တျဖည္းျဖည္းဝလာတာ ဘာေၾကာင့္လဲ….

စာေရးသူ၏ သမီးငယ္တစ္ဦးသည္ အသက္(၂၆)ႏွစ္ေက်ာ္တြင္ တျဖည္းျဖည္း ဝလာသျဖင့္ သူ႔ ကိုယ္သူ စိတ္ပ်က္ေနသည္။ တစ္ခါတရံတြင္ ညစာမစားဘဲ ေနသည္။ အဆီအဆိမ့္မ်ားကို ေရွာင္စားသည္။ သံပရာရည္ကို အဆီက်သည္ဆို၍ ေန႔စဥ္ေသာက္သည္။ သို႔ေသာ္လည္း ဝၿမဲဝလာေနသည္ကို ေတြ႕ရ သည္။ သူ႔တြင္ အလုပ္တာဝန္ မ်ားျပားသျဖင့္ Gym (ဂ်င္) ကစားခ်င္ေသာ္လည္း အခ်ိန္မရသျဖင့္ မကစား ႏိုင္ရွာေပ။
အျခားဝလာသူတစ္ဦးမွာ စာေရးသူ၏ တူမ၊ သမီးႏွင့္အတူ တစ္အိမ္တည္းေနသူပင္ ျဖစ္သည္။ သူ သည္လည္း အသက္(၃၀)နားနီး အပ်ိဳႀကီးျဖစ္သည္။ သူကိုယ္တိုင္က ဆရာဝန္မ တစ္ဦးျဖစ္ၿပီး ေဆးရံုႀကီး တစ္ရံုတြင္ တာဝန္က်ေနသည္။ တစ္ဘက္မွလည္း ေဆးပညာ မဟာဘြဲ႕ တက္္ေနသူျဖစ္သည္။ ေဆးရံု လည္း ဆင္းရ၊ သင္တန္းလည္း တက္ရ၊ ေက်ာင္းစာလည္း က်က္ရ… တစ္ေနကုန္ မအားရ… သည့္ ၾကား ကပင္ တစ္ႏွစ္အတြင္း ေပါင္(၂၀)ေက်ာ္ တိုးၿပီးဝလာသည္။ မႏွစ္က အက်ၤ ီေတြ မေတာ္ေတာ့၊ ဗိုက္ပူခါးတုပ္ ျဖစ္လာသျဖင့္ သူ႔ကိုယ္သူ မေက်နပ္ျဖစ္ေနသည္။ သူ႔မွာလည္း ေဆးရံုဂ်ဴတီ ေန႔၊ ည ေျပာင္းလဲက်ေနသ ျဖင့္ အားကစားလုပ္ရန္ အခ်ိန္မရွိေပ။
ဝလာသည့္ သမီးႏွင့္ တူမတို႔ကို စာေရးသူ ေလ့လာၾကည့္ေသာအခါ… သူတို႔ႏွစ္ဦးလံုးသည္ အလုပ္ တာဝန္ မ်ားၾကသည္မွာ မွန္ေသာ္လည္း… ည ျပန္ေရာက္လာသည္ႏွင့္ စာဖတ္စရာရွိလွ်င္ ဖတ္… ၿပီးတာႏွင့္ ဖုန္းကိုယ္စီႏွင့္ ဖုန္းပြတ္ေနၾကသည္ကို ေတြ႕ရသည္။ တစ္ခါတရံ ည(၁၂)နာရီ ေက်ာ္သည္အထိ မီးေမွာင္ခ် ထားေသာ္လည္း သူတို႔ ဖုန္းအလင္းေရာင္းမ်ားကို ျမင္ေနရသည္။
ထိုသို႔ ည(၁၂)နာရီေက်ာ္အထိ ဖုန္းပြတ္ေနေသာ သမီးမ်ားသည္ မနက္တြင္လည္း ေစာေစာ မထ ႏိုင္ၾက။ စားေရးသူတို႔ လူႀကီးမ်ားက နံနက္ေစာေစာထၿပီး က်ံဳးနံေဘး ေလေကာင္းေလသန္႔ ရသည့္ ေနရာမွ လမ္းေလ်ာက္ၿပီး ျပန္လာခ်ိန္အထိ သူတို႔မွာ မထႏိုင္ၾကေသး။ တစ္ခါတရံ ေဆးရံုဂ်ဴတီ ရွိသျဖင့္ ႏိႈးစက္ေပး ထားၿပီး ေစာေစာ ထေျပးရေသာ ရက္မ်ားရွိေသာ္လည္း ပံုမွန္အားျဖင့္ နံနက္ေစာေစာ မထၾက… မထႏိုင္ၾက သည္ကို ေတြ႕ရသည္။
ဤသည္မွာ ညက… ညဥ့္နက္ခံၿပီး ဖုန္းပြတ္ထားၾကသည့္ အက်ိဳးပင္ ျဖစ္ေတာ့သည္။
အိပ္ေရးပ်က္ျခင္း၊ အထူးသျဖင့္ ညဥ့္ (၁၁)နာရီ ေက်ာ္သည္အထိ မအိပ္ျခင္းသည္ က်န္းမာေရးကို ထိခိုက္ေစႏိုင္သည္။ တစ္ေန႔… တစ္ရက္ အိပ္ေရးပ်က္လွ်င္ ကိစၥမရွိေသာ္လည္း… ေန႔စဥ္ရက္ဆက္ အိပ္ ေရး ပ်က္လာလွ်င္ က်န္းမာေရးကို ထိခုိက္ေစႏိုင္သည္။
က်န္းမာေရး ထိခိုက္သည္ဆုိသျဖင့္… လူမမာ ျဖစ္သြားသည္ဟု ဆိုလိုျခင္း မဟုတ္ပါ။ အိပ္ယာထဲ လဲမွ က်န္းမာေရး ထိခိုက္သည္ဟု ယူဆလွ်င္ မွားယြင္းေသာ ယူဆခ်က္ျဖစ္ပါသည္။
က်န္းမာေရးသည္ အိမ္ႏွင့္တူသည္။ အိမ္ႀကီးက ေဆးသုတ္ထားၿပီး အျပင္ပမ္း အျမင္တြင္ လွပေန ေသာ္လည္း အတြင္းမွ အိမ္တိုင္မ်ား ၾကမ္းခင္းမ်ား ေဆြးေျမ႕ေနလွ်င္… အတြင္းလိႈက္ၿပီး ပိုးစားေနလွ်င္ တစ္ေန႔တြင္ ရုတ္တရက္ ၿပိဳက်သြားႏိုင္သည္ကို သတိျပဳဖို႔ လိုသည္။
“အေကာင္းႀကီး… မနက္ကပဲ ေတြ႕လိုက္ေသးတယ္။ ညေနက်ေတာ့ လဲက်ၿပီး ရုတ္တရက္ ဆံုး သြားတယ္” ဆိုသူမ်ားသည္ အျပင္ပမ္း ေကာင္းေနေသာ္လည္း အတြင္းကလီစာ၊ အသည္း၊ ႏွလံုး၊ အဆုတ္၊ ေက်ာက္ကပ္ စသည့္ အရာမ်ားတြင္ ေရာဂါရင့္ေနသူမ်ား ျဖစ္သည္။ ရုတ္တရက္ ျဖစ္သြားျခင္း မဟုတ္ပါ။ အတြင္းတြင္ ႏွစ္ခ်ီၿပီး အဆိုင္အခဲႏွင့္ တည္ေနေသာ ေရာဂါမ်ားေၾကာင့္ ျဖစ္သည္။
အစားေၾကာင့္ ျဖစ္ေသာေရာဂါ၊ အအိပ္ေၾကာင့္ ျဖစ္ေသာေရာဂါ ဟူ၍ရွိသည္။ ထို႔ေၾကာင့္ ေရွး လူႀကီးမ်ားက “အအိပ္… အစား မွန္ပါရဲ႕လား…” ဟု ေမးျခင္း ျဖစ္သည္။
ဝလာသူမ်ားသည္ အစားကို ဆင္ျခင္ရံုျဖင့္ မရ။ အဆီအဆိမ့္မ်ား ေလ်ာ့စားသည္။ ညစာမစားပဲ ေန သည္ ဆိုရံုျဖင့္ ပိန္သြားမည္ မဟုတ္… ခႏၶာကိုယ္၏ အတြင္းကိုယ္ခံအားမ်ား ဟန္ခ်က္ညီဖို႔အတြက္၊ ကိုယ္ တြင္း ဇီဝနာရီစက္ မွန္ကန္စြာ လည္ပတ္ဖို႔အတြက္ အိပ္ခ်ိန္မွန္၊ အိပ္ေရးဝဖို႔လည္း လိုအပ္ေသးသည္ကို သတိျပဳေစခ်င္သည္။
အေနာက္တိုင္းေဆးပညာ သုေတသီမ်ား၏ ေတြ႕ရွိခ်က္… သုေတသန ျပဳခ်က္မ်ားတြင္ ညအိပ္ယာ ဝင္ခ်ိန္ ေနာက္က်သူမ်ား အိပ္ေရးမဝသူမ်ားသည္ အဆီေခ်ဖ်က္မႈ အားနည္းၿပီး ပို၍ ဝလာႏိုင္သည္ဟု ဆို သည္။
တိုင္းရင္းေဆးပညာတြင္ ဝျခင္းသည္ ပထဝီ+အာေပါဓာတ္ႏွင့္ ဆိုင္သည္။ ပထဝီဓာတ္ အသား ဓာတ္ႏွင့္ အာေပါ အရည္ဓာတ္၊ အရသာအားျဖင့္ အဆိမ့္ႏွင့္ အခ်ိဳဓာတ္ အစားမ်ားလွ်င္ ဝလာႏိုင္သည္။ စားရံုမွ်ျဖင့္ ဝလာႏိုင္သည္ မဟုတ္ေခ်။ စားၿပီး ခႏၶာကိုယ္တြင္း ေရာက္လာေသာ အဆိမ့္၊ အခ်ိဳဓာတ္မ်ားကို လိုအပ္သမွ် ယူၿပီး ပိုသည့္အခါ ေခ်ဖ်က္ပစ္ႏိုင္ဖုိ႔ လိုသည္။
အိပ္ေရးပ်က္သူမ်ားသည္ အပိုဓာတ္မ်ားကို ေခ်ဖ်က္သည့္ ညအခ်ိန္တြင္ မအိပ္သျဖင့္ ခႏၶာကိုယ္က မေခ်ဖ်က္ႏိုင္ေပ။ ထိုအခါ ပိုလ်ံေသာ အဆိမ့္ အခ်ိဳဓာတ္မ်ား (ဝေစေသာ ဓာတ္မ်ား) ခႏၶာကိုယ္တြင္ စုပံုလာ ေတာ့သည္။
အအိပ္ပ်က္… အစားပ်က္ၿပီး ပိန္းခ်ံဳးသြားတာပဲ ဟူေသာ သူမ်ားသည္ စိတ္ဓာတ္ပါ က်ေသာ ေၾကာင့္ ပိန္ရျခင္း ျဖစ္သည္။ စိတ္က်လွ်င္ လူပိန္ျခင္း၊ အစာမစားလိုျခင္း အစာမေတာင့္တျခင္း ေရာဂါမ်ား ဝင္လာႏိုင္သည္။
အအိပ္ပ်က္ေသာ္လည္း အစားမပ်က္… စိတ္ကလည္း မိမိလုပ္ခ်င္ရာ လုပ္ရ၍ ေပ်ာ္ေနသူမ်ားမွာ မပိန္သည့္အျပင္ တစ္ေန႔တျခား တိုး၍ဝလာသည္ကို ေတြ႕ရေပသည္။
အိပ္ေရးပ်က္ျခင္း၏ အျပစ္မ်ား
၁။ အစာမေၾကျခင္း။
၂။ အဆီတိုးျခင္း။
၃။ ဝမ္းမမွန္ျခင္း၊ ဝမ္းခ်ဳပ္ျခင္း။
၄။ ေလခ်ဳပ္ျခင္း။
၅။ စိတ္မၾကည္ျခင္း။
၆။ အာရံုေၾကာမ်ား ႏိုးၾကားမႈ မရွိျခင္း။
၇။ ခႏၶာကိုယ္ ေလးလံထိုင္းမိႈင္းျခင္း။
၈။ မ်က္စိအျမင္ ေဝဝါးျခင္း။
၉။ မွတ္ဥာဏ္ခ်ိဳ႕ယြင္းျခင္း။
၁၀။ ဝမ္းဗိုက္တြင္ ေလပြ၍ ဝလာျခင္း။
အိပ္ေရးပ်က္၍ ဝလာသူမ်ားသည္ ဝမ္းဗိုက္ စူလာသျဖင့္ အဆီဝမဟုတ္ပဲ “ေလဝ”ဝသည္ ဟု တိုင္းရင္းဆရာမ်ားက ဆိုၾကသည္။
ေလ၏ သေဘာေၾကာင့္ လူဝေသာ္လည္း အဆစ္အဆစ္မ်ားတြင္ ေလခိုသျဖင့္ အဆစ္အမ်က္မ်ား နာေသာ ေရာဂါမ်ား ျဖစ္ႏိုင္သည္။ တိုင္းရင္းေဆးျဖင့္ ကုသေသာ ေရာဂါမ်ားတြင္ (ဆစ္၊ ဆက္၊ ေခ်ာင္၊ ျမည္) ေလေရာဂါ ဟူ၍ ရွိသည္။ ထိုေလေရာဂါ ရွိသူမ်ားသည္ လူက တျဖည္းျဖည္း ဝလာၿပီး… ဒူးမခိုင္၊ ေျခ မခိုင္ ျဖစ္တက္သည္။ ေလွကား အဆင္းအတက္ ျပဳလုပ္လွ်င္ အဆစ္အဆက္မ်ားမွ အသံျမည္သည္။ လူေျခ တိတ္ခ်ိန္တြင္ ေလွကား အဆင္းအတက္ လုပ္လွ်င္ အဆစ္မ်ားမွ အသံျမည္သည္ကို ပို၍ၾကားရႏိုင္သည္။
“ေစာေစာအိပ္ထ… ျပဳက်င့္က
တြင္းပ ကိုယ္ခႏၶာ…
ေရာဂါခပ္သိမ္း… ေရွာင္ခြာတိမ္း
ကင္းၿငိမ္းလြန္ခ်မ္းသာ…”
အထက္ပါ ေဒြးခ်ိဳး လကၤာေလးသည္ က်န္းမာသူမ်ား လိုက္နာက်င့္သံုးသည့္ နည္းလမ္းကို ေရး ထားျခင္း ျဖစ္သည္။ ထိုလကၤာကို ေျပာင္းျပန္လွန္မည္ ဆိုပါက…
“ေနာက္က် အိပ္ထ ျပဳက်င့္က
တြင္းပ ကိုယ္ခႏၶာ…
ေရာဂါမွန္သမွ်… ဝင္ေရာက္ၾက
ဒုကၡေတြ႕မည္သာ…”
စာေရးသူတို႔ ေနထိုင္ရာ မႏၱေလးၿမိဳ႕တြင္ နံနက္ေစာေစာ ထၿပီး က်ံဳးနံေဘးတြင္ လမ္းေလ်ာက္သူ မ်ားျဖင့္ စည္ကားလ်က္ ရွိသည္။ ထိုသူမ်ားတြင္ ဝန္ထမ္းမ်ားလည္း ပါသည္။ ကုန္သည္ပြဲစား၊ စီးပြားေရး လုပ္ငန္းရွင္ မ်ားလည္းပါသည္။ သို႔ေသာ္ ထိုအထဲတြင္ လူငယ္၊ လူရြယ္၊ ေက်ာင္းသား အရြယ္မ်ား ပါဝင္ သည္ကို သိပ္မေတြ႕ရေပ။
အခ်ိဳ႕လူငယ္မ်ားမွာ လူႀကီးမ်ားႏွင့္ အေဖာ္လိုက္လာသည္ကို ရံဖန္ရံခါ ေတြ႔ရေသာ္လည္း က်န္းမာ ေရးအရ လမ္းေလ်ာက္သည္ကို မေတြ႕ရပဲ က်ံဳးေနာက္ခံျဖင့္ လက္ထဲတြင္ ပါလာေသာ ဖုန္းျဖင့္ ဆလ္ဖီဆြဲ ေနသူ (ကိုယ့္ပံုကိုယ္ ျပန္ရိုက္ေနသူ)ႏွင့္ အခ်ိဳ႕မွာ လမ္းမေလ်ာက္ပဲ ဖုန္းထိုင္ပြတ္ေနသူမ်ားကို ေတြ႕ရ သည္မွာ ယေန႔ေခတ္၏ ျမင္ကြင္း ျဖစ္ေနသည္။
လူငယ္ပီပီ လွခ်င္သည္။ ဝလာလွ်င္ မႀကိဳက္ၾက။ သို႔ေသာ္ မဝလာေအာင္ မည္သို႔ေနထိုင္ရမည္ကုိ မသိၾကေပ။ ဝလာလွ်င္ အစားအေသာက္ ေလ်ာ့စားလိုက္လွ်င္ ပိန္သြားမည္ဟု ထင္ေနၾကသည္။
အစားအေသာက္မ်ား စားေသာက္ပံုကို ၾကည့္လွ်င္လည္း ယေန႔ေခတ္ လူငယ္မ်ားသည္… အခ်ိဳ ရည္ ေသာက္သံုးမႈ မ်ားၾကသည္။ ရယ္ဒီမိတ္ အစာေခၚ ေခါက္ဆြဲေျခာက္၊ ေကာ္ဖီမစ္၊ အသင့္ေဖ်ာ္ လက္ဘက္ရည္ထုပ္၊ မုန္႔ေျခာက္မ်ား၊ အသားတုႏွင့္ ဝက္အူေခ်ာင္း၊ ၾကက္အူေခ်ာင္း မ်ားကို စားသံုးမႈ မ်ား သည္ကို ေတြ႕ရသည္။ ထိုအစာမ်ားသည္ သဘာဝအစာ မဟုတ္သျဖင့္ ခႏၶာကိုယ္တြင္း အစာေခ်ဖ်က္မႈ ဇီဝ ျဖစ္စဥ္ကို ပ်က္ယြင္းေစၿပီး လူကို ဝလာေစသည္။ တစ္ခါတရံ ပါဝင္ေသာ ဓာတုပစၥည္းမ်ား၏ ဆိုးက်ိဳး ေၾကာင့္ ေသြးသား ေဖာက္ျပန္ေသာ ေရာဂါမ်ားပင္ ျဖစ္လာတက္သည္။ အဆီတိုး၊ အသားတိုး ေရာဂါမ်ား၏ ေနာက္ဆက္တြဲမွာ ကင္ဆာေရာဂါ အထိ ျဖစ္ပြားေစႏိုင္သည္ကို သတိျပဳဖို႔ လိုသည္။
အာယုေဗဒေဆးပညာတြင္
၁။ အအိပ္ပ်က္ ၂။ အစားပ်က္
၃။ သည္းေျခပ်က္ ၄။ ေသြးပ်က္ ဟူ၍ ပ်က္(၄)ပ်က္ ရွိသည္။ ေနာက္ဆံုး အပ်က္မွာ (ေသြးပ်က္) ျဖစ္ၿပီး အကုရအခက္ဆံုး ျဖစ္သည္။
တစ္ေန႔တျခား လူဝမလာေစရန္ ေအာက္ပါ အခ်က္မ်ားကို ဆင္ျခင္ဖို႔ လိုပါသည္။
၁။ အစားကို အခ်ိန္မွန္စားပါ။
၂။ သဘာဝ အစားအစာကိုသာ စားေသာက္ပါ။
၃။ အိပ္ခ်ိန္ကို အခ်ိန္မွန္အိပ္ပါ။ (ည ၁၀ နာရီမွ နံနက္ ၅ နာရီအထိ အိပ္လွ်င္ အိပ္ေရးဝပါသည္။
၄။ နံနက္ေစာေစာ လမ္းေလ်ာက္ပါ။ သို႔မဟုတ္
အိမ္အတြင္းမွာပင္ ကိုယ္လက္ လႈပ္ရွား ေလ့က်င့္ခန္းကို နာရီဝက္ အနည္းဆံုး ျပဳလုပ္ေပးပါ။
၅။ အဆီမ်ားေသာ အစာ၊ အခ်ိဳမ်ားေသာ အစာ၊ အငန္မ်ားေသာ အစာမ်ားကို ငယ္စဥ္ကပင္ ေရွာင္ ၾကဥ္ပါ။
၆။ အထိုင္မ်ားျခင္း၊ မ်က္စိအာရံု အသံုးမ်ားျခင္းကို ေရွာင္ၾကဥ္ပါ။
၇။ အေအးခံျခင္း၊ ပန္ကာေလ၊ အဲယားကြန္းလြန္ၾကဴးစြာ ခံ၍ ေနထိုင္ျခင္းေၾကာင့္ ပို၍ ဝလာႏိုင္သျဖင့္ အလြန္ အေအးခံ ေနထိုင္ျခင္းကို ေရွာင္ၾကဥ္ပါ။
အထက္ပါ အခ်က္မ်ားကို သတိထားေနထိုင္ ျပဳမူျခင္းျဖင့္ အသက္ငယ္ငယ္ျဖင့္ တေန႔တျခား ဝလာ ျခင္းကို ေရွာင္ၾကဥ္ႏိုင္မည္ ျဖစ္ေၾကာင္း ေစတနာေကာင္းျဖင့္ ေရးသားတင္ျပလိုက္ပါသည္။
ၾကည္လြင္ျမင့္ (မုျဒာ)
၈.၁၀.၂၀၁၇
မႏၱေလးၿမိဳ႕
(Unicode)

တဖြည်းဖြည်းဝလာတာ ဘာကြောင့်လဲ….

စာရေးသူ၏ သမီးငယ်တစ်ဦးသည် အသက်(၂၆)နှစ်ကျော်တွင် တဖြည်းဖြည်း ဝလာသဖြင့် သူ့ ကိုယ်သူ စိတ်ပျက်နေသည်။ တစ်ခါတရံတွင် ညစာမစားဘဲ နေသည်။ အဆီအဆိမ့်များကို ရှောင်စားသည်။ သံပရာရည်ကို အဆီကျသည်ဆို၍ နေ့စဉ်သောက်သည်။ သို့သော်လည်း ဝမြဲဝလာနေသည်ကို တွေ့ရ သည်။ သူ့တွင် အလုပ်တာဝန် များပြားသဖြင့် Gym (ဂျင်) ကစားချင်သော်လည်း အချိန်မရသဖြင့် မကစား နိုင်ရှာပေ။
အခြားဝလာသူတစ်ဦးမှာ စာရေးသူ၏ တူမ၊ သမီးနှင့်အတူ တစ်အိမ်တည်းနေသူပင် ဖြစ်သည်။ သူ သည်လည်း အသက်(၃၀)နားနီး အပျိုကြီးဖြစ်သည်။ သူကိုယ်တိုင်က ဆရာဝန်မ တစ်ဦးဖြစ်ပြီး ဆေးရုံကြီး တစ်ရုံတွင် တာဝန်ကျနေသည်။ တစ်ဘက်မှလည်း ဆေးပညာ မဟာဘွဲ့ တက််နေသူဖြစ်သည်။ ဆေးရုံ လည်း ဆင်းရ၊ သင်တန်းလည်း တက်ရ၊ ကျောင်းစာလည်း ကျက်ရ… တစ်နေကုန် မအားရ… သည့် ကြား ကပင် တစ်နှစ်အတွင်း ပေါင်(၂၀)ကျော် တိုးပြီးဝလာသည်။ မနှစ်က အကျင်္ ီတွေ မတော်တော့၊ ဗိုက်ပူခါးတုပ် ဖြစ်လာသဖြင့် သူ့ကိုယ်သူ မကျေနပ်ဖြစ်နေသည်။ သူ့မှာလည်း ဆေးရုံဂျူတီ နေ့၊ ည ပြောင်းလဲကျနေသ ဖြင့် အားကစားလုပ်ရန် အချိန်မရှိပေ။
ဝလာသည့် သမီးနှင့် တူမတို့ကို စာရေးသူ လေ့လာကြည့်သောအခါ… သူတို့နှစ်ဦးလုံးသည် အလုပ် တာဝန် များကြသည်မှာ မှန်သော်လည်း… ည ပြန်ရောက်လာသည်နှင့် စာဖတ်စရာရှိလျှင် ဖတ်… ပြီးတာနှင့် ဖုန်းကိုယ်စီနှင့် ဖုန်းပွတ်နေကြသည်ကို တွေ့ရသည်။ တစ်ခါတရံ ည(၁၂)နာရီ ကျော်သည်အထိ မီးမှောင်ချ ထားသော်လည်း သူတို့ ဖုန်းအလင်းရောင်းများကို မြင်နေရသည်။
ထိုသို့ ည(၁၂)နာရီကျော်အထိ ဖုန်းပွတ်နေသော သမီးများသည် မနက်တွင်လည်း စောစော မထ နိုင်ကြ။ စားရေးသူတို့ လူကြီးများက နံနက်စောစောထပြီး ကျုံးနံဘေး လေကောင်းလေသန့် ရသည့် နေရာမှ လမ်းလျောက်ပြီး ပြန်လာချိန်အထိ သူတို့မှာ မထနိုင်ကြသေး။ တစ်ခါတရံ ဆေးရုံဂျူတီ ရှိသဖြင့် နှိုးစက်ပေး ထားပြီး စောစော ထပြေးရသော ရက်များရှိသော်လည်း ပုံမှန်အားဖြင့် နံနက်စောစော မထကြ… မထနိုင်ကြ သည်ကို တွေ့ရသည်။
ဤသည်မှာ ညက… ညဉ့်နက်ခံပြီး ဖုန်းပွတ်ထားကြသည့် အကျိုးပင် ဖြစ်တော့သည်။
အိပ်ရေးပျက်ခြင်း၊ အထူးသဖြင့် ညဉ့် (၁၁)နာရီ ကျော်သည်အထိ မအိပ်ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။ တစ်နေ့… တစ်ရက် အိပ်ရေးပျက်လျှင် ကိစ္စမရှိသော်လည်း… နေ့စဉ်ရက်ဆက် အိပ် ရေး ပျက်လာလျှင် ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။
ကျန်းမာရေး ထိခိုက်သည်ဆိုသဖြင့်… လူမမာ ဖြစ်သွားသည်ဟု ဆိုလိုခြင်း မဟုတ်ပါ။ အိပ်ယာထဲ လဲမှ ကျန်းမာရေး ထိခိုက်သည်ဟု ယူဆလျှင် မှားယွင်းသော ယူဆချက်ဖြစ်ပါသည်။
ကျန်းမာရေးသည် အိမ်နှင့်တူသည်။ အိမ်ကြီးက ဆေးသုတ်ထားပြီး အပြင်ပမ်း အမြင်တွင် လှပနေ သော်လည်း အတွင်းမှ အိမ်တိုင်များ ကြမ်းခင်းများ ဆွေးမြေ့နေလျှင်… အတွင်းလှိုက်ပြီး ပိုးစားနေလျှင် တစ်နေ့တွင် ရုတ်တရက် ပြိုကျသွားနိုင်သည်ကို သတိပြုဖို့ လိုသည်။
“အကောင်းကြီး… မနက်ကပဲ တွေ့လိုက်သေးတယ်။ ညနေကျတော့ လဲကျပြီး ရုတ်တရက် ဆုံး သွားတယ်” ဆိုသူများသည် အပြင်ပမ်း ကောင်းနေသော်လည်း အတွင်းကလီစာ၊ အသည်း၊ နှလုံး၊ အဆုတ်၊ ကျောက်ကပ် စသည့် အရာများတွင် ရောဂါရင့်နေသူများ ဖြစ်သည်။ ရုတ်တရက် ဖြစ်သွားခြင်း မဟုတ်ပါ။ အတွင်းတွင် နှစ်ချီပြီး အဆိုင်အခဲနှင့် တည်နေသော ရောဂါများကြောင့် ဖြစ်သည်။
အစားကြောင့် ဖြစ်သောရောဂါ၊ အအိပ်ကြောင့် ဖြစ်သောရောဂါ ဟူ၍ရှိသည်။ ထို့ကြောင့် ရှေး လူကြီးများက “အအိပ်… အစား မှန်ပါရဲ့လား…” ဟု မေးခြင်း ဖြစ်သည်။
ဝလာသူများသည် အစားကို ဆင်ခြင်ရုံဖြင့် မရ။ အဆီအဆိမ့်များ လျော့စားသည်။ ညစာမစားပဲ နေ သည် ဆိုရုံဖြင့် ပိန်သွားမည် မဟုတ်… ခန္ဓာကိုယ်၏ အတွင်းကိုယ်ခံအားများ ဟန်ချက်ညီဖို့အတွက်၊ ကိုယ် တွင်း ဇီဝနာရီစက် မှန်ကန်စွာ လည်ပတ်ဖို့အတွက် အိပ်ချိန်မှန်၊ အိပ်ရေးဝဖို့လည်း လိုအပ်သေးသည်ကို သတိပြုစေချင်သည်။
အနောက်တိုင်းဆေးပညာ သုတေသီများ၏ တွေ့ရှိချက်… သုတေသန ပြုချက်များတွင် ညအိပ်ယာ ဝင်ချိန် နောက်ကျသူများ အိပ်ရေးမဝသူများသည် အဆီချေဖျက်မှု အားနည်းပြီး ပို၍ ဝလာနိုင်သည်ဟု ဆို သည်။
တိုင်းရင်းဆေးပညာတွင် ဝခြင်းသည် ပထဝီ+အာပေါဓာတ်နှင့် ဆိုင်သည်။ ပထဝီဓာတ် အသား ဓာတ်နှင့် အာပေါ အရည်ဓာတ်၊ အရသာအားဖြင့် အဆိမ့်နှင့် အချိုဓာတ် အစားများလျှင် ဝလာနိုင်သည်။ စားရုံမျှဖြင့် ဝလာနိုင်သည် မဟုတ်ချေ။ စားပြီး ခန္ဓာကိုယ်တွင်း ရောက်လာသော အဆိမ့်၊ အချိုဓာတ်များကို လိုအပ်သမျှ ယူပြီး ပိုသည့်အခါ ချေဖျက်ပစ်နိုင်ဖို့ လိုသည်။
အိပ်ရေးပျက်သူများသည် အပိုဓာတ်များကို ချေဖျက်သည့် ညအချိန်တွင် မအိပ်သဖြင့် ခန္ဓာကိုယ်က မချေဖျက်နိုင်ပေ။ ထိုအခါ ပိုလျံသော အဆိမ့် အချိုဓာတ်များ (ဝစေသော ဓာတ်များ) ခန္ဓာကိုယ်တွင် စုပုံလာ တော့သည်။
အအိပ်ပျက်… အစားပျက်ပြီး ပိန်းချုံးသွားတာပဲ ဟူသော သူများသည် စိတ်ဓာတ်ပါ ကျသော ကြောင့် ပိန်ရခြင်း ဖြစ်သည်။ စိတ်ကျလျှင် လူပိန်ခြင်း၊ အစာမစားလိုခြင်း အစာမတောင့်တခြင်း ရောဂါများ ဝင်လာနိုင်သည်။
အအိပ်ပျက်သော်လည်း အစားမပျက်… စိတ်ကလည်း မိမိလုပ်ချင်ရာ လုပ်ရ၍ ပျော်နေသူများမှာ မပိန်သည့်အပြင် တစ်နေ့တခြား တိုး၍ဝလာသည်ကို တွေ့ရပေသည်။
အိပ်ရေးပျက်ခြင်း၏ အပြစ်များ
၁။ အစာမကြေခြင်း။
၂။ အဆီတိုးခြင်း။
၃။ ဝမ်းမမှန်ခြင်း၊ ဝမ်းချုပ်ခြင်း။
၄။ လေချုပ်ခြင်း။
၅။ စိတ်မကြည်ခြင်း။
၆။ အာရုံကြောများ နိုးကြားမှု မရှိခြင်း။
၇။ ခန္ဓာကိုယ် လေးလံထိုင်းမှိုင်းခြင်း။
၈။ မျက်စိအမြင် ဝေဝါးခြင်း။
၉။ မှတ်ဉာဏ်ချို့ယွင်းခြင်း။
၁၀။ ဝမ်းဗိုက်တွင် လေပွ၍ ဝလာခြင်း။
အိပ်ရေးပျက်၍ ဝလာသူများသည် ဝမ်းဗိုက် စူလာသဖြင့် အဆီဝမဟုတ်ပဲ “လေဝ”ဝသည် ဟု တိုင်းရင်းဆရာများက ဆိုကြသည်။
လေ၏ သဘောကြောင့် လူဝသော်လည်း အဆစ်အဆစ်များတွင် လေခိုသဖြင့် အဆစ်အမျက်များ နာသော ရောဂါများ ဖြစ်နိုင်သည်။ တိုင်းရင်းဆေးဖြင့် ကုသသော ရောဂါများတွင် (ဆစ်၊ ဆက်၊ ချောင်၊ မြည်) လေရောဂါ ဟူ၍ ရှိသည်။ ထိုလေရောဂါ ရှိသူများသည် လူက တဖြည်းဖြည်း ဝလာပြီး… ဒူးမခိုင်၊ ခြေ မခိုင် ဖြစ်တက်သည်။ လှေကား အဆင်းအတက် ပြုလုပ်လျှင် အဆစ်အဆက်များမှ အသံမြည်သည်။ လူခြေ တိတ်ချိန်တွင် လှေကား အဆင်းအတက် လုပ်လျှင် အဆစ်များမှ အသံမြည်သည်ကို ပို၍ကြားရနိုင်သည်။
“စောစောအိပ်ထ… ပြုကျင့်က
တွင်းပ ကိုယ်ခန္ဓာ…
ရောဂါခပ်သိမ်း… ရှောင်ခွာတိမ်း
ကင်းငြိမ်းလွန်ချမ်းသာ…”
အထက်ပါ ဒွေးချိုး လင်္ကာလေးသည် ကျန်းမာသူများ လိုက်နာကျင့်သုံးသည့် နည်းလမ်းကို ရေး ထားခြင်း ဖြစ်သည်။ ထိုလင်္ကာကို ပြောင်းပြန်လှန်မည် ဆိုပါက…
“နောက်ကျ အိပ်ထ ပြုကျင့်က
တွင်းပ ကိုယ်ခန္ဓာ…
ရောဂါမှန်သမျှ… ဝင်ရောက်ကြ
ဒုက္ခတွေ့မည်သာ…”
စာရေးသူတို့ နေထိုင်ရာ မန္တလေးမြို့တွင် နံနက်စောစော ထပြီး ကျုံးနံဘေးတွင် လမ်းလျောက်သူ များဖြင့် စည်ကားလျက် ရှိသည်။ ထိုသူများတွင် ဝန်ထမ်းများလည်း ပါသည်။ ကုန်သည်ပွဲစား၊ စီးပွားရေး လုပ်ငန်းရှင် များလည်းပါသည်။ သို့သော် ထိုအထဲတွင် လူငယ်၊ လူရွယ်၊ ကျောင်းသား အရွယ်များ ပါဝင် သည်ကို သိပ်မတွေ့ရပေ။
အချို့လူငယ်များမှာ လူကြီးများနှင့် အဖော်လိုက်လာသည်ကို ရံဖန်ရံခါ တွေ့ရသော်လည်း ကျန်းမာ ရေးအရ လမ်းလျောက်သည်ကို မတွေ့ရပဲ ကျုံးနောက်ခံဖြင့် လက်ထဲတွင် ပါလာသော ဖုန်းဖြင့် ဆလ်ဖီဆွဲ နေသူ (ကိုယ့်ပုံကိုယ် ပြန်ရိုက်နေသူ)နှင့် အချို့မှာ လမ်းမလျောက်ပဲ ဖုန်းထိုင်ပွတ်နေသူများကို တွေ့ရ သည်မှာ ယနေ့ခေတ်၏ မြင်ကွင်း ဖြစ်နေသည်။
လူငယ်ပီပီ လှချင်သည်။ ဝလာလျှင် မကြိုက်ကြ။ သို့သော် မဝလာအောင် မည်သို့နေထိုင်ရမည်ကို မသိကြပေ။ ဝလာလျှင် အစားအသောက် လျော့စားလိုက်လျှင် ပိန်သွားမည်ဟု ထင်နေကြသည်။
အစားအသောက်များ စားသောက်ပုံကို ကြည့်လျှင်လည်း ယနေ့ခေတ် လူငယ်များသည်… အချို ရည် သောက်သုံးမှု များကြသည်။ ရယ်ဒီမိတ် အစာခေါ် ခေါက်ဆွဲခြောက်၊ ကော်ဖီမစ်၊ အသင့်ဖျော် လက်ဘက်ရည်ထုပ်၊ မုန့်ခြောက်များ၊ အသားတုနှင့် ဝက်အူချောင်း၊ ကြက်အူချောင်း များကို စားသုံးမှု များ သည်ကို တွေ့ရသည်။ ထိုအစာများသည် သဘာဝအစာ မဟုတ်သဖြင့် ခန္ဓာကိုယ်တွင်း အစာချေဖျက်မှု ဇီဝ ဖြစ်စဉ်ကို ပျက်ယွင်းစေပြီး လူကို ဝလာစေသည်။ တစ်ခါတရံ ပါဝင်သော ဓာတုပစ္စည်းများ၏ ဆိုးကျိုး ကြောင့် သွေးသား ဖောက်ပြန်သော ရောဂါများပင် ဖြစ်လာတက်သည်။ အဆီတိုး၊ အသားတိုး ရောဂါများ၏ နောက်ဆက်တွဲမှာ ကင်ဆာရောဂါ အထိ ဖြစ်ပွားစေနိုင်သည်ကို သတိပြုဖို့ လိုသည်။
အာယုဗေဒဆေးပညာတွင်
၁။ အအိပ်ပျက် ၂။ အစားပျက်
၃။ သည်းခြေပျက် ၄။ သွေးပျက် ဟူ၍ ပျက်(၄)ပျက် ရှိသည်။ နောက်ဆုံး အပျက်မှာ (သွေးပျက်) ဖြစ်ပြီး အကုရအခက်ဆုံး ဖြစ်သည်။
တစ်နေ့တခြား လူဝမလာစေရန် အောက်ပါ အချက်များကို ဆင်ခြင်ဖို့ လိုပါသည်။
၁။ အစားကို အချိန်မှန်စားပါ။
၂။ သဘာဝ အစားအစာကိုသာ စားသောက်ပါ။
၃။ အိပ်ချိန်ကို အချိန်မှန်အိပ်ပါ။ (ည ၁၀ နာရီမှ နံနက် ၅ နာရီအထိ အိပ်လျှင် အိပ်ရေးဝပါသည်။
၄။ နံနက်စောစော လမ်းလျောက်ပါ။ သို့မဟုတ်
အိမ်အတွင်းမှာပင် ကိုယ်လက် လှုပ်ရှား လေ့ကျင့်ခန်းကို နာရီဝက် အနည်းဆုံး ပြုလုပ်ပေးပါ။
၅။ အဆီများသော အစာ၊ အချိုများသော အစာ၊ အငန်များသော အစာများကို ငယ်စဉ်ကပင် ရှောင် ကြဉ်ပါ။
၆။ အထိုင်များခြင်း၊ မျက်စိအာရုံ အသုံးများခြင်းကို ရှောင်ကြဉ်ပါ။
၇။ အအေးခံခြင်း၊ ပန်ကာလေ၊ အဲယားကွန်းလွန်ကြူးစွာ ခံ၍ နေထိုင်ခြင်းကြောင့် ပို၍ ဝလာနိုင်သဖြင့် အလွန် အအေးခံ နေထိုင်ခြင်းကို ရှောင်ကြဉ်ပါ။
အထက်ပါ အချက်များကို သတိထားနေထိုင် ပြုမူခြင်းဖြင့် အသက်ငယ်ငယ်ဖြင့် တနေ့တခြား ဝလာ ခြင်းကို ရှောင်ကြဉ်နိုင်မည် ဖြစ်ကြောင်း စေတနာကောင်းဖြင့် ရေးသားတင်ပြလိုက်ပါသည်။

ကြည်လွင်မြင့် (မုဒြာ)

၈.၁၀.၂၀၁၇
မန္တလေးမြို့

LEAVE A REPLY

Please enter your comment!
Please enter your name here