နဲနဲေလးေတာ့ လဲြေနတယ္ (၂၉)
************************
စာေရးသူ = မနာပဒါယီ အရွင္၀ိစိတၱ(ဒုိက္ဦး)
အိမ္ေထာင္ျပဳျခင္းႏွင့္ ေန႔နံေရြးျခင္း
——————————————-
သီတင္းဝါလ ကြၽတ္ၾကေတာ့မယ္ဆုိေတာ့ “ဝါတြင္းကာလ အိမ္ေထာင္မျပဳရ”ဆုိတဲ့ ဘုရားေဟာ မဟုတ္တဲ့ ေရွး႐ုိးစဲြ အစဥ္အလာေတြကုိ ထိန္းသိမ္းရင္း ဝါကြၽတ္ရင္ အိမ္ေထာင္ျပဳၾကဖုိ႔ စီစဥ္ထားၾကတဲ့ သူေတြဟာ သူ႔ထက္ငါ ရက္ေကာင္းရက္ျမတ္ေရြး၊ ေန႔နံေရြး၊ အိမ္ေထာင္ဖက္ေရြး စသျဖင့္ ျပဳလုပ္ေနၾကေတာ့တာ ျဖစ္ပါတယ္။ အခါေတာ္ေပးေတြ၊ ေလာကဓာတ္ဆရာေတြအတြက္ ေဟာေရးေျပာေရးေတြ အလုပ္ျဖစ္ေနၾကေတာ့တာပါပဲ။ ျမန္မာဗုဒၶဘာသာအမ်ား အိမ္ေထာင္ျပဳၾကေတာ့မယ္ဆုိရင္ လူႀကီးေတြကအစ ဘုရားေဟာတာေတြကုိ အသာထား၊ သားသမီးမ်ားရဲ႔ အိမ္ေထာင္ေရးမွာ အိမ္ေထာင္ဖက္နဲ႔ ေန႔နံေတြကုိ အေလးေပးၿပီး ေရြးေနၾကတာေတြ ရွိပါတယ္။ ဘယ္ေန႔ မဂၤလာမေဆာင္ေကာင္းဘူး၊ ဘယ္ေန႔နံသားသမီးဆုိ အိမ္ေထာင္ဖက္အျဖစ္ မေရြးေကာင္းဘူး စသျဖင့္ အယူအစဲြေတြနဲ႔ အိမ္ေထာင္ျပဳေရးမွာ အဓိကနဲ႔ သာမညကုိ မကဲြျပားဘဲ မလုိအပ္တာေတြမွာ အေလးထားေနၾကေတာ့တာ ျဖစ္ပါတယ္။
တစ္ေလာကေတာင္ Facebook စာဖတ္ပရိတ္သတ္ တစ္ဦးျဖစ္တဲ့ မျဖဴျဖဴက ဒီအေၾကာင္းေလးကုိ ေမးေလွ်ာက္ထားပါေသးတယ္။ မျဖဴက “ဆရာေတာ္ဘုရား… တပည့္ေတာ္ မက္ေစ့ခ်္ေဘာက္စ္ကေန သိခ်င္တာေလးရွိလုိ႔ ေမးပါရေစဘုရား။ တပည့္ေတာ္ကုိ လုိင္းေပၚကေန ျပန္လည္ေျဖၾကားေပးပါလုိ႔ ေတာင္းဆုိပါရေစ။ တပည့္ေတာ္ အယူမသည္းပါဘူး။ ကံကံ၏အက်ိဳးကုိ ယုံၾကည္ပါတယ္။ ဒါေပမယ့္ တစ္ခ်ိဳ႔အယူသည္းသူေတြ သိေစခ်င္လုိ႔ပါဘုရား။ တစ္ခ်ိဳ႔ကေျပာတယ္။ အိမ္ေထာင္ျပဳတဲ့အခါ မသင့္ျမတ္တဲ့ ေန႔ေတြဆုိတာ ရွိပါသလား။ ဥပမာ ေသာၾကာက ဘယ္ေန႔သားမွ အဆင္ေျပတာတုိ႔ စသည္ျဖင့္ေပါ့။ ၿပီးေတာ့ သားဦးသားေႏွာင္း မယူေကာင္းတုိ႔ပါဘုရား။ အဲဒီလုိ ေန႔ေတြက ကုိယ္နဲ႔သက္ဆုိင္ပါသလားဘုရား။ တပည့္ေတာ္ကုိ ျပန္လည္ေျဖၾကားေပးပါလုိ႔ ေတာင္းဆုိပါရေစ။” (Phyu Phyu) ဆုိၿပီး ေမးထားပါတယ္။
ဟုတ္ပါတယ္။ မျဖဴေျပာသလုိပဲ သိပၸံပညာ ထြန္းကားတဲ့ ဒီေန႔လုိေခတ္ႀကီးမွာလည္း ဘုရားအဆုံးအမေတြနဲ႔ လဲြေခ်ာ္ေနတဲ့ ေရွး႐ုိးစဲြအယူသည္း ဗုဒၶဘာသာဝင္ေတြ အမ်ားႀကီး ရွိေနတုန္းပါပဲ။ လဲြေနတာကေတာ့ လဲြေနၾကဦးမွာပဲ ျဖစ္ပါတယ္။ အိမ္ေထာင္ျပဳတာနဲ႔ ပတ္သက္ၿပီး ေန႔နံေရြးတာ၊ အိမ္ေထာင္ဖက္၊ အိမ္ေထာင္ပ်က္ ေရြးတာေတြဟာ တကယ္ေတာ့ ဘုရားေဟာနဲ႔ မသက္ဆုိင္တဲ့ ေလာကီအယူအဆေတြပဲ ျဖစ္ပါတယ္။ “ဦးသာ၊ စိန္ပန္း၊ ဒန္းလွ၊ ကုိရွာ၊ အိမ္ေထာင္ရာ၊ ဦးေဝ၊ စံကူး၊ ေရဗူး၊ ေတာသူ၊ ျပည္ရန္သူ” စတဲ့ အယူအဆေတြနဲ႔ အိမ္ေထာင္ဖက္ေတြကုိ ေရြးခ်ယ္ၾကတာလည္း ေလာကီဆရာေတြရဲ႔ လမ္းညြန္နဲ႔ အဲဒီအေပၚ ယုံၾကည္ၾကသူေတြရဲ႔ သတ္မွတ္ခ်က္ပဲ ျဖစ္ပါတယ္။ ဗုဒၶဟူးနဲ႔ စေနအိမ္ေထာင္ျပဳရင္ ရူးေတာင္ထမင္း မငတ္ဘူးဆုိေပမယ့္ ငတ္တဲ့သူေတြလည္း အမ်ားႀကီး ရွိေနတာပါ။ ေလာကီအယူအဆေတြဟာ တစ္ခါတေလ တုိက္ဆုိင္မႈ အေနနဲ႔ မွန္ေကာင္းမွန္ေပမယ့္ ဒါဟာ သူတုိ႔တြက္ခ်က္ေပးလုိက္လုိ႔ ဆုိတာထက္ အဲဒီအိမ္ေထာင္သည္ေတြရဲ႔ တစ္ဦးခ်င္း ထိန္းသိမ္းေစာင့္ေရွာက္မႈေတြေၾကာင့္ပဲ ျဖစ္ပါတယ္။
အိမ္ေထာင္ေရး အဆင္ေျပမႈ၊ မေျပမႈဆုိတာ ေန႔နံေတြ၊ အိမ္ေထာင္ဖက္ေတြ ေရြးခ်ယ္ေနဖုိ႔ထက္ အက်င့္ေကာင္းတဲ့ အိမ္ေထာင္ဖက္၊ သစၥာရွိတဲ့ အိမ္ေထာင္ဖက္၊ နားလည္မႈေပးႏုိင္မယ့္ အိမ္ေထာင္ဖက္ေတြ ျဖစ္ဖုိ႔က အေရးအႀကီးဆုံးပဲ ျဖစ္ပါတယ္။ ေန႔နံေကာင္းလုိ႔ ဘယ္ေလာက္ပဲ ယူထားပါေစ အက်င့္မေကာင္းရင္ အဲဒီအိမ္ေထာင္ေရးဟာ အဆင္ေျပစရာ အေၾကာင္းမရွိလွပါဘူး။ ျမတ္ဗုဒၶအလုိအရ “နကၡတ္ေကာင္း၊ မဂၤလာေကာင္း၊ အတိတ္ေကာင္း၊ နိမိတ္ေကာင္း စတာေတြဟာ အေကာင္းလုပ္သူေတြအတြက္ အၿမဲေကာင္းေနမွာျဖစ္ၿပီး မေကာင္းလုပ္ရင္ေတာ့ နကၡတ္ဆုိး၊ မဂၤလာဆုိး၊ အတိတ္နိမိတ္ဆုိးေတြ ျဖစ္ေနမွာျဖစ္ေၾကာင္း“ သတိရွိရွိ အသိနဲ႔ညႇိၿပီး နားလည္သေဘာေပါက္ၾကရမွာ ျဖစ္ပါတယ္။
ဒီလုိပါပဲ။ သားသမီးေတြနဲ႔ ပတ္သက္ၿပီးေတာ့ “သားဦးစေန မီးလုိေမႊ၊ သားဦးသားေႏွာင္း မယူေကာင္း” စတဲ့ အယူအဆေတြဟာလည္း တုိက္ဆုိင္မႈနဲ႔ သတ္မွတ္ၾကတဲ့ ေလာကသတ္မွတ္ခ်က္ေတြပဲ ျဖစ္ပါတယ္။ ဒီအတုိင္း ျဖစ္ရမယ္ဆုိတဲ့ ပုံေသသတ္မွတ္ခ်က္ မရွိပါဘူး။ ဗုဒၶဘာသာမွာလည္း ဒီလုိညြန္ျပခ်က္ေတြ မရွိပါဘူး။ သားသမီးနဲ႔ ပတ္သက္ၿပီး အဆုိးအေကာင္းဆုိတာ ကေလးရဲ႔ကံနဲ႔ မိဘေတြရဲ႔ ကံတရား ဆက္စပ္မႈေတြ အေပၚမွာလည္း တည္မွီေနတာ ျဖစ္ပါတယ္။ ေတာ္ၿပီး ျပည့္စုံတဲ့ ကေလးဟာ မေကာင္းတဲ့မိဘ၊ ဆင္းရဲ႔ခ်ိဳ႔တဲ့တဲ့ မိဘေတြမွာ ေမြးဖြားရတာ၊ ၿပီးျပည့္စုံတဲ့ မိဘေတြမွာ ဆုိးသြမ္းတဲ့ သားသမီး၊ ဒုကၡိတ သားသမီးေတြ ရွိေနၾကတာ စတာေတြဟာ ဒီကေလးရဲ႔ကံနဲ႔ မိဘေတြရဲ႔ ကံတရား အေၾကာင္းအက်ိဳး သက္ေရာက္မႈပဲ ျဖစ္ပါတယ္။ သားဦးေကာင္းၿပီး သားေႏွာင္းေတာ္ေနတဲ့ ကေလးေတြလည္း ေလာကႀကီးမွာ အမ်ားႀကီး ရွိေနၾကတာ ျဖစ္ပါတယ္။ ေတာ္႐ုံတန္႐ုံ မေတာ္တဲ့ သားဦးသားေႏွာင္းေတြေတာင္မွ မိဘ၊ ဆရားသမားေတြရဲ႔ အသင္အျပနဲ႔ ပတ္ဝန္းက်င္ရဲ႔ ျပဳျပင္မႈေတြေၾကာင့္ ေကာင္းသြားၾကတာလည္း ရွိေနၾကတာဆုိေတာ့ ေလာကီအယူအဆေတြထက္ ေကာင္းမေကာင္းကုိ ဖန္တီးႏုိင္တဲ့ လူေတြကပဲ အဓိကက်ေနတာ ျဖစ္ပါတယ္။ ယၾတာေကာင္းလုိ႔သာ အားလုံးေကာင္းၾကမယ္ဆုိရင္ ေလာကႀကီးမွာ မေကာင္းတဲ့အရာဆုိတာ ရွိမွာေတာင္ မဟုတ္ေတာ့ပါဘူး။ ေလာကေကာင္းဖုိ႔ဆုိတာ ခႏၶာဆုိတဲ့ ေလာကတစ္ခုကုိ ပုိင္ဆုိင္ထားတဲ့ သတၱဝါ တစ္ဦးခ်င္းရဲ႔ ေကာင္းတဲ့အလုပ္ေတြ အေပၚမွာပဲ မူတည္ေနတာ ျဖစ္ပါတယ္။
ဒါေၾကာင့္ ဗုဒၶဘာသာဝင္ေတြ လဲြေနတတ္တဲ့ အလဲြေတြထဲမွာ အိမ္ေထာက္ဖက္ေရြးတာ၊ ေန႔နံေရြးတာအျပင္ သားသမီး ေရြးတာေတြမွာလည္း ေလာကီအယူအဆကုိလုိက္ၿပီး အလဲြေတြ လုပ္မိေနတတ္တဲ့အတြက္ ဒီအလဲြေတြကေန ေရွာင္ၾကဥ္ၿပီး သတၱဝါအားလုံး ကုိယ္ကုိယ္တုိင္ကစၿပီး ေကာင္းေအာင္ျပဳျပင္ ေနထုိင္ရင္း ေလာကႀကီးေကာင္းေအာင္ ေနထုိင္ျခင္းကသာ တကယ့္စစ္မွန္တဲ့ အေကာင္းေရြးျခင္း၊ အေကာင္းေနျခင္းပဲ ျဖစ္ပါေၾကာင္း လဲြေနတတ္တဲ့အလဲြတစ္ခုကုိ အမွန္ျပဳႏုိင္ေအာင္ အသိတစ္ခု အမွ်ျပဳလုိက္ရပါတယ္။
ေမတၱာျဖင့္
မနာပဒါယီ အရွင္ဝိစိတၱ (ဒိုက္ဦး)
(Unicode)

နဲနဲလေးတော့ လွဲနေတယ် (၂၉)
************************
စာရေးသူ = မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)

အိမ်ထောင်ပြုခြင်းနှင့် နေ့နံရွေးခြင်း
——————————————-
သီတင်းဝါလ ကျွတ်ကြတော့မယ်ဆိုတော့ “ဝါတွင်းကာလ အိမ်ထောင်မပြုရ”ဆိုတဲ့ ဘုရားဟော မဟုတ်တဲ့ ရှေးရိုးစွဲ အစဉ်အလာတွေကို ထိန်းသိမ်းရင်း ဝါကျွတ်ရင် အိမ်ထောင်ပြုကြဖို့ စီစဉ်ထားကြတဲ့ သူတွေဟာ သူ့ထက်ငါ ရက်ကောင်းရက်မြတ်ရွေး၊ နေ့နံရွေး၊ အိမ်ထောင်ဖက်ရွေး စသဖြင့် ပြုလုပ်နေကြတော့တာ ဖြစ်ပါတယ်။ အခါတော်ပေးတွေ၊ လောကဓာတ်ဆရာတွေအတွက် ဟောရေးပြောရေးတွေ အလုပ်ဖြစ်နေကြတော့တာပါပဲ။ မြန်မာဗုဒ္ဓဘာသာအများ အိမ်ထောင်ပြုကြတော့မယ်ဆိုရင် လူကြီးတွေကအစ ဘုရားဟောတာတွေကို အသာထား၊ သားသမီးများရဲ့ အိမ်ထောင်ရေးမှာ အိမ်ထောင်ဖက်နဲ့ နေ့နံတွေကို အလေးပေးပြီး ရွေးနေကြတာတွေ ရှိပါတယ်။ ဘယ်နေ့ မင်္ဂလာမဆောင်ကောင်းဘူး၊ ဘယ်နေ့နံသားသမီးဆို အိမ်ထောင်ဖက်အဖြစ် မရွေးကောင်းဘူး စသဖြင့် အယူအစွဲတွေနဲ့ အိမ်ထောင်ပြုရေးမှာ အဓိကနဲ့ သာမညကို မကွဲပြားဘဲ မလိုအပ်တာတွေမှာ အလေးထားနေကြတော့တာ ဖြစ်ပါတယ်။

တစ်လောကတောင် Facebook စာဖတ်ပရိတ်သတ် တစ်ဦးဖြစ်တဲ့ မဖြူဖြူက ဒီအကြောင်းလေးကို မေးလျှောက်ထားပါသေးတယ်။ မဖြူက “ဆရာတော်ဘုရား… တပည့်တော် မက်စေ့ချ်ဘောက်စ်ကနေ သိချင်တာလေးရှိလို့ မေးပါရစေဘုရား။ တပည့်တော်ကို လိုင်းပေါ်ကနေ ပြန်လည်ဖြေကြားပေးပါလို့ တောင်းဆိုပါရစေ။ တပည့်တော် အယူမသည်းပါဘူး။ ကံကံ၏အကျိုးကို ယုံကြည်ပါတယ်။ ဒါပေမယ့် တစ်ချို့အယူသည်းသူတွေ သိစေချင်လို့ပါဘုရား။ တစ်ချို့ကပြောတယ်။ အိမ်ထောင်ပြုတဲ့အခါ မသင့်မြတ်တဲ့ နေ့တွေဆိုတာ ရှိပါသလား။ ဥပမာ သောကြာက ဘယ်နေ့သားမှ အဆင်ပြေတာတို့ စသည်ဖြင့်ပေါ့။ ပြီးတော့ သားဦးသားနှောင်း မယူကောင်းတို့ပါဘုရား။ အဲဒီလို နေ့တွေက ကိုယ်နဲ့သက်ဆိုင်ပါသလားဘုရား။ တပည့်တော်ကို ပြန်လည်ဖြေကြားပေးပါလို့ တောင်းဆိုပါရစေ။” (Phyu Phyu) ဆိုပြီး မေးထားပါတယ်။

ဟုတ်ပါတယ်။ မဖြူပြောသလိုပဲ သိပ္ပံပညာ ထွန်းကားတဲ့ ဒီနေ့လိုခေတ်ကြီးမှာလည်း ဘုရားအဆုံးအမတွေနဲ့ လွဲချော်နေတဲ့ ရှေးရိုးစွဲအယူသည်း ဗုဒ္ဓဘာသာဝင်တွေ အများကြီး ရှိနေတုန်းပါပဲ။ လွဲနေတာကတော့ လွဲနေကြဦးမှာပဲ ဖြစ်ပါတယ်။ အိမ်ထောင်ပြုတာနဲ့ ပတ်သက်ပြီး နေ့နံရွေးတာ၊ အိမ်ထောင်ဖက်၊ အိမ်ထောင်ပျက် ရွေးတာတွေဟာ တကယ်တော့ ဘုရားဟောနဲ့ မသက်ဆိုင်တဲ့ လောကီအယူအဆတွေပဲ ဖြစ်ပါတယ်။ “ဦးသာ၊ စိန်ပန်း၊ ဒန်းလှ၊ ကိုရှာ၊ အိမ်ထောင်ရာ၊ ဦးဝေ၊ စံကူး၊ ရေဗူး၊ တောသူ၊ ပြည်ရန်သူ” စတဲ့ အယူအဆတွေနဲ့ အိမ်ထောင်ဖက်တွေကို ရွေးချယ်ကြတာလည်း လောကီဆရာတွေရဲ့ လမ်းညွန်နဲ့ အဲဒီအပေါ် ယုံကြည်ကြသူတွေရဲ့ သတ်မှတ်ချက်ပဲ ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနဲ့ စနေအိမ်ထောင်ပြုရင် ရူးတောင်ထမင်း မငတ်ဘူးဆိုပေမယ့် ငတ်တဲ့သူတွေလည်း အများကြီး ရှိနေတာပါ။ လောကီအယူအဆတွေဟာ တစ်ခါတလေ တိုက်ဆိုင်မှု အနေနဲ့ မှန်ကောင်းမှန်ပေမယ့် ဒါဟာ သူတို့တွက်ချက်ပေးလိုက်လို့ ဆိုတာထက် အဲဒီအိမ်ထောင်သည်တွေရဲ့ တစ်ဦးချင်း ထိန်းသိမ်းစောင့်ရှောက်မှုတွေကြောင့်ပဲ ဖြစ်ပါတယ်။

အိမ်ထောင်ရေး အဆင်ပြေမှု၊ မပြေမှုဆိုတာ နေ့နံတွေ၊ အိမ်ထောင်ဖက်တွေ ရွေးချယ်နေဖို့ထက် အကျင့်ကောင်းတဲ့ အိမ်ထောင်ဖက်၊ သစ္စာရှိတဲ့ အိမ်ထောင်ဖက်၊ နားလည်မှုပေးနိုင်မယ့် အိမ်ထောင်ဖက်တွေ ဖြစ်ဖို့က အရေးအကြီးဆုံးပဲ ဖြစ်ပါတယ်။ နေ့နံကောင်းလို့ ဘယ်လောက်ပဲ ယူထားပါစေ အကျင့်မကောင်းရင် အဲဒီအိမ်ထောင်ရေးဟာ အဆင်ပြေစရာ အကြောင်းမရှိလှပါဘူး။ မြတ်ဗုဒ္ဓအလိုအရ “နက္ခတ်ကောင်း၊ မင်္ဂလာကောင်း၊ အတိတ်ကောင်း၊ နိမိတ်ကောင်း စတာတွေဟာ အကောင်းလုပ်သူတွေအတွက် အမြဲကောင်းနေမှာဖြစ်ပြီး မကောင်းလုပ်ရင်တော့ နက္ခတ်ဆိုး၊ မင်္ဂလာဆိုး၊ အတိတ်နိမိတ်ဆိုးတွေ ဖြစ်နေမှာဖြစ်ကြောင်း“ သတိရှိရှိ အသိနဲ့ညှိပြီး နားလည်သဘောပေါက်ကြရမှာ ဖြစ်ပါတယ်။

ဒီလိုပါပဲ။ သားသမီးတွေနဲ့ ပတ်သက်ပြီးတော့ “သားဦးစနေ မီးလိုမွှေ၊ သားဦးသားနှောင်း မယူကောင်း” စတဲ့ အယူအဆတွေဟာလည်း တိုက်ဆိုင်မှုနဲ့ သတ်မှတ်ကြတဲ့ လောကသတ်မှတ်ချက်တွေပဲ ဖြစ်ပါတယ်။ ဒီအတိုင်း ဖြစ်ရမယ်ဆိုတဲ့ ပုံသေသတ်မှတ်ချက် မရှိပါဘူး။ ဗုဒ္ဓဘာသာမှာလည်း ဒီလိုညွန်ပြချက်တွေ မရှိပါဘူး။ သားသမီးနဲ့ ပတ်သက်ပြီး အဆိုးအကောင်းဆိုတာ ကလေးရဲ့ကံနဲ့ မိဘတွေရဲ့ ကံတရား ဆက်စပ်မှုတွေ အပေါ်မှာလည်း တည်မှီနေတာ ဖြစ်ပါတယ်။ တော်ပြီး ပြည့်စုံတဲ့ ကလေးဟာ မကောင်းတဲ့မိဘ၊ ဆင်းရဲ့ချို့တဲ့တဲ့ မိဘတွေမှာ မွေးဖွားရတာ၊ ပြီးပြည့်စုံတဲ့ မိဘတွေမှာ ဆိုးသွမ်းတဲ့ သားသမီး၊ ဒုက္ခိတ သားသမီးတွေ ရှိနေကြတာ စတာတွေဟာ ဒီကလေးရဲ့ကံနဲ့ မိဘတွေရဲ့ ကံတရား အကြောင်းအကျိုး သက်ရောက်မှုပဲ ဖြစ်ပါတယ်။ သားဦးကောင်းပြီး သားနှောင်းတော်နေတဲ့ ကလေးတွေလည်း လောကကြီးမှာ အများကြီး ရှိနေကြတာ ဖြစ်ပါတယ်။ တော်ရုံတန်ရုံ မတော်တဲ့ သားဦးသားနှောင်းတွေတောင်မှ မိဘ၊ ဆရားသမားတွေရဲ့ အသင်အပြနဲ့ ပတ်ဝန်းကျင်ရဲ့ ပြုပြင်မှုတွေကြောင့် ကောင်းသွားကြတာလည်း ရှိနေကြတာဆိုတော့ လောကီအယူအဆတွေထက် ကောင်းမကောင်းကို ဖန်တီးနိုင်တဲ့ လူတွေကပဲ အဓိကကျနေတာ ဖြစ်ပါတယ်။ ယတြာကောင်းလို့သာ အားလုံးကောင်းကြမယ်ဆိုရင် လောကကြီးမှာ မကောင်းတဲ့အရာဆိုတာ ရှိမှာတောင် မဟုတ်တော့ပါဘူး။ လောကကောင်းဖို့ဆိုတာ ခန္ဓာဆိုတဲ့ လောကတစ်ခုကို ပိုင်ဆိုင်ထားတဲ့ သတ္တဝါ တစ်ဦးချင်းရဲ့ ကောင်းတဲ့အလုပ်တွေ အပေါ်မှာပဲ မူတည်နေတာ ဖြစ်ပါတယ်။

ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေ လွဲနေတတ်တဲ့ အလွဲတွေထဲမှာ အိမ်ထောက်ဖက်ရွေးတာ၊ နေ့နံရွေးတာအပြင် သားသမီး ရွေးတာတွေမှာလည်း လောကီအယူအဆကိုလိုက်ပြီး အလွဲတွေ လုပ်မိနေတတ်တဲ့အတွက် ဒီအလွဲတွေကနေ ရှောင်ကြဉ်ပြီး သတ္တဝါအားလုံး ကိုယ်ကိုယ်တိုင်ကစပြီး ကောင်းအောင်ပြုပြင် နေထိုင်ရင်း လောကကြီးကောင်းအောင် နေထိုင်ခြင်းကသာ တကယ့်စစ်မှန်တဲ့ အကောင်းရွေးခြင်း၊ အကောင်းနေခြင်းပဲ ဖြစ်ပါကြောင်း လွဲနေတတ်တဲ့အလွဲတစ်ခုကို အမှန်ပြုနိုင်အောင် အသိတစ်ခု အမျှပြုလိုက်ရပါတယ်။

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

LEAVE A REPLY

Please enter your comment!
Please enter your name here