“ေန႔စဥ္အားထုတ္တာ”နဲ႔ “ေနစဥ္အားထုတ္တာ”
#အရွင္ရာဇိႏၵ(ရေ၀ႏြယ္-အင္းမ)

Q. တရားစခန္း၀င္ခ်ိန္သာမကဘဲ ေန႔စဥ္ဘ၀မွာ သြားလာလႈပ္ရွားရင္း၊ အလုပ္လုပ္ေနရင္းနဲ႔ တရား႐ႈမွတ္တတ္ေအာင္ လမ္းညႊန္ေပးေတာ္မူပါဘုရား။
A. တရားအားထုတ္တဲ့ေနရာမွာ ႏွစ္မ်ဳိးရိွတယ္။ တစ္မ်ဳိးက အခ်ိန္ေလးသတ္မွတ္ၿပီးေတာ့ အားထုတ္တာ၊ ဥပမာ မနက္ ၆.၃၀ ကေန ၇ နာရီအထိ နာရီ၀က္ ပံုမွန္သတ္မွတ္ၿပီးေတာ့ တရားအားထုတ္တာရယ္၊ ေနာက္တစ္မ်ဳိးက သြားရင္းလာရင္း၊ စားရင္းေသာက္ရင္း အားထုတ္တာရယ္ဆိုၿပီး ရိွတယ္။ အဲဒီႏွစ္မ်ဳိးက ဟန္ခ်က္ညီေနမွ အဆင္ေျပတယ္။ အဲဒါကို ဆရာေတာ္ဘုရားေတြက ဘယ္လိုခြဲထားလဲဆိုေတာ့ “ေန႔စဥ္အားထုတ္တာ”နဲ႔ “ေနစဥ္အားထုတ္တာ”တဲ့။ ဥပမာ ၆.၃၀ ကေန ၇ နာရီအထိ ပံုမွန္အားထုတ္တာကို ေန႔စဥ္အားထုတ္တယ္လို႔ ေခၚတယ္။ သြားတာလာတာ၊ စားတာေသာက္တာကို လိုက္ၿပီးေတာ့ မွတ္ေနတာက်ေတာ့ ေနစဥ္အားထုတ္တယ္လို႔ ေခၚတယ္။ ဥပမာ ေရခ်ဳိးရင္လည္းပဲ ေရခ်ဳိးတယ္၊ ေရခ်ဳိးတယ္၊ သြားတုိက္ရင္လည္း သြားတိုက္တယ္၊ သြားတိုက္တယ္၊ မ်က္ႏွာသစ္ရင္လည္း မ်က္ႏွာသစ္တယ္၊ မ်က္ႏွာသစ္တယ္၊ အ၀တ္အစားလဲရင္လည္း အ၀တ္အစားလဲတယ္၊ လဲတယ္၊ ႐ံုးသြားတဲ့အခါလည္း သြားတယ္၊ သြားတယ္၊ ေလွကားတက္ရတဲ့အခါ ေလွကားထစ္ေတြကို နင္းတယ္၊ နင္းတယ္၊ စကားေျပာတာဆိုတာ၊ လုပ္တာ၊ ကိုင္တာ၊ ေနာက္ဆံုး က်င္ႀကီးက်င္ငယ္စြန္႔တာကအစ စြန္႔ခ်င္တယ္၊ စြန္႔ခ်င္တယ္၊ စြန္႔တယ္၊ စြန္႔တယ္ဆိုၿပီးေတာ့ အဲဒီလိုေလးေတြ လိုက္မွတ္သြားတာကို ေနစဥ္ အားထုတ္တယ္လို႔ ေခၚတယ္။

အဲဒီေတာ့ ေန႔စဥ္လည္း အားထုတ္ရမယ္၊ ေနစဥ္လည္း အားထုတ္ရမယ္။ ဒီႏွစ္ခ်က္ ဟန္ခ်က္ညီမွ အဆင္ေျပတယ္။ ေန႔စဥ္ေလာက္ပဲ အားထုတ္ၿပီး ေနစဥ္အားမထုတ္ရင္လည္း အဆင္မေျပဘူး။ ေနစဥ္ေတာ့ အားထုတ္ေပမယ့္ ေန႔စဥ္ အခ်ိန္ေလးယူၿပီး အားမထုတ္ျပန္ရင္လည္း မျပည့္စံုဘူး။ အဲဒီေတာ့ ႏွစ္မ်ဳိးစလံုး အားထုတ္ႏိုင္ရင္ေတာ့ အေကာင္းဆံုးပါပဲ။

ေန႔စဥ္ အားထုတ္တာက်ေတာ့ အခ်ိန္သတ္မွတ္ထားတဲ့အတြက္ မွတ္ရတာ လြယ္တယ္။ ေနစဥ္အားထုတ္တာ သြားတာ၊ လာတာ၊ စားတာ၊ ေသာက္တာကို လိုက္ၿပီးေတာ့မွတ္ဖို႔က်ေတာ့ အခ်ိန္ျပည့္အားထုတ္ဖို႔ မလြယ္ဘူး။ ဒါေပမဲ့ စိတ္ထဲမွာေတာ့ သတိရလိုက္တာနဲ႔မွတ္၊ သတိရလိုက္တာနဲ႔ မွတ္၊ ဥပမာ ေရေသာက္တယ္ဆိုရင္လည္း မွတ္လို႔ရတာပဲ။ ခြက္ကေလးကို လွမ္းေတာ့ လွမ္းတယ္၊ ကိုင္ေတာ့ ကိုင္တယ္၊ ယူေတာ့ ယူတယ္၊ ပါးစပ္နဲ႔ထိေတာ့ ထိတယ္၊ ေသာက္ေတာ့ ေသာက္တယ္ဆိုၿပီးေတာ့ ကိုယ္သတိရလိုက္တာနဲ႔ သတိရသေလာက္ေလးမွတ္တဲ့ အေလ့အက်င့္ေလးကို လုပ္ထားရင္ အဆင္ေျပမယ္။ ႏွစ္မ်ဳိးစလံုးနဲ႔ မွတ္ရမွာပါ။

တရားအားထုတ္တဲ့ေနရာမွာ အခ်ိန္မေရြး၊ ေနရာမေရြး၊ အလုပ္မေရြး၊ ဣရိယာပုတ္မေရြး ႐ႈမွတ္လို႔ ရပါတယ္။ ဦးပဥၨင္းအရွင္ဆႏၵာဓိကကေတာ့ မေရြးေလးပါးလို႔ ေျပာထားပါတယ္။

(ဆရာေတာ္အရွင္ရာဇိႏၵ(ရေ၀ႏြယ္-အင္းမ) မိန္႔ၾကားေတာ္မူေသာ စိတ္ၿငိမ္းခ်မ္းေအာင္ေနထိုင္နည္း အင္တာဗ်ဴးေဆာင္းပါးမွ ေကာက္ႏုတ္ေဖာ္ျပသည္။ လြတ္လပ္စြာ Share ႏိုင္၊ Copy ယူႏိုင္ပါသည္။)
Eternal Light Magazineမွ ကူးယူ
ေဖၚျပသည္။

(Unicode)

“နေ့စဉ်အားထုတ်တာ”နဲ့ “နေစဉ်အားထုတ်တာ”
#အရှင်ရာဇိန္ဒ(ရဝေနွယ်-အင်းမ)

Q. တရားစခန်းဝင်ချိန်သာမကဘဲ နေ့စဉ်ဘဝမှာ သွားလာလှုပ်ရှားရင်း၊ အလုပ်လုပ်နေရင်းနဲ့ တရားရှုမှတ်တတ်အောင် လမ်းညွှန်ပေးတော်မူပါဘုရား။
A. တရားအားထုတ်တဲ့နေရာမှာ နှစ်မျိုးရှိတယ်။ တစ်မျိုးက အချိန်လေးသတ်မှတ်ပြီးတော့ အားထုတ်တာ၊ ဥပမာ မနက် ၆.၃၀ ကနေ ၇ နာရီအထိ နာရီဝက် ပုံမှန်သတ်မှတ်ပြီးတော့ တရားအားထုတ်တာရယ်၊ နောက်တစ်မျိုးက သွားရင်းလာရင်း၊ စားရင်းသောက်ရင်း အားထုတ်တာရယ်ဆိုပြီး ရှိတယ်။ အဲဒီနှစ်မျိုးက ဟန်ချက်ညီနေမှ အဆင်ပြေတယ်။ အဲဒါကို ဆရာတော်ဘုရားတွေက ဘယ်လိုခွဲထားလဲဆိုတော့ “နေ့စဉ်အားထုတ်တာ”နဲ့ “နေစဉ်အားထုတ်တာ”တဲ့။ ဥပမာ ၆.၃၀ ကနေ ၇ နာရီအထိ ပုံမှန်အားထုတ်တာကို နေ့စဉ်အားထုတ်တယ်လို့ ခေါ်တယ်။ သွားတာလာတာ၊ စားတာသောက်တာကို လိုက်ပြီးတော့ မှတ်နေတာကျတော့ နေစဉ်အားထုတ်တယ်လို့ ခေါ်တယ်။ ဥပမာ ရေချိုးရင်လည်းပဲ ရေချိုးတယ်၊ ရေချိုးတယ်၊ သွားတိုက်ရင်လည်း သွားတိုက်တယ်၊ သွားတိုက်တယ်၊ မျက်နှာသစ်ရင်လည်း မျက်နှာသစ်တယ်၊ မျက်နှာသစ်တယ်၊ အဝတ်အစားလဲရင်လည်း အဝတ်အစားလဲတယ်၊ လဲတယ်၊ ရုံးသွားတဲ့အခါလည်း သွားတယ်၊ သွားတယ်၊ လှေကားတက်ရတဲ့အခါ လှေကားထစ်တွေကို နင်းတယ်၊ နင်းတယ်၊ စကားပြောတာဆိုတာ၊ လုပ်တာ၊ ကိုင်တာ၊ နောက်ဆုံး ကျင်ကြီးကျင်ငယ်စွန့်တာကအစ စွန့်ချင်တယ်၊ စွန့်ချင်တယ်၊ စွန့်တယ်၊ စွန့်တယ်ဆိုပြီးတော့ အဲဒီလိုလေးတွေ လိုက်မှတ်သွားတာကို နေစဉ် အားထုတ်တယ်လို့ ခေါ်တယ်။

အဲဒီတော့ နေ့စဉ်လည်း အားထုတ်ရမယ်၊ နေစဉ်လည်း အားထုတ်ရမယ်။ ဒီနှစ်ချက် ဟန်ချက်ညီမှ အဆင်ပြေတယ်။ နေ့စဉ်လောက်ပဲ အားထုတ်ပြီး နေစဉ်အားမထုတ်ရင်လည်း အဆင်မပြေဘူး။ နေစဉ်တော့ အားထုတ်ပေမယ့် နေ့စဉ် အချိန်လေးယူပြီး အားမထုတ်ပြန်ရင်လည်း မပြည့်စုံဘူး။ အဲဒီတော့ နှစ်မျိုးစလုံး အားထုတ်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။

နေ့စဉ် အားထုတ်တာကျတော့ အချိန်သတ်မှတ်ထားတဲ့အတွက် မှတ်ရတာ လွယ်တယ်။ နေစဉ်အားထုတ်တာ သွားတာ၊ လာတာ၊ စားတာ၊ သောက်တာကို လိုက်ပြီးတော့မှတ်ဖို့ကျတော့ အချိန်ပြည့်အားထုတ်ဖို့ မလွယ်ဘူး။ ဒါပေမဲ့ စိတ်ထဲမှာတော့ သတိရလိုက်တာနဲ့မှတ်၊ သတိရလိုက်တာနဲ့ မှတ်၊ ဥပမာ ရေသောက်တယ်ဆိုရင်လည်း မှတ်လို့ရတာပဲ။ ခွက်ကလေးကို လှမ်းတော့ လှမ်းတယ်၊ ကိုင်တော့ ကိုင်တယ်၊ ယူတော့ ယူတယ်၊ ပါးစပ်နဲ့ထိတော့ ထိတယ်၊ သောက်တော့ သောက်တယ်ဆိုပြီးတော့ ကိုယ်သတိရလိုက်တာနဲ့ သတိရသလောက်လေးမှတ်တဲ့ အလေ့အကျင့်လေးကို လုပ်ထားရင် အဆင်ပြေမယ်။ နှစ်မျိုးစလုံးနဲ့ မှတ်ရမှာပါ။

တရားအားထုတ်တဲ့နေရာမှာ အချိန်မရွေး၊ နေရာမရွေး၊ အလုပ်မရွေး၊ ဣရိယာပုတ်မရွေး ရှုမှတ်လို့ ရပါတယ်။ ဦးပဥ္ဇင်းအရှင်ဆန္ဒာဓိကကတော့ မရွေးလေးပါးလို့ ပြောထားပါတယ်။

(ဆရာတော်အရှင်ရာဇိန္ဒ(ရဝေနွယ်-အင်းမ) မိန့်ကြားတော်မူသော စိတ်ငြိမ်းချမ်းအောင်နေထိုင်နည်း အင်တာဗျူးဆောင်းပါးမှ ကောက်နုတ်ဖော်ပြသည်။ လွတ်လပ်စွာ Share နိုင်၊ Copy ယူနိုင်ပါသည်။)
Eternal Light Magazineမှ ကူးယူ
ဖေါ်ပြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here