ကိေလသာၿငိမ္း၊ ခ်မ္းသာကိန္း
ျမတ္စြာဘုရားရွင္ ပြင့္ေတာ္မမူမီကာလက ျဖစ္သည္။ ထိုစဥ္က ဘုရားအေလာင္းေတာ္သည္ ဗာရာဏသီမင္း၏ပုေရာဟိတ္(မင္းဆရာပုဏၰား)တစ္ဦး ျဖစ္ခဲ့ပါသည္။ အေလာင္းေတာ္သည္ ပုထုဇဥ္တို႔ က်င့္အပ္ေသာတရားကို သိလို၍ သံုးရက္တိုင္တိုင္ ေရႊပန္းထိမ္သည္၏လုပ္ငန္းခြင္မွ ေရႊစတို႔ကိုသံုးႀကိမ္ တိတိ ခိုးယူပါသည္။ ေရႊပန္းထိမ္သည္မွ သံုးႀကိမ္ တိုင္တိုင္ခိုးယူသည္ကို ေတြ႕ျမင္ေသာ္လည္း ပထမႏွင့္ ဒုတိယအႀကိမ္တြင္ ဘာမွ်မေျပာဘဲ ဆိတ္ဆိတ္ေနခဲ့ သည္။ ေနာက္ဆံုး တတိယအႀကိမ္တြင္ အေလာင္း ေတာ္အား ခိုးယူထားေသာ ေရႊစႏွင့္အတူ ဖမ္းဆီး၍ ဘုရင္မင္းျမတ္ထံ အပ္ေလေတာ့သည္။

မင္းသည္ အေလာင္းေတာ္အား စစ္ေဆးေမး ျမန္းရာ အေလာင္းေတာ္မွလည္း ခိုးယူေၾကာင္းဝန္ခံ သည္။ ဤသို႔ ျပဳရသည္မွာလည္း လူတို႔ က်င့္အပ္ သည့္ တရားမ်ားအနက္ အျမတ္ဆံုးကို သိလို၍ ျပဳရ ေၾကာင္း ေျပာဆိုပါသည္။ ထိုေၾကာင့္ ပုထုဇဥ္မွန္ သမွ်သည္ အျမင့္ျမတ္ဆံုးျဖစ္ေသာ သီလတရားကို က်င့္ႀကံအားထုတ္သင့္ေၾကာင္း ေလွ်ာက္တင္လို၍ အေလာင္းေတာ္က –

“ျမတ္ေသာမင္းႀကီး …ဤေလာက၌ သီလ တရားသည္ အျမင့္ဆံုးအျမတ္ဆံုးျဖစ္ပါ၏။ ျပင္းထန္ ေသာအဆိပ္ရွိသည့္ ေျြမနဂါးပင္ျဖစ္လင့္ကစား သီလ တရားရွိေသာ ေျြမ၊ နဂါးတို႔အား မသတ္ျဖတ္၊ မညႇဥ္း ဆဲအပ္ေပ”

ဟုေလွ်ာက္တင္ၿပီး မင္းထံ ရဟန္းျပဳခြင့္ ေတာင္းခံပါသည္။ မင္းကလည္း ရဟန္းျပဳခြင့္ေပး သျဖင့္ အေလာင္းေတာ္သည္ မင္းထံမွေတာအရပ္သို႔ ထြက္လာခဲ့ပါသည္။

တစ္ေန႔တြင္ ခရီးလမ္းတစ္ခု၌ စြန္သည္ အမဲေဈးမွ အသားတံုးတစ္ခုကို ကိုက္ခ်ီ၍ ေကာင္း ကင္၌ပ်ံ၏။ ထိုစြန္ကို တျခားေသာ ငွက္တို႔မွ ဝန္းရံ၍ ေျခသည္း ႏႈတ္သီး အစရွိသည္တို႔ျဖင့္ ထိုးကုန္၏။ ထိုစြန္သည္ မတတ္သာေတာ့၍ ခ်ီလာေသာ အသား တံုးကို စြန္႕ခ်၏။ စြန္႔ခ်လိုက္ေသာ အသားတံုးကို တျခား စြန္တစ္ေကာင္က ကိုက္ခ်ီသြားျပန္၏။ ထို ကိုက္ခ်ီသြားေသာ စြန္ကို အျခားေသာ စြန္မ်ားက ေရွးနည္းအတူ ဝန္းရံထိုးဆိတ္ၾကျပန္၏။ ထိုစြန္ လည္း မတတ္သာ၍ အသားတံုးကို စြန္႔ခ်ျပန္ရာ၊ တစ္ေကာင္ေသာ စြန္ကိုက္ခ်ီ သယ္ယူျပန္၏။ ထို ငွက္တို႔သည္ အသားတံုးကို ရလိုက္ပါက က်န္ငွက္ တို႔၏ ဝိုင္းဝန္းထိုးဆိတ္ျခင္းကိုခံေနရၿပီး အသားတံုးကို စြန္႕ခ်လိုက္ပါက ဝန္းရံထိုးဆိတ္ျခင္း ဒုကၡမွ ကင္း လြတ္ခဲ့ပါသည္။

အေလာင္းေတာ္သည္ ထိုအျခင္းအရာကို ျမင္၍ “ကာမဂုဏ္တို႔မည္သည္ကား သားတစ္(အ သားတံုး)တူ၏။ ထိုသားတစ္ကို ယူေဆာင္ေသာ ငွက္သည္ ဆင္းရဲဒုကၡျဖစ္သလို ထိုသားတစ္ကို စြန္႔ပစ္ေသာ ငွက္သည္ ခ်မ္းသာသုခ ျဖစ္ေစ၏”ဟု သတိသံေဝဂ ပြားမိပါသည္။

ဤသို႔ျဖင့္ အေလာင္းေတာ္သည္ ၿမိဳ႕မွထြက္ ၍ ညခ်မ္းခ်ိန္ေရာက္ေသာအခါ တစ္ခုေသာရြာ၏ တစ္ေယာက္ေသာသူထံတြင္ ညအိပ္ပါသည္။ ထို အိမ္၌ ပိဂၤလာမည္ေသာ ကြ်န္မ တစ္ေယာက္ရွိ သည္။ ထိုကြ်န္မသည္ “ဤမည္ေသာ အခ်ိန္၌ လာေလာ့” ဟု ေယာက်ာ္းတစ္ေယာက္ႏွင့္ ခ်ိန္းဆို ၏။ ထိုပိဂၤလာ မည္သူ ကြ်န္မသည္ အရွင္သခင္သို႔ အိပ္ေလေသာ္ အိမ္တံခါးေပါက္၌ ခ်ိန္းဆိုထားေသာ ေယာက်ာ္းကို ေမွ်ာ္လင့္ေန၏။ ကြ်န္မ ရင္တြင္း၌ လည္း “ယခုလာပါေတာ့”ဟု အႀကိမ္ႀကိမ္ေတြးေခၚ ေန၏။ ဤသို႔ျဖင့္ ညဥ့္ဦးယံ၊ ညဥ့္နက္ယံ၊ သန္း ေခါင္ယံေက်ာ္၍ မိုးေသာက္ေသာ္လည္း ခ်ိန္းဆို ထားေသာ ေယာက်ာ္းမွာ ေပၚမလာဘဲရွိေန၏။ ထို အခါ ကြ်န္မသည္ မိမိေမွ်ာ္လင့္ေနေသာ အာသာ ဆႏၵကို ျပတ္ေစၿပီး လဲေလ်ာင္း၍ အိပ္စက္ရာ အိပ္ ေပ်ာ္ျခင္းအတိသို႔ ေရာက္ရွိသြားခဲ့ပါသည္။

ဤအျဖစ္ကို ေတြ႕ျမင္သိရွိေနေသာ အေလာင္း ေတာ္က “ဤကြ်န္မသည္ ထိုေယာက်ာ္း အလာကို ေမွ်ာ္လင့္တမ္းတေနရျခင္းေၾကာင့္ ငုတ္တုတ္ထိုင္လ်က္ မအိပ္ႏိုင္ဘဲ ဒုကၡ ခံစားေနရ၏။ ယခုအခါ ထိုေယာက်ာ္း မလာအ ျဖစ္ကိုသိ၍ တြယ္တာမႈ အဆက္ျပတ္ကာ ခ်မ္းသာ စြာအိပ္၏။

ထိုေၾကာင့္ ကိေလ သာတို႔၌ ေတာင့္တျခင္း အာသာ မည္သည္ ကား ဆင္းရဲ၏။ အာသာမရွိေသာ အျဖစ္သည္သာ လွ်င္ခ်မ္းသာ၏” ဟု သတိသံေဝဂ ပြားမိပါသည္။

အေလာင္း ေတာ္သည္ ေနာက္ တစ္ေန႔ ထိုရြာမွ ေတာသို႔ ဝင္ေရာက္ မိေသာအခါ ေတာ တြင္း၌ ဈာန္သမာပတ္ ဝင္စားေနေသာ ရေသ့တစ္ ပါးကို ျမင္ေတြ႕ရ၏။

ထိုအခါ အေလာင္းေတာ္က “ဤပစၥဳပၸန္ေလာက၌လည္းေကာင္း၊ တမလြန္ေလာက၌လည္းေကာင္း၊ သမာဓိ ထက္ ျမတ္ေသာ သုခတရားသည္မရွိ၊ ေကာင္းေသာ တည္ၾကည္ေသာ သူသည္ သူတစ္ပါးကိုလည္း မညႇဥ္းဆဲ၊ မိမိကိုယ္ကိုလည္း မညႇဥ္းဆဲပါတကား” ဟု ေတြးဆကာ ေတာသို႔ဝင္၍ ရေသ့ရဟန္းျပဳခဲ့ ပါသည္။ စင္ၾကယ္ေသာ သီလ၊ သမာဓိ၊ ပညာတို႔ ေၾကာင့္ အေလာင္းေတာ္သည္ ဈာန္အဘိညာဥ္တို႔ကို ရရွိခဲ့ၿပီး ေသလြန္သည့္အခါ ျဗဟၼာျပည္သို႔ လားခဲ့ရ ပါေတာ့သည္။

နိပါတ္ေတာ္လာ သင္ခန္းစာအေနျဖင့္ ေတာင့္တျခင္း အာသာဆႏၵသည္ မိမိအတြက္ ဒုကၡ ဆင္းရဲကို ျဖစ္ေစပါသည္။ ေတာင့္တျခင္း အာသာ ကင္းလွ်င္ သုခခ်မ္းသာ ျဖစ္ေစပါသည္။ ဒါေၾကာင့္ “မရွိေတာင့္တ၊ ရွိေၾကာင့္ၾက”ႏွင့္ “မရွိလိုခ်င္၊ ရွိပူပင္” မျဖစ္ရေလေအာင္ ပူပင္ေၾကာင့္ၾက ကင္း ေဝးေစေရးအတြက္ က်င့္ႀကံအားထုတ္ႏိုင္ပါေစ။

ေမတၲာေစတနာျဖင့္

ေမာင္ေအးထြန္း

က်မ္းကိုး ။ ငါးရာ့ငါးဆယ္နိပါတ္ေတာ္၊ ကုဋိဒူသကဝဂ္မွ သီလဝီမသဇာတ္။

(Unicode)

ကိလေသာငြိမ်း၊ ချမ်းသာကိန်း
မြတ်စွာဘုရားရှင် ပွင့်တော်မမူမီကာလက ဖြစ်သည်။ ထိုစဉ်က ဘုရားအလောင်းတော်သည် ဗာရာဏသီမင်း၏ပုရောဟိတ်(မင်းဆရာပုဏ္ဏား)တစ်ဦး ဖြစ်ခဲ့ပါသည်။ အလောင်းတော်သည် ပုထုဇဉ်တို့ ကျင့်အပ်သောတရားကို သိလို၍ သုံးရက်တိုင်တိုင် ရွှေပန်းထိမ်သည်၏လုပ်ငန်းခွင်မှ ရွှေစတို့ကိုသုံးကြိမ် တိတိ ခိုးယူပါသည်။ ရွှေပန်းထိမ်သည်မှ သုံးကြိမ် တိုင်တိုင်ခိုးယူသည်ကို တွေ့မြင်သော်လည်း ပထမနှင့် ဒုတိယအကြိမ်တွင် ဘာမျှမပြောဘဲ ဆိတ်ဆိတ်နေခဲ့ သည်။ နောက်ဆုံး တတိယအကြိမ်တွင် အလောင်း တော်အား ခိုးယူထားသော ရွှေစနှင့်အတူ ဖမ်းဆီး၍ ဘုရင်မင်းမြတ်ထံ အပ်လေတော့သည်။

မင်းသည် အလောင်းတော်အား စစ်ဆေးမေး မြန်းရာ အလောင်းတော်မှလည်း ခိုးယူကြောင်းဝန်ခံ သည်။ ဤသို့ ပြုရသည်မှာလည်း လူတို့ ကျင့်အပ် သည့် တရားများအနက် အမြတ်ဆုံးကို သိလို၍ ပြုရ ကြောင်း ပြောဆိုပါသည်။ ထိုကြောင့် ပုထုဇဉ်မှန် သမျှသည် အမြင့်မြတ်ဆုံးဖြစ်သော သီလတရားကို ကျင့်ကြံအားထုတ်သင့်ကြောင်း လျှောက်တင်လို၍ အလောင်းတော်က –

“မြတ်သောမင်းကြီး …ဤလောက၌ သီလ တရားသည် အမြင့်ဆုံးအမြတ်ဆုံးဖြစ်ပါ၏။ ပြင်းထန် သောအဆိပ်ရှိသည့် ေြွမနဂါးပင်ဖြစ်လင့်ကစား သီလ တရားရှိသော ေြွမ၊ နဂါးတို့အား မသတ်ဖြတ်၊ မညှဉ်း ဆဲအပ်ပေ”

ဟုလျှောက်တင်ပြီး မင်းထံ ရဟန်းပြုခွင့် တောင်းခံပါသည်။ မင်းကလည်း ရဟန်းပြုခွင့်ပေး သဖြင့် အလောင်းတော်သည် မင်းထံမှတောအရပ်သို့ ထွက်လာခဲ့ပါသည်။

တစ်နေ့တွင် ခရီးလမ်းတစ်ခု၌ စွန်သည် အမဲဈေးမှ အသားတုံးတစ်ခုကို ကိုက်ချီ၍ ကောင်း ကင်၌ပျံ၏။ ထိုစွန်ကို တခြားသော ငှက်တို့မှ ဝန်းရံ၍ ခြေသည်း နှုတ်သီး အစရှိသည်တို့ဖြင့် ထိုးကုန်၏။ ထိုစွန်သည် မတတ်သာတော့၍ ချီလာသော အသား တုံးကို စွန့်ချ၏။ စွန့်ချလိုက်သော အသားတုံးကို တခြား စွန်တစ်ကောင်က ကိုက်ချီသွားပြန်၏။ ထို ကိုက်ချီသွားသော စွန်ကို အခြားသော စွန်များက ရှေးနည်းအတူ ဝန်းရံထိုးဆိတ်ကြပြန်၏။ ထိုစွန် လည်း မတတ်သာ၍ အသားတုံးကို စွန့်ချပြန်ရာ၊ တစ်ကောင်သော စွန်ကိုက်ချီ သယ်ယူပြန်၏။ ထို ငှက်တို့သည် အသားတုံးကို ရလိုက်ပါက ကျန်ငှက် တို့၏ ဝိုင်းဝန်းထိုးဆိတ်ခြင်းကိုခံနေရပြီး အသားတုံးကို စွန့်ချလိုက်ပါက ဝန်းရံထိုးဆိတ်ခြင်း ဒုက္ခမှ ကင်း လွတ်ခဲ့ပါသည်။

အလောင်းတော်သည် ထိုအခြင်းအရာကို မြင်၍ “ကာမဂုဏ်တို့မည်သည်ကား သားတစ်(အ သားတုံး)တူ၏။ ထိုသားတစ်ကို ယူဆောင်သော ငှက်သည် ဆင်းရဲဒုက္ခဖြစ်သလို ထိုသားတစ်ကို စွန့်ပစ်သော ငှက်သည် ချမ်းသာသုခ ဖြစ်စေ၏”ဟု သတိသံဝေဂ ပွားမိပါသည်။

ဤသို့ဖြင့် အလောင်းတော်သည် မြို့မှထွက် ၍ ညချမ်းချိန်ရောက်သောအခါ တစ်ခုသောရွာ၏ တစ်ယောက်သောသူထံတွင် ညအိပ်ပါသည်။ ထို အိမ်၌ ပိင်္ဂလာမည်သော ကျွန်မ တစ်ယောက်ရှိ သည်။ ထိုကျွန်မသည် “ဤမည်သော အချိန်၌ လာလော့” ဟု ယောကျာ်းတစ်ယောက်နှင့် ချိန်းဆို ၏။ ထိုပိင်္ဂလာ မည်သူ ကျွန်မသည် အရှင်သခင်သို့ အိပ်လေသော် အိမ်တံခါးပေါက်၌ ချိန်းဆိုထားသော ယောကျာ်းကို မျှော်လင့်နေ၏။ ကျွန်မ ရင်တွင်း၌ လည်း “ယခုလာပါတော့”ဟု အကြိမ်ကြိမ်တွေးခေါ် နေ၏။ ဤသို့ဖြင့် ညဉ့်ဦးယံ၊ ညဉ့်နက်ယံ၊ သန်း ခေါင်ယံကျော်၍ မိုးသောက်သော်လည်း ချိန်းဆို ထားသော ယောကျာ်းမှာ ပေါ်မလာဘဲရှိနေ၏။ ထို အခါ ကျွန်မသည် မိမိမျှော်လင့်နေသော အာသာ ဆန္ဒကို ပြတ်စေပြီး လဲလျောင်း၍ အိပ်စက်ရာ အိပ် ပျော်ခြင်းအတိသို့ ရောက်ရှိသွားခဲ့ပါသည်။

ဤအဖြစ်ကို တွေ့မြင်သိရှိနေသော အလောင်း တော်က “ဤကျွန်မသည် ထိုယောကျာ်း အလာကို မျှော်လင့်တမ်းတနေရခြင်းကြောင့် ငုတ်တုတ်ထိုင်လျက် မအိပ်နိုင်ဘဲ ဒုက္ခ ခံစားနေရ၏။ ယခုအခါ ထိုယောကျာ်း မလာအ ဖြစ်ကိုသိ၍ တွယ်တာမှု အဆက်ပြတ်ကာ ချမ်းသာ စွာအိပ်၏။

ထိုကြောင့် ကိလေ သာတို့၌ တောင့်တခြင်း အာသာ မည်သည် ကား ဆင်းရဲ၏။ အာသာမရှိသော အဖြစ်သည်သာ လျှင်ချမ်းသာ၏” ဟု သတိသံဝေဂ ပွားမိပါသည်။

အလောင်း တော်သည် နောက် တစ်နေ့ ထိုရွာမှ တောသို့ ဝင်ရောက် မိသောအခါ တော တွင်း၌ ဈာန်သမာပတ် ဝင်စားနေသော ရသေ့တစ် ပါးကို မြင်တွေ့ရ၏။

ထိုအခါ အလောင်းတော်က “ဤပစ္စုပ္ပန်လောက၌လည်းကောင်း၊ တမလွန်လောက၌လည်းကောင်း၊ သမာဓိ ထက် မြတ်သော သုခတရားသည်မရှိ၊ ကောင်းသော တည်ကြည်သော သူသည် သူတစ်ပါးကိုလည်း မညှဉ်းဆဲ၊ မိမိကိုယ်ကိုလည်း မညှဉ်းဆဲပါတကား” ဟု တွေးဆကာ တောသို့ဝင်၍ ရသေ့ရဟန်းပြုခဲ့ ပါသည်။ စင်ကြယ်သော သီလ၊ သမာဓိ၊ ပညာတို့ ကြောင့် အလောင်းတော်သည် ဈာန်အဘိညာဉ်တို့ကို ရရှိခဲ့ပြီး သေလွန်သည့်အခါ ဗြဟ္မာပြည်သို့ လားခဲ့ရ ပါတော့သည်။

နိပါတ်တော်လာ သင်ခန်းစာအနေဖြင့် တောင့်တခြင်း အာသာဆန္ဒသည် မိမိအတွက် ဒုက္ခ ဆင်းရဲကို ဖြစ်စေပါသည်။ တောင့်တခြင်း အာသာ ကင်းလျှင် သုခချမ်းသာ ဖြစ်စေပါသည်။ ဒါကြောင့် “မရှိတောင့်တ၊ ရှိကြောင့်ကြ”နှင့် “မရှိလိုချင်၊ ရှိပူပင်” မဖြစ်ရလေအောင် ပူပင်ကြောင့်ကြ ကင်း ဝေးစေရေးအတွက် ကျင့်ကြံအားထုတ်နိုင်ပါစေ။

မေတ္တာစေတနာဖြင့်

မောင်အေးထွန်း

ကျမ်းကိုး ။ ငါးရာ့ငါးဆယ်နိပါတ်တော်၊ ကုဋိဒူသကဝဂ်မှ သီလဝီမသဇာတ်။

LEAVE A REPLY

Please enter your comment!
Please enter your name here