ဆရာေအာင္သင္း ေျပာခဲ့သမွ် တသသ
==================
#အိမ္ေထာင္ျပဳျခင္း
ေယာကၤ်ားတစ္ေယာက္ အိမ္ေထာင္ျပဳလိုက္ျခင္းဟာ လုပ္ေဆာင္ဖြယ္ ကိစၥေတာ္ေတာ္မ်ားမ်ားထဲကအေရးႀကီးတဲ့ ကိစၥတစ္ခုကိုျပဳလိုက္တာပဲ။
(ျမန္မာတို႔ရ ့ဲ လူ႔အဖဲြ႔စည္း ျပဠာန္းခ်က္အရ) မိန္းမတစ္ေယာက္ အိမ္ေထာင္ျပဳလိုက္တာဟာ အေရး အႀကီးဆံုး ကိစၥတစ္ခုကို ေဆာင္ရြက္လိုက္ရတာ ျဖစ္ေနတယ္။
#အသိပညာႏွင့္ ထိန္းကြပ္ေသာအလွ
မိန္းကေလးတစ္ေယာက္ဟာ ေမြးသည္ကစၿပီး ေသသည္အထိ သံုးစြဲသြားႏိုင္တာဟာ ႐ုပ္ရည္မဟုတ္ဘူး။ အသိပညာသာလွ်င္ ျဖစ္တယ္ဆိုတာကိုလည္းသိတယ္။ လွပတဲ့႐ုပ္ရည္ကို ပညာနဲ႔ ကြပ္ေပးလိုက္တဲ့အခါမွာ အလွဟာ ပိုၿပီးေတာက္ေျပာင္လာတယ္ ဆိုတာကိုလည္း သိတယ္။ ဒါေၾကာင့္ အေပါင္းအသင္း ပတ္၀န္းက်င္ကစၿပီး သတိႀကီးစြာနဲ႔ဆင္ျခင္ေနထိုင္တယ္။ အဲဒီမိန္းကေလးမ်ဳိးဟာ ရွားတာေတာ့အမွန္ပဲ။ ဒါေပမဲ့ပတ္၀န္းက်င္ကကိုပဲ ျပန္ၿပီးေလးစားရိုေသျခင္း၊ ခ်စ္ခင္ျခင္းခံရတာကေတာ့ အဲဒီမိန္းကေလးမ်ဳိးေတြသာလွ်င္ျဖစ္ပါတယ္။
#လူ႔ဘ၀တြင္ အရာေရာက္လွေသာအရာ
ျပန္ၿပီးတစိမ့္စိမ့္ စဥ္းစားၾကည့္လိုက္ေတာ့ လူ႔ဘ၀တြင္ဘယ္သူကမွ တရား၀င္အခြင့္အေရးမပါဘဲလွ်က္ အရာေရာက္ေနသည္မွာ အခ်စ္ဆိုေသာကိစၥပင္ျဖစ္သည္။
#အခ်စ္ႏွင့္မ်က္စိ
အခ်စ္မွာ မ်က္စိမရွိဘူးေနာ္၊ မွန္တယ္။ ဒါေပမယ့္ ဦးေႏွာက္မွာေတာ့ျဖင့္ မ်က္စိရွိရလိမ့္မယ္။
#အခ်စ္ကို အခ်ဳိသတ္ထားပါ
ပညာသင္ေနတဲ့အခါမွာ အိမ္ေထာင္က်မသြားေအာင္ အခ်စ္ကို အခ်ဳိသတ္ထားပါ။
#ေဒါင္းၿမီးေတြရဲ ႔အလွ
ေဒါင္းၿမီးရဲ ႔အလွဟာ ေဒါင္းေတြရဲ ႔အသက္ကို အႏၲရာယ္ျပဳေနတယ္ ၊ ေဒါင္းသားကိုစားခ်င္တာထက္ ေဒါင္းၿမီးကိုလိုခ်င္ၾကလို႔ေဒါင္းေတြကိုသတ္ေနၾကတာ မဟုတ္လား။ မိန္းကေလးေတြမွာလည္း လွရင္ အဲဒီအလွဟာ အႏၲရာယ္တစ္ခုလို ျဖစ္လာတက္တယ္။
#ငယ္ငယ္မွာ စန္းပြင့္လြန္းရင္
လွရင္ စန္းပြင့္စၿမဲေပါ့ ။ ဒါေပမယ့္ ငယ္ငယ္မွာ‘စန္းပြင္႔’ လြန္းရင္ ဘ၀မွာ လာဘ္တိတ္သြားတက္တာကို သတိျပဳသင့္တယ္။
#အမွားနဲ႔ ခဲဖ်က္
မွားတာေတာ့ရွိၾကစၿမဲေပါ့ ၊ လူတိုင္းမွားတတ္ၾကလို႔လည္း ခဲတံေတြမွာ ခဲဖ်က္တပ္ထားရတာေပါ့ ၊ ဒါေပမယ့္ တခ်ဳိ႕ အမွားေတြကခဲဖ်က္န႔ဲဖ်က္လို႔မရဘူးေနာ္။
#အခ်ိန္ျဖဳန္းတီးမႈ
အထူးသျဖင့္ (ကၽြန္ေတာ္တို႔လူငယ္မ်ား) ရက္ရက္ေရာေရာ ျဖဳန္းတီေနသည့္ အရာမွာ အခ်ိန္ျဖစ္သည္။ လူငယ္တိုင္းသည္ အခ်ိန္ကို ဘယ္ေလာက္ပင္ သံုးသံုး ထာ၀ရ မကုန္ခန္းနိုင္ေသာ အရာၾကီးဟု အမွတ္မထင္ ေအာက္ေမ့ ေနတက္ၾကပါသည္။
စင္စစ္အားျဖင့္ အခ်ိန္ဆိုသည္မွာ ဘယ္ေတာ့မွ ျပန္မရနိုင္ေအာင္ ဆံုးရံႈးတက္သည့္ အရာ ျဖစ္ေၾကာင္း နိုးနိုးၾကားၾကား သတိျပဳသင့္ပါသည္။ လူငယ္မ်ားသာမက နိုင္ငံ၀န္ထမ္း အခ်ိဳ႔ပင္လွ်င္ နိုင္ငံေတာ္ ပိုင္ အခ်ိန္မ်ားကို ျဖဳန္းတီးေနတက္ၾကပါသည္။
#ေလာကဓံ
လူဆင္းရဲေပမယ့္ စိတ္မဆင္းရဲေစနဲ႔။ စီးပြားက်ေပမယ့္ စိတ္မက်ေစနဲ႔၊ ခ်မ္းသာျခင္း ဟာ သခၤါရပဲလို႔ ေျပာၾကတယ္။ ဆင္းရဲျခင္းဆုိတာလည္း သခၤါရပဲဆိုတာ ျမဲျမဲမွတ္ထား။ နင္တို႔ လင္မယား အျမဲႏြမ္းပါးေနမွာ မဟုတ္ဘူး။
ပိုင္ရွင္မရွိတဲ့ ေခြးေလေခြးလြင့္ေတာင္မွ သူ႔ဘ၀မွာ ေန႔ေကာင္းရက္သာ ရက္ရာဇာဆိုတာ ရွိစျမဲပဲ။ ဘာမွ အားမငယ္နဲ႔ အခိုက္အတန္႕လို႔ သေဘာထားျပီး ၾကိဳးစားၾက ၊ လင္မယားခ်င္း စကားမမ်ားေအာင္ ေနၾက။
#ႀကီးပြားမႈႏွင့္ေဗဒင္
ကိုယ္ဖတ္ဖူးတဲ့ အတၳဳပၸတၱိေတြကို မွတ္မိသေလာက္ျပန္ၿပီး စဥ္းစားၾကည့္လုိက္ေတာ့ ေဗဒင္လကၡဏာကေဟာလိုက္တဲ့အတိုင္းေဆာင္ရြက္လို႔ ႀကီးပြားလာခဲ့ရတယ္ဆိုတာမ်ဳိး တစ္ခါမွ်မေတြ႔ဖူးပါဘူး။ စိတ္ဆႏၵျပင္းျပလြန္းလို႔ ေအာင္ျမင္ႀကီးပြားသြားတယ္ဆိုတာမ်ဳိးကိုပဲ ေတြ႔ရတတ္ေလ့ရွိပါတယ္။
#အေပါင္းအသင္းပတ္၀န္းက်င္
လူဆိုတာ ပတ္၀န္းက်င္တစ္ခုထဲမွာေတာ့ အၿမဲေရာက္ေနရတာမဟုတ္လား။ ဒီေတာ့ . . .
(၁) “ အေပါင္းအသင္း ပတ္၀န္းက်င္ဟာသိပ္အေရးႀကီးတယ္ ” ဆိုတာကို ခိုင္ခိုင္မာမာ လက္ခံထားသင့္ပါတယ္။
(၂) မိမိပတ္၀န္းက်င္ကို မၾကာခဏ ႏိုးႏိုးၾကားၾကားစစ္ေဆးေနသင့္တယ္။
(၃) မေကာင္းတဲ့ ပတ္၀န္းက်င္ကို စြဲလမ္းတြယ္တာေနမိၿပီဆိုရင္ . . . “ ငါဘ၀ နစ္မြန္းဖို႔ေသခ်ာေနၿပီ ” ရယ္လို႔ ရဲရဲ၀ံ့၀ံ့ ခိုင္ခိုင္မာမာ သတ္မွတ္သင့္ပါတယ္။
(၄) မေကာင္းတဲ့အစြဲ၊ မေကာင္းတဲ့ ပတ္၀န္းက်င္ကို ေကာင္းတဲ့အစြဲ၊ ေကာင္းတဲ့ပတ္၀န္းက်င္နဲ႔
အစားထိုးၿပီး ျဖတ္ဖို႔ ႏိုးႏိုးၾကားၾကား ႀကိဳးစားသင့္ပါတယ္။
#လူမုိက္ႏွင့္ လူလိမၼာ
လူမုိက္တုိ႔သည္ တစ္ပါးသူ၏ အမွားမွ သင္ခန္းစာကုိ ယူတတ္၏ ။
လူမုိက္တုိ႔ကား ကုိယ္တုိင္မွားမွ သင္ခန္းစာကုိရၾက၏ ။
ပုိ၍ မုိက္မဲေသာသူတုိ႔ကား ကုိယ္တုိင္ မွားပါလ်က္ ႏွင့္ပင္ သင္ခန္းစာ မယူတတ္ၾကကုန္ ။
#အားလပ္ခ်ိန္၏ အႏၲရာယ္
အားလပ္ခ်ိန္မ်ားသည္ လူငယ္မ်ားအား ပ်က္စီးျခင္းတြင္း၀သို႔ပို႔ေပးရန္ အသင့္ေစာင့္ဆိုင္းေနေသာကူးတို႔ဆိပ္ႀကီးမ်ားသဖြယ္ ျဖစ္ေနတက္သည္။
#တိုင္းျပည္ကို ျမွင့္လိုလွ်င္
လူက တိရစၧာန္ထက္သာသည္ဟုဆိုနိုင္သည္။ သို႔ေသာ္ တိရစၧာန္က လူထက္သာေသာေနရာေပါင္းမ်ားစြာ ရွိသည္။ေ ခြးတစ္ေကာင္းသည္ သူ႔သခင္၏အနံ႔ကို ခြဲျခားသိနိုင္သည္။ ဆင္သည္လူထက္အားၾကီးသည္ လူသည္ ငါးေလာက္ ေရမကူးနိုင္ သမင္းေျပးသေလာက္ မေျပးနိုင္။ သို႔ေသာ္ လူကဉာဏ္ပညာၾကီးသည္။ ထို႔ေၾကာင့္ မိမိထက္ အင္အားၾကီးေသာ ဆင္ကိုခ်ြန္းေပါက္ျပီး သစ္ဆြဲခိုင္းသည္။သမင္ကို ေလးျမားျဖင့္ ပစ္ခတ္စားေသာက္သည္။ ဤသို႔အားျဖင့္ လူသည္ဉာဏ္ပညာကို လက္နက္ျပျပီး တိရစၧာန္မ်ားကို လႊမ္းမိုးနိုင္ခ့ဲသည္။
လူကပညာၾကီးေသာေၾကာင့္ တိရစၧာန္မ်ားကို လႊမ္းမိုးနိုင္ခ့ဲသည္ဆိုပါလ်ွင္ လူအခ်င္းခ်င္းတြင္လည္း ပညာၾကီးသူက ပညာနည္းသူကို လႊမ္းမိုးနိုင္မည္သာသဘာဝပင္ျဖစ္သည္။ ထို႔အတူ ပညာၾကီးေသာလူမ်ိဳးက ပညာနည္းေသာလူမ်ိဳးကို လႊမ္းမိုးနိုင္ေပလိမ့္မည္။ ထို႔ေၾကာင့္ မိမိတိုင္းျပည္နွင့္လူမ်ိဳးကို ျမွင့္တင္လိုသည္ဆိုပါလ်ွင္ မိမိ တိုင္းျပည္နွင့္လူမ်ိဳးကို ေစာင့္ေရွာက္လိုသည္ဆိုပါလ်ွင္ ပညာျမင့္ေအာင္ ၾကိဳးစားၾကေပလိမ့္မည္။
#အရည္အခ်င္း ႏွစ္ရပ္
ကၽြန္ေတာ္သာ လူငယ္ေတြကိုေလ့လာသင္ၾကားေပးရမယ္ဆိုရင္ လူငယ္ေတြကို အရည္အခ်င္းႏွစ္ရပ္နဲ႔ပဲျပည့္စံုေအာင္ သင္ၾကားေပးပါ့မယ္။ အဲဒါေတြက
(၁) သတၱိေကာင္းေအာင္
(၂) ကိုယ္ပိုင္ဥာဏ္ သံုးတတ္ေအာင္
(၁) အေနနဲ႔ သတၱိေကာင္းေအာင္ဆိုတာက လက္သီးခ်င္း ထိုး၀ံ့ေအာင္၊ ႐ိုက္၀ံ့ႏွက္၀ံ့ေအာင္၊ သတ္ရဲေသရဲေအာင္ဆိုတဲ့ ကာယဆိုင္ရာသတၱိမ်ဳိးကို ဆိုလိုတာမဟုတ္ပါဘူး။ မမွန္တာကို မလုပ္ဘူး၊ မေတာ္ေလာဘမရွိေစရဘူး၊ စည္းစိမ္ခ်မ္းသာကို မတ္ေမာၿပီး မေတာ္တာကို မလုပ္ဘူး၊ လွ်ာေပၚမွာ ျမက္ပင္ေပါက္ခ်င္ ေပါက္ပါေစေတာ့ မဟုတ္ မတရားတဲ့နည္းန႔ဲ ထမင္းရွာမစားဘူးဆိုတဲ့ စာရိတၱသတိၱမ်ဳိးကိုဆိုလိုတာပါ။
(၂) အေနနဲ႔ ကိုယ္ပိုင္ဥာဏ္သုံးတက္ေအာင္ ေလ့က်င့္ေပးမယ္ဆိုတာက ကိုယ္ပိုင္ဥာဏ္န ႔ဲ အမွားအမွန္ကိုခ်င့္ခ်ိန္တက္ေအာင္ ေလ့က်င့္ေပးလိုက္ျခင္းပါပဲ။ ကိုယ္ပိုင္ဥာဏ္သုံးတဲ့ အေလ့မဖြ႔ံၿဖိဳးရင္ လူငယ္ေတြမွာအႏၱရာယ္ႀကီးတတ္ပါတယ္။
#သူ႔ကြ်န္ျဖစ္ရျခင္း၏အေၾကာင္း
သူ႔ကြ်န္ျဖစ္ခဲ့တဲ့ ကိစၥ ဘာေၾကာင့္ျဖစ္ခဲ့ရသလဲ။ သုံးႀကိမ္ အဂၤလိပ္နဲ႔စစ္တိုက္တာ သုုံးႀကိမ္စလုံး ရႈံးတယ္။ ဘာျဖစ္လို႔ရႈံးလဲ။ ပညာမတတ္လို႔ ရႈံးတာ။ ဒါပဲ။ဗႏၶဳလေလာက္ မ်ဳိးခ်စ္စိတ္ ရွိဦးမလား။ဗႏၶဳလထက္ဘယ္သူ သတိၱေကာင္းဦးမလဲ။
ဟိုက “ထုန္း” ဆို(ပစ္လိုက္ေတာ့)ေသေရာ။ ကိုယ္ကမွ ျပန္မ “ထုန္း”နိင္ဘဲ။ ခံရတာေပါ့။
#ဘာမွမျဖစ္ႏိုင္တဲ့သူ
သတၱိမရွိတဲ့သူဟာ ဘာမွမလုပ္၀့ံဘူး။ ဘာမွမလုပ္၀ံ့ရင္ဘာမွမျဖစ္ႏိုင္ေတာ့ဘူး။ ဒါေၾကာင့္ သတၱိဆိုတာဟာ အရာရာတိုင္းရဲ႕အေၾကာင္းခံႀကီးျဖစ္တယ္ ဆိုတာကို ေသခ်ာသေဘာေပါက္ထား သင့္ၾကပါတယ္။ သတၱိနဲ႔ပတ္သက္ၿပီး စပိန္လူမ်ဳိးစာေရးဆရာႀကီး “ဆာဗင္တီး”ေျပာဖူးတာကို သတိရလိုက္မိ ျပန္တယ္။
သူေျပာတာက. . .စည္းစိမ္၊ ဥစၥာ ဆံုးရႈံးလွ်င္ မ်ားစြာဆံုးရႈံး၏။ ခင္ပြန္းေကာင္းတစ္ေယာက္ ဆံုးရႈံးလွ်င္ ပို၍ဆံုးရႈံး၏။ သတၱိဆံုးရႈံးလွ်င္ကား အားလံုးကုန္ပါေလၿပီတဲ့။
#စိတ္အလို မလိုက္မွားမႈ
အေမရိကန္ခရစ္ယာန္ ဘုန္းေတာ္ႀကီး ” အာရ္ဒီ၊ ဟစ္ခ်္ေကာ့” ေျပာဖူးတဲ့စကားေလးဟာ တယ္ၿပီးမွတ္သားဖို႔ ေကာင္းတယ္။
“ေအာင္ျမင္မႈဟူသမွ်၏ ေသာ့ခ်က္ကား စိတ္အလိုကို မလိုက္မွား မႈေပတည္း။ သင့္ကိုယ္သင္သာလွ်င္ ထိန္းသိမ္းႏိုင္စြမ္းရွိပါေစ၊ သင္သည္ ပညာတက္ တစ္ေယာက္ ေပတည္း။ ထိုအခ်က္ကင္းမဲ့ေနပါလွ်င္ အျခားဘာေတြကိုပဲ တတ္ေနေန အခ်ည္းအႏွီးသာတည္း” တဲ့။
#စိတ္ပ်က္ေပမယ့္ လက္မပ်က္ပါနဲ႔
စိတ္ပ်က္ေပမယ့္ လက္ေတာ့မပ်က္လိုက္ပါနဲ႔ ၊ “စိတ္ပ်က္လက္ပ်က္” ဆိုတာမ်ဳိးမလုပ္လိုက္ပါနဲ႔ ၊ ဆိုလိုတာက ေလ့က်င့္ႀကိဳးပမ္းေနမႈကို ေလွ်ာ့မပစ္လုိက္ပါနဲ႔။
#ဆုမေတာင္းနဲ႔ ဆုပန္ပါ
ေယာကၤ်ားေကာင္းတို႔မည္သည္ ဆုမေတာင္းရဘူး၊ ဆုပန္ရတယ္။ မင္းတို႔ယံုၾကည္ ကိုးကြယ္ရာ ဘုရားေရွ႕မွာ တရိုတေသ၊ အေလးအနက္ ပူေဇာ္ကန္ေတာ့ၿပီး “တပည့္ေတာ္ဟာ မိဘထက္ တစ္ဆင့္ျမင့္တဲ့မ်ဳိးဆက္သစ္ကို ထူေထာင္ႏိုင္တဲ့ ေယာကၤ်ားေကာင္း (မိန္းမျမတ္) ျဖစ္ေအာင္ ဒီကေန႔ကစၿပီး မျဖစ္မေနအသက္ပဲေသေသ ႀကိဳးပမ္းပါေတာ့မည္ လို႔ အရွင္ဘုရားေရွ႕ မွာကတိျပဳဆုပန္ပါတယ္ဘုရား”
လို႔သစၥာျပဳ၀ံ့သလား။ သစၥာျပဳ၀ံ့တယ္ဆိုတဲ့ အတိုင္းအတာႀကီးထိ မဟုတ္ရင္ေတာင္မွ အေလးအနက္ ႏႈတ္ကႁမြက္ၿပီးဆုပန္ဝံ႕သလား။ အဲဒီ ျပဒါးတိုင္န႔ဲမင္းရ ဲ ႔ ဆႏၵျပင္းအားကို တိုင္းတာၾကည့္ေပေတာ့ကြာ။
#လူရာ၀င္ခ်င္ရင္ အသံုးက်ေအာင္လုပ္
ပညာတတ္ခ်င္ တတ္မယ္၊ ဘြဲ႔ရခ်င္ရမယ္၊ အသံုးမက်ရင္ လူရာမ၀င္ဘူး။ ပတ္၀န္းက်င္အတြက္ မင္းဟာ အၿမဲတမ္း အသံုး၀င္ေနေအာင္ လုပ္ပါ။ တခ်ဳိ ႔ဆိုရင္ ပညာမတတ္ဘူး၊ ဒါေပမယ့္ ရပ္ကြက္ထဲမွာ သူ႔နည္းန႔ဲသူ အသုံး၀င္ေအာင္လုပ္တယ္။ အဲဒါေၾကာင့္ လူရာ၀င္တယ္ဆိုတာ ကိုယ့္ကိုယ္ကို အသံုး၀င္ေအာင္ လုပ္တာ။ ဘာမွ အသံုးမ၀င္ရင္ အသံုးမက်တဲ့ေကာင္ ျဖစ္သြားမွာေပါ့။
#သိကၡာႏွင့္ လိပ္ျပာ
အမ်ားမိုးခါးေရေသာက္၊ ကိုယ္ ေသာက္တဲ့ ၊ အူမ ေတာင့္မွ သီလေစာင့္ႏိုင္မည္ တဲ့ ၊ ဤစကားပံုမ်ားကို မည္သို႔ သံုးစြဲေနၾကသနည္း။
မဟုတ္တာလုပ္သည့္ ကိစၥအတြက္ ကိုယ့္ဘာသာလိပ္ျပာလံုေအာင္ အသံုးခ်ေနသည္ကိုသာ ေတြ႔ၾကရမည္ ျဖစ္ပါသည္။ မဟုတ္တာလုပ္မိလွ်င္ လိပ္ျပာငယ္ၾကရပါမည္။ လိပ္ျပာမလံု ျဖစ္ရပါလိမ့္မည္။
လိပ္ျပာလံုေအာင္ ထိုစကားပံုမ်ားႏွင့္ လိပ္ျပာၿခံဳထားလိုက္ျခင္းသာ ျဖစ္ေနပါလိမ့္မည္။ မေကာင္းတာ လုပ္ေနသည္ကိုပင္လွ်င္ လိပ္ျပာလံုသြားၿပီဆိုေတာ့ စာရိတၱပ်က္ျခင္းတြင္ ဆံုးခန္းတိုင္သြားၿပီဟု ဆိုၾကရ ပါေတာ့မည္။
#ျပသဒါး ႏွင့္ ရက္ရာဇာ
ကိုယ္ရပိုင္ခြင့္မဟုတ္တဲ့ မရထိုက္တဲ့အခြင့္အေရး ၊ မရထိုက္တဲ့ေငြေၾကးကို ယူကိုမယူန႔။ဲ (အဲဒါ ျပသဒါး ပဲ)။ ျပသဒါး ပိုက္ဆံကို မရွာနဲ႔။ ရက္ရာဇာ ပိုက္ဆံကိုရွာပါ။ ရသင့္ရထိုက္တဲ့ ရက္ရာဇာပိုက္ဆံကိုရမွ ေမာင္ရင္လည္း ရာဇာျဖစ္ႏိုင္မွာေပါ့။ ႏို႔မဟုတ္ရင္ ဘ၀လည္း ျပသဒါး ဘ၀ႀကီးျဖစ္သြားမွာေပါ႔။
#နည္းနည္းဖတ္၊ မ်ားမ်ားစဥ္းစား
အမ်ားႀကီးဖတ္ၿပီး နည္းနည္းမွမစဥ္းစားရင္ ဗဟုသုတမ်ားတဲ့ လူညံ့တစ္ေယာက္ပဲျဖစ္ေနမွာေပါ့။ အမ်ားႀကီးစဥ္းစားၿပီး ေရးထားတဲ့ စာအုပ္ေကာင္းနည္းနည္းေလာက္ကိုဖတ္ၿပီး ကိုယ္တိုင္ကမ်ားမ်ားစဥ္းစားႏိုင္ရင္ ပိုေကာင္းတယ္ဗ်။
#ရွက္စရာကို ရွက္တတ္ရမွာပဲ
သမိုင္းကို ျပန္ၿပီး ေလ့လာလို႔ ရွက္စရာေတြ႔ရင္၊ ကိုယ့္လူမ်ဳိး ညံ့ခ့ဲတာေတြ ျပန္ေတြ႔ရင္ ရွက္ကို ရွက္ရမွာပဲ။ ရွက္စရာကို ရွက္ရမွန္းကို မသိတာက ပိုၿပီးရွက္စရာ ေကာင္းတယ္၊ အဲဒီလို ညံ့တဲ့အျဖစ္မ်ဳိးကို ေနာက္ထပ္မေရာက္ရေအာင္ တစ္မ်ဳိးသားလံုး တက္ညီလက္ညီႀကိဳးစားၾကရမွာပဲ မဟုတ္လား။
#ေသရမွာထက္ ေၾကာက္တဲ့ ကိစၥ
အခ်ဳိ႕ကိစၥမ်ားကို ခဏေလာက္ကေလး ေၾကာင္းက်ဳိးဆက္စပ္ၿပီး စဥ္းစားလိုက္မည္ဆိုလွ်င္ ယုတၱိရွိေၾကာင္း၊ ယုတၱိမရွိေၾကာင္း သိလိုက္ႏိုင္ပါသည္။ (သို႔ေသာ္ မစဥ္းစားခ်င္ၾကပါ။) ထုိ႔ေၾကာင့္ အခ်ဳိ႕ေသာပညာရွိႀကီးမ်ားက လူေတြ အေၾကာက္ဆံုးေသာ အရာမွာစဥ္းစားျခင္း ျဖစ္သည္ဟု ဆိုခ့ၾဲကျခင္း ျဖစ္ပါသည္။ ကမာၻေက်ာ္ဒႆနပညာရွင္ႀကီး ဘာထရန္ရပ္ဆယ္လ္က လူအားလံုးေလာက္နီးနီးမွာ စဥ္းစားရမည္ကို ေသရမွာထက္ပိုေၾကာက္ၾကသည္။ ထုိ႔ေၾကာင့္ မစဥ္းစားဘဲ ေသကုန္ၾကျခင္း ျဖစ္သည္ ဟုရက္ရက္စက္စက္ေျပာခ့ျဲခင္းမွာ မလြန္လွဟုေအာက္ေမ့မိပါသည္။
(ဆရာေအာင္သင္း၏ အေတြးစကားမ်ား စာအုပ္မွ ထုတ္ႏႈတ္ထားျခင္း ျဖစ္ပါသည္)

Credit —

(Unicode)

ဆရာအောင်သင်း ပြောခဲ့သမျှ တသသ
==================

#အိမ်ထောင်ပြုခြင်း

ယောင်္ကျားတစ်ယောက် အိမ်ထောင်ပြုလိုက်ခြင်းဟာ လုပ်ဆောင်ဖွယ် ကိစ္စတော်တော်များများထဲကအရေးကြီးတဲ့ ကိစ္စတစ်ခုကိုပြုလိုက်တာပဲ။
(မြန်မာတို့ရ ့ဲ လူ့အဖွဲ့စည်း ပြဠာန်းချက်အရ) မိန်းမတစ်ယောက် အိမ်ထောင်ပြုလိုက်တာဟာ အရေး အကြီးဆုံး ကိစ္စတစ်ခုကို ဆောင်ရွက်လိုက်ရတာ ဖြစ်နေတယ်။

#အသိပညာနှင့် ထိန်းကွပ်သောအလှ

မိန်းကလေးတစ်ယောက်ဟာ မွေးသည်ကစပြီး သေသည်အထိ သုံးစွဲသွားနိုင်တာဟာ ရုပ်ရည်မဟုတ်ဘူး။ အသိပညာသာလျှင် ဖြစ်တယ်ဆိုတာကိုလည်းသိတယ်။ လှပတဲ့ရုပ်ရည်ကို ပညာနဲ့ ကွပ်ပေးလိုက်တဲ့အခါမှာ အလှဟာ ပိုပြီးတောက်ပြောင်လာတယ် ဆိုတာကိုလည်း သိတယ်။ ဒါကြောင့် အပေါင်းအသင်း ပတ်ဝန်းကျင်ကစပြီး သတိကြီးစွာနဲ့ဆင်ခြင်နေထိုင်တယ်။ အဲဒီမိန်းကလေးမျိုးဟာ ရှားတာတော့အမှန်ပဲ။ ဒါပေမဲ့ပတ်ဝန်းကျင်ကကိုပဲ ပြန်ပြီးလေးစားရိုသေခြင်း၊ ချစ်ခင်ခြင်းခံရတာကတော့ အဲဒီမိန်းကလေးမျိုးတွေသာလျှင်ဖြစ်ပါတယ်။

#လူ့ဘဝတွင် အရာရောက်လှသောအရာ

ပြန်ပြီးတစိမ့်စိမ့် စဉ်းစားကြည့်လိုက်တော့ လူ့ဘဝတွင်ဘယ်သူကမှ တရားဝင်အခွင့်အရေးမပါဘဲလျှက် အရာရောက်နေသည်မှာ အချစ်ဆိုသောကိစ္စပင်ဖြစ်သည်။

#အချစ်နှင့်မျက်စိ

အချစ်မှာ မျက်စိမရှိဘူးနော်၊ မှန်တယ်။ ဒါပေမယ့် ဦးနှောက်မှာတော့ဖြင့် မျက်စိရှိရလိမ့်မယ်။

#အချစ်ကို အချိုသတ်ထားပါ

ပညာသင်နေတဲ့အခါမှာ အိမ်ထောင်ကျမသွားအောင် အချစ်ကို အချိုသတ်ထားပါ။

#ဒေါင်းမြီးတွေရဲ ့အလှ

ဒေါင်းမြီးရဲ ့အလှဟာ ဒေါင်းတွေရဲ ့အသက်ကို အန္တရာယ်ပြုနေတယ် ၊ ဒေါင်းသားကိုစားချင်တာထက် ဒေါင်းမြီးကိုလိုချင်ကြလို့ဒေါင်းတွေကိုသတ်နေကြတာ မဟုတ်လား။ မိန်းကလေးတွေမှာလည်း လှရင် အဲဒီအလှဟာ အန္တရာယ်တစ်ခုလို ဖြစ်လာတက်တယ်။

#ငယ်ငယ်မှာ စန်းပွင့်လွန်းရင်

လှရင် စန်းပွင့်စမြဲပေါ့ ။ ဒါပေမယ့် ငယ်ငယ်မှာ‘စန်းပွင့်’ လွန်းရင် ဘဝမှာ လာဘ်တိတ်သွားတက်တာကို သတိပြုသင့်တယ်။

#အမှားနဲ့ ခဲဖျက်

မှားတာတော့ရှိကြစမြဲပေါ့ ၊ လူတိုင်းမှားတတ်ကြလို့လည်း ခဲတံတွေမှာ ခဲဖျက်တပ်ထားရတာပေါ့ ၊ ဒါပေမယ့် တချို့ အမှားတွေကခဲဖျက်နဲ့ဖျက်လို့မရဘူးနော်။

#အချိန်ဖြုန်းတီးမှု

အထူးသဖြင့် (ကျွန်တော်တို့လူငယ်များ) ရက်ရက်ရောရော ဖြုန်းတီနေသည့် အရာမှာ အချိန်ဖြစ်သည်။ လူငယ်တိုင်းသည် အချိန်ကို ဘယ်လောက်ပင် သုံးသုံး ထာဝရ မကုန်ခန်းနိုင်သော အရာကြီးဟု အမှတ်မထင် အောက်မေ့ နေတက်ကြပါသည်။
စင်စစ်အားဖြင့် အချိန်ဆိုသည်မှာ ဘယ်တော့မှ ပြန်မရနိုင်အောင် ဆုံးရှုံးတက်သည့် အရာ ဖြစ်ကြောင်း နိုးနိုးကြားကြား သတိပြုသင့်ပါသည်။ လူငယ်များသာမက နိုင်ငံဝန်ထမ်း အချို့ပင်လျှင် နိုင်ငံတော် ပိုင် အချိန်များကို ဖြုန်းတီးနေတက်ကြပါသည်။

#လောကဓံ

လူဆင်းရဲပေမယ့် စိတ်မဆင်းရဲစေနဲ့။ စီးပွားကျပေမယ့် စိတ်မကျစေနဲ့၊ ချမ်းသာခြင်း ဟာ သင်္ခါရပဲလို့ ပြောကြတယ်။ ဆင်းရဲခြင်းဆိုတာလည်း သင်္ခါရပဲဆိုတာ မြဲမြဲမှတ်ထား။ နင်တို့ လင်မယား အမြဲနွမ်းပါးနေမှာ မဟုတ်ဘူး။
ပိုင်ရှင်မရှိတဲ့ ခွေးလေခွေးလွင့်တောင်မှ သူ့ဘဝမှာ နေ့ကောင်းရက်သာ ရက်ရာဇာဆိုတာ ရှိစမြဲပဲ။ ဘာမှ အားမငယ်နဲ့ အခိုက်အတန့်လို့ သဘောထားပြီး ကြိုးစားကြ ၊ လင်မယားချင်း စကားမများအောင် နေကြ။

#ကြီးပွားမှုနှင့်ဗေဒင်

ကိုယ်ဖတ်ဖူးတဲ့ အတ္ထုပ္ပတ္တိတွေကို မှတ်မိသလောက်ပြန်ပြီး စဉ်းစားကြည့်လိုက်တော့ ဗေဒင်လက္ခဏာကဟောလိုက်တဲ့အတိုင်းဆောင်ရွက်လို့ ကြီးပွားလာခဲ့ရတယ်ဆိုတာမျိုး တစ်ခါမျှမတွေ့ဖူးပါဘူး။ စိတ်ဆန္ဒပြင်းပြလွန်းလို့ အောင်မြင်ကြီးပွားသွားတယ်ဆိုတာမျိုးကိုပဲ တွေ့ရတတ်လေ့ရှိပါတယ်။

#အပေါင်းအသင်းပတ်ဝန်းကျင်

လူဆိုတာ ပတ်ဝန်းကျင်တစ်ခုထဲမှာတော့ အမြဲရောက်နေရတာမဟုတ်လား။ ဒီတော့ . . .

(၁) “ အပေါင်းအသင်း ပတ်ဝန်းကျင်ဟာသိပ်အရေးကြီးတယ် ” ဆိုတာကို ခိုင်ခိုင်မာမာ လက်ခံထားသင့်ပါတယ်။

(၂) မိမိပတ်ဝန်းကျင်ကို မကြာခဏ နိုးနိုးကြားကြားစစ်ဆေးနေသင့်တယ်။

(၃) မကောင်းတဲ့ ပတ်ဝန်းကျင်ကို စွဲလမ်းတွယ်တာနေမိပြီဆိုရင် . . . “ ငါဘဝ နစ်မွန်းဖို့သေချာနေပြီ ” ရယ်လို့ ရဲရဲဝံ့ဝံ့ ခိုင်ခိုင်မာမာ သတ်မှတ်သင့်ပါတယ်။

(၄) မကောင်းတဲ့အစွဲ၊ မကောင်းတဲ့ ပတ်ဝန်းကျင်ကို ကောင်းတဲ့အစွဲ၊ ကောင်းတဲ့ပတ်ဝန်းကျင်နဲ့
အစားထိုးပြီး ဖြတ်ဖို့ နိုးနိုးကြားကြား ကြိုးစားသင့်ပါတယ်။

#လူမိုက်နှင့် လူလိမ္မာ

လူမိုက်တို့သည် တစ်ပါးသူ၏ အမှားမှ သင်ခန်းစာကို ယူတတ်၏ ။

လူမိုက်တို့ကား ကိုယ်တိုင်မှားမှ သင်ခန်းစာကိုရကြ၏ ။

ပို၍ မိုက်မဲသောသူတို့ကား ကိုယ်တိုင် မှားပါလျက် နှင့်ပင် သင်ခန်းစာ မယူတတ်ကြကုန် ။

#အားလပ်ချိန်၏ အန္တရာယ်

အားလပ်ချိန်များသည် လူငယ်များအား ပျက်စီးခြင်းတွင်းဝသို့ပို့ပေးရန် အသင့်စောင့်ဆိုင်းနေသောကူးတို့ဆိပ်ကြီးများသဖွယ် ဖြစ်နေတက်သည်။

#တိုင်းပြည်ကို မြှင့်လိုလျှင်

လူက တိရစ္ဆာန်ထက်သာသည်ဟုဆိုနိုင်သည်။ သို့သော် တိရစ္ဆာန်က လူထက်သာသောနေရာပေါင်းများစွာ ရှိသည်။ေ ခွးတစ်ကောင်းသည် သူ့သခင်၏အနံ့ကို ခွဲခြားသိနိုင်သည်။ ဆင်သည်လူထက်အားကြီးသည် လူသည် ငါးလောက် ရေမကူးနိုင် သမင်းပြေးသလောက် မပြေးနိုင်။ သို့သော် လူကဉာဏ်ပညာကြီးသည်။ ထို့ကြောင့် မိမိထက် အင်အားကြီးသော ဆင်ကိုချွန်းပေါက်ပြီး သစ်ဆွဲခိုင်းသည်။သမင်ကို လေးမြားဖြင့် ပစ်ခတ်စားသောက်သည်။ ဤသို့အားဖြင့် လူသည်ဉာဏ်ပညာကို လက်နက်ပြပြီး တိရစ္ဆာန်များကို လွှမ်းမိုးနိုင်ခဲ့သည်။

လူကပညာကြီးသောကြောင့် တိရစ္ဆာန်များကို လွှမ်းမိုးနိုင်ခဲ့သည်ဆိုပါလျှင် လူအချင်းချင်းတွင်လည်း ပညာကြီးသူက ပညာနည်းသူကို လွှမ်းမိုးနိုင်မည်သာသဘာဝပင်ဖြစ်သည်။ ထို့အတူ ပညာကြီးသောလူမျိုးက ပညာနည်းသောလူမျိုးကို လွှမ်းမိုးနိုင်ပေလိမ့်မည်။ ထို့ကြောင့် မိမိတိုင်းပြည်နှင့်လူမျိုးကို မြှင့်တင်လိုသည်ဆိုပါလျှင် မိမိ တိုင်းပြည်နှင့်လူမျိုးကို စောင့်ရှောက်လိုသည်ဆိုပါလျှင် ပညာမြင့်အောင် ကြိုးစားကြပေလိမ့်မည်။

#အရည်အချင်း နှစ်ရပ်

ကျွန်တော်သာ လူငယ်တွေကိုလေ့လာသင်ကြားပေးရမယ်ဆိုရင် လူငယ်တွေကို အရည်အချင်းနှစ်ရပ်နဲ့ပဲပြည့်စုံအောင် သင်ကြားပေးပါ့မယ်။ အဲဒါတွေက

(၁) သတ္တိကောင်းအောင်

(၂) ကိုယ်ပိုင်ဉာဏ် သုံးတတ်အောင်

(၁) အနေနဲ့ သတ္တိကောင်းအောင်ဆိုတာက လက်သီးချင်း ထိုးဝံ့အောင်၊ ရိုက်ဝံ့နှက်ဝံ့အောင်၊ သတ်ရဲသေရဲအောင်ဆိုတဲ့ ကာယဆိုင်ရာသတ္တိမျိုးကို ဆိုလိုတာမဟုတ်ပါဘူး။ မမှန်တာကို မလုပ်ဘူး၊ မတော်လောဘမရှိစေရဘူး၊ စည်းစိမ်ချမ်းသာကို မတ်မောပြီး မတော်တာကို မလုပ်ဘူး၊ လျှာပေါ်မှာ မြက်ပင်ပေါက်ချင် ပေါက်ပါစေတော့ မဟုတ် မတရားတဲ့နည်းနဲ့ ထမင်းရှာမစားဘူးဆိုတဲ့ စာရိတ္တသတ္တိမျိုးကိုဆိုလိုတာပါ။

(၂) အနေနဲ့ ကိုယ်ပိုင်ဉာဏ်သုံးတက်အောင် လေ့ကျင့်ပေးမယ်ဆိုတာက ကိုယ်ပိုင်ဉာဏ်န ့ဲ အမှားအမှန်ကိုချင့်ချိန်တက်အောင် လေ့ကျင့်ပေးလိုက်ခြင်းပါပဲ။ ကိုယ်ပိုင်ဉာဏ်သုံးတဲ့ အလေ့မဖွ့ံဖြိုးရင် လူငယ်တွေမှာအန္တရာယ်ကြီးတတ်ပါတယ်။

#သူ့ကျွန်ဖြစ်ရခြင်း၏အကြောင်း

သူ့ကျွန်ဖြစ်ခဲ့တဲ့ ကိစ္စ ဘာကြောင့်ဖြစ်ခဲ့ရသလဲ။ သုံးကြိမ် အင်္ဂလိပ်နဲ့စစ်တိုက်တာ သုုံးကြိမ်စလုံး ရှုံးတယ်။ ဘာဖြစ်လို့ရှုံးလဲ။ ပညာမတတ်လို့ ရှုံးတာ။ ဒါပဲ။ဗန္ဓုလလောက် မျိုးချစ်စိတ် ရှိဦးမလား။ဗန္ဓုလထက်ဘယ်သူ သတ္တိကောင်းဦးမလဲ။

ဟိုက “ထုန်း” ဆို(ပစ်လိုက်တော့)သေရော။ ကိုယ်ကမှ ပြန်မ “ထုန်း”နိင်ဘဲ။ ခံရတာပေါ့။

#ဘာမှမဖြစ်နိုင်တဲ့သူ

သတ္တိမရှိတဲ့သူဟာ ဘာမှမလုပ်ဝ့ံဘူး။ ဘာမှမလုပ်ဝံ့ရင်ဘာမှမဖြစ်နိုင်တော့ဘူး။ ဒါကြောင့် သတ္တိဆိုတာဟာ အရာရာတိုင်းရဲ့အကြောင်းခံကြီးဖြစ်တယ် ဆိုတာကို သေချာသဘောပေါက်ထား သင့်ကြပါတယ်။ သတ္တိနဲ့ပတ်သက်ပြီး စပိန်လူမျိုးစာရေးဆရာကြီး “ဆာဗင်တီး”ပြောဖူးတာကို သတိရလိုက်မိ ပြန်တယ်။

သူပြောတာက. . .စည်းစိမ်၊ ဥစ္စာ ဆုံးရှုံးလျှင် များစွာဆုံးရှုံး၏။ ခင်ပွန်းကောင်းတစ်ယောက် ဆုံးရှုံးလျှင် ပို၍ဆုံးရှုံး၏။ သတ္တိဆုံးရှုံးလျှင်ကား အားလုံးကုန်ပါလေပြီတဲ့။

#စိတ်အလို မလိုက်မှားမှု

အမေရိကန်ခရစ်ယာန် ဘုန်းတော်ကြီး ” အာရ်ဒီ၊ ဟစ်ချ်ကော့” ပြောဖူးတဲ့စကားလေးဟာ တယ်ပြီးမှတ်သားဖို့ ကောင်းတယ်။
“အောင်မြင်မှုဟူသမျှ၏ သော့ချက်ကား စိတ်အလိုကို မလိုက်မှား မှုပေတည်း။ သင့်ကိုယ်သင်သာလျှင် ထိန်းသိမ်းနိုင်စွမ်းရှိပါစေ၊ သင်သည် ပညာတက် တစ်ယောက် ပေတည်း။ ထိုအချက်ကင်းမဲ့နေပါလျှင် အခြားဘာတွေကိုပဲ တတ်နေနေ အချည်းအနှီးသာတည်း” တဲ့။

#စိတ်ပျက်ပေမယ့် လက်မပျက်ပါနဲ့

စိတ်ပျက်ပေမယ့် လက်တော့မပျက်လိုက်ပါနဲ့ ၊ “စိတ်ပျက်လက်ပျက်” ဆိုတာမျိုးမလုပ်လိုက်ပါနဲ့ ၊ ဆိုလိုတာက လေ့ကျင့်ကြိုးပမ်းနေမှုကို လျှော့မပစ်လိုက်ပါနဲ့။

#ဆုမတောင်းနဲ့ ဆုပန်ပါ

ယောင်္ကျားကောင်းတို့မည်သည် ဆုမတောင်းရဘူး၊ ဆုပန်ရတယ်။ မင်းတို့ယုံကြည် ကိုးကွယ်ရာ ဘုရားရှေ့မှာ တရိုတသေ၊ အလေးအနက် ပူဇော်ကန်တော့ပြီး “တပည့်တော်ဟာ မိဘထက် တစ်ဆင့်မြင့်တဲ့မျိုးဆက်သစ်ကို ထူထောင်နိုင်တဲ့ ယောင်္ကျားကောင်း (မိန်းမမြတ်) ဖြစ်အောင် ဒီကနေ့ကစပြီး မဖြစ်မနေအသက်ပဲသေသေ ကြိုးပမ်းပါတော့မည် လို့ အရှင်ဘုရားရှေ့ မှာကတိပြုဆုပန်ပါတယ်ဘုရား”
လို့သစ္စာပြုဝံ့သလား။ သစ္စာပြုဝံ့တယ်ဆိုတဲ့ အတိုင်းအတာကြီးထိ မဟုတ်ရင်တောင်မှ အလေးအနက် နှုတ်ကမြွက်ပြီးဆုပန်ဝံ့သလား။ အဲဒီ ပြဒါးတိုင်နဲ့မင်းရ ဲ ့ ဆန္ဒပြင်းအားကို တိုင်းတာကြည့်ပေတော့ကွာ။

#လူရာဝင်ချင်ရင် အသုံးကျအောင်လုပ်

ပညာတတ်ချင် တတ်မယ်၊ ဘွဲ့ရချင်ရမယ်၊ အသုံးမကျရင် လူရာမဝင်ဘူး။ ပတ်ဝန်းကျင်အတွက် မင်းဟာ အမြဲတမ်း အသုံးဝင်နေအောင် လုပ်ပါ။ တချို ့ဆိုရင် ပညာမတတ်ဘူး၊ ဒါပေမယ့် ရပ်ကွက်ထဲမှာ သူ့နည်းနဲ့သူ အသုံးဝင်အောင်လုပ်တယ်။ အဲဒါကြောင့် လူရာဝင်တယ်ဆိုတာ ကိုယ့်ကိုယ်ကို အသုံးဝင်အောင် လုပ်တာ။ ဘာမှ အသုံးမဝင်ရင် အသုံးမကျတဲ့ကောင် ဖြစ်သွားမှာပေါ့။

#သိက္ခာနှင့် လိပ်ပြာ

အများမိုးခါးရေသောက်၊ ကိုယ် သောက်တဲ့ ၊ အူမ တောင့်မှ သီလစောင့်နိုင်မည် တဲ့ ၊ ဤစကားပုံများကို မည်သို့ သုံးစွဲနေကြသနည်း။
မဟုတ်တာလုပ်သည့် ကိစ္စအတွက် ကိုယ့်ဘာသာလိပ်ပြာလုံအောင် အသုံးချနေသည်ကိုသာ တွေ့ကြရမည် ဖြစ်ပါသည်။ မဟုတ်တာလုပ်မိလျှင် လိပ်ပြာငယ်ကြရပါမည်။ လိပ်ပြာမလုံ ဖြစ်ရပါလိမ့်မည်။

လိပ်ပြာလုံအောင် ထိုစကားပုံများနှင့် လိပ်ပြာခြုံထားလိုက်ခြင်းသာ ဖြစ်နေပါလိမ့်မည်။ မကောင်းတာ လုပ်နေသည်ကိုပင်လျှင် လိပ်ပြာလုံသွားပြီဆိုတော့ စာရိတ္တပျက်ခြင်းတွင် ဆုံးခန်းတိုင်သွားပြီဟု ဆိုကြရ ပါတော့မည်။

#ပြသဒါး နှင့် ရက်ရာဇာ

ကိုယ်ရပိုင်ခွင့်မဟုတ်တဲ့ မရထိုက်တဲ့အခွင့်အရေး ၊ မရထိုက်တဲ့ငွေကြေးကို ယူကိုမယူန့။ဲ (အဲဒါ ပြသဒါး ပဲ)။ ပြသဒါး ပိုက်ဆံကို မရှာနဲ့။ ရက်ရာဇာ ပိုက်ဆံကိုရှာပါ။ ရသင့်ရထိုက်တဲ့ ရက်ရာဇာပိုက်ဆံကိုရမှ မောင်ရင်လည်း ရာဇာဖြစ်နိုင်မှာပေါ့။ နို့မဟုတ်ရင် ဘဝလည်း ပြသဒါး ဘဝကြီးဖြစ်သွားမှာပေါ့။

#နည်းနည်းဖတ်၊ များများစဉ်းစား

အများကြီးဖတ်ပြီး နည်းနည်းမှမစဉ်းစားရင် ဗဟုသုတများတဲ့ လူညံ့တစ်ယောက်ပဲဖြစ်နေမှာပေါ့။ အများကြီးစဉ်းစားပြီး ရေးထားတဲ့ စာအုပ်ကောင်းနည်းနည်းလောက်ကိုဖတ်ပြီး ကိုယ်တိုင်ကများများစဉ်းစားနိုင်ရင် ပိုကောင်းတယ်ဗျ။

#ရှက်စရာကို ရှက်တတ်ရမှာပဲ

သမိုင်းကို ပြန်ပြီး လေ့လာလို့ ရှက်စရာတွေ့ရင်၊ ကိုယ့်လူမျိုး ညံ့ခဲ့တာတွေ ပြန်တွေ့ရင် ရှက်ကို ရှက်ရမှာပဲ။ ရှက်စရာကို ရှက်ရမှန်းကို မသိတာက ပိုပြီးရှက်စရာ ကောင်းတယ်၊ အဲဒီလို ညံ့တဲ့အဖြစ်မျိုးကို နောက်ထပ်မရောက်ရအောင် တစ်မျိုးသားလုံး တက်ညီလက်ညီကြိုးစားကြရမှာပဲ မဟုတ်လား။

#သေရမှာထက် ကြောက်တဲ့ ကိစ္စ

အချို့ကိစ္စများကို ခဏလောက်ကလေး ကြောင်းကျိုးဆက်စပ်ပြီး စဉ်းစားလိုက်မည်ဆိုလျှင် ယုတ္တိရှိကြောင်း၊ ယုတ္တိမရှိကြောင်း သိလိုက်နိုင်ပါသည်။ (သို့သော် မစဉ်းစားချင်ကြပါ။) ထို့ကြောင့် အချို့သောပညာရှိကြီးများက လူတွေ အကြောက်ဆုံးသော အရာမှာစဉ်းစားခြင်း ဖြစ်သည်ဟု ဆိုခြဲ့ကခြင်း ဖြစ်ပါသည်။ ကမ္ဘာကျော်ဒဿနပညာရှင်ကြီး ဘာထရန်ရပ်ဆယ်လ်က လူအားလုံးလောက်နီးနီးမှာ စဉ်းစားရမည်ကို သေရမှာထက်ပိုကြောက်ကြသည်။ ထို့ကြောင့် မစဉ်းစားဘဲ သေကုန်ကြခြင်း ဖြစ်သည် ဟုရက်ရက်စက်စက်ပြောခြဲ့ခင်းမှာ မလွန်လှဟုအောက်မေ့မိပါသည်။

(ဆရာအောင်သင်း၏ အတွေးစကားများ စာအုပ်မှ ထုတ်နှုတ်ထားခြင်း ဖြစ်ပါသည်)

Credit —

LEAVE A REPLY

Please enter your comment!
Please enter your name here