ဧရာဝတီျမစ္

အရွည္ ၁၃၅၀ -မိုင္
ျဖတ္သန္းရာ ေဒသ ကခ်င္ျပည္နယ္၊ မႏၲေလးတိုင္း၊ စစ္ကိုင္းတိုင္း၊
မေကြးတိုင္း၊ ဧရာဝတီတိုင္း၊ ရန္ကုန္တိုင္း
ျမစ္လက္တက္မ်ား တာပိန္ျမစ္၊ ျမစ္ငယ္ျမစ္၊ ေရႊလီျမစ္၊ မူးျမစ္၊ ခ်င္း
တြင္းျမစ္၊
ေရဆင္းဧရိယာ ၁၅၈၇၀ဝ-စတုရန္းမိုင္ (၄၁၁၀ဝ၀-စတုရန္းကီလိုမီတာ)
အဆုံးသတ္စီးဝင္ရာ မုတၱမပင္လယ္၊ ကပၸလီပင္လယ္၊

အဂၤလိပ္ဘာသာအားျဖင့္ Irrawaddy သို႔မဟုတ္ Ayeyarwaddy ဟုေခၚဆိုသည့္ ဧရာဝတီျမစ္သည္ ျမန္မာႏိုင္ငံရွိ အႀကီးဆံုးျမစ္ျဖစ္ၿပီး ျမန္မာျပည္၏ အဓိကေသြးေၾကာႀကီးသဖြယ္ ျမစ္တစ္ခုလည္း ျဖစ္ေပသည္။ ဧရာဝတီ ဟူေသာအမည္မွာ သသၤကရိုက္ဘာသာမွ ဆင္းသက္လာသည္ဟု ယူဆရၿပီး အဓိပၸါယ္မွာ ဆင္ျမစ္ျဖစ္သည္။ ဧရာဝတီျမစ္သည္ ျမန္မာႏိုင္ငံ၏ ဗဟိုခ်က္မေနရာမ်ားကို ျဖတ္သန္း စီးဆင္းသြားသည္။ ျမစ္ဝွမ္းသည္ (၄၁၃, ၆၇၄) စတုရန္းကီလိုမီတာ က်ယ္ဝန္းၿပီး၊ ျမန္မာႏိုင္ငံ စုစုေပါင္းအက်ယ္အဝန္း၏ (၆၁) ရာခိုင္ႏႈန္းကို လႊမ္းျခံဳထားသည္။ ဧရာဝတီျမစ္သည္ ျမစ္ေၾကာင္းအလ်ား(၂, ၁၇ဝ) ကီလိုမီတာနီးပါး ရွည္လွ်ားၿပီး၊ တိုင္းျပည္၏ အေရးအႀကီးဆံုး ကူးသန္းေရာင္းဝယ္ေရး ေရေၾကာင္းလမ္းလည္း ျဖစ္သည္။

ဧရာဝတီျမစ္သည္ ကခ်င္ျပည္နယ္ရွိ မလိခႏွင့္ အင္မိုင္ခ (ေမခ) ျမစ္မ်ားေပါင္းဆံုရာမွေန၍ စတင္စီးဆင္းသည္။ ဤျမစ္ဖ်ား ခံရာ ျမစ္ႏွစ္စင္းလံုးသည္ ဟိမဝႏၱာေတာင္တန္း၏ အေရွ႔ေတာင္ပိုင္းေဒသမွ ျမစ္ဖ်ားခံလာျခင္း ျဖစ္သည္။ အင္မိုင္ချမစ္ သည္ ပူတာအိုေျမာက္ဘက္ရွိ လင္ေဂြလာ ေရခဲေတာင္ထြဋ္ (Languela Glacier) မွာ စတင္ေပၚ ထြန္းသည္။ ျမစ္ဆံုသည္ ကခ်င္ျပည္နယ္ၿမိဳ႔ေတာ္ ျမစ္ႀကီးနားၿမိဳ႔၏ ေျမာက္ဘက္ (၂၈) မိုင္ အကြာတြင္ တည္ရွိသည္။ ဧရာ၀တီအတြင္း စီး၀င္သည့္ အဓိကေရေ၀ျမစ္ ၃ ခုမွာ ခ်င္းတြင္း၊ ေရႊလီႏွင့္ ျမစ္ငယ္ျမစ္တို႔ ျဖစ္ၾကသည္။

နာမည္တူျမစ္

လြန္ခဲ့ေသာ ႏွစ္ေပါင္းမ်ားစြာက “ဧရာ၀တီ” ဟု ေခၚဆုိေသာ ျမစ္ႏွစ္ခု ရွိခဲ့ပါသည္။ တစ္ခုက ပါရူရွနီ (Parushani) ေခၚ ဧရာ၀တီ (Iravati) ျမစ္ ျဖစ္ပါသည္။ ယင္းျမစ္သည္ ယခုအခါ အိႏၵိယႏုိင္ငံတြင္ ျမစ္ဖ်ားခံျပီး ပါကစၥတန္ႏုိင္ငံထဲသုိ႕ စီး၀င္ ပါသည္။ ထုိျမစ္ကုိ ေရွးယခင္က ဧရာ၀တီဟု ေခၚၾကပါသည္။ ယခုအခါ ထုိျမစ္၏ ပတ္၀န္းက်င္တြင္ ေနထုိင္ သူတုိ႕၏ ဘာသာတရား ကုိးကြယ္မွဳအရ “ရာ၀ီ” (Ravi)ဟု ေခၚၾကပါသည္။
ျမစ္ဆံု

မိုင္ေပါင္း(၁၃၀၀)ေက်ာ္ ရွည္လ်ားေသာ ဧရာဝတီျမစ္ေၾကာင္းသည္ ကခ်င္ျပည္နယ္အစြန္ရွိ ႏွင္းဖုန္းေတာင္မ်ားမွ ေမခႏွင့္ ေမလိခဟူေသာ ျမစ္ႏွစ္သြယ္ျဖင့္ ျမစ္ဖ်ားခံအစျပဳကာ ေတာင္ဖက္သို႔ စီးဆင္းလာခဲ့ရာျမစ္ႀကီးနားၿမိဳ႕ အထက္ ႏွစ္ဆယ့္ရွစ္မိုင္ခန္႔ အေရာက္တြင္ ေပါင္းဆံုမိၾကေလသည္။ ျမစ္ဆံုသည္ ဧရာဝတီျမစ္၏ အစပင္ ျဖစ္ေတာ့သည္။ ျမစ္ဆံုေဒသသည္ ေက်ာက္စလစ္ခဲမ်ား ေပါမ်ားၿပီး ေအးစိမ့္လွ၏။ ျမစ္ဆံုေရသည္လည္း ေအးစိမ့္ေနေပသည္။ ျမစ္ဆံုေရသည္ တိမ္လည္းတိမ္ ၾကည္လည္းၾကည္လင္ေနရကား ေရထဲသို႔ ငုံ႔ၾကည့္လိုက္လွ်င္ ငါးႀကီးငါးငယ္တို႔ သြားလာကူးခတ္ေနသည္ကို ျမင္ရေပသည္။

ဧရာဝတီျမစ္သည္ ျမစ္ႀကီးနားတစ္၀ိုက္ အေရာက္တြင္ ကိုက္ငါးရာမွ် က်ယ္ျပန္႔ေပသည္။ ဤေနရာတြင္ ကမ္းပါးသည္ အေတာ္မတ္ေစာက္ၿပီး ၊ ကမ္းပါးေပၚတြင္ သစ္ေတာ၊ ကိုင္းေတာမ်ား စိမ္းစိမ္းစိုစို ေပါက္ေရာက္ေနသည္။ ျမစ္ႀကီးနားမွ အစုန္ခရီး ၄၈-မိုင္အကြာ တာဟိုးနားရြာ အနီးတြင္ ေက်ာက္စိမ္းႏွင့္ ပယင္းထြက္ရာ အေနာက္ဘက္ မိုးေကာင္းေတာင္စဥ္ ေတာင္တန္းမွ တသြင္သြင္စီးဆင္း၍ ဧရာဝတီျမစ္ႏွင့္ လာေရာက္ေပါင္းဆံုေသာ မိုးေကာင္းေခ်ာင္းကေလးကို ေတြ႔ရျပန္သည္။ ထိုမွစုန္ေသာ္ ျမစ္သည္ အေကာက္အေကြ႔ ပိုမိုမ်ားလာ၏။ မန္ဖြာရြာအနီး ေက်ာက္ေတာင္ႀကီးမ်ားသည္ ျမစ္လည္တြင္ ေပၚေနသည္။ ၀ဲဇလုပ္မ်ားကလည္း အသီးသီးျဖစ္ေပၚေန၏။
ပထမျမစ္က်ဥ္း

ဆင္ဘိုရြာကို လြန္မိၿပီ ဆိုသည္ႏွင့္ ေရစီးသန္လာေလေတာ့သည္။ ျမင္သာရြာအလြန္တြင္ ျမစ္ေၾကာင္းကလည္း ပိုမိုက်ဥ္းေျမာင္း လာေလသည္။ ျမစ္ေၾကာင္းက်ဥ္းေျမာင္းလာေလေလ ေရမ်ားသည္ စုစုလာေလေလျဖစ္သည္။ ကမ္းႏွစ္ဖက္ အကြာအေ၀းသည္ ကိုက္ (၅၀)ခန္႔သာရွိေတာ့သည္။ အေပၚမွ တရၾကမ္း ထိုးဆင္းလာေသာ ေရသည္ ေရွ႕၌ ကာဆီးလွ်က္ရွိေသာ ေက်ာက္ေတာင္ႀကီးမ်ားကို အဟုန္ျပင္းစြာျဖင့္ တိုက္ခိုက္ရာ ေရမႈန္ေရမႊားမ်ား တဖြားဖြား ျပန္႔စင္ေန၏။ ပြတ္တိုက္ေနသည့္ တေ၀ါေ၀ါ မည္သံမ်ားကိုလည္း အေ၀းမွပင္ ၾကားေနရပါသည္။ ကမ္းတစ္ဖက္ တစ္ခ်က္ရွိ ေက်ာက္ေတာင္နံရံမ်ားကလည္း ဇြတ္အတင္း ထိုးဆင္း ေနေသာ ျမစ္ေရလံုးကို ဟိုမွာဆီး၊ သည္မွတား ေနသည့္ႏွယ္ ရွိေလသည္။ တစ္ခါတစ္ရံ အေရွ႕တည့္တည့္တြင္ ေတာင္ႀကီး ကာစီးေနသည္ကို ျမင္လိုက္ရၿပီး ျမစ္ေၾကာင္း လံုး၀ေပ်ာက္သြားသကဲ့သို႔ ထင္ရသည္။ စုန္ဆင္းလာေသာ သေဘၤာမ်ားသည္ ေတာင္ကို ေဆာင့္မည့္ဆဲဆဲ ရွိေနရာမွ လကၤ်ာဘက္ ကေသာ္၎၊ လက္၀ဲဘက္ကေသာ္၎ ေရေၾကာင္းလမ္းကေလး ေပၚလာ၍ ယင္းဘက္သို႔ ဆက္ကနဲလွည့္ကာ ခ်ဳိးေကြ႔လိုက္ရျပန္သည္။ အေနာက္ဖက္ကမ္းရွိ ျမေစတီရြာကိုလြန္ေသာ္ ျမစ္က်ဥ္းသည္ တစ္ျဖည္းျဖည္း ျပန္လည္က်ယ္ျပန္႔လာေလသည္။ ဤသည္မွာ ၃၃-မိုင္ခန္႔ ရွည္လ်ားေသာ ပထမျမစ္က်ဥ္း၏ အဆံုးပင္ ျဖစ္ေတာ့သည္။

ထိုမွစုန္ေသာ္ ဗန္းေမာ္သို႔၊ ဗန္းေမာ္အနီးသို႔ ဧရာ၀တီျမစ္ေရာက္ေသာအခါ ေျမႏုခ်ဳိင့္၀ွမ္းကို ျဖတ္သန္းေလေတာ့သည္။ ျမစ္ျပင္သည္လည္း ႏွစ္မိုင္နီးပါး က်ယ္ျပန္႔ေနေလသည္။ ဗန္းေမာ္ၿမိဳ႕အထက္နားေလးတြင္လည္း အေရွ႕ဘက္ ယူနန္ကုန္းျပင္ျမင့္မွ စီးဆင္းလာေသာ တာပိန္ျမစ္သည္ ဧရာဝတီျမစ္ထဲသို႔ စီး၀င္ေလသည္။
ဒုတိယျမစ္က်ဥ္း

ဗန္းေမာ္မွအစုန္ ၁၈-မိုင္ခန္႔ေ၀းေသာ စင္းကန္းရြာ အလြန္တြင္ ဒုတိယျမစ္က်ဥ္း စပါေတာ့သည္။ ျမစ္ေၾကာင္းမွာလည္း အေရွ႕မွ အေနာက္သို႔ စီးဆင္းေန၏။ စင္းကန္းရြာမွ ေရႊဂူၿမိဳ႕ အထက္နားရွိ အေဘၤာ၀င္းရြာအထိ ဒုတိယျမစ္က်ဥ္း ေနရာျဖစ္ေလသည္။ ဆယ့္ေလးမိုင္ခန္႔ ရွည္၍ ပွ်မ္းမွ် ကိုက္၁၅၀သာ က်ယ္ေပသည္။ ျမစ္ေၾကာင္းသည္ ေတာင္ျမင့္ကမ္းပါးၾကားတြင္ စီးရ၏။ ေရႊဂူၿမိဳ႕ အနားေရာက္လွ်င္ ျမစ္လယ္ရွိ ေသာင္ကၽြန္းကို၎၊ ေသာင္ကၽြန္း ျပည့္တည္ထားေသာ ဘုရားေစတီမ်ားကို၎ ေတြ႔ျမင္ရျပန္သည္။ ျမစ္ေၾကာင္းကလည္း အေနာက္ဘက္သို႔ ဆက္လက္စီးေနသည္။ ထိုမွစုန္ေသာ္ အေနာက္ဘက္ကမ္းေပၚရွိ ကသာၿမိဳ႕သို႔ ေရာက္သည္။

ကသာၿမိဳ႕ေအာက္နားတြင္ အေရွ႕ဘက္မွ ေရႊလီျမစ္သည္ ဧရာဝတီျမစ္ထဲသို႔ စီး၀င္ျပန္သည္။ သစ္ေဖာင္၀ါးေဖာင္မ်ား ေမွ်ာခ်လာသည္ကို ျမင္ရျပန္ေလသည္။ ကသာကိုလြန္ေသာ္ ဧရာဝတီသည္ ေတာင္ဘက္သို႔ ေကြ႔ဆင္းေလသည္။ ကသာၿမိဳ႕မွ ထီးခ်ဳိင့္၊ ၎မွ မဇိၥ်မေဒသ သက်သာကီ၀င္မင္းမ်ား လာေရာက္ နန္းစိုက္ခဲ့ဖူးသည္ ဆိုေသာ တေကာင္းၿမိဳ႕ေဟာင္း၊ တေကာင္းမွသည္ မိုင္ေလးဆယ္ ခန္႔ေ၀းေသာ မလည္ရြာသို႔ ေရာက္ေလသည္။
တတိယျမစ္က်ဥ္း

မလည္ရြာအလြန္တြင္ တတိယျမစ္က်ဥ္း စပါေတာ့သည္။ မလည္ရြာေအာက္တြင္ ေတာင္တန္းနိမ့္မ်ားမွာ ကမ္းစပ္ႏွင့္ပို၍ နီးလာသည္ကို ေတြ႔ရသည္။ အေရွ႕ဘက္ကမ္းတြင္လည္း မိုးကုတ္ေတာင္တန္း မႈိင္းမႈိင္းညိဳ႕ညိဳ႕ကို ေတြ႔ျမင္ရသည္။ အေရွ႕ဘက္ကမ္းေပၚရွိ သပိတ္က်င္းၿမိဳ႕သည္ မိုးကုတ္ျမိဳ႕၏ ဆိပ္ကမ္းၿမိဳ႕လည္းျဖစ္ေလသည္။ သပိတ္က်င္းၿမိဳ႕မွ လြန္ေသာ္ သီဟေတာရြာႏွင့္ ဘုရား၊ သံုးဆယ့္ရွစ္မိုင္ ခန္႔ရွိေသာ တတိယ ျမစ္က်ဥ္းသည္ မလည္ရြာမွစ၍ ေက်ာက္ေျမာင္းၿမိဳ႕အနီး၌ ဆံုးေလသည္။
ေျမလတ္ေဒသ

ေက်ာက္ေျမာင္းသည္ အေနာက္ဘက္ ေရႊဘို၏ ဆိပ္ကမ္းျဖစ္ၿပီး ေက်ာက္ေျမာင္းအလြန္တြင္ ျမစ္ျပင္သည္ ျပန္လည္ က်ယ္ျပန္႔ လာသည္။ ေက်ာက္ေျမာင္း၊ ေရႊဘိုေဒသ ႐ႈခင္းသည္ ေျခာက္ေသြ႔၏။ သစ္ပင္ခ်ဳံႏြယ္မ်ား က်ဲလာၿပီး၊ ေတာင္မ်ား ညိဳပုပ္ပုပ္အေရာင္ ေျပာင္းလာသည္။ ျမစ္ေၾကာင္းကား ေျမျပန္႔လြင္ျပင္ကို ျဖတ္သန္းစီးဆင္း၍ ျမစ္ျပင္က်ယ္လာသည္ကား မွန္၏။ သို႔ရာတြင္ စည္းေသာင္ တိမ္ေသာင္ မ်ားလြန္း၍ ေရေၾကာင္းမွာ ေရမႊာ ေရခြဲမ်ားျဖင့္ ကြဲသည္။ ဧရာ၀တီျမစ္အတြင္း ဧရာဝတီ လင္းပိုင္မ်ား က်က္စားေနထိုင္ေလ့ရႇိေသာ ေနရာမ်ားမႇာ ဗန္းေမာ္ျမိဳ႕ႏႇင့္ မႏၲေလးျမိဳ႕အၾကားရႇိျမစ္အပိုင္းအတြင္း တြင္ ျဖန္႕ၾကက္သြားလာ ေပါက္ဖြား ရွင္သန္လ်က္ရႇိသည္။ ဧရာ၀တီ လင္းပိုင္သည္ အေရွ႕ေတာင္ အာရွ၏ ထင္ရွားေသာ ျပယုဂ္ တစ္ခု ျဖစ္သည္။ ေက်ာက္ေျမာင္းမွ ရွိမ္းမကား၊ ထိုမွတဖန္ မင္းကြန္းကို ျဖတ္သည္။ မင္းကြန္းပုထိုးေတာ္ႀကီး ကို အေ၀းမွပင္ ဖူးေတြ႔ႏိုင္ေပသည္။ မင္းကြန္းမွသည္ မႏၲေလးၿမိဳ႕ ေဂါ၀န္ဆိပ္သို႔ ေရာက္သည္။

ဤတြင္ မႏၲေလးႏွင့္ တဆက္တည္းရွိေသာ အမရပူရၿမိဳ႕ အစြန္ ေတာင္ပူစာႏွစ္ခု ထိပ္၌ရွိေသာ ေရႊၾကက္ယက္ေစတီ၊ ေရႊၾကက္က်ေစတီ ႏွစ္ဆူကို ဧရာ၀တီျမစ္ေပၚမွ ဖူးေတြ႔ရျပန္သည္။ အမရပူရၿမိဳ႕၏ အေရွ႕ေတာင္ဘက္ကို လွမ္းၾကည့္ျပန္ေသာ္ သေျပတန္း ခံတပ္ေဟာင္း၊ ထို႔ေနာက္ ဧရာ၀တီျမစ္ထဲသို႔ စီး၀င္ေနေသာ ျမစ္ငယ္ျမစ္ႏွင့္ ယင္းျမစ္၏ တစ္ဘက္ကမ္းတြင္ကား အင္းဝၿမိဳ႕ေဟာင္းကို ေတြ႔ျမင္ရေလသည္။ အေနာက္ဘက္တြင္ကား စစ္ကိုင္းၿမိဳ႕ ၊ အမရပူရႏွင့္ စစ္ကိုင္းၾကားတြင္ စစ္ကိုင္းတံတား က ကူးဆက္ထားျပန္သည္။ စစ္ကိုင္းၿမိဳ႕၏ အေနာက္ဘက္တြင္မူ မႈိင္းမႈိင္းညိဳ႕ညိဳ႕ႏွင့္ စစ္ကိုင္းေတာင္႐ိုး၊ ေနရာအကြက္ကလည္း က်လွေပ၏။ အေနာက္ဘက္တြင္ စစ္ကိုင္းၿမိဳ႕ႏွင့္ မင္း၀ံေတာင္၊ အေရွ႕ဘက္တြင္ ေရႊၾကက္ယက္ႏွင့္ ေရႊၾကက္က် ေစတီျဖဴျဖဴ အလည္တြင္ ျမစ္ေရေဖြးေဖြး ျမင္ရသည္မွာ ၾကည္ႏူးစရာ အလွအပ ႐ႈခင္းပါေပတည္း။

စစ္ကိုင္းအလြန္တြင္ ျမစ္ေၾကာင္းသည္ အေနာက္ဘက္သို႔ ေကြ႔၀င္သြားသည္။ မၾကာမီ ရြာသစ္ႀကီးကို ျဖတ္သန္းရသည္။ ၎ေနာက္ ျမင္းမူ၊ ဆီမီးခံု၊ နဂါးေပါက္၊ ရႏၲပို စေသာရြာမ်ားကို ျဖတ္သန္းလာခဲ့ရျပန္သည္။ ထို႔ေနာက္ ျမစ္ေၾကာင္းသည္ ေတာင္ဘက္သို႔ ေျပာင္း၍ စုန္ဆင္းျပန္၏။ မႏၲေလးမွ မိုင္ရွစ္ဆယ္ ေ၀းေသာျမင္းျခံၿမိဳ႕၊ ျမင္းျခံဆိပ္ကမ္းကို သေဘၤာကပ္၍ မရပါ။ ဆိပ္ကမ္း၀တြင္ ဧရာမ ေသာင္ျပင္ႀကီးက ထီးထီးခ်ည္း ခံေနေလသည္။ ထို႔ေနာက္ ျမင္းျခံေအာက္ အေနာက္ဘက္ ကမ္းရွိ ပခုကၠဴၿမိဳ႕ကို ဆိုက္ေရာက္ေပသည္။
ဧရာ၀တီယဥ္ေက်းမႈ

ပခုကၠဴၿမိဳ႕သည္ အလံု၊ မံုရြာဘက္မွ စီးဆင္းလာေသာ ခ်င္းတြင္းျမစ္ ႏွင့္ ဧရာ၀တီျမစ္ ေပါင္းဆံုရာ ေအာက္နားတြင္ တည္ရွိၿပီး၊ အေနာက္ဘက္တြင္ ေယာေခ်ာင္း၊ ခ်င္းတို႔၏ ေဒသႏွင့္လည္း အဆက္အသြယ္ မ်ားေလသည္။ ပခုကၠဴမွ စုန္ဆင္းလာခဲ့ရာ အေနာက္ဘက္ကမ္းတြင္ ျမစ္ေျခ၊ ကၽြန္းေခ်ာင္း ဓာတ္ေျမၾသဇာစက္႐ံု တည္ရွိသည္။ ပခုကၠဴမွ ၂၅-မိုင္ခန္႔ အကြာတြင္ တစ္ေန႔တစ္လံ ပုဂံဘယ္မေရြ႕ ၊ ဟသၤာေမာင္ႏွံမ်ား၊ ေရဘဲမ်ား၊ ေ၀သာလီဗ်ိဳင္းမ်ား ေပ်ာ္ျမဴးေနၾကေသာ ေသာင္ျပင္က်ယ္ႀကီးကို ေတြ႔ရေလသည္။ ညာဘက္တြင္ တန္႔ၾကည္ေတာင္တန္း၊ ဘယ္ဘက္တြင္ ေညာင္ဦးၿမိဳ႕ နတ္သမီးကမ္းပါး ေစာက္တို႔သည္ ျမင္ကြင္းတြင္ တျဖည္းျဖည္း ေပၚလာေလသည္။ ေညာင္ဦးၿမိဳ႕သည္ ပုဂံၿမိဳ႕ေဟာင္း၏ ဆိပ္ကမ္းၿမိဳ႕ျဖစ္သည္။ ပုဂံမွာ ေသာင္ထြန္း၍ ေလွသေဘၤာမ်ား မကပ္ႏိုင္ေပ။ ဧရာ၀တီျမစ္ႀကီး တစ္ေလွ်ာက္တြင္ တေကာင္း၊ သေရေခတၱရာ၊ ပုဂံ၊ ျမင္စိုင္း၊ စစ္ကိုင္း၊ အင္း၀ စတဲ့ ျမန္မာ့သမိုင္းႀကီးတြင္ ေပၚထြန္းခဲ့ၿပီး ျမန္မာ့ယဥ္ေက်းမႈေတြ ထြန္းကားလာခဲ့သည္။ စဥ္စစ္ ျမန္မာ့သမိုင္း၊ ျမန္မာ့ယဥ္ေက်းမႈဆိုသည္ ဧရာ၀တီသမိုင္း၊ ဧရာ၀တီယဥ္ေက်းမႈပင္ ျဖစ္ေတာ့သည္။

ပုဂံမွသည္ ေျမဆီမွ ေရႊရည္ထြက္ရာ ေရနံေျမကို ျဖတ္ေက်ာ္လွ်က္ ျမစ္၏ အေနာက္ဘက္တြင္ ေရနံခ်ပ္ႏွင့္ လမ္းရြာ၊ အေရွ႕ဘက္တြင္ စဥ့္ကူးႏွင့္ ေခ်ာက္၊ ေခ်ာက္မွသည္ မိုင္ ၄၀-ခန္႔ေ၀းေသာ ေရနံေခ်ာင္းၿမိဳ႕၊ ဤေနရာတစ္ေလွ်ာက္ ျမစ္ေၾကာင္းသည္ ေျဖာင့္လိုက္၊ ေကာက္လိုက္ ရွိေလသည္။ မတ္ေစာက္ေသာ ကမ္းပါးမ်ား၏ ကုန္းေပၚတြင္ ေမွ်ာ္စင္ေတြႏွင့္ ေရနံတြင္းမ်ား၊ စက္႐ံုမ်ားကို ေတြ႔ရေလသည္။ ေခ်ာက္မွ သံုးမိုင္အကြာ စေလၿမိဳ႕၊ စေလမွ ၁၅-မိုင္ေ၀းေသာ ဆင္ျဖဴကၽြန္းၿမိဳ႕ကို ျဖတ္ေက်ာ္သည္။ ဆင္ျဖဴကၽြန္း တစ္၀ိုက္တြင္ ျမစ္သည္ တံစုန္းမ်ား ေပါမ်ားသည္။ (တံစုန္းမ်ားဆိုသည္မွာ ေရျမဳပ္သစ္ပင္၊ သစ္တံုးႏွင့္ ေရေပၚေရေမ်ာ သစ္တံုးမ်ားကို ဆိုလိုသည္။)

ဆင္ျဖဴကၽြန္းမွ တစ္ဖန္ ေရနံေခ်ာင္းေအာက္ဘက္ ၂၅-မိုင္ခန္႔ ကြာေ၀းေသာ အေနာက္ဘက္ကမ္းရွိ မင္းဘူးၿမိဳ႕၊ မင္းဘူးၿမိဳ႕သည္ မုန္းေခ်ာင္း၊ မန္းေခ်ာင္းတို႔မွ ေျမာင္းသြယ္ထားသျဖင့္ စိုက္ပ်ဳိးေရး ထြန္းကားေသာ ေဒသျဖစ္ေလသည္။ မင္းဘူးႏွင့္ ဓားလြယ္ခုတ္ ျမစ္ကမ္းပါး ေစာက္ေပၚတြင္ မေကြးၿမိဳ႕၏ က်က္သေရေဆာင္ ေရႊတ၀င္း၀င္းႏွင့္ ျမသလြန္ဘုရားကို ဖူးျမင္ရျပန္သည္။ ထိုမွတဆင့္ အေရွ႕ဘက္ ျမစ္ေၾကာင္းေကြ႔သည့္အတိုင္း စုန္ဆင္းလာရာ အေနာက္ဘက္ ရခိုင္႐ိုးမမွ ျဖာထြက္ေသာ ေတာင္စြယ္သည္၎၊ အေရွ႕ဘက္ ပဲခူး႐ိုးမမွ ျဖာထြက္လာေသာ ေတာင္စြယ္သည္၎ ကမ္းပါးအထိ ေရာက္လာသည္ကို ေတြ႔ျမင္ရျပန္သည္။ ထိုမွလြန္ေသာ္ အေနာက္ဘက္ကမ္းရွိ မင္းလွႏွင့္ မလြန္၊ ထိုမွ အေရွ႕ဘက္ကမ္းရွိ ဆင္ေပါက္၀ဲ၊ ေျမထဲၿမိဳ႕ မ်ားကို ျဖတ္လာခဲ့ရသည္။ ေျမထဲေအာက္ အေနာက္ဘက္ကမ္းရွိ သရက္၊ ေညာင္ပင္ဆိပ္၊ ကမၸတို႔ကို လြန္ေသာ္ ဖိုးဦးေတာင္ကို၎၊ အေရွ႕ဘက္ကမ္းတြင္ ျပည္ၿမိဳ႕ကို၎ ခ်ဥ္းကပ္လာျပန္သည္။

ျမစ္၀ကၽြန္းေပၚ

ျပည္မွ တစ္ဖန္ ခြာေလရာ ထံုးဘိုရြာအနီးတြင္ ျမစ္ကမ္းပါးအေရာက္ ထိုးထြက္ေနေသာ ေက်ာက္နံရံက်ယ္ႀကီးကို ေတြ႔ျမင္ရျပန္သည္။ ယင္းကို အေကာက္ေတာင္ဟု ေခၚသည္။ ထိုအေကာက္ေတာင္ နံရံမ်ားတြင္ ဘုရားဆင္းတု ပံုေတာ္ အမ်ဳိးမ်ဳိးကို ၾကည္ညိဳစရာ ထြင္းထုထားသည္ကို ျမစ္ထဲမွ ေကာင္းစြာဖူးေမွ်ာ္ ေတြ႔ျမင္ႏိုင္ေပသည္။ ျပည္ၿမိဳ႕ေအာက္ မိုင္၅၀-ခန္႔ရွိ ျမန္ေအာင္ကို ျဖတ္သည္ႏွင့္ မိုးေကာင္း၍ စိမ္းစိုေသာ ျမစ္၀ကၽြန္းေပၚ အစကို ေတြ႔ျမင္ႏိုင္သည္။

ဧရာ၀တီျမစ္သည္ ေရစီးႏွင့္အတူ ႏံူးေျမမ်ားကို သယ္ေဆာင္ရာက တျဖည္းျဖည္း ပို႔လာၿပီး ျမစ္၀ကၽြန္းေပၚ ေျမႏုကၽြန္းမ်ား ျဖစ္ေပၚလာခဲ့ရေလသည္။ ျမစ္အေၾကတြင္ ဧရာ၀တီျမစ္သည္ ျမစ္လက္တက္ ၉ ခုျဖင့္ အက္ဒမန္ပင္လယ္ (မုတၱမပင္လယ္) ထဲသို႔ စီးဆင္းေပါင္း၀င္သြားသည္။ ထိုအခါ ဧရာ၀တီျမစ္သည္ ျမန္ေအာင္ၿမိဳ႕ ေအာက္နားမွစ၍ ပုသိမ္ျမစ္၊ ေရြးျမစ္၊ ဧရာ၀တီျမစ္မႀကီး၊ ဖ်ာပံုျမစ္ စသည္ျဖင့္ ျမစ္ငယ္မ်ား ေခ်ာင္းမ်ား ခြဲ၍ခြဲ၍ မုတၱမပင္လယ္ထဲသို႔ စီး၀င္ေလသည္။

ဧရာ၀တီျမစ္မႀကီးအတိုင္း ၾကံခင္း၊ ဟသၤာတ၊ ဓႏုျဖဴ၊ ေညာင္တုန္းၿမိဳ႕မ်ားကို ျဖတ္ေက်ာ္ၿပီး ေညာင္တုန္းၿမိဳ႕ ေအာက္ဘက္တြင္ ဧရာ၀တီျမစ္မႀကီးသည္ ျမစ္ငယ္၊ ေခ်ာင္းတိုမ်ား ထပ္မံျဖာထြက္ျပန္သည္။ ေညာင္တုန္းၿမိဳ႕မွ တစ္ဆင့္ ဧရာ၀တီျမစ္မႀကီးမွ ခြဲထြက္ကာ ပန္းလႈိင္၊ လႈိင္ျမစ္ေၾကာင္းအတိုင္း စုန္ဆင္းလာခဲ့ရာ ေရႊတိဂံု ေစတီေတာ္ႀကီးကို လွမ္း၍ ဖူးေမွ်ာ္ရၿပီး ရန္ကုန္ျမိဳ႕သို႔ ေရာက္ရွိေလေတာ့သည္။ ရန္ကုန္၏ တစ္ဖက္ကမ္းတြင္ ဒလ၊ တြ႔ံေတးၿမိဳ႕ မ်ားရွိၿပီး ရန္ကုန္ကို ေက်ာ္လွ်င္ သန္လ်င္ျမိဳ႕ ကိုေတြ႔ရၿပီး ဧရာ၀တီျမစ္သည္ မုတၱမပင္လယ္ထဲသို႔ စီး၀င္ေလသည္။

ျမစ္ေအာက္ပိုင္းျဖစ္ေသာ ဧရာဝတီျမစ္ဝကြၽန္းေပၚေဒသသည္ က်ယ္ဝန္း၍ ေျမဆီေျမႏွစ္ျပည့္ဝေသာ ေျမျပန္႔လြင္ျပင္တခု ျဖစ္ၿပီး၊ အလ်ား (၂၉ဝ) ကီလိုမီတာႏွင့္ အနံ (၂၄ဝ) ကီလိုမီတာ ရွိသည္။ ျမစ္ဝကြၽန္းေပၚေဒသ ေအာက္ပိုင္းသည္ လမု ရႊံ႔ၫြံေတာႏွင့္ ဒီေရေရာက္ ျမစ္ဝေဒသျဖစ္ၿပီး၊ ထိခိုက္လြယ္ေသာ ႏူးညံ့သိမ္ေမြ႔ေသာ ေဂဟစနစ္တခုလည္း ျဖစ္သည္။ ျမစ္ဝကြၽန္းေပၚေဒသသည္ လူဦးေရ (၃) သန္းေက်ာ္မွီတင္းေနထိုင္ရာျဖစ္ၿပီး၊ ျမန္မာႏိုင္ငံ ဆန္စပါးအထြက္၏ (၆ဝ) ရာခိုင္ ႏႈန္းနီးပါးကို ဤေဒသကထုတ္လုပ္ ျဖည့္ဆည္းေပးေနသည္။ ပုဂၢလိကပိုင္ ပုဇြန္ေမြးလုပ္ငန္းမ်ား စည္းကမ္းမဲ့လုပ္ကိုင္ေနၾကမႈႏွင့္ သစ္ေတာျပဳန္းတီးမႈမ်ားေၾကာင့္ သဘာဝပတ္ဝန္းက်င္မ်ား ပ်က္စီး ဆံုးရႈံးေနၾကရၿပီး၊ ကမၻာ႔ေတာရိုင္းတိရစၧာန္မ်ား ရန္ပံုေငြအဖြဲ႔ (World Wildlife Fund) က ဧရာဝတီ ေရခ်ဳိ ရႊံ႔ၫြံေတာမ်ားရွိ ေဂဟစနစ္အတြင္း ေနထိုင္ေနၾကေသာ ေတာရိုင္းတိရစၧာန္မ်ားအဖို႔ အနာဂတ္ရွင္သန္ ႏိုင္ေရး သည္ “အထူးစိုးရိမ္ဖြယ္ အေျခအေနဆိုးရြားေနေၾကာင္း” ေဖာ္ျပခဲ့ပါသည္။
သမိုင္းထဲက ဧရာဝတီ

ျမန္မာ့ သမိုင္းတစ္ေလွ်ာက္တြင္ ဧရာဝတီျမစ္သည္ အေရးပါသည့္ အခန္းမွ ပါဝင္ခဲ့သည္။ ပုဂံေခတ္မွစကာ ေနာက္ဆုံး ကုန္းေဘာင္ေခတ္တိုင္ ေခတ္အဆက္ဆက္တြင္ အေရးပါသည့္ စစ္ေရး၊ နိုင္ငံေရး၊ စီးပြားေရး တို့တြင္ အသုံးခ်ခဲ့ၾကသည္။ မြန္- ျမန္မာစစ္ပြဲမ်ားဟု ထင္ရွားသည့္ အင္း၀-ဟံသာ၀တီ အႏွစ္ေလးဆယ္စစ္ ကာလမ်ားအတြင္းတြင္ ဧရာဝတီျမစ္သည္ အဓိက စစ္ခ်ီတက္ရာလမ္းေၾကာင္းႀကီးျဖစ္ခဲ့သည္။ ဧရာဝတီျမစ္ကမ္းေပၚရွိျပည္ၿမိဳ႕သည္လည္း ႏွစ္ဖက္စစ္ရင္ဆိုင္ရာ ေရွ႕တန္းစစ္မ်က္ႏွာျဖစ္ခဲ့သည္။ ဘုရင့္ေနာင္လက္ထက္တြင္လည္း အထက္ျမန္မာနိုင္ငံတလႊား တိုက္ခိုက္ရာတြင္ စစ္ခ်ီလမ္းေၾကာင္းအျဖစ္ ဧရာဝတီျမစ္ကို အဓိကအားျဖင့္ အသုံးျပဳခဲ့ျပန္သည္။ ထို့အတူ ေညာင္ရမ္းေခတ္ဦး မင္းမ်ားျဖစ္ၾကသည့္ အေနာက္ဖက္လြန္မင္း ႏွင့္ သာလြန္မင္းတို့လည္း ဧရာဝတီျမစ္ကို စုန္ဆန္သြားလာခဲၾ့ကသည္။ ကုန္းေဘာင္ေခတ္ တစ္ေလွ်ာက္လုံးတြင္လည္း ရန္သူအဂၤလိပ္တို့ကို ခုခံရာတြင္ ျမစ္ရိုးတစ္ေလွ်ာက္ ခံတပ္မ်ား တည္ေဆာက္ခဲ့ၾကရာ မင္းလွခံတပ္ႏွင့္ အင္းဝခံတပ္တို႔မွာ နာမည္ေက်ာ္သည္။
ျမစ္လက္တက္မ်ား

အဓိကျမစ္လက္တက္ႀကီးမ်ားမွာ-

တာပိန္ျမစ္
ေရႊလီျမစ္
ျမစ္ငယ္ျမစ္ (ဒုဌဝတီျမစ္)
မူးျမစ္
ခ်င္းတြင္းျမစ္ တို႔ျဖစ္ၾကသည္။

ထို႔ျပင္ ေခ်ာင္းလက္တက္မ်ားလည္း ရွိေသးသည္။

ေခ်ာင္းမႀကီးေခ်ာင္း (အေနာက္ဘက္)
စလင္းေခ်ာင္း (အေနာက္ဘက္)
မုန္းေခ်ာင္း (အေနာက္ဘက္)
မန္းေခ်ာင္း (အေနာက္ဘက္)
မင္းတုန္းေခ်ာင္း (အေနာက္ဘက္)
ပင္းေခ်ာင္း (အေရွ႕ဘက္)
ယင္းေခ်ာင္း (အေရွ႕ဘက္)
ေဒါင္းေသေခ်ာင္း (အေရွ႕ဘက္)
ဗြက္ႀကီးေခ်ာင္း (အေရွ႕ဘက္)

ျမစ္ေၾကာင္းတစ္ေလွ်ာက္ အေရးပါသည့္ ၿမိဳ႕မ်ား

ပူတာအို
ျမစ္ႀကီးနား
ဗန္းေမာ္
ကသာ
တေကာင္း
ေက်ာက္ေျမာင္း
မႏၲေလး
စစ္ကိုင္း
ေခ်ာက္
ပုဂံ-ေညာင္ဦး
မေကြး
ျပည္
ဟသၤာတ
ပုသိမ္

ဧရာဝတီျမစ္ကူး တံတားမ်ား

ၿဗိတိသၽွကိုလိုနီအစိုးရက ၁၉၃၄ တြင္ အင္းဝတံတား(စစ္ကိုင္းတံတား)ကို တည္ေဆာက္ခဲ့သည္။ ဒုတိယကမၻာစစ္အတြင္း ဂ်ပန္အဝင္ အဂၤလိပ္အေျပးတြင္ ၿဗိသၽွတပ္မ်ားက တံတားႀကီးကို ေဖာက္ခြဲဖ်က္ဆီးခဲ့သည္။ ျမန္မာျပည္လြတ္လပ္ေရးရၿပီး ၁၉၅၄ခုႏွစ္တြင္ တံတားႀကီးကို ျပန္လည္ျပင္ဆင္တည္ေဆာက္ခဲ့သည္။ ႏွစ္ေပါင္းမ်ားစြာၾကာသည့္တိုင္ တစ္ခုတည္းေသာ ဧရာဝတီျမစ္ကူးတံတားႀကီး ျဖစ္ခဲ့သည္။

ထပ္မံအသစ္တည္ေဆာက္ေသာတံတားႀကီးမ်ားမွာ –

ဧရာဝတီတံတား (ရတနာပုံ) (ယခင္အင္းဝတံတားႀကီး၏ အထက္ဘက္နား)
ဗလမင္းထင္တံတား (အင္န္မိုင္ချမစ္ကူး၊ ျမစ္ႀကီးနားၿမိဳ႕အနီး၊ ၁၉၉၈၊နိုဝင္ဘာလ)
အေနာ္ရထာတံတား (ေခ်ာက္၊ ၂၀၀၁ခုႏွစ္၊ ဧၿပီလ)
မေကြးတံတား
ဗိုလ္ျမတ္ထြန္းတံတား (ေညာင္တုန္း၊ ၁၉၉၉ခုႏွစ္၊ နိုဝင္ဘာလ)
နဝေဒးတံတား (ျပည္ၿမိဳ႕၊ ၁၉၉၇၊စက္တင္ဘာ)
မအူပင္တံတား (မအူပင္၊ ၁၉၉၈၊ေဖေဖာ္ဝါရီ)
ဧရာဝတီတံတား (ေဒးဒရဲ)

ယေန႔ေခတ္ ေလ့လာေတြ႔ရွိခ်က္

ဧရာဝတီျမစ္တြင္ ငါးမ်ဳိးစိတ္ေပါင္း (၇၉) မ်ဳိး ခိုလႈံရာေနထိုင္ၾကသည့္အျပင္၊ ၂ဝဝ၂ ခုႏွစ္ အထိေလ့လာခ်က္မ်ားအရ ဧရာဝတီျမစ္ဝွမ္း၌ လူအမ်ား အသိ အမွတ္ျပဳထားေသာ ငွက္စားက်က္နယ္ေျမ (၄) ခုလည္း ရွိသည္။ ျမစ္၏ ဇီဝသတၱ စံုလင္ေထြျပားမႈအေၾကာင္းႏွင့္ ပတ္သက္၍ ေကာင္းစြာေလ့လာထားသည္မ်ားလည္း မရွိေသးေခ်။ မၾကာေသးမီက ေတာင္က်ေခ်ာင္း ငါးခူမ်ဳိးစိတ္ သစ္မ်ားကို ထပ္မံေတြ႔ရွိခဲ့ၿပီး၊ ဧရာဝတီျမစ္ဆံုႏွင့္ သိပ္မေဝးလွေသာေနရာမ်ားတြင္ ၂ဝဝ၅ ခုႏွစ္က ေတြ႔ရွိခဲ့ရျခင္း ျဖစ္သည္။ ဧရာဝတီျမစ္သည္ ကမၻာေပၚတြင္ ပဥၥမေျမာက္ ႏံုးတင္ေျမႏွစ္မ်ား အမ်ားဆံုးပို႔ခ်ေပးႏိုင္ေသာျမစ္လည္း ျဖစ္သည္။

ကိုးကား

၀င္းသိမ္း(ေက်ာင္းအုပ္ႀကီး၊ ေရေၾကာင္းပညာသိပၸံ)၏ ဧရာနဒီသိပါသည္ ေဆာင္းပါးမွ ေကာက္ႏုတ္တင္ျပသည္။
ဧရာ၀တီျမစ္ကို ပိတ္ဆို႔၍ ဆည္တည္ေဆာက္ေနျခင္း (Damming the Irrawaddy) မွ
ရာဇာဓိရာဇ္အေရးေတာ္ပုံက်မ္း
en.wikipedia.org

Credit — Tin Maung Hlaing

(Unicode)

ဧရာဝတီမြစ်

အရှည် ၁၃၅၀ -မိုင်
ဖြတ်သန်းရာ ဒေသ ကချင်ပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊
မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း
မြစ်လက်တက်များ တာပိန်မြစ်၊ မြစ်ငယ်မြစ်၊ ရွှေလီမြစ်၊ မူးမြစ်၊ ချင်း
တွင်းမြစ်၊
ရေဆင်းဧရိယာ ၁၅၈ရဝဝ-စတုရန်းမိုင် (၄၁၁ဝဝဝ-စတုရန်းကီလိုမီတာ)
အဆုံးသတ်စီးဝင်ရာ မုတ္တမပင်လယ်၊ ကပ္ပလီပင်လယ်၊

အင်္ဂလိပ်ဘာသာအားဖြင့် Irrawaddy သို့မဟုတ် Ayeyarwaddy ဟုခေါ်ဆိုသည့် ဧရာဝတီမြစ်သည် မြန်မာနိုင်ငံရှိ အကြီးဆုံးမြစ်ဖြစ်ပြီး မြန်မာပြည်၏ အဓိကသွေးကြောကြီးသဖွယ် မြစ်တစ်ခုလည်း ဖြစ်ပေသည်။ ဧရာဝတီ ဟူသောအမည်မှာ သင်္သကရိုက်ဘာသာမှ ဆင်းသက်လာသည်ဟု ယူဆရပြီး အဓိပ္ပါယ်မှာ ဆင်မြစ်ဖြစ်သည်။ ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ၏ ဗဟိုချက်မနေရာများကို ဖြတ်သန်း စီးဆင်းသွားသည်။ မြစ်ဝှမ်းသည် (၄၁၃, ၆၇၄) စတုရန်းကီလိုမီတာ ကျယ်ဝန်းပြီး၊ မြန်မာနိုင်ငံ စုစုပေါင်းအကျယ်အဝန်း၏ (၆၁) ရာခိုင်နှုန်းကို လွှမ်းခြုံထားသည်။ ဧရာဝတီမြစ်သည် မြစ်ကြောင်းအလျား(၂, ၁ရဝ) ကီလိုမီတာနီးပါး ရှည်လျှားပြီး၊ တိုင်းပြည်၏ အရေးအကြီးဆုံး ကူးသန်းရောင်းဝယ်ရေး ရေကြောင်းလမ်းလည်း ဖြစ်သည်။

ဧရာဝတီမြစ်သည် ကချင်ပြည်နယ်ရှိ မလိခနှင့် အင်မိုင်ခ (မေခ) မြစ်များပေါင်းဆုံရာမှနေ၍ စတင်စီးဆင်းသည်။ ဤမြစ်ဖျား ခံရာ မြစ်နှစ်စင်းလုံးသည် ဟိမဝန္တာတောင်တန်း၏ အရှေ့တောင်ပိုင်းဒေသမှ မြစ်ဖျားခံလာခြင်း ဖြစ်သည်။ အင်မိုင်ခမြစ် သည် ပူတာအိုမြောက်ဘက်ရှိ လင်ဂွေလာ ရေခဲတောင်ထွဋ် (Languela Glacier) မှာ စတင်ပေါ် ထွန်းသည်။ မြစ်ဆုံသည် ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့၏ မြောက်ဘက် (၂၈) မိုင် အကွာတွင် တည်ရှိသည်။ ဧရာဝတီအတွင်း စီးဝင်သည့် အဓိကရေဝေမြစ် ၃ ခုမှာ ချင်းတွင်း၊ ရွှေလီနှင့် မြစ်ငယ်မြစ်တို့ ဖြစ်ကြသည်။

နာမည်တူမြစ်

လွန်ခဲ့သော နှစ်ပေါင်းများစွာက “ဧရာဝတီ” ဟု ခေါ်ဆိုသော မြစ်နှစ်ခု ရှိခဲ့ပါသည်။ တစ်ခုက ပါရူရှနီ (Parushani) ခေါ် ဧရာဝတီ (Iravati) မြစ် ဖြစ်ပါသည်။ ယင်းမြစ်သည် ယခုအခါ အိန္ဒိယနိုင်ငံတွင် မြစ်ဖျားခံပြီး ပါကစ္စတန်နိုင်ငံထဲသို့ စီးဝင် ပါသည်။ ထိုမြစ်ကို ရှေးယခင်က ဧရာဝတီဟု ခေါ်ကြပါသည်။ ယခုအခါ ထိုမြစ်၏ ပတ်ဝန်းကျင်တွင် နေထိုင် သူတို့၏ ဘာသာတရား ကိုးကွယ်မှုအရ “ရာဝီ” (Ravi)ဟု ခေါ်ကြပါသည်။
မြစ်ဆုံ

မိုင်ပေါင်း(၁၃၀၀)ကျော် ရှည်လျားသော ဧရာဝတီမြစ်ကြောင်းသည် ကချင်ပြည်နယ်အစွန်ရှိ နှင်းဖုန်းတောင်များမှ မေခနှင့် မေလိခဟူသော မြစ်နှစ်သွယ်ဖြင့် မြစ်ဖျားခံအစပြုကာ တောင်ဖက်သို့ စီးဆင်းလာခဲ့ရာမြစ်ကြီးနားမြို့ အထက် နှစ်ဆယ့်ရှစ်မိုင်ခန့် အရောက်တွင် ပေါင်းဆုံမိကြလေသည်။ မြစ်ဆုံသည် ဧရာဝတီမြစ်၏ အစပင် ဖြစ်တော့သည်။ မြစ်ဆုံဒေသသည် ကျောက်စလစ်ခဲများ ပေါများပြီး အေးစိမ့်လှ၏။ မြစ်ဆုံရေသည်လည်း အေးစိမ့်နေပေသည်။ မြစ်ဆုံရေသည် တိမ်လည်းတိမ် ကြည်လည်းကြည်လင်နေရကား ရေထဲသို့ ငုံ့ကြည့်လိုက်လျှင် ငါးကြီးငါးငယ်တို့ သွားလာကူးခတ်နေသည်ကို မြင်ရပေသည်။

ဧရာဝတီမြစ်သည် မြစ်ကြီးနားတစ်ဝိုက် အရောက်တွင် ကိုက်ငါးရာမျှ ကျယ်ပြန့်ပေသည်။ ဤနေရာတွင် ကမ်းပါးသည် အတော်မတ်စောက်ပြီး ၊ ကမ်းပါးပေါ်တွင် သစ်တော၊ ကိုင်းတောများ စိမ်းစိမ်းစိုစို ပေါက်ရောက်နေသည်။ မြစ်ကြီးနားမှ အစုန်ခရီး ၄၈-မိုင်အကွာ တာဟိုးနားရွာ အနီးတွင် ကျောက်စိမ်းနှင့် ပယင်းထွက်ရာ အနောက်ဘက် မိုးကောင်းတောင်စဉ် တောင်တန်းမှ တသွင်သွင်စီးဆင်း၍ ဧရာဝတီမြစ်နှင့် လာရောက်ပေါင်းဆုံသော မိုးကောင်းချောင်းကလေးကို တွေ့ရပြန်သည်။ ထိုမှစုန်သော် မြစ်သည် အကောက်အကွေ့ ပိုမိုများလာ၏။ မန်ဖွာရွာအနီး ကျောက်တောင်ကြီးများသည် မြစ်လည်တွင် ပေါ်နေသည်။ ဝဲဇလုပ်များကလည်း အသီးသီးဖြစ်ပေါ်နေ၏။
ပထမမြစ်ကျဉ်း

ဆင်ဘိုရွာကို လွန်မိပြီ ဆိုသည်နှင့် ရေစီးသန်လာလေတော့သည်။ မြင်သာရွာအလွန်တွင် မြစ်ကြောင်းကလည်း ပိုမိုကျဉ်းမြောင်း လာလေသည်။ မြစ်ကြောင်းကျဉ်းမြောင်းလာလေလေ ရေများသည် စုစုလာလေလေဖြစ်သည်။ ကမ်းနှစ်ဖက် အကွာအဝေးသည် ကိုက် (၅၀)ခန့်သာရှိတော့သည်။ အပေါ်မှ တရကြမ်း ထိုးဆင်းလာသော ရေသည် ရှေ့၌ ကာဆီးလျှက်ရှိသော ကျောက်တောင်ကြီးများကို အဟုန်ပြင်းစွာဖြင့် တိုက်ခိုက်ရာ ရေမှုန်ရေမွှားများ တဖွားဖွား ပြန့်စင်နေ၏။ ပွတ်တိုက်နေသည့် တဝေါဝေါ မည်သံများကိုလည်း အဝေးမှပင် ကြားနေရပါသည်။ ကမ်းတစ်ဖက် တစ်ချက်ရှိ ကျောက်တောင်နံရံများကလည်း ဇွတ်အတင်း ထိုးဆင်း နေသော မြစ်ရေလုံးကို ဟိုမှာဆီး၊ သည်မှတား နေသည့်နှယ် ရှိလေသည်။ တစ်ခါတစ်ရံ အရှေ့တည့်တည့်တွင် တောင်ကြီး ကာစီးနေသည်ကို မြင်လိုက်ရပြီး မြစ်ကြောင်း လုံးဝပျောက်သွားသကဲ့သို့ ထင်ရသည်။ စုန်ဆင်းလာသော သင်္ဘောများသည် တောင်ကို ဆောင့်မည့်ဆဲဆဲ ရှိနေရာမှ လင်္ကျာဘက် ကသော်၎င်း၊ လက်ဝဲဘက်ကသော်၎င်း ရေကြောင်းလမ်းကလေး ပေါ်လာ၍ ယင်းဘက်သို့ ဆက်ကနဲလှည့်ကာ ချိုးကွေ့လိုက်ရပြန်သည်။ အနောက်ဖက်ကမ်းရှိ မြစေတီရွာကိုလွန်သော် မြစ်ကျဉ်းသည် တစ်ဖြည်းဖြည်း ပြန်လည်ကျယ်ပြန့်လာလေသည်။ ဤသည်မှာ ၃၃-မိုင်ခန့် ရှည်လျားသော ပထမမြစ်ကျဉ်း၏ အဆုံးပင် ဖြစ်တော့သည်။

ထိုမှစုန်သော် ဗန်းမော်သို့၊ ဗန်းမော်အနီးသို့ ဧရာဝတီမြစ်ရောက်သောအခါ မြေနုချိုင့်ဝှမ်းကို ဖြတ်သန်းလေတော့သည်။ မြစ်ပြင်သည်လည်း နှစ်မိုင်နီးပါး ကျယ်ပြန့်နေလေသည်။ ဗန်းမော်မြို့အထက်နားလေးတွင်လည်း အရှေ့ဘက် ယူနန်ကုန်းပြင်မြင့်မှ စီးဆင်းလာသော တာပိန်မြစ်သည် ဧရာဝတီမြစ်ထဲသို့ စီးဝင်လေသည်။
ဒုတိယမြစ်ကျဉ်း

ဗန်းမော်မှအစုန် ၁၈-မိုင်ခန့်ဝေးသော စင်းကန်းရွာ အလွန်တွင် ဒုတိယမြစ်ကျဉ်း စပါတော့သည်။ မြစ်ကြောင်းမှာလည်း အရှေ့မှ အနောက်သို့ စီးဆင်းနေ၏။ စင်းကန်းရွာမှ ရွှေဂူမြို့ အထက်နားရှိ အင်္ဘောဝင်းရွာအထိ ဒုတိယမြစ်ကျဉ်း နေရာဖြစ်လေသည်။ ဆယ့်လေးမိုင်ခန့် ရှည်၍ ပျှမ်းမျှ ကိုက်၁၅ဝသာ ကျယ်ပေသည်။ မြစ်ကြောင်းသည် တောင်မြင့်ကမ်းပါးကြားတွင် စီးရ၏။ ရွှေဂူမြို့ အနားရောက်လျှင် မြစ်လယ်ရှိ သောင်ကျွန်းကို၎င်း၊ သောင်ကျွန်း ပြည့်တည်ထားသော ဘုရားစေတီများကို၎င်း တွေ့မြင်ရပြန်သည်။ မြစ်ကြောင်းကလည်း အနောက်ဘက်သို့ ဆက်လက်စီးနေသည်။ ထိုမှစုန်သော် အနောက်ဘက်ကမ်းပေါ်ရှိ ကသာမြို့သို့ ရောက်သည်။

ကသာမြို့အောက်နားတွင် အရှေ့ဘက်မှ ရွှေလီမြစ်သည် ဧရာဝတီမြစ်ထဲသို့ စီးဝင်ပြန်သည်။ သစ်ဖောင်ဝါးဖောင်များ မျှောချလာသည်ကို မြင်ရပြန်လေသည်။ ကသာကိုလွန်သော် ဧရာဝတီသည် တောင်ဘက်သို့ ကွေ့ဆင်းလေသည်။ ကသာမြို့မှ ထီးချိုင့်၊ ၎င်းမှ မဇ္စျိမဒေသ သကျသာကီဝင်မင်းများ လာရောက် နန်းစိုက်ခဲ့ဖူးသည် ဆိုသော တကောင်းမြို့ဟောင်း၊ တကောင်းမှသည် မိုင်လေးဆယ် ခန့်ဝေးသော မလည်ရွာသို့ ရောက်လေသည်။
တတိယမြစ်ကျဉ်း

မလည်ရွာအလွန်တွင် တတိယမြစ်ကျဉ်း စပါတော့သည်။ မလည်ရွာအောက်တွင် တောင်တန်းနိမ့်များမှာ ကမ်းစပ်နှင့်ပို၍ နီးလာသည်ကို တွေ့ရသည်။ အရှေ့ဘက်ကမ်းတွင်လည်း မိုးကုတ်တောင်တန်း မှိုင်းမှိုင်းညို့ညို့ကို တွေ့မြင်ရသည်။ အရှေ့ဘက်ကမ်းပေါ်ရှိ သပိတ်ကျင်းမြို့သည် မိုးကုတ်မြို့၏ ဆိပ်ကမ်းမြို့လည်းဖြစ်လေသည်။ သပိတ်ကျင်းမြို့မှ လွန်သော် သီဟတောရွာနှင့် ဘုရား၊ သုံးဆယ့်ရှစ်မိုင် ခန့်ရှိသော တတိယ မြစ်ကျဉ်းသည် မလည်ရွာမှစ၍ ကျောက်မြောင်းမြို့အနီး၌ ဆုံးလေသည်။
မြေလတ်ဒေသ

ကျောက်မြောင်းသည် အနောက်ဘက် ရွှေဘို၏ ဆိပ်ကမ်းဖြစ်ပြီး ကျောက်မြောင်းအလွန်တွင် မြစ်ပြင်သည် ပြန်လည် ကျယ်ပြန့် လာသည်။ ကျောက်မြောင်း၊ ရွှေဘိုဒေသ ရှုခင်းသည် ခြောက်သွေ့၏။ သစ်ပင်ချုံနွယ်များ ကျဲလာပြီး၊ တောင်များ ညိုပုပ်ပုပ်အရောင် ပြောင်းလာသည်။ မြစ်ကြောင်းကား မြေပြန့်လွင်ပြင်ကို ဖြတ်သန်းစီးဆင်း၍ မြစ်ပြင်ကျယ်လာသည်ကား မှန်၏။ သို့ရာတွင် စည်းသောင် တိမ်သောင် များလွန်း၍ ရေကြောင်းမှာ ရေမွှာ ရေခွဲများဖြင့် ကွဲသည်။ ဧရာဝတီမြစ်အတွင်း ဧရာဝတီ လင်းပိုင်များ ကျက်စားနေထိုင်လေ့ရှိသော နေရာများမှာ ဗန်းမော်မြို့နှင့် မန္တလေးမြို့အကြားရှိမြစ်အပိုင်းအတွင်း တွင် ဖြန့်ကြက်သွားလာ ပေါက်ဖွား ရှင်သန်လျက်ရှိသည်။ ဧရာဝတီ လင်းပိုင်သည် အရှေ့တောင် အာရှ၏ ထင်ရှားသော ပြယုဂ် တစ်ခု ဖြစ်သည်။ ကျောက်မြောင်းမှ ရှိမ်းမကား၊ ထိုမှတဖန် မင်းကွန်းကို ဖြတ်သည်။ မင်းကွန်းပုထိုးတော်ကြီး ကို အဝေးမှပင် ဖူးတွေ့နိုင်ပေသည်။ မင်းကွန်းမှသည် မန္တလေးမြို့ ဂေါဝန်ဆိပ်သို့ ရောက်သည်။

ဤတွင် မန္တလေးနှင့် တဆက်တည်းရှိသော အမရပူရမြို့ အစွန် တောင်ပူစာနှစ်ခု ထိပ်၌ရှိသော ရွှေကြက်ယက်စေတီ၊ ရွှေကြက်ကျစေတီ နှစ်ဆူကို ဧရာဝတီမြစ်ပေါ်မှ ဖူးတွေ့ရပြန်သည်။ အမရပူရမြို့၏ အရှေ့တောင်ဘက်ကို လှမ်းကြည့်ပြန်သော် သပြေတန်း ခံတပ်ဟောင်း၊ ထို့နောက် ဧရာဝတီမြစ်ထဲသို့ စီးဝင်နေသော မြစ်ငယ်မြစ်နှင့် ယင်းမြစ်၏ တစ်ဘက်ကမ်းတွင်ကား အင်းဝမြို့ဟောင်းကို တွေ့မြင်ရလေသည်။ အနောက်ဘက်တွင်ကား စစ်ကိုင်းမြို့ ၊ အမရပူရနှင့် စစ်ကိုင်းကြားတွင် စစ်ကိုင်းတံတား က ကူးဆက်ထားပြန်သည်။ စစ်ကိုင်းမြို့၏ အနောက်ဘက်တွင်မူ မှိုင်းမှိုင်းညို့ညို့နှင့် စစ်ကိုင်းတောင်ရိုး၊ နေရာအကွက်ကလည်း ကျလှပေ၏။ အနောက်ဘက်တွင် စစ်ကိုင်းမြို့နှင့် မင်းဝံတောင်၊ အရှေ့ဘက်တွင် ရွှေကြက်ယက်နှင့် ရွှေကြက်ကျ စေတီဖြူဖြူ အလည်တွင် မြစ်ရေဖွေးဖွေး မြင်ရသည်မှာ ကြည်နူးစရာ အလှအပ ရှုခင်းပါပေတည်း။

စစ်ကိုင်းအလွန်တွင် မြစ်ကြောင်းသည် အနောက်ဘက်သို့ ကွေ့ဝင်သွားသည်။ မကြာမီ ရွာသစ်ကြီးကို ဖြတ်သန်းရသည်။ ၎င်းနောက် မြင်းမူ၊ ဆီမီးခုံ၊ နဂါးပေါက်၊ ရန္တပို စသောရွာများကို ဖြတ်သန်းလာခဲ့ရပြန်သည်။ ထို့နောက် မြစ်ကြောင်းသည် တောင်ဘက်သို့ ပြောင်း၍ စုန်ဆင်းပြန်၏။ မန္တလေးမှ မိုင်ရှစ်ဆယ် ဝေးသောမြင်းခြံမြို့၊ မြင်းခြံဆိပ်ကမ်းကို သင်္ဘောကပ်၍ မရပါ။ ဆိပ်ကမ်းဝတွင် ဧရာမ သောင်ပြင်ကြီးက ထီးထီးချည်း ခံနေလေသည်။ ထို့နောက် မြင်းခြံအောက် အနောက်ဘက် ကမ်းရှိ ပခုက္ကူမြို့ကို ဆိုက်ရောက်ပေသည်။
ဧရာဝတီယဉ်ကျေးမှု

ပခုက္ကူမြို့သည် အလုံ၊ မုံရွာဘက်မှ စီးဆင်းလာသော ချင်းတွင်းမြစ် နှင့် ဧရာဝတီမြစ် ပေါင်းဆုံရာ အောက်နားတွင် တည်ရှိပြီး၊ အနောက်ဘက်တွင် ယောချောင်း၊ ချင်းတို့၏ ဒေသနှင့်လည်း အဆက်အသွယ် များလေသည်။ ပခုက္ကူမှ စုန်ဆင်းလာခဲ့ရာ အနောက်ဘက်ကမ်းတွင် မြစ်ခြေ၊ ကျွန်းချောင်း ဓာတ်မြေသြဇာစက်ရုံ တည်ရှိသည်။ ပခုက္ကူမှ ၂၅-မိုင်ခန့် အကွာတွင် တစ်နေ့တစ်လံ ပုဂံဘယ်မရွေ့ ၊ ဟင်္သာမောင်နှံများ၊ ရေဘဲများ၊ ဝေသာလီဗျိုင်းများ ပျော်မြူးနေကြသော သောင်ပြင်ကျယ်ကြီးကို တွေ့ရလေသည်။ ညာဘက်တွင် တန့်ကြည်တောင်တန်း၊ ဘယ်ဘက်တွင် ညောင်ဦးမြို့ နတ်သမီးကမ်းပါး စောက်တို့သည် မြင်ကွင်းတွင် တဖြည်းဖြည်း ပေါ်လာလေသည်။ ညောင်ဦးမြို့သည် ပုဂံမြို့ဟောင်း၏ ဆိပ်ကမ်းမြို့ဖြစ်သည်။ ပုဂံမှာ သောင်ထွန်း၍ လှေသင်္ဘောများ မကပ်နိုင်ပေ။ ဧရာဝတီမြစ်ကြီး တစ်လျှောက်တွင် တကောင်း၊ သရေခေတ္တရာ၊ ပုဂံ၊ မြင်စိုင်း၊ စစ်ကိုင်း၊ အင်းဝ စတဲ့ မြန်မာ့သမိုင်းကြီးတွင် ပေါ်ထွန်းခဲ့ပြီး မြန်မာ့ယဉ်ကျေးမှုတွေ ထွန်းကားလာခဲ့သည်။ စဉ်စစ် မြန်မာ့သမိုင်း၊ မြန်မာ့ယဉ်ကျေးမှုဆိုသည် ဧရာဝတီသမိုင်း၊ ဧရာဝတီယဉ်ကျေးမှုပင် ဖြစ်တော့သည်။

ပုဂံမှသည် မြေဆီမှ ရွှေရည်ထွက်ရာ ရေနံမြေကို ဖြတ်ကျော်လျှက် မြစ်၏ အနောက်ဘက်တွင် ရေနံချပ်နှင့် လမ်းရွာ၊ အရှေ့ဘက်တွင် စဥ့်ကူးနှင့် ချောက်၊ ချောက်မှသည် မိုင် ၄၀-ခန့်ဝေးသော ရေနံချောင်းမြို့၊ ဤနေရာတစ်လျှောက် မြစ်ကြောင်းသည် ဖြောင့်လိုက်၊ ကောက်လိုက် ရှိလေသည်။ မတ်စောက်သော ကမ်းပါးများ၏ ကုန်းပေါ်တွင် မျှော်စင်တွေနှင့် ရေနံတွင်းများ၊ စက်ရုံများကို တွေ့ရလေသည်။ ချောက်မှ သုံးမိုင်အကွာ စလေမြို့၊ စလေမှ ၁၅-မိုင်ဝေးသော ဆင်ဖြူကျွန်းမြို့ကို ဖြတ်ကျော်သည်။ ဆင်ဖြူကျွန်း တစ်ဝိုက်တွင် မြစ်သည် တံစုန်းများ ပေါများသည်။ (တံစုန်းများဆိုသည်မှာ ရေမြုပ်သစ်ပင်၊ သစ်တုံးနှင့် ရေပေါ်ရေမျော သစ်တုံးများကို ဆိုလိုသည်။)

ဆင်ဖြူကျွန်းမှ တစ်ဖန် ရေနံချောင်းအောက်ဘက် ၂၅-မိုင်ခန့် ကွာဝေးသော အနောက်ဘက်ကမ်းရှိ မင်းဘူးမြို့၊ မင်းဘူးမြို့သည် မုန်းချောင်း၊ မန်းချောင်းတို့မှ မြောင်းသွယ်ထားသဖြင့် စိုက်ပျိုးရေး ထွန်းကားသော ဒေသဖြစ်လေသည်။ မင်းဘူးနှင့် ဓားလွယ်ခုတ် မြစ်ကမ်းပါး စောက်ပေါ်တွင် မကွေးမြို့၏ ကျက်သရေဆောင် ရွှေတဝင်းဝင်းနှင့် မြသလွန်ဘုရားကို ဖူးမြင်ရပြန်သည်။ ထိုမှတဆင့် အရှေ့ဘက် မြစ်ကြောင်းကွေ့သည့်အတိုင်း စုန်ဆင်းလာရာ အနောက်ဘက် ရခိုင်ရိုးမမှ ဖြာထွက်သော တောင်စွယ်သည်၎င်း၊ အရှေ့ဘက် ပဲခူးရိုးမမှ ဖြာထွက်လာသော တောင်စွယ်သည်၎င်း ကမ်းပါးအထိ ရောက်လာသည်ကို တွေ့မြင်ရပြန်သည်။ ထိုမှလွန်သော် အနောက်ဘက်ကမ်းရှိ မင်းလှနှင့် မလွန်၊ ထိုမှ အရှေ့ဘက်ကမ်းရှိ ဆင်ပေါက်ဝဲ၊ မြေထဲမြို့ များကို ဖြတ်လာခဲ့ရသည်။ မြေထဲအောက် အနောက်ဘက်ကမ်းရှိ သရက်၊ ညောင်ပင်ဆိပ်၊ ကမ္ပတို့ကို လွန်သော် ဖိုးဦးတောင်ကို၎င်း၊ အရှေ့ဘက်ကမ်းတွင် ပြည်မြို့ကို၎င်း ချဉ်းကပ်လာပြန်သည်။

မြစ်ဝကျွန်းပေါ်

ပြည်မှ တစ်ဖန် ခွာလေရာ ထုံးဘိုရွာအနီးတွင် မြစ်ကမ်းပါးအရောက် ထိုးထွက်နေသော ကျောက်နံရံကျယ်ကြီးကို တွေ့မြင်ရပြန်သည်။ ယင်းကို အကောက်တောင်ဟု ခေါ်သည်။ ထိုအကောက်တောင် နံရံများတွင် ဘုရားဆင်းတု ပုံတော် အမျိုးမျိုးကို ကြည်ညိုစရာ ထွင်းထုထားသည်ကို မြစ်ထဲမှ ကောင်းစွာဖူးမျှော် တွေ့မြင်နိုင်ပေသည်။ ပြည်မြို့အောက် မိုင်၅၀-ခန့်ရှိ မြန်အောင်ကို ဖြတ်သည်နှင့် မိုးကောင်း၍ စိမ်းစိုသော မြစ်ဝကျွန်းပေါ် အစကို တွေ့မြင်နိုင်သည်။

ဧရာဝတီမြစ်သည် ရေစီးနှင့်အတူ နူံးမြေများကို သယ်ဆောင်ရာက တဖြည်းဖြည်း ပို့လာပြီး မြစ်ဝကျွန်းပေါ် မြေနုကျွန်းများ ဖြစ်ပေါ်လာခဲ့ရလေသည်။ မြစ်အကြေတွင် ဧရာဝတီမြစ်သည် မြစ်လက်တက် ၉ ခုဖြင့် အက်ဒမန်ပင်လယ် (မုတ္တမပင်လယ်) ထဲသို့ စီးဆင်းပေါင်းဝင်သွားသည်။ ထိုအခါ ဧရာဝတီမြစ်သည် မြန်အောင်မြို့ အောက်နားမှစ၍ ပုသိမ်မြစ်၊ ရွေးမြစ်၊ ဧရာဝတီမြစ်မကြီး၊ ဖျာပုံမြစ် စသည်ဖြင့် မြစ်ငယ်များ ချောင်းများ ခွဲ၍ခွဲ၍ မုတ္တမပင်လယ်ထဲသို့ စီးဝင်လေသည်။

ဧရာဝတီမြစ်မကြီးအတိုင်း ကြံခင်း၊ ဟင်္သာတ၊ ဓနုဖြူ၊ ညောင်တုန်းမြို့များကို ဖြတ်ကျော်ပြီး ညောင်တုန်းမြို့ အောက်ဘက်တွင် ဧရာဝတီမြစ်မကြီးသည် မြစ်ငယ်၊ ချောင်းတိုများ ထပ်မံဖြာထွက်ပြန်သည်။ ညောင်တုန်းမြို့မှ တစ်ဆင့် ဧရာဝတီမြစ်မကြီးမှ ခွဲထွက်ကာ ပန်းလှိုင်၊ လှိုင်မြစ်ကြောင်းအတိုင်း စုန်ဆင်းလာခဲ့ရာ ရွှေတိဂုံ စေတီတော်ကြီးကို လှမ်း၍ ဖူးမျှော်ရပြီး ရန်ကုန်မြို့သို့ ရောက်ရှိလေတော့သည်။ ရန်ကုန်၏ တစ်ဖက်ကမ်းတွင် ဒလ၊ တွ့ံတေးမြို့ များရှိပြီး ရန်ကုန်ကို ကျော်လျှင် သန်လျင်မြို့ ကိုတွေ့ရပြီး ဧရာဝတီမြစ်သည် မုတ္တမပင်လယ်ထဲသို့ စီးဝင်လေသည်။

မြစ်အောက်ပိုင်းဖြစ်သော ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသည် ကျယ်ဝန်း၍ မြေဆီမြေနှစ်ပြည့်ဝသော မြေပြန့်လွင်ပြင်တခု ဖြစ်ပြီး၊ အလျား (၂၉ဝ) ကီလိုမီတာနှင့် အနံ (၂၄ဝ) ကီလိုမီတာ ရှိသည်။ မြစ်ဝကျွန်းပေါ်ဒေသ အောက်ပိုင်းသည် လမု ရွှံ့ညွံတောနှင့် ဒီရေရောက် မြစ်ဝဒေသဖြစ်ပြီး၊ ထိခိုက်လွယ်သော နူးညံ့သိမ်မွေ့သော ဂေဟစနစ်တခုလည်း ဖြစ်သည်။ မြစ်ဝကျွန်းပေါ်ဒေသသည် လူဦးရေ (၃) သန်းကျော်မှီတင်းနေထိုင်ရာဖြစ်ပြီး၊ မြန်မာနိုင်ငံ ဆန်စပါးအထွက်၏ (၆ဝ) ရာခိုင် နှုန်းနီးပါးကို ဤဒေသကထုတ်လုပ် ဖြည့်ဆည်းပေးနေသည်။ ပုဂ္ဂလိကပိုင် ပုဇွန်မွေးလုပ်ငန်းများ စည်းကမ်းမဲ့လုပ်ကိုင်နေကြမှုနှင့် သစ်တောပြုန်းတီးမှုများကြောင့် သဘာဝပတ်ဝန်းကျင်များ ပျက်စီး ဆုံးရှုံးနေကြရပြီး၊ ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များ ရန်ပုံငွေအဖွဲ့ (World Wildlife Fund) က ဧရာဝတီ ရေချို ရွှံ့ညွံတောများရှိ ဂေဟစနစ်အတွင်း နေထိုင်နေကြသော တောရိုင်းတိရစ္ဆာန်များအဖို့ အနာဂတ်ရှင်သန် နိုင်ရေး သည် “အထူးစိုးရိမ်ဖွယ် အခြေအနေဆိုးရွားနေကြောင်း” ဖော်ပြခဲ့ပါသည်။
သမိုင်းထဲက ဧရာဝတီ

မြန်မာ့ သမိုင်းတစ်လျှောက်တွင် ဧရာဝတီမြစ်သည် အရေးပါသည့် အခန်းမှ ပါဝင်ခဲ့သည်။ ပုဂံခေတ်မှစကာ နောက်ဆုံး ကုန်းဘောင်ခေတ်တိုင် ခေတ်အဆက်ဆက်တွင် အရေးပါသည့် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး တို့တွင် အသုံးချခဲ့ကြသည်။ မွန်- မြန်မာစစ်ပွဲများဟု ထင်ရှားသည့် အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ် ကာလများအတွင်းတွင် ဧရာဝတီမြစ်သည် အဓိက စစ်ချီတက်ရာလမ်းကြောင်းကြီးဖြစ်ခဲ့သည်။ ဧရာဝတီမြစ်ကမ်းပေါ်ရှိပြည်မြို့သည်လည်း နှစ်ဖက်စစ်ရင်ဆိုင်ရာ ရှေ့တန်းစစ်မျက်နှာဖြစ်ခဲ့သည်။ ဘုရင့်နောင်လက်ထက်တွင်လည်း အထက်မြန်မာနိုင်ငံတလွှား တိုက်ခိုက်ရာတွင် စစ်ချီလမ်းကြောင်းအဖြစ် ဧရာဝတီမြစ်ကို အဓိကအားဖြင့် အသုံးပြုခဲ့ပြန်သည်။ ထို့အတူ ညောင်ရမ်းခေတ်ဦး မင်းများဖြစ်ကြသည့် အနောက်ဖက်လွန်မင်း နှင့် သာလွန်မင်းတို့လည်း ဧရာဝတီမြစ်ကို စုန်ဆန်သွားလာခြဲ့ကသည်။ ကုန်းဘောင်ခေတ် တစ်လျှောက်လုံးတွင်လည်း ရန်သူအင်္ဂလိပ်တို့ကို ခုခံရာတွင် မြစ်ရိုးတစ်လျှောက် ခံတပ်များ တည်ဆောက်ခဲ့ကြရာ မင်းလှခံတပ်နှင့် အင်းဝခံတပ်တို့မှာ နာမည်ကျော်သည်။
မြစ်လက်တက်များ

အဓိကမြစ်လက်တက်ကြီးများမှာ-

တာပိန်မြစ်
ရွှေလီမြစ်
မြစ်ငယ်မြစ် (ဒုဌဝတီမြစ်)
မူးမြစ်
ချင်းတွင်းမြစ် တို့ဖြစ်ကြသည်။

ထို့ပြင် ချောင်းလက်တက်များလည်း ရှိသေးသည်။

ချောင်းမကြီးချောင်း (အနောက်ဘက်)
စလင်းချောင်း (အနောက်ဘက်)
မုန်းချောင်း (အနောက်ဘက်)
မန်းချောင်း (အနောက်ဘက်)
မင်းတုန်းချောင်း (အနောက်ဘက်)
ပင်းချောင်း (အရှေ့ဘက်)
ယင်းချောင်း (အရှေ့ဘက်)
ဒေါင်းသေချောင်း (အရှေ့ဘက်)
ဗွက်ကြီးချောင်း (အရှေ့ဘက်)

မြစ်ကြောင်းတစ်လျှောက် အရေးပါသည့် မြို့များ

ပူတာအို
မြစ်ကြီးနား
ဗန်းမော်
ကသာ
တကောင်း
ကျောက်မြောင်း
မန္တလေး
စစ်ကိုင်း
ချောက်
ပုဂံ-ညောင်ဦး
မကွေး
ပြည်
ဟင်္သာတ
ပုသိမ်

ဧရာဝတီမြစ်ကူး တံတားများ

ဗြိတိသျှကိုလိုနီအစိုးရက ၁၉၃၄ တွင် အင်းဝတံတား(စစ်ကိုင်းတံတား)ကို တည်ဆောက်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်အဝင် အင်္ဂလိပ်အပြေးတွင် ဗြိသျှတပ်များက တံတားကြီးကို ဖောက်ခွဲဖျက်ဆီးခဲ့သည်။ မြန်မာပြည်လွတ်လပ်ရေးရပြီး ၁၉၅၄ခုနှစ်တွင် တံတားကြီးကို ပြန်လည်ပြင်ဆင်တည်ဆောက်ခဲ့သည်။ နှစ်ပေါင်းများစွာကြာသည့်တိုင် တစ်ခုတည်းသော ဧရာဝတီမြစ်ကူးတံတားကြီး ဖြစ်ခဲ့သည်။

ထပ်မံအသစ်တည်ဆောက်သောတံတားကြီးများမှာ –

ဧရာဝတီတံတား (ရတနာပုံ) (ယခင်အင်းဝတံတားကြီး၏ အထက်ဘက်နား)
ဗလမင်းထင်တံတား (အင်န်မိုင်ခမြစ်ကူး၊ မြစ်ကြီးနားမြို့အနီး၊ ၁၉၉၈၊နိုဝင်ဘာလ)
အနော်ရထာတံတား (ချောက်၊ ၂၀၀၁ခုနှစ်၊ ဧပြီလ)
မကွေးတံတား
ဗိုလ်မြတ်ထွန်းတံတား (ညောင်တုန်း၊ ၁၉၉၉ခုနှစ်၊ နိုဝင်ဘာလ)
နဝဒေးတံတား (ပြည်မြို့၊ ၁၉၉၇၊စက်တင်ဘာ)
မအူပင်တံတား (မအူပင်၊ ၁၉၉၈၊ဖေဖော်ဝါရီ)
ဧရာဝတီတံတား (ဒေးဒရဲ)

ယနေ့ခေတ် လေ့လာတွေ့ရှိချက်

ဧရာဝတီမြစ်တွင် ငါးမျိုးစိတ်ပေါင်း (၇၉) မျိုး ခိုလှုံရာနေထိုင်ကြသည့်အပြင်၊ ၂ဝဝ၂ ခုနှစ် အထိလေ့လာချက်များအရ ဧရာဝတီမြစ်ဝှမ်း၌ လူအများ အသိ အမှတ်ပြုထားသော ငှက်စားကျက်နယ်မြေ (၄) ခုလည်း ရှိသည်။ မြစ်၏ ဇီဝသတ္တ စုံလင်ထွေပြားမှုအကြောင်းနှင့် ပတ်သက်၍ ကောင်းစွာလေ့လာထားသည်များလည်း မရှိသေးချေ။ မကြာသေးမီက တောင်ကျချောင်း ငါးခူမျိုးစိတ် သစ်များကို ထပ်မံတွေ့ရှိခဲ့ပြီး၊ ဧရာဝတီမြစ်ဆုံနှင့် သိပ်မဝေးလှသောနေရာများတွင် ၂ဝဝ၅ ခုနှစ်က တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။ ဧရာဝတီမြစ်သည် ကမ္ဘာပေါ်တွင် ပဥ္စမမြောက် နုံးတင်မြေနှစ်များ အများဆုံးပို့ချပေးနိုင်သောမြစ်လည်း ဖြစ်သည်။

ကိုးကား

ဝင်းသိမ်း(ကျောင်းအုပ်ကြီး၊ ရေကြောင်းပညာသိပ္ပံ)၏ ဧရာနဒီသိပါသည် ဆောင်းပါးမှ ကောက်နုတ်တင်ပြသည်။
ဧရာဝတီမြစ်ကို ပိတ်ဆို့၍ ဆည်တည်ဆောက်နေခြင်း (Damming the Irrawaddy) မှ
ရာဇာဓိရာဇ်အရေးတော်ပုံကျမ်း
en.wikipedia.org

Credit — Tin Maung Hlaing Page

LEAVE A REPLY

Please enter your comment!
Please enter your name here