အစက ႀကိဳသိခဲ့ရင္. . .

ဓမၼေစတီ ဥဴးေကာသလႅ ဆိုတာ မိုက္ကို လက္က ကိုင္ျပီး အဂၤလိပ္ေတြ
ေကာ ျမန္မာေတြေကာ ပါဠိေတြေကာ အဆိုေကာ အငိုေကာ ပရမတ္
တရား ဓာတ္အသားေတြကို အရပ္စကားနဲ ့ေဟာေနတဲ့ ကိုယ္ေတာ္ေပါ့။
သူမ်ား ဆိုင္မွာ သူ ့ေခြေတြ ဖြင့္ထားတာ ေတြ ့ေတာ့ စိတ္ထဲ တယ္မႀကိဳက္ခ်င္ဘူး။ တရားေဟာတာကလဲ သူ ့လုပ္စာ စားေနရတဲ့သူ
ေတြကို ေအာ္ေငါက္ေနသလိုပဲ လို ့ျမင္ျပီး သူ ့အေခြဆို ေယာင္လို ့ေတာင္ မကိုင္မိဘူး။ တစ္ေန ့မွာေတာ့ ေက်ာက္ေႀကာေတြ ဆႏြင္းမကင္း
ေတြ ေရာင္းတဲ့ အန္တီေရႊမႈံဆိုတဲ့ သူက ေခြေလးတစ္ေခြ ခဏငွား
ေပးတယ္။ ေခြမွာက ဘာမွ ထူးျပီးမေရးထားဘူး သရဏဂံု ရွင္းတမ္း
ဆိုတာေလး ပဲ ေရးထားတာ။ တရားကေတာ့ နာျဖစ္ဖို ့မလြယ္ပါဘူး
ဒါေပမယ့္ အန္တီေရႊမႈံ ကို အားနာတာေကာ လူသာငယ္တာ ဘာသာ
ေရး စိတ္ဝင္စား တယ္ လူေတာ္ေလး လို ့အမ်ားက ခ်ီးမြမ္းတာေလး
ေကာ မေလ်ာ့ခ်င္တာနဲ ့ လူအထင္ႀကီး ေတာ့ေကာ နဲလား ဆိုျပီး ေခြ
ေလး ခပ္တည္တည္ နဲ ့ယူလာခဲ့လိုက္တယ္။ ဘယ္ဆရာေတာ္ မွန္းလဲ
မသိပါဘူး အန္တီေရႊမံႈကေတာ့ ဒါမ်ိဳး နာသင့္တယ္ လို ့ေသခ်ာေျပာ
လိုက္ပါေသးတယ္။ အိမ္ေရာက္ေတာ့လဲ ေတာ္ေတာ္နဲ ့မနာျဖစ္ပါဘူး။
ေစ်းမွာ အန္တီက ‘ဟဲ့ ငါ့ေခြေလးျပန္ေပးအံုးေလ ‘ဆိုရင္ ခဏေနာ္အန္တီ က်ြန္ေတာ္ ႀကိဳက္လြန္းလို ့ ကူးထားခ်င္လို ့ ေခြကူး
ဆိုင္ပို ့ထားတယ္ လို ့ခပ္တည္တည္ပဲ ညာလိုက္တာပဲ။ အမွန္က အိမ္
မွာ ေခ်ာင္ထိုးထားတာ တစ္ခါမွလဲ မနာျဖစ္ပါဘူး ။ေနာက္ရက္မွ ျပန္ေပး
လိုက္မယ္ေပါ့။ ညပိုင္း အိမ္မွာ စိုင္းထီးဆိုင္ ေခြ နားေထာင္ခ်င္လို ့ေခြရွာ
ရင္း အဲဒိေခြေလး က အဆင္သင့္ ေတြ ့ေနတာနဲ ့ ကဲပါေလ ခဏေတာ့
ဖြင့္ လုိက္ပါ အံုးမယ္ ဆိုျပီး ဖြင့္လိုက္တာ တရားေခြ ျပီးတဲ့အထိ တစ္ထိုင္တည္း နာျဖစ္သြားတယ္။ အဲဒိက်မွ ငါ မနာပဲ မ်ား ေနမိရင္ ငါပဲ
နစ္နာမွာ လို ့ေတြးမိတယ္။ဘာသာသာသနာဆိုတာကို နားလည္ သြား
တယ္ သရဏဂံု ကို ဆည္းကပ္တက္သြားတယ္။တန္ဘိုးထားတက္သြားတယ္။
အဲဒိက်မွ အမွန္တစ္ကယ္ပဲ ေခြဆိုင္ေျပးျပီး ကူးျဖစ္ေတာ့တယ္။
အားနာလို ့လဲမဟုတ္ဘူး လူအထင္ႀကီးေအာင္လဲ မဟုတ္ဘူး
မက္မက္ေမာေမာကို ကူးျဖစ္ခဲ့တယ္။ အန္တီေရႊမံႈကိုလဲ ေက်းဇူးတင္
လိုက္တာ ခုထိ သားမိေတြလို ေဆြမ်ိဳးရင္းခ်ာလို ပဲ ခ်စ္ခင္ေပါင္းသင္း
လ်ွက္ပါ။ တရားေခြ နာျပီးမွ ဦးေကာသလႅမွန္းသိတယ္ ဦးေကာသလႅ
မွန္းသာ အစက ႀကိဳသိခဲ့ရင္ မနာျဖစ္ဘူး။ ခုေတာ့ အစက ႀကိဳမသိခဲ့
တာပဲ ေတာ္ေသးတယ္။ ေနာက္ထပ္ ဦးေကာသလႅ တရားနာခ်င္ေသး
တာနဲ ့ ဆိုင္မွာ သြားရွာေတာ့ ေမြးရပ္ေျမျမတ္ ေက်းဇူးဆပ္ ဆိုတဲ့ တရား
ေခြေလး ဝယ္လာတယ္ ညပိုင္း မိသားစု လိုက္ နာယူႀကတာ အသဲစြဲ
ကို ျဖစ္ရပါတယ္။ အဲဒိကေနာက္ ရသေလာက္ ရွာဝယ္ျပီးနာ တယ္
အခုေတာ့ ကိုယ့္ဆီကေနေတာင္ ျမန္မာျပည္အႏွံ ့ကို ျပန္လည္ျဖန္ ့ျဖဴး
တဲ့အထိ လုပ္ေနပါတယ္။ရွာမွ ရွား တဲ့ ပုဂၢိဳလ္တစ္ပါးပါပဲ သူလိုလူ
ေနာက္တစ္ဦးေပၚဖို ့ဆိုတာ ေတာ္ေတာ္မလြယ္ဘူး ဆိုတာ သူ ့တရား
ေတြ နာဖူးသူတိုင္း သိပါတယ္။ စံုေထာက္လို ေထာက္လွမ္းေရးလို
အပုတ္ခ် ဖို ့ပင္မရည္ရြယ္ခ်က္ နဲ ့သူေတြေတာ့ ခ်ြင္းခ်က္ေပါ့။
ေနာက္ပိုင္းမွာေတာ့ ဆရာေတာ့္ တရားေတြကို အဓမၼဝါဒ ေတြ ဘာေတြ
ေဝဖန္ႀကေျပာဆိုႀက ေရးသား ႀကတာ ေတြ အမ်ားႀကီး ေတြ ့ရပါတယ္။
ဒါကေတာ့ ရွိမွာပါပဲ အမွားဆိုတာ ကင္းဖို ့မွ မလြယ္ပဲ . .ဓမၼစစ္ဓမၼမွန္ကို ေကာင္းတဲ့ေစတနာနဲ ့ေဖာ္ထုတ္တဲ့ ဟာေတြကို တေလးတစား တန္ဘိုးထား နာယူဖတ္မွတ္တာရွိသလို
အတင္းအဖ်င္း အပုတ္ခ် တဲ့ဟာေတြလဲ ဖတ္ေတာ့ဖတ္ျဖစ္ခဲ့ပါတယ္
ေဟာေျပာမႈေလသံ ေရးသားမႈ အေရးသားေတြမွာလဲ ေပၚလြင္တာေတြ
ရွိပါတယ္။ တစ္ခ်ိဳ ့ေဝဖန္ေရးေတြက သိပ္ျပီး မွတ္သားစရာ ေကာင္းသလို တစ္ခ်ိဳ ့ဟာေတြက် စိတ္ပ်က္ဖို ့ေကာင္းပါတယ္။ငါသိတာ
အမွန္ က်န္တာ ဆို အမွား ဆိုတဲ့ ေဝဖန္ရွင္ေတြ ရဲ ့ေဟာေျပာေရးသားမႈ
ေတြကေတာ့ ေအာက္တန္းအက်ဆံုး အတင္းအဖ်င္းေတြေလာက္သာ
သေဘာထားစရာ ရွိေတာ့တယ္။ မာန ဣႆာ မစၧရိယ ေတြ လႊမ္းမိုး
ထားတဲ့ ေဝဖန္ ေရးေတြလဲ အမ်ားႀကီးကို ေတြ ့ရတက္ပါတယ္။
ဘယ္လိုပဲ ျဖစ္ျဖစ္ အရွင္သူျမတ္ကို အားကိုး ယံုႀကည္စိတ္ကေတာ့
ေဝဖန္ေရးေတြႀကား ဗ်ာမမ်ားသြားပါဘူး။ ငါ့ဆရာေတာ္ ေျပာသမ်ွအမွန္
ငါ့ဆရာေဟာသမ်ွ အမွန္ လို ့ တရားေသ ပုဂၢိဳလ္စြဲေလာက္တဲ့အထိလဲ
ကိုယ္က သဒၶါလြန္ကဲ ပညာနည္း အဆင့္ထိ မစြဲထားခဲ့ဘူးေလ။
ေက်းဇူးေတာ္ရွင္ မိုးကုတ္ ဆရာေတာ္ႀကီးကို သိပ္ျပီး ေလးစားျမတ္ႏိုး
တန္ဘိုးထား ႀကည္ညိဳတယ္ ဒီလိုပဲ ေဝဖန္ႀက အပုတ္ခ်ႀက တာေတြ
ေတြ ့တယ္။ အမွားေတြကို ေထာက္ျပတာေတြ ေတြ ့တယ္ ေနာက္ဆံုး
မွန္ကင္းဆရာေတာ္ ရဲ ့ေစာဒနာ ေရႊျမင့္မိုရ္ဆရာေတာ္ရဲ ့ေသာဓနာနဲ ့
မိုးကုတ္ဝိနိစၧယ ကိုပါ တြဲဖတ္ပစ္လိုက္တယ္။ ဒီလိုက်ေတာ့ေကာ မိုး
ကုတ္ဆရာေတာ္ႀကီးကို ႀကည္ညိဳေလ်ာ့လားဆိုေတာ့ ပိုလို ့ေတာင္
ႀကည္ညိဳတက္သြားတယ္။ အျပစ္ေတြ ရွာေပးခဲ့တဲ့ မွန္ကင္းဆရာေတာ္
ကိုလဲ သိပ္ျပီး ေက်းဇူးတင္တာပဲ ဆြမ္းဆန္ထဲ ေရာေနတဲ့ ႀကြက္ေခ်း
ကို သန္ ့စင္ေပးလို ့ အခု ဆြမ္းဆန္သန္ ့သန္ ့ေလး ရလိုက္ျပီလို ့ပဲ
ခံယူပါတယ္။ သူတို ့ေတြ အမ်ိဳးမ်ိဳး ပုတ္ခက္ ေဝဖန္ ေျပာျပမွ ဆရာ
ေတာ္ႀကီးရဲ ့ အရည္ခ်င္းေတြ အရည္ေသြးေတြ ေမတၲာ ဂရုဏာ ေတာ္
ေတြ ပိုလို ့ပိုလို ့ ထင္သာျမင္သာလာေတာ့တယ္။

အခုလဲ ဓမၼေစတီရႈံ ့ခ် ေရးေတြ ေတြ ့ရ ေလ ဆရာေတာ္ဘုရားကို
ပိုျပီး ျမတ္ႏိုးတက္လာေလ ဓမၼေစတီအမွားေတြ ေထာက္ျပေလေလ
အမွန္စစ္စစ္ ေတြ ကို ေဟာတာေတြ လဲ ပိုလို ့ေပၚလြင္လာေလ ပိုလို ့ပိုလို ့ ႀကည္ညိဳတန္ဘိုးထားမိေလပါပဲ။ ဒီေနရာမွာ တစ္ခု သတိထားမိ
တာက နက္နဲတဲ့ ေဒသနာ ေတြကို မွီသေလာက္ အသိဥာဏ္ ႀကံဳဖူး
သေလာက္ အေတြ ့ႀကံဳနဲ ့ တရားနာပရိတ္သက္ကို အရပ္စကားနဲ ့
ျပန္ေဟာတဲ့အခါ ဤသည္မလြဲ အမွန္ကန္ဆိုတာ ေတာ္ေတာ္မလြယ္ပါ
ဘူး။ ေဒသနာေတာ္အမ်ားႀကီး ကို နည္းမ်ိဳးစံုနဲ ့ေဟာထားတဲ့ တရားေတြ
ဆိုေတာ့ အျမင္မတူတာ အယူဆမတူတာေတြ ရွိႀကမွာပဲ။ ေဝဖန္ေရးစာ
ေတြ ဖတ္ျပီး ေဝဖန္သူေနာက္လဲ ေကာက္ေကာက္ပါေအာင္ လိုက္ျပီး
မလုပ္သလို ငါ့ဆရာမွအမွန္ဆိုတဲ့ ေနာက္လဲ မလိုက္ပါဘူး။
ငါ့ဆရာလဲ မွားေကာင္းမွားႏိုင္သလို ေဝဖန္သူလဲ အျမဲမမွန္ေနဘူးေလ

ေဝဖန္သူေတြသာ အျမဲမွန္ေက်းဆို တစ္ခုပဲရွိတယ္ အဲဒိေဝဖန္သူေတြ
သာ ေလာကမွာ ဆည္းကပ္စရာ က်န္တာ ဘာမွ အေရးမပါ ေတာ့သလို
ပဲ လုပ္လိုက္ရံုရွိေတာ့တယ္။ မိုးကုတ္ဆရာေတာ္ႀကီးကို မွားပါတယ္ အဓမၼ ဝါဒ ပါ လို ့ ေျပာျပီး တင္ျပတာကို ဒါေတာ့ မိုးကုတ္ဆရာေတာ္
ႀကီး မမွားပါဘူး အမွန္ပါ ဓမၼပါ လို ့ဆံုးျဖတ္တာေတြ မိုးကုတ္ဝိနိစၦယ မွာ
အမ်ားႀကီး ပါေနတာပဲေလ ဆရာေတာ္ႀကီး အမွန္ဆို ဘယ္သူက အမွား
လဲ ဆရာေတာ္ႀကီး ဓမၼ ပါဆို ဘယ္သူက အဓမၼ ျဖစ္သြားလဲ ဒါ ရွင္း
ေနတာပဲေလ။ဒါေႀကာင့္ ေဝဖန္ေရးေတြ လုပ္ေနတိုင္း အမွန္ေတြခ်ည္း
ေဖာ္ထုတ္ေနတာ မဟုတ္ပဲ မွန္ေနတာကို မွားေအာင္ ႀကံဖန္လုပ္မိ
တာေတြရွိတယ္ဆိုတာ သတိထားမိပါတယ္။အဓမၼပါလို ့ေဖာ္ထုတ္ရင္းက ကိုယ္တိုင္ အဓမၼထဲ ဝင္သြားတာေတြ ရွိပါတယ္။
က်မ္းကိုးေတြ တသီႀကီး ျပေနရင္းကေန အယူလြဲလိုက္တာ စာေပမစံု
လိုက္တာေႀကာင့္ လြဲတာေတြရွိေနတက္တာပါပဲ။ ကိုယ္ေတြအေနနဲ ့
ေတာ့ ေဟာတရားေတြေကာ ေဝဖန္ေရးေတြေကာ ေဘးကေန ေလ့လာ
ရံုပဲ တက္ႏိုင္တယ္။ဒီထက္ ဘာမွမစြမ္းႏိုင္ေတာ့ သဒၶါပညာေလးညီမ်ွ
ေစဖို ့သာ သတိထားေနရတာပါပဲ။ တစ္ခ်ိဳ ့ေဝဖန္ေရးေတြကေတာ့
အမႈိက္ပံုႀကီးလို အတင္းအဖ်င္းေျပာသလို ေတြမို ့ ေခါင္းထဲမထည့္ျဖစ္
တာေတြလဲရွိေတာ့ရွိတာပါပဲ။

အႀကည္ေတာ္ရဲ ့ဇတ္ကားထဲကလို ေျပာရရင္ မည္သို ့ပင္ဆိုေစကာမူ. .. . .
က်ြန္ေတာ္ သဒၶါ ပညာ ညီမ်ွ ေစဖို ့ သတိတရားေလး ထားျပီး ႀကိဳးစား
ေလ့လာနာယူမွတ္သားလ်ွက္ရွိပါတယ္။ ဆရာသမားေတြအေပၚမွာေတာ့
ျမဴမႈန္ေလာက္မွ ေစာ္ကားပစ္မွားတာ သံသယ ထားတာ မရွိပါဘူး။
တလြဲမာန နဲ ့ဣႆာ မစၧရိယ ပါးရင္ ေဝဖန္တဲ့အခါေတာင္ သိမ္သိမ္
ေမြ ့ေမြ ့နဲ ့ေစတနာေမတၲာ ပညာ အရင္းခံပါတာေတြ ေတြ ့ရပါတယ္။

ထပ္ေျပာရရင္ မည္သို ့ပင္ ဆိုေစကာမူ ဓမၼေစတီ ဆရာေတာ္ဘုရား
အေပၚ ခ်စ္ခင္အားကိုးမႈ ေလးစားအားထားမႈ မေလ်ာ့ပဲ ပိုလို ့ပိုလို ့သာ
ႀကည္ညိဳပါတယ္။ မႀကာခင္မွာပဲ ကိုယ္အစပ်ိဳး ဦးေဆာင္ခဲ့တဲ့
ပထမအႀကိမ္ ဓမၼေစတီရဲ ့ဓမၼသဘင္ ပင္လံုေျမမွာ က်င္းပေတာ့မယ္။

ဦးေကာသလႅလို ့သာ အစက ႀကိဳသိခဲ့ရင္ က်ြန္ေတာ္ ဒါေတြ မလုပ္
ျဖစ္ပါဘူး။ အစက ႀကိဳမသိခဲ့လို ့သာ . . . . .

ေမာင္လွသန္း(ပင္လံုေျမ)

(Unicode)

အစက ကြိုသိခဲ့ရင်. . .

ဓမ္မစေတီ ဥူးကောသလ္လ ဆိုတာ မိုက်ကို လက်က ကိုင်ပြီး အင်္ဂလိပ်တွေ
ကော မြန်မာတွေကော ပါဠိတွေကော အဆိုကော အငိုကော ပရမတ်
တရား ဓာတ်အသားတွေကို အရပ်စကားနဲ ့ဟောနေတဲ့ ကိုယ်တော်ပေါ့။
သူများ ဆိုင်မှာ သူ ့ခွေတွေ ဖွင့်ထားတာ တွေ ့တော့ စိတ်ထဲ တယ်မကြိုက်ချင်ဘူး။ တရားဟောတာကလဲ သူ ့လုပ်စာ စားနေရတဲ့သူ
တွေကို အော်ငေါက်နေသလိုပဲ လို ့မြင်ပြီး သူ ့အခွေဆို ယောင်လို ့တောင် မကိုင်မိဘူး။ တစ်နေ ့မှာတော့ ကျောက်ကြောတွေ ဆနွင်းမကင်း
တွေ ရောင်းတဲ့ အန်တီရွှေမှုံဆိုတဲ့ သူက ခွေလေးတစ်ခွေ ခဏငှား
ပေးတယ်။ ခွေမှာက ဘာမှ ထူးပြီးမရေးထားဘူး သရဏဂုံ ရှင်းတမ်း
ဆိုတာလေး ပဲ ရေးထားတာ။ တရားကတော့ နာဖြစ်ဖို ့မလွယ်ပါဘူး
ဒါပေမယ့် အန်တီရွှေမှုံ ကို အားနာတာကော လူသာငယ်တာ ဘာသာ
ရေး စိတ်ဝင်စား တယ် လူတော်လေး လို ့အများက ချီးမွမ်းတာလေး
ကော မလျော့ချင်တာနဲ ့ လူအထင်ကြီး တော့ကော နဲလား ဆိုပြီး ခွေ
လေး ခပ်တည်တည် နဲ ့ယူလာခဲ့လိုက်တယ်။ ဘယ်ဆရာတော် မှန်းလဲ
မသိပါဘူး အန်တီရွှေမှုံကတော့ ဒါမျိုး နာသင့်တယ် လို ့သေချာပြော
လိုက်ပါသေးတယ်။ အိမ်ရောက်တော့လဲ တော်တော်နဲ ့မနာဖြစ်ပါဘူး။
စျေးမှာ အန်တီက ‘ဟဲ့ ငါ့ခွေလေးပြန်ပေးအုံးလေ ‘ဆိုရင် ခဏနော်အန်တီ ကျွန်တော် ကြိုက်လွန်းလို ့ ကူးထားချင်လို ့ ခွေကူး
ဆိုင်ပို ့ထားတယ် လို ့ခပ်တည်တည်ပဲ ညာလိုက်တာပဲ။ အမှန်က အိမ်
မှာ ချောင်ထိုးထားတာ တစ်ခါမှလဲ မနာဖြစ်ပါဘူး ။နောက်ရက်မှ ပြန်ပေး
လိုက်မယ်ပေါ့။ ညပိုင်း အိမ်မှာ စိုင်းထီးဆိုင် ခွေ နားထောင်ချင်လို ့ခွေရှာ
ရင်း အဲဒိခွေလေး က အဆင်သင့် တွေ ့နေတာနဲ ့ ကဲပါလေ ခဏတော့
ဖွင့် လိုက်ပါ အုံးမယ် ဆိုပြီး ဖွင့်လိုက်တာ တရားခွေ ပြီးတဲ့အထိ တစ်ထိုင်တည်း နာဖြစ်သွားတယ်။ အဲဒိကျမှ ငါ မနာပဲ များ နေမိရင် ငါပဲ
နစ်နာမှာ လို ့တွေးမိတယ်။ဘာသာသာသနာဆိုတာကို နားလည် သွား
တယ် သရဏဂုံ ကို ဆည်းကပ်တက်သွားတယ်။တန်ဘိုးထားတက်သွားတယ်။
အဲဒိကျမှ အမှန်တစ်ကယ်ပဲ ခွေဆိုင်ပြေးပြီး ကူးဖြစ်တော့တယ်။
အားနာလို ့လဲမဟုတ်ဘူး လူအထင်ကြီးအောင်လဲ မဟုတ်ဘူး
မက်မက်မောမောကို ကူးဖြစ်ခဲ့တယ်။ အန်တီရွှေမှုံကိုလဲ ကျေးဇူးတင်
လိုက်တာ ခုထိ သားမိတွေလို ဆွေမျိုးရင်းချာလို ပဲ ချစ်ခင်ပေါင်းသင်း
လျှက်ပါ။ တရားခွေ နာပြီးမှ ဦးကောသလ္လမှန်းသိတယ် ဦးကောသလ္လ
မှန်းသာ အစက ကြိုသိခဲ့ရင် မနာဖြစ်ဘူး။ ခုတော့ အစက ကြိုမသိခဲ့
တာပဲ တော်သေးတယ်။ နောက်ထပ် ဦးကောသလ္လ တရားနာချင်သေး
တာနဲ ့ ဆိုင်မှာ သွားရှာတော့ မွေးရပ်မြေမြတ် ကျေးဇူးဆပ် ဆိုတဲ့ တရား
ခွေလေး ဝယ်လာတယ် ညပိုင်း မိသားစု လိုက် နာယူကြတာ အသဲစွဲ
ကို ဖြစ်ရပါတယ်။ အဲဒိကနောက် ရသလောက် ရှာဝယ်ပြီးနာ တယ်
အခုတော့ ကိုယ့်ဆီကနေတောင် မြန်မာပြည်အနှံ ့ကို ပြန်လည်ဖြန် ့ဖြူး
တဲ့အထိ လုပ်နေပါတယ်။ရှာမှ ရှား တဲ့ ပုဂ္ဂိုလ်တစ်ပါးပါပဲ သူလိုလူ
နောက်တစ်ဦးပေါ်ဖို ့ဆိုတာ တော်တော်မလွယ်ဘူး ဆိုတာ သူ ့တရား
တွေ နာဖူးသူတိုင်း သိပါတယ်။ စုံထောက်လို ထောက်လှမ်းရေးလို
အပုတ်ချ ဖို ့ပင်မရည်ရွယ်ချက် နဲ ့သူတွေတော့ ချွင်းချက်ပေါ့။
နောက်ပိုင်းမှာတော့ ဆရာတော့် တရားတွေကို အဓမ္မဝါဒ တွေ ဘာတွေ
ဝေဖန်ကြပြောဆိုကြ ရေးသား ကြတာ တွေ အများကြီး တွေ ့ရပါတယ်။
ဒါကတော့ ရှိမှာပါပဲ အမှားဆိုတာ ကင်းဖို ့မှ မလွယ်ပဲ . .ဓမ္မစစ်ဓမ္မမှန်ကို ကောင်းတဲ့စေတနာနဲ ့ဖော်ထုတ်တဲ့ ဟာတွေကို တလေးတစား တန်ဘိုးထား နာယူဖတ်မှတ်တာရှိသလို
အတင်းအဖျင်း အပုတ်ချ တဲ့ဟာတွေလဲ ဖတ်တော့ဖတ်ဖြစ်ခဲ့ပါတယ်
ဟောပြောမှုလေသံ ရေးသားမှု အရေးသားတွေမှာလဲ ပေါ်လွင်တာတွေ
ရှိပါတယ်။ တစ်ချို ့ဝေဖန်ရေးတွေက သိပ်ပြီး မှတ်သားစရာ ကောင်းသလို တစ်ချို ့ဟာတွေကျ စိတ်ပျက်ဖို ့ကောင်းပါတယ်။ငါသိတာ
အမှန် ကျန်တာ ဆို အမှား ဆိုတဲ့ ဝေဖန်ရှင်တွေ ရဲ ့ဟောပြောရေးသားမှု
တွေကတော့ အောက်တန်းအကျဆုံး အတင်းအဖျင်းတွေလောက်သာ
သဘောထားစရာ ရှိတော့တယ်။ မာန ဣဿာ မစ္ဆရိယ တွေ လွှမ်းမိုး
ထားတဲ့ ဝေဖန် ရေးတွေလဲ အများကြီးကို တွေ ့ရတက်ပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် အရှင်သူမြတ်ကို အားကိုး ယုံကြည်စိတ်ကတော့
ဝေဖန်ရေးတွေကြား ဗျာမများသွားပါဘူး။ ငါ့ဆရာတော် ပြောသမျှအမှန်
ငါ့ဆရာဟောသမျှ အမှန် လို ့ တရားသေ ပုဂ္ဂိုလ်စွဲလောက်တဲ့အထိလဲ
ကိုယ်က သဒ္ဓါလွန်ကဲ ပညာနည်း အဆင့်ထိ မစွဲထားခဲ့ဘူးလေ။
ကျေးဇူးတော်ရှင် မိုးကုတ် ဆရာတော်ကြီးကို သိပ်ပြီး လေးစားမြတ်နိုး
တန်ဘိုးထား ကြည်ညိုတယ် ဒီလိုပဲ ဝေဖန်ကြ အပုတ်ချကြ တာတွေ
တွေ ့တယ်။ အမှားတွေကို ထောက်ပြတာတွေ တွေ ့တယ် နောက်ဆုံး
မှန်ကင်းဆရာတော် ရဲ ့စောဒနာ ရွှေမြင့်မိုရ်ဆရာတော်ရဲ ့သောဓနာနဲ ့
မိုးကုတ်ဝိနိစ္ဆယ ကိုပါ တွဲဖတ်ပစ်လိုက်တယ်။ ဒီလိုကျတော့ကော မိုး
ကုတ်ဆရာတော်ကြီးကို ကြည်ညိုလျော့လားဆိုတော့ ပိုလို ့တောင်
ကြည်ညိုတက်သွားတယ်။ အပြစ်တွေ ရှာပေးခဲ့တဲ့ မှန်ကင်းဆရာတော်
ကိုလဲ သိပ်ပြီး ကျေးဇူးတင်တာပဲ ဆွမ်းဆန်ထဲ ရောနေတဲ့ ကြွက်ချေး
ကို သန် ့စင်ပေးလို ့ အခု ဆွမ်းဆန်သန် ့သန် ့လေး ရလိုက်ပြီလို ့ပဲ
ခံယူပါတယ်။ သူတို ့တွေ အမျိုးမျိုး ပုတ်ခက် ဝေဖန် ပြောပြမှ ဆရာ
တော်ကြီးရဲ ့ အရည်ချင်းတွေ အရည်သွေးတွေ မေတ္တာ ဂရုဏာ တော်
တွေ ပိုလို ့ပိုလို ့ ထင်သာမြင်သာလာတော့တယ်။

အခုလဲ ဓမ္မစေတီရှုံ ့ချ ရေးတွေ တွေ ့ရ လေ ဆရာတော်ဘုရားကို
ပိုပြီး မြတ်နိုးတက်လာလေ ဓမ္မစေတီအမှားတွေ ထောက်ပြလေလေ
အမှန်စစ်စစ် တွေ ကို ဟောတာတွေ လဲ ပိုလို ့ပေါ်လွင်လာလေ ပိုလို ့ပိုလို ့ ကြည်ညိုတန်ဘိုးထားမိလေပါပဲ။ ဒီနေရာမှာ တစ်ခု သတိထားမိ
တာက နက်နဲတဲ့ ဒေသနာ တွေကို မှီသလောက် အသိဉာဏ် ကြုံဖူး
သလောက် အတွေ ့ကြုံနဲ ့ တရားနာပရိတ်သက်ကို အရပ်စကားနဲ ့
ပြန်ဟောတဲ့အခါ ဤသည်မလွဲ အမှန်ကန်ဆိုတာ တော်တော်မလွယ်ပါ
ဘူး။ ဒေသနာတော်အများကြီး ကို နည်းမျိုးစုံနဲ ့ဟောထားတဲ့ တရားတွေ
ဆိုတော့ အမြင်မတူတာ အယူဆမတူတာတွေ ရှိကြမှာပဲ။ ဝေဖန်ရေးစာ
တွေ ဖတ်ပြီး ဝေဖန်သူနောက်လဲ ကောက်ကောက်ပါအောင် လိုက်ပြီး
မလုပ်သလို ငါ့ဆရာမှအမှန်ဆိုတဲ့ နောက်လဲ မလိုက်ပါဘူး။
ငါ့ဆရာလဲ မှားကောင်းမှားနိုင်သလို ဝေဖန်သူလဲ အမြဲမမှန်နေဘူးလေ

ဝေဖန်သူတွေသာ အမြဲမှန်ကျေးဆို တစ်ခုပဲရှိတယ် အဲဒိဝေဖန်သူတွေ
သာ လောကမှာ ဆည်းကပ်စရာ ကျန်တာ ဘာမှ အရေးမပါ တော့သလို
ပဲ လုပ်လိုက်ရုံရှိတော့တယ်။ မိုးကုတ်ဆရာတော်ကြီးကို မှားပါတယ် အဓမ္မ ဝါဒ ပါ လို ့ ပြောပြီး တင်ပြတာကို ဒါတော့ မိုးကုတ်ဆရာတော်
ကြီး မမှားပါဘူး အမှန်ပါ ဓမ္မပါ လို ့ဆုံးဖြတ်တာတွေ မိုးကုတ်ဝိနိစ္ဆယ မှာ
အများကြီး ပါနေတာပဲလေ ဆရာတော်ကြီး အမှန်ဆို ဘယ်သူက အမှား
လဲ ဆရာတော်ကြီး ဓမ္မ ပါဆို ဘယ်သူက အဓမ္မ ဖြစ်သွားလဲ ဒါ ရှင်း
နေတာပဲလေ။ဒါကြောင့် ဝေဖန်ရေးတွေ လုပ်နေတိုင်း အမှန်တွေချည်း
ဖော်ထုတ်နေတာ မဟုတ်ပဲ မှန်နေတာကို မှားအောင် ကြံဖန်လုပ်မိ
တာတွေရှိတယ်ဆိုတာ သတိထားမိပါတယ်။အဓမ္မပါလို ့ဖော်ထုတ်ရင်းက ကိုယ်တိုင် အဓမ္မထဲ ဝင်သွားတာတွေ ရှိပါတယ်။
ကျမ်းကိုးတွေ တသီကြီး ပြနေရင်းကနေ အယူလွဲလိုက်တာ စာပေမစုံ
လိုက်တာကြောင့် လွဲတာတွေရှိနေတက်တာပါပဲ။ ကိုယ်တွေအနေနဲ ့
တော့ ဟောတရားတွေကော ဝေဖန်ရေးတွေကော ဘေးကနေ လေ့လာ
ရုံပဲ တက်နိုင်တယ်။ဒီထက် ဘာမှမစွမ်းနိုင်တော့ သဒ္ဓါပညာလေးညီမျှ
စေဖို ့သာ သတိထားနေရတာပါပဲ။ တစ်ချို ့ဝေဖန်ရေးတွေကတော့
အမှိုက်ပုံကြီးလို အတင်းအဖျင်းပြောသလို တွေမို ့ ခေါင်းထဲမထည့်ဖြစ်
တာတွေလဲရှိတော့ရှိတာပါပဲ။

အကြည်တော်ရဲ ့ဇတ်ကားထဲကလို ပြောရရင် မည်သို ့ပင်ဆိုစေကာမူ. .. . .
ကျွန်တော် သဒ္ဓါ ပညာ ညီမျှ စေဖို ့ သတိတရားလေး ထားပြီး ကြိုးစား
လေ့လာနာယူမှတ်သားလျှက်ရှိပါတယ်။ ဆရာသမားတွေအပေါ်မှာတော့
မြူမှုန်လောက်မှ စော်ကားပစ်မှားတာ သံသယ ထားတာ မရှိပါဘူး။
တလွဲမာန နဲ ့ဣဿာ မစ္ဆရိယ ပါးရင် ဝေဖန်တဲ့အခါတောင် သိမ်သိမ်
မွေ ့မွေ ့နဲ ့စေတနာမေတ္တာ ပညာ အရင်းခံပါတာတွေ တွေ ့ရပါတယ်။

ထပ်ပြောရရင် မည်သို ့ပင် ဆိုစေကာမူ ဓမ္မစေတီ ဆရာတော်ဘုရား
အပေါ် ချစ်ခင်အားကိုးမှု လေးစားအားထားမှု မလျော့ပဲ ပိုလို ့ပိုလို ့သာ
ကြည်ညိုပါတယ်။ မကြာခင်မှာပဲ ကိုယ်အစပျိုး ဦးဆောင်ခဲ့တဲ့
ပထမအကြိမ် ဓမ္မစေတီရဲ ့ဓမ္မသဘင် ပင်လုံမြေမှာ ကျင်းပတော့မယ်။

ဦးကောသလ္လလို ့သာ အစက ကြိုသိခဲ့ရင် ကျွန်တော် ဒါတွေ မလုပ်
ဖြစ်ပါဘူး။ အစက ကြိုမသိခဲ့လို ့သာ . . . . .

မောင်လှသန်း(ပင်လုံမြေ)

LEAVE A REPLY

Please enter your comment!
Please enter your name here