ေသာက၏ ေမြးဖြားရာ
“တြယ္တာ”မႈရွိတဲ့ေနရာမွာ “ေသာက”ျဖစ္တယ္ တဲ့..
လူ႔ေလာကမွာၾကည့္ ၾကည့္ေပါ့
တစ္ေယာက္နဲ႔တစ္ေယာက္ သိလာလို႔ရွိရင္
တစ္ေယာက္နဲ႔တစ္ေယာက္ ခင္မင္လာတယ္။
သိလာခင္လာၿပီး လက္တဲြၾကျပီဆိုရင္ ပူၿပီ
မသိခင္တုန္းက သူ႔အတြက္ပူသလား
လုံးဝမပူပါဘူးေနာ္။
ဒါက လူနဲ႔ပတ္သက္တာ။
ပစၥည္းနဲ႔ပတ္သက္တာေရာ ကိုယ္မပိုင္တဲ့ပစၥည္းအတြက္
ဘယ္သူမွ မပူပါဘူး
အဲ့ဒီပစၥည္းေလး ကိုယ့္ပစၥည္းျဖစ္လာၿပီဆိုတာနဲ႔
တစ္ျပိဳက္နက္ ပူေတာ့တာပဲ။
တန္ဖိုးရွိတဲ့ပစၥည္းေတြ ေလာကမွာ အမ်ားႀကီးရွိတယ္။
သို႔ေသာ္ ကိုယ့္ဟာမဟုတ္ရင္ မပူၾကဘူး
ေအး..အေၾကာင္းညီညြတ္လို႔ ကိုယ့္လက္ထဲေရာက္လာၿပီ
ဆိုလို႔ရွိရင္
အဲ့ဒါေလးအတြက္ ပူၿပီ…
ပူေတာ့ ဘာလုပ္လဲ
ေသာ့ေတြခတ္…မလုံမျခံဳေတြျဖစ္လာတယ္။
အဲ့ဒါဟာ ေလာဘက ေသာကကို ေမြးဖြားေပးတယ္ဆိုတာ အလြန္ထင္ရွားတယ္။
တိုက္ခန္းတစ္ခု ပိုင္ထားတယ္
အဲ့ဒီပိုင္ထားတဲ့ တိုက္ခန္းတစ္ခုေၾကာင့္ စိတ္ပူေလာင္မႈရွိတယ္
ကားတစ္စီး ဝယ္ထားတယ္
အဲ့ဒီကား တစ္စုံတစ္ခုျဖစ္မွာ စိတ္ပူတယ္ေပါ့
ေအး…ကိုယ္စိတ္ပူတဲ့အရာတစ္ခု သူမ်ားလက္ထဲ ေရာင္းလိုက္ၿပီ
ေရာင္းလိုက္လို႔ ေငြေခ်ၿပီးတာနဲ႔ တစ္ၿပိဳင္နက္
အဲ့ဒါေတြ အကုန္ေပ်ာက္ေရာပဲ
“ေသာက” က ဘယ္ေရာက္သြားသလဲ
ေငြထုပ္ႀကီးေနာက္ လိုက္သြားတယ္ေပါ့
စြန္႔လႊတ္လိုက္ၿပီဆိုရင္ မပူေတာ့ဘူးေလ……
မီးကို မေလ်ွ႕ာပဲနဲ႔ ပူတာကိုေတာ့ ေလ်ွ႕ာခ်လို႔မရဘူး
မီးကိုေလ်ွ႕ာမွ ပူတာကို ေလ်ွ႕ာလို႔ရမယ္.
ဘာေၾကာင့္တုန္း မီးေၾကာင့္ပူေနတာကိုး.
အဲ့ဒီလိုပဲ လူေတြရဲ႕စိတ္ေသာက
ဘယ္သူကေန ေမြးဖြားေပးေနတာတုန္းဆိုရင္
ေဟာဒီ တြယ္တာမႈတဏွာက
ဒါေၾကာင့္မို႔လို႔ ေျပာမယ္ဆိုရင္
“တြယ္တာ” မႈရွိတဲ့ေနရာမွာ “ေသာက” ျဖစ္တယ္
ဒီေတာ့ ပူေလာင္မႈတို႔ အပူအပင္မရွိမႈတို႔ဆိုတာဟာ
ဘာေၾကာင့္ျဖစ္ေနတာတုန္းလို႔ စဥ္းစားၾကည့္လိုက္လို႔ရွိရင္
ေလာဘေၾကာင့္ျဖစ္ေနတယ္ေပါ့
လူေတြက တလဲြထင္ၿပီး ေလာဘရွိလို႔ ႀကီးပြားတယ္လို႔ ထင္ေနၾကတယ္- မဟုတ္ဘူး
အသိဉာဏ္ရွိလို႔ လုံ႔လဝီရိယရွိလို႔ ႀကီးပြားတာ…
“ေလာဘ” က “ေသာက” ကိုပဲ ေမြးဖြားေပးတယ္…
ဟုတ္မဟုတ္ ကိုယ့္ဟာကိုယ္ စဥ္းစားၾကည့္ေပါ့……
(ပါခ်ဳပ္ဆရာေတာ္ႀကီး)
ေဒါက္တာနႏၵမာလာဘိဝံသ
#မူရင္းေရးသူ_Credit
(Unicode)

သောက၏ မွေးဖွားရာ
“တွယ်တာ”မှုရှိတဲ့နေရာမှာ “သောက”ဖြစ်တယ် တဲ့..
လူ့လောကမှာကြည့် ကြည့်ပေါ့
တစ်ယောက်နဲ့တစ်ယောက် သိလာလို့ရှိရင်
တစ်ယောက်နဲ့တစ်ယောက် ခင်မင်လာတယ်။
သိလာခင်လာပြီး လက်တွဲကြပြီဆိုရင် ပူပြီ
မသိခင်တုန်းက သူ့အတွက်ပူသလား
လုံးဝမပူပါဘူးနော်။
ဒါက လူနဲ့ပတ်သက်တာ။
ပစ္စည်းနဲ့ပတ်သက်တာရော ကိုယ်မပိုင်တဲ့ပစ္စည်းအတွက်
ဘယ်သူမှ မပူပါဘူး
အဲ့ဒီပစ္စည်းလေး ကိုယ့်ပစ္စည်းဖြစ်လာပြီဆိုတာနဲ့
တစ်ပြိုက်နက် ပူတော့တာပဲ။
တန်ဖိုးရှိတဲ့ပစ္စည်းတွေ လောကမှာ အများကြီးရှိတယ်။
သို့သော် ကိုယ့်ဟာမဟုတ်ရင် မပူကြဘူး
အေး..အကြောင်းညီညွတ်လို့ ကိုယ့်လက်ထဲရောက်လာပြီ
ဆိုလို့ရှိရင်
အဲ့ဒါလေးအတွက် ပူပြီ…
ပူတော့ ဘာလုပ်လဲ
သော့တွေခတ်…မလုံမခြုံတွေဖြစ်လာတယ်။
အဲ့ဒါဟာ လောဘက သောကကို မွေးဖွားပေးတယ်ဆိုတာ အလွန်ထင်ရှားတယ်။
တိုက်ခန်းတစ်ခု ပိုင်ထားတယ်
အဲ့ဒီပိုင်ထားတဲ့ တိုက်ခန်းတစ်ခုကြောင့် စိတ်ပူလောင်မှုရှိတယ်
ကားတစ်စီး ဝယ်ထားတယ်
အဲ့ဒီကား တစ်စုံတစ်ခုဖြစ်မှာ စိတ်ပူတယ်ပေါ့
အေး…ကိုယ်စိတ်ပူတဲ့အရာတစ်ခု သူများလက်ထဲ ရောင်းလိုက်ပြီ
ရောင်းလိုက်လို့ ငွေချေပြီးတာနဲ့ တစ်ပြိုင်နက်
အဲ့ဒါတွေ အကုန်ပျောက်ရောပဲ
“သောက” က ဘယ်ရောက်သွားသလဲ
ငွေထုပ်ကြီးနောက် လိုက်သွားတယ်ပေါ့
စွန့်လွှတ်လိုက်ပြီဆိုရင် မပူတော့ဘူးလေ……
မီးကို မလျှေ့ာပဲနဲ့ ပူတာကိုတော့ လျှေ့ာချလို့မရဘူး
မီးကိုလျှေ့ာမှ ပူတာကို လျှေ့ာလို့ရမယ်.
ဘာကြောင့်တုန်း မီးကြောင့်ပူနေတာကိုး.
အဲ့ဒီလိုပဲ လူတွေရဲ့စိတ်သောက
ဘယ်သူကနေ မွေးဖွားပေးနေတာတုန်းဆိုရင်
ဟောဒီ တွယ်တာမှုတဏှာက
ဒါကြောင့်မို့လို့ ပြောမယ်ဆိုရင်
“တွယ်တာ” မှုရှိတဲ့နေရာမှာ “သောက” ဖြစ်တယ်
ဒီတော့ ပူလောင်မှုတို့ အပူအပင်မရှိမှုတို့ဆိုတာဟာ
ဘာကြောင့်ဖြစ်နေတာတုန်းလို့ စဉ်းစားကြည့်လိုက်လို့ရှိရင်
လောဘကြောင့်ဖြစ်နေတယ်ပေါ့
လူတွေက တလွဲထင်ပြီး လောဘရှိလို့ ကြီးပွားတယ်လို့ ထင်နေကြတယ်- မဟုတ်ဘူး
အသိဉာဏ်ရှိလို့ လုံ့လဝီရိယရှိလို့ ကြီးပွားတာ…
“လောဘ” က “သောက” ကိုပဲ မွေးဖွားပေးတယ်…
ဟုတ်မဟုတ် ကိုယ့်ဟာကိုယ် စဉ်းစားကြည့်ပေါ့……
(ပါချုပ်ဆရာတော်ကြီး)
ဒေါက်တာနန္ဒမာလာဘိဝံသ
#မူရင်းရေးသူ_Credit

LEAVE A REPLY

Please enter your comment!
Please enter your name here