ကေလး၏ ဘ၀တစ္ခုလံုးကို ေျပာင္းလဲသြားေစႏိုင္ေသာအက်င္႔မ်ား
++++++++++++++++++++++++++++++++++++++++++
က်ေနာ္တို႔ရဲ႔ ကေလးမ်ားကို စာေတာ္ရင္ရၿပီ၊ လိမၼာရင္ သူတို႔ေလးေတြရဲ႔ အနာဂတ္အတြက္ ျပည့္စံုၿပီ လို႔ယူဆထားရင္ မွားသြားပါလိမ့္မယ္။
ကေလးမ်ား ငယ္စဥ္ကစလို႔ ေအာက္ပါအက်င့္မ်ားကို ပ်ဳိးေထာင္ေပးထားႏိုင္ပါမွ သူတို႔ဘ၀အတြက္ စိတ္ခ်ရမွာပါ။
၁ ။ အေကာင္းျမင္ အျပဳသေဘာေဆာင္ေသာ အက်င့္ေမႊးျမဴႏိုင္ပါေစ
ကေလးမ်ားကို အျပဳသေဘာေဆာင္တတ္ေအာင္၊ အေကာင္းျမင္တတ္ေအာင္ မိဘမ်ားအေနနဲ႔ ငယ္စဥ္ကတဲက ျပဳစုပ်ဳိးေထာင္ေပးထားဖို႔လိုပါတယ္။ ကေလးမ်ား တစ္ခုခုလုပ္ၿပီးတိုင္း မွန္မွန္ အသိအမွတ္ျပဳတတ္ဖို႔နဲ႔၊ ခ်ီးမြမ္းတတ္ဖို႔ လိုပါလိမ့္မယ္။ ကေလးေတြ စာတအုပ္ဖတ္ၿပီးတဲ့အခါျဖစ္ျဖစ္၊ ေကာင္းမြန္တဲ့ ရုပ္ရွင္ကားတစ္ကား ၿပီးဆံုးေအာင္ ၾကည့္ၿပီးတဲ့အခါျဖစ္ျဖစ္၊ ကေလးမ်ားရဲ႔ အျမင္နဲ႔သေဘာထားကို ေမးျမန္းၾကည့္ပါ။ ေဆြးေႏြးၾကည့္ပါ။ ေထာက္ခံေဆြးေႏြးတဲ့ေလသံနဲ႔ အျမင္ခ်င္းဖလွယ္ပါ။ ကေလးေတြ တျဖည္းျဖည္း ကိုယ့္ကိုကို ယံုၾကည္လာပါလိမ့္မယ္။ ကိုယ့္ကိုကို ယံုၾကည္တဲ့ကေလးမ်ားဟာ အေကာင္းျမင္တတ္ၿပီး အေတြးေခၚ အျပဳသေဘာေဆာင္ပါတယ္။
၂။ ေက်းဇူးတရားသိတတ္ပါေစ၊ ခြင့္လြတ္တတ္ပါေစ
အျမင္တိုျခင္း၊ သေဘာထားက်ဥ္းေျမာင္းျခင္း စသည္တို႔ဟာ လူ႔ဘ၀တစ္ခုလံုးကို ဒုကၡေရာက္ေစတတ္ပါတယ္။ ေက်းဇူးတရားသိတတ္တဲ့အၾကည့္နဲ႔ အရာရာတိုင္းကို ၾကည့္ျမင္တတ္၊ အကဲျဖတ္တတ္ၿပီဆိုရင္ ကေလးဟာ သေဘာထားအျမင္ႀကီးမားလာတတ္ပါတယ္။ အရာရာတိုင္းကို အျပစ္တင္ရူ႔ျမင္ျခင္းထက္ ခြင့္လြတ္မူကို ပိုမုိဦးစားေပးလာတတ္ပါတယ္။ ျဖစ္ႏိုင္ရင္ သင့္ကေလးအား တစ္ေန႔ တစ္ေန႔ ၿပီးဆံုးသြားတိုင္း ေက်းဇူးတင္သင့္ေသာ ပုဂၢိဳလ္မ်ား ႏွင့္ အေၾကာင္းအရာကိစၥ ( ၁၀ ) မ်ုဳိးကို ေန႔တိုင္းရွာေဖြခုိင္းၿပီး ေက်းဇူးတင္ခိုင္းပါ။ ထိုကဲ့သို႔ ေလ့က်င့္ေပးျခင္းသည္ ေက်းဇူးတရားကို အျမန္ဆံုးနားလည္သေဘာေပါက္ေစပါတယ္။ မိမိမႏွစ္သက္သူမ်ားကိုေတာင္ ေသေသခ်ာခ်ာ ရွာေဖြစဥ္းစားပါက ေက်းဇူးတင္စရာ အေၾကာင္းအရာမ်ားေပၚေပါက္လာတတ္ပါတယ္။ ေနာင္အခါ အေကာင္းျမင္တတ္တဲ့လူျဖစ္သြားၿပီး ေအာင္ျမင္ေပ်ာ္ရႊင္တ့ဲ ဘ၀ကို တည္ေဆာက္ႏိုင္သူမ်ားျဖစ္သြားေစပါတယ္။
၃။ အခက္အခဲ ကိုရင္ဆိုင္ရဲတဲ့ စိတ္ပ်ဳိးေထာင္ေပးျခင္း
ကေလးတစ္ေယာက္ ဘယ္ေလာက္ပဲ ထူးခြ်န္ေနပါေစ၊ တစ္ခါမဟုတ္တစ္ခါေတာ့ ဆံုးရံူးတာေတြ၊ အျပစ္က်ဴးလြန္မိတာေတြ ျပဳလုပ္မိတတ္ၾကစၿမဲပါ။ အဲဒီအခါ မ်ဳိးက်ရင္ မိဘမ်ား ကေလးရဲ႔ အျပစ္ကို တဖ်စ္ေတာက္ေတာက္ ဆဲဆိုေ၀ဖန္တာမ်ဳိး မလုပ္မိဖို႔ လိုပါလိ္မ္႔မယ္။ ဆံုးရံူးျခင္း ( သို႔ ) မွားယြင္းျခင္းထဲကေန ဘယ္လိုသင္ခန္းစာယူသင့္သလဲ၊ ေနာင္တစ္ခ်ိန္ဆက္မမွားေအာင္ ဘယ္လိုႀကိဳတင္ျပင္ဆင္သင့္သလဲ၊ အခုလက္ရိွ အခက္အခဲကို ေက်ာ္လႊားႏိုင္ေအာင္ ဘယ္လိုလုပ္သင့္သလဲ စသည္ျဖင့္ ကေလးကို ေမးျမန္းၿပီး ကေလးကိုယ္တိုင္ ေျဖရွင္းတဲ့နည္းလမ္းေတြကို စဥ္းစားေစျခင္း၊ ေဆြးေႏြး အႀကံေပးျခင္း စတဲ့ နည္းလမ္းမ်ားကိုသံုးၿပီး အခက္အခဲကို ရင္ဆိုင္ရဲတဲ့ စိတ္ပ်ဳိးေထာင္ေပးသင့္ပါတယ္။
၄။ ကိုယ့္ကိုကို ကာကြယ္တတ္ေအာင္ ပ်ဳိးေထာင္ေပးျခင္း
မိဘမ်ားက ကေလးမ်ားကို အကာအကြယ္လြန္လြန္းရင္ ကေလးကို ဖ်က္ဆီးရာ ေရာက္ႏိုင္ပါတယ္။ အေကာင္းဆံုးနည္းလမ္းက ကေလးမ်ားကို မိမိကိုယ္မိမိ ကာကြယ္တတ္ေအာင္ ပ်ဳိးေထာင္ေပးျခင္းပင္ ျဖစ္ပါတယ္။ ဆိုပါစို႔၊ အိမ္သားတစ္ဦးဦး ရဲ႔ဖုန္းနံပါတ္ကို အလြတ္ရေအာင္မွတ္ထားခိုင္းျခင္း၊ ရဲစခန္းရဲ႔ဖုန္းနံပါတ္ကို သိရိွေအာင္ေျပာျပထားျခင္း၊ ေျမငလ်င္လုပ္လ်င္၊ မီးေဘးႏွင့္ႀကံဳေတြ႔လ်င္ ဘယ္လိုေဆာင္ရြက္သင့္တယ္ဆိုတာကို ႀကိဳတင္ေလ့က်င့္ေပးထားျခင္း စသည္တို႔ျဖစ္ပါတယ္။
၅။ စိတ္ကူးရဲရဲ ယဥ္တတ္ေအာင္ သင္ထားေပးျခင္း
တနည္းေျပာရရင္ အိမ္မက္မက္ရဲဖို႔လိုပါတယ္။ ေလထဲမွာ တိုက္အိမ္ေဆာက္ရဲဖို႔လိုပါတယ္။ သူမ်ားတကာေတြ မျဖစ္ႏိုင္ဘူးလို႔ စဥ္းစားေနတဲ့ အခ်ိန္မွာ ကိုယ္က ျဖစ္ႏိုင္တဲ့ဘက္ကေန စဥ္းစားရဲဖို႔ လိုပါတယ္။ ဘာေၾကာင့္လဲလို႔ ေမးလာတဲ့ ကေလးမ်ားရဲ႔ ေမးခြန္းမ်ားကို စိတ္ရွည္ရွည္ထားၿပီး ေျဖၾကားေပးဖို႔လိုပါတယ္။ ကေလးမ်ားရဲ႔ ၀ါသနာကို ဂရုတစိုက္ အားေပးေထာက္ခံၿပီး ၀ါသနာတိုးတက္ေနေအာင္ ေထာက္ပံ႔ေပးေနဖို႔ လိုပါတယ္။
၆။ ဆက္ဆံေရး ေကာင္းမြန္ေအာင္ ပ်ဳိးေထာင္ေပးျခင္း
ပူးေပါင္းေဆာင္ရြက္တတ္ျခင္းဟာ ကိုယ့္ပိုင္အရည္အခ်င္းထက္ အေရးၾကီးတတ္ပါတယ္။ သူမ်ားကိုေလးစားတတ္ျခင္းဟာ ကိုယ့္ကိုယ္တိုင္ အေလးစားခံရဖို႔ အေျခခံလိုအပ္ခ်က္ ျဖစ္ေနတတ္ပါတယ္။ အမွားကို ရဲ၀န္႔စြာ ၀န္ခံတတ္ျခင္းဟာလည္း ဆက္ဆံေရးေကာင္းမြန္ဖို႔ အေထာင္အကူျပဳပါတယ္။ သူတစ္ပါးေျပာစကားကို စိတ္၀င္တစား နားေထာင္တတ္ျခင္းဟာလည္း ႏွစ္လိုဖြယ္ေကာင္းေသာ အက်င့္တစ္ခုျဖစ္ပါတယ္။
ရ။ ေငြေၾကးကို စနစ္တက် အသံုးခ်တတ္ေအာင္ ပ်ဳိးေထာင္ေပးျခင္း
ကေလးမ်ားကို မူန္႔ဖိုး ဘယ္လိုစနစ္တက် အသံုးခ်တတ္ေအာင္ သင္ၾကားေပးထားဖို႔လိုပါတယ္။ ပိုက္ဆံ သံုးခါနီးမွာ ကိုယ့္ကိုကို ေအာက္ပါ ေမးခြန္းႏွစ္ခု ေမးၾကည့္ပါ။
က။ ငါတကယ္ ဒီပိုက္ဆံကို သံုးဖို႔ လိုအပ္သလား၊
ခ။ သံုးၿပီးရင္ ငါတကယ္စိတ္ေပ်ာ္ရႊင္မွာလား၊
တကယ္လို႔ Yes ဆိုရင္သံုးလိုက္ပါ။ No လို႔စိတ္ထဲက ျပန္ေျဖရင္ေတာ့ မ၀ယ္နဲ႔ေတာ့၊
ပိုက္ဆံစုေဆာင္းတတ္ျခင္းသည္လည္း ဘ၀တစ္ခုလံုးအတြက္ မ်ားစြာ အက်ဳိးျဖစ္ထြန္းေစတတ္ပါတယ္။
အသံုး၀င္မယ္ထင္လို႔ ေရးသားတင္ေပးလိုက္ပါတယ္။ အသံုးတည့္ႏိုင္ပါေစ။
Ref: Wechat
Credit…. Sir Aung Ko Latt.
(Unicode)

ကလေး၏ ဘဝတစ်ခုလုံးကို ပြောင်းလဲသွားစေနိုင်သောအကျင့်များ
++++++++++++++++++++++++++++++++++++++++++

ကျနော်တို့ရဲ့ ကလေးများကို စာတော်ရင်ရပြီ၊ လိမ္မာရင် သူတို့လေးတွေရဲ့ အနာဂတ်အတွက် ပြည့်စုံပြီ လို့ယူဆထားရင် မှားသွားပါလိမ့်မယ်။
ကလေးများ ငယ်စဉ်ကစလို့ အောက်ပါအကျင့်များကို ပျိုးထောင်ပေးထားနိုင်ပါမှ သူတို့ဘဝအတွက် စိတ်ချရမှာပါ။

၁ ။ အကောင်းမြင် အပြုသဘောဆောင်သော အကျင့်မွှေးမြူနိုင်ပါစေ

ကလေးများကို အပြုသဘောဆောင်တတ်အောင်၊ အကောင်းမြင်တတ်အောင် မိဘများအနေနဲ့ ငယ်စဉ်ကတဲက ပြုစုပျိုးထောင်ပေးထားဖို့လိုပါတယ်။ ကလေးများ တစ်ခုခုလုပ်ပြီးတိုင်း မှန်မှန် အသိအမှတ်ပြုတတ်ဖို့နဲ့၊ ချီးမွမ်းတတ်ဖို့ လိုပါလိမ့်မယ်။ ကလေးတွေ စာတအုပ်ဖတ်ပြီးတဲ့အခါဖြစ်ဖြစ်၊ ကောင်းမွန်တဲ့ ရုပ်ရှင်ကားတစ်ကား ပြီးဆုံးအောင် ကြည့်ပြီးတဲ့အခါဖြစ်ဖြစ်၊ ကလေးများရဲ့ အမြင်နဲ့သဘောထားကို မေးမြန်းကြည့်ပါ။ ဆွေးနွေးကြည့်ပါ။ ထောက်ခံဆွေးနွေးတဲ့လေသံနဲ့ အမြင်ချင်းဖလှယ်ပါ။ ကလေးတွေ တဖြည်းဖြည်း ကိုယ့်ကိုကို ယုံကြည်လာပါလိမ့်မယ်။ ကိုယ့်ကိုကို ယုံကြည်တဲ့ကလေးများဟာ အကောင်းမြင်တတ်ပြီး အတွေးခေါ် အပြုသဘောဆောင်ပါတယ်။

၂။ ကျေးဇူးတရားသိတတ်ပါစေ၊ ခွင့်လွတ်တတ်ပါစေ

အမြင်တိုခြင်း၊ သဘောထားကျဉ်းမြောင်းခြင်း စသည်တို့ဟာ လူ့ဘဝတစ်ခုလုံးကို ဒုက္ခရောက်စေတတ်ပါတယ်။ ကျေးဇူးတရားသိတတ်တဲ့အကြည့်နဲ့ အရာရာတိုင်းကို ကြည့်မြင်တတ်၊ အကဲဖြတ်တတ်ပြီဆိုရင် ကလေးဟာ သဘောထားအမြင်ကြီးမားလာတတ်ပါတယ်။ အရာရာတိုင်းကို အပြစ်တင်ရူ့မြင်ခြင်းထက် ခွင့်လွတ်မူကို ပိုမိုဦးစားပေးလာတတ်ပါတယ်။ ဖြစ်နိုင်ရင် သင့်ကလေးအား တစ်နေ့ တစ်နေ့ ပြီးဆုံးသွားတိုင်း ကျေးဇူးတင်သင့်သော ပုဂ္ဂိုလ်များ နှင့် အကြောင်းအရာကိစ္စ ( ၁၀ ) မျုုိးကို နေ့တိုင်းရှာဖွေခိုင်းပြီး ကျေးဇူးတင်ခိုင်းပါ။ ထိုကဲ့သို့ လေ့ကျင့်ပေးခြင်းသည် ကျေးဇူးတရားကို အမြန်ဆုံးနားလည်သဘောပေါက်စေပါတယ်။ မိမိမနှစ်သက်သူများကိုတောင် သေသေချာချာ ရှာဖွေစဉ်းစားပါက ကျေးဇူးတင်စရာ အကြောင်းအရာများပေါ်ပေါက်လာတတ်ပါတယ်။ နောင်အခါ အကောင်းမြင်တတ်တဲ့လူဖြစ်သွားပြီး အောင်မြင်ပျော်ရွှင်တဲ့ ဘဝကို တည်ဆောက်နိုင်သူများဖြစ်သွားစေပါတယ်။

၃။ အခက်အခဲ ကိုရင်ဆိုင်ရဲတဲ့ စိတ်ပျိုးထောင်ပေးခြင်း

ကလေးတစ်ယောက် ဘယ်လောက်ပဲ ထူးချွန်နေပါစေ၊ တစ်ခါမဟုတ်တစ်ခါတော့ ဆုံးရူံးတာတွေ၊ အပြစ်ကျူးလွန်မိတာတွေ ပြုလုပ်မိတတ်ကြစမြဲပါ။ အဲဒီအခါ မျိုးကျရင် မိဘများ ကလေးရဲ့ အပြစ်ကို တဖျစ်တောက်တောက် ဆဲဆိုဝေဖန်တာမျိုး မလုပ်မိဖို့ လိုပါလိ်မ့်မယ်။ ဆုံးရူံးခြင်း ( သို့ ) မှားယွင်းခြင်းထဲကနေ ဘယ်လိုသင်ခန်းစာယူသင့်သလဲ၊ နောင်တစ်ချိန်ဆက်မမှားအောင် ဘယ်လိုကြိုတင်ပြင်ဆင်သင့်သလဲ၊ အခုလက်ရှိ အခက်အခဲကို ကျော်လွှားနိုင်အောင် ဘယ်လိုလုပ်သင့်သလဲ စသည်ဖြင့် ကလေးကို မေးမြန်းပြီး ကလေးကိုယ်တိုင် ဖြေရှင်းတဲ့နည်းလမ်းတွေကို စဉ်းစားစေခြင်း၊ ဆွေးနွေး အကြံပေးခြင်း စတဲ့ နည်းလမ်းများကိုသုံးပြီး အခက်အခဲကို ရင်ဆိုင်ရဲတဲ့ စိတ်ပျိုးထောင်ပေးသင့်ပါတယ်။

၄။ ကိုယ့်ကိုကို ကာကွယ်တတ်အောင် ပျိုးထောင်ပေးခြင်း

မိဘများက ကလေးများကို အကာအကွယ်လွန်လွန်းရင် ကလေးကို ဖျက်ဆီးရာ ရောက်နိုင်ပါတယ်။ အကောင်းဆုံးနည်းလမ်းက ကလေးများကို မိမိကိုယ်မိမိ ကာကွယ်တတ်အောင် ပျိုးထောင်ပေးခြင်းပင် ဖြစ်ပါတယ်။ ဆိုပါစို့၊ အိမ်သားတစ်ဦးဦး ရဲ့ဖုန်းနံပါတ်ကို အလွတ်ရအောင်မှတ်ထားခိုင်းခြင်း၊ ရဲစခန်းရဲ့ဖုန်းနံပါတ်ကို သိရှိအောင်ပြောပြထားခြင်း၊ မြေငလျင်လုပ်လျင်၊ မီးဘေးနှင့်ကြုံတွေ့လျင် ဘယ်လိုဆောင်ရွက်သင့်တယ်ဆိုတာကို ကြိုတင်လေ့ကျင့်ပေးထားခြင်း စသည်တို့ဖြစ်ပါတယ်။

၅။ စိတ်ကူးရဲရဲ ယဉ်တတ်အောင် သင်ထားပေးခြင်း

တနည်းပြောရရင် အိမ်မက်မက်ရဲဖို့လိုပါတယ်။ လေထဲမှာ တိုက်အိမ်ဆောက်ရဲဖို့လိုပါတယ်။ သူများတကာတွေ မဖြစ်နိုင်ဘူးလို့ စဉ်းစားနေတဲ့ အချိန်မှာ ကိုယ်က ဖြစ်နိုင်တဲ့ဘက်ကနေ စဉ်းစားရဲဖို့ လိုပါတယ်။ ဘာကြောင့်လဲလို့ မေးလာတဲ့ ကလေးများရဲ့ မေးခွန်းများကို စိတ်ရှည်ရှည်ထားပြီး ဖြေကြားပေးဖို့လိုပါတယ်။ ကလေးများရဲ့ ၀ါသနာကို ဂရုတစိုက် အားပေးထောက်ခံပြီး ၀ါသနာတိုးတက်နေအောင် ထောက်ပံ့ပေးနေဖို့ လိုပါတယ်။

၆။ ဆက်ဆံရေး ကောင်းမွန်အောင် ပျိုးထောင်ပေးခြင်း

ပူးပေါင်းဆောင်ရွက်တတ်ခြင်းဟာ ကိုယ့်ပိုင်အရည်အချင်းထက် အရေးကြီးတတ်ပါတယ်။ သူများကိုလေးစားတတ်ခြင်းဟာ ကိုယ့်ကိုယ်တိုင် အလေးစားခံရဖို့ အခြေခံလိုအပ်ချက် ဖြစ်နေတတ်ပါတယ်။ အမှားကို ရဲဝန့်စွာ ဝန်ခံတတ်ခြင်းဟာလည်း ဆက်ဆံရေးကောင်းမွန်ဖို့ အထောင်အကူပြုပါတယ်။ သူတစ်ပါးပြောစကားကို စိတ်ဝင်တစား နားထောင်တတ်ခြင်းဟာလည်း နှစ်လိုဖွယ်ကောင်းသော အကျင့်တစ်ခုဖြစ်ပါတယ်။

ရ။ ငွေကြေးကို စနစ်တကျ အသုံးချတတ်အောင် ပျိုးထောင်ပေးခြင်း

ကလေးများကို မူန့်ဖိုး ဘယ်လိုစနစ်တကျ အသုံးချတတ်အောင် သင်ကြားပေးထားဖို့လိုပါတယ်။ ပိုက်ဆံ သုံးခါနီးမှာ ကိုယ့်ကိုကို အောက်ပါ မေးခွန်းနှစ်ခု မေးကြည့်ပါ။
က။ ငါတကယ် ဒီပိုက်ဆံကို သုံးဖို့ လိုအပ်သလား၊
ခ။ သုံးပြီးရင် ငါတကယ်စိတ်ပျော်ရွှင်မှာလား၊
တကယ်လို့ Yes ဆိုရင်သုံးလိုက်ပါ။ No လို့စိတ်ထဲက ပြန်ဖြေရင်တော့ မဝယ်နဲ့တော့၊
ပိုက်ဆံစုဆောင်းတတ်ခြင်းသည်လည်း ဘဝတစ်ခုလုံးအတွက် များစွာ အကျိုးဖြစ်ထွန်းစေတတ်ပါတယ်။
အသုံးဝင်မယ်ထင်လို့ ရေးသားတင်ပေးလိုက်ပါတယ်။ အသုံးတည့်နိုင်ပါစေ။

Ref: Wechat

Credit…. Sir Aung Ko Latt.

LEAVE A REPLY

Please enter your comment!
Please enter your name here