ဖခင္ေမတၱာ
=========
ဖခင္ျဖစ္တဲ့ အမ်ိဳးသားအမ်ားစုဟာ လုပ္ငန္းခြင္မွာဆို သားသမီးေတြအတြက္ ေဒါသေတြ၊ မာနေတြကို မၾကာခဏ မ်ိဳခ်တတ္ရပါတယ္။ အမ်ိဳးသားေတြပီပီ သူတို႔ႀကိဳက္တတ္တဲ့ အႀကိဳက္ေတြကို ေလွ်ာ့ခ်ရပါတယ္။
စကားမစပ္ ေျပာရရင္ ႏွစ္ေပါင္းမ်ားစြာစြဲေသာက္လာတဲ့ ေဆးလိပ္ကို ေရာဂါေၾကာင့္
မဟုတ္ဘဲ ဒီအတိုင္း တိခနဲျဖတ္ဖို႔ဆိုတာဟာ အရမ္းခက္တယ္ဆိုတာ
ေတာ္ေတာ္မ်ားမ်ားသိမွာပါ။
ဒါေပမဲ့ ကြၽန္ေတာ္ အေဝးမွာ အလုပ္လုပ္တုန္းက အဲ့ဒီႏိုင္ငံသားသူငယ္ခ်င္းဟာ သူ႔ရဲ႕ ၄ေယာက္ေျမာက္သမီးေလးကိုသူ႔ဇနီးကေမြးလိုက္တဲ့အခ်ိန္မွာတိခနဲ ျဖတ္လိုက္တာ
ျမင္ဖူးတယ္။
သူက စက္႐ံုမွာဆိုကင္တင္းဆင္းၿပီးကြၽန္ေတာ္နဲ႔အတူတူ ေဆးလိပ္ထြက္ေသာက္ေနက်၊ ကြ်န္ေတာ့္နဲ႔႒ာနတူမို႔ အရင္က တစ္ေန႔ကို တစ္ဘူးနီးပါးေသာက္တတ္တဲ့သူ႔ကို ဘာျဖစ္လို႔လဲလို႔ တအ့ံတၾသေမးမိေတာ့…
ေဆးလိပ္တစ္ဘူး ၁၀။ တစ္လ သံုးရာ။ ငါအကုန္ မခံႏိုင္ေတာ့ဘူး။ လစာက မတိုးေပမယ့္ သမီးေလးတစ္ေယာက္ ငါ့ေလာကထဲကို ထပ္ေရာက္လာၿပီ။ သူ႔အတြက္စားရိတ္ကိုငါ့စီးကရက္မေသာက္ေတာ့ဘဲစုထားရေတာ့မယ္လို႔ ျပန္ေျပာခဲ့ဖူးပါတယ္။ ေနာက္ ေဆးလိပ္ေသာက္တဲ့ကြၽန္ေတာ္တို႔နားမွာေနရင္ ေဆးလိပ္ျပန္ေသာက္ခ်င္မွာစိုးလို႔ဆိုၿပီး ထမင္းစားခ်ိန္ေတြမွာဆို စားၿပီးရင္ ကြၽန္ေတာ္တို႔နဲ႔ေဝးရာ ခံုေလးတစ္ခံုမွာ တစ္က်ပ္တန္ပီေကေလးကိုၿမံဳ႕ရင္းသူတစ္ေယာက္တည္းႀကိဳးစားေနပါတယ္။
ေနာက္က်ေတာ့လည္းသားသမီးကိုခ်စ္စိတ္က ေဆးလိပ္ေသာက္ခ်င္စိတ္ကို ေအာင္ႏိုင္သြားေစခဲ့ပါတယ္။ ဒါေပမဲ့ကြၽန္ေတာ္မေနႏိုင္မထိုင္ႏိုင္ေတြးမိေသးပါတယ္။ ေဆးလိပ္ျဖတ္စက သူဘယ္ေလာက္ေတာင္စိတ္ဆင္းရဲခဲ့ရမလဲလို႔ပါပဲ။
ေနာက္တစ္ေယာက္က်ေတာ့လည္း အသက္ ေလးဆယ့္ငါးေက်ာ္ငါးဆယ္နားနီးေနတဲ့ ဦးေလးတစ္ေယာက္ပါ။ သူက ဧရာဝတီတိုင္းက။ ဒါေပမဲ့ ပတ္စ္ပို႔စာအုပ္ထဲမွာ အသက္လိမ္ၿပီး အလုပ္လာလုပ္တာပါ။
စကားလည္း သိပ္မေျပာတတ္ေတာ့ သူ႔႒ာနမွာ ႏိုင္ငံျခားသားေတြၾကား ခဏခဏ ေလွာင္ခံရပါတယ္။ ဒါေပမဲ့ သူသိပ္သည္းခံတယ္။ ထမင္းစားရင္လည္း စက္ရံုကေပးတဲ့ ထမင္းဖိုးနဲ႔ ကင္တင္းန္မွာေရာင္းတဲ့ ထမင္းကို ဘယ္ေတာ့မွ ဝယ္မစားပါဘူး။ သက္သာေအာင္ဆိုၿပီး တစ္က်ပ္ဖိုး ေလးလံုးေလာက္ရတဲ့ ၾကက္ဥကို တစ္ေန႔တစ္လံုးျပဳတ္။ ေနာက္ အဲ့ဒီ ၾကက္ဥျပဳတ္ေလးတစ္လံုးကို ထမင္းဆီဆမ္းေလးနဲ႔ ေကာ္ထမင္းဘူးေလးထဲ သူ႔အေဆာင္ကေနထည့္လာၿပီး ၃ႏွစ္လံုးလံုး ကြၽန္ေတာ္နဲ႔ႀကံဳတိုင္း ကြၽန္ေတာ့္ေရွ႕မွာ အဲ့ဒီလို စားသြားသူပါ။ ကြၽန္ေတာ္က ႀကံဳတိုင္းမေနႏိုင္လို႔ သူ႔ကို ကြ်န္ေတာ့္ပန္းကန္ထဲကဟင္းေတြ
ထည့္ေပးရင္ေတာင္မွ သူကမထည့္ေပးပါနဲ႔ဗ်ာ။ တစ္ခါစားရရင္ ေနာက္ စားခ်င္လာလိမ့္မယ္။ အဲ့ဒီအခါ ကြၽန္ေတာ္ပိုက္ဆံ အပိုကုန္လိမ့္မယ္။ ကြၽန္ေတာ့္သမီးေလးက ဆယ္တန္းေအာင္ထားၿပီဗ်။ အမွတ္လည္းနည္းနည္းေကာင္းတယ္။ ကြၽန္ေတာ္တစ္ေယာက္လံုးရွိရဲ႕နဲ႔ သမီးေလးကို သူမ်ားအေထာက္အပံ့နဲ႔ မ်က္ႏွာငယ္ခံၿပီး ေက်ာင္းမတက္ေစခ်င္ဘူး။ သူ႔ေက်ာင္းစားရိတ္အတြက္ ကြၽန္ေတာ္ႀကိဳးစားစုမွ ျဖစ္မွာ။ အသက္ကလည္း နည္းနည္းေထာက္လာၿပီဆိုေတာ့ ဒီမွာလည္း ၾကာၾကာ မလုပ္ႏိုင္ဘူးေလ။ သံုးႏွစ္တည္း ကြၽန္ေတာ္ ဒီလိုစားမွာပါ။ ၾကက္ဥျပဳတ္၊ ၾကက္ဥေၾကာ္၊ ကန္စြန္းရြက္ေၾကာ္၊ ပဲပင္ေပါက္ေၾကာ္ေပါ့။ ဒါေပမဲ့ ျမန္မာျပည္ျပန္ေရာက္ရင္ေတာ့မိန္းမခ်က္ေကြၽးတာကို ေကာင္းေကာင္းစားပါ့မယ္ဗ်ာ လို႔ ဟာသေလးနဲ႔ ေျပာသြားတာ ႀကံဳခဲ့ဖူးပါေသးတယ္။
တကယ္ပါပဲ။
ေျပာရမယ္ဆို ဖခင္ေတာ္ေတာ္မ်ားမ်ားဟာ သူတို႔အျပင္မွာ နစ္နာခဲ့။ ဆံုးရံႈးခဲ့။ ေစာ္ကားခံခဲ့။ စြန္႔လႊတ္ခဲ့ရတာေတြကို သားသမီးေတြမသိေအာင္ သိုဝွက္ခံစားတတ္ၾကတဲ့ ထူးဆန္းတဲ့ လူမ်ိဳးေတြပါပဲ။ ေပးဆပ္ၾကတာေတြကိုလည္း သိပ္ထုတ္မေျပာခ်င္တတ္ၾကပါဘူး။
လူျမင္ေအာင္ သနားစဖြယ္ မ်က္ရည္မက်ေပမယ့္။ လူသိရွင္ၾကား ေဝဒနာေတြကို ေၾကျငာခြင့္မရၾကေပမယ့္၊ စြဲလမ္းမႈေတြကိုတိတ္တဆိတ္ႀကိတ္ၿပီး စြန္႔လႊတ္လိုက္ရလို႔ ရူးသြပ္ခ်င္ေလာက္တဲ့ ခါးသီးစရာ အေတြ႔အႀကံဳေတြ၊ နာက်င္ဖြယ္ခံစားခ်က္ေတြ…
စတာေတြနဲ႔ တရိရိ အထပ္ထပ္မႊန္းခံရလို႔ သူတို႔ရဲ႕ႏွလံုးသားတစ္ခုလံုး ရစရာေတာင္ ရွိရဲ႕လားလို႔ေတာင္ တစ္ခါတစ္ခါ ဖခင္တစ္ေယာက္ မျဖစ္ေသးတဲ့ ကြၽန္ေတာ္ ေတြးၾကည့္မိပါတယ္။ ဒါေပမဲ့ သူတို႔သားသမီးေတြ အဆင္ေျပ ေအာင္ျမင္ေပ်ာ္ရႊင္ၿပီး ဝဝလင္လင္စားရ၊ လွလွပပ ဝတ္ရတဲ့အခါျဖစ္လာတဲ့ ပီတိစိတ္က ေစာေစာကဒဏ္ရာေတြကို ျပန္ကုစားသြားသလားရယ္လို႔ အျခားတစ္ဖက္က စဥ္းစားမိရပါေသးတယ္။
က်န္းမာေရးနဲ႔ မညီညြတ္တဲ့ လုပ္ငန္းခြင္မွာ သားသမီးေတြ စားဝတ္ေနေရး၊ ပညာေရး စတာေတြေၾကာင့္ အလုပ္ေတြလုပ္ရင္း ေစာစီးစြာ ေႂကြလြင့္သြားရတဲ့ ဖခင္ေတြလည္း ေလာကႀကီးထဲမွာ မေရတြက္ႏိုင္ေလာက္ေအာင္ ဒုနဲ႔ေဒးေနမွပါပဲ။
ဘာပဲျဖစ္ျဖစ္ပါ။
ထူးဆန္းတဲ့ လူသားေတြလို႔ ကြၽန္ေတာ္ျမင္မိ ေတြးမိတဲ့ အလႊာအသီးသီး၊ လုပ္ငန္းခြင္အမ်ိဳးမ်ိဳးက ဖခင္စစ္စစ္ေတြဟာအရင္ကလည္း ရွိခဲ့တယ္။ အခုလည္း ရွိေနခဲ့တယ္။ ေနာက္လည္း ရွိေနခဲ့လိမ့္ဦးမယ္လို႔ ကြၽန္ေတာ့္ရင္ထဲ ယံုၾကည္ရင္းနဲ႔…
ဏီလင္း ညိဳ
ဘုန္းထက္ ၾကယ္။
(Unicode)

ဒီနေ့ ကျွန်မ ဖတ်ရတဲ့ အကြိုက်ဆုံး စာတစ်ပုဒ်ပါ။
ပုံလေးကတော့ ..
သားသမီးတွေနဲ့ အတူ
မိသားစုကို မြင်ယောင်ရင်းနဲ့
ငွေတစ်ခုအတွက်
မာနတွေကို ဖယ်ထားပြီး သူများဖိနပ်ကိုတောင်
လျှာနဲ့ ကုန်းယက်ပေးနေတဲ့ ပုံပါ။

အားလုံးပဲ ပြီးဆုံးသည်အထိ ဖတ်ကြည့်နိုင်ကြပါစေလို့ ဆုတောင်းရင်း.. ..

ဖခင်မေတ္တာ
=========

ဖခင်ဖြစ်တဲ့ အမျိုးသားအများစုဟာ လုပ်ငန်းခွင်မှာဆို သားသမီးတွေအတွက် ဒေါသတွေ၊ မာနတွေကို မကြာခဏ မျိုချတတ်ရပါတယ်။ အမျိုးသားတွေပီပီ သူတို့ကြိုက်တတ်တဲ့ အကြိုက်တွေကို လျှော့ချရပါတယ်။

စကားမစပ် ပြောရရင် နှစ်ပေါင်းများစွာစွဲသောက်လာတဲ့ ဆေးလိပ်ကို ရောဂါကြောင့်
မဟုတ်ဘဲ ဒီအတိုင်း တိခနဲဖြတ်ဖို့ဆိုတာဟာ အရမ်းခက်တယ်ဆိုတာ
တော်တော်များများသိမှာပါ။

ဒါပေမဲ့ ကျွန်တော် အဝေးမှာ အလုပ်လုပ်တုန်းက အဲ့ဒီနိုင်ငံသားသူငယ်ချင်းဟာ သူ့ရဲ့ ၄ယောက်မြောက်သမီးလေးကိုသူ့ဇနီးကမွေးလိုက်တဲ့အချိန်မှာတိခနဲ ဖြတ်လိုက်တာ
မြင်ဖူးတယ်။

သူက စက်ရုံမှာဆိုကင်တင်းဆင်းပြီးကျွန်တော်နဲ့အတူတူ ဆေးလိပ်ထွက်သောက်နေကျ၊ ကျွန်တော့်နဲ့ဋ္ဌာနတူမို့ အရင်က တစ်နေ့ကို တစ်ဘူးနီးပါးသောက်တတ်တဲ့သူ့ကို ဘာဖြစ်လို့လဲလို့ တအ့ံတသြမေးမိတော့…

ဆေးလိပ်တစ်ဘူး ၁၀။ တစ်လ သုံးရာ။ ငါအကုန် မခံနိုင်တော့ဘူး။ လစာက မတိုးပေမယ့် သမီးလေးတစ်ယောက် ငါ့လောကထဲကို ထပ်ရောက်လာပြီ။ သူ့အတွက်စားရိတ်ကိုငါ့စီးကရက်မသောက်တော့ဘဲစုထားရတော့မယ်လို့ ပြန်ပြောခဲ့ဖူးပါတယ်။ နောက် ဆေးလိပ်သောက်တဲ့ကျွန်တော်တို့နားမှာနေရင် ဆေးလိပ်ပြန်သောက်ချင်မှာစိုးလို့ဆိုပြီး ထမင်းစားချိန်တွေမှာဆို စားပြီးရင် ကျွန်တော်တို့နဲ့ဝေးရာ ခုံလေးတစ်ခုံမှာ တစ်ကျပ်တန်ပီကေလေးကိုမြုံ့ရင်းသူတစ်ယောက်တည်းကြိုးစားနေပါတယ်။
နောက်ကျတော့လည်းသားသမီးကိုချစ်စိတ်က ဆေးလိပ်သောက်ချင်စိတ်ကို အောင်နိုင်သွားစေခဲ့ပါတယ်။ ဒါပေမဲ့ကျွန်တော်မနေနိုင်မထိုင်နိုင်တွေးမိသေးပါတယ်။ ဆေးလိပ်ဖြတ်စက သူဘယ်လောက်တောင်စိတ်ဆင်းရဲခဲ့ရမလဲလို့ပါပဲ။

နောက်တစ်ယောက်ကျတော့လည်း အသက် လေးဆယ့်ငါးကျော်ငါးဆယ်နားနီးနေတဲ့ ဦးလေးတစ်ယောက်ပါ။ သူက ဧရာဝတီတိုင်းက။ ဒါပေမဲ့ ပတ်စ်ပို့စာအုပ်ထဲမှာ အသက်လိမ်ပြီး အလုပ်လာလုပ်တာပါ။

စကားလည်း သိပ်မပြောတတ်တော့ သူ့ဋ္ဌာနမှာ နိုင်ငံခြားသားတွေကြား ခဏခဏ လှောင်ခံရပါတယ်။ ဒါပေမဲ့ သူသိပ်သည်းခံတယ်။ ထမင်းစားရင်လည်း စက်ရုံကပေးတဲ့ ထမင်းဖိုးနဲ့ ကင်တင်းန်မှာရောင်းတဲ့ ထမင်းကို ဘယ်တော့မှ ဝယ်မစားပါဘူး။ သက်သာအောင်ဆိုပြီး တစ်ကျပ်ဖိုး လေးလုံးလောက်ရတဲ့ ကြက်ဥကို တစ်နေ့တစ်လုံးပြုတ်။ နောက် အဲ့ဒီ ကြက်ဥပြုတ်လေးတစ်လုံးကို ထမင်းဆီဆမ်းလေးနဲ့ ကော်ထမင်းဘူးလေးထဲ သူ့အဆောင်ကနေထည့်လာပြီး ၃နှစ်လုံးလုံး ကျွန်တော်နဲ့ကြုံတိုင်း ကျွန်တော့်ရှေ့မှာ အဲ့ဒီလို စားသွားသူပါ။ ကျွန်တော်က ကြုံတိုင်းမနေနိုင်လို့ သူ့ကို ကျွန်တော့်ပန်းကန်ထဲကဟင်းတွေ
ထည့်ပေးရင်တောင်မှ သူကမထည့်ပေးပါနဲ့ဗျာ။ တစ်ခါစားရရင် နောက် စားချင်လာလိမ့်မယ်။ အဲ့ဒီအခါ ကျွန်တော်ပိုက်ဆံ အပိုကုန်လိမ့်မယ်။ ကျွန်တော့်သမီးလေးက ဆယ်တန်းအောင်ထားပြီဗျ။ အမှတ်လည်းနည်းနည်းကောင်းတယ်။ ကျွန်တော်တစ်ယောက်လုံးရှိရဲ့နဲ့ သမီးလေးကို သူများအထောက်အပံ့နဲ့ မျက်နှာငယ်ခံပြီး ကျောင်းမတက်စေချင်ဘူး။ သူ့ကျောင်းစားရိတ်အတွက် ကျွန်တော်ကြိုးစားစုမှ ဖြစ်မှာ။ အသက်ကလည်း နည်းနည်းထောက်လာပြီဆိုတော့ ဒီမှာလည်း ကြာကြာ မလုပ်နိုင်ဘူးလေ။ သုံးနှစ်တည်း ကျွန်တော် ဒီလိုစားမှာပါ။ ကြက်ဥပြုတ်၊ ကြက်ဥကြော်၊ ကန်စွန်းရွက်ကြော်၊ ပဲပင်ပေါက်ကြော်ပေါ့။ ဒါပေမဲ့ မြန်မာပြည်ပြန်ရောက်ရင်တော့မိန်းမချက်ကျွေးတာကို ကောင်းကောင်းစားပါ့မယ်ဗျာ လို့ ဟာသလေးနဲ့ ပြောသွားတာ ကြုံခဲ့ဖူးပါသေးတယ်။

တကယ်ပါပဲ။
ပြောရမယ်ဆို ဖခင်တော်တော်များများဟာ သူတို့အပြင်မှာ နစ်နာခဲ့။ ဆုံးရှုံးခဲ့။ စော်ကားခံခဲ့။ စွန့်လွှတ်ခဲ့ရတာတွေကို သားသမီးတွေမသိအောင် သိုဝှက်ခံစားတတ်ကြတဲ့ ထူးဆန်းတဲ့ လူမျိုးတွေပါပဲ။ ပေးဆပ်ကြတာတွေကိုလည်း သိပ်ထုတ်မပြောချင်တတ်ကြပါဘူး။

လူမြင်အောင် သနားစဖွယ် မျက်ရည်မကျပေမယ့်။ လူသိရှင်ကြား ဝေဒနာတွေကို ကြေငြာခွင့်မရကြပေမယ့်၊ စွဲလမ်းမှုတွေကိုတိတ်တဆိတ်ကြိတ်ပြီး စွန့်လွှတ်လိုက်ရလို့ ရူးသွပ်ချင်လောက်တဲ့ ခါးသီးစရာ အတွေ့အကြုံတွေ၊ နာကျင်ဖွယ်ခံစားချက်တွေ…

စတာတွေနဲ့ တရိရိ အထပ်ထပ်မွှန်းခံရလို့ သူတို့ရဲ့နှလုံးသားတစ်ခုလုံး ရစရာတောင် ရှိရဲ့လားလို့တောင် တစ်ခါတစ်ခါ ဖခင်တစ်ယောက် မဖြစ်သေးတဲ့ ကျွန်တော် တွေးကြည့်မိပါတယ်။ ဒါပေမဲ့ သူတို့သားသမီးတွေ အဆင်ပြေ အောင်မြင်ပျော်ရွှင်ပြီး ဝဝလင်လင်စားရ၊ လှလှပပ ဝတ်ရတဲ့အခါဖြစ်လာတဲ့ ပီတိစိတ်က စောစောကဒဏ်ရာတွေကို ပြန်ကုစားသွားသလားရယ်လို့ အခြားတစ်ဖက်က စဉ်းစားမိရပါသေးတယ်။

ကျန်းမာရေးနဲ့ မညီညွတ်တဲ့ လုပ်ငန်းခွင်မှာ သားသမီးတွေ စားဝတ်နေရေး၊ ပညာရေး စတာတွေကြောင့် အလုပ်တွေလုပ်ရင်း စောစီးစွာ ကြွေလွင့်သွားရတဲ့ ဖခင်တွေလည်း လောကကြီးထဲမှာ မရေတွက်နိုင်လောက်အောင် ဒုနဲ့ဒေးနေမှပါပဲ။

ဘာပဲဖြစ်ဖြစ်ပါ။
ထူးဆန်းတဲ့ လူသားတွေလို့ ကျွန်တော်မြင်မိ တွေးမိတဲ့ အလွှာအသီးသီး၊ လုပ်ငန်းခွင်အမျိုးမျိုးက ဖခင်စစ်စစ်တွေဟာအရင်ကလည်း ရှိခဲ့တယ်။ အခုလည်း ရှိနေခဲ့တယ်။ နောက်လည်း ရှိနေခဲ့လိမ့်ဦးမယ်လို့ ကျွန်တော့်ရင်ထဲ ယုံကြည်ရင်းနဲ့…

ဏီလင်း ညို

ဘုန်းထက် ကြယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here