ေတာင္တန္းသာသနာျပဳဆရာေတာ္ႀကီး ဦးဥတၱမသာရ ထံသို႔
ေတာင္ေစာင့္နတ္ႀကီး ႏွင့္ တကြ … ဟိမ၀ႏၱာ ေတာတြင္း ၀ိဇၨာဓိုရ္ ႀကီးမ်ားလာေရာက္ၾကပုံ…

ေတာင္တန္းဆရာေတာ္ႀကီးႏွင့္
ေတာင္ေစာင့္နတ္ႀကီးတို႔ ေတြ႔ဆုံၾကပုံ…
❖ ဆရာေတာ္ႀကီးထံကို …
ေတာင္ေစာင့္နတ္ႀကီး၊ (၆) ႀကိမ္တိုင္တိုင္ လာဖူးသည္…
လာတဲ့အခါတိုင္း ညခ်မ္းအခါကာလမွာ… လာပါသည္။
❖ “ လာတဲ့အခါ… ဘုန္းႀကီးကိုဘာေျပာလဲဆိုေတာ့
ဒီေတာင္မွာပဲ အျမဲေနပါ၊ တျခားဘယ္မွ မၾကြပါနဲ႔၊… သူအျမဲေစာင့္ေရွာက္ ေနပါမယ္တဲ့၊
အဲ့ဒီစကားကို ထပ္ခါ ထပ္ခါေျပာတယ္… ေျခာက္ႀကိမ္ၾကေတာ့ ဘုန္းႀကီးက… ကတိျပဳလိုက္တယ္…၊
အဲ့ဒီေတာ့မွ ေက်နပ္ျပီးေတာ့ျပန္သြားတယ္၊
❖ နတ္ႀကီးမွန္းသိေအာင္… ဘယ္လိုလာလဲဆိုေတာ့… ဘုန္းႀကီးဆီ လာတဲ့နတ္က… ဇာတ္ခုံေပၚက၊ ဇာတ္ပြဲ ထဲက နတ္ေတြလို႔…ေခါင္းေပၚမွာ… အခၽြန္အတက္ေတြလည္း မပါပါဘူး နတ္အကၽၤီလည္း၀တ္မလာပါဘူး၊
၀တ္ျဖဴစင္ၾကယ္နဲ႔ လာတယ္…
လာတဲ့အခါ ေအာက္ဖက္ ေဂၚရခါးရြာဖက္ကတက္လာတယ္…
❖ ဘုန္းႀကီးက ညခ်မ္းအခါ… အခုလို႔ ေႏြရာသီမ်ဳိးမွာ… ေတာရေက်ာင္းေရွ႔ စၾကၤံၾကြျပီး… စာေပ ရြတ္ဖတ္သရယ္ဇ်ာယ္ေနတတ္တယ္…
အဲ့ဒီလို အခ်ိန္မွာ လာတယ္…
လာတဲ့အခါဘာထူးလဲဆိုေတာ့… ေျခာက္ႀကိမ္ေျမာက္ၾကေတာ့… ဘုန္းႀကီးဘယ္ဖက္ေဘးကေနလာျပီး လက္ေမာင္းျခင္းခ်ိတ္လွ်က္ …
ငယ္ရြယ္စဥ္ စာသင္သားမ်ား စာျပန္ၾကခ်ိန္ကပုံစံလို႔ … ေခါက္တုန္ေခါက္ျပန္ တူတူတြဲျပီး… ေျခာက္ႀကိမ္ေလာက္ စၾကၤံေလွ်ာက္ျပီး… ေနာက္ဆုံးၾကေတာ့…
❖ မတ္တပ္ရက္လွ်က္ ရွိခိုးျပီး…ျပန္တဲ့အခါ ၾကေတာ့… ဘုန္းႀကီးေက်ာင္းရဲ႕ ေျမာက္ဖက္က…
ခႏၱိ ံဆိုတဲ့…ေတာင္ႀကီးဘက္ကိုသြားတယ္…
ေတာင္ႀကီးအနီးေရာက္ျပီဆိုရင္… ေတာႀကီးတစ္ေတာင္လုံးကို ၀င္းထြက္သြားတယ္…
ဘုန္းႀကီးကို နတ္ႀကီးမွန္းသိေအာင္ျပသြားတယ္…
ေတာင္ႀကီးအနီး ေတာစပ္ကေန ရုပ္ေသးရုပ္မ်ားလို…. ၾကြတက္သြားျပီး… ေတာင္ႀကီးထိပ္ၾကေတာ့ ေပ်ာက္ကြယ္သြားတယ္… အလင္းေရာင္မ်ားလည္း ေပ်ာက္ကြယ္သြားတယ္…
လာတဲ့အခါတိုင္း… ဒီပုံအတိုင္း… ၆ ႀကိမ္လာတယ္…. ဘုန္းႀကီးဆီက… ကတိရျပီးတဲ့ေနာက္ မလာေတာ့ဘူး…
► ေတာင္တန္းဆရာေတာ္ႀကီးထံသို႔ ….
ဟိမ၀ႏၱာ ေတာတြင္း ၀ိဇၨာဓိုရ္
ႀကီးမ်ားလာေရာက္ၾကပုံ…
❖ “ ဘုန္းႀကီးထံကို … ေတာတြင္း ၀ိဇၨာမ်ား ( ၃ ) ႀကိမ္လာဖူးတယ္…
လာတဲ့အခါ မနက္ခင္းပိုင္းလာတယ္… ညစဥ္ မဟုတ္ပါ လျခားျပီးမွ လာတယ္….
❖ ၀ိဇၨာဓိုရ္ အေၾကာင္းေတာ့… ရွည္ရွည္ေ၀းေ၀း အက်ယ္ မေျပာျခင္ပါဘူး…
ပထမဆုံးလာတဲ့ ၀ိဇၨာက… သူနာမည္က… ဦးေက်ာ္ … တဲ့၊ အရပ္ျမင့္ျမင့္ ပိန္ပိန္ပါးပါး..ထိုးကြင္းေတြ မွင္ေက်ာင္ေတြရွိတယ္…သူရဲ႕ ၀တ္စားဆင္ယင္ပုံက… ကားခ်ပ္ထဲ့ေရးထားတဲ့ ဘိုးဘိုးေအာင္ ဆင္ဆင္ပဲ…
မေမွ်ာ္လင့္ေသာ… အခ်ိန္မွာ…. သူေရာက္လာတယ္..
မေမွ်ာ္လင့္ေသာ… စကားလည္း သူလာေျပာတယ္…
ဘုန္းႀကီးက … မနက္ခင္းေအးေတာ့… … ကုတင္ေပၚမွာ ေျခေထာက္ခ်လွ်က္ ေစာင္ျခဳံျပီး ထိုင္ေနတယ္…
ေက်ာင္းေလးထဲ… မနက္အေစာႀကီး ေမွာင္ေနေပမယ့္ … သူလာတဲ့အခါ…
ေန႔အတိုင္းပဲ သူကိုျမင္ရတယ္…
တပည့္ေတာ္ … ၀ိဇၨာ ဦးေက်ာ္ပါတဲ့ မတ္တပ္ရက္လွ်က္ သူပါသူႏွုတ္ဆက္တယ္…
သူက တစ္စုံတစ္ရာ ညႊန္ၾကားပါတယ္… ဘုန္းႀကီးက ဆႏၵမရွိလို႔ မလိုက္ေလ်ာ့တာနဲ႔ ..
ဆရာေတာ္ ဆႏၵရွိတဲ့ အတိုင္း ေအးခ်မ္းစြာေနပါတဲ့… ခဏ စကားေျပာျပီးေနာက္….
မတ္တပ္ရပ္ ရွွိခိုးျပီး… ျပန္ခြင့္ျပဳပါဆိုျပီး ျပန္သြားတယ္…
ဘုန္းႀကီး ေက်ာင္းေလးရဲ႕ တံခါးကေတာ့…. ပိတ္ရက္ပါပဲ၊ သူ တံခါးမဖြင့္ပဲေရာက္လာတယ္….
ျပန္တဲ့အခါၾကေတာ့ေပ်ာက္သြားတယ္… ေအာ္ ဘုန္းႀကီးလည္း အံ့ၾသမိတယ္….
❖ ဒုတိယလာတဲ့ ၀ိဇၨာဓိုရ္က… ႏွစ္ေယာက္လာတယ္… ဒီႏွစ္ေယာက္က ဟိမ၀ႏၱာက
မနက္အာရုဏ္ဦးဆီက လာတယ္…
ဘုန္းႀကီးက ေတာေတာင္ထဲ တစ္ပါးတည္းေနတယ္… မနက္ေစာေစာ ေက်းသံ ငွက္သံေတြျမည္သံ ၾကားရင္ အိပ္ယာကထတယ္…
ထိုအခ်ိန္က… ဘုန္းႀကီးက… ဗုဒၶါႏုႆတိ ကမၼဌာန္းကို စြဲစြဲျမဲျမဲ ပြားမ်ားေနတဲ့အခ်ိန္ျဖစ္တယ္…
ဗုဒၶါႏုႆတိ ကမၼဌာန္းပြားမ်ားေနတဲ့ အခ်ိန္မွာ… အဲ့ဒီ ၀ိဇၨာေတြ ေရာက္လာတယ္…
သူတို႔ လာတာက… အျပင္မွာ မလာပါဘူး… ဘုန္းႀကီးေက်ာင္းေလးထဲ… အိပ္ယာကုတင္ေဘးမွာ လာတယ္…
ဘုန္းႀကီးက ေအးေတာ့…. ေစာင္ျခဳံထားရင္းက.. တရားႏွလုံးသြင္းေနတယ္…
အဲ့ဒီအခ်ိန္လာတယ္….
အသားက နီနီ… အ၀တ္အစားမပါဘူး၊ ဟိမ၀ႏၱာဘက္က….
ငါတို႔က… ၀ိဇၨာမ်ားျဖစ္ၾကတယ္လို႔… ကုလားလိုႏွုတ္ဆက္တယ္..
ဘုန္းႀကီးက … ဘာေျပာျခင္သလဲေမးေတာ့….၊
အရွင္ဘုရားကို ဖူးေတြ႔ဖို႔လာပါတယ္တဲ့…
သူတို႔လာတဲ့အခ်ိန္က …ေက်ာင္းထဲမွာ ေမွာင္ေနေပမဲ့ ေန႔အတိုင္းပဲ… သူတို႔ကိုျမင္ရတယ္..
၀ိဇၨာ ဦးေက်ာ္လာတုန္းကလည္း အဲ့ဒီ အတိုင္းပဲ…
ေက်ာင္းထဲမွာ ေန႔အတိုင္းပဲလင္းေနတယ္။
❖ ဟိမ၀ႏၱာက … ၀ိဇၨာဓိုရ္ ႏွစ္ေယာက္ထဲက… တစ္ေယာက္ကုို ဘုန္းႀကီးက ရင္းႏွီးတဲ့ပံုစံနဲ႕ သူ႔လက္ေမာင္းကို ကိုင္ၾကည့္တယ္…
သူတို႔မွာ… အ၀တ္အစားမပါဘူး… အေမႊးျဖဴျဖဴေလးေတြ သူတို႔တစ္ကိုယ္လုံးကို ဖုံးထားတယ္…ဟိရိၾသတပၸလုံတယ္..
အသားကနီနီ.. လက္ဖ၀ါးေလးေတြ ႏုေနတယ္..မ်က္လုံးေလးေတြေၾကာင္ေၾကာင္ေလးေတြနဲ႕ ဘုန္းႀကီးကို ႏွစ္သက္ေသာ အမူအရာနဲ႔ အနားကပ္ျပီးၾကည့္ေနတယ္…
သူတို႔ ဘာမ်ား ေျပာမလဲလို႔ နားစြင့္ေနတယ္…
သူတို႔က… ေမးတယ္… ဒီမွာ ေနရတာ… ႏွစ္သက္ျခင္းရွိပါသလားတဲ့….
ခဏ စကားေျပာျပီး… မတ္တပ္ရပ္ျပီး… ရွီခိုးျပီး… ခဏေလးေနေတာ့… ေပ်ာက္သြားတယ္….
❖ တတိယအႀကိမ္လာတဲ့ ၀ိဇၨာက တစ္ႏွစ္ေက်ာ္ေလာက္မွ လာတယ္…
မိုးတြင္းကာလာမွာ လာတယ္…
မနက္ေစာေစာ ေက်းသံ ငွက္သံေတြျမည္ေနတဲ့အခ်ိန္ ….
စစ္၀တ္ စစ္စားနဲ႕ … ဗမာစစ္၀တ္စုံနဲ႔… ေကာင္းကင္ကေန လာတယ္…
ဘုန္းႀကီး စၾကၤံေလွ်ာက္တဲ့ေနရာေလးမွာ ဘုန္းႀကီးက ရပ္ေနေတာ့….
၀ါးႏွစ္ရိုက္ေလာက္ကေန … မတ္တပ္ရပ္ျပီး ရွစ္ခိုးျပီး….
ဆရာေတာ္ ဦးဥတၱမၼသာရဆိုတာ အရွင္ဘုရား ဟုတ္ပါသလားတဲ့….
ဖူးေတြ႔ျခင္လို႔ပါတဲ့..
…………..အရွင္ဘုရား ဒီမွာေနရတာ… ေပ်ာ္ေမြ႕ပါသလား…၊ ဗုဒၶါႏုႆတိ ကမၼဌာန္းပြားမ်ားပါသလားဘုရားတဲ့…
အရင္တုန္းက ၀ိဇၨာေတြေမးတဲ့ေမးခြန္းမ်ဳိးပဲ ပုံစံတူ ေမးတယ္…
… အရွင္ဘုရားဒီမွာပဲ ေနပါတဲ့…. ခဏၾကာေတာ္ … မတ္တပ္ရပ္ေနာက္ဆုတ္ျပီး.. ၀ါးႏွစ္ရိုက္ေလာက္ၾကေတာ့ ေကာင္းကင္ကို ပ်ံတက္သြားတယ္…
…………
သူလာတဲ့အခါတုန္းက…. ဟိမ၀ႏၱာဘက္ကလာျပီး…. ျပန္တဲ့အခါၾကေတာ့….
ေကာင္းကင္ကို ပ်ံတက္သြားျပီး….ရန္ကုန္ဘက္ကိုျပန္သြားတယ္….
အဲ့ဒီလိုနဲ႕…. ေတာတြင္း ၀ိဇၨာဓိုရ္မ်ား သုံးႀကိမ္တိုင္တိုင္ ဘုန္းႀကီးဆီလာတယ္…
………………………
❖ ဘုန္းႀကီးကို ၀ိဇၨာဓိုရ္မ်ားလည္း ခ်စ္တယ္၊ တိရိစာၦန္မ်ားလည္းခ်စ္တယ္…
ဘုန္းႀကီးေက်ာင္း၀င္းထဲ ေျမြ မရွိဘူး၊…ကင္းေျခမ်ားလည္း မရွိဘူး၊
ဘုန္းႀကီး က်င့္သုံးခဲ့သည့္ ေမတၱာကမၼဌာန္းတရားေၾကာင့္…
ခ်င္းျပည္နယ္… ခႏၱီ ံေတာင္တန္းႀကီးေပၚမွ… ဘုန္းႀကီးသီတင္းသုံးသည့္ ေတာရ ေက်ာင္းကို ေတာမီးမ်ားလည္းမေလာင္ပါ၊
ဘုန္းႀကီးကို… က်ား လည္းမကိုက္ပါ၊ ၀က္၀ံ၊ စပါးႀကီးေျမြႀကီးမ်ားလည္း မေႏွာက္ယွက္ပါ၊…
ဘုန္းႀကီးကို… ပ်ားလည္း မတုပ္ပါ၊…………
❖ အဲ့ဒါေၾကာင့္…… ေမတၱာ တရားနဲ႕ ေနတဲ့သူမွာ … အလိုလိုေနရင္း ေအးခ်မ္းတယ္…
အဲ့ဒါေၾကာင့္… အားလုံး ေမတၱာတရားပြားမ်ားျပီးေနထိုင္ၾက…
အဲ့ဒါ …. ဒီဘ၀- ေနာက္ဘ၀ … ခ်မ္းသာေအာင္ေနနည္းပဲ၊ … ……။ ။
——————–
ေတာင္တန္း ဆရာေတာ္ႀကီး ေဟာၾကားေတာ္မူတဲ့ ပရိတ္တရားေတာ္မ်ားဟာလည္း
အစြမ္းထက္ျမက္ျပီး၊ တန္ခိုးထက္တယ္…
ပရိတ္ရြတ္တဲ့အခါမွာလည္း… ပရိတ္ေရမ်ား ဆူပြက္ေတာ္မူျပီး… ရြတ္ပြားတဲ့ ဆရာေတာ္ႀကီးရဲ႕ ေစတနာအစြမ္းေၾကာင့္ အစြမ္းထက္ေတာ္မူပါသည္။
ေတာင္တန္းသာသနာျပဳဆရာေတာ္ ဦးဥတၱမသာရ၏ အလြန္တရာ ႀကားရနာရခဲလွစြာေသာ
“သတ သဟႆာ ရဟ” ဂါထာေတာ္
═══════════════
❖ “အို ….. ေလာကသံုးရပ္ နတ္မ်ားအေပါင္းတို႔၊ တရားနာလာႀကကုန္ေလာ့။” “ေတာေစာင့္နတ္၊ေတာင္ေစာင့္နတ္အေပါင္း၊
ျမိဳ႕ေစာင့္နတ္၊ရြာေစာင့္နတ္အေပါင္း၊
ရုကၡစိုး၊ဘုမၼစိုး၊အာကာသစိုး နတ္အေပါင္းတို႔ တရားနာလာႀကကုန္ေလာ့။”
❖ “ေရေစာင့္နတ္၊ေျမေစာင့္နတ္၊ သာသနာေတာ္ေစာင့္နတ္၊
သမုဒၵရာေစာင့္နတ္၊၀ဠာဟကနတ္၊ ပဇၨဳန္နတ္၊စတုေလာကပါလနတ္၊
သိႀကား၊ ျဗဟၼာ၊အတုလယမာ …..
အစရိွေသာ ဥပါသကာအေပါင္းတို႔ တရားနာလာႀကကုန္ေလာ့”
❖ “နဂါး၊ဂဠဳန္၊ကုမၻန္၊ယကၡ … အစရိွေသာ ဥပါသကာအေပါင္းတို႔ တရားနာလာႀကကုန္ေလာ့”
❖ “၀ိဇၨာ၊ေဇာ္ဂ်ီ၊တပသီ … အစရိွေသာ သူေတာ္ေကာင္းအေပါင္းတို႔ တရားနာလာႀကကုန္ေလာ့။”
❖ “အို …. လူအေပါင္း၊နတ္အေပါင္းတို႔ တရားနာလာႀကကုန္ေလာ့။”
❖ “အို….. လူအေပါင္း၊ နတ္အေပါင္း၊ အပါယ္ေလးပါး သတၱ၀ါအေပါင္းတို႔ တရားနာႀကရန္ ဖိတ္ေခၚပါကုန္၏။”
❖ “အကၽြႏ္ုပ္သည္ ေ၀ေနယ်မ်ားစြာ သတၱ၀ါတို႔၏ ခ်မ္းသာသုခကိုေရွးရႈ၍ ေကာင္းျမတ္ေသာစိတ္ေစတနာျဖင့္ ကႆပ ျမတ္စြာဘုရားရွင္ ေဟာႀကားေတာ္မူခဲ့ေသာ တစ္ဂါထာလွ်င္ အဖိုးတစ္သိန္းစီထိုက္တန္သည့္ အလြန္တရာ ႀကားရနာရခဲလွစြာေသာ
“သတ သဟႆာ ရဟ” ဂါထာေတာ္ကို ရြတ္ဆိုပူေဇာ္ပါမည္။
သူေတာ္ေကာင္းအေပါင္းတို႔ ရိုေသစြာ နာႀကားႀကကုန္ေလာ့။”
တစ္ဂါထာလွ်င္ အဖိုးတစ္သိန္းထိုက္တန္ေသာ “သတ သဟႆာရဟ” ဂါထာေတာ္ျမတ္
**************************************************************
၁။သကႎေဒ၀ မဟာရာဇ၊ သဗၻိ ေဟာတိ သမာဂေမာ။ သာ နံ ပါေလတိ သဂၤတိ၊ နာသဗၻိ ဗဟု သဂၤေမာ။
၂။ သဗၻိ ေရ၀ သမာေသထ၊ သဗၻိ ကုေဗၺထ သႏၴ၀ံ။ သတံ သဒၶမၼ မညာယ၊ ေသေယ်ာ ေဟာတိ န ပါပိေယာ။
၃။ဇိရႏၲိ ေ၀ ရာဇရထာ သုစိတၱာ၊ အေထာ သရီရံ ပိ ဇရံ ဥေပတိ။ သတဥၥ ဓေမၼာ န ဇရံ ဥေပတိ၊ သေႏၲာ ဟေ၀ သဗၻိ ပေ၀ဒယႏၲိ။
၄။နဘဥၥ ဒူေရ ပထ၀ီ စ ဒူေရ၊ ပါရံ သမုဒၵႆ တဒါဟု ဒူေရ။ တေတာ ဟေ၀ ဒူရတရံ ၀ဒႏၲိ၊ သတဥၥ ဓမၼာ အသတဥၥ ရာဇ။ ။
————————–
ဤသုတၱာန္ေဒသနာကို ရြတ္ဖတ္ပူေဇာ္ရေသာ ကုသိုလ္ေကာင္းမႈ၏ အဖို႔ဘာဂကို ေတာေစာင့္နတ္၊ေတာင္ေစာင့္နတ္၊ျမိဳ႕ေစာ င့္နတ္၊ ရြာေစာင့္နတ္၊ရုကၡစိုး၊ဘုမၼစိုး၊အာကာသစိုး၊ ေျမေစာင့္နတ္၊ေရေစာင့္နတ္၊သာသနာေတာ္ေစာင့္နတ္၊သမုဒၵရာေစာင့္နတ္၊၀ဠာဟကနတ္၊ပဇၨဳန္နတ္၊ စတုေလာကပါလနတ္၊ သိႀကား၊ျဗဟၼာ၊အသုရာ၊ယမာ၊ နဂါး၊ဂဠဳန္၊ကုမၻန္၊ယကၡ၊ ၀ိဇၨာ၊ေဇာ္ဂ်ီ၊ တပသီမွ
အ စျပဳ၍ သံုးဆယ့္တစ္ဘံု က်င္လည္ကုန္ေသာ ေ၀ေနမ်ားစြာ သတၱ၀ါအနႏၲတို႔အား၊
သတၱ၀ါအားလံုးတို႔အား အမွ် အမွ် အမွ် ေပးေ၀ပါကုန္၏။
အမွ်ယူေတာ္မူႀကပါ။
အားလံုးေကာ အမွ်ရ ၍ ကုိယ္စိတ္ႏွစ္ျဖာ က်န္းမာခ်မ္းသာႀကသည္ ျဖစ္ႀကပါေစကုန္ ေသာ္။
သာဓု သာဓု သာဓု။
———————
ဆရာေတာ္ဘုရားႀကီး ေဟာၾကားေတာ္မူခဲ့သည့္ တရားေတာ္မ်ား …
၁။ အသုဘကမၼဌာန္း(၁)
၂။ အသုဘကမၼဌာန္း(၂)
၃။ ကံတရားႏွင့္၀ိပႆနာတရားေတာ္
၄။ မိုးအဆံုးေျမအဆံုးရွာသူ (ျမင္းမုိရ္ေတာင္ႏွင့္စၾကာၤ၀ဠာတည္ေနပံု)
၅။ ေမတၱာတရားႏွင့္ပရိတ္တရား(၁)
၆။ ေမတၱာတရားႏွင့္ပရိတ္တရား(၂)
၇။ ပရိတ္ႏွင့္သိမွတ္စရာမ်ား(၁)
၈။ ပရိတ္ႏွင့္သိမွတ္စရာမ်ား(၂)
၉။ ပရိတ္ႏွင့္သိမွတ္စရာမ်ား(၃)
၁၀။ ေရေမတၱာႏွင့္ပရိတ္တရားေတာ္
ဓမၼသဘင္မ်ားတြင္ ေဟာၾကားေတာ္မူေသာ တရားေတာ္မ်ား…..
၁။ ကံတရားႏွင့္ မီးကြင္းပရိတ္ (၁)
၂။ ကံတရားႏွင့္ မီးကြင္းပရိတ္ (၂)
၃။ မိဘေက်းဇူးတရားေဒသနာေတာ္ (၁)
၄။ မိဘေက်းဇူးတရားေဒသနာေတာ္ (၂)
၅။ ႏြားေမတၱာစာတရားေတာ္
၆။ သံသရာက်င္လည္ေနနည္း (၁)
၇။ သံသရာက်င္လည္ေနနည္း (၂)
၈။ သာဓိကမင္းၾကီးတရားေတာ္
၉။ ၀ိပႆနာအလုပ္ေပးတရားေတာ္
၁၀။ ေရဆူပရိတ္၊ ဂုဏ္ေတာ္ကြန္ျခာ၊ ကမၼ၀ါ
အစရွိသည့္… တရားေတာ္မ်ားကို ေဟာၾကားေတာ္မူခဲ့ပါသည္။
ေမတၱာျဖင့္
အ႐ွင္ပုည(ဝကုန္း)
(Unicode)

တောင်တန်းသာသနာပြုဆရာတော်ကြီး ဦးဥတ္တမသာရ ထံသို့
တောင်စောင့်နတ်ကြီး နှင့် တကွ … ဟိမဝန္တာ တောတွင်း ၀ိဇ္ဇာဓိုရ် ကြီးများလာရောက်ကြပုံ…

တောင်တန်းဆရာတော်ကြီးနှင့်
တောင်စောင့်နတ်ကြီးတို့ တွေ့ဆုံကြပုံ…
❖ ဆရာတော်ကြီးထံကို …
တောင်စောင့်နတ်ကြီး၊ (၆) ကြိမ်တိုင်တိုင် လာဖူးသည်…
လာတဲ့အခါတိုင်း ညချမ်းအခါကာလမှာ… လာပါသည်။
❖ “ လာတဲ့အခါ… ဘုန်းကြီးကိုဘာပြောလဲဆိုတော့
ဒီတောင်မှာပဲ အမြဲနေပါ၊ တခြားဘယ်မှ မကြွပါနဲ့၊… သူအမြဲစောင့်ရှောက် နေပါမယ်တဲ့၊
အဲ့ဒီစကားကို ထပ်ခါ ထပ်ခါပြောတယ်… ခြောက်ကြိမ်ကြတော့ ဘုန်းကြီးက… ကတိပြုလိုက်တယ်…၊
အဲ့ဒီတော့မှ ကျေနပ်ပြီးတော့ပြန်သွားတယ်၊
❖ နတ်ကြီးမှန်းသိအောင်… ဘယ်လိုလာလဲဆိုတော့… ဘုန်းကြီးဆီ လာတဲ့နတ်က… ဇာတ်ခုံပေါ်က၊ ဇာတ်ပွဲ ထဲက နတ်တွေလို့…ခေါင်းပေါ်မှာ… အချွန်အတက်တွေလည်း မပါပါဘူး နတ်အကျင်္ီလည်းဝတ်မလာပါဘူး၊
ဝတ်ဖြူစင်ကြယ်နဲ့ လာတယ်…
လာတဲ့အခါ အောက်ဖက် ဂေါ်ရခါးရွာဖက်ကတက်လာတယ်…
❖ ဘုန်းကြီးက ညချမ်းအခါ… အခုလို့ နွေရာသီမျိုးမှာ… တောရကျောင်းရှေ့ စင်္ကြံကြွပြီး… စာပေ ရွတ်ဖတ်သရယ်ဇျာယ်နေတတ်တယ်…
အဲ့ဒီလို အချိန်မှာ လာတယ်…
လာတဲ့အခါဘာထူးလဲဆိုတော့… ခြောက်ကြိမ်မြောက်ကြတော့… ဘုန်းကြီးဘယ်ဖက်ဘေးကနေလာပြီး လက်မောင်းခြင်းချိတ်လျှက် …
ငယ်ရွယ်စဉ် စာသင်သားများ စာပြန်ကြချိန်ကပုံစံလို့ … ခေါက်တုန်ခေါက်ပြန် တူတူတွဲပြီး… ခြောက်ကြိမ်လောက် စင်္ကြံလျှောက်ပြီး… နောက်ဆုံးကြတော့…
❖ မတ်တပ်ရက်လျှက် ရှိခိုးပြီး…ပြန်တဲ့အခါ ကြတော့… ဘုန်းကြီးကျောင်းရဲ့ မြောက်ဖက်က…
ခန္တိ ံဆိုတဲ့…တောင်ကြီးဘက်ကိုသွားတယ်…
တောင်ကြီးအနီးရောက်ပြီဆိုရင်… တောကြီးတစ်တောင်လုံးကို ဝင်းထွက်သွားတယ်…
ဘုန်းကြီးကို နတ်ကြီးမှန်းသိအောင်ပြသွားတယ်…
တောင်ကြီးအနီး တောစပ်ကနေ ရုပ်သေးရုပ်များလို…. ကြွတက်သွားပြီး… တောင်ကြီးထိပ်ကြတော့ ပျောက်ကွယ်သွားတယ်… အလင်းရောင်များလည်း ပျောက်ကွယ်သွားတယ်…
လာတဲ့အခါတိုင်း… ဒီပုံအတိုင်း… ၆ ကြိမ်လာတယ်…. ဘုန်းကြီးဆီက… ကတိရပြီးတဲ့နောက် မလာတော့ဘူး…
► တောင်တန်းဆရာတော်ကြီးထံသို့ ….
ဟိမဝန္တာ တောတွင်း ၀ိဇ္ဇာဓိုရ်
ကြီးများလာရောက်ကြပုံ…
❖ “ ဘုန်းကြီးထံကို … တောတွင်း ၀ိဇ္ဇာများ ( ၃ ) ကြိမ်လာဖူးတယ်…
လာတဲ့အခါ မနက်ခင်းပိုင်းလာတယ်… ညစဉ် မဟုတ်ပါ လခြားပြီးမှ လာတယ်….
❖ ၀ိဇ္ဇာဓိုရ် အကြောင်းတော့… ရှည်ရှည်ဝေးဝေး အကျယ် မပြောခြင်ပါဘူး…
ပထမဆုံးလာတဲ့ ၀ိဇ္ဇာက… သူနာမည်က… ဦးကျော် … တဲ့၊ အရပ်မြင့်မြင့် ပိန်ပိန်ပါးပါး..ထိုးကွင်းတွေ မှင်ကျောင်တွေရှိတယ်…သူရဲ့ ဝတ်စားဆင်ယင်ပုံက… ကားချပ်ထဲ့ရေးထားတဲ့ ဘိုးဘိုးအောင် ဆင်ဆင်ပဲ…
မမျှော်လင့်သော… အချိန်မှာ…. သူရောက်လာတယ်..
မမျှော်လင့်သော… စကားလည်း သူလာပြောတယ်…
ဘုန်းကြီးက … မနက်ခင်းအေးတော့… … ကုတင်ပေါ်မှာ ခြေထောက်ချလျှက် စောင်ခြုံပြီး ထိုင်နေတယ်…
ကျောင်းလေးထဲ… မနက်အစောကြီး မှောင်နေပေမယ့် … သူလာတဲ့အခါ…
နေ့အတိုင်းပဲ သူကိုမြင်ရတယ်…
တပည့်တော် … ၀ိဇ္ဇာ ဦးကျော်ပါတဲ့ မတ်တပ်ရက်လျှက် သူပါသူနှုတ်ဆက်တယ်…
သူက တစ်စုံတစ်ရာ ညွှန်ကြားပါတယ်… ဘုန်းကြီးက ဆန္ဒမရှိလို့ မလိုက်လျော့တာနဲ့ ..
ဆရာတော် ဆန္ဒရှိတဲ့ အတိုင်း အေးချမ်းစွာနေပါတဲ့… ခဏ စကားပြောပြီးနောက်….
မတ်တပ်ရပ် ရှှိခိုးပြီး… ပြန်ခွင့်ပြုပါဆိုပြီး ပြန်သွားတယ်…
ဘုန်းကြီး ကျောင်းလေးရဲ့ တံခါးကတော့…. ပိတ်ရက်ပါပဲ၊ သူ တံခါးမဖွင့်ပဲရောက်လာတယ်….
ပြန်တဲ့အခါကြတော့ပျောက်သွားတယ်… အော် ဘုန်းကြီးလည်း အံ့သြမိတယ်….
❖ ဒုတိယလာတဲ့ ၀ိဇ္ဇာဓိုရ်က… နှစ်ယောက်လာတယ်… ဒီနှစ်ယောက်က ဟိမဝန္တာက
မနက်အာရုဏ်ဦးဆီက လာတယ်…
ဘုန်းကြီးက တောတောင်ထဲ တစ်ပါးတည်းနေတယ်… မနက်စောစော ကျေးသံ ငှက်သံတွေမြည်သံ ကြားရင် အိပ်ယာကထတယ်…
ထိုအချိန်က… ဘုန်းကြီးက… ဗုဒ္ဓါနုဿတိ ကမ္မဌာန်းကို စွဲစွဲမြဲမြဲ ပွားများနေတဲ့အချိန်ဖြစ်တယ်…
ဗုဒ္ဓါနုဿတိ ကမ္မဌာန်းပွားများနေတဲ့ အချိန်မှာ… အဲ့ဒီ ၀ိဇ္ဇာတွေ ရောက်လာတယ်…
သူတို့ လာတာက… အပြင်မှာ မလာပါဘူး… ဘုန်းကြီးကျောင်းလေးထဲ… အိပ်ယာကုတင်ဘေးမှာ လာတယ်…
ဘုန်းကြီးက အေးတော့…. စောင်ခြုံထားရင်းက.. တရားနှလုံးသွင်းနေတယ်…
အဲ့ဒီအချိန်လာတယ်….
အသားက နီနီ… အဝတ်အစားမပါဘူး၊ ဟိမဝန္တာဘက်က….
ငါတို့က… ၀ိဇ္ဇာများဖြစ်ကြတယ်လို့… ကုလားလိုနှုတ်ဆက်တယ်..
ဘုန်းကြီးက … ဘာပြောခြင်သလဲမေးတော့….၊
အရှင်ဘုရားကို ဖူးတွေ့ဖို့လာပါတယ်တဲ့…
သူတို့လာတဲ့အချိန်က …ကျောင်းထဲမှာ မှောင်နေပေမဲ့ နေ့အတိုင်းပဲ… သူတို့ကိုမြင်ရတယ်..
၀ိဇ္ဇာ ဦးကျော်လာတုန်းကလည်း အဲ့ဒီ အတိုင်းပဲ…
ကျောင်းထဲမှာ နေ့အတိုင်းပဲလင်းနေတယ်။
❖ ဟိမဝန္တာက … ၀ိဇ္ဇာဓိုရ် နှစ်ယောက်ထဲက… တစ်ယောက်ကိုု ဘုန်းကြီးက ရင်းနှီးတဲ့ပုံစံနဲ့ သူ့လက်မောင်းကို ကိုင်ကြည့်တယ်…
သူတို့မှာ… အဝတ်အစားမပါဘူး… အမွှေးဖြူဖြူလေးတွေ သူတို့တစ်ကိုယ်လုံးကို ဖုံးထားတယ်…ဟိရိသြတပ္ပလုံတယ်..
အသားကနီနီ.. လက်ဖဝါးလေးတွေ နုနေတယ်..မျက်လုံးလေးတွေကြောင်ကြောင်လေးတွေနဲ့ ဘုန်းကြီးကို နှစ်သက်သော အမူအရာနဲ့ အနားကပ်ပြီးကြည့်နေတယ်…
သူတို့ ဘာများ ပြောမလဲလို့ နားစွင့်နေတယ်…
သူတို့က… မေးတယ်… ဒီမှာ နေရတာ… နှစ်သက်ခြင်းရှိပါသလားတဲ့….
ခဏ စကားပြောပြီး… မတ်တပ်ရပ်ပြီး… ရှီခိုးပြီး… ခဏလေးနေတော့… ပျောက်သွားတယ်….
❖ တတိယအကြိမ်လာတဲ့ ၀ိဇ္ဇာက တစ်နှစ်ကျော်လောက်မှ လာတယ်…
မိုးတွင်းကာလာမှာ လာတယ်…
မနက်စောစော ကျေးသံ ငှက်သံတွေမြည်နေတဲ့အချိန် ….
စစ်ဝတ် စစ်စားနဲ့ … ဗမာစစ်ဝတ်စုံနဲ့… ကောင်းကင်ကနေ လာတယ်…
ဘုန်းကြီး စင်္ကြံလျှောက်တဲ့နေရာလေးမှာ ဘုန်းကြီးက ရပ်နေတော့….
၀ါးနှစ်ရိုက်လောက်ကနေ … မတ်တပ်ရပ်ပြီး ရှစ်ခိုးပြီး….
ဆရာတော် ဦးဥတ္တမ္မသာရဆိုတာ အရှင်ဘုရား ဟုတ်ပါသလားတဲ့….
ဖူးတွေ့ခြင်လို့ပါတဲ့..
…………..အရှင်ဘုရား ဒီမှာနေရတာ… ပျော်မွေ့ပါသလား…၊ ဗုဒ္ဓါနုဿတိ ကမ္မဌာန်းပွားများပါသလားဘုရားတဲ့…
အရင်တုန်းက ၀ိဇ္ဇာတွေမေးတဲ့မေးခွန်းမျိုးပဲ ပုံစံတူ မေးတယ်…
… အရှင်ဘုရားဒီမှာပဲ နေပါတဲ့…. ခဏကြာတော် … မတ်တပ်ရပ်နောက်ဆုတ်ပြီး.. ၀ါးနှစ်ရိုက်လောက်ကြတော့ ကောင်းကင်ကို ပျံတက်သွားတယ်…
…………
သူလာတဲ့အခါတုန်းက…. ဟိမဝန္တာဘက်ကလာပြီး…. ပြန်တဲ့အခါကြတော့….
ကောင်းကင်ကို ပျံတက်သွားပြီး….ရန်ကုန်ဘက်ကိုပြန်သွားတယ်….
အဲ့ဒီလိုနဲ့…. တောတွင်း ၀ိဇ္ဇာဓိုရ်များ သုံးကြိမ်တိုင်တိုင် ဘုန်းကြီးဆီလာတယ်…
………………………
❖ ဘုန်းကြီးကို ၀ိဇ္ဇာဓိုရ်များလည်း ချစ်တယ်၊ တိရိစ္ဆာန်များလည်းချစ်တယ်…
ဘုန်းကြီးကျောင်းဝင်းထဲ မြွေ မရှိဘူး၊…ကင်းခြေများလည်း မရှိဘူး၊
ဘုန်းကြီး ကျင့်သုံးခဲ့သည့် မေတ္တာကမ္မဌာန်းတရားကြောင့်…
ချင်းပြည်နယ်… ခန္တီ ံတောင်တန်းကြီးပေါ်မှ… ဘုန်းကြီးသီတင်းသုံးသည့် တောရ ကျောင်းကို တောမီးများလည်းမလောင်ပါ၊
ဘုန်းကြီးကို… ကျား လည်းမကိုက်ပါ၊ ဝက်ဝံ၊ စပါးကြီးမြွေကြီးများလည်း မနှောက်ယှက်ပါ၊…
ဘုန်းကြီးကို… ပျားလည်း မတုပ်ပါ၊…………
❖ အဲ့ဒါကြောင့်…… မေတ္တာ တရားနဲ့ နေတဲ့သူမှာ … အလိုလိုနေရင်း အေးချမ်းတယ်…
အဲ့ဒါကြောင့်… အားလုံး မေတ္တာတရားပွားများပြီးနေထိုင်ကြ…
အဲ့ဒါ …. ဒီဘဝ- နောက်ဘဝ … ချမ်းသာအောင်နေနည်းပဲ၊ … ……။ ။
——————–
တောင်တန်း ဆရာတော်ကြီး ဟောကြားတော်မူတဲ့ ပရိတ်တရားတော်များဟာလည်း
အစွမ်းထက်မြက်ပြီး၊ တန်ခိုးထက်တယ်…
ပရိတ်ရွတ်တဲ့အခါမှာလည်း… ပရိတ်ရေများ ဆူပွက်တော်မူပြီး… ရွတ်ပွားတဲ့ ဆရာတော်ကြီးရဲ့ စေတနာအစွမ်းကြောင့် အစွမ်းထက်တော်မူပါသည်။
တောင်တန်းသာသနာပြုဆရာတော် ဦးဥတ္တမသာရ၏ အလွန်တရာ ကြားရနာရခဲလှစွာသော
“သတ သဟဿာ ရဟ” ဂါထာတော်
═══════════════
❖ “အို ….. လောကသုံးရပ် နတ်များအပေါင်းတို့၊ တရားနာလာကြကုန်လော့။” “တောစောင့်နတ်၊တောင်စောင့်နတ်အပေါင်း၊
မြို့စောင့်နတ်၊ရွာစောင့်နတ်အပေါင်း၊
ရုက္ခစိုး၊ဘုမ္မစိုး၊အာကာသစိုး နတ်အပေါင်းတို့ တရားနာလာကြကုန်လော့။”
❖ “ရေစောင့်နတ်၊မြေစောင့်နတ်၊ သာသနာတော်စောင့်နတ်၊
သမုဒ္ဒရာစောင့်နတ်၊ဝဠာဟကနတ်၊ ပဇ္ဇုန်နတ်၊စတုလောကပါလနတ်၊
သိကြား၊ ဗြဟ္မာ၊အတုလယမာ …..
အစရှိသော ဥပါသကာအပေါင်းတို့ တရားနာလာကြကုန်လော့”
❖ “နဂါး၊ဂဠုန်၊ကုမ္ဘန်၊ယက္ခ … အစရှိသော ဥပါသကာအပေါင်းတို့ တရားနာလာကြကုန်လော့”
❖ “၀ိဇ္ဇာ၊ဇော်ဂျီ၊တပသီ … အစရှိသော သူတော်ကောင်းအပေါင်းတို့ တရားနာလာကြကုန်လော့။”
❖ “အို …. လူအပေါင်း၊နတ်အပေါင်းတို့ တရားနာလာကြကုန်လော့။”
❖ “အို….. လူအပေါင်း၊ နတ်အပေါင်း၊ အပါယ်လေးပါး သတ္တဝါအပေါင်းတို့ တရားနာကြရန် ဖိတ်ခေါ်ပါကုန်၏။”
❖ “အကျွန်ုပ်သည် ဝေနေယျများစွာ သတ္တဝါတို့၏ ချမ်းသာသုခကိုရှေးရှု၍ ကောင်းမြတ်သောစိတ်စေတနာဖြင့် ကဿပ မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သော တစ်ဂါထာလျှင် အဖိုးတစ်သိန်းစီထိုက်တန်သည့် အလွန်တရာ ကြားရနာရခဲလှစွာသော
“သတ သဟဿာ ရဟ” ဂါထာတော်ကို ရွတ်ဆိုပူဇော်ပါမည်။
သူတော်ကောင်းအပေါင်းတို့ ရိုသေစွာ နာကြားကြကုန်လော့။”
တစ်ဂါထာလျှင် အဖိုးတစ်သိန်းထိုက်တန်သော “သတ သဟဿာရဟ” ဂါထာတော်မြတ်
**************************************************************
၁။သကိံဒေဝ မဟာရာဇ၊ သဗ္ဘိ ဟောတိ သမာဂမော။ သာ နံ ပါလေတိ သင်္ဂတိ၊ နာသဗ္ဘိ ဗဟု သင်္ဂမော။
၂။ သဗ္ဘိ ရေဝ သမာသေထ၊ သဗ္ဘိ ကုဗ္ဗေထ သန္ထဝံ။ သတံ သဒ္ဓမ္မ မညာယ၊ သေယျော ဟောတိ န ပါပိယော။
၃။ဇိရန္တိ ဝေ ရာဇရထာ သုစိတ္တာ၊ အထော သရီရံ ပိ ဇရံ ဥပေတိ။ သတဥ္စ ဓမ္မော န ဇရံ ဥပေတိ၊ သန္တော ဟဝေ သဗ္ဘိ ပဝေဒယန္တိ။
၄။နဘဥ္စ ဒူရေ ပထဝီ စ ဒူရေ၊ ပါရံ သမုဒ္ဒဿ တဒါဟု ဒူရေ။ တတော ဟဝေ ဒူရတရံ ဝဒန္တိ၊ သတဥ္စ ဓမ္မာ အသတဥ္စ ရာဇ။ ။
————————–
ဤသုတ္တာန်ဒေသနာကို ရွတ်ဖတ်ပူဇော်ရသော ကုသိုလ်ကောင်းမှု၏ အဖို့ဘာဂကို တောစောင့်နတ်၊တောင်စောင့်နတ်၊မြို့စော င့်နတ်၊ ရွာစောင့်နတ်၊ရုက္ခစိုး၊ဘုမ္မစိုး၊အာကာသစိုး၊ မြေစောင့်နတ်၊ရေစောင့်နတ်၊သာသနာတော်စောင့်နတ်၊သမုဒ္ဒရာစောင့်နတ်၊ဝဠာဟကနတ်၊ပဇ္ဇုန်နတ်၊ စတုလောကပါလနတ်၊ သိကြား၊ဗြဟ္မာ၊အသုရာ၊ယမာ၊ နဂါး၊ဂဠုန်၊ကုမ္ဘန်၊ယက္ခ၊ ၀ိဇ္ဇာ၊ဇော်ဂျီ၊ တပသီမှ
အ စပြု၍ သုံးဆယ့်တစ်ဘုံ ကျင်လည်ကုန်သော ဝေနေများစွာ သတ္တဝါအနန္တတို့အား၊
သတ္တဝါအားလုံးတို့အား အမျှ အမျှ အမျှ ပေးဝေပါကုန်၏။
အမျှယူတော်မူကြပါ။
အားလုံးကော အမျှရ ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြသည် ဖြစ်ကြပါစေကုန် သော်။
သာဓု သာဓု သာဓု။
———————
ဆရာတော်ဘုရားကြီး ဟောကြားတော်မူခဲ့သည့် တရားတော်များ …
၁။ အသုဘကမ္မဌာန်း(၁)
၂။ အသုဘကမ္မဌာန်း(၂)
၃။ ကံတရားနှင့်ဝိပဿနာတရားတော်
၄။ မိုးအဆုံးမြေအဆုံးရှာသူ (မြင်းမိုရ်တောင်နှင့်စကြာင်္ဝဠာတည်နေပုံ)
၅။ မေတ္တာတရားနှင့်ပရိတ်တရား(၁)
၆။ မေတ္တာတရားနှင့်ပရိတ်တရား(၂)
၇။ ပရိတ်နှင့်သိမှတ်စရာများ(၁)
၈။ ပရိတ်နှင့်သိမှတ်စရာများ(၂)
၉။ ပရိတ်နှင့်သိမှတ်စရာများ(၃)
၁၀။ ရေမေတ္တာနှင့်ပရိတ်တရားတော်
ဓမ္မသဘင်များတွင် ဟောကြားတော်မူသော တရားတော်များ…..
၁။ ကံတရားနှင့် မီးကွင်းပရိတ် (၁)
၂။ ကံတရားနှင့် မီးကွင်းပရိတ် (၂)
၃။ မိဘကျေးဇူးတရားဒေသနာတော် (၁)
၄။ မိဘကျေးဇူးတရားဒေသနာတော် (၂)
၅။ နွားမေတ္တာစာတရားတော်
၆။ သံသရာကျင်လည်နေနည်း (၁)
၇။ သံသရာကျင်လည်နေနည်း (၂)
၈။ သာဓိကမင်းကြီးတရားတော်
၉။ ၀ိပဿနာအလုပ်ပေးတရားတော်
၁၀။ ရေဆူပရိတ်၊ ဂုဏ်တော်ကွန်ခြာ၊ ကမ္မဝါ
အစရှိသည့်… တရားတော်များကို ဟောကြားတော်မူခဲ့ပါသည်။
မေတ္တာဖြင့်
အရှင်ပုည(ဝကုန်း)

LEAVE A REPLY

Please enter your comment!
Please enter your name here