ဒီေန႔ ပါဠိနိကာယသင္တဲ့ ကိုရီးယားဆရာမ ေဒါက္တာယုက ေမးခြန္းထုတ္တယ္

ပရိနိဗၺာန္စံခါနီးမွာ ဘုရားက ဘာေၾကာင့္ သမာပတ္ေတြ ကုေဋႏွစ္ဆယ့္ေလးသိန္း ဝင္စားတာလဲတဲ့

မဟာပရိနိဗၺာနသုတ္အဖြင့္မွာ –
“နိဗၺာနပုရံ၊ နိဗၺာန္တည္းဟူေသာၿမိဳ႕သို႔။ ပဝိသေႏၲာ၊ ဝင္ေတာ္မူေသာ။ ဓမၼႆာမိ၊ တရား၏အရွင္ျဖစ္ေတာ္မူေသာ။ ဘဂဝါ၊ ျမတ္စြာဘုရားသည္။ သဗၺာပိ၊ အလံုးစံုကုန္ေသာ။ စတုဝီသတိေကာဋိသတသဟႆသခ်ၤာ၊ ကုေဋႏွစ္သန္းေလးသိန္းအေရအတြက္ရွိေသာ။ သမာပတၱိေယာ၊ သမာပတ္တို႔သို႔။ ပဝိသိတြာ၊ ဝင္ေတာ္မူ၍။ ဝိေဒသံ၊ တစ္ပါးေသာအရပ္သို႔။ ဂစၧေႏၲာ၊ သြားေသာ။ ပုရိေသာ၊ ေယာက္်ားသည္။ ဉာတိဇနံ၊ ေဆြမ်ဳိးအေပါင္းကို။ အာလိေဂၤတြာ၊ လည္ပင္းဖက္၍။ ဂစၧတိဝိယ၊ သြားသကဲ့သို႔။ တထာ၊ ထို႔အတူ။ သဗၺသမာပတၱိသုခံ၊ အလံုးစံုေသာ သမာပတ္ခ်မ္းသာကို။ အႏုဘဝိတြာ၊ ခံစားၿပီး၍။ ပဝိေ႒ာ၊ ဝင္ေတာ္မူၿပီ”လို႔ ပါတယ္။

ဘုရားက ကိေလသာေတြ ကင္းသူမို႔ စိတ္မညစ္တတ္ေပမယ့္။
ဘုရားရဲ႕စိတ္ကို လာေႏွာက္ယွက္တဲ့ ျပင္ပက အျမင္ အၾကားစတဲ့ အာ႐ုံေတြဆိုတာ ရွိေနတာပဲေလ။
ဒီေတာ့ ဒီအာ႐ုံေတြ မဝင္ေရာက္ေအာင္ အၿမဲတေစ သမာပတ္ဝင္စားေနေလ့ရွိတယ္။ ပံုမွန္ လုပ္႐ိုးလုပ္စဥ္ လုပ္စရာကိစၥမရွိရင္ စိတ္ကို သမာပတ္နဲ႔ပဲ ေပ်ာ္ေမြ႕ေတာ္မူတယ္။ တရားေဟာလို႔ ပရိသတ္ေတြ သာဓုေလးေခၚခ်ိန္မွာေတာင္ ဘုရားရွင္က အနည္းငယ္ေလးပဲျဖစ္တဲ့ ဒီအခ်ိန္ကို သမာပတ္ဝင္စားေတာ္မူတယ္။ ဒီေလာက္ ေလ့က်င့္ထားၿပီးတဲ့အတြက္လည္း ဘုရားရွင္က စိတ္တန္ခိုးအရာမွာ သာတဲ့သူမဆိုထားနဲ႔ မီတဲ့သူေတာင္ မရွိေအာင္ ထူးခြ်န္တယ္။ ဒီသမာပတ္ေတြကို ေန႔စဥ္ေန႔တိုင္း ဝင္စား အနည္းဆံုး ဒီအေရအတြက္ဝင္စားလာတဲ့အတြက္ ခရီးေဝးထြက္မယ့္ ေယာက္်ားဟာ သူ႔သားသမီးစတဲ့ ေဆြမ်ဳိးမိဘေမာင္ဘြားေတြကို လည္ပင္းေပြ႕ဖက္ နမ္းရႈံ႕ႀကီးမွ သြားသလိုမ်ဳိး ဘုရားကလည္း အလြန္တရင္းတႏွီးရွိလွတဲ့ သူဝင္စားေနၾက သမာပတ္ေတြကို ေနာက္ဆံုး နႈတ္ဆက္ျခင္းနဲ႔ ေပြ႕ဖက္သလို ဝင္စားၿပီးမွ နိဗၺာန္ဝင္စံတာပါတဲ့။

ကုေဋႏွစ္သန္းေလးသိန္းဆိုတဲ့ အေရအတြက္ကို ဒီဃနိကာယ္က သမၸသာဒနီယသုတ္ဋီကာနဲ႔ ျဗဟၼသံယုတ္က ပရိနိဗၺာနသုတ္ဋီကာေတြမွာ ေကစိဝါဒ၂ခုနဲ႔ အပေရဝါဒ၁ခု ေတြ႕ႏိုင္တယ္။

ပထမေကစိဝါဒမွာ ဘုရားကေန႔စဥ္ေန႔တိုင္း မဟာက႐ုဏာသမာပတ္ ကုေဋတစ္သန္းႏွစ္သိန္းနဲ႔ အရဟတၱဖလသမာပတ္ ကုေဋတစ္သန္းႏွစ္သိန္းဝင္စားတယ္လို႔ ဆိုတယ္။
ဒုတိယေကစိဝါဒမွာေတာ့ ႐ူပါဝစရသမာပတ္ ၅ပါး၊ အ႐ူပါဝစရသမာပတ္ ၄ပါး၊ အပၸမညာသမာပတ္ ၁ပါး၊ နိေရာဓသမာပတ္ ၁ပါး၊ အရဟတၱဖလသမာပတ္ ၁ပါး ဒီ ၁၂ပါးကို တစ္ပါးလွ်င္ ကုေဋတစ္သိန္းနႈန္းနဲ႔ မနက္တစ္ႀကိမ္ ညတစ္ႀကိမ္ ဝင္စားတယ္လို႔ ဆိုတယ္။
အပေရဝါဒမွာေတာ့ ပဋိစၥသမုပၸါဒ္ အႏုလံုအဂၤါ ၁၂ပါးကို ကုေဋတစ္သိန္းစီ၊ ပဋိစၥသမုပၸါဒ္ ပဋိလံုအဂၤါ ၁၂ပါးကို ကုေဋတစ္သိန္းစီ ဝင္စားပါတယ္လို႔ ဆိုတယ္။

ဒီဋီကာေတြအရ အလြန္နက္တဲ့ ေတာႀကီးကိုထြင္တဲ့ ေယာက္်ားဟာ ႀကိဳၾကား ႀကိဳၾကားမွာ ဓားေသြးေနေသးတာေၾကာင့္ ပိုၿပီး ထက္ထက္ျမက္ျမက္ ခုတ္ထြင္ ရွင္းလင္းႏိုင္သလို ဘုရားရွင္ဟာလည္း ဒီလိုသမာပတ္ေတြ ဝင္စားျခင္းအားျဖင့္ အႏုပဒဓမၼဝိပႆနာဉာဏ္ကို ထက္ျမက္ေစလို႔ အလံုးစံုေသာ တရားေတြအေပၚမွာ ဉာဏ္ရဲ႕ သန္႔ရွင္းျခင္း၊ ရဲရင့္ျခင္း ျဖစ္ရပါတယ္တဲ့။
သမာပတ္ရဲ႕ ေရွ႕သြားျဖစ္တဲ့ ဉာဏ္၊ သမာပတ္နဲ႔တကြျဖစ္တဲ့ ဉာဏ္ေတြကို ဆန္႔က်င္ဘက္ကိေလသာေတြက မဖ်က္ဆီးႏိုင္ျခင္း၊ ဒီဉာဏ္ေတြရဲ႕ ႀကီးက်ယ္မ်ားျမတ္ျခင္းတို႔ေၾကာင့္ မဟာဝဇိရဉာဏ္လို႔ ေခၚပါတယ္တဲ့။

ဒီဋီကာေတြမွာ သမာပတ္အမ်ဳိးအစား အယူအဆေတြ ကြဲေနေပမယ့္။
သမာပတ္အေရအတြက္နဲ႔ ဘုရားရွင္ ေန႔စဥ္ ဝင္စားေတာ္မူတယ္ဆိုတာကေတာ့ မကြဲျပားပါဘူး။

ကိုယ္က ဒါေတြသိတယ္။
ဒါေပမယ့္ အဂၤလိပ္လို မေျပာတတ္ေတာ့ ၿငိမ္ေနရတယ္။
က်န္တဲ့သူေတြလည္း မသိတာလား။ သိရဲ႕နဲ႔ မေျပာတတ္တာလားမသိ အကုန္လံုး ၿငိမ္ေနခဲ့ရတယ္။

အရွင္ေခမိႆရ
ေကလနိယတကၠသိုလ္
မကုဋာရာမျမန္မာေက်ာင္းတိုက္
ကိုလံဘိုၿမိဳ႕
သီရိလကၤာႏိုင္ငံ

(Unicode)

ဒီနေ့ ပါဠိနိကာယသင်တဲ့ ကိုရီးယားဆရာမ ဒေါက်တာယုက မေးခွန်းထုတ်တယ်

ပရိနိဗ္ဗာန်စံခါနီးမှာ ဘုရားက ဘာကြောင့် သမာပတ်တွေ ကုဋေနှစ်ဆယ့်လေးသိန်း ဝင်စားတာလဲတဲ့

မဟာပရိနိဗ္ဗာနသုတ်အဖွင့်မှာ –
“နိဗ္ဗာနပုရံ၊ နိဗ္ဗာန်တည်းဟူသောမြို့သို့။ ပဝိသန္တော၊ ဝင်တော်မူသော။ ဓမ္မဿာမိ၊ တရား၏အရှင်ဖြစ်တော်မူသော။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ သဗ္ဗာပိ၊ အလုံးစုံကုန်သော။ စတုဝီသတိကောဋိသတသဟဿသချင်္ာ၊ ကုဋေနှစ်သန်းလေးသိန်းအရေအတွက်ရှိသော။ သမာပတ္တိယော၊ သမာပတ်တို့သို့။ ပဝိသိတွာ၊ ဝင်တော်မူ၍။ ဝိဒေသံ၊ တစ်ပါးသောအရပ်သို့။ ဂစ္ဆန္တော၊ သွားသော။ ပုရိသော၊ ယောက်ျားသည်။ ဉာတိဇနံ၊ ဆွေမျိုးအပေါင်းကို။ အာလိင်္ဂေတွာ၊ လည်ပင်းဖက်၍။ ဂစ္ဆတိဝိယ၊ သွားသကဲ့သို့။ တထာ၊ ထို့အတူ။ သဗ္ဗသမာပတ္တိသုခံ၊ အလုံးစုံသော သမာပတ်ချမ်းသာကို။ အနုဘဝိတွာ၊ ခံစားပြီး၍။ ပဝိဋ္ဌော၊ ဝင်တော်မူပြီ”လို့ ပါတယ်။

ဘုရားက ကိလေသာတွေ ကင်းသူမို့ စိတ်မညစ်တတ်ပေမယ့်။
ဘုရားရဲ့စိတ်ကို လာနှောက်ယှက်တဲ့ ပြင်ပက အမြင် အကြားစတဲ့ အာရုံတွေဆိုတာ ရှိနေတာပဲလေ။
ဒီတော့ ဒီအာရုံတွေ မဝင်ရောက်အောင် အမြဲတစေ သမာပတ်ဝင်စားနေလေ့ရှိတယ်။ ပုံမှန် လုပ်ရိုးလုပ်စဉ် လုပ်စရာကိစ္စမရှိရင် စိတ်ကို သမာပတ်နဲ့ပဲ ပျော်မွေ့တော်မူတယ်။ တရားဟောလို့ ပရိသတ်တွေ သာဓုလေးခေါ်ချိန်မှာတောင် ဘုရားရှင်က အနည်းငယ်လေးပဲဖြစ်တဲ့ ဒီအချိန်ကို သမာပတ်ဝင်စားတော်မူတယ်။ ဒီလောက် လေ့ကျင့်ထားပြီးတဲ့အတွက်လည်း ဘုရားရှင်က စိတ်တန်ခိုးအရာမှာ သာတဲ့သူမဆိုထားနဲ့ မီတဲ့သူတောင် မရှိအောင် ထူးချွန်တယ်။ ဒီသမာပတ်တွေကို နေ့စဉ်နေ့တိုင်း ဝင်စား အနည်းဆုံး ဒီအရေအတွက်ဝင်စားလာတဲ့အတွက် ခရီးဝေးထွက်မယ့် ယောက်ျားဟာ သူ့သားသမီးစတဲ့ ဆွေမျိုးမိဘမောင်ဘွားတွေကို လည်ပင်းပွေ့ဖက် နမ်းရှုံ့ကြီးမှ သွားသလိုမျိုး ဘုရားကလည်း အလွန်တရင်းတနှီးရှိလှတဲ့ သူဝင်စားနေကြ သမာပတ်တွေကို နောက်ဆုံး နှုတ်ဆက်ခြင်းနဲ့ ပွေ့ဖက်သလို ဝင်စားပြီးမှ နိဗ္ဗာန်ဝင်စံတာပါတဲ့။

ကုဋေနှစ်သန်းလေးသိန်းဆိုတဲ့ အရေအတွက်ကို ဒီဃနိကာယ်က သမ္ပသာဒနီယသုတ်ဋီကာနဲ့ ဗြဟ္မသံယုတ်က ပရိနိဗ္ဗာနသုတ်ဋီကာတွေမှာ ကေစိဝါဒ၂ခုနဲ့ အပရေဝါဒ၁ခု တွေ့နိုင်တယ်။

ပထမကေစိဝါဒမှာ ဘုရားကနေ့စဉ်နေ့တိုင်း မဟာကရုဏာသမာပတ် ကုဋေတစ်သန်းနှစ်သိန်းနဲ့ အရဟတ္တဖလသမာပတ် ကုဋေတစ်သန်းနှစ်သိန်းဝင်စားတယ်လို့ ဆိုတယ်။
ဒုတိယကေစိဝါဒမှာတော့ ရူပါဝစရသမာပတ် ၅ပါး၊ အရူပါဝစရသမာပတ် ၄ပါး၊ အပ္ပမညာသမာပတ် ၁ပါး၊ နိရောဓသမာပတ် ၁ပါး၊ အရဟတ္တဖလသမာပတ် ၁ပါး ဒီ ၁၂ပါးကို တစ်ပါးလျှင် ကုဋေတစ်သိန်းနှုန်းနဲ့ မနက်တစ်ကြိမ် ညတစ်ကြိမ် ဝင်စားတယ်လို့ ဆိုတယ်။
အပရေဝါဒမှာတော့ ပဋိစ္စသမုပ္ပါဒ် အနုလုံအင်္ဂါ ၁၂ပါးကို ကုဋေတစ်သိန်းစီ၊ ပဋိစ္စသမုပ္ပါဒ် ပဋိလုံအင်္ဂါ ၁၂ပါးကို ကုဋေတစ်သိန်းစီ ဝင်စားပါတယ်လို့ ဆိုတယ်။

ဒီဋီကာတွေအရ အလွန်နက်တဲ့ တောကြီးကိုထွင်တဲ့ ယောက်ျားဟာ ကြိုကြား ကြိုကြားမှာ ဓားသွေးနေသေးတာကြောင့် ပိုပြီး ထက်ထက်မြက်မြက် ခုတ်ထွင် ရှင်းလင်းနိုင်သလို ဘုရားရှင်ဟာလည်း ဒီလိုသမာပတ်တွေ ဝင်စားခြင်းအားဖြင့် အနုပဒဓမ္မဝိပဿနာဉာဏ်ကို ထက်မြက်စေလို့ အလုံးစုံသော တရားတွေအပေါ်မှာ ဉာဏ်ရဲ့ သန့်ရှင်းခြင်း၊ ရဲရင့်ခြင်း ဖြစ်ရပါတယ်တဲ့။
သမာပတ်ရဲ့ ရှေ့သွားဖြစ်တဲ့ ဉာဏ်၊ သမာပတ်နဲ့တကွဖြစ်တဲ့ ဉာဏ်တွေကို ဆန့်ကျင်ဘက်ကိလေသာတွေက မဖျက်ဆီးနိုင်ခြင်း၊ ဒီဉာဏ်တွေရဲ့ ကြီးကျယ်များမြတ်ခြင်းတို့ကြောင့် မဟာဝဇိရဉာဏ်လို့ ခေါ်ပါတယ်တဲ့။

ဒီဋီကာတွေမှာ သမာပတ်အမျိုးအစား အယူအဆတွေ ကွဲနေပေမယ့်။
သမာပတ်အရေအတွက်နဲ့ ဘုရားရှင် နေ့စဉ် ဝင်စားတော်မူတယ်ဆိုတာကတော့ မကွဲပြားပါဘူး။

ကိုယ်က ဒါတွေသိတယ်။
ဒါပေမယ့် အင်္ဂလိပ်လို မပြောတတ်တော့ ငြိမ်နေရတယ်။
ကျန်တဲ့သူတွေလည်း မသိတာလား။ သိရဲ့နဲ့ မပြောတတ်တာလားမသိ အကုန်လုံး ငြိမ်နေခဲ့ရတယ်။

အရှင်ခေမိဿရ
ကေလနိယတက္ကသိုလ်
မကုဋာရာမမြန်မာကျောင်းတိုက်
ကိုလံဘိုမြို့
သီရိလင်္ကာနိုင်ငံ

LEAVE A REPLY

Please enter your comment!
Please enter your name here