“သဂၤါယနာတင္ရျခင္း”
————————
ပထမသဂၤါယနာတင္ရျခင္း
ေဂါတမျမတ္စြာဘုရားပရိနိဗၺာန္ စံေတာ္မူသည့္ေနာက္ ေလးလေျမာက္၌ ရာဇျဂိဳဟ္ျပည္အဇာတသတ္မင္းကုိအမွီျပဳ၍ ရွင္မဟာကႆပ အမွဴးရွိေသာ ရဟႏၲာ ငါးရာတုိ႔ ပထမသဂၤါယနာ တင္ေတာ္မူသည္ ။
အေၾကာင္းထူးကား –
သဗၺညဳတဘုရားေလာင္းပရိနိဗၺာန္လားေတာ္မူ၍ ခုႏွစ္ရက္လည္ေသာ္အခါ တစ္ေထာင္ငါးရာေသာရဟန္းသံဃာႏွင့္တကြ ပါ၀ါျပည္မွ ကုသိနာရုံသုိ႔ အရွင္မဟာကႆပ ၾကြလာေလေသာ္ ခရီးအၾကားနိဗၺာန္လားေတာ္မူေၾကာင္းကုိ ၾကား၍ သံဃာအေပါင္းငုိေၾကြးၾကသည္တြင္ ၾကီးမွရဟန္းျပဳေသာ သုဘဒ္ ရဟန္းက “ မငုိေၾကြးၾကလင့္၊ အဘယ္ စုိးရိမ္ဖြယ္ရွိသနည္း။
ေဂါတမ မရွိက ငါတုိ႔ က်င့္လုိရာကုိက်င့္၊ၾကိဳက္သမွ်က်င့္ရေတာ့မည္တကား” ဆုိေသာစကားကုိ မဟာကႆပမေထရ္ၾကားေတာ္မူလွ်င္ ဤကဲ့သုိ႕ေသာ ၀ိဘာဂ = သေဘာမတူျခင္း ျဖင့္သာသနာေတာ္ျမတ္ကြယ္ပရာေသာ အေၾကာင္း ရွိေခ်သည္ဟုဓမၼ သံေ၀ဂ ျဖစ္ေတာ္မူသည္။ ပထမသဂၤါယနာ၌ အရွင္မဟာကႆပ ၊ အရွင္ဥပါလိ၊ အရွင္အာနႏၵာ၊ အရွင္အႏုရုဒၶါ အစရိွေသာ ရဟန္းတာၾကီးငါးရာတုိ႔ သဂၤါယနာတင္ေတာ္၍ လက္ဦးေရွးမြန္သာသနာျပဳေတာ္မူသည္။ သုဘဒ္ရဟန္းၾကီးအေၾကာင္းကား – အာတုမာျမိဳ႕သား ဆတၱာသည္မ်ဳိးႏြယ္ျဖစ္ေပသည္။ ဘုရားရွင္ အာတုမာျမိဳ႕သုိ႕
ေဒသစာရီ ၾကြခ်ီေတာ္မူေသာအခါက မိမိသားသာမေဏႏွစ္ပါးကုိ ဆတၱာမႈျပဳ၍ ရေသာ ဆီ၊ဆား၊ဆန္စေသာ လွဴဖြယ္ ၀တၳဳျဖင့္ ယာဂုခ်က္ျပီးလွ်င္ သံဃာႏွင့္တကြ ဘုရားရွင္အား လွဴသည္ကုိ ဘုရားရွင္မွ အလွဴမခံေတာ္မူ။ အေၾကာင္းကုိေမး၍ ကဲ႔ရဲ႕ျပစ္တင္ေတာ္မူသည္။ အကအကပၸိယအရာ၌လူသာမေဏတုိ႕ကုိေဆာက္တည္ေစေသာ္အရာ၌ လူသာမေဏတုိ႕ကုိေဆာက္တည္ေစေသာ္ ဒုကၠဋ္ အာပတ္သင့္ေစ၊ ဆတၱာသည္ျဖစ္ဖူးေသာ
ရဟန္းသည္ သင္တုန္းစေသာ ဆတၱာသည္အေဆာက္အဦကုိ ေဆာင္ရြက္ေသာ ဒုကၠဋ္အာပတ္ဟု သိကၡာပုဒ္ ႏွစ္ခ်က္ပညတ္ေတာ္မူသည္ကုိ အျငိဳးထား၍ သာသနာေတာ္ျမတ္ကုိဖ်က္ဆီးလုိေသာေၾကာင့္ မဆုိေကာင္းေသာ စကားကုိဆုိေလသည္။
ပရိနိဗၺာန္လားေတာ္မူသည့္ေနာက္ သုံးလေျမာက္ေသာအခါ ၀ါေခါင္လျပည့္ေက်ာ္ ၅ ရက္ေန႔ ရာဇျဂိဳဟ္ျပည္ စရည္းပင္ ေရာက္ေသာလႈိဏ္၌ အဇာတသတ္မင္းကုိ အမွီျပဳ၍ သံဃာေတာ္ငါးရာေက်ာ္ႏွင့္တကြ ခုႏွစ္လပတ္လုံး ပထမသဂၤါယနာတင္ေတာ္မူေလသည္။ ဤေနရာ၌ သဂၤါယနာတင္ကုန္ေသာ အရွင္မဟာကႆပ၊ အရွင္ဥပါလိ၊အရွင္အာနႏၵာ၊အရွင္အႏုရုဒၶါ အစရွိေသာ ရဟႏၲာၾကီးငါးရားတုိ႔က အဆင့္ဆင့္ပြားမ်ား၍ ဆရာဆက္တပည့္ဆက္ကား အေျမာက္အမ်ားပင္ရွိေလသည္။
ဒုတိယသဂၤါယနာတင္ရျခင္း
အႏွစ္တစ္ရာတုိင္ေအာင္ေရာက္သည့္ကာလ ေ၀သာလီျပည္ ကာလာေသာကမင္းကုိ အမွီျပဳ၍ ဒုတိယသဂၤါယနာတင္ေတာ္မူေလသည္။ အေၾကာင္းထူးကား – ပထမသဂၤါယနာတင္ျပီးေနာက္ ပရိနိဗၺာန္လားေတာ္မူသည္က ႏွစ္တစ္ရာတုိင္ေရာက္ေအာင္ ပထမသဂၤါယနာတင္တုိင္ျငိမ္၀ပ္စြာ ဆရာစဥ္ဆက္ မပ်က္မစီး က်င့္ေဆာင္ေတာ္မူကုန္သည္။ထုိမွေနာက္ ေ၀သာလီျပည္ ၀ဇၨီတုိင္းသားရဟန္းတုိ႔သည္၀ိနည္းတရားႏွင့္ မညီေသာ အဓမၼ၀တၳဳ ဆယ္ပါးကုိ ျပသ က်င့္ေဆာင္ကုန္၍ သာသနာ၌ ေဘးရန္ၾကီးစြာျဖစ္ရေလ၏။ အဓမၼ၀တၳဳ ဆယ္ပါးဟုသည္ကား – ၁။ သားခ်ဳိျဖင့္ ဆားကုိေဆာင္၍ ဆားမရွိေသာ ဆြမ္းႏွင့္စားလွ်င္ သႏၷိဓိ မျဖစ္ ဟု ယူသည္လည္းတစ္ပါး ၊ ၂။ မြန္းလြဲ၍ အရိပ္လက္ ၂ သစ္ ထြက္ေအာင္ ပင္စားေသာလည္း ၀ိကာလေဘာဇနာ မျဖစ္ ဟု ယူသည္လည္းတစ္ပါး၊ ၃။ တစ္ရပ္တစ္ရြာသုိ႕ သြားလုိ၍ ပ၀ါရိတ္သင့္လ်က္ အတိရိတ္ မျပဳပဲ စားေကာင္းသည္လည္းတစ္ပါး၊၄။ တစ္သိမ္တည္းတြင္ တစ္ေက်ာင္းတျခားစီ သံဃာကံေဆာင္ေသာ္ ၀ဂ္မျဖစ္ ဟု ယူသည္လည္းတစ္ပါး၊ ၅။ ဆရာ ဥပဇၥ်ာယ္ ကုိအေလ့အက်င့္ျဖစ္က အပ္ေတာ့သည္သာ ဟု ယူသည္လည္းတစ္ပါး။ ၆။ မလာေသးပဲ လာမွ ဆႏၵယူအံ့ ဟုေရွးဦးက သံဃာကံေဆာင္ေသာ္ ၀ဂ္မျဖစ္ ဟု ယူသည္လည္းတစ္ပါး၊ ၇။ ႏုိ႔မျဖစ္ကုိလည္း မစြန္႔ေသး၊ ႏုိ႕ဓမ္း အျဖစ္သုိ႕လည္းမေရာက္ေသးေသာ ႏို႕ရည္ကုိ ပ၀ါရိတ္သင့္လ်က္ အတိရိတ္ မျပဳပဲ စားေကာင္း၏ ဟု ယူသည္လည္းတစ္ပါး၊၈။ ေသရည္အျဖစ္သို႔ စဥ္စစ္မေရာက္ေသးေသာ ေသႏုကုိ ေသာက္အပ္၏ ဟု ယူသည္လည္းတစ္ပါး၊ ၉။ အစာမရွိေသာ နိသီဒုိင္ကုိ သုံေဆာင္ေကာင္း၏ ဟု ယူသည္လည္းတစ္ပါး၊ ၁၀။ ေရႊ ၊ ေငြ ကုိခံေကာင္း၏ ဟု ယူသည္လည္းတစ္ပါး ။ ထုိအေၾကာင္းကုိ အရွင္မဟာယသေထရ္ ၾကားသိ၍ အရွင္ေရ၀တ၊ အရွင္သဗၺကာမီ အစရွိေသာ ရဟႏၲာၾကီး ခုႏွစ္ရာတုိ႕ကုိ ေဆာ္ႏိႈးစည္းေ၀းျပီးလွ်င္ သဂၤါယနာတင္အံ့ဟု ေ၀သာလီျပည္ ၀ါလိကာရုံေက်ာင္းသုိ႕ၾကြေတာ္မူေလသည္။ထုိေက်ာင္း၌ပင္ အရွင္မဟာသယ စေသာရဟႏၲာၾကီးခုႏွစ္ရာတုိ႔လည္း ကာလာေသာကမင္းကုိ အမွီျပဳ၍ ၀ဇၨီတုိင္းသား ရဟန္းမ်ားတုိ႔ျပေဆာင္ေသာ အဓမၼ၀တၳဳဆယ္ပါးကုိ ပယ္ေဖ်ာက္လ်က္ ရွစ္လပတ္လုံး ဒုတိယသဂၤါယနာတင္ေတာ္မူေလသည္။ ဤေနရာ၌ အထူးသတိျပဳသင့္သည္မွာ အရွင္မဟာယသ သည္ အရွင္အာနႏၵာႏွင့္ အတူေနတပည့္ရင္းေပတည္း။
တတိယသဂၤါယနာတင္ျခင္း
ဘုရားပရိနိဗၺာန္စံေတာ္မူသည္ေနာက္ႏွစ္ေပါင္း ၂၃၅ ႏွစ္ေရာက္ေသာအခါ ပါဋလိပုတ္ျပည္ သီရိဓမၼာေသာကမင္းကုိ အမီွျပဳ၍ ရွင္ေမာဂၢလိပုတၱတိႆမေထရ္အမွဴးရွိေသာ ရဟႏၲာတစ္ေထာင္တုိ႔သည္ တတိယသဂၤါယနာတင္ေတာ္မူၾကကုန္ေလသည္။အေၾကာင္းထူးကား – ေနာင္ေသာအခါကား ပါဋလိပုတ္ျပည္ သီရိဓမၼာေသာကမင္း လက္ထက္ အရွင္နိေျဂာဓသာမေဏ ကုိ အရင္းစြဲ၍ သာသနာေတာ္၌ၾကည္ညိဳသျဖင့္ ရဟန္းသံဃာတုိ႕အား လာဘသကၠာရမ်ားျပားသည္တြင္ တိတၳိေျခာက္ေသာင္းတုိ႔ သည္လာဘသကၠာရကုိငဲ႔သျဖင့္ ရဟန္းေဘာင္၀င္၍ ဥပုသ္၊ပ၀ါရဏာ၊ကံၾကီး၊ကံငယ၌ ၀င္ေလသည္။ထုိသုိ႔မစဥ္ၾကယ္ေသာေၾကာင့္ ရဟန္းသံဃာတုိ႔သည္ ဥပုသ္မျပဳၾကကုန္။ သာသနာေတာ္၌အညစ္အေၾကး ဆူးေျငာင့္ေဘးရန္မ်ားေသာေၾကာင့္ ခုႏွစ္ႏွစ္တုိင္ေအာင္ ဥပုသ္ ျပတ္ၾကေလသည္။ ထုိအေၾကာင္းကုိ သိရီဓမၼာေသာကမင္းၾကားသိ၍ အဓိကရုဏ္းကုိ ျငိမ္းေစ ၊ ဥပုသ္ျပဳေစ ျခင္းငွာ မင္းျခင္းအမတ္တစ္ေယာက္ကုိ ေစလုိက္ေသာ္ သတ္ေစဟုဆုိသည့္အထင္ႏွင့္ဥပုသ္မျပဳေသာ ဓမၼ၀ါဒီရဟန္းမ်ားကုိသတ္မိေလသည္။၎အေၾကာင္းကုိသီရိဓမၼာေသာကမင္းသိလွ်င္ ငါမသတ္ေစပဲ အမတ္သတ္၍ ေသေလသျဖင့္ ငါ့အား မေကာင္းမႈ မွလြတ္ေလာ၊မလြတ္ေလာယုံမွားရွိေလသျဖင့္ ဂဂၤါအညာမွ အရွင္ေမာဂၢလိပုတၱတိႆမေထရ္ အားေမးေလွ်ာက္ေလသည္တြင္ လြတ္ေၾကာင္းကုိ ေျဖေတာ္မူျပီး ဒီပကတိတၳိရဇာတ္ျဖင့္ ေဟာေျပာတရားျပကာ တိတိၳတုိ႔အယူႏွင့္ ဓမၼ၀ါဒီ အယူ၀ါဒႏွစ္မ်ဳိးလုံးကုိ ခုိင္းႏႈိင္းလ်က္ သိရီဓမၼာေသာကမင္းအားရွင္းျပသည္တြင္ မင္းၾကီးနားလည္၍ ေျခာက္ေသာင္းမွ်ေသာ တိတိၳတုိ႔ကုိ ႏွင္ထုတ္ေစျပီးမွ ရဟန္းေတာ္ေျခာက္သိန္းႏွင့္တကြ ဥပုသ္ေတာ္ျပဳၾကသည္။ျမတ္ဘုရားဗ်ာဒိတ္ေတာ္ႏွင့္အညီ ကထာ၀တၳဳကုိလည္းဆက္လက္၍ေဟာၾကားေတာ္မူေလသည္။ ထုိေနာက္မွ ပါဋလိပုတ္ျပည္ သီရိဓမၼာေသာကမင္းအားအမွီျပဳ၍ အေသာကရုံေက်ာင္းေတာ္၌ ရဟႏၲာၾကီးတစ္ေထာင္ စည္းေ၀း၍ ကုိးလပတ္လုံး သဂၤါယနာတင္ေတာ္မူေလသည္။ ဤေနရာ၌ သီရိဓမၼာေသာကမင္း နန္းစံသက္ တစ္ဆယ့္ရွစ္ႏွစ္ ၊ ကၽြႏွ္ပ္တုိ႔ျမန္မာတုိင္း သေရေခတၱရာ ရေသ့ျပည္တြင္း၌ ရန္ေပါင္မင္း နန္းစံသက္ ၂၁ ႏွစ္ေပတည္း။တတိယသဂၤါယနာတင္ေတာ္မူျပီးေနာက္ ေနာင္အခါဘယ္အရပ္၌ သာသနာေတာ္ျမတ္ေကာင္းစြာ တည္တံ့ႏိုင္မည္ကုိ အရွင္ေမာဂၢလိပုတၱတႆမေထရ္ ဆင္ျခင္ေတာ္မူေလေသာ္ ပစၥႏၲရာဇ္တုိင္းတုိ႔၌ ေကာင္းစြာတည္ႏုိင္ေတာ္မူသည္ကုိ ျမင္ေတာ္မူ၍ ကုိးတုိင္းကုိးဌာနသုိ႔ရဟန္းေတာ္ အသီးသီးအား သာသနာျပဳေစေတာ္မူေလသည္။
စတုတၳသဂၤါယနာတင္ရျခင္း
ဤဆုိခဲ့ျပီးေသာ ဆရာ၊တပည့္စဥ္ဆက္ရွိေလေသာ္ ထုိဆရာစဥ္တပည့္တုိ႔ လက္ထက္ေတာ္၌ ပိဋကတ္ေတာ္မ်ားကုိ ႏႈတ္ကပတ္ေတာ္၌သာထားေတာ္မူေလသည္။အျပည့္အစုံေရးသားမထားၾကေပ။ အေၾကာင္းထူးကားႏႈတ္တြင္သာထားေတာ္မူၾကေလသျဖင့္ အလြန္ျငိဳျငင္ခက္ခဲေသာအမႈကုိျပဳလာခဲ့ၾကရာ သီဟုိဠ္ကၽြန္း၌ ျပည္ရြာကုိ လုယက္ေသာ စ႑ာလတိႆ မည္ေသာ ဒြန္းစ႑ား သူဖုန္းစား ေဘးျဖစ္ေသာအခါ မုိးေကာင္းစြာမရြာ ၊ မလုပ္ေဆာင္ရ၍ ငတ္မြတ္ၾကေလေသာ္ သိၾကားမင္း လာျပီး အရွင္ဘုရားတုိ႔ ပိဋကတ္ေတာ္ကုိမေဆာင္ႏုိင္ၾကကုန္ေသာ္ ေဖာင္စီး၍ ေဖာင္မဆံ့လွ်င္ သစ္တုံး၊၀ါးလုံးတုိ႔ကုိဖတ္ျပီးဟုိဘက္ကမ္းကုိ ကူးပါကုန္ကၽြႏွ္ပ္ေစာင့္ေရွာက္ပါအံ့ ဟုေျပာသျဖင့္ ( ဇမၺဴဒိတ္ သုိ႕သြားခုိင္းျခင္းျဖစ္ေလသည္။) သမုဒၵရာနားသုိ႔ေရာက္မွ မကူးလုိ၍ ဤတြင္သာ ပိဋကတ္ေတာ္ကုိ ေစာင့္ေရွာက္ၾကကုန္ဟု ကတိက၀တ္ျပဳလ်က္ သီဟုိဠ္ကၽြန္း အစိတ္မလယ ဇနပုဒ္ သုိ႔သြားၾကေလသည္။ သစ္ဖု ၊ သစ္ဥ ၊သစ္ရြက္ စသည္တုိ႕ကုိသာမွ်တေစလ်က္ပိဋကတ္စာေပ မ်ားကုိ သရဇၥ်ာယ္ၾကေလသည္။ဆာေလာင္ျခင္းျပင္းျပ၍ မသရဇၥ်ာယ္ႏုိင္ေသာအခါ သဲကုိ၀မ္းေအာက္တြင္စုပုံ ကာထားျပီးတစ္ခုတည္းေသာအရပ္၌ ဦးေခါင္းခ်င္းဆုိင္ကုန္လ်က္ ပိဋကတ္စာေပတုိ႕ကုိ စိတ္ျဖင့္ဆင္ခ်င္ၾကကုန္ေလသည္။ ဤသို႕တုိင္တစ္ဆယ္႔ႏွစ္ႏွစ္တုိင္ေအာင္ အဠကထာႏွင္တကြ ပိဋကတ္သုံးပုံကုိ အကြယ္ရေလေအာင္ ေဆာင္ရြက္ေတာ္မူလာၾကေလသည္။ ဒြန္းစ႑ားသူဖုန္းစားေဘး ကုန္လြန္ေလေသာ္ သီဟုိဠ္ကၽြန္း ၊ အစိတ္ကလႅာရာမဇနပုဒ္ ၊ မ႑လာရာမ ေက်ာင္းသုိ႔ေရာက္ကုန္ေလ၏။ က်န္ရွိေသာရဟန္းေတာ္မ်ားမွာ ေျခာက္က်ိတ္မွ်သာျဖစ္ေၾကာင္းတည္း။ထုိေခတ္မဟာ၀င္က်မ္း၌လာသည္မွာ သာသနာေတာ္ႏွစ္ ၄၅၀ ေရာက္ သီဟုိဠ္မင္းဆက္ ၁၈ ဆက္ သဒၶါတိႆမင္းသား ၀ဋၬဂါမင္းနန္းစံသက္ေျခာက္ႏွစ္ေျမာက္ တြင္ေနာင္ေသာအခါ မုခပဌ္ေတာ္ျဖင့္မေဆာင္ ရြက္ႏုိင္ေတာ္မူသည္ကုိ ျမင္ေတာ္မူ၍ ယခင္ဆရာစဥ္ဆက္မွလာေသာရဟႏၲာၾကီးငါးရာတုိ႕သည္ ထုိမင္းလက္ထက္အေစာင့္အေရွာက္ျပဳသည္ျဖစ္၍ သီဟုိဠ္ကၽြန္း ၊ အစိတ္မလယဇနပုဒ္ ၊အာေလာက မည္ေသာ လိုဏ္၌ အ႒ကထာႏွင့္တကြ ပိဋကတ္သုံးပုံကုိေပထက္ေရးသားတင္ထားေလသည္။
ပဥၥမသဂၤါယနာ
သာသနာႏွစ္-၂၄၁၅(ေအဘီ-၁၈၇၁)သို႕ေရာက္ေသာ္၊ ၿမန္မာနိုင္ငံ မႏ ၱေလးၿမိဳ႕တြင္ ဒကၡိဏာရာမ ဘုရားၾကီးတိုက္ဆရာေတာ္ ဘဒၵႏ ၱဇာဂရာဘိ၀ံသ (တိပိဋကဓရ မဟာဓမၼရာဇာဓိရာဇဂုရု-ဘြဲ႕တံဆိပ္ေတာ္ရ)အမွွ ူးရွိေသာသံဃာေတာ္ ၂၄၀၀-တို႕သည္ မင္းတုန္းမင္းတရားၾကီး၏ ပံပိုးကူညီမူၿဖင့္ မူအမ်ဳိးမ်ဳိးကြဲၿပားေနသည့္ ပိဋကတ္ေတာ္မ်ားကို သုတ္သင္တည္းၿဖတ္၍ ၅-လတိုင္တိုင္ သဂၤါယနာတင္ပြဲၾကီးကို (ပဥၥမအၾကိမ္) က်င္းပၿပဳလုပ္ၿပီးေနာက္ မင္းတုန္းမင္းၾကီးသည္ ထိုမူသန္႔ ပိဋကတ္ေတာ္မ်ားကို အရ်ည္တည္တံ့နိုင္ေစရန္ စက်င္ေက်ာက္ၿဖဴ (၇၂၉) ခ်ပ္ေပၚတြင္ အကၡရာေရးထြင္း(ေက်ာက္ထက္ အကၡရာတြင္)ေစခဲ့ရာ၊ ၇-ႏွစ္ခြဲမွ်ၾကာမွ ၿပီးစီးသြားခဲ့ေပ၏။
ဆ႒သဂၤါယနာ
သာသနာႏွစ္ ၂၄၉၈(ေအဒီ-၁၉၅၄)ခုသို႕ေရာက္ေသာ္၊ ၿမန္မာနိုင္ငံ ရန္ကုန္ၿမိဳ႕တြင္ ၀န္ၾကီးခ်ဳပ္ ဦးႏု အမွ ူးၿပဳေသာ နိုင္ငံေတာ္အစိုးရသည္ ၿမန္မာ” သီဟိုဠ္(သီရိလကၤာ)” ထိုင္း(ယိုးဒယား) ” လာအို(ေလာ)” ကေမၻာဒီးယား” ဟူေသာ ေထရ၀ါဒ ငါးနိုင္ငံတို႕မွာ သံဃာေတာ္ ၂၅၀၀ တို႕ကို ပင့္ဖိက္၍၊ သဂၤါယနာတင္ပြဲၾကီး (ဆ႒အၾကိမ္) က်င္းပၿပဳလုပ္ေစ၍၊ ပါဠိေတာ္မ်ားကိုသာမက ” အ႒ကထာက်မ္းမ်ား” ဋီကာက်မ္းမ်ားကိုပါ မူအမ်ဳိးမ်ဳိးညွိႏွဳိင္းတည္းၿဖတ္ေစၿပီး၊ ဗုဒၶသာသနာေတာ္ ကမ ၻာအႏွံ႔ၿပန္႔ပြားထြန္းလင္းေစရန္ စက္တင္ပံုႏွိပ္ၿဖန္႔ခ်ီခဲ႔ေပသည္၊ ဤသဂၤါယနာတင္ပြဲၾကီး၌ (ယခင္သဂၤါယနာတင္ပြဲၾကီးမ်ား၏ စံခ်ိန္အတိုင္း)ၿမန္မာနိုင္ငံမွ
ဘဒၵႏ ၱေရ၀တမေထရ္(အဘိဓဇ မဟာရ႒ဂုရု- ဘြဲ႔တံဆိပ္ေတာ္ရ ) ကသဘာပတိအၿဖစ္၎၊
မဟာစည္ဆရာေတာ္ ဘဒၵႏ ၱေသာဘနမေထရ္(အဂၢမဟာပ႑ိတ-ဘြဲ႔တံဆိပ္ေတာ္ရ)က ပုစၦက=ေမးသူအၿဖစ္၎၊ မင္းကြန္းဆရာေတာ္ ဘဒၵႏ ၱ ၀ိစိတၱသာရာဘိ၀ံသ မေထရ္(ပထမဆံုး- ” တိပိဋကဓရ ဓမၼဘ႑ာ ဂါရိက-ဘြဲ႔ရ) က ၀ိသဇၹက=ေၿဖဆိုသူ အၿဖစ္၎၊ သဂၤါယနာတင္ပြဲၾကီးကို ဦးစီးက်င္းပၾကေလရာ၊ သာသနာေတာ္ႏွစ္ ၂၅၀၀ ၿပည့္တြင္ေအာင္ၿမင္စြာ ၿပီးစီးသြားခဲ႔ေပသည္။
ဗုဒၶသာသနာထြန္းကားဆုံးျဖစ္ေသာ ျမန္မာႏုိင္ငံသည္ သူ ့ကြ်န္ဘ၀ ႏွစ္(၁၀၀)ခန္ ့ၾကာျမင့္ခဲ့ျပီး သာသနာေတာ္ လြန္စြာညွဳိးႏြမ္းလာခဲ့သည္။ ကြ်န္ဘ၀မွ လြတ္ေျမာက္လာသည္ႏွင့္ သာသနာႏွစ္(၂၄၉၈)ႏွစ္တြင္ ျမန္မာႏုိင္ငံ၊ ရန္ကုန္ျမဳိ ့ ကမ ၻာေအးကုန္းေျမ မဟာပါသာဏလုိဏ္ဂူတြင္ ဆ႒မအၾကိမ္ သဂၤါယနာတင္ျပီး သာသနာေတာ္ကုိ ေစာင့္ေရွာက္ခဲ့ရသည္။
ေညာင္ရမ္းဆရာေတာ္ ၊ မဟာစည္ဆရာေတာ္ႏွင့္ မင္းကြန္းဆရာေတာ္မ်ား ဦးေဆာင္ေသာ ရဟန္း(၂၅၀၀)တြင္ ေထရ၀ါဒႏုိင္ငံမ်ား ျဖစ္ေသာ ျမန္မာ၊ထုိင္း၊ လာအုိ၊ ကေမ ၻာဒီးယား ၊ သီရိလကၤာ ႏုိင္ငံ(၅)ႏုိင္ငံမွ ရဟန္းမ်ားပါ၀င္ေသာ သံဃာထု၊ ဖဆပလ ဦးႏုအစိုးရ ဦးေဆာင္ေသာ မင္းထုႏွင့္ သာသနာ၀င္မ်ား ျပည္သူလူထုစေသာ ထု(၃)ထု ပူးေပါင္းေဆာင္ရြက္ျပီး ယခင္ပိဋကတ္ေတာ္မ်ားကုိ ေက်ာက္ျပားေပၚမွာ ဖတ္ေနရာမွ အလြယ္တကူဖတ္မွတ္ ေလ့လာႏုိင္ရန္ ပိဋကတ္ေတာ္မ်ားကုိ စာအုပ္မ်ားေပၚတြင္ ကူးေျပာင္းရုိက္ႏွိပ္ျပီး ဆ႒မအၾကိမ္ သဂၤါယနာတင္ျပီး သာသနာေတာ္ကုိ ေစာင့္ေရွာက္ခဲ့ၾကသည္။
ယခုအခ်ိန္တြင္ ဗုဒၶသာသနာေတာ္ ပိဋကတ္(၃)ပုံစလုံးသည္ စာအုပ္မ်ားေပၚတြင္ ေရာက္ရွိလာျပီျဖစ္သျဖင့္ မည္သည့္ပုဂၢဳိလ္မဆုိ ေနရာမေရြး အခ်ိန္မေရြး အလြယ္တကူဖတ္မွတ္ ေလ့လာႏုိင္လာျပီး သာသနာေတာ္ သန္ ့ရွင္းတည္တံ့ ျပန္ ့ပြားေရးအတြက္လည္း အထူးအေရးပါလွေပသည္။
ဆဌမသဂၤါယနာတင္ပြဲႀကီးတြင္ ေက်းဇူးေတာ္ရွင္ မဟာစည္ဆရာေတာ္ ဘုရားႀကီးႏွင့္ မင္းကြန္းတိပိဋကဓရ ဆရာေတာ္ဘုရားႀကီးတို႔ ေမးျမန္းေျဖၾကားေတာ္မူေသာ ဆဌမသဂၤါယနာတင္ အေမးအေျဖမ်ားကို အထူးစုစည္းကာတင္ဆက္ထားပါသည္။ ဆဌမသဂၤါယနာတင္ တရားေတာ္မ်ားကို ရုိေသစြာတရားနာယူျခင္းျဖင့္ ၾကည္ညိဳသဒၵါပြားႏုိင္ၾကပါေစ…….။
#ပိုးတန္းေမာင္ေမာင္
(Unicode)

“သင်္ဂါယနာတင်ရခြင်း”
————————
ပထမသင်္ဂါယနာတင်ရခြင်း
ဂေါတမမြတ်စွာဘုရားပရိနိဗ္ဗာန် စံတော်မူသည့်နောက် လေးလမြောက်၌ ရာဇဂြိုဟ်ပြည်အဇာတသတ်မင်းကိုအမှီပြု၍ ရှင်မဟာကဿပ အမှူးရှိသော ရဟန္တာ ငါးရာတို့ ပထမသင်္ဂါယနာ တင်တော်မူသည် ။
အကြောင်းထူးကား –
သဗ္ဗညုတဘုရားလောင်းပရိနိဗ္ဗာန်လားတော်မူ၍ ခုနှစ်ရက်လည်သော်အခါ တစ်ထောင်ငါးရာသောရဟန်းသံဃာနှင့်တကွ ပါ၀ါပြည်မှ ကုသိနာရုံသို့ အရှင်မဟာကဿပ ကြွလာလေသော် ခရီးအကြားနိဗ္ဗာန်လားတော်မူကြောင်းကို ကြား၍ သံဃာအပေါင်းငိုကြွေးကြသည်တွင် ကြီးမှရဟန်းပြုသော သုဘဒ် ရဟန်းက “ မငိုကြွေးကြလင့်၊ အဘယ် စိုးရိမ်ဖွယ်ရှိသနည်း။
ဂေါတမ မရှိက ငါတို့ ကျင့်လိုရာကိုကျင့်၊ကြိုက်သမျှကျင့်ရတော့မည်တကား” ဆိုသောစကားကို မဟာကဿပမထေရ်ကြားတော်မူလျှင် ဤကဲ့သို့သော ၀ိဘာဂ = သဘောမတူခြင်း ဖြင့်သာသနာတော်မြတ်ကွယ်ပရာသော အကြောင်း ရှိချေသည်ဟုဓမ္မ သံဝေဂ ဖြစ်တော်မူသည်။ ပထမသင်္ဂါယနာ၌ အရှင်မဟာကဿပ ၊ အရှင်ဥပါလိ၊ အရှင်အာနန္ဒာ၊ အရှင်အနုရုဒ္ဓါ အစရှိသော ရဟန်းတာကြီးငါးရာတို့ သင်္ဂါယနာတင်တော်၍ လက်ဦးရှေးမွန်သာသနာပြုတော်မူသည်။ သုဘဒ်ရဟန်းကြီးအကြောင်းကား – အာတုမာမြို့သား ဆတ္တာသည်မျိုးနွယ်ဖြစ်ပေသည်။ ဘုရားရှင် အာတုမာမြို့သို့
ဒေသစာရီ ကြွချီတော်မူသောအခါက မိမိသားသာမဏေနှစ်ပါးကို ဆတ္တာမှုပြု၍ ရသော ဆီ၊ဆား၊ဆန်စသော လှူဖွယ် ၀တ္ထုဖြင့် ယာဂုချက်ပြီးလျှင် သံဃာနှင့်တကွ ဘုရားရှင်အား လှူသည်ကို ဘုရားရှင်မှ အလှူမခံတော်မူ။ အကြောင်းကိုမေး၍ ကဲ့ရဲ့ပြစ်တင်တော်မူသည်။ အကအကပ္ပိယအရာ၌လူသာမဏေတို့ကိုဆောက်တည်စေသော်အရာ၌ လူသာမဏေတို့ကိုဆောက်တည်စေသော် ဒုက္ကဋ် အာပတ်သင့်စေ၊ ဆတ္တာသည်ဖြစ်ဖူးသော
ရဟန်းသည် သင်တုန်းစသော ဆတ္တာသည်အဆောက်အဦကို ဆောင်ရွက်သော ဒုက္ကဋ်အာပတ်ဟု သိက္ခာပုဒ် နှစ်ချက်ပညတ်တော်မူသည်ကို အငြိုးထား၍ သာသနာတော်မြတ်ကိုဖျက်ဆီးလိုသောကြောင့် မဆိုကောင်းသော စကားကိုဆိုလေသည်။
ပရိနိဗ္ဗာန်လားတော်မူသည့်နောက် သုံးလမြောက်သောအခါ ၀ါခေါင်လပြည့်ကျော် ၅ ရက်နေ့ ရာဇဂြိုဟ်ပြည် စရည်းပင် ရောက်သောလှိုဏ်၌ အဇာတသတ်မင်းကို အမှီပြု၍ သံဃာတော်ငါးရာကျော်နှင့်တကွ ခုနှစ်လပတ်လုံး ပထမသင်္ဂါယနာတင်တော်မူလေသည်။ ဤနေရာ၌ သင်္ဂါယနာတင်ကုန်သော အရှင်မဟာကဿပ၊ အရှင်ဥပါလိ၊အရှင်အာနန္ဒာ၊အရှင်အနုရုဒ္ဓါ အစရှိသော ရဟန္တာကြီးငါးရားတို့က အဆင့်ဆင့်ပွားများ၍ ဆရာဆက်တပည့်ဆက်ကား အမြောက်အများပင်ရှိလေသည်။

ဒုတိယသင်္ဂါယနာတင်ရခြင်း
အနှစ်တစ်ရာတိုင်အောင်ရောက်သည့်ကာလ ဝေသာလီပြည် ကာလာသောကမင်းကို အမှီပြု၍ ဒုတိယသင်္ဂါယနာတင်တော်မူလေသည်။ အကြောင်းထူးကား – ပထမသင်္ဂါယနာတင်ပြီးနောက် ပရိနိဗ္ဗာန်လားတော်မူသည်က နှစ်တစ်ရာတိုင်ရောက်အောင် ပထမသင်္ဂါယနာတင်တိုင်ငြိမ်ဝပ်စွာ ဆရာစဉ်ဆက် မပျက်မစီး ကျင့်ဆောင်တော်မူကုန်သည်။ထိုမှနောက် ဝေသာလီပြည် ၀ဇ္ဇီတိုင်းသားရဟန်းတို့သည်ဝိနည်းတရားနှင့် မညီသော အဓမ္မဝတ္ထု ဆယ်ပါးကို ပြသ ကျင့်ဆောင်ကုန်၍ သာသနာ၌ ဘေးရန်ကြီးစွာဖြစ်ရလေ၏။ အဓမ္မဝတ္ထု ဆယ်ပါးဟုသည်ကား – ၁။ သားချိုဖြင့် ဆားကိုဆောင်၍ ဆားမရှိသော ဆွမ်းနှင့်စားလျှင် သန္နိဓိ မဖြစ် ဟု ယူသည်လည်းတစ်ပါး ၊ ၂။ မွန်းလွဲ၍ အရိပ်လက် ၂ သစ် ထွက်အောင် ပင်စားသောလည်း ၀ိကာလဘောဇနာ မဖြစ် ဟု ယူသည်လည်းတစ်ပါး၊ ၃။ တစ်ရပ်တစ်ရွာသို့ သွားလို၍ ပဝါရိတ်သင့်လျက် အတိရိတ် မပြုပဲ စားကောင်းသည်လည်းတစ်ပါး၊၄။ တစ်သိမ်တည်းတွင် တစ်ကျောင်းတခြားစီ သံဃာကံဆောင်သော် ၀ဂ်မဖြစ် ဟု ယူသည်လည်းတစ်ပါး၊ ၅။ ဆရာ ဥပဇ္စျာယ် ကိုအလေ့အကျင့်ဖြစ်က အပ်တော့သည်သာ ဟု ယူသည်လည်းတစ်ပါး။ ၆။ မလာသေးပဲ လာမှ ဆန္ဒယူအံ့ ဟုရှေးဦးက သံဃာကံဆောင်သော် ၀ဂ်မဖြစ် ဟု ယူသည်လည်းတစ်ပါး၊ ရ။ နို့မဖြစ်ကိုလည်း မစွန့်သေး၊ နို့ဓမ်း အဖြစ်သို့လည်းမရောက်သေးသော နို့ရည်ကို ပဝါရိတ်သင့်လျက် အတိရိတ် မပြုပဲ စားကောင်း၏ ဟု ယူသည်လည်းတစ်ပါး၊၈။ သေရည်အဖြစ်သို့ စဉ်စစ်မရောက်သေးသော သေနုကို သောက်အပ်၏ ဟု ယူသည်လည်းတစ်ပါး၊ ၉။ အစာမရှိသော နိသီဒိုင်ကို သုံဆောင်ကောင်း၏ ဟု ယူသည်လည်းတစ်ပါး၊ ၁၀။ ရွှေ ၊ ငွေ ကိုခံကောင်း၏ ဟု ယူသည်လည်းတစ်ပါး ။ ထိုအကြောင်းကို အရှင်မဟာယသထေရ် ကြားသိ၍ အရှင်ရေဝတ၊ အရှင်သဗ္ဗကာမီ အစရှိသော ရဟန္တာကြီး ခုနှစ်ရာတို့ကို ဆော်နှိုးစည်းဝေးပြီးလျှင် သင်္ဂါယနာတင်အံ့ဟု ဝေသာလီပြည် ၀ါလိကာရုံကျောင်းသို့ကြွတော်မူလေသည်။ထိုကျောင်း၌ပင် အရှင်မဟာသယ စသောရဟန္တာကြီးခုနှစ်ရာတို့လည်း ကာလာသောကမင်းကို အမှီပြု၍ ၀ဇ္ဇီတိုင်းသား ရဟန်းများတို့ပြဆောင်သော အဓမ္မဝတ္ထုဆယ်ပါးကို ပယ်ဖျောက်လျက် ရှစ်လပတ်လုံး ဒုတိယသင်္ဂါယနာတင်တော်မူလေသည်။ ဤနေရာ၌ အထူးသတိပြုသင့်သည်မှာ အရှင်မဟာယသ သည် အရှင်အာနန္ဒာနှင့် အတူနေတပည့်ရင်းပေတည်း။

တတိယသင်္ဂါယနာတင်ခြင်း
ဘုရားပရိနိဗ္ဗာန်စံတော်မူသည်နောက်နှစ်ပေါင်း ၂၃၅ နှစ်ရောက်သောအခါ ပါဋလိပုတ်ပြည် သီရိဓမ္မာသောကမင်းကို အမှီပြု၍ ရှင်မောဂ္ဂလိပုတ္တတိဿမထေရ်အမှူးရှိသော ရဟန္တာတစ်ထောင်တို့သည် တတိယသင်္ဂါယနာတင်တော်မူကြကုန်လေသည်။အကြောင်းထူးကား – နောင်သောအခါကား ပါဋလိပုတ်ပြည် သီရိဓမ္မာသောကမင်း လက်ထက် အရှင်နိဂြောဓသာမဏေ ကို အရင်းစွဲ၍ သာသနာတော်၌ကြည်ညိုသဖြင့် ရဟန်းသံဃာတို့အား လာဘသက္ကာရများပြားသည်တွင် တိတ္ထိခြောက်သောင်းတို့ သည်လာဘသက္ကာရကိုငဲ့သဖြင့် ရဟန်းဘောင်ဝင်၍ ဥပုသ်၊ပဝါရဏာ၊ကံကြီး၊ကံငယ၌ ၀င်လေသည်။ထိုသို့မစဉ်ကြယ်သောကြောင့် ရဟန်းသံဃာတို့သည် ဥပုသ်မပြုကြကုန်။ သာသနာတော်၌အညစ်အကြေး ဆူးငြောင့်ဘေးရန်များသောကြောင့် ခုနှစ်နှစ်တိုင်အောင် ဥပုသ် ပြတ်ကြလေသည်။ ထိုအကြောင်းကို သိရီဓမ္မာသောကမင်းကြားသိ၍ အဓိကရုဏ်းကို ငြိမ်းစေ ၊ ဥပုသ်ပြုစေ ခြင်းငှာ မင်းခြင်းအမတ်တစ်ယောက်ကို စေလိုက်သော် သတ်စေဟုဆိုသည့်အထင်နှင့်ဥပုသ်မပြုသော ဓမ္မဝါဒီရဟန်းများကိုသတ်မိလေသည်။၎င်းအကြောင်းကိုသီရိဓမ္မာသောကမင်းသိလျှင် ငါမသတ်စေပဲ အမတ်သတ်၍ သေလေသဖြင့် ငါ့အား မကောင်းမှု မှလွတ်လော၊မလွတ်လောယုံမှားရှိလေသဖြင့် ဂင်္ဂါအညာမှ အရှင်မောဂ္ဂလိပုတ္တတိဿမထေရ် အားမေးလျှောက်လေသည်တွင် လွတ်ကြောင်းကို ဖြေတော်မူပြီး ဒီပကတိတ္ထိရဇာတ်ဖြင့် ဟောပြောတရားပြကာ တိတ္ထိတို့အယူနှင့် ဓမ္မဝါဒီ အယူဝါဒနှစ်မျိုးလုံးကို ခိုင်းနှိုင်းလျက် သိရီဓမ္မာသောကမင်းအားရှင်းပြသည်တွင် မင်းကြီးနားလည်၍ ခြောက်သောင်းမျှသော တိတ္ထိတို့ကို နှင်ထုတ်စေပြီးမှ ရဟန်းတော်ခြောက်သိန်းနှင့်တကွ ဥပုသ်တော်ပြုကြသည်။မြတ်ဘုရားဗျာဒိတ်တော်နှင့်အညီ ကထာဝတ္ထုကိုလည်းဆက်လက်၍ဟောကြားတော်မူလေသည်။ ထိုနောက်မှ ပါဋလိပုတ်ပြည် သီရိဓမ္မာသောကမင်းအားအမှီပြု၍ အသောကရုံကျောင်းတော်၌ ရဟန္တာကြီးတစ်ထောင် စည်းဝေး၍ ကိုးလပတ်လုံး သင်္ဂါယနာတင်တော်မူလေသည်။ ဤနေရာ၌ သီရိဓမ္မာသောကမင်း နန်းစံသက် တစ်ဆယ့်ရှစ်နှစ် ၊ ကျွနှ်ပ်တို့မြန်မာတိုင်း သရေခေတ္တရာ ရသေ့ပြည်တွင်း၌ ရန်ပေါင်မင်း နန်းစံသက် ၂၁ နှစ်ပေတည်း။တတိယသင်္ဂါယနာတင်တော်မူပြီးနောက် နောင်အခါဘယ်အရပ်၌ သာသနာတော်မြတ်ကောင်းစွာ တည်တံ့နိုင်မည်ကို အရှင်မောဂ္ဂလိပုတ္တတဿမထေရ် ဆင်ခြင်တော်မူလေသော် ပစ္စန္တရာဇ်တိုင်းတို့၌ ကောင်းစွာတည်နိုင်တော်မူသည်ကို မြင်တော်မူ၍ ကိုးတိုင်းကိုးဌာနသို့ရဟန်းတော် အသီးသီးအား သာသနာပြုစေတော်မူလေသည်။

စတုတ္ထသင်္ဂါယနာတင်ရခြင်း
ဤဆိုခဲ့ပြီးသော ဆရာ၊တပည့်စဉ်ဆက်ရှိလေသော် ထိုဆရာစဉ်တပည့်တို့ လက်ထက်တော်၌ ပိဋကတ်တော်များကို နှုတ်ကပတ်တော်၌သာထားတော်မူလေသည်။အပြည့်အစုံရေးသားမထားကြပေ။ အကြောင်းထူးကားနှုတ်တွင်သာထားတော်မူကြလေသဖြင့် အလွန်ငြိုငြင်ခက်ခဲသောအမှုကိုပြုလာခဲ့ကြရာ သီဟိုဠ်ကျွန်း၌ ပြည်ရွာကို လုယက်သော စဏ္ဍာလတိဿ မည်သော ဒွန်းစဏ္ဍား သူဖုန်းစား ဘေးဖြစ်သောအခါ မိုးကောင်းစွာမရွာ ၊ မလုပ်ဆောင်ရ၍ ငတ်မွတ်ကြလေသော် သိကြားမင်း လာပြီး အရှင်ဘုရားတို့ ပိဋကတ်တော်ကိုမဆောင်နိုင်ကြကုန်သော် ဖောင်စီး၍ ဖောင်မဆံ့လျှင် သစ်တုံး၊၀ါးလုံးတို့ကိုဖတ်ပြီးဟိုဘက်ကမ်းကို ကူးပါကုန်ကျွနှ်ပ်စောင့်ရှောက်ပါအံ့ ဟုပြောသဖြင့် ( ဇမ္ဗူဒိတ် သို့သွားခိုင်းခြင်းဖြစ်လေသည်။) သမုဒ္ဒရာနားသို့ရောက်မှ မကူးလို၍ ဤတွင်သာ ပိဋကတ်တော်ကို စောင့်ရှောက်ကြကုန်ဟု ကတိကဝတ်ပြုလျက် သီဟိုဠ်ကျွန်း အစိတ်မလယ ဇနပုဒ် သို့သွားကြလေသည်။ သစ်ဖု ၊ သစ်ဥ ၊သစ်ရွက် စသည်တို့ကိုသာမျှတစေလျက်ပိဋကတ်စာပေ များကို သရဇ္စျာယ်ကြလေသည်။ဆာလောင်ခြင်းပြင်းပြ၍ မသရဇ္စျာယ်နိုင်သောအခါ သဲကို၀မ်းအောက်တွင်စုပုံ ကာထားပြီးတစ်ခုတည်းသောအရပ်၌ ဦးခေါင်းချင်းဆိုင်ကုန်လျက် ပိဋကတ်စာပေတို့ကို စိတ်ဖြင့်ဆင်ချင်ကြကုန်လေသည်။ ဤသို့တိုင်တစ်ဆယ့်နှစ်နှစ်တိုင်အောင် အဠကထာနှင်တကွ ပိဋကတ်သုံးပုံကို အကွယ်ရလေအောင် ဆောင်ရွက်တော်မူလာကြလေသည်။ ဒွန်းစဏ္ဍားသူဖုန်းစားဘေး ကုန်လွန်လေသော် သီဟိုဠ်ကျွန်း ၊ အစိတ်ကလ္လာရာမဇနပုဒ် ၊ မဏ္ဍလာရာမ ကျောင်းသို့ရောက်ကုန်လေ၏။ ကျန်ရှိသောရဟန်းတော်များမှာ ခြောက်ကျိတ်မျှသာဖြစ်ကြောင်းတည်း။ထိုခေတ်မဟာဝင်ကျမ်း၌လာသည်မှာ သာသနာတော်နှစ် ၄၅၀ ရောက် သီဟိုဠ်မင်းဆက် ၁၈ ဆက် သဒ္ဓါတိဿမင်းသား ၀ဋ္ဋဂါမင်းနန်းစံသက်ခြောက်နှစ်မြောက် တွင်နောင်သောအခါ မုခပဌ်တော်ဖြင့်မဆောင် ရွက်နိုင်တော်မူသည်ကို မြင်တော်မူ၍ ယခင်ဆရာစဉ်ဆက်မှလာသောရဟန္တာကြီးငါးရာတို့သည် ထိုမင်းလက်ထက်အစောင့်အရှောက်ပြုသည်ဖြစ်၍ သီဟိုဠ်ကျွန်း ၊ အစိတ်မလယဇနပုဒ် ၊အာလောက မည်သော လိုဏ်၌ အဋ္ဌကထာနှင့်တကွ ပိဋကတ်သုံးပုံကိုပေထက်ရေးသားတင်ထားလေသည်။

ပဥ္စမသင်္ဂါယနာ
သာသနာနှစ်-၂၄၁၅(အေဘီ-၁၈၇၁)သို့ရောက်သော်၊ မြန်မာနိုင်ငံ မန ္တလေးမြို့တွင် ဒက္ခိဏာရာမ ဘုရားကြီးတိုက်ဆရာတော် ဘဒ္ဒန ္တဇာဂရာဘိ၀ံသ (တိပိဋကဓရ မဟာဓမ္မရာဇာဓိရာဇဂုရု-ဘွဲ့တံဆိပ်တော်ရ)အမှှ ူးရှိသောသံဃာတော် ၂၄၀၀-တို့သည် မင်းတုန်းမင်းတရားကြီး၏ ပံပိုးကူညီမူဖြင့် မူအမျိုးမျိုးကွဲပြားနေသည့် ပိဋကတ်တော်များကို သုတ်သင်တည်းဖြတ်၍ ၅-လတိုင်တိုင် သင်္ဂါယနာတင်ပွဲကြီးကို (ပဥ္စမအကြိမ်) ကျင်းပပြုလုပ်ပြီးနောက် မင်းတုန်းမင်းကြီးသည် ထိုမူသန့် ပိဋကတ်တော်များကို အရျည်တည်တံ့နိုင်စေရန် စကျင်ကျောက်ဖြူ (၇၂၉) ချပ်ပေါ်တွင် အက္ခရာရေးထွင်း(ကျောက်ထက် အက္ခရာတွင်)စေခဲ့ရာ၊ ရ-နှစ်ခွဲမျှကြာမှ ပြီးစီးသွားခဲ့ပေ၏။

ဆဋ္ဌသင်္ဂါယနာ
သာသနာနှစ် ၂၄၉၈(အေဒီ-၁၉၅၄)ခုသို့ရောက်သော်၊ မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ၀န်ကြီးချုပ် ဦးနု အမှ ူးပြုသော နိုင်ငံတော်အစိုးရသည် မြန်မာ” သီဟိုဠ်(သီရိလင်္ကာ)” ထိုင်း(ယိုးဒယား) ” လာအို(လော)” ကမ္ဘောဒီးယား” ဟူသော ထေရဝါဒ ငါးနိုင်ငံတို့မှာ သံဃာတော် ၂၅၀၀ တို့ကို ပင့်ဖိက်၍၊ သင်္ဂါယနာတင်ပွဲကြီး (ဆဋ္ဌအကြိမ်) ကျင်းပပြုလုပ်စေ၍၊ ပါဠိတော်များကိုသာမက ” အဋ္ဌကထာကျမ်းများ” ဋီကာကျမ်းများကိုပါ မူအမျိုးမျိုးညှိနှိုင်းတည်းဖြတ်စေပြီး၊ ဗုဒ္ဓသာသနာတော် ကမ ္ဘာအနှံ့ပြန့်ပွားထွန်းလင်းစေရန် စက်တင်ပုံနှိပ်ဖြန့်ချီခဲ့ပေသည်၊ ဤသင်္ဂါယနာတင်ပွဲကြီး၌ (ယခင်သင်္ဂါယနာတင်ပွဲကြီးများ၏ စံချိန်အတိုင်း)မြန်မာနိုင်ငံမှ
ဘဒ္ဒန ္တရေဝတမထေရ်(အဘိဓဇ မဟာရဋ္ဌဂုရု- ဘွဲ့တံဆိပ်တော်ရ ) ကသဘာပတိအဖြစ်၎င်း၊
မဟာစည်ဆရာတော် ဘဒ္ဒန ္တသောဘနမထေရ်(အဂ္ဂမဟာပဏ္ဍိတ-ဘွဲ့တံဆိပ်တော်ရ)က ပုစ္ဆက=မေးသူအဖြစ်၎င်း၊ မင်းကွန်းဆရာတော် ဘဒ္ဒန ္တ ၀ိစိတ္တသာရာဘိ၀ံသ မထေရ်(ပထမဆုံး- ” တိပိဋကဓရ ဓမ္မဘဏ္ဍာ ဂါရိက-ဘွဲ့ရ) က ၀ိသဇ္ဖက=ဖြေဆိုသူ အဖြစ်၎င်း၊ သင်္ဂါယနာတင်ပွဲကြီးကို ဦးစီးကျင်းပကြလေရာ၊ သာသနာတော်နှစ် ၂၅၀၀ ပြည့်တွင်အောင်မြင်စွာ ပြီးစီးသွားခဲ့ပေသည်။
ဗုဒ္ဓသာသနာထွန်းကားဆုံးဖြစ်သော မြန်မာနိုင်ငံသည် သူ ့ကျွန်ဘဝ နှစ်(၁၀၀)ခန် ့ကြာမြင့်ခဲ့ပြီး သာသနာတော် လွန်စွာညှိုးနွမ်းလာခဲ့သည်။ ကျွန်ဘဝမှ လွတ်မြောက်လာသည်နှင့် သာသနာနှစ်(၂၄၉၈)နှစ်တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို ့ ကမ ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူတွင် ဆဋ္ဌမအကြိမ် သင်္ဂါယနာတင်ပြီး သာသနာတော်ကို စောင့်ရှောက်ခဲ့ရသည်။
ညောင်ရမ်းဆရာတော် ၊ မဟာစည်ဆရာတော်နှင့် မင်းကွန်းဆရာတော်များ ဦးဆောင်သော ရဟန်း(၂၅၀၀)တွင် ထေရဝါဒနိုင်ငံများ ဖြစ်သော မြန်မာ၊ထိုင်း၊ လာအို၊ ကမေ ္ဘာဒီးယား ၊ သီရိလင်္ကာ နိုင်ငံ(၅)နိုင်ငံမှ ရဟန်းများပါ၀င်သော သံဃာထု၊ ဖဆပလ ဦးနုအစိုးရ ဦးဆောင်သော မင်းထုနှင့် သာသနာဝင်များ ပြည်သူလူထုစသော ထု(၃)ထု ပူးပေါင်းဆောင်ရွက်ပြီး ယခင်ပိဋကတ်တော်များကို ကျောက်ပြားပေါ်မှာ ဖတ်နေရာမှ အလွယ်တကူဖတ်မှတ် လေ့လာနိုင်ရန် ပိဋကတ်တော်များကို စာအုပ်များပေါ်တွင် ကူးပြောင်းရိုက်နှိပ်ပြီး ဆဋ္ဌမအကြိမ် သင်္ဂါယနာတင်ပြီး သာသနာတော်ကို စောင့်ရှောက်ခဲ့ကြသည်။
ယခုအချိန်တွင် ဗုဒ္ဓသာသနာတော် ပိဋကတ်(၃)ပုံစလုံးသည် စာအုပ်များပေါ်တွင် ရောက်ရှိလာပြီဖြစ်သဖြင့် မည်သည့်ပုဂ္ဂိုလ်မဆို နေရာမရွေး အချိန်မရွေး အလွယ်တကူဖတ်မှတ် လေ့လာနိုင်လာပြီး သာသနာတော် သန် ့ရှင်းတည်တံ့ ပြန် ့ပွားရေးအတွက်လည်း အထူးအရေးပါလှပေသည်။
ဆဌမသင်္ဂါယနာတင်ပွဲကြီးတွင် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော် ဘုရားကြီးနှင့် မင်းကွန်းတိပိဋကဓရ ဆရာတော်ဘုရားကြီးတို့ မေးမြန်းဖြေကြားတော်မူသော ဆဌမသင်္ဂါယနာတင် အမေးအဖြေများကို အထူးစုစည်းကာတင်ဆက်ထားပါသည်။ ဆဌမသင်္ဂါယနာတင် တရားတော်များကို ရိုသေစွာတရားနာယူခြင်းဖြင့် ကြည်ညိုသဒ္ဒါပွားနိုင်ကြပါစေ…….။

#ပိုးတန်းမောင်မောင်

LEAVE A REPLY

Please enter your comment!
Please enter your name here