ေဒါသ၏ သေဘာ

” ေဒါသ ” သည္ ရုပ္ႏွင့္ နာမ္ ရွိေနေသာ သာမန္လူ
မည္သူမဆိုတြင္ ကိန္းေအာင္းေနေပသည္။
အခ်ဳိ႕လူမ်ားသည္ အမ်က္ထြက္စိတ္ဆိုးမွေဒါသျဖစ္သည္ဟု ထင္ေနတတ္ၾကသည္။
အမွန္ေတာ့
” စိတ္ဆိုး၊ စိတ္ပ်က္၊ စိတ္ေကာက္၊ စိတ္ညစ္၊ စိတ္ရႈပ္၊ စိတ္ေလး၊ စိတ္ေနာက္၊ စိတ္နာ၊ စိတ္ေပါက္၊ စိတ္ေမာ၊ စိတ္အိုက္၊ စိတ္ခု၊
စိတ္ဆတ္၊ စိတ္တုိ၊ စိတ္ကြက္၊ စိတ္မခ်မ္းသာ၊ စိတ္ဆင္းရဲ၊
စိတ္ပူပန္၊ စိတ္အားငယ္၊ စိတ္တိုင္းမက်၊ စိတ္အလုိမက်၊
စိတ္မေကာင္း၊ စိတ္မွတ္ႀကီး၊ စိတ္လိုက္မာန္ပါ၊ စိတ္ေသာက၊
စိတ္ပင္ပန္း၊ စိတ္မအီသာ၊ စိတ္ႏွလံုးမသာယာ၊ စိတ္ၿငိဳျငင္၊
စိတ္စႏိုးစေနာက္၊ ၀မ္းနည္း၊ ပူေဆြး၊ ငိုေႂကြး၊ ရန္ၿငိဳးထား၊
အာဃာတထား၊ သ၀န္တို၊ သ၀န္ေၾကာင္၊ မနာလို၊ တြန္႔တို၊
ေစးႏဲွ…” အစရွိေသာ စိတ္ပိုင္းဆိုင္ရာ အမူအယာမ်ားသည္
ေဒါသအရင္းခံ၍ ျဖစ္ေနၾကရေသာ
ျပႆနာမ်ား ျဖစ္ၾကသည္။
စကားလံုး အသံုးအႏႈန္း မတူေသာ္လည္း ၄င္းတို႔ အားလံုးသည္
ေဒါသမ်ားပင္ ျဖစ္ၾကသည္။
ေဒါသ၏ အဓိပၸာယ္ကို စိတ္ဆိုးျခင္း၊ အမ်က္ထြက္ျခင္း
ဟုပင္ ရိုးရွင္းစြာ ဘာသာ ျပန္ႏိုင္သည္။
ေဒါသထြက္ေသာ ပုဂၢိဳလ္မ်ားသည္ ကိုယ္အမူအယာ၊
ႏုတ္အမူအယာမ်ား ၾကမ္းတမ္း လာသည္။
ေျပာင္းလဲကုန္သည္။ ေဒါသတြင္ ၾကမ္းထမ္းေသာ သေဘာ
လကၡဏာမ်ား ရွိေနသည္။ ေဒါသ ထြက္ေနသူတြင္
မ်က္ႏွာ နီရဲေနၿပီး ႏွလံုးခံုႏႈန္း ပိုျမန္ေနသည္။ မ်က္ႏွာနီရဲေနရျခင္းမွာ
ႏွလံုးေသြးမ်ား ဆူပြက္ေနၿပီး ေသြးလွည့္ပတ္ႏႈန္းမ်ား
သာမာန္ထက္ ျမန္ေနေသာေၾကာင့္ ျဖစ္သည္။
ထိုေၾကာင့္ဦးေႏွာက္ထဲရွိ ေသးငယ္ေသာ ေသြးေၾကာမ်ားကို
ျပတ္ေတာက္သြားေစၿပီး ရုတ္တရက္ ေသဆံုးမႈကို
ျဖစ္ေစႏိုင္သည္။
လူပင္မဆိုထားႏွင့္ မေနာပေဒါသိက နတ္မ်ားပင္လွ်င္
ေဒါသထြက္လွ်င္ ဘ၀ ျပတ္ေႂကြ၍ စုေတၾကရသည္။
ေဒါသ၏ အက်ဳိးဆက္ အေနျဖင့္ ပထမဦးစြာ မိမိကုိယ္ကို
ပ်က္စီးေစျခင္းပင္ ျဖစ္သည္။
ထိုတြင္ မကေသးေပ။ သူတစ္ပါးကိုပင္လွ်င္ဒုကၡ ေပးတတ္
ေသးသည္။
ဥပမာ အိမ္တစ္အိမ္တြင္ ဖခင္ ျဖစ္သူသည္ ေဒါသထြက္ေနလွ်င္
က်န္သည့္ မိသားစု၀င္မ်ား အားလံုး စိတ္ဆင္းရဲရသည္။
မိခင္ ျဖစ္သူက ေဒါသထြက္ေနလွ်င္လည္း ထို႔အတူပင္ ျဖစ္သည္။
မိသားစုတြင္ မည္သူပင္ ျဖစ္ပါေစ တစ္ေယာက္ေယာက္
ေဒါသထြက္ေနလွ်င္ က်န္သည့္ မိသားစု၀င္မ်ား အားလံုး
စိတ္ဆင္းရဲ ရသည္ခ်ည္းပင္။ ထိုေၾကာင့္ ေဒါသသည္
မိမိအတြက္ပင္ သာမက တစ္ပါးသူမ်ား အတြက္ လည္းပဲ
ကူးစက္ေရာဂါ ကဲ့သို႔ စိတ္ဒုကၡ ကို ေရာက္ေအာင္ ဖန္တီး
တတ္ေပသည္။
ျမတ္စြာဘုရား ေဟာၾကားထားေသာ အဘိဓမၼာတြင္လည္း
အကုသိုလ္ ေစတသိက္ (၁၄) ပါး တို႔တြင္ ေဒါသ အုပ္စု
အသင္း၀င္ ေစတသိက္ (၄) ပါး ရွိသည္။
၄င္းတို႔မွာ ” ေဒါသ၊ ဣႆာ၊ မစ ၦရိယ၊ ကုကၠစၥ”
တို႔ပင္ ျဖစ္သည္။
အဘိဓမၼာနည္းအရ ေဒါသအုပ္စုသည္ ေလာဘ အုပ္စုႏွင့္
မည္သည့္အခါမွ် အတူ ျဖစ္ရိုး ထံုးစံ မရွိေပ။
၁။ ေဒါသ သည္ ခက္ထန္ၾကမ္းထမ္းျခင္း သေဘာ၊
၂။ ဣႆာ သည္ သူတစ္ပါး၏ စည္းစိမ္ခ်မ္းသာကို
ျငဴစူျခင္း၊ မနာလိုျခင္း သေဘာ၊
၃။ မစ ၦရိယ သည္ မိမိ၏ စည္းစိမ္ခ်မ္းသာကို
လွ်ဳိ႕၀ွက္ျခင္း၊ ၀န္တိုျခင္း၊ ႏွေျမာျခင္း သေဘာ၊
၄။ ကုကၠဳစၥ သည္ ျပဳခဲ့မိေသာ ဒုစရိုက္၊ မျပဳခဲ့မိေသာ
သုစရိုက္တို႔ကိုေနာင္တ တစ္ဖန္ ပူပန္ျခင္း သေဘာ
အစရွိသည့္ သေဘာတို႔သည္လည္း ေဒါသ မ်ားပင္
ျဖစ္ၾကသည္။
၀ိပႆနာ တရားမ်ားကိုပြားမ်ားအားထုတ္ေနၾကေသာ
ေယာဂီမ်ားတြင္လည္း တရားမွတ္ေနစဥ္တြင္ ျဖစ္ေပၚလာေသာ
ေ၀ဒနာကို မသည္းခံႏိုင္ျခင္း သည္လည္း ေဒါသပင္ ျဖစ္သည္။
လူတစ္ဦးတြင္ ေရာဂါဘယ တစ္ခုခု
ဖိစီးႏွိပ္စက္လာေသာေၾကာင့္ နာက်င္သည့္ ေ၀ဒနာကို
မခံႏိုင္ဘဲ ညီးညဴ ေအာ္ဟစ္ ေနျခင္းသည္လည္း
ေဒါသ စိတ္ပင္ ျဖစ္သည္။
ေဒါသစိတ္ျဖင့္ ေသလွ်င္ “ငရဲ” သို႔ သြားရေပမည္။
ေဒါသ၏ သေဘာသည္ ဖ်က္စီးတတ္သည့္ သေဘာရွိသည္။ မိမိကိုယ္တိုင္ကိုလည္း ဖ်က္ဆီးလိုက္သလို သူတစ္ပါးကိုလည္း ဖ်က္ဆီးတတ္ေပသည္။ ပထမဦးစြာ မိမိမွ စ၍ ေဒါသျဖစ္လွ်င္
မိမိကိုယ္ကို ေဒါသ အကုသိုလ္ျဖင့္ စတင္ဖ်က္ဆီးေပေတာ့သည္။ ထိုေနာက္တြင္ သူတစ္ပါးကိုလည္း ဖ်က္ဆီးေလေတာ့သည္။
ေဒါသ အလြန္ႀကီးလြန္းလွ်င္ သူတစ္ပါး ပ်က္စီးေအာင္
ကာယကံျဖင့္ က်ဴးလြန္ေပသည္။ သူတစ္ပါးကို နာက်င္ေအာင္
လုပ္တတ္ၿပီး သူ႔အသက္ကို သတ္ျခင္းအထိပင္ ကာယကံေျမာက္ က်ဴးလြန္ေတာ့သည္။ ေဒါသ အေတာ္အတန္ ႀကီးလွ်င္ ၀စီကံျဖင့္ က်ဴးလြန္တတ္သည္။ ႏႈတ္မွ ရုန္႔ရင္းၾကမ္းတမ္းေသာ စကားမ်ားကို ေျပာဆိုမိသည္။ ေဒါသ အလြန္နည္းလွ်င္ကား စိတ္ထဲတြင္ေတာ့ ေဒါသ ထြတ္တတ္ေသးသည္။
သို႔ေသာ္ အျပင္ကိုေတာ့ ျပဴထြက္ျခင္း မရွိေတာ့ေပ။
အရာရာတိုင္းကို ” အျပဳသေဘာ၊ အေကာင္းျမင္ ” ျဖင့္
မၾကည့္တတ္သူမ်ားသည္ ေဒါသပိုႀကီး တတ္ၾကသည္။
ကမာၻေပၚတြင္ စစ္ပြဲမ်ား ျဖစ္ပြားေနၾကသည္မွာ ေဒါသေၾကာင့္သာ
ျဖစ္သည္။ ထို ေဒါသေၾကာင့္ပင္ ကမာၻ႕သမိုင္း တစ္ေလွ်ာက္
စစ္ပြဲမ်ား၌ ေသဆံုးခဲ့ၾကရေသာ လူမ်ားကို ေရတြက္၍ မရႏိုင္ေပ။
ထိုစစ္ပြဲမ်ားကို ဘာသာျခားမ်ားမွ ယံုၾကည္ၾကေသာ ထာ၀ရ
ဖန္ဆင္းရွင္ ဘုရားသခင္က ဖန္ဆင္းလိုက္သည္ မဟုတ္။
လူမ်ားတြင္ ရွိေနေသာ ေဒါသက ဖန္ဆင္းလိုက္ျခင္းပင္ ျဖစ္သည္။
စစ္ပြဲကို ဖန္ဆင္းရွင္သည္ ေဒါသပင္ ျဖစ္သည္။
ေဒါသ အုပ္စုတြင္ ပါ၀င္ေသာ “ဣႆာ” ၏ အဓိပၸာယ္သည္
မနာလိုမႈပင္ ျဖစ္သည္။ ဣႆာသည္ သူတစ္ပါး ႀကီးပြားခ်မ္းသာ
ေနသည္ကို သက္သက္ “မနာလို” ျဖစ္ေနျခင္းသာ
ျဖစ္သည္။ သူတစ္ပါးက “တိုက္အိမ္ ေဆာက္ႏိုင္တယ္၊ ကား
အေကာင္းစား ၀ယ္စီးႏိုင္တယ္၊ ရာထူး အႀကီးႀကီး ရွိေနတယ္၊
ကိုယ့္ထက္ ပိုၿပီး ရုပ္ရည္လွပ ေခ်ာေမာေနတယ္” ထိုအရာမ်ားကို
ၾကည့္ၿပီး အလိုလို ေနရင္းျဖင့္ပင္ မနာလို ျဖစ္ေနတတ္သည္။ သူမ်ား ေကာင္းစားေနသည္ကို မနာလိုျဖစ္ၿပီး တစ္ပါးသူကို အတင္းအျဖစ္ ျပန္ေျပာေသာ အခါတြင္လည္း ထိုသူ၏ မ်က္ႏွာ
ကိုယ္ဟန္ အမူအယာကအစ မဲ့ကာ၊ ရြဲ႕ကာ၊ ႏႈတ္ခမ္းစူကာ၊
ေစာင္းခ်ိတ္ ၾကည့္ၿပီး ေျပာတတ္ၾကေလသည္။
မိမိအတြက္လည္း ထိခိုက္သည့္ အရာ မဟုတ္ေပေသာ္လည္း
သူတစ္ပါး ႀကီးပြားခ်မ္းသာ၊ ေအာင္ျမင္သည္ကို သက္သက္မဲ့
မနာလိုစိတ္ ေမြးေနျခင္း ျဖစ္သည္။ မိမိ ဆီမွ စိုက္ေပးလိုက္ရသည့္
အရာမ်ား မဟုတ္ေပ။ သူတစ္ပါး ေအာင္ျမင္သည္၊ တိုးတက္သည္၊ ေကာင္းစားသည္ ဆိုသည့္ သတင္း ၾကားလွ်င္ပင္
စိတ္ထဲ၌ မနာလိုစိတ္ ျဖစ္ေနတတ္သည္။
ထိုစိတ္တို႔သည္ သာမာန္ လူတိုင္း လုိလိုတြင္ ကိန္းေအာင္းေန
တတ္ေသာ “ဣႆာ” ပင္ ေပသည္။
“ဣႆာ” ႏွင့္ တြဲ၍ ျဖစ္တတ္ေသာ စိတ္သည္” မစ ၦရိယ”
ျဖစ္သည္။ထို မစ ၦရိယ စိတ္ကို ၀န္တိုသည္၊ သ၀န္တိုသည္၊
သ၀န္ေၾကာင္သည္ စသည္ျဖင့္ အဓိပၸာယ္ ဖြင့္ဆိုႏိုင္သည္။
မစ ၦရိယ သည္ မိမိ ေငြေၾကး ခ်မ္းသာ သကဲ့သို႔ တစ္ပါးသူကို မခ်မ္းသာေစခ်င္ျခင္း၊ မိမိ လွပ သကဲ့သို႔ တစ္ပါးသူကို
မလွပေစခ်င္ျခင္း၊ မိမိ ရာထူး တိုးသကဲ့သို႔ တစ္ပါးသူကို
ရာထူး မတိုးေစခ်င္ျခင္း၊ မိမိ ပညာ တတ္သကဲ့သို႔ တစ္ပါးသူကို မတတ္ေစခ်င္ျခင္း စသည့္ သေဘာကို ေဆာင္ထားေပသည္။
ဆိုလိုသည္မွာ မိမိႏွင့္ တန္းတူ မျဖစ္ေစခ်င္ျခင္း ပင္ ျဖစ္သည္။
ထိုအျပင္ မိမိ ပစၥည္း၊ ဥစၥာကို ႏွေျမာျခင္းလည္း မစ ၦရိယစိတ္၏
သေဘာ လကၡဏာ ျဖစ္သည္။ မိမိက ခ်မ္းသာေသာ္လည္း သူတစ္ပါးကို ေပးရမည္ကို ႏွေျမာတတ္သည္။
မိမိတြင္ ရွိေသာ ရာထူးကိုလည္း မစြန္႔လႊတ္ႏိုင္ဘဲ
ထိုရာထူးေလးမွာပင္ တြယ္ကပ္ ေနခ်င္သည္။
မစ ၦရိယသည္ သူတစ္ပါးအား ေပးရမည္ကို ႏွေျမာ ေနျခင္း
ကို ဆိုလိုေပသည္။
“ဣႆာႏွင့္ မစ ၦရိယ” တို႔၏ သေဘာသည္
တူသေယာင္ေယာင္ ရွိေနေသာ္လည္း အနည္းငယ္
ကြာျခားေပသည္။
“ဣႆာ” သည္ သူတစ္ပါး ႀကီးပြားတိုးတက္၊
ခ်မ္းသာေနသည္ကို ၾကည့္ၿပီး အလိုလို ေနရင္း ျဖင့္ပင္
မနာလို ျဖစ္ေနျခင္း ျဖစ္သည္။
“မစၦရိယ” သည္ မိမိတြင္ ရွိေသာ စည္းစိမ္၊ ဥစၥာ၊
ရာထူးမ်ားကို သူတစ္ပါးႏွင့္ မမွ်ေ၀လိုျခင္း၊ ဆက္ဆံျခင္း
မျဖစ္ေစလိုျခင္း ျဖစ္သည္။
ထို႔ထက္ ပို၍ ရွင္းေအာင္ လင္းရလွ်င္ “ဣႆာသည္
သူတစ္ပါးကို မေကာင္းစားေစလိုျခင္း ျဖစ္ၿပီး မစ ၦရိယသည္
မိမိကိုယ္သာ ေကာင္းစားေစလိုျခင္း” ျဖစ္သည္။
စီးပြားရွာျခင္း၊ ပညာရွာျခင္း၊ အားကစား ယွဥ္ၿပိဳင္ျခင္း၊
ႏုိင္ငံေရး ယွဥ္ၿပိဳင္ျခင္း စသည္တို႔တြင္ အၿပိဳင္အဆိုင္
ျပဳလုပ္ျခင္းသည္ ေကာင္းေပသည္။
မိမိသည္ သူတစ္ပါးထက္ ပို၍ သာလြန္ ေကာင္းမြန္ေအာင္ ယွဥ္ၿပိဳင္သင့္သည္။ သို႔ေသာ္ မိမိထက္ သူတစ္ပါးက သာလြန္
ေကာင္းမြန္ သြားမည္ကို မနာလိုျခင္း ဣႆာစိတ္၊ကိုယ္တစ္ဦး
တည္း သာလွ်င္ ပို၍ သာလြန္ခ်င္ေသာ မစ ၦရိယစိတ္ တို႔
လံုး၀ မရွိသင့္ေပ။
သို႔ေသာ္ ေသာတာပန္ ပုဂၢိဳလ္မ်ားတြင္ ကိေလသာ ဆယ္ပါး
အထဲမွ ဒိ႒ိႏွင့္ ၀ိစိကိစာၦ တို႔ကို အႂကြင္းမဲ့ ပယ္ၿပီးသည့္ အျပင္
ေဒါသ အုပ္စု အထဲမွ “ဣႆာႏွင့္ မစ ၦရိယ “စိတ္မ်ားလည္း
လံုး၀ မရွိေတာ့ေပ။
“အနာဂါမ္ အဆင့္” သို႔ ေရာက္လွ်င္ ေဒါသစိတ္သည္လံုး၀မရွိ
ေတာ့ေပ။ ထိုေၾကာင့္ အနာဂါမ္မ်ားသည္ ေဒါသ လံုး၀
မထြက္ေတာ့ေပ။
ေဒါသ၏ သေဘာကို ေစ့ေစ့စပ္စပ္ ေလ့လာၾကည့္ေသာအခါ လူမ်ားကို ေကာင္းက်ဳိးေပးသည့္ အကြက္ တစ္ကြက္မွ မေတြ႕ရေပ။ ေဒါသသည္ စိတ္ကိုပင္ ဆိုးေစရံုမက ရုပ္ကိုလည္းပဲ ဆိုးေစသည္။ လူကိုပင္ မဆိုထားႏွင့္ တိရိစာၦန္မ်ားပင္လွ်င္ ေဒါသထြက္လာလွ်င္ ရုပ္ဆိုးလာၾကသည္။
သိပၸံပညာရွင္မ်ား ေတြ႕ရွိမႈတြင္ စိတ္ခ်မ္းသာေနေသာ လူမ်ား၏ ရုပ္ကလာပ္စည္း ဆဲလ္မ်ားသည္ ျဖစ္ႏႈန္းမ်ားၿပီး ပ်က္ႏႈန္းနည္းသည္။ ေဒါသထြက္ စိတ္ဆင္းရဲေနေသာ လူမ်ား၏ ရုပ္ကလာပ္စည္း ဆဲလ္မ်ားသည္ ပ်က္ႏႈန္းမ်ားၿပီး
ျဖစ္ႏႈန္းနည္းသည္။ ထိုေၾကာင့္ ေဒါသသည္ လူကို လွ်င္ျမန္စြာ ရုပ္ဆိုးေစသည္၊ အိုလာေစသည္ ဆိုသည့္ အခ်က္မ်ားသည္ မွန္ကန္ေနေပသည္။
ေဒါသအုပ္စုတြင္ ေနာက္တစ္ခု က်န္ေနေသးသည့္ ေစတသိက္
သည္ ကုကၠဳစၥ ျဖစ္သည္။ ကုကၠဳစၥကို သင့္ေလွ်ာ္ေအာင္
ဘာသာျပန္ရလွ်င္မူ ျပဳမိခဲ့ေသာ မေကာင္းမႈ ဒုစရိုက္၊
မျပဳမိခဲ့ေသာ ေကာင္းမႈ သုစရိုက္ တို႔ကို ေနာင္တ တစ္ဖန္ပူပန္ျခင္း သေဘာပင္ ျဖစ္သည္။
လူမ်ားသည္ မေကာင္းမႈမ်ား ျပဳလုပ္ခဲ့လွ်င္လည္း ျပန္ၿပီး ကုကၠဳစၥ ျဖစ္တတ္။ ေကာင္းမႈမ်ားကို မျပဳလုပ္ခဲ့မိရင္လည္း
ထိုနည္းတူစြာပင္ ကုကၠဳစၥ ျဖစ္တတ္ေပသည္။
ထို ကုကၠဳစၥသည္ စိတ္ကို ပူေလာင္ေစတတ္သည္။
အမွန္ျဖစ္ရမည္မွာ ပူေလာင္ေနျခင္းသည္ အကုသိုလ္ မီးကို
ရိႈ႕ေနျခင္းႏွင့္ တူေပသည္။ မွားယြင္းစြာ ျပဳခဲ့မိေသာ၊
မွန္ကန္စြာ မျပဳခဲ့မိေသာ အေၾကာင္းအရာမ်ားကို သင္ခန္းစာအျဖစ္ အသိဉာဏ္ႏွင့္ ျပန္လည္ သံုးသပ္ၿပီး ပညာယူႏိုင္မွသာ လမ္းမွန္ကို ေရာက္ေပမည္။
ျဖစ္ၿပီးသည့္ ကိစၥမ်ားကို ညည္းတြားေနယံုႏွင့္ ၿပီးမည္မဟုတ္ေပ။ အမွားကိုျမင္အမွန္ကို ျပဳျပင္မွသာအရာရာတိုင္းသည္
ေအာင္ျမင္မည္ ျဖစ္သည္။ ထိုေၾကာင့္ ကုကၠဳစၥကို
သတိ ဉာဏ္ပညာျဖင့္ ပယ္ရွားရေပမည္။
ဣႆာ၊ မစ ၦရိယႏွင့္ ကုကၠဳစၥ စိတ္ သံုးခုသည္ ေဒါသအုပ္စုတြင္ အဘယ္ေၾကာင့္ ပါ၀င္ေနသနည္း ဟု ဆိုလာလွ်င္ ၄င္းတို႔သည့္ မိမိကိုယ္ကိုလည္း ပ်က္စီးေစတတ္ သလို သူတစ္ပါးကိုလည္း ပ်က္စီးေစေသာေၾကာင့္ ျဖစ္သည္။
သူတစ္ပါးကို မနာလိုမႈ ဣႆာ၊
မိမိႏွင့္ တန္းတူ ျဖစ္လာမည္ကို ၀န္တိုမႈ မစ ၦရိယ ၊
စိတ္ပူပင္ေသာက ကုကၠဳစၥ စသည့္ စိတ္မ်ား အားလံုးတို႔သည္
မိမိအျပင္ သူတစ္ပါးကိုလည္း ပ်က္စီးေစေသာေၾကာင့္
ေဒါသအုပ္စုတြင္ ပါ၀င္ေနျခင္း ျဖစ္သည္။
ေဒါသ၏ သေဘာသည္ နက္နဲလြန္းေပသည္။
ေဒါသသည္ အကုသိုလ္မ်ား အထဲတြင္ မိမိေရာ သူတစ္ပါးပါ
ဒုကၡ အေပးဆံုး ျဖစ္သည္။
လူမ်ားသည္ ေဒါသ အေၾကာင္းကို ႏိႈက္ႏိႈက္ခၽြတ္ခၽြတ္ သိထား
မွသာ အကုသိုလ္ နည္းေအာင္ လုပ္ေဆာင္ ႏိုင္ေပလိမ့္မည္။
အဘယ္ေၾကာင့္ ဆိုေတာ့ ေန႔စဥ္ႏွင့္ အမွ် ေဒါသႏွင့္ နပန္း
လံုးေနၾကရသည္။
ထိုေၾကာင့္ ေဒါသ ဆိုေသာ ဆင္ရိုင္းႀကီးကို “သတိ” ဆိုေသာခၽြန္းျဖင့္
အၿမဲတမ္း ၾကပ္မတ္ ထိန္းခ်ဳပ္၍ ေဒါသစိတ္ နည္းႏိုင္သမွ် နည္းေအာင္၊ ေဒါသ စိတ္ မျဖစ္လာေအာင္ ႀကိဳးစား က်င့္ေဆာင္ဖို႔ လိုေပသည္။ ေဒါသထြက္သည္ႏွင့္ ထြက္ထြက္ခ်င္း သတိႏွင့္
သိေအာင္ လုပ္ရမည္။ ထိုအခါ ထြက္ေနေသာ ေဒါသသည္ သတိစြမ္းအားေၾကာင့္ ရပ္တန္႔သြားေပလိမ့္မည္။
သတိစိတ္ေၾကာင့္ ေဒါသစိတ္ အစဥ္တန္းသည္ ျပတ္ေတာက္
သြားၿပီး အကုသိုလ္ နည္းသြားေပလိမ့္မည္။
ဤကဲ့သို႔ သတိျဖင့္ ေဒါသကို သတ္ရင္း သတ္ရင္းျဖင့္
အကုသိုလ္ကင္းလာၿပီး ကုသိုလ္တရားမ်ား တိုးပြားလာကာ
ဒုကၡကင္းၿငိမ္းရာ နိဗၺာန္သို႔ အေရာက္လွမ္းႏိုင္ ေပေတာ့မည္။
– [အရွင္ဉာဏဒီပ (ဓမၼရတနာ)]
ေဒလီတကၠသိုလ္၊ အိႏိၵယ
Credit :thitkhat
(Unicode)

ဒေါသ၏ သဘော

” ဒေါသ ” သည် ရုပ်နှင့် နာမ် ရှိနေသော သာမန်လူ
မည်သူမဆိုတွင် ကိန်းအောင်းနေပေသည်။
အချို့လူများသည် အမျက်ထွက်စိတ်ဆိုးမှဒေါသဖြစ်သည်ဟု ထင်နေတတ်ကြသည်။
အမှန်တော့
” စိတ်ဆိုး၊ စိတ်ပျက်၊ စိတ်ကောက်၊ စိတ်ညစ်၊ စိတ်ရှုပ်၊ စိတ်လေး၊ စိတ်နောက်၊ စိတ်နာ၊ စိတ်ပေါက်၊ စိတ်မော၊ စိတ်အိုက်၊ စိတ်ခု၊
စိတ်ဆတ်၊ စိတ်တို၊ စိတ်ကွက်၊ စိတ်မချမ်းသာ၊ စိတ်ဆင်းရဲ၊
စိတ်ပူပန်၊ စိတ်အားငယ်၊ စိတ်တိုင်းမကျ၊ စိတ်အလိုမကျ၊
စိတ်မကောင်း၊ စိတ်မှတ်ကြီး၊ စိတ်လိုက်မာန်ပါ၊ စိတ်သောက၊
စိတ်ပင်ပန်း၊ စိတ်မအီသာ၊ စိတ်နှလုံးမသာယာ၊ စိတ်ငြိုငြင်၊
စိတ်စနိုးစနောက်၊ ဝမ်းနည်း၊ ပူဆွေး၊ ငိုကြွေး၊ ရန်ငြိုးထား၊
အာဃာတထား၊ သဝန်တို၊ သဝန်ကြောင်၊ မနာလို၊ တွန့်တို၊
စေးနှဲ…” အစရှိသော စိတ်ပိုင်းဆိုင်ရာ အမူအယာများသည်
ဒေါသအရင်းခံ၍ ဖြစ်နေကြရသော
ပြဿနာများ ဖြစ်ကြသည်။
စကားလုံး အသုံးအနှုန်း မတူသော်လည်း ၄င်းတို့ အားလုံးသည်
ဒေါသများပင် ဖြစ်ကြသည်။
ဒေါသ၏ အဓိပ္ပာယ်ကို စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း
ဟုပင် ရိုးရှင်းစွာ ဘာသာ ပြန်နိုင်သည်။
ဒေါသထွက်သော ပုဂ္ဂိုလ်များသည် ကိုယ်အမူအယာ၊
နုတ်အမူအယာများ ကြမ်းတမ်း လာသည်။
ပြောင်းလဲကုန်သည်။ ဒေါသတွင် ကြမ်းထမ်းသော သဘော
လက္ခဏာများ ရှိနေသည်။ ဒေါသ ထွက်နေသူတွင်
မျက်နှာ နီရဲနေပြီး နှလုံးခုံနှုန်း ပိုမြန်နေသည်။ မျက်နှာနီရဲနေရခြင်းမှာ
နှလုံးသွေးများ ဆူပွက်နေပြီး သွေးလှည့်ပတ်နှုန်းများ
သာမာန်ထက် မြန်နေသောကြောင့် ဖြစ်သည်။
ထိုကြောင့်ဦးနှောက်ထဲရှိ သေးငယ်သော သွေးကြောများကို
ပြတ်တောက်သွားစေပြီး ရုတ်တရက် သေဆုံးမှုကို
ဖြစ်စေနိုင်သည်။
လူပင်မဆိုထားနှင့် မနောပဒေါသိက နတ်များပင်လျှင်
ဒေါသထွက်လျှင် ဘဝ ပြတ်ကြွေ၍ စုတေကြရသည်။
ဒေါသ၏ အကျိုးဆက် အနေဖြင့် ပထမဦးစွာ မိမိကိုယ်ကို
ပျက်စီးစေခြင်းပင် ဖြစ်သည်။
ထိုတွင် မကသေးပေ။ သူတစ်ပါးကိုပင်လျှင်ဒုက္ခ ပေးတတ်
သေးသည်။
ဥပမာ အိမ်တစ်အိမ်တွင် ဖခင် ဖြစ်သူသည် ဒေါသထွက်နေလျှင်
ကျန်သည့် မိသားစုဝင်များ အားလုံး စိတ်ဆင်းရဲရသည်။
မိခင် ဖြစ်သူက ဒေါသထွက်နေလျှင်လည်း ထို့အတူပင် ဖြစ်သည်။
မိသားစုတွင် မည်သူပင် ဖြစ်ပါစေ တစ်ယောက်ယောက်
ဒေါသထွက်နေလျှင် ကျန်သည့် မိသားစုဝင်များ အားလုံး
စိတ်ဆင်းရဲ ရသည်ချည်းပင်။ ထိုကြောင့် ဒေါသသည်
မိမိအတွက်ပင် သာမက တစ်ပါးသူများ အတွက် လည်းပဲ
ကူးစက်ရောဂါ ကဲ့သို့ စိတ်ဒုက္ခ ကို ရောက်အောင် ဖန်တီး
တတ်ပေသည်။
မြတ်စွာဘုရား ဟောကြားထားသော အဘိဓမ္မာတွင်လည်း
အကုသိုလ် စေတသိက် (၁၄) ပါး တို့တွင် ဒေါသ အုပ်စု
အသင်းဝင် စေတသိက် (၄) ပါး ရှိသည်။
၄င်းတို့မှာ ” ဒေါသ၊ ဣဿာ၊ မစ ္ဆရိယ၊ ကုက္ကစ္စ”
တို့ပင် ဖြစ်သည်။
အဘိဓမ္မာနည်းအရ ဒေါသအုပ်စုသည် လောဘ အုပ်စုနှင့်
မည်သည့်အခါမျှ အတူ ဖြစ်ရိုး ထုံးစံ မရှိပေ။
၁။ ဒေါသ သည် ခက်ထန်ကြမ်းထမ်းခြင်း သဘော၊
၂။ ဣဿာ သည် သူတစ်ပါး၏ စည်းစိမ်ချမ်းသာကို
ငြူစူခြင်း၊ မနာလိုခြင်း သဘော၊
၃။ မစ ္ဆရိယ သည် မိမိ၏ စည်းစိမ်ချမ်းသာကို
လျှို့ဝှက်ခြင်း၊ ဝန်တိုခြင်း၊ နှမြောခြင်း သဘော၊
၄။ ကုက္ကုစ္စ သည် ပြုခဲ့မိသော ဒုစရိုက်၊ မပြုခဲ့မိသော
သုစရိုက်တို့ကိုနောင်တ တစ်ဖန် ပူပန်ခြင်း သဘော
အစရှိသည့် သဘောတို့သည်လည်း ဒေါသ များပင်
ဖြစ်ကြသည်။
၀ိပဿနာ တရားများကိုပွားများအားထုတ်နေကြသော
ယောဂီများတွင်လည်း တရားမှတ်နေစဉ်တွင် ဖြစ်ပေါ်လာသော
ဝေဒနာကို မသည်းခံနိုင်ခြင်း သည်လည်း ဒေါသပင် ဖြစ်သည်။
လူတစ်ဦးတွင် ရောဂါဘယ တစ်ခုခု
ဖိစီးနှိပ်စက်လာသောကြောင့် နာကျင်သည့် ဝေဒနာကို
မခံနိုင်ဘဲ ညီးညူ အော်ဟစ် နေခြင်းသည်လည်း
ဒေါသ စိတ်ပင် ဖြစ်သည်။
ဒေါသစိတ်ဖြင့် သေလျှင် “ငရဲ” သို့ သွားရပေမည်။
ဒေါသ၏ သဘောသည် ဖျက်စီးတတ်သည့် သဘောရှိသည်။ မိမိကိုယ်တိုင်ကိုလည်း ဖျက်ဆီးလိုက်သလို သူတစ်ပါးကိုလည်း ဖျက်ဆီးတတ်ပေသည်။ ပထမဦးစွာ မိမိမှ စ၍ ဒေါသဖြစ်လျှင်
မိမိကိုယ်ကို ဒေါသ အကုသိုလ်ဖြင့် စတင်ဖျက်ဆီးပေတော့သည်။ ထိုနောက်တွင် သူတစ်ပါးကိုလည်း ဖျက်ဆီးလေတော့သည်။
ဒေါသ အလွန်ကြီးလွန်းလျှင် သူတစ်ပါး ပျက်စီးအောင်
ကာယကံဖြင့် ကျူးလွန်ပေသည်။ သူတစ်ပါးကို နာကျင်အောင်
လုပ်တတ်ပြီး သူ့အသက်ကို သတ်ခြင်းအထိပင် ကာယကံမြောက် ကျူးလွန်တော့သည်။ ဒေါသ အတော်အတန် ကြီးလျှင် ဝစီကံဖြင့် ကျူးလွန်တတ်သည်။ နှုတ်မှ ရုန့်ရင်းကြမ်းတမ်းသော စကားများကို ပြောဆိုမိသည်။ ဒေါသ အလွန်နည်းလျှင်ကား စိတ်ထဲတွင်တော့ ဒေါသ ထွတ်တတ်သေးသည်။
သို့သော် အပြင်ကိုတော့ ပြူထွက်ခြင်း မရှိတော့ပေ။
အရာရာတိုင်းကို ” အပြုသဘော၊ အကောင်းမြင် ” ဖြင့်
မကြည့်တတ်သူများသည် ဒေါသပိုကြီး တတ်ကြသည်။
ကမ္ဘာပေါ်တွင် စစ်ပွဲများ ဖြစ်ပွားနေကြသည်မှာ ဒေါသကြောင့်သာ
ဖြစ်သည်။ ထို ဒေါသကြောင့်ပင် ကမ္ဘာ့သမိုင်း တစ်လျှောက်
စစ်ပွဲများ၌ သေဆုံးခဲ့ကြရသော လူများကို ရေတွက်၍ မရနိုင်ပေ။
ထိုစစ်ပွဲများကို ဘာသာခြားများမှ ယုံကြည်ကြသော ထာဝရ
ဖန်ဆင်းရှင် ဘုရားသခင်က ဖန်ဆင်းလိုက်သည် မဟုတ်။
လူများတွင် ရှိနေသော ဒေါသက ဖန်ဆင်းလိုက်ခြင်းပင် ဖြစ်သည်။
စစ်ပွဲကို ဖန်ဆင်းရှင်သည် ဒေါသပင် ဖြစ်သည်။
ဒေါသ အုပ်စုတွင် ပါဝင်သော “ဣဿာ” ၏ အဓိပ္ပာယ်သည်
မနာလိုမှုပင် ဖြစ်သည်။ ဣဿာသည် သူတစ်ပါး ကြီးပွားချမ်းသာ
နေသည်ကို သက်သက် “မနာလို” ဖြစ်နေခြင်းသာ
ဖြစ်သည်။ သူတစ်ပါးက “တိုက်အိမ် ဆောက်နိုင်တယ်၊ ကား
အကောင်းစား ဝယ်စီးနိုင်တယ်၊ ရာထူး အကြီးကြီး ရှိနေတယ်၊
ကိုယ့်ထက် ပိုပြီး ရုပ်ရည်လှပ ချောမောနေတယ်” ထိုအရာများကို
ကြည့်ပြီး အလိုလို နေရင်းဖြင့်ပင် မနာလို ဖြစ်နေတတ်သည်။ သူများ ကောင်းစားနေသည်ကို မနာလိုဖြစ်ပြီး တစ်ပါးသူကို အတင်းအဖြစ် ပြန်ပြောသော အခါတွင်လည်း ထိုသူ၏ မျက်နှာ
ကိုယ်ဟန် အမူအယာကအစ မဲ့ကာ၊ ရွဲ့ကာ၊ နှုတ်ခမ်းစူကာ၊
စောင်းချိတ် ကြည့်ပြီး ပြောတတ်ကြလေသည်။
မိမိအတွက်လည်း ထိခိုက်သည့် အရာ မဟုတ်ပေသော်လည်း
သူတစ်ပါး ကြီးပွားချမ်းသာ၊ အောင်မြင်သည်ကို သက်သက်မဲ့
မနာလိုစိတ် မွေးနေခြင်း ဖြစ်သည်။ မိမိ ဆီမှ စိုက်ပေးလိုက်ရသည့်
အရာများ မဟုတ်ပေ။ သူတစ်ပါး အောင်မြင်သည်၊ တိုးတက်သည်၊ ကောင်းစားသည် ဆိုသည့် သတင်း ကြားလျှင်ပင်
စိတ်ထဲ၌ မနာလိုစိတ် ဖြစ်နေတတ်သည်။
ထိုစိတ်တို့သည် သာမာန် လူတိုင်း လိုလိုတွင် ကိန်းအောင်းနေ
တတ်သော “ဣဿာ” ပင် ပေသည်။
“ဣဿာ” နှင့် တွဲ၍ ဖြစ်တတ်သော စိတ်သည်” မစ ္ဆရိယ”
ဖြစ်သည်။ထို မစ ္ဆရိယ စိတ်ကို ဝန်တိုသည်၊ သဝန်တိုသည်၊
သဝန်ကြောင်သည် စသည်ဖြင့် အဓိပ္ပာယ် ဖွင့်ဆိုနိုင်သည်။
မစ ္ဆရိယ သည် မိမိ ငွေကြေး ချမ်းသာ သကဲ့သို့ တစ်ပါးသူကို မချမ်းသာစေချင်ခြင်း၊ မိမိ လှပ သကဲ့သို့ တစ်ပါးသူကို
မလှပစေချင်ခြင်း၊ မိမိ ရာထူး တိုးသကဲ့သို့ တစ်ပါးသူကို
ရာထူး မတိုးစေချင်ခြင်း၊ မိမိ ပညာ တတ်သကဲ့သို့ တစ်ပါးသူကို မတတ်စေချင်ခြင်း စသည့် သဘောကို ဆောင်ထားပေသည်။
ဆိုလိုသည်မှာ မိမိနှင့် တန်းတူ မဖြစ်စေချင်ခြင်း ပင် ဖြစ်သည်။
ထိုအပြင် မိမိ ပစ္စည်း၊ ဥစ္စာကို နှမြောခြင်းလည်း မစ ္ဆရိယစိတ်၏
သဘော လက္ခဏာ ဖြစ်သည်။ မိမိက ချမ်းသာသော်လည်း သူတစ်ပါးကို ပေးရမည်ကို နှမြောတတ်သည်။
မိမိတွင် ရှိသော ရာထူးကိုလည်း မစွန့်လွှတ်နိုင်ဘဲ
ထိုရာထူးလေးမှာပင် တွယ်ကပ် နေချင်သည်။
မစ ္ဆရိယသည် သူတစ်ပါးအား ပေးရမည်ကို နှမြော နေခြင်း
ကို ဆိုလိုပေသည်။
“ဣဿာနှင့် မစ ္ဆရိယ” တို့၏ သဘောသည်
တူသယောင်ယောင် ရှိနေသော်လည်း အနည်းငယ်
ကွာခြားပေသည်။
“ဣဿာ” သည် သူတစ်ပါး ကြီးပွားတိုးတက်၊
ချမ်းသာနေသည်ကို ကြည့်ပြီး အလိုလို နေရင်း ဖြင့်ပင်
မနာလို ဖြစ်နေခြင်း ဖြစ်သည်။
“မစ္ဆရိယ” သည် မိမိတွင် ရှိသော စည်းစိမ်၊ ဥစ္စာ၊
ရာထူးများကို သူတစ်ပါးနှင့် မမျှဝေလိုခြင်း၊ ဆက်ဆံခြင်း
မဖြစ်စေလိုခြင်း ဖြစ်သည်။
ထို့ထက် ပို၍ ရှင်းအောင် လင်းရလျှင် “ဣဿာသည်
သူတစ်ပါးကို မကောင်းစားစေလိုခြင်း ဖြစ်ပြီး မစ ္ဆရိယသည်
မိမိကိုယ်သာ ကောင်းစားစေလိုခြင်း” ဖြစ်သည်။
စီးပွားရှာခြင်း၊ ပညာရှာခြင်း၊ အားကစား ယှဉ်ပြိုင်ခြင်း၊
နိုင်ငံရေး ယှဉ်ပြိုင်ခြင်း စသည်တို့တွင် အပြိုင်အဆိုင်
ပြုလုပ်ခြင်းသည် ကောင်းပေသည်။
မိမိသည် သူတစ်ပါးထက် ပို၍ သာလွန် ကောင်းမွန်အောင် ယှဉ်ပြိုင်သင့်သည်။ သို့သော် မိမိထက် သူတစ်ပါးက သာလွန်
ကောင်းမွန် သွားမည်ကို မနာလိုခြင်း ဣဿာစိတ်၊ကိုယ်တစ်ဦး
တည်း သာလျှင် ပို၍ သာလွန်ချင်သော မစ ္ဆရိယစိတ် တို့
လုံးဝ မရှိသင့်ပေ။
သို့သော် သောတာပန် ပုဂ္ဂိုလ်များတွင် ကိလေသာ ဆယ်ပါး
အထဲမှ ဒိဋ္ဌိနှင့် ၀ိစိကိစ္ဆာ တို့ကို အကြွင်းမဲ့ ပယ်ပြီးသည့် အပြင်
ဒေါသ အုပ်စု အထဲမှ “ဣဿာနှင့် မစ ္ဆရိယ “စိတ်များလည်း
လုံးဝ မရှိတော့ပေ။
“အနာဂါမ် အဆင့်” သို့ ရောက်လျှင် ဒေါသစိတ်သည်လုံးဝမရှိ
တော့ပေ။ ထိုကြောင့် အနာဂါမ်များသည် ဒေါသ လုံးဝ
မထွက်တော့ပေ။
ဒေါသ၏ သဘောကို စေ့စေ့စပ်စပ် လေ့လာကြည့်သောအခါ လူများကို ကောင်းကျိုးပေးသည့် အကွက် တစ်ကွက်မှ မတွေ့ရပေ။ ဒေါသသည် စိတ်ကိုပင် ဆိုးစေရုံမက ရုပ်ကိုလည်းပဲ ဆိုးစေသည်။ လူကိုပင် မဆိုထားနှင့် တိရိစ္ဆာန်များပင်လျှင် ဒေါသထွက်လာလျှင် ရုပ်ဆိုးလာကြသည်။
သိပ္ပံပညာရှင်များ တွေ့ရှိမှုတွင် စိတ်ချမ်းသာနေသော လူများ၏ ရုပ်ကလာပ်စည်း ဆဲလ်များသည် ဖြစ်နှုန်းများပြီး ပျက်နှုန်းနည်းသည်။ ဒေါသထွက် စိတ်ဆင်းရဲနေသော လူများ၏ ရုပ်ကလာပ်စည်း ဆဲလ်များသည် ပျက်နှုန်းများပြီး
ဖြစ်နှုန်းနည်းသည်။ ထိုကြောင့် ဒေါသသည် လူကို လျှင်မြန်စွာ ရုပ်ဆိုးစေသည်၊ အိုလာစေသည် ဆိုသည့် အချက်များသည် မှန်ကန်နေပေသည်။
ဒေါသအုပ်စုတွင် နောက်တစ်ခု ကျန်နေသေးသည့် စေတသိက်
သည် ကုက္ကုစ္စ ဖြစ်သည်။ ကုက္ကုစ္စကို သင့်လျှော်အောင်
ဘာသာပြန်ရလျှင်မူ ပြုမိခဲ့သော မကောင်းမှု ဒုစရိုက်၊
မပြုမိခဲ့သော ကောင်းမှု သုစရိုက် တို့ကို နောင်တ တစ်ဖန်ပူပန်ခြင်း သဘောပင် ဖြစ်သည်။
လူများသည် မကောင်းမှုများ ပြုလုပ်ခဲ့လျှင်လည်း ပြန်ပြီး ကုက္ကုစ္စ ဖြစ်တတ်။ ကောင်းမှုများကို မပြုလုပ်ခဲ့မိရင်လည်း
ထိုနည်းတူစွာပင် ကုက္ကုစ္စ ဖြစ်တတ်ပေသည်။
ထို ကုက္ကုစ္စသည် စိတ်ကို ပူလောင်စေတတ်သည်။
အမှန်ဖြစ်ရမည်မှာ ပူလောင်နေခြင်းသည် အကုသိုလ် မီးကို
ရှို့နေခြင်းနှင့် တူပေသည်။ မှားယွင်းစွာ ပြုခဲ့မိသော၊
မှန်ကန်စွာ မပြုခဲ့မိသော အကြောင်းအရာများကို သင်ခန်းစာအဖြစ် အသိဉာဏ်နှင့် ပြန်လည် သုံးသပ်ပြီး ပညာယူနိုင်မှသာ လမ်းမှန်ကို ရောက်ပေမည်။
ဖြစ်ပြီးသည့် ကိစ္စများကို ညည်းတွားနေယုံနှင့် ပြီးမည်မဟုတ်ပေ။ အမှားကိုမြင်အမှန်ကို ပြုပြင်မှသာအရာရာတိုင်းသည်
အောင်မြင်မည် ဖြစ်သည်။ ထိုကြောင့် ကုက္ကုစ္စကို
သတိ ဉာဏ်ပညာဖြင့် ပယ်ရှားရပေမည်။
ဣဿာ၊ မစ ္ဆရိယနှင့် ကုက္ကုစ္စ စိတ် သုံးခုသည် ဒေါသအုပ်စုတွင် အဘယ်ကြောင့် ပါဝင်နေသနည်း ဟု ဆိုလာလျှင် ၄င်းတို့သည့် မိမိကိုယ်ကိုလည်း ပျက်စီးစေတတ် သလို သူတစ်ပါးကိုလည်း ပျက်စီးစေသောကြောင့် ဖြစ်သည်။
သူတစ်ပါးကို မနာလိုမှု ဣဿာ၊
မိမိနှင့် တန်းတူ ဖြစ်လာမည်ကို ဝန်တိုမှု မစ ္ဆရိယ ၊
စိတ်ပူပင်သောက ကုက္ကုစ္စ စသည့် စိတ်များ အားလုံးတို့သည်
မိမိအပြင် သူတစ်ပါးကိုလည်း ပျက်စီးစေသောကြောင့်
ဒေါသအုပ်စုတွင် ပါဝင်နေခြင်း ဖြစ်သည်။
ဒေါသ၏ သဘောသည် နက်နဲလွန်းပေသည်။
ဒေါသသည် အကုသိုလ်များ အထဲတွင် မိမိရော သူတစ်ပါးပါ
ဒုက္ခ အပေးဆုံး ဖြစ်သည်။
လူများသည် ဒေါသ အကြောင်းကို နှိုက်နှိုက်ချွတ်ချွတ် သိထား
မှသာ အကုသိုလ် နည်းအောင် လုပ်ဆောင် နိုင်ပေလိမ့်မည်။
အဘယ်ကြောင့် ဆိုတော့ နေ့စဉ်နှင့် အမျှ ဒေါသနှင့် နပန်း
လုံးနေကြရသည်။
ထိုကြောင့် ဒေါသ ဆိုသော ဆင်ရိုင်းကြီးကို “သတိ” ဆိုသောချွန်းဖြင့်
အမြဲတမ်း ကြပ်မတ် ထိန်းချုပ်၍ ဒေါသစိတ် နည်းနိုင်သမျှ နည်းအောင်၊ ဒေါသ စိတ် မဖြစ်လာအောင် ကြိုးစား ကျင့်ဆောင်ဖို့ လိုပေသည်။ ဒေါသထွက်သည်နှင့် ထွက်ထွက်ချင်း သတိနှင့်
သိအောင် လုပ်ရမည်။ ထိုအခါ ထွက်နေသော ဒေါသသည် သတိစွမ်းအားကြောင့် ရပ်တန့်သွားပေလိမ့်မည်။
သတိစိတ်ကြောင့် ဒေါသစိတ် အစဉ်တန်းသည် ပြတ်တောက်
သွားပြီး အကုသိုလ် နည်းသွားပေလိမ့်မည်။
ဤကဲ့သို့ သတိဖြင့် ဒေါသကို သတ်ရင်း သတ်ရင်းဖြင့်
အကုသိုလ်ကင်းလာပြီး ကုသိုလ်တရားများ တိုးပွားလာကာ
ဒုက္ခကင်းငြိမ်းရာ နိဗ္ဗာန်သို့ အရောက်လှမ်းနိုင် ပေတော့မည်။
– [အရှင်ဉာဏဒီပ (ဓမ္မရတနာ)]
ဒေလီတက္ကသိုလ်၊ အိန္ဒိယ
Credit :thitkhat

LEAVE A REPLY

Please enter your comment!
Please enter your name here