႐ုပ္နာမ္သိမွ ဒိ႒ိကြာမည္

“႐ုပ္နာမ္မသိ လူဒိ႒ိမွာ
မိုးဖ်ား ျဗဟၼာ ျဖစ္တံုပါလည္း
ခႏၶာၿပဳိကြဲ ကုသိုလ္စဲက
ေဖာက္လြဲပါယ္ရြာ ေရာက္တတ္စြာ၏”

ဝိပႆနာ လုပ္လိုသူမ်ားအတြက္ ႐ုပ္နာမ္ကို ေရွးဦးစြာ သိထားဖို႔ အေရးႀကီးပါတယ္။ ႐ုပ္ ဆိုတာက ေဖာက္ျပန္တတ္တဲ့ သေဘာေတြပါပဲ။ အပူေၾကာင့္ျဖစ္ေစ၊ အေအးေၾကာင့္ျဖစ္ေစ ေဖာက္ျပန္တတ္တာ ႐ုပ္ေပါ့။ ႐ုပ္လည္း ေဖာက္ျပန္တာပါပဲ၊ နာမ္လည္း ေဖာက္ျပန္တာပါပဲ။ ဒါေပမဲ့ ႐ုပ္ရဲ႕ ေဖာက္ျပန္မႈက သိသာထင္ရွားလို႔သာ ႐ုပ္ကိုမွ ေဖာက္ျပန္တတ္တဲ့ သေဘာ (႐ုပၸတီတိ ႐ူပံ) လို႔ ေျပာရတာေပါ့။ ကိုယ့္သႏၲာန္မွာ သံုးသပ္ၾကည့္မယ္ဆိုရင္ ႐ုပ္ရဲ႕ သေဘာတရားေတြ သိသိသာသာ ေတြ႕ရမွာပါ။

ခႏၶာမွာ မာတဲ့သေဘာ၊ ေပ်ာ့တဲ့သေဘာ၊ ႏူးညံ့တဲ့သေဘာေလးေတြ ရိွေနတာပဲ။ ဒါေတြက ပထဝီဓာတ္ေတြေပါ့။ အစိုဓာတ္၊ အထုိင္းဓာတ္၊ အစီးဓာတ္ေလးေတြလည္း ရိွေနပါတယ္။ ဒါေတြက အာေပါဓာတ္ေတြေပါ့။ အပူဓာတ္၊ အေႏြးဓာတ္၊ အေအးဓာတ္ဆိုတာလည္း ရိွေနတာပဲ။ ဒါဟာ ေတေဇာ ႐ုပ္ေပါ့။ လႈပ္တဲ့သေဘာ၊ ၿငိမ္တဲ့ သေဘာ၊ ေထာက္ကန္တတ္တဲ့ သေဘာေလးေတြလည္း ရိွေနတာပဲ။ ဒါေတြက ဝါေယာဓာတ္ေတြေပါ့။ ဒီဓာတ္ႀကီးေလးပါးဟာ အထင္ကရ ႐ုပ္ဓာတ္ေတြျဖစ္လို႔ သူတို႔ကို မဟာဘုတ္လို႔ ေခၚတယ္။

ဒီဓာတ္ႀကီး ေလးပါး တစ္ပါးပါး ေပၚတုိင္း ေပၚတုိင္း ႐ုပ္ပဲလို႔ သိေနရင္ အရိွ ပရမတ္ကို သိေနပါၿပီ။ က်န္တဲ့ ႐ုပ္ေတြလည္း ရိွေနေသးတယ္။ ဒါေတြကို အသာထားလုိက္ပါဦး။ အစဦးဆံုး ဒီ ဓာတ္ႀကီးေလးပါးရဲ႕ သေဘာေလးေတြ ကိုယ့္ခႏၶာမွာ ရိွ၊ မရိွ ကိုယ္တုိင္ သိေအာင္ စမ္းသပ္ၾကည့္ဖို႔ လိုအပ္ပါတယ္။ စမ္းသပ္ၾကည့္ေတာ့ ပူတာလည္း ေတြ႕ရမွာပါပဲ။ တကယ္ေတာ့ အပူဓာတ္ဟာ ႐ုပ္သက္သက္သာ ျဖစ္ပါတယ္။ ငါပူတာမဟုတ္၊ ႐ုပ္က ပူေနတာလို႔သာ သိေပးေနလုိက္ရင္ ႐ုပ္ကို ႐ုပ္မွန္းသိသြားၿပီေပါ့။ ေအးေတာ့လည္း ငါေအးတာမဟုတ္၊ ႐ုပ္က ေအးေနတာ။ ေႏြးတာလည္း ငါေႏြးေနတာ မဟုတ္၊ ႐ုပ္ကေႏြးေနတာ။ လႈပ္ေတာ့လည္း ငါလႈပ္ေနတာ မဟုတ္။ ႐ုပ္က လႈပ္ေနတာ။ ၿငိမ္ ေတာ့လည္း ငါၿငိမ္ေနတာ မဟုတ္၊ ႐ုပ္က ၿငိမ္ေနတာ။ ေတာင့္တင္း ေနေတာ့လည္း ငါမဟုတ္၊ ႐ုပ္။ ႏူးညံ့ ေပ်ာ့ေပ်ာင္းေနေတာ့လည္း ငါ မဟုတ္၊ ႐ုပ္လို႔သာ သိသိေပးေနရင္ ႐ုပ္ဆိုတာ အစိုင္အခဲမဟုတ္၊ သေဘာတရားစုမွ်သာပါလား ဆိုတဲ့အသိ ကိုယ့္ဉာဏ္ထဲ ေရာက္လာမွာပါ။

သာမန္အားျဖင့္ ၾကည့္႐ိုး ၾကည့္စဥ္အတုိင္း ၾကည့္ေနၾကမယ္ဆုိရင္ ႐ုပ္ဆိုလုိက္တာနဲ႔ အတံုးအခဲႀကီးကိုသာ ျမင္ေယာင္ေန၊ ထင္ေယာင္ေနေလ့ရိွၾကတယ္။ ဒီ အစိုင္အခဲ အထည္ကိုယ္ျဒပ္ႀကီးကို ႐ုပ္လို႔ မေခၚႏုိင္ဘူးလား ဆိုေတာ့လည္း ေခၚႏုိင္ပါတယ္။ ဒါက ေရွး ေရွး႐ုပ္ေတြနဲ႔ ေနာက္ေနာက္႐ုပ္ေတြ ေပါင္းမိစုမိထားလို႔ အထည္ကိုယ္ အေနနဲ႔ ျဖစ္တည္ေနတာပါပဲ။ ဝိပႆနာ႐ႈတဲ့အခ်ိန္ေလးမွာ သိေနရမွာက အဲလို အစုအေပါင္းႀကီးကေန ေလာေလာလတ္လတ္ ေပၚေပါက္လာတတ္တဲ့၊ ထြက္ထြက္ လာတတ္တဲ့ အပူ၊ အေအး၊ အေႏြး၊ အေစး၊ အကပ္၊ အလႈပ္၊ အၿငိမ္၊ အေတာင့္၊ အတင္း၊ အေရြ႕၊ အမာ၊ အေပ်ာ့၊ အေလ်ာ့၊ အတင္း စတဲ့ သေဘာစု သက္သက္ေလးေတြကို ေပၚလာလုိက္၊ သိေပးလုိက္၊ ေပၚလာလုိက္၊ သိေပးလုိက္။ အဲလိုေလး သိသိေပးေနရင္ ႐ုပ္ကို ဉာဏ္ကသိေနလို႔ ႐ုပ္ကို ပိုင္းျခားသိတဲ့ ဉာဏ္ေတာ့ ျဖစ္ေနၿပီေပါ့။ အဲဒီဉာဏ္ကို ႐ူပပရိေစၧဒဉာဏ္လို႔ ေခၚတာပါပဲ။

႐ုပ္ကို ႐ုပ္မွန္းသိေတာ့ ဘာျဖစ္လဲဆိုေတာ့ တစ္သံသရာလံုးက ဒီအသိ, ဒီအျမင္မရိွခဲ့လို႔ ဒီ႐ုပ္ကိုပဲ ငါ့ကိုယ္, ငါ့ဟာ, ငါ့ဥစၥာ ထင္မွတ္ေနတဲ့ အထင္ေတြ, အျမင္ေတြ ေပ်ာက္သြားတာေပါ့။ ႐ုပ္ကို ငါထင္တဲ့ ငါစြဲ သကၠာယဒိ႒ိ၊ ႐ုပ္ကိုပဲ ငါ့ကိုယ္, ငါ့ဟာ, ငါ့ဥစၥာ ထင္တဲ့ တဏွာစြဲေတြ ေလ်ာ့က်သြားတာပါပဲ။ ႐ုပ္ဆိုတာ သေဘာတရားအစု သက္သက္မွ်သာပါလားဆိုတာ သိသိ လာတယ္ေလ။ တဏွာစြဲ, ဒိ႒ိစြဲေတြနဲ႔ စြဲလမ္းစရာ မဟုတ္ေတာ့ဘဲ ျဖစ္ၿပီး ပ်က္၊ ေပၚၿပီးေပ်ာက္ေပ်ာက္သြားတဲ့ သေဘာေလးေတြသာ ျဖစ္တယ္လို႔ ကိုယ္တုိင္ သိနားလည္လာပါတယ္။ ဒီသေဘာေလးေတြကိုပဲ တဏွာ၊ ဒိ႒ိ ေတြနဲ႔ စြဲလမ္းေနတတ္တာေၾကာင့္ ႐ုပ္ကို ဥပါဒါနကၡႏၶာမွာ ထည့္သြင္း ေဖာ္ျပထားပါတယ္။ အျပည့္အစံု ဆုိရင္ေတာ့ ႐ူပုပါဒါနကၡႏၶာလို႔ ေခၚပါတယ္။ ဒီဥပါဒါနကၡႏၶာကိုသာလွ်င္ ဝိပႆနာ႐ႈရမယ္ဆိုတာကိုလည္း မွတ္ထားရပါမယ္။ ဟို အတံုးအခဲ ကိုယ္ကာယ ႐ုပ္ခႏၶာႀကီးက ခႏၶာ မဟုတ္လားဆိုေတာ့ ခႏၶာေတာ့ ဟုတ္ပါတယ္။ ဝိပႆနာ႐ႈရမယ့္ ခႏၶာေတာ့ မဟုတ္ဘူး။ ဘာလို႔လဲ ဆိုေတာ့ သူ႕ကို ၾကည့္ရင္ အိုတာ၊ မင္းတာ၊ ရင့္တာ ေရာ္တာေတြေလာက္သာ ျမင္ေနရၿပီး ခဏမစဲ တဖြဲဖြဲ ျဖစ္ပ်က္ ေျပာင္းလဲေနတာေတြကိုက်ေတာ့ မျမင္သာ မထင္သာလို႔ပါပဲ။

အတိတ္႐ုပ္, ပစၥဳပၸန္႐ုပ္, အနာဂတ္႐ုပ္ စသည္ ေပါင္းစု ဖြဲ႕စည္းထားတဲ့ ကိုယ္ကာယႀကီး ျဖစ္ေနေတာ့ ကေလးတုန္းကလည္း ငါပဲ၊ ငါ့ကိုယ္ပဲ။ အခုလည္း ငါပဲ၊ ငါ့ကိုယ္ပဲလို႔ စြဲစြဲၿမဲၿမဲ ထင္ျမင္ ယူဆထားၿပီး ဒီကိုယ္က ေမြးကတည္းက ဒီအတုိင္းပဲေနလာၿပီး အိုမင္းရင့္ေရာ္ အသက္ႀကီး၊ ေနာက္ဆံုး ေသမွပဲ ပ်က္စီးေတာ့တယ္လို႔ ခံယူထားမိေလေတာ့ ႐ုပ္ေပၚမွာ မပ်က္မစီး တည္ၿမဲတယ္လို႔ အထင္ေရာက္ေနတယ္။ ဒီအထင္မ်ဳိးကို သႆတဒိ႒ိလို႔ ေခၚတာေပါ့။ တကယ္ေတာ့ အဲလိုမွ မဟုတ္ဘဲ၊ လတ္တေလာ ျဖစ္ေပၚေန တဲ့ ႐ုပ္ေလးေတြဟာ ဉာဏ္နဲ႔ ၾကည့္လုိက္တုိင္း ၾကည့္လုိက္တုိင္း တဖြဲဖြဲ တသဲသဲ ၿပဳိကြဲပ်က္စီး ေၾကြက်ေနတာမွလြဲလို႔ ဘာမွမေတြ႕ႏုိင္တာပဲ။ ဒီလို လတ္တေလာ ေပၚေပၚလာတဲ့ ႐ုပ္ေလးေတြကိုသာ ျမင္ေအာင္လည္း ၾကည့္လို႔ရသလို သိသိေပးလို႔လည္း ရတာေပါ့။ ဒါေၾကာင့္ လတ္တေလာ ေပၚေပၚလာတဲ့ ႐ုပ္ေလးေတြကိုပဲ ဝိပႆနာ႐ႈရမယ့္ ခႏၶာ။ ဒီခႏၶာမ်ဳိးကို ဥပါဒါနကၡႏၶာလို႔ ေခၚပါတယ္။ ဒါျဖင့္ ဥပါဒါနကၡႏၶာကို ဝိပႆနာ ႐ႈၾကရမယ္ဆိုတာ ေပၚလာၿပီ။ ႐ုပ္ကို ႐ုပ္မွန္းလည္း သိေနၿပီဆိုေတာ့ ဒိ႒ိကြာလို႔ ဒီလို ေပၚလာတုိင္း ေပၚလာတုိင္း ႐ုပ္ေလးေတြအေပၚမွာ အျမင္က ရွင္းလာၿပီဆိုရင္ ဒီလို ေပၚလာတဲ့ ႐ုပ္ကေလးေတြ ငါလားလို႔ ဉာဏ္ထဲ ေမးစစ္ၾကည့္။ ငါ့ဥစၥာလားလို႔ ေမးစစ္ၾကည့္။ ငါလည္းမဟုတ္၊ ငါ့ ဥစၥာလည္းမဟုတ္ဆိုတာ အလိုလို အေျဖထုတ္ၿပီးသားျဖစ္ေနလုိ႔ ဒီလို ရွင္းလင္းစြာ သေဘာေပါက္နားလည္ေနတဲ့ အဆင့္ကို ႐ုပ္ကို ႐ုပ္မွန္းသိေနတဲ့ အဆင့္။ အသိနဲ႔ ဒိ႒ိျပဳတ္ေနတဲ့ အဆင့္လို႔ မွတ္လုိက္တာေပါ့။ ဒီအသိေလးနဲ႔သာ ေနလို႔ ဒီအသိေလးနဲ႔သာ ေသႏုိင္မယ္ဆိုရင္ ဒိ႒ိ အစြဲကင္းၿပီး ေသလို႔ တစ္ဘဝ၊ ႏွစ္ဘဝေတာ့ အပါယ္တံခါးပိတ္တယ္။

ဒိ႒ိအျမင္ မေရာေတာ့ဘူးဆိုရင္ ဒီေပၚတုိင္းေပၚတုိင္းေသာ ႐ုပ္ေလးေတြ ၿမဲလား, မၿမဲလား ဆက္ၿပီး အကဲခတ္လိုက္ပါ။ ပူတာေလး ေပၚလာရင္ ဒီအပူေလးက ပ်က္လား, မပ်က္လား အကဲခတ္။ သူက မၿမဲဘူး၊ ပ်က္တယ္ဆိုတာ ေျပာသြားပါလိမ့္မယ္။ ဒါက သူ႕ သေဘာသူ ျပသြားတာပါပဲ။ သူက ျပေနတဲ့ သူ႕သေဘာကို ကိုယ့္မေနာက သိသိေပးေနလုိက္႐ံုေပါ့။ ေအးတာေလး ေပၚလာေတာ့လည္း ၿမဲ,မၿမဲ အကဲခတ္၊ ေႏြးတာေလး ေပၚလာေတာ့လည္း ၿမဲ,မၿမဲ အကဲခတ္။ လႈပ္တာေလးေတြ၊ ၿငိမ္တာေလးေတြ၊ ေတာင့္တာေလး ေတြ၊ တင္းတာေလးေတြ၊ မာတာေလးေတြ၊ ေပ်ာ့အိတာေလးေတြ ခႏၶာမွာ ထင္ရွားျပလာလို႔ ရိွရင္လည္း ၿမဲ,မၿမဲသာ အကဲခတ္ေနလိုက္။ သူ႕သက္တမ္းေစ့တာနဲ႔ ပ်က္ပ်က္သြားတာေလးေတြ ေတြ႕ၿပီဆိုရင္ ႐ုပ္တရားေတြဟာ မၿမဲပါလား၊ ျဖစ္ၿပီး ပ်က္ပ်က္သြားၾကပါလား ဆိုတာ သူမ်ားေျပာမဟုတ္၊ ကိုယ့္ခႏၶာက ေျပာတဲ့ အေျပာ။ ကိုယ့္ မေနာက ကိုယ္တုိင္သိတဲ့ အသိ ျဖစ္လာတာပါပဲ။ ဒီလို ေပၚလာသမွ် ႐ုပ္ကေလးေတြ ၾကည့္လို႔ ျဖစ္ၿပီး ပ်က္၊ ေပၚၿပီး ေပ်ာက္ေပ်ာက္သြား တာေလးေတြ ျမင္လာရၿပီဆုိရင္ ေပၚသမွ် ႐ုပ္က ျဖစ္ပ်က္၊ ျမင္တာက မဂ္၊ ႐ုပ္ကျဖစ္ၿပီး ပ်က္လို႔ ဒုကၡသစၥာ၊ ျမင္ေနတာေလးက မဂၢသစၥာ။ ဒီလို သစၥာသေဘာေလးေတြ သိလာတာပါပဲ။ ဒါဟာ အပြားဉာဏ္နဲ႔ သိေနတဲ့ သစၥာသိ။

႐ုပ္ကို ႐ုပ္မွန္းသိေနတုန္းက ဒိ႒ိကြာေနတယ္။ ဒိ႒ိကြာေတာ့ အပါယ္တံခါး ပိတ္တယ္။ ဒါေပမဲ့ နိဗၺာန္ေတာ့ မေရာက္ႏုိင္ေသးဘူး။ ေပၚဆဲ႐ုပ္ကို ျဖစ္ပ်က္ျမင္ေတာ့ မဂ္ ေပၚတယ္။ မဂ္ေပၚေတာ့ သစၥာသိတယ္။ သစၥာသိေတာ့ နိဗၺာန္ေရာက္တယ္။ ေပၚဆဲ ႐ုပ္ေလးေတြကို ျဖစ္တာလည္း ျမင္၊ ပ်က္တာလည္း ျမင္ေအာင္ ၾကည့္ႏုိင္ၿပီဆုိရင္ ျဖစ္ပ်က္ေနတဲ့ ႐ုပ္ေလးေတြဟာ ငါ့ကိုယ္လည္း မဟုတ္၊ ငါ့ဟာလည္း မဟုတ္၊ ငါ့ဥစၥာလည္း မဟုတ္၊ ျဖစ္ပ်က္ အနိစၥ၊ အနိစၥလကၡဏာ၊ ဒုကၡသစၥာသာ ဟုတ္ပါလားဆိုတာ ကိုယ္တုိင္သိျမင္လာေတာ့ အပြား ဉာဏ္နဲ႔ ဒိ႒ိကြာေနေပါ့။ လႈပ္တာေလး ေပၚလာရင္ လႈပ္တာ ႐ုပ္ကေလးပါလား၊ ၿငိမ္တာေလး ေပၚလာေတာ့လည္း ႐ုပ္ကေလးပါလားလို႔ သိသိေပးေနလိုက္ေတာ့ လႈပ္တာက တျခား၊ ၿငိမ္တာက တျခား။ လႈပ္တဲ့႐ုပ္ကလည္း လႈပ္ၿပီး ပ်က္၊ ၿငိမ္တဲ့ဆီမပါ။ ၿငိမ္တဲ့ ႐ုပ္ကလည္း ၿငိမ္ၿပီးပ်က္ေတာ့ လႈပ္တဲ့ဆီမပါ။ ဒီလို သီးျခားစီ ျမင္လာရင္ျဖင့္ ျမင္ရတဲ့ ႐ုပ္က ျဖစ္ၿပီး ပ်က္လို႔ ဒုကၡသစၥာ၊ ျမင္ေနတဲ့ဉာဏ္ေလးက မဂၢသစၥာ၊ ျဖစ္ပ်က္ မဂ္ ကိုက္ေနဆဲအခုိက္ ဒိ႒ိ ကိေလသာ မလာႏုိင္ဘဲ ေသေနတာက သမုဒယသစၥာ၊ သမုဒယသစၥာ ခ်ဳပ္ေတာ့ သမုဒယလုပ္မွ ေပၚရမယ့္ ေနာင္ ခႏၶာမလာႏုိင္တာက နိေရာဓသစၥာ။ ဒါျဖင့္ ႐ုပ္မွန္းလည္းသိ၊ ျဖစ္ပ်က္လည္း ျမင္ေအာင္ၾကည့္ တတ္ေလာက္ပါၿပီ။ ဒီလိုၾကည့္လို႔ ျမင္တဲ့ ျဖစ္ပ်က္ေတြကို မုန္းလာေအာင္၊ မုန္းဉာဏ္ရင့္ေတာ့ ဆံုးေအာင္သာ လိုက္လို႔ အရိယာမဂ္ ဆုိက္ၿပီဆုိရင္ ေနာင္ခႏၶာ အပါယ္ေဘး စိတ္ေအးရၿပီေပါ့။

{ အပၸမာဒ ဓမၼရသ မဂၢဇင္း အတဲြ (၁၉)၊ အမွတ္ (၃)၊ မတ္လ၊ ၂၀၁၈ }
Credit. – အရိယာစံအိမ္

(Unicode)

ရုပ်နာမ်သိမှ ဒိဋ္ဌိကွာမည်
~~~~~~~~~~~~~~~~~~

“ရုပ်နာမ်မသိ လူဒိဋ္ဌိမှာ
မိုးဖျား ဗြဟ္မာ ဖြစ်တုံပါလည်း
ခန္ဓာပြိုကွဲ ကုသိုလ်စဲက
ဖောက်လွဲပါယ်ရွာ ရောက်တတ်စွာ၏”

ဝိပဿနာ လုပ်လိုသူများအတွက် ရုပ်နာမ်ကို ရှေးဦးစွာ သိထားဖို့ အရေးကြီးပါတယ်။ ရုပ် ဆိုတာက ဖောက်ပြန်တတ်တဲ့ သဘောတွေပါပဲ။ အပူကြောင့်ဖြစ်စေ၊ အအေးကြောင့်ဖြစ်စေ ဖောက်ပြန်တတ်တာ ရုပ်ပေါ့။ ရုပ်လည်း ဖောက်ပြန်တာပါပဲ၊ နာမ်လည်း ဖောက်ပြန်တာပါပဲ။ ဒါပေမဲ့ ရုပ်ရဲ့ ဖောက်ပြန်မှုက သိသာထင်ရှားလို့သာ ရုပ်ကိုမှ ဖောက်ပြန်တတ်တဲ့ သဘော (ရုပ္ပတီတိ ရူပံ) လို့ ပြောရတာပေါ့။ ကိုယ့်သန္တာန်မှာ သုံးသပ်ကြည့်မယ်ဆိုရင် ရုပ်ရဲ့ သဘောတရားတွေ သိသိသာသာ တွေ့ရမှာပါ။

ခန္ဓာမှာ မာတဲ့သဘော၊ ပျော့တဲ့သဘော၊ နူးညံ့တဲ့သဘောလေးတွေ ရှိနေတာပဲ။ ဒါတွေက ပထဝီဓာတ်တွေပေါ့။ အစိုဓာတ်၊ အထိုင်းဓာတ်၊ အစီးဓာတ်လေးတွေလည်း ရှိနေပါတယ်။ ဒါတွေက အာပေါဓာတ်တွေပေါ့။ အပူဓာတ်၊ အနွေးဓာတ်၊ အအေးဓာတ်ဆိုတာလည်း ရှိနေတာပဲ။ ဒါဟာ တေဇော ရုပ်ပေါ့။ လှုပ်တဲ့သဘော၊ ငြိမ်တဲ့ သဘော၊ ထောက်ကန်တတ်တဲ့ သဘောလေးတွေလည်း ရှိနေတာပဲ။ ဒါတွေက ဝါယောဓာတ်တွေပေါ့။ ဒီဓာတ်ကြီးလေးပါးဟာ အထင်ကရ ရုပ်ဓာတ်တွေဖြစ်လို့ သူတို့ကို မဟာဘုတ်လို့ ခေါ်တယ်။

ဒီဓာတ်ကြီး လေးပါး တစ်ပါးပါး ပေါ်တိုင်း ပေါ်တိုင်း ရုပ်ပဲလို့ သိနေရင် အရှိ ပရမတ်ကို သိနေပါပြီ။ ကျန်တဲ့ ရုပ်တွေလည်း ရှိနေသေးတယ်။ ဒါတွေကို အသာထားလိုက်ပါဦး။ အစဦးဆုံး ဒီ ဓာတ်ကြီးလေးပါးရဲ့ သဘောလေးတွေ ကိုယ့်ခန္ဓာမှာ ရှိ၊ မရှိ ကိုယ်တိုင် သိအောင် စမ်းသပ်ကြည့်ဖို့ လိုအပ်ပါတယ်။ စမ်းသပ်ကြည့်တော့ ပူတာလည်း တွေ့ရမှာပါပဲ။ တကယ်တော့ အပူဓာတ်ဟာ ရုပ်သက်သက်သာ ဖြစ်ပါတယ်။ ငါပူတာမဟုတ်၊ ရုပ်က ပူနေတာလို့သာ သိပေးနေလိုက်ရင် ရုပ်ကို ရုပ်မှန်းသိသွားပြီပေါ့။ အေးတော့လည်း ငါအေးတာမဟုတ်၊ ရုပ်က အေးနေတာ။ နွေးတာလည်း ငါနွေးနေတာ မဟုတ်၊ ရုပ်ကနွေးနေတာ။ လှုပ်တော့လည်း ငါလှုပ်နေတာ မဟုတ်။ ရုပ်က လှုပ်နေတာ။ ငြိမ် တော့လည်း ငါငြိမ်နေတာ မဟုတ်၊ ရုပ်က ငြိမ်နေတာ။ တောင့်တင်း နေတော့လည်း ငါမဟုတ်၊ ရုပ်။ နူးညံ့ ပျော့ပျောင်းနေတော့လည်း ငါ မဟုတ်၊ ရုပ်လို့သာ သိသိပေးနေရင် ရုပ်ဆိုတာ အစိုင်အခဲမဟုတ်၊ သဘောတရားစုမျှသာပါလား ဆိုတဲ့အသိ ကိုယ့်ဉာဏ်ထဲ ရောက်လာမှာပါ။

သာမန်အားဖြင့် ကြည့်ရိုး ကြည့်စဉ်အတိုင်း ကြည့်နေကြမယ်ဆိုရင် ရုပ်ဆိုလိုက်တာနဲ့ အတုံးအခဲကြီးကိုသာ မြင်ယောင်နေ၊ ထင်ယောင်နေလေ့ရှိကြတယ်။ ဒီ အစိုင်အခဲ အထည်ကိုယ်ဒြပ်ကြီးကို ရုပ်လို့ မခေါ်နိုင်ဘူးလား ဆိုတော့လည်း ခေါ်နိုင်ပါတယ်။ ဒါက ရှေး ရှေးရုပ်တွေနဲ့ နောက်နောက်ရုပ်တွေ ပေါင်းမိစုမိထားလို့ အထည်ကိုယ် အနေနဲ့ ဖြစ်တည်နေတာပါပဲ။ ဝိပဿနာရှုတဲ့အချိန်လေးမှာ သိနေရမှာက အဲလို အစုအပေါင်းကြီးကနေ လောလောလတ်လတ် ပေါ်ပေါက်လာတတ်တဲ့၊ ထွက်ထွက် လာတတ်တဲ့ အပူ၊ အအေး၊ အနွေး၊ အစေး၊ အကပ်၊ အလှုပ်၊ အငြိမ်၊ အတောင့်၊ အတင်း၊ အရွေ့၊ အမာ၊ အပျော့၊ အလျော့၊ အတင်း စတဲ့ သဘောစု သက်သက်လေးတွေကို ပေါ်လာလိုက်၊ သိပေးလိုက်၊ ပေါ်လာလိုက်၊ သိပေးလိုက်။ အဲလိုလေး သိသိပေးနေရင် ရုပ်ကို ဉာဏ်ကသိနေလို့ ရုပ်ကို ပိုင်းခြားသိတဲ့ ဉာဏ်တော့ ဖြစ်နေပြီပေါ့။ အဲဒီဉာဏ်ကို ရူပပရိစ္ဆေဒဉာဏ်လို့ ခေါ်တာပါပဲ။

ရုပ်ကို ရုပ်မှန်းသိတော့ ဘာဖြစ်လဲဆိုတော့ တစ်သံသရာလုံးက ဒီအသိ, ဒီအမြင်မရှိခဲ့လို့ ဒီရုပ်ကိုပဲ ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာ ထင်မှတ်နေတဲ့ အထင်တွေ, အမြင်တွေ ပျောက်သွားတာပေါ့။ ရုပ်ကို ငါထင်တဲ့ ငါစွဲ သက္ကာယဒိဋ္ဌိ၊ ရုပ်ကိုပဲ ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာ ထင်တဲ့ တဏှာစွဲတွေ လျော့ကျသွားတာပါပဲ။ ရုပ်ဆိုတာ သဘောတရားအစု သက်သက်မျှသာပါလားဆိုတာ သိသိ လာတယ်လေ။ တဏှာစွဲ, ဒိဋ္ဌိစွဲတွေနဲ့ စွဲလမ်းစရာ မဟုတ်တော့ဘဲ ဖြစ်ပြီး ပျက်၊ ပေါ်ပြီးပျောက်ပျောက်သွားတဲ့ သဘောလေးတွေသာ ဖြစ်တယ်လို့ ကိုယ်တိုင် သိနားလည်လာပါတယ်။ ဒီသဘောလေးတွေကိုပဲ တဏှာ၊ ဒိဋ္ဌိ တွေနဲ့ စွဲလမ်းနေတတ်တာကြောင့် ရုပ်ကို ဥပါဒါနက္ခန္ဓာမှာ ထည့်သွင်း ဖော်ပြထားပါတယ်။ အပြည့်အစုံ ဆိုရင်တော့ ရူပုပါဒါနက္ခန္ဓာလို့ ခေါ်ပါတယ်။ ဒီဥပါဒါနက္ခန္ဓာကိုသာလျှင် ဝိပဿနာရှုရမယ်ဆိုတာကိုလည်း မှတ်ထားရပါမယ်။ ဟို အတုံးအခဲ ကိုယ်ကာယ ရုပ်ခန္ဓာကြီးက ခန္ဓာ မဟုတ်လားဆိုတော့ ခန္ဓာတော့ ဟုတ်ပါတယ်။ ဝိပဿနာရှုရမယ့် ခန္ဓာတော့ မဟုတ်ဘူး။ ဘာလို့လဲ ဆိုတော့ သူ့ကို ကြည့်ရင် အိုတာ၊ မင်းတာ၊ ရင့်တာ ရော်တာတွေလောက်သာ မြင်နေရပြီး ခဏမစဲ တဖွဲဖွဲ ဖြစ်ပျက် ပြောင်းလဲနေတာတွေကိုကျတော့ မမြင်သာ မထင်သာလို့ပါပဲ။

အတိတ်ရုပ်, ပစ္စုပ္ပန်ရုပ်, အနာဂတ်ရုပ် စသည် ပေါင်းစု ဖွဲ့စည်းထားတဲ့ ကိုယ်ကာယကြီး ဖြစ်နေတော့ ကလေးတုန်းကလည်း ငါပဲ၊ ငါ့ကိုယ်ပဲ။ အခုလည်း ငါပဲ၊ ငါ့ကိုယ်ပဲလို့ စွဲစွဲမြဲမြဲ ထင်မြင် ယူဆထားပြီး ဒီကိုယ်က မွေးကတည်းက ဒီအတိုင်းပဲနေလာပြီး အိုမင်းရင့်ရော် အသက်ကြီး၊ နောက်ဆုံး သေမှပဲ ပျက်စီးတော့တယ်လို့ ခံယူထားမိလေတော့ ရုပ်ပေါ်မှာ မပျက်မစီး တည်မြဲတယ်လို့ အထင်ရောက်နေတယ်။ ဒီအထင်မျိုးကို သဿတဒိဋ္ဌိလို့ ခေါ်တာပေါ့။ တကယ်တော့ အဲလိုမှ မဟုတ်ဘဲ၊ လတ်တလော ဖြစ်ပေါ်နေ တဲ့ ရုပ်လေးတွေဟာ ဉာဏ်နဲ့ ကြည့်လိုက်တိုင်း ကြည့်လိုက်တိုင်း တဖွဲဖွဲ တသဲသဲ ပြိုကွဲပျက်စီး ကြွေကျနေတာမှလွဲလို့ ဘာမှမတွေ့နိုင်တာပဲ။ ဒီလို လတ်တလော ပေါ်ပေါ်လာတဲ့ ရုပ်လေးတွေကိုသာ မြင်အောင်လည်း ကြည့်လို့ရသလို သိသိပေးလို့လည်း ရတာပေါ့။ ဒါကြောင့် လတ်တလော ပေါ်ပေါ်လာတဲ့ ရုပ်လေးတွေကိုပဲ ဝိပဿနာရှုရမယ့် ခန္ဓာ။ ဒီခန္ဓာမျိုးကို ဥပါဒါနက္ခန္ဓာလို့ ခေါ်ပါတယ်။ ဒါဖြင့် ဥပါဒါနက္ခန္ဓာကို ဝိပဿနာ ရှုကြရမယ်ဆိုတာ ပေါ်လာပြီ။ ရုပ်ကို ရုပ်မှန်းလည်း သိနေပြီဆိုတော့ ဒိဋ္ဌိကွာလို့ ဒီလို ပေါ်လာတိုင်း ပေါ်လာတိုင်း ရုပ်လေးတွေအပေါ်မှာ အမြင်က ရှင်းလာပြီဆိုရင် ဒီလို ပေါ်လာတဲ့ ရုပ်ကလေးတွေ ငါလားလို့ ဉာဏ်ထဲ မေးစစ်ကြည့်။ ငါ့ဥစ္စာလားလို့ မေးစစ်ကြည့်။ ငါလည်းမဟုတ်၊ ငါ့ ဥစ္စာလည်းမဟုတ်ဆိုတာ အလိုလို အဖြေထုတ်ပြီးသားဖြစ်နေလို့ ဒီလို ရှင်းလင်းစွာ သဘောပေါက်နားလည်နေတဲ့ အဆင့်ကို ရုပ်ကို ရုပ်မှန်းသိနေတဲ့ အဆင့်။ အသိနဲ့ ဒိဋ္ဌိပြုတ်နေတဲ့ အဆင့်လို့ မှတ်လိုက်တာပေါ့။ ဒီအသိလေးနဲ့သာ နေလို့ ဒီအသိလေးနဲ့သာ သေနိုင်မယ်ဆိုရင် ဒိဋ္ဌိ အစွဲကင်းပြီး သေလို့ တစ်ဘဝ၊ နှစ်ဘဝတော့ အပါယ်တံခါးပိတ်တယ်။

ဒိဋ္ဌိအမြင် မရောတော့ဘူးဆိုရင် ဒီပေါ်တိုင်းပေါ်တိုင်းသော ရုပ်လေးတွေ မြဲလား, မမြဲလား ဆက်ပြီး အကဲခတ်လိုက်ပါ။ ပူတာလေး ပေါ်လာရင် ဒီအပူလေးက ပျက်လား, မပျက်လား အကဲခတ်။ သူက မမြဲဘူး၊ ပျက်တယ်ဆိုတာ ပြောသွားပါလိမ့်မယ်။ ဒါက သူ့ သဘောသူ ပြသွားတာပါပဲ။ သူက ပြနေတဲ့ သူ့သဘောကို ကိုယ့်မနောက သိသိပေးနေလိုက်ရုံပေါ့။ အေးတာလေး ပေါ်လာတော့လည်း မြဲ,မမြဲ အကဲခတ်၊ နွေးတာလေး ပေါ်လာတော့လည်း မြဲ,မမြဲ အကဲခတ်။ လှုပ်တာလေးတွေ၊ ငြိမ်တာလေးတွေ၊ တောင့်တာလေး တွေ၊ တင်းတာလေးတွေ၊ မာတာလေးတွေ၊ ပျော့အိတာလေးတွေ ခန္ဓာမှာ ထင်ရှားပြလာလို့ ရှိရင်လည်း မြဲ,မမြဲသာ အကဲခတ်နေလိုက်။ သူ့သက်တမ်းစေ့တာနဲ့ ပျက်ပျက်သွားတာလေးတွေ တွေ့ပြီဆိုရင် ရုပ်တရားတွေဟာ မမြဲပါလား၊ ဖြစ်ပြီး ပျက်ပျက်သွားကြပါလား ဆိုတာ သူများပြောမဟုတ်၊ ကိုယ့်ခန္ဓာက ပြောတဲ့ အပြော။ ကိုယ့် မနောက ကိုယ်တိုင်သိတဲ့ အသိ ဖြစ်လာတာပါပဲ။ ဒီလို ပေါ်လာသမျှ ရုပ်ကလေးတွေ ကြည့်လို့ ဖြစ်ပြီး ပျက်၊ ပေါ်ပြီး ပျောက်ပျောက်သွား တာလေးတွေ မြင်လာရပြီဆိုရင် ပေါ်သမျှ ရုပ်က ဖြစ်ပျက်၊ မြင်တာက မဂ်၊ ရုပ်ကဖြစ်ပြီး ပျက်လို့ ဒုက္ခသစ္စာ၊ မြင်နေတာလေးက မဂ္ဂသစ္စာ။ ဒီလို သစ္စာသဘောလေးတွေ သိလာတာပါပဲ။ ဒါဟာ အပွားဉာဏ်နဲ့ သိနေတဲ့ သစ္စာသိ။

ရုပ်ကို ရုပ်မှန်းသိနေတုန်းက ဒိဋ္ဌိကွာနေတယ်။ ဒိဋ္ဌိကွာတော့ အပါယ်တံခါး ပိတ်တယ်။ ဒါပေမဲ့ နိဗ္ဗာန်တော့ မရောက်နိုင်သေးဘူး။ ပေါ်ဆဲရုပ်ကို ဖြစ်ပျက်မြင်တော့ မဂ် ပေါ်တယ်။ မဂ်ပေါ်တော့ သစ္စာသိတယ်။ သစ္စာသိတော့ နိဗ္ဗာန်ရောက်တယ်။ ပေါ်ဆဲ ရုပ်လေးတွေကို ဖြစ်တာလည်း မြင်၊ ပျက်တာလည်း မြင်အောင် ကြည့်နိုင်ပြီဆိုရင် ဖြစ်ပျက်နေတဲ့ ရုပ်လေးတွေဟာ ငါ့ကိုယ်လည်း မဟုတ်၊ ငါ့ဟာလည်း မဟုတ်၊ ငါ့ဥစ္စာလည်း မဟုတ်၊ ဖြစ်ပျက် အနိစ္စ၊ အနိစ္စလက္ခဏာ၊ ဒုက္ခသစ္စာသာ ဟုတ်ပါလားဆိုတာ ကိုယ်တိုင်သိမြင်လာတော့ အပွား ဉာဏ်နဲ့ ဒိဋ္ဌိကွာနေပေါ့။ လှုပ်တာလေး ပေါ်လာရင် လှုပ်တာ ရုပ်ကလေးပါလား၊ ငြိမ်တာလေး ပေါ်လာတော့လည်း ရုပ်ကလေးပါလားလို့ သိသိပေးနေလိုက်တော့ လှုပ်တာက တခြား၊ ငြိမ်တာက တခြား။ လှုပ်တဲ့ရုပ်ကလည်း လှုပ်ပြီး ပျက်၊ ငြိမ်တဲ့ဆီမပါ။ ငြိမ်တဲ့ ရုပ်ကလည်း ငြိမ်ပြီးပျက်တော့ လှုပ်တဲ့ဆီမပါ။ ဒီလို သီးခြားစီ မြင်လာရင်ဖြင့် မြင်ရတဲ့ ရုပ်က ဖြစ်ပြီး ပျက်လို့ ဒုက္ခသစ္စာ၊ မြင်နေတဲ့ဉာဏ်လေးက မဂ္ဂသစ္စာ၊ ဖြစ်ပျက် မဂ် ကိုက်နေဆဲအခိုက် ဒိဋ္ဌိ ကိလေသာ မလာနိုင်ဘဲ သေနေတာက သမုဒယသစ္စာ၊ သမုဒယသစ္စာ ချုပ်တော့ သမုဒယလုပ်မှ ပေါ်ရမယ့် နောင် ခန္ဓာမလာနိုင်တာက နိရောဓသစ္စာ။ ဒါဖြင့် ရုပ်မှန်းလည်းသိ၊ ဖြစ်ပျက်လည်း မြင်အောင်ကြည့် တတ်လောက်ပါပြီ။ ဒီလိုကြည့်လို့ မြင်တဲ့ ဖြစ်ပျက်တွေကို မုန်းလာအောင်၊ မုန်းဉာဏ်ရင့်တော့ ဆုံးအောင်သာ လိုက်လို့ အရိယာမဂ် ဆိုက်ပြီဆိုရင် နောင်ခန္ဓာ အပါယ်ဘေး စိတ်အေးရပြီပေါ့။

{ အပ္ပမာဒ ဓမ္မရသ မဂ္ဂဇင်း အတွဲ (၁၉)၊ အမှတ် (၃)၊ မတ်လ၊ ၂၀၁၈ }
Credit. – အရိယာစံအိမ်

LEAVE A REPLY

Please enter your comment!
Please enter your name here