘေတြ မၾကာမၾကာျဖစ္ေသးလား၊ ေဒါသေတြ မၾကာမၾကာျဖစ္ေသးလား၊ ေမာဟေတြ မာန္မာနေတြ ဣသာမစၦရိယေတြ မၾကာမၾကာျဖစ္သလား။
★ ကိုယ့္သႏၲာန္ထဲမွာ စိတ္အညစ္အေၾကးေတြမ်ားေနလား အညစ္အေၾကးေတြ ရိွသလားဆိုတာ ရိွသလားမရိွဘူးလားဆိုတာကို အျမဲမပ်က္ေစာင့္ၾကည့္ အကဲခတ္ရမယ္။ စိတၱာႏုပႆနာ ဆိုတာ Contemplation of mind စိတ္ကို သတိနဲ႔ သမာဓိနဲ႔ ေစာင့္ၾကည့္တာ။ ေစာင့္ၾကည့္ယံုနဲ႔ အလုပ္ျပီးလားဆိုေတာ့ မျပီးဘူး။
★ ေစာင့္ၾကည့္တဲ့အခါ ဘာေတြလဲ အေျဖႏွစ္ခု ထြက္လာလိမ့္မယ္။ ငါ့ စိတ္ဟာ ေလာဘေတြနဲ႔တြဲေနတယ္၊ ေဒါသေတြနဲ႔ တြဲေနတယ္၊ ေမာဟေတြ ျဖစ္တယ္။ အဲ့ဒါဆိုလို႔ရိွရင္ ဒီအေျဖရျပီဆိုလို႔ခ်င္ရင္ ဒါေတြဖယ္ဖို႔ၾကိဳးစားလိုက္တဲ့။
★ အကယ္၍ ငါ့စိတ္ေလးဟာ ေကာင္းတဲ့ သဘာ၀တရားေတြနဲ႔သာရိွျပီး ေလာဘလဲမျဖစ္ဘူး၊ ေဒါသလဲ မျဖစ္ဘူး၊ ေမာဟလည္း မျဖစ္ဘူး၊ ကုသိုလ္တရားေတြပဲ အျဖစ္မ်ားတယ္လို႔ အေျဖထုတ္လို႔ရိွရင္ ေအး ဒီအေျခအေနတစ္ခု မပ်က္ျပားေစပဲ ေရွ႕ဆက္ျပီးေတာ့ တရားအားထုတ္လို႔ ဒီလိုဆိုလိုတယ္။
★ ဘာအရာပဲျဖစ္ျဖစ္ ေစာင့္ၾကည့္ ေလ့လာအေျဖထုတ္၊ အေျဖထုတ္ျပီးေတာ့ လုပ္ရမဲ့အလုပ္ကေတာ့ ဘာတုန္းဆိုရင္ မေကာင္းတာရိွရင္ ဖယ္ရွားဖို႔ ေကာင္းတာရိွရင္ ေကာင္းတဲ့ အေနအထားေပၚမွာ ရပ္တည္ျပီး ၾကိဳးစားဖို႔လို႔ ျမတ္စြာဘုရား အဆံုးအမက အဲ့ဒီအတိုင္းပဲ။
★ အဲေတာ့ ဘုန္းႀကီးတို႔တေတြ ကိုယ့္ကိုယ္ကို ေစာင့္ၾကည့္ေလ့လာရမယ္။ ေစာင့္ၾကည့္ေလ့လာဆိုေတာ့ လူေတြက ေစာင့္ၾကည့္တယ္ ကိုယ့္ခႏၶာကိုယ္မွာ ေရာဂါရိွမရိွ medical check up လုပ္ၾကတယ္။ အဲ့ဒါေတာ့ ေၾကာက္တယ္ေလ ေရာဂါျဖစ္မွာေၾကာက္ေတာ့ medical check up လုပ္တယ္။ သို႔ေသာ္ စိတ္ထဲမွာ ေလာဘ ေဒါသ ေမာဟေတြရိွလားဆိုတာကိုေတာ့ check up မလုပ္ဘူး သိပ္ျပီးေတာ့ဘယ္သူမွလုပ္မယ္ မထင္ဘူး။
★ အဲဒီ medical check up လုပ္သလို mental check up လည္းလုပ္ဖို႔လိုတယ္။ သံသရာ၀ဋ္ဆင္းရဲက လြတ္ခ်င္လို႔ခ်င္ရင္ ကိုယ့္စိတ္အေနအထားကို သိေအာင္ mental check up လုိ႔ေခၚတယ္ စိတ္ကိုေလ့လာသံုးသပ္တဲ့ နည္းစနစ္ဟာ meditation ကမၼ႒ာန္းအားထုတ္တဲ့ နည္းစနစ္ပဲ။
★ ေအး ကမၼ႒ာန္းအားထုတ္တယ္ဆိုတာ အၾကာႀကီးထိုင္မွ ကမၼ႒ာန္းအားထုတ္တာ မဟုတ္ဘူး။ ထိုင္ႏိုင္ရင္ပဲ တရားထူး တရားျမတ္ ရလိမ့္မယ္ထင္ျပီးေတာ့ ၾကိဳးစားထိုင္ရင္ အက်ိဳးျဖစ္မွာဆိုးရတယ္။ အဲေတာ့ အေရးႀကီးဆံုးကဘာလဲ ကိုယ့္စိတ္ထဲမွာ မေကာင္းတဲ့ စိတ္ေတြမ၀င္ေအာင္ တားဆီးႏိုင္ဖို႔က အဓိက၊ ကိုယ့္ရဲ႕စိတ္ရဲ႕ အညစ္အေၾကးေတြကို တြန္းလွန္ဖယ္ရွားႏိုင္မႈက အဓိက၊ အဲ့ဒါကို သတိထားၾကရမွာျဖစ္တယ္ေပါ့။
★ ၾကာရွည္စြာထိုင္တိုင္း စိတ္ရဲ႕အညစ္အေၾကးေတြကို တြန္းလွန္ႏိုင္တာ မဟုတ္ဘူး။ ကိုယ့္ကိုယ္ကို အသိဆံုးပဲ။ ကိုယ့္သႏၱာန္မွာ ေကာင္းတဲ့စိတ္ေတြျဖစ္ေနသလား မေကာင္းတဲ့စိတ္ေတြ ျဖစ္ေနသလားဆိုတာကို ကိုယ့္ဟာကိုယ္ပဲ အကဲခတ္ရမယ္။
★ ေကာင္းမေကာင္း မေရြးခ်ယ္တတ္ဘူးဆိုလို႔ရိွရင္ အဘိဓမၼာကို ေလ့လာၾကည့္လိုက္၊ ေလ့လာၾကည့္လိုက္တဲ့အခါမွာ လူရဲ႕စိတ္ထဲမွာ မေကာင္းတာတစ္ဆယ့္ေလးမ်ဳိး ရိွတယ္။ Mental impurities စိတ္ရဲ႕အညစ္အေၾကးတစ္ဆယ့္ေလးမ်ိဳး။ အဲ့ဒီတစ္ဆယ့္ေလးမ်ိဳးဆိုတာ အမွန္မသိတဲ့ ေမာဟကမေကာင္းဘူး၊ မေကာင္းတဲ့အလုပ္ေတြလုပ္ရမွာ မရွက္တာ မေၾကာက္တာဆိုတာ မေကာင္းဘူး။ စိတ္တည္ျငိမ္မႈမရိွဘဲ စိတ္ေတြ လြင့္ပ်ံ႕မႈ သမာဓိ ကင္းမဲ့တာ မေကာင္းဘူး မေကာင္းတာေလးခု။
★ ေနာက္တစ္ခုက ေလာဘ၊ ကိုယ့္ဟာလိုခ်င္တယ္ သူ႔ဟာလိုခ်င္တယ္။ လိုခ်င္တယ္ သိမ္းပိုက္တယ္ တြယ္တာတယ္။ မေကာင္းဘူး ဘာျဖစ္လို႔ မေကာင္းလဲ? လူေတြကေတာ့ ထင္တယ္ ေလာဘဆိုတာ ရိွရမွာေပါ့ ေလာဘမရိွရင္ မြဲသြားမွာေပါ့ ငတ္မွာေပါ့လို႔ ဒီလုိေတြးၾကတယ္။
★ တစ္ခ်ိဳ႕ကလည္း စဥ္းစားမႈ လြဲမွားသြားတာေတြရိွတယ္၊ တစ္ခ်ိဳ႕က စီးပြားဥစၥာရွာတာေတာင္မွပဲ ေလာဘနဲ႔ရွာတယ္လို႔ ထင္ၾကတယ္။ ေလာဘက စီးပြားမရွာတတ္ဘူး၊ ေလာဘနဲ႔စီးပြားရွာရင္ သူခိုး ဓားျပပဲ ေသခ်ာတယ္။ ေလာဘေၾကာင့္ လူေတြခ်မ္းသာတာမဟုတ္ဘူး သို႔ေသာ္ လူေတြက ေလာဘရိွလို႔ ခ်မ္းသာတယ္လို႔ ထင္ေနတာ။
★ ေသေသခ်ာခ်ာ စဥ္းစားၾကည့္ ခ်မ္းသာတာဟာ အသိဉာဏ္နဲ႔ လံု႔လေၾကာင့္ ခ်မ္းသာတာ။ ဘယ္လိုေရာင္းရမယ္၊ ဘယ္လို ၀ယ္ရမယ္ဆိုတဲ့ Economic ဆုိတဲ့ စီးပြားေရးပညာတတ္တာ အဲ့ဒါ ေလာဘ မဟုတ္ဘူး ပညာ။ အဲ့ဒီအတိုင္း ၾကိဳးစားအားထုတ္တယ္ ဘယ္လိုေရာင္းရင္ ဘယ္လိုအက်ိဳးျမတ္ႏိုင္တယ္ ဘယ္လို ဘယ္အလုပ္လုပ္ရင္ ေကာင္းတယ္ဆိုတာကို သိတာ ပညာ ေလာဘ မဟုတ္ဘူး။
★ ေလာဘေၾကာင့္ ခ်မ္းသာတာ မဟုတ္ဘူး၊ ပညာနဲ႔၀ီရိယေၾကာင့္ ခ်မ္းသာတယ္ဆိုတာကို သတိထားဖို႔ လိုအပ္တယ္ေပါ့။ အဲေတာ့ ေလာကမွာ အဲ့ဒါဆိုလို႔ရိွရင္ ေလာဘဆိုတာ လူတိုင္းရိွတယ္ တကၠသိုလ္တက္ျပီး စီးပြားေရးဘြဲ႔ယူစရာမွ မလိုေတာ့တာ ေလာဘကရိွေနျပီးသားပဲေလ။ ေလာဘေၾကာင့္ ၾကီးပြားတာ မဟုတ္ဘူးဆိုတာ တထစ္ခ်မွတ္ရမယ္။
★ ေလာဘက တြန္းအားတစ္ခုအေနနဲ႔ေတာ့ ျဖစ္ေကာင္းျဖစ္မယ္ သူက စီးပြားရွာတတ္တာ မဟုတ္ဘူး။ ရွာတတ္တာက ပညာ ၾကိဳးစာတာက ၀ီရိယ။ ၀ီရိယနဲ႔ပညာ ေပါင္းစပ္လိုက္မွ ေကာင္းျမတ္တဲ့အက်ိဳးေတြကို ရႏိုင္တာေပါ့။ ေအး ဒါေၾကာင့္မို႔ ကိုယ့္စိတ္ကို အျမဲမပ်က္ဆင္ျခင္သံုးသပ္ျပီးေတာ့ အေျဖထုတ္ႏိုင္ရမယ္။ အဲ့ဒီလို အေျဖထုတ္မွ လူ႔ဘ၀မွာ လူေတာ္လူေကာင္းဆိုတာ ျဖစ္တယ္။
ေက်းဇူးေတာ္ရွင္ပါေမာကၡခ်ဳပ္ဆရာေတာ္ဘုရားႀကီး

“ျမတ္ဗုဒၶဧ။္သမီးေတာ္မ်ားတရားေတာ္ အပိုင္း(၃၆)” တရားေတာ္မွ ေကာက္ႏႈတ္ခ်က္ျဖစ္ပါသည္။
Credit— Shwe Thu
(Unicode)
လူတော်လူကောင်းဖြစ်ဖို့ဆိုတာ
▬▬▬▬▬▬▬▬▬▬▬▬
★ မြတ်စွာဘုရားဟောတဲ့ အနှစ်ချုပ်က ဘာလဲဆိုရင် သူတစ်ပါးရဲ့ စိတ်နေသဘောထားတွေ မသိချင်နေပါစေတဲ့ ကိုယ့်ရဲ့စိတ်နေသဘောထားတွေ သိအောင်လုပ်ပါ။ သူများစိတ်ကို မသိတာ ဘာမှ အရေးမကြီးဘူး ကိုယ့်စိတ်ကိုယ်သိအောင်လုပ်ပါ။
★ အဲတော့ သိအောင်လုပ်ဆိုတာဘာလဲ မဟာသတိပဌာနသုတ်မှာ သတိပဋ္ဌာန်လေးမျိုး ဟောထားတဲ့အထဲမယ် စိတ္တာနုပဿနာသတိပဋ္ဌာန်ဆိုတာ ကိုယ့်စိတ်ကို အကဲခတ်စောင့်ကြည့် လေ့ကျင့်တာကိုဆိုလိုတယ်။ ငါ့ စိတ်လေးမှာ လောဘတွေ မကြာမကြာဖြစ်သေးလား၊ ဒေါသတွေ မကြာမကြာဖြစ်သေးလား၊ မောဟတွေ မာန်မာနတွေ ဣသာမစ္ဆရိယတွေ မကြာမကြာဖြစ်သလား။
★ ကိုယ့်သန္တာန်ထဲမှာ စိတ်အညစ်အကြေးတွေများနေလား အညစ်အကြေးတွေ ရှိသလားဆိုတာ ရှိသလားမရှိဘူးလားဆိုတာကို အမြဲမပျက်စောင့်ကြည့် အကဲခတ်ရမယ်။ စိတ္တာနုပဿနာ ဆိုတာ Contemplation of mind စိတ်ကို သတိနဲ့ သမာဓိနဲ့ စောင့်ကြည့်တာ။ စောင့်ကြည့်ယုံနဲ့ အလုပ်ပြီးလားဆိုတော့ မပြီးဘူး။
★ စောင့်ကြည့်တဲ့အခါ ဘာတွေလဲ အဖြေနှစ်ခု ထွက်လာလိမ့်မယ်။ ငါ့ စိတ်ဟာ လောဘတွေနဲ့တွဲနေတယ်၊ ဒေါသတွေနဲ့ တွဲနေတယ်၊ မောဟတွေ ဖြစ်တယ်။ အဲ့ဒါဆိုလို့ရှိရင် ဒီအဖြေရပြီဆိုလို့ချင်ရင် ဒါတွေဖယ်ဖို့ကြိုးစားလိုက်တဲ့။
★ အကယ်၍ ငါ့စိတ်လေးဟာ ကောင်းတဲ့ သဘာဝတရားတွေနဲ့သာရှိပြီး လောဘလဲမဖြစ်ဘူး၊ ဒေါသလဲ မဖြစ်ဘူး၊ မောဟလည်း မဖြစ်ဘူး၊ ကုသိုလ်တရားတွေပဲ အဖြစ်များတယ်လို့ အဖြေထုတ်လို့ရှိရင် အေး ဒီအခြေအနေတစ်ခု မပျက်ပြားစေပဲ ရှေ့ဆက်ပြီးတော့ တရားအားထုတ်လို့ ဒီလိုဆိုလိုတယ်။
★ ဘာအရာပဲဖြစ်ဖြစ် စောင့်ကြည့် လေ့လာအဖြေထုတ်၊ အဖြေထုတ်ပြီးတော့ လုပ်ရမဲ့အလုပ်ကတော့ ဘာတုန်းဆိုရင် မကောင်းတာရှိရင် ဖယ်ရှားဖို့ ကောင်းတာရှိရင် ကောင်းတဲ့ အနေအထားပေါ်မှာ ရပ်တည်ပြီး ကြိုးစားဖို့လို့ မြတ်စွာဘုရား အဆုံးအမက အဲ့ဒီအတိုင်းပဲ။
★ အဲတော့ ဘုန်းကြီးတို့တတွေ ကိုယ့်ကိုယ်ကို စောင့်ကြည့်လေ့လာရမယ်။ စောင့်ကြည့်လေ့လာဆိုတော့ လူတွေက စောင့်ကြည့်တယ် ကိုယ့်ခန္ဓာကိုယ်မှာ ရောဂါရှိမရှိ medical check up လုပ်ကြတယ်။ အဲ့ဒါတော့ ကြောက်တယ်လေ ရောဂါဖြစ်မှာကြောက်တော့ medical check up လုပ်တယ်။ သို့သော် စိတ်ထဲမှာ လောဘ ဒေါသ မောဟတွေရှိလားဆိုတာကိုတော့ check up မလုပ်ဘူး သိပ်ပြီးတော့ဘယ်သူမှလုပ်မယ် မထင်ဘူး။
★ အဲဒီ medical check up လုပ်သလို mental check up လည်းလုပ်ဖို့လိုတယ်။ သံသရာဝဋ်ဆင်းရဲက လွတ်ချင်လို့ချင်ရင် ကိုယ့်စိတ်အနေအထားကို သိအောင် mental check up လို့ခေါ်တယ် စိတ်ကိုလေ့လာသုံးသပ်တဲ့ နည်းစနစ်ဟာ meditation ကမ္မဋ္ဌာန်းအားထုတ်တဲ့ နည်းစနစ်ပဲ။
★ အေး ကမ္မဋ္ဌာန်းအားထုတ်တယ်ဆိုတာ အကြာကြီးထိုင်မှ ကမ္မဋ္ဌာန်းအားထုတ်တာ မဟုတ်ဘူး။ ထိုင်နိုင်ရင်ပဲ တရားထူး တရားမြတ် ရလိမ့်မယ်ထင်ပြီးတော့ ကြိုးစားထိုင်ရင် အကျိုးဖြစ်မှာဆိုးရတယ်။ အဲတော့ အရေးကြီးဆုံးကဘာလဲ ကိုယ့်စိတ်ထဲမှာ မကောင်းတဲ့ စိတ်တွေမဝင်အောင် တားဆီးနိုင်ဖို့က အဓိက၊ ကိုယ့်ရဲ့စိတ်ရဲ့ အညစ်အကြေးတွေကို တွန်းလှန်ဖယ်ရှားနိုင်မှုက အဓိက၊ အဲ့ဒါကို သတိထားကြရမှာဖြစ်တယ်ပေါ့။
★ ကြာရှည်စွာထိုင်တိုင်း စိတ်ရဲ့အညစ်အကြေးတွေကို တွန်းလှန်နိုင်တာ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို အသိဆုံးပဲ။ ကိုယ့်သန္တာန်မှာ ကောင်းတဲ့စိတ်တွေဖြစ်နေသလား မကောင်းတဲ့စိတ်တွေ ဖြစ်နေသလားဆိုတာကို ကိုယ့်ဟာကိုယ်ပဲ အကဲခတ်ရမယ်။
★ ကောင်းမကောင်း မရွေးချယ်တတ်ဘူးဆိုလို့ရှိရင် အဘိဓမ္မာကို လေ့လာကြည့်လိုက်၊ လေ့လာကြည့်လိုက်တဲ့အခါမှာ လူရဲ့စိတ်ထဲမှာ မကောင်းတာတစ်ဆယ့်လေးမျိုး ရှိတယ်။ Mental impurities စိတ်ရဲ့အညစ်အကြေးတစ်ဆယ့်လေးမျိုး။ အဲ့ဒီတစ်ဆယ့်လေးမျိုးဆိုတာ အမှန်မသိတဲ့ မောဟကမကောင်းဘူး၊ မကောင်းတဲ့အလုပ်တွေလုပ်ရမှာ မရှက်တာ မကြောက်တာဆိုတာ မကောင်းဘူး။ စိတ်တည်ငြိမ်မှုမရှိဘဲ စိတ်တွေ လွင့်ပျံ့မှု သမာဓိ ကင်းမဲ့တာ မကောင်းဘူး မကောင်းတာလေးခု။
★ နောက်တစ်ခုက လောဘ၊ ကိုယ့်ဟာလိုချင်တယ် သူ့ဟာလိုချင်တယ်။ လိုချင်တယ် သိမ်းပိုက်တယ် တွယ်တာတယ်။ မကောင်းဘူး ဘာဖြစ်လို့ မကောင်းလဲ? လူတွေကတော့ ထင်တယ် လောဘဆိုတာ ရှိရမှာပေါ့ လောဘမရှိရင် မွဲသွားမှာပေါ့ ငတ်မှာပေါ့လို့ ဒီလိုတွေးကြတယ်။
★ တစ်ချို့ကလည်း စဉ်းစားမှု လွဲမှားသွားတာတွေရှိတယ်၊ တစ်ချို့က စီးပွားဥစ္စာရှာတာတောင်မှပဲ လောဘနဲ့ရှာတယ်လို့ ထင်ကြတယ်။ လောဘက စီးပွားမရှာတတ်ဘူး၊ လောဘနဲ့စီးပွားရှာရင် သူခိုး ဓားပြပဲ သေချာတယ်။ လောဘကြောင့် လူတွေချမ်းသာတာမဟုတ်ဘူး သို့သော် လူတွေက လောဘရှိလို့ ချမ်းသာတယ်လို့ ထင်နေတာ။
★ သေသေချာချာ စဉ်းစားကြည့် ချမ်းသာတာဟာ အသိဉာဏ်နဲ့ လုံ့လကြောင့် ချမ်းသာတာ။ ဘယ်လိုရောင်းရမယ်၊ ဘယ်လို ၀ယ်ရမယ်ဆိုတဲ့ Economic ဆိုတဲ့ စီးပွားရေးပညာတတ်တာ အဲ့ဒါ လောဘ မဟုတ်ဘူး ပညာ။ အဲ့ဒီအတိုင်း ကြိုးစားအားထုတ်တယ် ဘယ်လိုရောင်းရင် ဘယ်လိုအကျိုးမြတ်နိုင်တယ် ဘယ်လို ဘယ်အလုပ်လုပ်ရင် ကောင်းတယ်ဆိုတာကို သိတာ ပညာ လောဘ မဟုတ်ဘူး။
★ လောဘကြောင့် ချမ်းသာတာ မဟုတ်ဘူး၊ ပညာနဲ့ဝီရိယကြောင့် ချမ်းသာတယ်ဆိုတာကို သတိထားဖို့ လိုအပ်တယ်ပေါ့။ အဲတော့ လောကမှာ အဲ့ဒါဆိုလို့ရှိရင် လောဘဆိုတာ လူတိုင်းရှိတယ် တက္ကသိုလ်တက်ပြီး စီးပွားရေးဘွဲ့ယူစရာမှ မလိုတော့တာ လောဘကရှိနေပြီးသားပဲလေ။ လောဘကြောင့် ကြီးပွားတာ မဟုတ်ဘူးဆိုတာ တထစ်ချမှတ်ရမယ်။
★ လောဘက တွန်းအားတစ်ခုအနေနဲ့တော့ ဖြစ်ကောင်းဖြစ်မယ် သူက စီးပွားရှာတတ်တာ မဟုတ်ဘူး။ ရှာတတ်တာက ပညာ ကြိုးစာတာက ၀ီရိယ။ ၀ီရိယနဲ့ပညာ ပေါင်းစပ်လိုက်မှ ကောင်းမြတ်တဲ့အကျိုးတွေကို ရနိုင်တာပေါ့။ အေး ဒါကြောင့်မို့ ကိုယ့်စိတ်ကို အမြဲမပျက်ဆင်ခြင်သုံးသပ်ပြီးတော့ အဖြေထုတ်နိုင်ရမယ်။ အဲ့ဒီလို အဖြေထုတ်မှ လူ့ဘဝမှာ လူတော်လူကောင်းဆိုတာ ဖြစ်တယ်။
ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး

“မြတ်ဗုဒ္ဓဧ။်သမီးတော်များတရားတော် အပိုင်း(၃၆)” တရားတော်မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။
Credit— Shwe Thu

LEAVE A REPLY

Please enter your comment!
Please enter your name here