“ဆုေတာင္းျခင္းႏွင့္ အမွ်ေဝျခင္း”

ဒုစရိုက္သမားကလည္း မင္း ငရဲကိုသြားမလားဆိုရင္
ဘယ္သြားမလဲ သူလည္းနတ္ျပည္ေရာက္ခ်င္တာပဲ။
ဒီဘဝမွာေတာ့ အတူတူပဲ
ဒုစရိုက္သမား သုစရိုက္သမား ထားပါေတာ့။တစ္ခါတစ္ေလ
ဒုစရိုက္သမားကေတာင္ ခ်မ္းသာခ်င္ ခ်မ္းသာေနမယ္ေပါ့။
ခ်မ္းသာတယ္ဆိုတာ ပစၥည္းဥစၥာခ်မ္းသာတယ္ေျပာတာ။သို႔ေသာ္
ေသသည္၏ အျခားမဲ့က်ေတာ့ ဒုစရိုက္သမားကလည္း
ေကာင္းတဲ့ဘံုကို သြားခ်င္တယ္။သုစရိုက္သမားကလည္း
ေကာင္းတဲ့ဘံုကို သြားခ်င္တယ္။
အဲ့ဒီက်ေတာ့ ဒုစရိုက္သမားက ေကာင္းတဲ့ဘံုသြားလို႔
မရေတာ့ဘူး။သူ႕မွာအကာအကြယ္မရိွေတာ့ဘူး။
သုစရိုက္သမားက်ေတာ့
ဓမၼစာရီျဖစ္သည့္အတြက္ေၾကာင့္
တရားကေနေစာင့္ေရွာက္လိုက္တာ။
ေကာင္းတဲ့ဘံုေရာက္ေအာင္ သူ႕ကိုေစာင့္ေရွာက္ေပးတယ္။
သို႕ေသာ္ လူေတြကဘာလုပ္ၾကလဲဆိုေတာ့
တစ္စံုတစ္ေရာက္ေသဆံုးသြားလို႔ရိွရင္
ဆုေတာင္းေပးၾကတယ္။အဲ့ဒီဆုေတာင္းေပးျခင္း
ျဖင့္ ထိုပုဂၢိဳလ္ဟာေကာင္းတဲ့ ဘံုဘဝေရာက္သြားတယ္လို႔
ယံုတဲ့သူလည္းရိွတာပဲ။
ျမတ္စြာဘုရားေဟာတဲ့ သုတၱန္တစ္ခု ဂါမဏိသံယုတ္လို႔ေခၚတယ္။
ဂါမ ဂါမဏိဆိုတာ ရြာသူၾကီး ေခါင္းေဆာင္ဆိုတဲ့အဓိပၸာယ္ရတယ္။
အဲ့ဒီဂါမဏိသံယုတ္ထဲမွာ “အသိဗႏၶကပုတၱ”
သုတ္ဆိုတာ အသိဗႏၶက-ဆိုတာ လူနာမည္ေပါ့။အဲ့ဒီသုတၱန္ထဲမွာ
အစဥ္အလာတစ္ခုကို ဘုရားနဲ႔ေတြ႔ေတာ့ ေလွ်ာက္တယ္။
သူေမးပံုေလးကိုၾကည့္ ေလာကလူေတြဟာ အင္မတန္မွ ဆန္းျပားတယ္။
ေနတုန္းကေတာ့ေနခ်င္သလိုေနတယ္ ေသျပီဆိုရင္သူ႕ရဲ႕
မိတ္ေဆြသဂၤဟေတြကေရာ ဝိုင္ျပီးေတာ့ဆုေတာင္းေပးၾကတယ္။
ဘယ္ကိုဆုေတာင္းေပးၾကလဲဆိုေတာ့ ေကာင္းရာဘံုကိုေရာက္ပါေစ။
အခုေခတ္ေရာ ဆုမေတာင္းၾကဘူးလား?
ဒါေပမယ့္ ဒီလူကဘာေတြလုပ္ထားလဲ သိခ်င္မွသိမွာ။
ေကာင္းရာသုဂတိေရာက္ပါေစဆိုျပီး
ဆုေတာင္းၾကတယ္အစဥ္အလာၾကီး
ျဖစ္လို႔။
ဗုဒၶဘာသာေတြမွာေတာ့ ဒီလိုနဲ႔မေရာက္နိုင္ဘူးဆိုတာ
အသိေလးရိွလာသည့္အတြက္ေၾကာင့္
သိပ္အေလးအနက္အထားဘူး။
တစ္ခ်ဳိ႕ပုဂၢိဳလ္ေတြက်ေတာ့
အလြန္အေလးအနက္ထားတာေတြ႔ရတယ္။
ျမတ္စြာဘုရား လက္ထက္တုန္းက အိႏၵိယနိဳင္ငံ
အေနာက္တိုင္းမွာ
ရိွတယ္ ပုဏၰားေတြ ျဗဟၼာဏလူမ်ဳိးေတြက
တစ္ေန႔ကို သံုးၾကိမ္ေရခ်ဳိးတယ္ ေရခ်ဳိးတာ
ဘာလဲဆိုေတာ့ သူလုပ္ထားတဲ့
အကုသိုလ္ေတြကို ေရနဲ႔ေဆးပစ္တယ္။
သူ႕အေတြးကေတာ့
ေျခေထာက္ျဖစ္ျဖစ္ အညစ္အေၾကးေပရင္
ေရေဆးရင္ ေျပာင္တယ္မို႔လား။
ေအးအဲ့ဒါလိုပဲ မေကာင္းတဲ့အကုသိုလ္ဟာလည္း
ေရေဆးရတယ္လို႔ ယူဆတာ။
အဲ့ဒီလို ေတြးတာေတြက ရိွေသးတယ္ေနာ္။
ဥပမာ မနက္အကုသိုလ္လုပ္ရင္
ေန႔လည္ေရခ်ဳိးရင္ေျပာင္သြားတယ္။
အဲ့ဒီလို သံုးၾကိမ္ေရခ်ဳိးတယ္။
အဲ့ဒါဆိုရင္ ေရထဲကငါးေတြ ဘယ္အကုသိုလ္ရိွပါ့မလဲ။
အျမဲေရခ်ဳိးေနတာ
အဲ့ဒါကိုေတာ့ သူထည့္မစဥ္းစားဘူးေလ။အဲ့ဒီလိုအယူအဆ
စြဲစြဲလမ္းလမ္းရိွတဲ့သူေတြ ကိုယ္ကိုယ္တိုင္လည္း
အကုသိုလ္ကို ခဏခဏ
ေရထဲကို ေမ်ာတယ္။ေမ်ာျပီးလို႔ လူတစ္ေယာက္ ကြယ္လြန္
အနိစၥေရာက္လို႔ အသုဘပို႔တဲ့အခါမွာ ဝိုင္းျပီးေတာ့
ဆုေတာင္းေပးၾကတယ္။ေသသည္၏အျခားမဲ့၌
ေကာင္းရာသုဂတိေရာက္ပါေစ
ဆိုျပီးေတာ့။ဆုေတာင္းေပးရင္လည္း တကယ္ပဲေရာက္တယ္လို႔
သူတို႔မွာယံုၾကည္ၾကတယ္။
၁၉၉၇ ခုႏွစ္က ဘုန္းၾကီးတို႔ ဂ်ပန္နိဳင္ငံကို အေမရိကန္က
အျပန္ခဏဝင္တယ္။ကိုယာစံ (Koyasan)ဆိုတဲ့ေတာင္ေပၚျမိဳ႕ရိွတယ္။
အဲ့ဒီေတာင္ေပၚျမိဳ႕မွာ ဘုန္းၾကီးေက်ာင္းေတြၾကီးပဲ။
မဟာယာန ဂ်ပန္ဘုန္းၾကီးေက်ာင္းေတြ။
ဘုန္းၾကီးေက်ာင္းေတြရဲ႕ အဓိကလုပ္ငန္းက
ဘာလဲဆိုရင္ သခၤ်ဳိင္းေတြကို ထိန္းသိမ္းေစာင့္ေရွာက္ျပီးေတာ့
ေသတဲ့သူေတြကို ဆုေတာင္ေပးရတာ ဒါအဓိကအလုပ္ျဖစ္ပံုရတယ္။
ေသတဲ့သူေတြ လူေတြကလည္း ေသျပီဆိုရင္
ပိုဂရုစိုက္တယ္ထင္ပါရဲ႕။ရွင္တုန္းကေတာ့
တည့္ခ်င္မွာတည့္မွာ။ရွင္တုန္းကေတာ့ မေခၚနိဳင္
မေျပာနိဳင္ အဲ့လိုေနၾကတာ။ေသျပီဆိုတဲ့အခါက်မွ ပိုျပီးေတာ့
အေလးအနက္ထားၾကတယ္။
အဲ့ဒီ ကိုယာစံ(Koyasan) မွာ သခၤ်ဳိင္းၾကီးက အၾကီးၾကီးပဲ။
ၾကည့္လိုကို မဆံုးနိဳင္ဘူး။အင္မတန္ က်ယ္လည္းက်ယ္တယ္။
အဲ့ဒီမွာ ဘာထူးထူးဆန္းဆန္းေတြ ေတြ႔တုန္းဆိုရင္ ကုမၸဏီေတြကလည္း
သူ႕ကုမၸဏီနဲ႔သူ သခၤ်ဳိင္းလုပ္ထားတာ ရိွတယ္။
အဲ့ဒီမွာ နံပါတ္ကေလးေတြ ဝယ္ထားရတာ ေသသြားရင္ အဲ့ဒီနားမွာ
ဓာတ္ပံုေလးေတြ ခ်ိတ္ျပီးေတာ့ ကိုယ့္ေနရာေလးကိုယ္။
မေသခင္ကတည္းက နံပါတ္ယူထားျပီးသား။ဆိုနီ (Sony ) ဆို႔
(Canon)တို႔ဆိုတဲ့ကုမၸဏီေတြ သူတို႔သခၤ်ဳိင္းေတြ ေတြ႔တယ္။ဒီျပင္ကုမၸဏီေတြ
လည္းရိွတယ္။ထူးဆန္းတာကေတာ့ ဗမာျပည္ စစ္အတြင္းက
က်သြားတဲ့ ဂ်ပန္ေတြအတြက္ ဗမာေစတီပံုစံကေလးတည္ထားတာ
ရိွတယ္။အဲ့ဒီ ပုဂၢိဳလ္ေတြအတြက္ ဆုေတာင္းဖို႔ဆိုျပီးေတာ့
ေစတီတည္ထားတာရိွတယ္ သခၤ်ဳိင္းထဲမွာ။
ေသျပီဆိုတဲ့အခါက်ေတာ့မွ
အေလးအနက္ထားျပီးေတာ့ လုပ္ၾကတယ္
ေတာ္ေတာ္မ်ားမ်ား။လြဲမွားေနတာကို ေျပာတာ။ေသျပီဆိုတဲ့
အခါအဓိက ထားၾကတယ္။မေလးရွားသြားတုန္းက
တစ္ခါ သံုးထပ္တိုက္ၾကီးေတြ႔တယ္။
အဲ့ဒီနားမွာ မီးသဂၤ်ဳိစက္ၾကီးကလည္း ရိွတယ္။
ေဘးနားက တည္းေက်ာင္းကေလးမွာ
ဘုန္းၾကီးတို႔ ႏွစ္ညသံုးည အိပ္တယ္။
သံုးထပ္တိုက္ၾကီးက ဘာေတြတုန္းလို႔ တက္ၾကည့္တဲ့အခါ
အရိုးျပာေတြ ထည့္ထားတာ။သံုးထပ္တိုက္
အေပၚဆံုးအထပ္ဆိုရင္ ပိုက္ဆံ ပိုေပးရတယ္။
ဘာလို႔လဲဆိုေတာ့ အဆင္ျမင့္လို႔။
မေသခင္ကတည္းက အဲ့ဒီအရိုးျပာ အိုးနံပါတ္ေတြ
မေသခင္ကတည္းက ယူထားၾကတာ။ေသမွေတာ့
အဆင့္အတန္းခြဲေနလို႔
မရေတာ့ဘူး။ျပာဟာ ျပာပဲ။အထက္ကေန
ရတယ္ ေအာက္ကေနရတယ္နဲ႔။
အဲ့ဒီထိေအာင္ အထက္ကေနခ်င္ေသးတာ။အဲ့ဒီမွာ
ေတြ႔ခဲ့တယ္။
အဲ့ဒီ ကိုယာစံ(Koyasan) မဟာယာန ဘုန္းၾကီးေက်ာင္းတစ္ေက်ာင္း
ဘုန္းၾကီးနဲ႔ သီတဂူဆရာေတာ္ၾကီးနဲ႔ အ့ဲဒီမွာ တည္းၾကတယ္။
သီတဂူဆရာေတာ္ၾကီးနဲ႔သြားရတာ။
သီတဂူဆရာေတာ္ၾကီးလည္း ဂ်ပန္ေရာက္ေနတာ။
ဘုန္းၾကီးနဲ႔ေတြ႕ေတာ့ လွမ္းေခၚျပီး သူနဲ႔အတူ
သြားတာ။အဲ့ဒီ ကိုယာစံေက်ာင္းမွာ ဘုန္းၾကီးတို႔ ႏွစ္ပါးက တစ္ခန္းထဲ
ဂ်ပန္မွာဆိုေတာ့ ကုတင္နဲ႔ဘာနဲ႔မဟုတ္ဘူး ၾကမ္းေပၚမွာပဲ။
ေမြ႔ရာၾကီးခင္းေပးျပီးေတာ့ အဲ့ဒီမွာပဲ ႏွစ္ပါးအိပ္ၾကရတယ္။
ဆြမ္းကပ္ေတာ့လည္း အဲ့ဒီမွာပဲ လာကပ္ၾကတယ္။
ဂ်ပန္ကိုရင္ၾကီးေတြ
လာကပ္ၾကတယ္။အဲ့ဒီမွာ သူတို႔ ဟိုဟိုဒီဒီ
ၾကည့္စရာေတြ လိုက္ပို႔ ဂ်ပန္ဘုန္းၾကီးတစ္ပါးနဲ႔။
သူတို႔က ခဏခဏ
ဘာသာေရးသကၤန္းအဝတ္ကေလးကို
အေပၚကပတ္ပတ္ျပီးေတာ့ ဗံုကေလး
ေခါက္ေခါက္ျပီးေတာ့ ရြတ္ဖတ္ေနတာ။
ခဏခဏေတြရတယ္။
အဲ့ဒါဘာလုပ္တာလဲဆိုေတာ့ ေသတဲ့သူေတြကို
ဆုေတာင္းေပးတာတဲ့။
ေကာင္းရာ သုဂတိေရာက္ဖို႔ ဆုေတာင္းေပးတာတဲ့။
ေသသြားတဲ့သူကို ခဏခဏဆုေတာင္းေပးတယ္။
ဆုေတာင္းျပီဆိုရင္ေတာ့ လက္ေတြ႕
အက်ဳိးရိွတာကေတာ့ အဲ့ဒီဘုန္းၾကီးေတြ
အက်ဳိးရိွတာ။ဆုေတာင္းေပးရင္ ပိုက္ဆံ ရတယ္။
ဟိုေသတဲ့သူေတာ့ ရမရ
မသိဘူး။အဲ့ဒါနဲ႔ ဘုန္းၾကီးက ေမးၾကည့္တယ္
ဂ်ပန္ဘုန္ၾကီးတစ္ပါးကို ဆုေတာင္းတာ
ဘာအတြက္ေတာင္းတာတုန္းဆိုေတာ့
ေသသြားတဲ့သူရဲ႕ ဝိညာဏ္ေပါ့ Spirit ေပါ့။
ေသသြားတဲ့ သူရဲ႕ဝိညာဏ္ေလးရိွတယ္တဲ့။အဲ့ဒီ ဝိညာဏ္ကေလး
ေကာင္းရာသုဂတိေရာက္ပါေစ မွန္မွန္ကန္ကန္ ဘဝလမ္းေၾကာင္း
ေျဖာင့္တမ္းေအာင္လို႔တဲ့ သုဂတိေရာက္ဖို႔အတြက္
သူကဆုေတာင္းေပးတာပါတဲ့။
သူတို႔ရဲ႕ယံုၾကည္ခ်က္ေနာ္ ဒီေန႔ထိ ယံုယံုၾကည္ၾကည္ လုပ္တာ။
လူသန္းေပါင္းမ်ားစြာေနာ္ ဂ်ပန္မွာဆိုရင္။အဲ့ဒီေတာ့ သန္း(၈၀)ေက်ာ္
သန္း(၁၀၀)ေလာက္ ရိွတယ္ ဂ်ပန္မွာ။
အဲ့ဒီေလာက္ လူေတြအားလံုးဟာ ယံုၾကည္တယ္
။တျခားနိဳင္ငံေတြမွာလည္းပဲ
ဒီလိုယံုၾကည္တာေတြ အမ်ားၾကီးပဲ။ဒီလိုပဲ ဆုေတာင္းၾကတာ။
ဘုန္းၾကီးက အဲ့ဒါနဲ႔ ေမးၾကည့္တယ္။ေနပါဦး အဲ့လိုဆုေတာင္းျပီးေတာ့
ရြတ္ဖတ္သရဇ်ာယ္တဲ့အခါက်ေတာ့ Spirit ဝိညာဏ္ကေလးေတြ ဘယ္ႏွစ္ခုမ်ားေကာင္းစားသြားလဲ ဆိုေတာ့ သူက စဥ္းစားျပီးေတာ့
အဲ့ဒါေတာ့ မသိဘူးတဲ့။ထံုးစံအတိုင္းပဲ ဆုေတာင္းေပးတာ။
ဆုေတာင္းေပးသည့္အတြက္ေၾကာင့္ ဆုေတာင္းခေတာ့ ရတာပဲ။
လုပ္ေနၾကတာကို ေျပာျပတာပါ။
ခုနတုန္းက ျမတ္စြာဘုရားလက္ထက္တုန္းက
တစ္ေန႔ကို သံုးခါေရခ်ဳိးျပီး အကုသိုလ္ေတြကိုေမ်ာျပီးေနတဲ့
ပုဏၰားေတြကလည္း ေသသြားတဲ့သူေတြကို
ဆုေတာင္းတဲ့အလုပ္ေတြ လုပ္တယ္တဲ့။
ျမတ္စြာဘုရားကို အသိဘ႑ကဆိုတဲ့ ဂါမဏိက
“အရွင္ဘုရားတဲ့ အဲ့ဒီပုဏၰားေတြက လူတစ္ေယာက္ေသသြားရင္
ေကာင္းရာသုဂတိေရာက္ေအာင္ဆုေတာင္းေပးၾကတယ္။ဆုေတာင္းေပးရင္ ေရာက္သြားတယ္လို႔ေျပာတာပဲတဲ့။နတ္ျပည္ပို႔ေပးတယ္လို႔ ေျပာတာပဲတဲ့။
အရွင္ဘုရားေရာ ေလာကကလူေတြအကုန္လံုး အဲ့ဒီလို နတ္ျပည္ပို႔နိဳင္လား
အရွင္ဘုရားက အရဟံ သမၼာသမၺဳေဒၶါ ဘုရားပဲ” ေမးတယ္။
ဘုရားေျဖပံုေလးစဥ္းစားၾကည့္ ျမတ္စြာဘုရား
တကယ္ Reasonable ျဖစ္တာ။
ျမတ္စြာဘုရားက မင္းေမးတဲ့ ေမးခြန္းကို မင္းကိုပဲျပန္
ေမးပါရေစ။လူတစ္ေယာက္ဟာ ပါဏာတိပါတ
ေတြ အဓမၼေတြက်င့္သံုးတဲ့
အဓမၼစာရီတစ္ေယာက္ ကိုလူေတြက ဝိုင္းျပီးဆုေတာင္းၾကတာ
ဘာနဲ႔တူလဲဆိုရင္ ေက်ာက္တုံးၾကီးတစ္တံုးကို ေရထဲခ်
ခ်ျပီးတဲ့အခါ ျမစ္ကမ္းနားထိုင္ျပီးေတာ့ ရိွသမွ်ေတြအကုန္ဝိုင္းျပီးေတာ့
ဤေက်ာက္တံုးၾကီးေပၚလာခဲ့ပါ လို႔ဆုေတာင္းရင္ ေက်ာက္တံုးၾကီးေပၚလာသလားတဲ့?။ မေပၚလာဘူးတဲ့။ဘယ္လိုပင္ ဆုေတာင္းေတာင္း
အဲ့ဒီေက်ာက္တံုးၾကီးဟာ ေရေပၚလည္းေပၚမလာနိင္ဘူး
ကုန္းေပၚလည္း ျပန္တက္မလာနိဳင္ဘူး။
အဲ့ဒါလိုပဲ အဓမၼကိုက်င့္သံုးတဲ့ အဓမၼစာရီ
သမားေတြကို ေသသြားတဲ့အခါ ေကာင္းရာသုဂတိေရာက္ပါေစ
ဘယ္ေလာက္ေျပာေနေန ဟိုက ငရဲေရာက္ျပီး ခံစားေနရျပီတဲ့။
ဘယ္လိုမွ ျပန္လာနိဳင္မွာမဟုတ္ဘူးတဲ့။အဲ့ဒီက်မွ ဆုေတာင္းေနရင္
ေနာက္က်သြားျပီတဲ့။
သို႔ေသာ္သူတို႔ရဲ႕ယံုၾကည္ခ်က္က တိဘက္ဗုဒၶဘာသာေတြရဲ႕
ယံုၾကည္ခ်က္က ဘာလဲဆိုရင္ လူတစ္ေယာက္ကေသလို႔ရိွရင္ (၄၉)ရက္
Spirit ဝိဉာဏ္ေလးက ရိွေနတယ္။
ဗမာေတြကလည္း (၇)ရက္ဆိုျပီး လုပ္ၾကတာေလ
။ျမတ္စြာဘုရားရဲ႕ အဘိဓမၼာတရားေတာ္အရ
အနႏၲရပစၥေယာဆိုတဲ့အတိုင္း အခုေသ အခုဘဝျဖစ္ပဲ။
အဲ့ဒီက်မွသြားျပီးေျပာေနလို႔ မရေတာ့ဘူးေနာက္က်ေနျပီ။မေသခ်င္က
သူကသူသြားမယ့္ေနရာကို လုပ္ျပီးေနျပီ။မေသခင္ကတည္းက
အာရံုနိမိတ္ေတြထင္တယ္ဆိုတာ Register လုပ္တာပဲ။
မေသခင္မွာ လူေတြမွာ ေသခါနီးစဲစဲမွာ ကံ၊ ကမၼနိမိတ္၊
ဂတိနိမိတ္ဆိုတာေတြက
လာျပီးေတာ့ အရိပ္ခ်ဳိးသလို လာေပၚေနတယ္။
ေသသြားတဲ့အခါမွာ အဲ့ဒီအရိပ္ခ်ဳိးထားတဲ့အတိုင္း သြားျဖစ္တာပဲ။
ေအးဘဝတစ္ခု သြားတယ္ဆိုတာ
ဘာမွအတားအစီးရိွတာမဟုတ္ဘူး။
ဘုန္းၾကီးတို႔တေတြ အသံလြင့္တာကိုပဲ သြားၾကည့္ၾကေပါ့။
ဆိုပါစို႔ ရန္ကုန္ကလူက အသံလြင့္တယ္
မႏၲေလးကလူကဖမ္းတယ္ ခ်က္ခ်င္းမၾကားရဘူးလား။
ဘဝကူးတယ္ဆိုတာ အဲ့ဒီအသံျဖတ္သြား
သလိုပဲ ဒီကေန သြားေနရတာမဟုတ္ဘူး။
ခ်က္ခ်င္းၾကီးေရာက္သြားတာ။ျဖစ္ေလရာဘဝမွာ
ခ်က္ခ်င္းၾကီးျဖစ္သြားတာ။အဲ့ဒီလို ျဖစ္ျပီးတဲ့
ေနာက္မွာ သြားျပီးေတာ့ ဆုေတာင္းေနေတာ့ေရာ
ဘာရမွာလဲ။မရနိဳင္ဘူး။အဲ့ဒီေတာ့
သူ႔ကိုကာကြယ္ေစာင့္ေရွာက္နိဳင္တာက ဓမၼပဲ။
ဓမၼကိုက်င့္သံုးရင္ေတာ့ ေကာင္းရာသုဂတိဘံုေရာက္မွာပဲ
ဆုေတာင္းသည္ျဖစ္ေစ မေတာင္းသည္ျဖစ္ေစ။
ဒါေၾကာင့္ အကုသိုလ္ေတြ
လုပ္ျပီးအပါယ္က်တဲ့သူကို ဆုေတာင္းတာေတာ့
ေက်ာက္တံုးကို ေရေပၚေပၚပါေစ ဆုေတာင္းသလိုပဲ”လို႔
ဘုရားကေျပာတာ။
အဲ့ဒီေတာ့ ဘုရားေဟာတာ ရွင္းရွင္းေလးပဲ။
ေနာက္တစ္ခုဘုရားရွင္က ရွင္းျပတယ္
“လူတစ္ေယာက္ဟာ ဓမၼကိုက်င့္သံုးလို႔
ေကာင္းရာဘံုဘဝေရာက္သြားျပီဆိုတဲ့ အခ်ိန္မွာ
လူေတြက သူ႕ကိုမုန္းတီးၾကလို႔ ဒီလူေတာ့ ငရဲက်ပါေစ
ၾကိမ္ၾကမယ္ ဝိုင္းျပီးေတာ့။အဲ့ဒီလို ၾကိမ္ဆဲတာ
ဘာနဲ႔ဥပမာတူသလဲဆိုရင္
ေထာပတ္အိုးၾကီး ဆီအိုးၾကီးကို ေရထဲမွာျမဳႇပ္ျပီးခြဲလိုက္ အဲ့ဒီအခါမွာ
ေထာပတ္ေတြ ဆီေတြ ေရေပၚတက္မလာဘူးလား။
တက္လာတဲ့အခါက်ေတာ့ လူေတြကဝိုင္းျပီးေတာ့
“အို ေထာပတ္ အို ဆီ ေရေအာက္ျမႇဳပ္ပါ။မေပၚတက္မလာပါ” နဲ႔
ဝိုင္းဆုေတာင္းရင္
အဲ့ဒီေထာပတ္နဲ႔ဆီက ေရေအာက္ျမႇဳပ္သြားရဲ႕လားတဲ့။
မျမႇဳပ္ဘူးတဲ့။ျမတ္စြာဘုရားရဲ႕
ေဟာလိုရင္းက ဓမၼကိုက်င့္သံုးရင္ ေကာင္းရာ
သုဂတိဘံုကို ဒီဓမၼကအကာအကြယ္ေပးျပီးေတာ့
ေရာက္သြားလိမ့္မယ္။
မေကာင္းတာကို က်င့္သံုးရင္ မေကာင္းတဲ့အေလွ်ာက္
အဲ့ဒီပုဂၢိဳလ္က မေကာင္းတဲ့ဘံုကို ေရာက္သြားမယ္
အဲ့ဒီလိုေဟာတာ။ခုနက
ေက်ာ္တံုးၾကီးေရထဲခ်ထားတာကို
ဆုေတာင္းယံုနဲ႔
အေပၚကိုေရာက္မလာသလို ဒုစရိုက္သမားတစ္ေယာက္
ဟာလဲပဲ ဘဝသံသရာမွာ ဆံုးဆံုးျမႇဳပ္ျပီးေတာ့ အပါယ္ငရဲက်သြားတဲ့
ပုဂၢိဳလ္ကို ဒီကေန ေကာင္းရာသုဂတိေရာက္ပါေစလို႔
ဘယ္ေလာက္ဆုေတာင္းေပးေပး ေရာက္နိဳင္ပါ့မလား?
ဒါျဖင့္ တပည့္ေတာ္တို႔ ျမန္မာလူမ်ဳိးေတြက ဗုဒၶဘာသာေတြဟာ
ေသသြားတဲ့သူကို ရည္စူးျပီးေတာ့ ကုသိုလ္လုပ္ၾကတာ ၾကေတာ့ေရာ။
ဘယ္လိုလဲ ေမးစရာရိွလာတယ္။ဒီေမးခြန္းက ေမးကိုေမးရမယ့္ေမးခြန္း။
အဲ့ဒါက်ေတာ့ေရာ သူ႕အတြက္အက်ဳိးရိွလား။
ဒီေမးခြန္းလည္း ျမတ္စြာဘုရားကို ေမးခဲ့ဖူးတာပဲ။“ ဇာဏုေႆာဏိ”
ဆိုတဲ့ ဘုရင့္ရဲ႕ပုေရာဟိတ္ ပုဏၰားၾကီးတစ္ေယာက္က ေမးခဲ့ဖူးတယ္။
အရွင္ဘုရားတဲ့ တပည့္ေတာ္တို႔ ေသတဲ့သူေတြကို ရည္စူးျပီး
ကုသိုလ္ေကာင္းမႈျပဳတယ္ အမွ်အတန္းေပးေဝးၾကတယ္။အဲ့ဒီလို
အမွ်ေပးေဝလို႔ရိွရင္ ေသတဲ့သူအတြက္ အက်ဳိးရိွသလား?ဒီလိုေမးတာ။
ခုနတုန္းက “လူေတြအကုန္လံုး နတ္ျပည္ပို႔ေပးနိဳင္လား”ဆိုေတာ့
ဘုရားက မလုပ္နိဳင္ဘူး ဓမၼကသာ မေကာင္းတဲ့ဓမၼကိုက်င့္သံုးရင္
မေကာင္းတဲ့ဘံုကို ေရာက္မွာပဲ။ေကာင္းတဲ့ဓမၼက်င္သံုးရင္
ေကာင္းတဲ့ဘံုေရာက္မွာပဲ။ဓမၼကသာ အဆံုးအျဖတ္ေပးတယ္။
ငါက အဆံုးအျဖတ္မေပးနိဳင္ဘူး။ဆိုလိုတာက ျမတ္စြာဘုရားက
ဓမၼကိုအားကိုးခိုင္းတာ။အဲ့ဒီေတာ့ ဘုရားက ဓမၼကိုအားကိုးခိုင္းတာဆိုေတာ့
“အတၳာဟိ အတၱေနာ နာေထာ” နဲ႔ေရာ မကိုက္ဘူးလား။
ေအးကိုယ္လုပ္ရမွာ။ဒါကေလာက
သဘာဝနဲ႔အတူတူပဲေလ။
ေရာဂါရိွလို႔
ဆရာဝန္ကေဆးေပးတယ္ ကိုယ္မေသာက္ဘူးဆိုရင္
ေရာဂါကေပ်ာက္မလား?ကိုယ္ေသာက္မွ
ကိုယ္ေပ်ာက္မွာ ဒါက သဘာဝပဲ။
အဲ့ဒီေတာ့ ျမတ္စြာဘုရားေဟာတဲ့တရားဟာ သဘာဝဆိုတာ
သိပ္ထင္ရွားတယ္ေပါ့။အဲ့ဒီလိုျမတ္စြာဘုရားကေျဖတယ္။အခု
အမွ်အတန္းေပးေဝတဲ့ကိစၥေတြနဲ႔ ပတ္သက္ျပီးေတာ့ ျမတ္စြာဘုရားကို
အရွင္ဘုရား အမွ်အတန္းေပးေဝတဲ့အခါ
သြားေလသူအတြက္အက်ဳိးရိွပါသလားဆိုေတာ့
ျမတ္စြာဘုရားက“ ေအးအက်ဳိးရိွနိဳင္တဲ့
ေနရာေရာက္ရင္ေတာ့ အက်ဳိးရိွတယ္။
အက်ဳိးရိွတဲ့ေနရာမွာ မဟုတ္ဘူးဆိုရင္ေတာ့
အက်ဳိးမရိွဘူးတဲ့” ပုဏၰားက တပည္ေတာ္
နားမလည္ဘူးဘုရားတဲ့ ဘယ္ေနရာေတြက
အက်ဳိးရိွျပီးေတာ့ ဘယ္ေနရာေတြက
အက်ဳိးမရိွတာလဲ ဘုရားဆိုေတာ့ ျမတ္စြာဘုရားက
“ေအး အကုသိုလ္ေတြလုပ္ျပီး
ကံမေကာင္းအေၾကာင္းမလွလို႔ အဓမၼစာရီ
ေတြျဖစ္ေနသည့္အတြက္ေၾကာင့္ ငရဲက်သြားမယ္။
ဒီက ကုသိုလ္လုပ္ျပီးအမွ်အတန္းေပးေဝ
မရဘူး မရနိဳင္ဘူး။ဘာျပဳလို႔လဲဆိုေတာ့
သူကိုယ္တိုင္ လုပ္နိဳင္စြမ္းမရိွလို႔။
ကုသိုလ္ေကာင္းမႈဆိုတာ သူမ်ားကလုပ္ေပးလို႔ရတယ္ဆိုတဲ့
အထဲမွာ ကိုယ္ကေန သေဘာတူညီမႈ ဆိုတာေလးရိွရဦးမွာ။
ဆိုလိုတာက သာဓုေခၚနိဳင္ရမယ္။
သာဓုေခၚတာေလးမွ မရိွဘဲ အေခ်ာင္ရတယ္
အေမြေပးသလိုေပးလို႔ မရဘူး။
အဲ့လိုဆိုေပးၾကမွာေပါ့ သူေဌးေတြ အမ်ားၾကီးရိွတာပဲ။
ပါးစပ္ထဲ ကူးတို႔ခ ဆိုျပီးထည့္ၾကတယ္။ထည့္ခ်င္သေလာက္ထည့္
သူမ်ားေတြပဲ ယူကုန္မွာပဲ။ၾကံၾကံဖန္ဖန္ လုပ္ၾကတာကို ေျပာတာပါ။
(ေက်းဇူးေတာ္ရွင္ပါခ်ဳပ္ဆရာေတာ္ဘုရားၾကီး)
“ဓမၼစာရီႏွင့္အဓမၼစာရီ တရားေတာ္မွ ေကာက္ႏႈတ္ခ်က္”
ဓမၼမိတ္ေဆြမ်ား က်န္းမာခ်မ္းသာၾကပါေစ။
ဤဓမၼဒါနကုသိုလ္ေၾကာင့္ တိုင္းျပည္နဲ႔လူမ်ဳိး သာသနာေတာ္အေပၚ
ေထာက္ပံ့နိဳင္ျပီး နိဗၺာန္၏ အေထာက္အပံ့ျဖစ္ပါေစ။
Credit —
(Unicode)

“ဆုတောင်းခြင်းနှင့် အမျှဝေခြင်း”

ဒုစရိုက်သမားကလည်း မင်း ငရဲကိုသွားမလားဆိုရင်
ဘယ်သွားမလဲ သူလည်းနတ်ပြည်ရောက်ချင်တာပဲ။
ဒီဘဝမှာတော့ အတူတူပဲ
ဒုစရိုက်သမား သုစရိုက်သမား ထားပါတော့။တစ်ခါတစ်လေ
ဒုစရိုက်သမားကတောင် ချမ်းသာချင် ချမ်းသာနေမယ်ပေါ့။
ချမ်းသာတယ်ဆိုတာ ပစ္စည်းဥစ္စာချမ်းသာတယ်ပြောတာ။သို့သော်
သေသည်၏ အခြားမဲ့ကျတော့ ဒုစရိုက်သမားကလည်း
ကောင်းတဲ့ဘုံကို သွားချင်တယ်။သုစရိုက်သမားကလည်း
ကောင်းတဲ့ဘုံကို သွားချင်တယ်။
အဲ့ဒီကျတော့ ဒုစရိုက်သမားက ကောင်းတဲ့ဘုံသွားလို့
မရတော့ဘူး။သူ့မှာအကာအကွယ်မရှိတော့ဘူး။
သုစရိုက်သမားကျတော့
ဓမ္မစာရီဖြစ်သည့်အတွက်ကြောင့်
တရားကနေစောင့်ရှောက်လိုက်တာ။
ကောင်းတဲ့ဘုံရောက်အောင် သူ့ကိုစောင့်ရှောက်ပေးတယ်။
သို့သော် လူတွေကဘာလုပ်ကြလဲဆိုတော့
တစ်စုံတစ်ရောက်သေဆုံးသွားလို့ရှိရင်
ဆုတောင်းပေးကြတယ်။အဲ့ဒီဆုတောင်းပေးခြင်း
ဖြင့် ထိုပုဂ္ဂိုလ်ဟာကောင်းတဲ့ ဘုံဘဝရောက်သွားတယ်လို့
ယုံတဲ့သူလည်းရှိတာပဲ။
မြတ်စွာဘုရားဟောတဲ့ သုတ္တန်တစ်ခု ဂါမဏိသံယုတ်လို့ခေါ်တယ်။
ဂါမ ဂါမဏိဆိုတာ ရွာသူကြီး ခေါင်းဆောင်ဆိုတဲ့အဓိပ္ပာယ်ရတယ်။
အဲ့ဒီဂါမဏိသံယုတ်ထဲမှာ “အသိဗန္ဓကပုတ္တ”
သုတ်ဆိုတာ အသိဗန္ဓက-ဆိုတာ လူနာမည်ပေါ့။အဲ့ဒီသုတ္တန်ထဲမှာ
အစဉ်အလာတစ်ခုကို ဘုရားနဲ့တွေ့တော့ လျှောက်တယ်။
သူမေးပုံလေးကိုကြည့် လောကလူတွေဟာ အင်မတန်မှ ဆန်းပြားတယ်။
နေတုန်းကတော့နေချင်သလိုနေတယ် သေပြီဆိုရင်သူ့ရဲ့
မိတ်ဆွေသင်္ဂဟတွေကရော ဝိုင်ပြီးတော့ဆုတောင်းပေးကြတယ်။
ဘယ်ကိုဆုတောင်းပေးကြလဲဆိုတော့ ကောင်းရာဘုံကိုရောက်ပါစေ။
အခုခေတ်ရော ဆုမတောင်းကြဘူးလား?
ဒါပေမယ့် ဒီလူကဘာတွေလုပ်ထားလဲ သိချင်မှသိမှာ။
ကောင်းရာသုဂတိရောက်ပါစေဆိုပြီး
ဆုတောင်းကြတယ်အစဉ်အလာကြီး
ဖြစ်လို့။
ဗုဒ္ဓဘာသာတွေမှာတော့ ဒီလိုနဲ့မရောက်နိုင်ဘူးဆိုတာ
အသိလေးရှိလာသည့်အတွက်ကြောင့်
သိပ်အလေးအနက်အထားဘူး။
တစ်ချို့ပုဂ္ဂိုလ်တွေကျတော့
အလွန်အလေးအနက်ထားတာတွေ့ရတယ်။
မြတ်စွာဘုရား လက်ထက်တုန်းက အိန္ဒိယနိုင်ငံ
အနောက်တိုင်းမှာ
ရှိတယ် ပုဏ္ဏားတွေ ဗြဟ္မာဏလူမျိုးတွေက
တစ်နေ့ကို သုံးကြိမ်ရေချိုးတယ် ရေချိုးတာ
ဘာလဲဆိုတော့ သူလုပ်ထားတဲ့
အကုသိုလ်တွေကို ရေနဲ့ဆေးပစ်တယ်။
သူ့အတွေးကတော့
ခြေထောက်ဖြစ်ဖြစ် အညစ်အကြေးပေရင်
ရေဆေးရင် ပြောင်တယ်မို့လား။
အေးအဲ့ဒါလိုပဲ မကောင်းတဲ့အကုသိုလ်ဟာလည်း
ရေဆေးရတယ်လို့ ယူဆတာ။
အဲ့ဒီလို တွေးတာတွေက ရှိသေးတယ်နော်။
ဥပမာ မနက်အကုသိုလ်လုပ်ရင်
နေ့လည်ရေချိုးရင်ပြောင်သွားတယ်။
အဲ့ဒီလို သုံးကြိမ်ရေချိုးတယ်။
အဲ့ဒါဆိုရင် ရေထဲကငါးတွေ ဘယ်အကုသိုလ်ရှိပါ့မလဲ။
အမြဲရေချိုးနေတာ
အဲ့ဒါကိုတော့ သူထည့်မစဉ်းစားဘူးလေ။အဲ့ဒီလိုအယူအဆ
စွဲစွဲလမ်းလမ်းရှိတဲ့သူတွေ ကိုယ်ကိုယ်တိုင်လည်း
အကုသိုလ်ကို ခဏခဏ
ရေထဲကို မျောတယ်။မျောပြီးလို့ လူတစ်ယောက် ကွယ်လွန်
အနိစ္စရောက်လို့ အသုဘပို့တဲ့အခါမှာ ဝိုင်းပြီးတော့
ဆုတောင်းပေးကြတယ်။သေသည်၏အခြားမဲ့၌
ကောင်းရာသုဂတိရောက်ပါစေ
ဆိုပြီးတော့။ဆုတောင်းပေးရင်လည်း တကယ်ပဲရောက်တယ်လို့
သူတို့မှာယုံကြည်ကြတယ်။
၁၉၉၇ ခုနှစ်က ဘုန်းကြီးတို့ ဂျပန်နိုင်ငံကို အမေရိကန်က
အပြန်ခဏဝင်တယ်။ကိုယာစံ (Koyasan)ဆိုတဲ့တောင်ပေါ်မြို့ရှိတယ်။
အဲ့ဒီတောင်ပေါ်မြို့မှာ ဘုန်းကြီးကျောင်းတွေကြီးပဲ။
မဟာယာန ဂျပန်ဘုန်းကြီးကျောင်းတွေ။
ဘုန်းကြီးကျောင်းတွေရဲ့ အဓိကလုပ်ငန်းက
ဘာလဲဆိုရင် သင်္ချိုင်းတွေကို ထိန်းသိမ်းစောင့်ရှောက်ပြီးတော့
သေတဲ့သူတွေကို ဆုတောင်ပေးရတာ ဒါအဓိကအလုပ်ဖြစ်ပုံရတယ်။
သေတဲ့သူတွေ လူတွေကလည်း သေပြီဆိုရင်
ပိုဂရုစိုက်တယ်ထင်ပါရဲ့။ရှင်တုန်းကတော့
တည့်ချင်မှာတည့်မှာ။ရှင်တုန်းကတော့ မခေါ်နိုင်
မပြောနိုင် အဲ့လိုနေကြတာ။သေပြီဆိုတဲ့အခါကျမှ ပိုပြီးတော့
အလေးအနက်ထားကြတယ်။
အဲ့ဒီ ကိုယာစံ(Koyasan) မှာ သင်္ချိုင်းကြီးက အကြီးကြီးပဲ။
ကြည့်လိုကို မဆုံးနိုင်ဘူး။အင်မတန် ကျယ်လည်းကျယ်တယ်။
အဲ့ဒီမှာ ဘာထူးထူးဆန်းဆန်းတွေ တွေ့တုန်းဆိုရင် ကုမ္ပဏီတွေကလည်း
သူ့ကုမ္ပဏီနဲ့သူ သင်္ချိုင်းလုပ်ထားတာ ရှိတယ်။
အဲ့ဒီမှာ နံပါတ်ကလေးတွေ ဝယ်ထားရတာ သေသွားရင် အဲ့ဒီနားမှာ
ဓာတ်ပုံလေးတွေ ချိတ်ပြီးတော့ ကိုယ့်နေရာလေးကိုယ်။
မသေခင်ကတည်းက နံပါတ်ယူထားပြီးသား။ဆိုနီ (Sony ) ဆို့
(Canon)တို့ဆိုတဲ့ကုမ္ပဏီတွေ သူတို့သင်္ချိုင်းတွေ တွေ့တယ်။ဒီပြင်ကုမ္ပဏီတွေ
လည်းရှိတယ်။ထူးဆန်းတာကတော့ ဗမာပြည် စစ်အတွင်းက
ကျသွားတဲ့ ဂျပန်တွေအတွက် ဗမာစေတီပုံစံကလေးတည်ထားတာ
ရှိတယ်။အဲ့ဒီ ပုဂ္ဂိုလ်တွေအတွက် ဆုတောင်းဖို့ဆိုပြီးတော့
စေတီတည်ထားတာရှိတယ် သင်္ချိုင်းထဲမှာ။
သေပြီဆိုတဲ့အခါကျတော့မှ
အလေးအနက်ထားပြီးတော့ လုပ်ကြတယ်
တော်တော်များများ။လွဲမှားနေတာကို ပြောတာ။သေပြီဆိုတဲ့
အခါအဓိက ထားကြတယ်။မလေးရှားသွားတုန်းက
တစ်ခါ သုံးထပ်တိုက်ကြီးတွေ့တယ်။
အဲ့ဒီနားမှာ မီးသင်္ဂျိုစက်ကြီးကလည်း ရှိတယ်။
ဘေးနားက တည်းကျောင်းကလေးမှာ
ဘုန်းကြီးတို့ နှစ်ညသုံးည အိပ်တယ်။
သုံးထပ်တိုက်ကြီးက ဘာတွေတုန်းလို့ တက်ကြည့်တဲ့အခါ
အရိုးပြာတွေ ထည့်ထားတာ။သုံးထပ်တိုက်
အပေါ်ဆုံးအထပ်ဆိုရင် ပိုက်ဆံ ပိုပေးရတယ်။
ဘာလို့လဲဆိုတော့ အဆင်မြင့်လို့။
မသေခင်ကတည်းက အဲ့ဒီအရိုးပြာ အိုးနံပါတ်တွေ
မသေခင်ကတည်းက ယူထားကြတာ။သေမှတော့
အဆင့်အတန်းခွဲနေလို့
မရတော့ဘူး။ပြာဟာ ပြာပဲ။အထက်ကနေ
ရတယ် အောက်ကနေရတယ်နဲ့။
အဲ့ဒီထိအောင် အထက်ကနေချင်သေးတာ။အဲ့ဒီမှာ
တွေ့ခဲ့တယ်။
အဲ့ဒီ ကိုယာစံ(Koyasan) မဟာယာန ဘုန်းကြီးကျောင်းတစ်ကျောင်း
ဘုန်းကြီးနဲ့ သီတဂူဆရာတော်ကြီးနဲ့ အဲ့ဒီမှာ တည်းကြတယ်။
သီတဂူဆရာတော်ကြီးနဲ့သွားရတာ။
သီတဂူဆရာတော်ကြီးလည်း ဂျပန်ရောက်နေတာ။
ဘုန်းကြီးနဲ့တွေ့တော့ လှမ်းခေါ်ပြီး သူနဲ့အတူ
သွားတာ။အဲ့ဒီ ကိုယာစံကျောင်းမှာ ဘုန်းကြီးတို့ နှစ်ပါးက တစ်ခန်းထဲ
ဂျပန်မှာဆိုတော့ ကုတင်နဲ့ဘာနဲ့မဟုတ်ဘူး ကြမ်းပေါ်မှာပဲ။
မွေ့ရာကြီးခင်းပေးပြီးတော့ အဲ့ဒီမှာပဲ နှစ်ပါးအိပ်ကြရတယ်။
ဆွမ်းကပ်တော့လည်း အဲ့ဒီမှာပဲ လာကပ်ကြတယ်။
ဂျပန်ကိုရင်ကြီးတွေ
လာကပ်ကြတယ်။အဲ့ဒီမှာ သူတို့ ဟိုဟိုဒီဒီ
ကြည့်စရာတွေ လိုက်ပို့ ဂျပန်ဘုန်းကြီးတစ်ပါးနဲ့။
သူတို့က ခဏခဏ
ဘာသာရေးသင်္ကန်းအဝတ်ကလေးကို
အပေါ်ကပတ်ပတ်ပြီးတော့ ဗုံကလေး
ခေါက်ခေါက်ပြီးတော့ ရွတ်ဖတ်နေတာ။
ခဏခဏတွေရတယ်။
အဲ့ဒါဘာလုပ်တာလဲဆိုတော့ သေတဲ့သူတွေကို
ဆုတောင်းပေးတာတဲ့။
ကောင်းရာ သုဂတိရောက်ဖို့ ဆုတောင်းပေးတာတဲ့။
သေသွားတဲ့သူကို ခဏခဏဆုတောင်းပေးတယ်။
ဆုတောင်းပြီဆိုရင်တော့ လက်တွေ့
အကျိုးရှိတာကတော့ အဲ့ဒီဘုန်းကြီးတွေ
အကျိုးရှိတာ။ဆုတောင်းပေးရင် ပိုက်ဆံ ရတယ်။
ဟိုသေတဲ့သူတော့ ရမရ
မသိဘူး။အဲ့ဒါနဲ့ ဘုန်းကြီးက မေးကြည့်တယ်
ဂျပန်ဘုန်ကြီးတစ်ပါးကို ဆုတောင်းတာ
ဘာအတွက်တောင်းတာတုန်းဆိုတော့
သေသွားတဲ့သူရဲ့ ဝိညာဏ်ပေါ့ Spirit ပေါ့။
သေသွားတဲ့ သူရဲ့ဝိညာဏ်လေးရှိတယ်တဲ့။အဲ့ဒီ ဝိညာဏ်ကလေး
ကောင်းရာသုဂတိရောက်ပါစေ မှန်မှန်ကန်ကန် ဘဝလမ်းကြောင်း
ဖြောင့်တမ်းအောင်လို့တဲ့ သုဂတိရောက်ဖို့အတွက်
သူကဆုတောင်းပေးတာပါတဲ့။
သူတို့ရဲ့ယုံကြည်ချက်နော် ဒီနေ့ထိ ယုံယုံကြည်ကြည် လုပ်တာ။
လူသန်းပေါင်းများစွာနော် ဂျပန်မှာဆိုရင်။အဲ့ဒီတော့ သန်း(၈၀)ကျော်
သန်း(၁၀၀)လောက် ရှိတယ် ဂျပန်မှာ။
အဲ့ဒီလောက် လူတွေအားလုံးဟာ ယုံကြည်တယ်
။တခြားနိုင်ငံတွေမှာလည်းပဲ
ဒီလိုယုံကြည်တာတွေ အများကြီးပဲ။ဒီလိုပဲ ဆုတောင်းကြတာ။
ဘုန်းကြီးက အဲ့ဒါနဲ့ မေးကြည့်တယ်။နေပါဦး အဲ့လိုဆုတောင်းပြီးတော့
ရွတ်ဖတ်သရဇျာယ်တဲ့အခါကျတော့ Spirit ဝိညာဏ်ကလေးတွေ ဘယ်နှစ်ခုများကောင်းစားသွားလဲ ဆိုတော့ သူက စဉ်းစားပြီးတော့
အဲ့ဒါတော့ မသိဘူးတဲ့။ထုံးစံအတိုင်းပဲ ဆုတောင်းပေးတာ။
ဆုတောင်းပေးသည့်အတွက်ကြောင့် ဆုတောင်းခတော့ ရတာပဲ။
လုပ်နေကြတာကို ပြောပြတာပါ။
ခုနတုန်းက မြတ်စွာဘုရားလက်ထက်တုန်းက
တစ်နေ့ကို သုံးခါရေချိုးပြီး အကုသိုလ်တွေကိုမျောပြီးနေတဲ့
ပုဏ္ဏားတွေကလည်း သေသွားတဲ့သူတွေကို
ဆုတောင်းတဲ့အလုပ်တွေ လုပ်တယ်တဲ့။
မြတ်စွာဘုရားကို အသိဘဏ္ဍကဆိုတဲ့ ဂါမဏိက
“အရှင်ဘုရားတဲ့ အဲ့ဒီပုဏ္ဏားတွေက လူတစ်ယောက်သေသွားရင်
ကောင်းရာသုဂတိရောက်အောင်ဆုတောင်းပေးကြတယ်။ဆုတောင်းပေးရင် ရောက်သွားတယ်လို့ပြောတာပဲတဲ့။နတ်ပြည်ပို့ပေးတယ်လို့ ပြောတာပဲတဲ့။
အရှင်ဘုရားရော လောကကလူတွေအကုန်လုံး အဲ့ဒီလို နတ်ပြည်ပို့နိုင်လား
အရှင်ဘုရားက အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဘုရားပဲ” မေးတယ်။
ဘုရားဖြေပုံလေးစဉ်းစားကြည့် မြတ်စွာဘုရား
တကယ် Reasonable ဖြစ်တာ။
မြတ်စွာဘုရားက မင်းမေးတဲ့ မေးခွန်းကို မင်းကိုပဲပြန်
မေးပါရစေ။လူတစ်ယောက်ဟာ ပါဏာတိပါတ
တွေ အဓမ္မတွေကျင့်သုံးတဲ့
အဓမ္မစာရီတစ်ယောက် ကိုလူတွေက ဝိုင်းပြီးဆုတောင်းကြတာ
ဘာနဲ့တူလဲဆိုရင် ကျောက်တုံးကြီးတစ်တုံးကို ရေထဲချ
ချပြီးတဲ့အခါ မြစ်ကမ်းနားထိုင်ပြီးတော့ ရှိသမျှတွေအကုန်ဝိုင်းပြီးတော့
ဤကျောက်တုံးကြီးပေါ်လာခဲ့ပါ လို့ဆုတောင်းရင် ကျောက်တုံးကြီးပေါ်လာသလားတဲ့?။ မပေါ်လာဘူးတဲ့။ဘယ်လိုပင် ဆုတောင်းတောင်း
အဲ့ဒီကျောက်တုံးကြီးဟာ ရေပေါ်လည်းပေါ်မလာနိင်ဘူး
ကုန်းပေါ်လည်း ပြန်တက်မလာနိုင်ဘူး။
အဲ့ဒါလိုပဲ အဓမ္မကိုကျင့်သုံးတဲ့ အဓမ္မစာရီ
သမားတွေကို သေသွားတဲ့အခါ ကောင်းရာသုဂတိရောက်ပါစေ
ဘယ်လောက်ပြောနေနေ ဟိုက ငရဲရောက်ပြီး ခံစားနေရပြီတဲ့။
ဘယ်လိုမှ ပြန်လာနိုင်မှာမဟုတ်ဘူးတဲ့။အဲ့ဒီကျမှ ဆုတောင်းနေရင်
နောက်ကျသွားပြီတဲ့။
သို့သော်သူတို့ရဲ့ယုံကြည်ချက်က တိဘက်ဗုဒ္ဓဘာသာတွေရဲ့
ယုံကြည်ချက်က ဘာလဲဆိုရင် လူတစ်ယောက်ကသေလို့ရှိရင် (၄၉)ရက်
Spirit ဝိဉာဏ်လေးက ရှိနေတယ်။
ဗမာတွေကလည်း (၇)ရက်ဆိုပြီး လုပ်ကြတာလေ
။မြတ်စွာဘုရားရဲ့ အဘိဓမ္မာတရားတော်အရ
အနန္တရပစ္စယောဆိုတဲ့အတိုင်း အခုသေ အခုဘဝဖြစ်ပဲ။
အဲ့ဒီကျမှသွားပြီးပြောနေလို့ မရတော့ဘူးနောက်ကျနေပြီ။မသေချင်က
သူကသူသွားမယ့်နေရာကို လုပ်ပြီးနေပြီ။မသေခင်ကတည်းက
အာရုံနိမိတ်တွေထင်တယ်ဆိုတာ Register လုပ်တာပဲ။
မသေခင်မှာ လူတွေမှာ သေခါနီးစဲစဲမှာ ကံ၊ ကမ္မနိမိတ်၊
ဂတိနိမိတ်ဆိုတာတွေက
လာပြီးတော့ အရိပ်ချိုးသလို လာပေါ်နေတယ်။
သေသွားတဲ့အခါမှာ အဲ့ဒီအရိပ်ချိုးထားတဲ့အတိုင်း သွားဖြစ်တာပဲ။
အေးဘဝတစ်ခု သွားတယ်ဆိုတာ
ဘာမှအတားအစီးရှိတာမဟုတ်ဘူး။
ဘုန်းကြီးတို့တတွေ အသံလွင့်တာကိုပဲ သွားကြည့်ကြပေါ့။
ဆိုပါစို့ ရန်ကုန်ကလူက အသံလွင့်တယ်
မန္တလေးကလူကဖမ်းတယ် ချက်ချင်းမကြားရဘူးလား။
ဘဝကူးတယ်ဆိုတာ အဲ့ဒီအသံဖြတ်သွား
သလိုပဲ ဒီကနေ သွားနေရတာမဟုတ်ဘူး။
ချက်ချင်းကြီးရောက်သွားတာ။ဖြစ်လေရာဘဝမှာ
ချက်ချင်းကြီးဖြစ်သွားတာ။အဲ့ဒီလို ဖြစ်ပြီးတဲ့
နောက်မှာ သွားပြီးတော့ ဆုတောင်းနေတော့ရော
ဘာရမှာလဲ။မရနိုင်ဘူး။အဲ့ဒီတော့
သူ့ကိုကာကွယ်စောင့်ရှောက်နိုင်တာက ဓမ္မပဲ။
ဓမ္မကိုကျင့်သုံးရင်တော့ ကောင်းရာသုဂတိဘုံရောက်မှာပဲ
ဆုတောင်းသည်ဖြစ်စေ မတောင်းသည်ဖြစ်စေ။
ဒါကြောင့် အကုသိုလ်တွေ
လုပ်ပြီးအပါယ်ကျတဲ့သူကို ဆုတောင်းတာတော့
ကျောက်တုံးကို ရေပေါ်ပေါ်ပါစေ ဆုတောင်းသလိုပဲ”လို့
ဘုရားကပြောတာ။
အဲ့ဒီတော့ ဘုရားဟောတာ ရှင်းရှင်းလေးပဲ။
နောက်တစ်ခုဘုရားရှင်က ရှင်းပြတယ်
“လူတစ်ယောက်ဟာ ဓမ္မကိုကျင့်သုံးလို့
ကောင်းရာဘုံဘဝရောက်သွားပြီဆိုတဲ့ အချိန်မှာ
လူတွေက သူ့ကိုမုန်းတီးကြလို့ ဒီလူတော့ ငရဲကျပါစေ
ကြိမ်ကြမယ် ဝိုင်းပြီးတော့။အဲ့ဒီလို ကြိမ်ဆဲတာ
ဘာနဲ့ဥပမာတူသလဲဆိုရင်
ထောပတ်အိုးကြီး ဆီအိုးကြီးကို ရေထဲမှာမြုှပ်ပြီးခွဲလိုက် အဲ့ဒီအခါမှာ
ထောပတ်တွေ ဆီတွေ ရေပေါ်တက်မလာဘူးလား။
တက်လာတဲ့အခါကျတော့ လူတွေကဝိုင်းပြီးတော့
“အို ထောပတ် အို ဆီ ရေအောက်မြှုပ်ပါ။မပေါ်တက်မလာပါ” နဲ့
ဝိုင်းဆုတောင်းရင်
အဲ့ဒီထောပတ်နဲ့ဆီက ရေအောက်မြှုပ်သွားရဲ့လားတဲ့။
မမြှုပ်ဘူးတဲ့။မြတ်စွာဘုရားရဲ့
ဟောလိုရင်းက ဓမ္မကိုကျင့်သုံးရင် ကောင်းရာ
သုဂတိဘုံကို ဒီဓမ္မကအကာအကွယ်ပေးပြီးတော့
ရောက်သွားလိမ့်မယ်။
မကောင်းတာကို ကျင့်သုံးရင် မကောင်းတဲ့အလျှောက်
အဲ့ဒီပုဂ္ဂိုလ်က မကောင်းတဲ့ဘုံကို ရောက်သွားမယ်
အဲ့ဒီလိုဟောတာ။ခုနက
ကျော်တုံးကြီးရေထဲချထားတာကို
ဆုတောင်းယုံနဲ့
အပေါ်ကိုရောက်မလာသလို ဒုစရိုက်သမားတစ်ယောက်
ဟာလဲပဲ ဘဝသံသရာမှာ ဆုံးဆုံးမြှုပ်ပြီးတော့ အပါယ်ငရဲကျသွားတဲ့
ပုဂ္ဂိုလ်ကို ဒီကနေ ကောင်းရာသုဂတိရောက်ပါစေလို့
ဘယ်လောက်ဆုတောင်းပေးပေး ရောက်နိုင်ပါ့မလား?
ဒါဖြင့် တပည့်တော်တို့ မြန်မာလူမျိုးတွေက ဗုဒ္ဓဘာသာတွေဟာ
သေသွားတဲ့သူကို ရည်စူးပြီးတော့ ကုသိုလ်လုပ်ကြတာ ကြတော့ရော။
ဘယ်လိုလဲ မေးစရာရှိလာတယ်။ဒီမေးခွန်းက မေးကိုမေးရမယ့်မေးခွန်း။
အဲ့ဒါကျတော့ရော သူ့အတွက်အကျိုးရှိလား။
ဒီမေးခွန်းလည်း မြတ်စွာဘုရားကို မေးခဲ့ဖူးတာပဲ။“ ဇာဏုေဿာဏိ”
ဆိုတဲ့ ဘုရင့်ရဲ့ပုရောဟိတ် ပုဏ္ဏားကြီးတစ်ယောက်က မေးခဲ့ဖူးတယ်။
အရှင်ဘုရားတဲ့ တပည့်တော်တို့ သေတဲ့သူတွေကို ရည်စူးပြီး
ကုသိုလ်ကောင်းမှုပြုတယ် အမျှအတန်းပေးဝေးကြတယ်။အဲ့ဒီလို
အမျှပေးဝေလို့ရှိရင် သေတဲ့သူအတွက် အကျိုးရှိသလား?ဒီလိုမေးတာ။
ခုနတုန်းက “လူတွေအကုန်လုံး နတ်ပြည်ပို့ပေးနိုင်လား”ဆိုတော့
ဘုရားက မလုပ်နိုင်ဘူး ဓမ္မကသာ မကောင်းတဲ့ဓမ္မကိုကျင့်သုံးရင်
မကောင်းတဲ့ဘုံကို ရောက်မှာပဲ။ကောင်းတဲ့ဓမ္မကျင်သုံးရင်
ကောင်းတဲ့ဘုံရောက်မှာပဲ။ဓမ္မကသာ အဆုံးအဖြတ်ပေးတယ်။
ငါက အဆုံးအဖြတ်မပေးနိုင်ဘူး။ဆိုလိုတာက မြတ်စွာဘုရားက
ဓမ္မကိုအားကိုးခိုင်းတာ။အဲ့ဒီတော့ ဘုရားက ဓမ္မကိုအားကိုးခိုင်းတာဆိုတော့
“အတ္ထာဟိ အတ္တနော နာထော” နဲ့ရော မကိုက်ဘူးလား။
အေးကိုယ်လုပ်ရမှာ။ဒါကလောက
သဘာဝနဲ့အတူတူပဲလေ။
ရောဂါရှိလို့
ဆရာဝန်ကဆေးပေးတယ် ကိုယ်မသောက်ဘူးဆိုရင်
ရောဂါကပျောက်မလား?ကိုယ်သောက်မှ
ကိုယ်ပျောက်မှာ ဒါက သဘာဝပဲ။
အဲ့ဒီတော့ မြတ်စွာဘုရားဟောတဲ့တရားဟာ သဘာဝဆိုတာ
သိပ်ထင်ရှားတယ်ပေါ့။အဲ့ဒီလိုမြတ်စွာဘုရားကဖြေတယ်။အခု
အမျှအတန်းပေးဝေတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ မြတ်စွာဘုရားကို
အရှင်ဘုရား အမျှအတန်းပေးဝေတဲ့အခါ
သွားလေသူအတွက်အကျိုးရှိပါသလားဆိုတော့
မြတ်စွာဘုရားက“ အေးအကျိုးရှိနိုင်တဲ့
နေရာရောက်ရင်တော့ အကျိုးရှိတယ်။
အကျိုးရှိတဲ့နေရာမှာ မဟုတ်ဘူးဆိုရင်တော့
အကျိုးမရှိဘူးတဲ့” ပုဏ္ဏားက တပည်တော်
နားမလည်ဘူးဘုရားတဲ့ ဘယ်နေရာတွေက
အကျိုးရှိပြီးတော့ ဘယ်နေရာတွေက
အကျိုးမရှိတာလဲ ဘုရားဆိုတော့ မြတ်စွာဘုရားက
“အေး အကုသိုလ်တွေလုပ်ပြီး
ကံမကောင်းအကြောင်းမလှလို့ အဓမ္မစာရီ
တွေဖြစ်နေသည့်အတွက်ကြောင့် ငရဲကျသွားမယ်။
ဒီက ကုသိုလ်လုပ်ပြီးအမျှအတန်းပေးဝေ
မရဘူး မရနိုင်ဘူး။ဘာပြုလို့လဲဆိုတော့
သူကိုယ်တိုင် လုပ်နိုင်စွမ်းမရှိလို့။
ကုသိုလ်ကောင်းမှုဆိုတာ သူများကလုပ်ပေးလို့ရတယ်ဆိုတဲ့
အထဲမှာ ကိုယ်ကနေ သဘောတူညီမှု ဆိုတာလေးရှိရဦးမှာ။
ဆိုလိုတာက သာဓုခေါ်နိုင်ရမယ်။
သာဓုခေါ်တာလေးမှ မရှိဘဲ အချောင်ရတယ်
အမွေပေးသလိုပေးလို့ မရဘူး။
အဲ့လိုဆိုပေးကြမှာပေါ့ သူဌေးတွေ အများကြီးရှိတာပဲ။
ပါးစပ်ထဲ ကူးတို့ခ ဆိုပြီးထည့်ကြတယ်။ထည့်ချင်သလောက်ထည့်
သူများတွေပဲ ယူကုန်မှာပဲ။ကြံကြံဖန်ဖန် လုပ်ကြတာကို ပြောတာပါ။
(ကျေးဇူးတော်ရှင်ပါချုပ်ဆရာတော်ဘုရားကြီး)
“ဓမ္မစာရီနှင့်အဓမ္မစာရီ တရားတော်မှ ကောက်နှုတ်ချက်”
ဓမ္မမိတ်ဆွေများ ကျန်းမာချမ်းသာကြပါစေ။
ဤဓမ္မဒါနကုသိုလ်ကြောင့် တိုင်းပြည်နဲ့လူမျိုး သာသနာတော်အပေါ်
ထောက်ပံ့နိုင်ပြီး နိဗ္ဗာန်၏ အထောက်အပံ့ဖြစ်ပါစေ။
Credit —

LEAVE A REPLY

Please enter your comment!
Please enter your name here