“ေနာင္မွ ေနာင္တမရပါႏွင့္”
★★★★★★★★★★★★★
ေသေသခ်ာခ်ာ နာေနာ္၊ အေရးၾကီးတယ္ေနာ္၊
ဒကာ ဒကာမတို ့က မ်က္လံုးၾကီးဖြင့္ျပီးေတာ့
လူျမင္လူသိနဲ ့သူကဘယ္ေလာက္ခ်မ္းသာျပီ၊
သူက ဘယ္ေလာက္တိုးတက္လာျပီ၊
သူက ဘယ္လိုပညာတတ္တယ္၊
ကားေတြစီးႏုိင္ျပီ၊ ဘီလ်ံနာၾကီးျဖစ္ေနျပီ၊
ဘယ္လို၀တ္ဆင္ႏိုင္ျပီ၊
ဘယ္ေလာက္အေဆာက္အဦးေတြေဆာက္ႏိုင္ျပီ၊
ဘယ္လို စက္ရုံၾကီးေတြတည္ႏိုင္ျပီလို ့ ဒါပဲျမင္မေနၾကဘူးလား။

သူေတာ္ေကာင္းေတြက ေသျပီးဟိုဘက္
ဘ၀ဆိုးေတြေရာက္ေနတာကိုျမင္တယ္။
ခင္ဗ်ားတို ့ျမင္ရဲ ့လား၊ မျမင္ဘူး။
အဲဒါ အခြင့္အေရးဆံုးရႈံးသြားျပီ။.
ဆံုးရႈံးတယ္ဆိုတာ ဒီမဂ္တရား ဖိုလ္တရားမွ
လက္လြတ္လိုက္ရပါျပီဘုရားလို ့ေျပာတာ။

ဦးဇင္းအေမေပါ့၊ ဦးဇင္း ၂၅၊ ၂၆ ႏွစ္သားေလာက္က
ဒီလိုမေဟာတတ္ မေျပာတတ္ေတာ့ ဒကာမၾကီး
တရားအားထုတ္ပါဆိုတာ အားမထုတ္ခ်င္ဘူး၊
ဖင္နာတယ္ ေခါင္းနာတယ္နဲ ့၊ ဦးဇင္းအေမက
ဥပုသ္ေတာင္းရြက္ျပီး ပုတီးပတ္ျပီး ေက်ာင္းသြားရမွေက်နပ္တာကိုး။

မဂ္တရား ဖိုလ္တရားရဲ ့ တန္ဖိုးကို မသိေတာ့
ဥပုသ္ေစာင့္ရုံေလာက္နဲ ့ သူေက်နပ္ေနတာ။
ေသလည္း ေသသြားေရာ အခုဘာျဖစ္ေနလဲဆိုေတာ့
နဂါးျဖစ္ေနတယ္။ နဂါးျဖစ္ေနတယ္ဆိုတာ
လူ ့ဘ၀လား တိရစၧာန္ဘ၀လား၊ တိရစၧာန္ဘ၀။
ဘာျဖစ္လို ့လဲ .. အခြင့္အေရးၾကံဳေနတဲ့အခ်ိန္မွာ
စိုက္ပ်ိဳးသင့္တာကို မစိုက္ပ်ိဳးခဲ့ဘူး။

ဒါေၾကာင့္ ဒကာဒကာမေတြ အခြင့္အေရးၾကံဳတဲ့အခ်ိန္
သာသနာနဲ ့ၾကံဳတဲ့အခ်ိန္ မဂ္တရား ဖိုလ္တရားကို စိုက္ပ်ိဳးပါ။
ဒီမဂ္တရား ဖုိလ္တရားဆိုတာ ကမၻာၾကီးေပၚတိုင္း သာသနာေပၚပါ့မလား၊
မေပၚဘူးေနာ္။ အဲဒါကို ဒကာဒကာမေတြ ေနာင္တမရနဲ ့။

(ေက်းဇူးေတာ္ရွင္ ေအာင္လံဆရာေတာ္ ဘုရားၾကီး အသွ်င္စႏၵိမာ)

(Unicode)

“နောင်မှ နောင်တမရပါနှင့်”
★★★★★★★★★★★★★
သေသေချာချာ နာနော်၊ အရေးကြီးတယ်နော်၊
ဒကာ ဒကာမတို ့က မျက်လုံးကြီးဖွင့်ပြီးတော့
လူမြင်လူသိနဲ ့သူကဘယ်လောက်ချမ်းသာပြီ၊
သူက ဘယ်လောက်တိုးတက်လာပြီ၊
သူက ဘယ်လိုပညာတတ်တယ်၊
ကားတွေစီးနိုင်ပြီ၊ ဘီလျံနာကြီးဖြစ်နေပြီ၊
ဘယ်လိုဝတ်ဆင်နိုင်ပြီ၊
ဘယ်လောက်အဆောက်အဦးတွေဆောက်နိုင်ပြီ၊
ဘယ်လို စက်ရုံကြီးတွေတည်နိုင်ပြီလို ့ ဒါပဲမြင်မနေကြဘူးလား။

သူတော်ကောင်းတွေက သေပြီးဟိုဘက်
ဘဝဆိုးတွေရောက်နေတာကိုမြင်တယ်။
ခင်ဗျားတို ့မြင်ရဲ ့လား၊ မမြင်ဘူး။
အဲဒါ အခွင့်အရေးဆုံးရှုံးသွားပြီ။.
ဆုံးရှုံးတယ်ဆိုတာ ဒီမဂ်တရား ဖိုလ်တရားမှ
လက်လွတ်လိုက်ရပါပြီဘုရားလို ့ပြောတာ။

ဦးဇင်းအမေပေါ့၊ ဦးဇင်း ၂၅၊ ၂၆ နှစ်သားလောက်က
ဒီလိုမဟောတတ် မပြောတတ်တော့ ဒကာမကြီး
တရားအားထုတ်ပါဆိုတာ အားမထုတ်ချင်ဘူး၊
ဖင်နာတယ် ခေါင်းနာတယ်နဲ ့၊ ဦးဇင်းအမေက
ဥပုသ်တောင်းရွက်ပြီး ပုတီးပတ်ပြီး ကျောင်းသွားရမှကျေနပ်တာကိုး။

မဂ်တရား ဖိုလ်တရားရဲ ့ တန်ဖိုးကို မသိတော့
ဥပုသ်စောင့်ရုံလောက်နဲ ့ သူကျေနပ်နေတာ။
သေလည်း သေသွားရော အခုဘာဖြစ်နေလဲဆိုတော့
နဂါးဖြစ်နေတယ်။ နဂါးဖြစ်နေတယ်ဆိုတာ
လူ ့ဘဝလား တိရစ္ဆာန်ဘဝလား၊ တိရစ္ဆာန်ဘဝ။
ဘာဖြစ်လို ့လဲ .. အခွင့်အရေးကြုံနေတဲ့အချိန်မှာ
စိုက်ပျိုးသင့်တာကို မစိုက်ပျိုးခဲ့ဘူး။

ဒါကြောင့် ဒကာဒကာမတွေ အခွင့်အရေးကြုံတဲ့အချိန်
သာသနာနဲ ့ကြုံတဲ့အချိန် မဂ်တရား ဖိုလ်တရားကို စိုက်ပျိုးပါ။
ဒီမဂ်တရား ဖိုလ်တရားဆိုတာ ကမ္ဘာကြီးပေါ်တိုင်း သာသနာပေါ်ပါ့မလား၊
မပေါ်ဘူးနော်။ အဲဒါကို ဒကာဒကာမတွေ နောင်တမရနဲ ့။

(ကျေးဇူးတော်ရှင် အောင်လံဆရာတော် ဘုရားကြီး အသျှင်စန္ဒိမာ)

LEAVE A REPLY

Please enter your comment!
Please enter your name here