ဗုဒၶါႏုႆတိဘာ၀နာ
▬▬▬▬▬▬▬▬
★ အရဟံ အရဟံ အရဟံ ေခ်ာက္ ခ်က္ ေခ်ာက္ ခ်က္ လုပ္ေနရုံနဲ႔ မရဘူးေနာ္ ဘုရားဂုဏ္ေတာ္ မထိေရာက္ဘူး။ ေခ်ာက္ ခ်က္ ဆိုတာ ပုတီးက်တာကိုေျပာတာ။ ပုတီးလံုးေလးခ်ျပီး ဂုဏ္ေတာ္ ဘယ္ေလာက္ရြတ္တယ္ဆုိတဲ့ အရြတ္၊ အရြတ္ဆိုတာ အားလံုးအမဲသားစားဖူးမွာပဲ ၀ါးလို႔မွမရတာ။ သိပ္ ၀မွမဟုတ္ဘူးေနာ္။ မရြတ္ရဘူးေတာ့ မဟုတ္ဘူး။
★ အေရးၾကီးတာက ျမတ္စြာဘုရား၏ ဂုဏ္ေတာ္ကိုသိဖို႕ ႀကိဳးစားရမယ္။ အရည္အခ်င္းကို သိမွ စိတ္ထဲမွာ ႏွစ္ႏွစ္ကာကာ ျဖစ္လာရတာ။ ရြတ္ရင္း ရြတ္ရင္း ႏုလံုးသြင္းရင္ေတာ့ ကိစၥမရိွဘူးေပါ့။ အေရအတြက္ ဂဏန္းေပၚမွာ စိတ္ေရာက္ေနရင္ ဘုရားေပၚမွာ စိတ္မေရာက္ဘူး။ ကိုယ့္ကို ကုိယ္ ဆင္ျခင္စဥ္းစားၾကည့္ေပ့ါ။
★ စဥ္းစားရမွာက ေသာဘဂ၀ါ အရဟံ ေသာဘ၀ါ သမၼာသမၺဳေဒၶါ ပါ႒ိလိုက် ဒီလိုေျပာရမယ္။ ျမန္မာလိုေျပာတဲ့အခါ ဒို႔ကိုးကြယ္တဲ့ ျမတ္စြာဘုရားဟာ ဒီအခ်က္ ဒီအခ်က္ ေတြေၾကာင့္ အရဟံ ဂုဏ္ေတာ္ႏွင့္ျပည့္စံုပါေပတယ္။
★ ဗုဒၶါႏုႆတိဆိုတာ ဘုရားဂုဏ္ေပၚမွာ အၾကိမ္အၾကိမ္အထပ္ထပ္ အမွတ္ရျခင္း။ ျမတ္စြာဘုရားဂုဏ္မွာ သင့္တင့္ေလ်ာက္ပတ္တဲ့ သတိရမႈ။ ဗုဒါၶႏုႆတိ အားထုတ္ၾကမယ္ဆိုရင္ ပုတီးလည္းမလိုဘူး။ Counting လုပ္ဖို႔လည္းမလိုဘူး။ အေရအတြက္ေပၚမွာ စိတ္ေရာက္ေနရင္ ဘုရားဂုဏ္ေတာ္ေပၚမွာ ေရာက္မွာမဟုတ္ဘူး။ ကိုယ္ဘာသာေတာ့ အသိဆံုးေပါ့။
★ ျမတ္စြာဘုရားဂုဏ္ကို စိတ္ထဲမွာ သေဘာက်လာသည္ထိေအာင္ အၾကိမ္ၾကိမ္အထက္ထက္ သတိမျပတ္ သတိကပ္ျပီးေတာ့ စဥ္းစားဆင္ျခင္သံုးသပ္ေနဖို႔လိုတယ္။
★ ဒါကို ဗုဒၶါႏုႆတိဘာ၀နာပြားတယ္လို႔ ေခၚတာ။ အဲဒီ စနစ္တက်ပြားမယ္ဆိုရင္ ဂုဏ္ေတာ္ပြားေနမယ့္အခ်ိန္မွာ ရာဂ ေလာဘ ေဒါသ ေမာဟေတြျဖစ္မွာ မဟုတ္ဘူး။ အင္မတန္မွ ၾကည္ႏူးဖြယ္ရာေတြ ေက်နပ္ဖြယ္ရာေတြပဲ ျဖစ္လာမွာ ျဖစ္တယ္။
★ ဘုရားေစတီျမင္လိုက္တာနဲ႔ ေစတီထဲမွာထည့္သြင္းထားတဲ့ ဗုဒၶါျမတ္စြာရဲ႕ Relief လို႔ေခၚတဲ့ ဓာတ္ေတာ္ေတြကိုအာရုံျပီး ျမတ္စြာဘုရားရွင္ကိုယ္ေတာ္ျမတ္ရဲ႕ ရုပ္ပံုေတာ္ေတြ ဂုဏ္ေတာ္ေတြ စိတ္ထဲႏုလံုးထဲမွာရျပီးေတာ့ အာရုံျပဳတာ။ ျမတ္စြာဘုရားသတင္းသံုးရာ ေက်ာင္းေဆာင္အေနနဲ႔ ေစတီကေန ဆက္ႏြယ္ျပီး ျမတ္စြာဘုရားကို အာရုံျပဳႏိုင္ရမယ္။
ေက်းဇူးေတာ္ရွင္ပါေမာကၡခ်ဳပ္ဆရာေတာ္ဘုရားႀကီး
“ျမတ္ဗုဒၶ၏ဂုဏ္ေတာ္” တရားေတာ္မ်ားမွ ေကာက္ႏႈတ္ခ်က္ျဖစ္ပါသည္။
Credit – Shwe Thu
(Unicode)
ဗုဒ္ဓါနုဿတိဘာဝနာ
▬▬▬▬▬▬▬▬
★ အရဟံ အရဟံ အရဟံ ချောက် ချက် ချောက် ချက် လုပ်နေရုံနဲ့ မရဘူးနော် ဘုရားဂုဏ်တော် မထိရောက်ဘူး။ ချောက် ချက် ဆိုတာ ပုတီးကျတာကိုပြောတာ။ ပုတီးလုံးလေးချပြီး ဂုဏ်တော် ဘယ်လောက်ရွတ်တယ်ဆိုတဲ့ အရွတ်၊ အရွတ်ဆိုတာ အားလုံးအမဲသားစားဖူးမှာပဲ ၀ါးလို့မှမရတာ။ သိပ် ၀မှမဟုတ်ဘူးနော်။ မရွတ်ရဘူးတော့ မဟုတ်ဘူး။
★ အရေးကြီးတာက မြတ်စွာဘုရား၏ ဂုဏ်တော်ကိုသိဖို့ ကြိုးစားရမယ်။ အရည်အချင်းကို သိမှ စိတ်ထဲမှာ နှစ်နှစ်ကာကာ ဖြစ်လာရတာ။ ရွတ်ရင်း ရွတ်ရင်း နုလုံးသွင်းရင်တော့ ကိစ္စမရှိဘူးပေါ့။ အရေအတွက် ဂဏန်းပေါ်မှာ စိတ်ရောက်နေရင် ဘုရားပေါ်မှာ စိတ်မရောက်ဘူး။ ကိုယ့်ကို ကိုယ် ဆင်ခြင်စဉ်းစားကြည့်ပေ့ါ။
★ စဉ်းစားရမှာက သောဘဂဝါ အရဟံ သောဘဝါ သမ္မာသမ္ဗုဒ္ဓေါ ပါဋ္ဌိလိုကျ ဒီလိုပြောရမယ်။ မြန်မာလိုပြောတဲ့အခါ ဒို့ကိုးကွယ်တဲ့ မြတ်စွာဘုရားဟာ ဒီအချက် ဒီအချက် တွေကြောင့် အရဟံ ဂုဏ်တော်နှင့်ပြည့်စုံပါပေတယ်။
★ ဗုဒ္ဓါနုဿတိဆိုတာ ဘုရားဂုဏ်ပေါ်မှာ အကြိမ်အကြိမ်အထပ်ထပ် အမှတ်ရခြင်း။ မြတ်စွာဘုရားဂုဏ်မှာ သင့်တင့်လျောက်ပတ်တဲ့ သတိရမှု။ ဗုဒါ္ဓနုဿတိ အားထုတ်ကြမယ်ဆိုရင် ပုတီးလည်းမလိုဘူး။ Counting လုပ်ဖို့လည်းမလိုဘူး။ အရေအတွက်ပေါ်မှာ စိတ်ရောက်နေရင် ဘုရားဂုဏ်တော်ပေါ်မှာ ရောက်မှာမဟုတ်ဘူး။ ကိုယ်ဘာသာတော့ အသိဆုံးပေါ့။
★ မြတ်စွာဘုရားဂုဏ်ကို စိတ်ထဲမှာ သဘောကျလာသည်ထိအောင် အကြိမ်ကြိမ်အထက်ထက် သတိမပြတ် သတိကပ်ပြီးတော့ စဉ်းစားဆင်ခြင်သုံးသပ်နေဖို့လိုတယ်။
★ ဒါကို ဗုဒ္ဓါနုဿတိဘာဝနာပွားတယ်လို့ ခေါ်တာ။ အဲဒီ စနစ်တကျပွားမယ်ဆိုရင် ဂုဏ်တော်ပွားနေမယ့်အချိန်မှာ ရာဂ လောဘ ဒေါသ မောဟတွေဖြစ်မှာ မဟုတ်ဘူး။ အင်မတန်မှ ကြည်နူးဖွယ်ရာတွေ ကျေနပ်ဖွယ်ရာတွေပဲ ဖြစ်လာမှာ ဖြစ်တယ်။
★ ဘုရားစေတီမြင်လိုက်တာနဲ့ စေတီထဲမှာထည့်သွင်းထားတဲ့ ဗုဒ္ဓါမြတ်စွာရဲ့ Relief လို့ခေါ်တဲ့ ဓာတ်တော်တွေကိုအာရုံပြီး မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ရဲ့ ရုပ်ပုံတော်တွေ ဂုဏ်တော်တွေ စိတ်ထဲနုလုံးထဲမှာရပြီးတော့ အာရုံပြုတာ။ မြတ်စွာဘုရားသတင်းသုံးရာ ကျောင်းဆောင်အနေနဲ့ စေတီကနေ ဆက်နွယ်ပြီး မြတ်စွာဘုရားကို အာရုံပြုနိုင်ရမယ်။
ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
“မြတ်ဗုဒ္ဓ၏ဂုဏ်တော်” တရားတော်များမှ ကောက်နှုတ်ချက်ဖြစ်ပါသည်။
Credit – Shwe Thu

LEAVE A REPLY

Please enter your comment!
Please enter your name here