အခြင့္ေကာင္းရသူနဲ႔ မရသူ
▬▬▬▬▬▬▬▬▬▬▬
(ရွစ္ေယာက္နဲ႔တစ္ေယာက္)
★ “ရွစ္ေယာက္နဲ႔တစ္ေယာက္” ဆိုတာ အခြင့္အေရးေတြ ဆံုး႐ႈံးေနတဲ့ ပုဂၢိဳလ္က ရွစ္ေယာက္ရိွတယ္။ ေလာကမွာ ဘ၀အေျခအေန အက်ိဳးေပးမလွလို႔ ကံဆိုးမိုးေမွာင္က်ျပီး အေျခအေနမလွတဲ့ ပုဂၢိဳလ္က ရွစ္ေယာက္၊ ကံေကာင္းလို႔ အေျခအေနေကာင္းရထားတဲ့ ပုဂၢိဳလ္က တစ္ေယာက္ထဲပဲရိွတယ္။
★ ကံမေကာင္း အေၾကာင္းမလွ အေျခအေန မေပးတဲ့ပုဂၢိဳလ္ ရွစ္ေယာက္ဆိုတာ ဘယ္သူေတြလဲ၊ သံသရာ၀ဋ္က လြတ္ကင္းဖို႔ တရားဓမၼေတြကို ျမတ္စြာဘုရားက ေဟာတယ္။ ထိုေဟာထားတဲ့ တရားဓမၼေတြကိုက်င့္ဖို႔ အခြင့္အလမ္း မရရိွတဲ့ ပုဂၢိဳလ္ေတြကို ေျပာတာ။
★ ေလာကမွာ လူျဖစ္လာေသာ္လည္း အခြင့္အေရးဆံုး႐ႈံးေနတဲ့ ပုဂၢိဳလ္ေတြက အမ်ားႀကီးပဲ၊ သံသရာလည္ေနၾကတဲ့ အထဲမွာ လူတိုင္းလူတိုင္း အခြင့္ေကာင္း ရရိွေနၾကတာ မဟုတ္ဘူး၊ အခြင့္အေကာင္း မရတဲ့ပုဂၢိဳလ္တြ အမ်ားႀကီးပဲ။
★ လူ႔ဘ၀ရေနၾကတဲ့ ပုဂၢိဳလ္ေတြလည္း အခြင့္ေကာင္း အျမဲတမ္း ၾကံဳတာမဟုတ္ဘူးတဲ့၊ အခြင့္အေရးၾကံဳတဲ့ အခိုက္ကေလးမွာ အခြင့္သာခိုက္ကေလးမွာ ရသင့္ ရထိုက္တာေတြကို ရေအာင္ယူလိုက္မွ အခြင့္အေရး ရႏိုင္တယ္။ အခြင့္အေရးဆိုတာ ေနာက္တစ္ခါ ျပန္လာခ်င္မွ လာတယ္။
★ သံသရာႀကီးထဲမွာလည္း သတၱ၀ါရယ္လို႔ ျဖစ္လာျပီးေတာ့ အခြင့္ေကာင္းေလးေတြ လက္လြတ္ဆံုး႐ႈံးျပီး ဘယ္လိုမွ အခြင့္မရတဲ့ ပုဂၢိဳလ္မ်ိဳးေတြဟာ “ရွစ္ေယာက္” ေတာင္ရိွတယ္။
အခြင့္အေရးဆံုး႐ႈံးသူမ်ား
▬▬▬▬▬▬▬▬▬▬
★ ျမတ္စြာဘုရားသခင္ ကိုယ္ေတာ္ျမတ္က ပုဂၢိဳလ္ရွစ္ေယာက္ဟာ “သံသရာ၀ဋ္က ကၽြတ္လြတ္ေရးအတြက္ ျမတ္ေသာအက်င့္က်င့္ဖို႔ အခြင့္အေရး ဆံုး႐ႈံးေနၾကတယ္” တဲ့၊ တစ္ေယာက္ေသာ ပုဂၢိဳလ္သာလွ်င္ အဲဒီအခြင့္အေရးကို ရတယ္။ ဘယ္ပုဂၢိဳလ္ေတြဟာ အခြင့္အေရး ဆံုး႐ႈံးေနတုန္းဆိုတာ ၾကည့္ၾကရေအာင္။
(၁) ငရဲက်ေနသူ
★ ဘုရားပြင့္ျပီး တရားေဟာေနတဲ့ အခ်ိန္ကာလေတြမွာ ကံမေကာင္း အေၾကာင္းမလွလို႔ ငရဲဘံုေရာက္ျပီး ဒုကၡခံေနရတဲ့ ပုဂၢိဳလ္ေတြ မရိွဘူးလား။ ဘုရားပြင့္တဲ့အခ်ိန္ ငရဲက်ေနတဲ့ပုဂၢိဳလ္ဟာ ျမတ္စြာဘုရားေဟာတဲ့ တရားကို နာယူျပီး ျမတ္ေသာ အက်င့္က်င့္ျပီး နိဗၺာန္ရဖို႔ဆိုတဲ့ အခြင့္အလမ္းေတြ သူ႔မွာရိွရဲ႕လား၊ မရိွဘူး။ အဲဒီ ငရဲက်ေနတဲ့ ပုဂၢိဳလ္တစ္ေယာက္ဟာ လံုး၀ အခြင့္အေရး ဆံုး႐ႈံးေနသူ ျဖစ္တယ္။
(၂) တိရစၧာန္ျဖစ္ေနသူ
★ တိရစၧာန္ ျဖစ္ေနသူတဲ့။ ငရဲေလာက္ေတာ့ မဆင္းရဲဘူး။ သို႔ေသာ္ ဆင္းရဲတယ္၊ ဘုရားပြင့္ျပီးေတာ့ တရားေဟာတဲ့အခ်ိန္ တိရစၧာန္ဘံု ေရာက္ေနတယ္။.. တိရစၧာန္ ဘ၀ဟာ အင္မတန္မွ ဒုကၡေရာက္တယ္။ လူေတြ အႏိုင္က်င့္တာ ခံေနရတာဟာ တိရစၧာန္ေတြပဲ၊ လူေတြက တိရစၧာန္ေတြကို အႏိုင္က်င့္ျပီး သတ္ျဖတ္စားေသာက္ၾကတယ္။
(၃) ျပိတၱာျဖစ္ေနသူ
★ ဆင္းရဲဒုကၡေတြ အမ်ိဳးမ်ိဳးခံေနရတဲ့ ျပိတၱာဘ၀ ေရာက္ေနတာ။ အဲဒီ ျပိတၱာဘ၀ဆိုတာ စားစရာမရိွလို႔ မစားရတာမ်ားတယ္။ အျမဲတမ္း ဆာေလာင္ေနတာပဲ။ ဘယ္ေတာ့မွ ဗိုက္ျပည့္ေအာင္ မစားရဘူး၊ ေနစရာကလည္း မရိွဘူး၊ ဟိုျခံဳဖုတ္၊ ဟိုသစ္ပင္ ကပ္ျပီးေတာ့ ေနၾကရတယ္။
★ လူေတြကေတာ့ တေစၧသရဲလို႔ ေခၚမွာေပါ့ေနာ္။ ဟိုသစ္ပင္ ဟိုျခံၾကား ဒီလိုကပ္ျပီးေတာ့ ေနရတယ္၊ လူတကာ စြန္႔ပစ္လိုက္ရတဲ့ မစင္ အညစ္အေၾကး ႏွပ္တံေတြး ဒါေတြကို လိုက္ရွာျပီး စားၾကတယ္၊ ျပိတၱာဘ၀ အင္မတန္မွဆင္းရဲတယ္၊ အျမဲတမ္း ဆာေနတာ။
(၄) အ႐ူပႏွင့္ အသညသတ္
★ ျမတ္စြာဘုရားက ေလာကၾကီးမွာ ပြင့္ေနျပီး တရားဓမၼေတြ ေဟာေနျပီ။ ဒီ ပုဂၢိဳလ္က ဘယ္ေရာက္ေနတုန္းဆိုေတာ့ ရုပ္ခႏၶာႀကီး မပါတဲ့ ျဗဟၼာ့ဘံု ေရာက္ေနတယ္။ အသိစိတ္ပဲ ရိွတယ္၊ ရုပ္ခႏၶာႀကီး မရိွဘူး။ သူက သာမန္ပုဂၢိဳလ္ေတာ့ မဟုတ္ဘူး၊ လြန္ခဲ့တဲ့ ဘ၀တုန္းက သူ စ်ာန္ရေအာင္ အားထုတ္ထားေတာ့ စ်ာန္ကို ပဥၥမစ်ာန္ အဆင့္ထိေအာင္ အဆင့္ျမင့္ တရားက်င့္ခဲ့တဲ့ ေယာဂီပုဂၢိဳလ္ႀကီး၊ သို႔ေသာ္လည္း သူ႔ အေတြးအေခၚေလး လြဲေခ်ာ္သြားတာရိွတယ္။
★ ဘာလြဲေခ်ာ္သြားတုန္းဆိုေတာ့ “ဒီရုပ္ခႏၶာကိုယ္ႀကီး ရိွလို႔ ေခါင္းကိုက္ကာ, ဗိုက္နာတာတို႔ ဆိုတာေတြ ျဖစ္ေနတာ၊ အိပ္ရတာ စားရတာတို႔ ဆိုတာလည္း ေဟာဒီရုပ္ခႏၶာကိုယ္ႀကီး ရိွေနလို႔ ျဖစ္ေနတာ၊ စိတ္ကေလးခ်ည့္ဆုိ ဘယ္ေလာက္ ေကာင္းမတုန္း” သူ႔အေတြးက အဲဒီလို ေတြးတာ။
★ အဲဒီလို သြားေတြးျပီးေတာ့ “ေနာင္ဘ၀ ငါ့မွာ ရုပ္ခႏၶာႀကီး မရပါရစေနဲ႔၊ စိတ္ကေလးပဲ ရပါရေစ” လို႔ ေတာင့္တတယ္။ ေတာင့္တတဲ့အတိုင္း အ႐ူပျဗဟၼာ့ဘံု သြားျပီးျဖစ္တယ္။ အဲဒီဘ၀မွာ ခ်မ္းခ်မ္းသာသာ ေနရပါရဲ႕၊ ျမတ္စြာဘုရား တရားေဟာတာ နာခြင့္ရရဲ႕လား မရိွဘူးတဲ့ လြဲသြားျပီ၊ တရားေတာ္မွ မနာရလို႔ရိွရင္ သံသရာ၀ဋ္က လြတ္ဖို႔ဆိုတာ မရိွဘူး။
★ ထို႔အတူပဲ တစ္ခ်ိဳ႕ပုဂၢိဳလ္က စ်ာန္တရားအားထုတ္ရင္း မမွန္ကန္တဲ့ အေတြးကေလးေပၚ လာတယ္၊ ဘာေတြ ေပၚလာတုန္းဆိုရင္ စားခ်င္တာလည္း ဒီစိတ္၊ သြားခ်င္တာလည္း ဒီစိတ္၊ စိတ္မရိွရင္ ေအးမွာပဲ၊ ဒီစိတ္က ေတာ္ေတာ္ဆိုးတယ္၊ ဒီစိတ္ေတြ မပါရင္ေကာင္းမွာာပဲ ဆိုျပီးေတာ့ စိတ္ကို မုန္းတီးျပီးေတာ့ စိတ္မပါဖို႔ရာ ဆႏၵျပဳျပီး ေသဆံုးသြားတဲ့အခါ အဲဒီပုဂၢိဳလ္ဟာ “အသညသတၱ” ဆိုတဲ့ ျဗဟၼာႀကီး သြားျဖစ္တယ္၊ အဲဒီ ျဗဟၼာႀကီးက ဘာနဲ႔တူတုန္းဆိုေတာ့ ရုပ္တုႀကီးေတြလိုေပါ့။
★ အသညသတ္ ျဗဟၼာ့ျပည္ေရာက္ေနတဲ့ ပုဂၢိဳလ္ေတြဟာ ဘုရားဘယ္လိုပြင့္ေသာ္လည္း တရားနာဖို႔ အခြင့္အေရးေတြ ဆံုး႐ႈံးသြားျပီတဲ့၊ ဒါေၾကာင့္မို႔လို႔ ဒီပုဂၢိဳလ္ဟာလည္း အခြင့္အေရးဆံုး႐ႈံးေနတဲ့ ပုဂၢိဳလ္တစ္ဦးထဲမွာ ပါေနျပန္တယ္။
(၅) ပစၥႏၲရစ္ လူျဖစ္သူ
★ ေနာက္တစ္ဦးက ဘယ္သူလဲလို႔ဆိုရင္ ျမတ္စြာဘုရားပြင့္လို႔ တရားေဟာတဲ့အခ်ိန္ ဘုရား တရားနဲ႔ မနီး၊ အလြန္ေ၀းလံတဲ့ အရပ္၊ သာသနာမထြန္းကားတဲ့ ေနရာမွာ လူသြားျဖစ္ေနတယ္၊ အဲဒီပုဂၢိဳလ္မွာေရာ တရားေဟာတာ ၾကားနာခြင့္ အေျခအေနေကာင္း ရပါ့မလား မရဘူးတဲ့။ အဲဒီ ပုဂၢိဳလ္ဟာလည္းပဲ အခြင့္ေရး ဆံုး႐ႈံးတဲ့ ပုဂၢိဳလ္ထဲမွာ ပါတယ္။
(၆) မိစၧာဒိ႒ိ ျဖစ္သူ
★ ဘုရားပြင့္တယ္၊ ဘုရားပြင့္တဲ့ ေဒသမွာပဲ လူျဖစ္တယ္၊ ဘုရားက တရာေဟာေနတယ္၊ ဆိုပါစို႔ ျမတ္စြာဘုရားက သာ၀တၱိျပည္မွာပဲ လူျဖစ္တယ္၊ အဲဒီ ပုဂၢိဳလ္ကလည္း သာ၀တၱိျပည္မွာပဲ လူျဖစ္တယ္၊ သို႔ေသာ္ ကံ ကံ၏အက်ိဳးကို မယံုၾကည္တဲ့ပုဂၢိဳလ္၊ မိစၧာအယူ၀ါဒရိွေနတဲ့ ပုဂၢိဳလ္ျဖစ္ေနတယ္။
★ မိစၧာအယူ၀ါဒရိွတဲ့ ပုဂၢိဳလ္ေတြဟာ ကံနဲ႔ကံရဲ႕အက်ိဳးကို ျငင္းပယ္သူေတြ ျဖစ္ၾကတယ္။ ဒါနေကာင္းမႈလုပ္တာရဲ႕ အက်ိဳးဆိုတာ မရိွဘူးတဲ့၊ ဒီေလာကမွာ ျဖစ္ေနတဲ့ ပုဂၢိဳလ္ေတြအတြက္ ေနာင္ေလာကဆိုတာ မရိွဘူး၊ ေနာင္ေလာက က ပုဂၢိဳလ္ေတြအတြက္ ဒီေလာကဆိုတာ မရိွဘူး။
★ ကုသိုလ္ အကုသိုလ္ရဲ႕ အက်ိဳးတို႔ အျပစ္တုိ႔ဆိုတာ မရိွဘူးလို႔ ဆိုတဲ့ အယူ၀ါဒ၊ နတၳိက၀ါဒ ၊ ဒီမိစၧာ အယူ၀ါဒ ယူေနတဲ့ ပုဂၢိဳလ္မ်ိဳးေတြ၊ အဲဒီ မိစၧာအယူ၀ါဒရိွတဲ့ ပုဂၢိဳလ္မ်ိဳးေတြဟာ ဘုရားပြင့္သို႔ တရားေဟာေသာ္လည္း အကၽြတ္တရားရဖို႔ အခြင့္အလမ္းရိွရဲ႕လား။ မရိွဘူး။
(၇) အသိဉာဏ္မရိွသူ
★ ျမတ္စြာဘုရားက တရားေဟာေသာ္လည္းပဲ သူနားလည္ႏိုင္စြမ္းမရိွဘူး၊ အသိပညာမရိွဘူး၊ ခုေခတ္လုိေျပာရင္ေတာ့ IQ မျမင့္ဘူးလို႔ ေျပာရမွာေပါ့ေနာ္၊ အဲဒီ ပုဂၢိဳလ္ရဲ႕ IQ မျမင့္တဲ့ပုဂၢိဳလ္က ဘာေျပာေျပာ နားလည္ႏိုင္တဲ့ စြမ္းရည္သတၱိမရိွဘူး။ အဲဒီပုဂၢိဳလ္မ်ိဳးဟာလည္း ဘုရားနဲ႔အႀကိမ္ႀကိ္မ္ေတြ ေတြ႔ျပီး တရားနာေပမယ့္ တရားထူး တရားျမတ္ရႏိုင္တဲ့ အခြင့္အေရးမရိွဘူးတဲ့။
(၈) ဘုရားမပြင့္တဲ့အခါ ဉာဏ္ရိွသူ
★ လူ႔ဘ၀မွာ လူျဖစ္တယ္၊ အသိဉာဏ္လည္း ရိွတယ္၊ သို႔ေသာ္ ဘုရားမပြင့္ဘူးတဲ့၊ အဲဒီပုဂၢိဳလ္လည္း အခြင့္အေရး ဆံုး႐ႈံးတာပဲ။
★ အားလံုးေပါင္းလိုက္ေတာ့ ဘယ္ႏွစ္ေယာက္ ျဖစ္သြားတုန္း၊ ရွစ္ေယာက္၊ အဲဒီရွစ္ေယာက္ဟာ အခြင့္အေရးေတြ ဆံုး႐ႈံးေနတဲ့ ပုဂၢိဳလ္ရွစ္ေယာက္တဲ့။
(၉) တစ္ေယာက္ဟူသည္
★ တစ္ေယာက္ဆိုတာ ဘယ္သူလဲ ဗုဒၶျမတ္စြာ ပြင့္ေတာ္မူတဲ့ အခ်ိန္မွာလည္းျဖစ္တယ္၊ တရားဓမၼေတြ ထြန္းကားတဲ့ အခ်ိန္လည္း ျဖစ္တယ္၊ အဲဒီအခ်ိန္မွာ လူလာျဖစ္တယ္၊ အသိဉာဏ္လည္း ရိွတယ္၊ ေဟာ အဲဒီပုဂၢိဳလ္က်ေတာ့ ျမတ္ေသာ အက်င့္က်င့္ဖို႔ရာ အခြင့္အလမ္းေတြ အမ်ားႀကီး ရသြားျပီ။
★ ျမတ္စြာဘုရားရဲ႕ တရားေတာ္ဆိုတာက အင္မတန္မွ လက္ေတြ႕က်တယ္၊ ျမတ္စြာဘုရားက လူတိုင္းလူတိုင္း သိႏိုင္တဲ့ သဘာ၀တရားေတြကို ေဟာတာ၊ ဒီအခ်က္ေတြ ႐ႈဆင္ျခင္ေနတာကိုပဲ တရားအားထုတ္တယ္လို႔ ေခၚတာေနာ္။
★ မ်က္စိႀကီး မိွတ္ျပီးေတာ့ ငုတ္တုတ္ႀကီး ထိုင္ေနမွ တရား အားထုတ္တာ မဟုတ္ဘူး။ တရားဓမၼကို ဆင္ျခင္သံုးသပ္ေနလို႔ရိွရင္ ဘယ္လိုအေနအထားမ်ိဳးပဲ ေနေနေနာ္ တရားအားထုတ္တာပဲ။ မ်က္စိမိွတ္ျပီး ဟိုေတြးဒီေတြး ေတြးေနရင္လည္း တရားအားထုတ္တာ မဟုတ္ဘူးေနာ္။
★ အသိဉာဏ္ရဖို႔ အခြင့္ေရးရတဲ့ ပုဂၢိဳလ္တိုင္းတာ ဒီအသိဉာဏ္မ်ိဳး ရၾကသလားဆိုေတာ့ မရဘူး၊ ဘာျဖစ္လို႔ မရလဲ၊ ရေအာင္မလုပ္လို႔ မရတာ၊ ေန႔စဥ္ႏွင့္အမွ် ေနၾကထိုင္ၾကတဲ့အခါမွာ ပုဂၢိဳလ္ေတြဟာ တရားဓမၼဘက္မွာ စိတ္ကူးေတာင္ မထည့္ဘူး၊ ေရာင္းရ၀ယ္တာ ကိစၥေတြ သြားေရးလာေရးကိစၥေတြ လူမႈေရးကိစၥေတြနဲ႔ပဲ အခ်ိန္ကုန္ျပီးေတာ့ ေနၾကတယ္။ ဘယ္လိုလုပ္ျပီး ဒီတရားကို သိပါ့မလဲ။ မသိဘူး။ အဲဒီလိုဆိုရင္ မိမိကုိယ္တိုင္လည္း ရွစ္ေယာက္ထဲ ပါမသြားေပဘူးလား။
★ တရားဓမၼကို မသိရဘူးဆိုရင္ ခုနက ရွစ္ေယာက္ေသာ ပုဂၢိဳလ္ေတြဟာ အခြင့္အေရးဆံုးသလိုပဲ ရေနတဲ့ အခိုက္ေလးမွာ ဗုဒၶျမတ္စြာရဲ႕ တရားဓမၼေတြကို ႏုလံုးမသြင္းမိဘူးဆိုလို႔ရိွရင္ ႏုလံုးသြင္း ဆင္ျခင္ဖို႔ စိတ္ မရိွဘူးဆိုလို႔ရိွရင္ မိမိကိုယ္တိုင္လည္း အခြင့္အေရး ရႏိုင္တဲ့ ပုဂၢိဳလ္ ျဖစ္ပါ့မလား။ မျဖစ္ဘူး။ ဒါကို သတိၾကပ္ၾကပ္ထားဖို႔ အင္မတန္မွ လိုအပ္တယ္။
ေက်းဇူးေတာ္ရွင္ပါေမာကၡခ်ဳပ္ဆရာေတာ္ဘုရားႀကီး
“ရွစ္ေယာက္ႏွင့္ တစ္ေယာက္” တရားေတာ္မွ ေကာက္ႏႈတ္ေဖာ္ျပပါသည္။
Credit — ဓမၼအသိျဖင့္ အက်ိးရွိရွိေနမည္
(Unicode)
အခွင့်ကောင်းရသူနဲ့ မရသူ
▬▬▬▬▬▬▬▬▬▬▬
(ရှစ်ယောက်နဲ့တစ်ယောက်)
★ “ရှစ်ယောက်နဲ့တစ်ယောက်” ဆိုတာ အခွင့်အရေးတွေ ဆုံးရှုံးနေတဲ့ ပုဂ္ဂိုလ်က ရှစ်ယောက်ရှိတယ်။ လောကမှာ ဘဝအခြေအနေ အကျိုးပေးမလှလို့ ကံဆိုးမိုးမှောင်ကျပြီး အခြေအနေမလှတဲ့ ပုဂ္ဂိုလ်က ရှစ်ယောက်၊ ကံကောင်းလို့ အခြေအနေကောင်းရထားတဲ့ ပုဂ္ဂိုလ်က တစ်ယောက်ထဲပဲရှိတယ်။
★ ကံမကောင်း အကြောင်းမလှ အခြေအနေ မပေးတဲ့ပုဂ္ဂိုလ် ရှစ်ယောက်ဆိုတာ ဘယ်သူတွေလဲ၊ သံသရာဝဋ်က လွတ်ကင်းဖို့ တရားဓမ္မတွေကို မြတ်စွာဘုရားက ဟောတယ်။ ထိုဟောထားတဲ့ တရားဓမ္မတွေကိုကျင့်ဖို့ အခွင့်အလမ်း မရရှိတဲ့ ပုဂ္ဂိုလ်တွေကို ပြောတာ။
★ လောကမှာ လူဖြစ်လာသော်လည်း အခွင့်အရေးဆုံးရှုံးနေတဲ့ ပုဂ္ဂိုလ်တွေက အများကြီးပဲ၊ သံသရာလည်နေကြတဲ့ အထဲမှာ လူတိုင်းလူတိုင်း အခွင့်ကောင်း ရရှိနေကြတာ မဟုတ်ဘူး၊ အခွင့်အကောင်း မရတဲ့ပုဂ္ဂိုလ်တွ အများကြီးပဲ။
★ လူ့ဘဝရနေကြတဲ့ ပုဂ္ဂိုလ်တွေလည်း အခွင့်ကောင်း အမြဲတမ်း ကြုံတာမဟုတ်ဘူးတဲ့၊ အခွင့်အရေးကြံုတဲ့ အခိုက်ကလေးမှာ အခွင့်သာခိုက်ကလေးမှာ ရသင့် ရထိုက်တာတွေကို ရအောင်ယူလိုက်မှ အခွင့်အရေး ရနိုင်တယ်။ အခွင့်အရေးဆိုတာ နောက်တစ်ခါ ပြန်လာချင်မှ လာတယ်။
★ သံသရာကြီးထဲမှာလည်း သတ္တဝါရယ်လို့ ဖြစ်လာပြီးတော့ အခွင့်ကောင်းလေးတွေ လက်လွတ်ဆုံးရှုံးပြီး ဘယ်လိုမှ အခွင့်မရတဲ့ ပုဂ္ဂိုလ်မျိုးတွေဟာ “ရှစ်ယောက်” တောင်ရှိတယ်။
အခွင့်အရေးဆုံးရှုံးသူများ
▬▬▬▬▬▬▬▬▬▬
★ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က ပုဂ္ဂိုလ်ရှစ်ယောက်ဟာ “သံသရာဝဋ်က ကျွတ်လွတ်ရေးအတွက် မြတ်သောအကျင့်ကျင့်ဖို့ အခွင့်အရေး ဆုံးရှုံးနေကြတယ်” တဲ့၊ တစ်ယောက်သော ပုဂ္ဂိုလ်သာလျှင် အဲဒီအခွင့်အရေးကို ရတယ်။ ဘယ်ပုဂ္ဂိုလ်တွေဟာ အခွင့်အရေး ဆုံးရှုံးနေတုန်းဆိုတာ ကြည့်ကြရအောင်။
(၁) ငရဲကျနေသူ
★ ဘုရားပွင့်ပြီး တရားဟောနေတဲ့ အချိန်ကာလတွေမှာ ကံမကောင်း အကြောင်းမလှလို့ ငရဲဘုံရောက်ပြီး ဒုက္ခခံနေရတဲ့ ပုဂ္ဂိုလ်တွေ မရှိဘူးလား။ ဘုရားပွင့်တဲ့အချိန် ငရဲကျနေတဲ့ပုဂ္ဂိုလ်ဟာ မြတ်စွာဘုရားဟောတဲ့ တရားကို နာယူပြီး မြတ်သော အကျင့်ကျင့်ပြီး နိဗ္ဗာန်ရဖို့ဆိုတဲ့ အခွင့်အလမ်းတွေ သူ့မှာရှိရဲ့လား၊ မရှိဘူး။ အဲဒီ ငရဲကျနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ လုံးဝ အခွင့်အရေး ဆုံးရှုံးနေသူ ဖြစ်တယ်။
(၂) တိရစ္ဆာန်ဖြစ်နေသူ
★ တိရစ္ဆာန် ဖြစ်နေသူတဲ့။ ငရဲလောက်တော့ မဆင်းရဲဘူး။ သို့သော် ဆင်းရဲတယ်၊ ဘုရားပွင့်ပြီးတော့ တရားဟောတဲ့အချိန် တိရစ္ဆာန်ဘုံ ရောက်နေတယ်။.. တိရစ္ဆာန် ဘဝဟာ အင်မတန်မှ ဒုက္ခရောက်တယ်။ လူတွေ အနိုင်ကျင့်တာ ခံနေရတာဟာ တိရစ္ဆာန်တွေပဲ၊ လူတွေက တိရစ္ဆာန်တွေကို အနိုင်ကျင့်ပြီး သတ်ဖြတ်စားသောက်ကြတယ်။
(၃) ပြိတ္တာဖြစ်နေသူ
★ ဆင်းရဲဒုက္ခတွေ အမျိုးမျိုးခံနေရတဲ့ ပြိတ္တာဘဝ ရောက်နေတာ။ အဲဒီ ပြိတ္တာဘဝဆိုတာ စားစရာမရှိလို့ မစားရတာများတယ်။ အမြဲတမ်း ဆာလောင်နေတာပဲ။ ဘယ်တော့မှ ဗိုက်ပြည့်အောင် မစားရဘူး၊ နေစရာကလည်း မရှိဘူး၊ ဟိုခြံုဖုတ်၊ ဟိုသစ်ပင် ကပ်ပြီးတော့ နေကြရတယ်။
★ လူတွေကတော့ တစ္ဆေသရဲလို့ ခေါ်မှာပေါ့နော်။ ဟိုသစ်ပင် ဟိုခြံကြား ဒီလိုကပ်ပြီးတော့ နေရတယ်၊ လူတကာ စွန့်ပစ်လိုက်ရတဲ့ မစင် အညစ်အကြေး နှပ်တံတွေး ဒါတွေကို လိုက်ရှာပြီး စားကြတယ်၊ ပြိတ္တာဘဝ အင်မတန်မှဆင်းရဲတယ်၊ အမြဲတမ်း ဆာနေတာ။
(၄) အရူပနှင့် အသညသတ်
★ မြတ်စွာဘုရားက လောကကြီးမှာ ပွင့်နေပြီး တရားဓမ္မတွေ ဟောနေပြီ။ ဒီ ပုဂ္ဂိုလ်က ဘယ်ရောက်နေတုန်းဆိုတော့ ရုပ်ခန္ဓာကြီး မပါတဲ့ ဗြဟ္မာ့ဘုံ ရောက်နေတယ်။ အသိစိတ်ပဲ ရှိတယ်၊ ရုပ်ခန္ဓာကြီး မရှိဘူး။ သူက သာမန်ပုဂ္ဂိုလ်တော့ မဟုတ်ဘူး၊ လွန်ခဲ့တဲ့ ဘဝတုန်းက သူ စျာန်ရအောင် အားထုတ်ထားတော့ စျာန်ကို ပဥ္စမစျာန် အဆင့်ထိအောင် အဆင့်မြင့် တရားကျင့်ခဲ့တဲ့ ယောဂီပုဂ္ဂိုလ်ကြီး၊ သို့သော်လည်း သူ့ အတွေးအခေါ်လေး လွဲချော်သွားတာရှိတယ်။
★ ဘာလွဲချော်သွားတုန်းဆိုတော့ “ဒီရုပ်ခန္ဓာကိုယ်ကြီး ရှိလို့ ခေါင်းကိုက်ကာ, ဗိုက်နာတာတို့ ဆိုတာတွေ ဖြစ်နေတာ၊ အိပ်ရတာ စားရတာတို့ ဆိုတာလည်း ဟောဒီရုပ်ခန္ဓာကိုယ်ကြီး ရှိနေလို့ ဖြစ်နေတာ၊ စိတ်ကလေးချည့်ဆို ဘယ်လောက် ကောင်းမတုန်း” သူ့အတွေးက အဲဒီလို တွေးတာ။
★ အဲဒီလို သွားတွေးပြီးတော့ “နောင်ဘဝ ငါ့မှာ ရုပ်ခန္ဓာကြီး မရပါရစနေဲ့၊ စိတ်ကလေးပဲ ရပါရစေ” လို့ တောင့်တတယ်။ တောင့်တတဲ့အတိုင်း အရူပဗြဟ္မာ့ဘုံ သွားပြီးဖြစ်တယ်။ အဲဒီဘဝမှာ ချမ်းချမ်းသာသာ နေရပါရဲ့၊ မြတ်စွာဘုရား တရားဟောတာ နာခွင့်ရရဲ့လား မရှိဘူးတဲ့ လွဲသွားပြီ၊ တရားတော်မှ မနာရလို့ရှိရင် သံသရာဝဋ်က လွတ်ဖို့ဆိုတာ မရှိဘူး။
★ ထို့အတူပဲ တစ်ချို့ပုဂ္ဂိုလ်က စျာန်တရားအားထုတ်ရင်း မမှန်ကန်တဲ့ အတွေးကလေးပေါ် လာတယ်၊ ဘာတွေ ပေါ်လာတုန်းဆိုရင် စားချင်တာလည်း ဒီစိတ်၊ သွားချင်တာလည်း ဒီစိတ်၊ စိတ်မရှိရင် အေးမှာပဲ၊ ဒီစိတ်က တော်တော်ဆိုးတယ်၊ ဒီစိတ်တွေ မပါရင်ကောင်းမှာာပဲ ဆိုပြီးတော့ စိတ်ကို မုန်းတီးပြီးတော့ စိတ်မပါဖို့ရာ ဆန္ဒပြုပြီး သေဆုံးသွားတဲ့အခါ အဲဒီပုဂ္ဂိုလ်ဟာ “အသညသတ္တ” ဆိုတဲ့ ဗြဟ္မာကြီး သွားဖြစ်တယ်၊ အဲဒီ ဗြဟ္မာကြီးက ဘာနဲ့တူတုန်းဆိုတော့ ရုပ်တုကြီးတွေလိုပေါ့။
★ အသညသတ် ဗြဟ္မာ့ပြည်ရောက်နေတဲ့ ပုဂ္ဂိုလ်တွေဟာ ဘုရားဘယ်လိုပွင့်သော်လည်း တရားနာဖို့ အခွင့်အရေးတွေ ဆုံးရှုံးသွားပြီတဲ့၊ ဒါကြောင့်မို့လို့ ဒီပုဂ္ဂိုလ်ဟာလည်း အခွင့်အရေးဆုံးရှုံးနေတဲ့ ပုဂ္ဂိုလ်တစ်ဦးထဲမှာ ပါနေပြန်တယ်။
(၅) ပစ္စန္တရစ် လူဖြစ်သူ
★ နောက်တစ်ဦးက ဘယ်သူလဲလို့ဆိုရင် မြတ်စွာဘုရားပွင့်လို့ တရားဟောတဲ့အချိန် ဘုရား တရားနဲ့ မနီး၊ အလွန်ဝေးလံတဲ့ အရပ်၊ သာသနာမထွန်းကားတဲ့ နေရာမှာ လူသွားဖြစ်နေတယ်၊ အဲဒီပုဂ္ဂိုလ်မှာရော တရားဟောတာ ကြားနာခွင့် အခြေအနေကောင်း ရပါ့မလား မရဘူးတဲ့။ အဲဒီ ပုဂ္ဂိုလ်ဟာလည်းပဲ အခွင့်ရေး ဆုံးရှုံးတဲ့ ပုဂ္ဂိုလ်ထဲမှာ ပါတယ်။
(၆) မိစ္ဆာဒိဋ္ဌိ ဖြစ်သူ
★ ဘုရားပွင့်တယ်၊ ဘုရားပွင့်တဲ့ ဒေသမှာပဲ လူဖြစ်တယ်၊ ဘုရားက တရာဟောနေတယ်၊ ဆိုပါစို့ မြတ်စွာဘုရားက သာဝတ္တိပြည်မှာပဲ လူဖြစ်တယ်၊ အဲဒီ ပုဂ္ဂိုလ်ကလည်း သာဝတ္တိပြည်မှာပဲ လူဖြစ်တယ်၊ သို့သော် ကံ ကံ၏အကျိုးကို မယုံကြည်တဲ့ပုဂ္ဂိုလ်၊ မိစ္ဆာအယူဝါဒရှိနေတဲ့ ပုဂ္ဂိုလ်ဖြစ်နေတယ်။
★ မိစ္ဆာအယူဝါဒရှိတဲ့ ပုဂ္ဂိုလ်တွေဟာ ကံနဲ့ကံရဲ့အကျိုးကို ငြင်းပယ်သူတွေ ဖြစ်ကြတယ်။ ဒါနကောင်းမှုလုပ်တာရဲ့ အကျိုးဆိုတာ မရှိဘူးတဲ့၊ ဒီလောကမှာ ဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေအတွက် နောင်လောကဆိုတာ မရှိဘူး၊ နောင်လောက က ပုဂ္ဂိုလ်တွေအတွက် ဒီလောကဆိုတာ မရှိဘူး။
★ ကုသိုလ် အကုသိုလ်ရဲ့ အကျိုးတို့ အပြစ်တို့ဆိုတာ မရှိဘူးလို့ ဆိုတဲ့ အယူဝါဒ၊ နတ္ထိကဝါဒ ၊ ဒီမိစ္ဆာ အယူဝါဒ ယူနေတဲ့ ပုဂ္ဂိုလ်မျိုးတွေ၊ အဲဒီ မိစ္ဆာအယူဝါဒရှိတဲ့ ပုဂ္ဂိုလ်မျိုးတွေဟာ ဘုရားပွင့်သို့ တရားဟောသော်လည်း အကျွတ်တရားရဖို့ အခွင့်အလမ်းရှိရဲ့လား။ မရှိဘူး။
(၇) အသိဉာဏ်မရှိသူ
★ မြတ်စွာဘုရားက တရားဟောသော်လည်းပဲ သူနားလည်နိုင်စွမ်းမရှိဘူး၊ အသိပညာမရှိဘူး၊ ခုခေတ်လိုပြောရင်တော့ IQ မမြင့်ဘူးလို့ ပြောရမှာပေါ့နော်၊ အဲဒီ ပုဂ္ဂိုလ်ရဲ့ IQ မမြင့်တဲ့ပုဂ္ဂိုလ်က ဘာပြောပြော နားလည်နိုင်တဲ့ စွမ်းရည်သတ္တိမရှိဘူး။ အဲဒီပုဂ္ဂိုလ်မျိုးဟာလည်း ဘုရားနဲ့အကြိမ်ကြိ်မ်တွေ တွေ့ပြီး တရားနာပေမယ့် တရားထူး တရားမြတ်ရနိုင်တဲ့ အခွင့်အရေးမရှိဘူးတဲ့။
(၈) ဘုရားမပွင့်တဲ့အခါ ဉာဏ်ရှိသူ
★ လူ့ဘဝမှာ လူဖြစ်တယ်၊ အသိဉာဏ်လည်း ရှိတယ်၊ သို့သော် ဘုရားမပွင့်ဘူးတဲ့၊ အဲဒီပုဂ္ဂိုလ်လည်း အခွင့်အရေး ဆုံးရှုံးတာပဲ။
★ အားလုံးပေါင်းလိုက်တော့ ဘယ်နှစ်ယောက် ဖြစ်သွားတုန်း၊ ရှစ်ယောက်၊ အဲဒီရှစ်ယောက်ဟာ အခွင့်အရေးတွေ ဆုံးရှုံးနေတဲ့ ပုဂ္ဂိုလ်ရှစ်ယောက်တဲ့။
(၉) တစ်ယောက်ဟူသည်
★ တစ်ယောက်ဆိုတာ ဘယ်သူလဲ ဗုဒ္ဓမြတ်စွာ ပွင့်တော်မူတဲ့ အချိန်မှာလည်းဖြစ်တယ်၊ တရားဓမ္မတွေ ထွန်းကားတဲ့ အချိန်လည်း ဖြစ်တယ်၊ အဲဒီအချိန်မှာ လူလာဖြစ်တယ်၊ အသိဉာဏ်လည်း ရှိတယ်၊ ဟော အဲဒီပုဂ္ဂိုလ်ကျတော့ မြတ်သော အကျင့်ကျင့်ဖို့ရာ အခွင့်အလမ်းတွေ အများကြီး ရသွားပြီ။
★ မြတ်စွာဘုရားရဲ့ တရားတော်ဆိုတာက အင်မတန်မှ လက်တွေ့ကျတယ်၊ မြတ်စွာဘုရားက လူတိုင်းလူတိုင်း သိနိုင်တဲ့ သဘာဝတရားတွေကို ဟောတာ၊ ဒီအချက်တွေ ရှုဆင်ခြင်နေတာကိုပဲ တရားအားထုတ်တယ်လို့ ခေါ်တာနော်။
★ မျက်စိကြီး မှိတ်ပြီးတော့ ငုတ်တုတ်ကြီး ထိုင်နေမှ တရား အားထုတ်တာ မဟုတ်ဘူး။ တရားဓမ္မကို ဆင်ခြင်သုံးသပ်နေလို့ရှိရင် ဘယ်လိုအနေအထားမျိုးပဲ နေနေနော် တရားအားထုတ်တာပဲ။ မျက်စိမှိတ်ပြီး ဟိုတွေးဒီတွေး တွေးနေရင်လည်း တရားအားထုတ်တာ မဟုတ်ဘူးနော်။
★ အသိဉာဏ်ရဖို့ အခွင့်ရေးရတဲ့ ပုဂ္ဂိုလ်တိုင်းတာ ဒီအသိဉာဏ်မျိုး ရကြသလားဆိုတော့ မရဘူး၊ ဘာဖြစ်လို့ မရလဲ၊ ရအောင်မလုပ်လို့ မရတာ၊ နေ့စဉ်နှင့်အမျှ နေကြထိုင်ကြတဲ့အခါမှာ ပုဂ္ဂိုလ်တွေဟာ တရားဓမ္မဘက်မှာ စိတ်ကူးတောင် မထည့်ဘူး၊ ရောင်းရဝယ်တာ ကိစ္စတွေ သွားရေးလာရေးကိစ္စတွေ လူမှုရေးကိစ္စတွေနဲ့ပဲ အချိန်ကုန်ပြီးတော့ နေကြတယ်။ ဘယ်လိုလုပ်ပြီး ဒီတရားကို သိပါ့မလဲ။ မသိဘူး။ အဲဒီလိုဆိုရင် မိမိကိုယ်တိုင်လည်း ရှစ်ယောက်ထဲ ပါမသွားပေဘူးလား။
★ တရားဓမ္မကို မသိရဘူးဆိုရင် ခုနက ရှစ်ယောက်သော ပုဂ္ဂိုလ်တွေဟာ အခွင့်အရေးဆုံးသလိုပဲ ရနေတဲ့ အခိုက်လေးမှာ ဗုဒ္ဓမြတ်စွာရဲ့ တရားဓမ္မတွေကို နုလုံးမသွင်းမိဘူးဆိုလို့ရှိရင် နုလုံးသွင်း ဆင်ခြင်ဖို့ စိတ် မရှိဘူးဆိုလို့ရှိရင် မိမိကိုယ်တိုင်လည်း အခွင့်အရေး ရနိုင်တဲ့ ပုဂ္ဂိုလ် ဖြစ်ပါ့မလား။ မဖြစ်ဘူး။ ဒါကို သတိကြပ်ကြပ်ထားဖို့ အင်မတန်မှ လိုအပ်တယ်။
ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
“ရှစ်ယောက်နှင့် တစ်ယောက်” တရားတော်မှ ကောက်နှုတ်ဖော်ပြပါသည်။
Credit — ဓမ္မအသိဖြင့် အကျိးရှိရှိနေမည်

LEAVE A REPLY

Please enter your comment!
Please enter your name here