ဟိုဘက္ကမ္းက ၿငိမ္းခ်မ္းတယ္
ေဒါက္တာနႏၵမာလာဘိဝံသ

ယခင္လမွအဆက္ –
ကဲ တရားခ်စ္ခင္ သူေတာ္စင္ ပရိသတ္တို႔ စဥ္းစားၾကည့္။ အစဥ္ ထာဝရ ဝမ္းနည္းေနတာ မရိွသလို အစဥ္ထာဝရ ဝမ္းသာေနတာေရာ ရိွရဲ႕လား။ ဝမ္းနည္းတာလည္း တစ္ ခဏပဲ၊ ဝမ္းသာတာလည္း တစ္ ခဏပဲ။ ေလာကမွာလူေတြ ဝမ္းနည္း စရာရိွရင္ ဝမ္းနည္းၿပီး အခု ငို၊ ေတာ္ေလးၾကာ ရယ္ေနၾကတာ ေတြ႕ ရျပန္တယ္။ အခုရယ္၊ ေတာ္ေလး ၾကာ ငိုတာ ေတြ႕ရျပန္တယ္။ မေတြ႕ ရဘူးလား။ ဘယ္ေတာ့မွ မတည္ၿမဲ ဘူးတဲ့။ ေဝဒနာဟာလည္း သူ႕ သက္တမ္းအရ ေသေသသြားတာ ျဖစ္ေသာေၾကာင့္ သူေသရင္လည္း က်န္တာေတြ ေသရတာျဖစ္လို႔ သူ႕ကို လူသတ္သမား ရန္သူတဲ့။ ကိုယ္က ဝမ္းသာခ်င္တယ္၊ သူက ဝမ္းနည္း တယ္။ ဝမ္းသာတာကို ဝမ္းနည္း တယ္ဆိုတာ ကိုယ့္အလိုကို လိုက္ တာလား၊ ဆန္႔က်င္တာလား။ ဆန္႔က်င္တာပါ။ ဆန္႔က်င္တဲ့အတြက္ ေၾကာင့္ သူ႕ကို ရန္သူလို႔ သတ္မွတ္ တာ။
ထို႔အတူပဲ သညာ၊ သညာ ဆိုတာ အာ႐ံုတစ္ခုခုကို ေတြ႕လိုက္ တဲ့အခါမွာ စိတ္ထဲမွာ မွတ္တမ္း တင္လုိက္တာ၊ မွတ္လုိက္တယ္။ ဆုိပါစို႔ အျဖဴ၊ အဝါ၊ အနီ၊ အစိမ္း အေရာင္ကိုၾကည့္ၿပီးေတာ့ မွတ္လိုက္ တယ္။ ေနာက္တစ္ခါေတြ႕ရင္ အရင္ တစ္ခါ မွတ္ထားတဲ့အတုိင္းပဲ ဒါက အျဖဴ၊ ဒါက အနီ၊ ဒါက အစိမ္း၊ ဒါက အဝါ မသိဘူးလား။ အဲဒါ သညာ ေၾကာင့္ သိတာ။ လူဆိုရင္ လည္း မွတ္လုိက္တယ္ေလ။ ပထမ စေတြ႕တဲ့ ဒီလူကို အရပ္ရွည္ရွည္ (သို႔) အရပ္ပုပု။ ပိန္ပိန္(သို႔)ဝဝ။ အသားအေရာင္ ျဖဴတယ္၊ ညဳိတယ္ တစ္ခါတည္း မွတ္လုိက္တာ။ အဲဒီ မွတ္ထားတဲ့အတုိင္း ေနာက္တစ္ခါ ျပန္ေတြ႕ေတာ့ မသိဘူးလား။ အဲဒါ သညာ ရဲ႕ သေဘာေတြတဲ့။ အဲဒီလို သညာက မွတ္ထားတဲ့ သညာဟာ လည္း တည္ၿမဲတာ မဟုတ္ဘူးတဲ့။ သူလည္း တစ္ခဏပဲ ျဖစ္ၿပီးေတာ့ တစ္ခဏပဲ ပ်က္သြားတာ ျဖစ္သည့္ အတြက္ေၾကာင့္ ရန္သူပဲ။ ကိုယ္မွတ္ ခ်င္တဲ့အတုိင္း မွတ္လို႔ မရဘူး။ သညာ ေပ်ာက္သြားတာေတြ အမ်ားႀကီးရိွတယ္။ တစ္ခါတစ္ရံ လြဲမွားစြာ ေျပာတာေတြ ရိွတယ္။ ဒါေၾကာင့္ သညာ ဟာလည္းပဲ ကိုယ့္ဆႏၵအတုိင္းမျဖစ္ဘူး၊ ဆန္႔က်င္ တတ္လို႔ ရန္သူလို႔ ဒီလိုသတ္မွတ္ တယ္။
ထို႔အတူ သခၤါရဆိုတာ အေတြးေတြ၊ အႀကံေတြ လိုခ်င္တာ ေတြ၊ မုန္းတီးတာေတြ စသည္ျဖင့္ လူရဲ႕ စိတ္ထဲမွာ ျဖစ္ေပၚလာတဲ့၊ က်န္တဲ့ သေဘာတရားေတြ ဟာလည္းပဲ တည္ၿမဲတယ္ဆိုတာ တစ္ခုမွ မရိွဘူး။ ဒီ့ျပင္ဟာ မၾကည့္ နဲ႔ စိတ္ဆိုးတာပဲ ၾကည့္။ စိတ္ဆိုး တယ္ဆုိတာ အၿမဲတမ္း ဆိုးတာလား၊ တစ္ခါတစ္ရံ ဆိုးတာလား။ တစ္ခါ တစ္ရံ ဆိုးတာဟာ ကိုယ္မႀကဳိက္တဲ့ အနိ႒ာ႐ံုႏွင့္ ေတြ႕လို႔ ကိုယ္မႀကဳိက္ တာ ျဖစ္ရင္ စိတ္ဆိုးတယ္။ ဣ႒ာ႐ံု နဲ႔ေတြ႕ရင္ မဆိုးျပန္ဘူး။ ျဖစ္လာၿပီး ေတာ့လည္း တည္ေနတာ မဟုတ္ ဘူး။ ကိုယ္ျဖစ္ခ်င္တုိင္း မျဖစ္ဘူး။ ဆုိင္ရာ အာ႐ံုေပၚမွာ ၾကည့္ၿပီး ျဖစ္ တဲ့အတြက္ေၾကာင့္၊ ကိုယ့္ဆႏၵေပၚမွာ မလုိက္ေလ်ာလို႔ ရန္သူလို႔ သတ္မွတ္ တယ္။ သူလည္းပဲ သူ႕ရဲ႕ သက္တမ္း အားေလ်ာ္စြာ တစ္ခဏေလးျဖစ္ၿပီး တစ္ခဏေလး ပ်က္သြားတယ္။ သူ လည္း လူသတ္သမားတဲ့။
ေနာက္ဆံုးေတာ့ ဝိညာဏ္ဆို တဲ့ အသိစိတ္ေလးကလည္း ဘယ္ေလာက္လ်င္ျမန္စြာအာ႐ံုေတြ ေပၚမွာ ေျပးလႊားေနတယ္ဆိုတာ သာမန္ေနရင္ မသိဘူး။ မ်က္စိက ျမင္လုိက္ရင္ ျမင္လုိက္တဲ့အာ႐ံုကို ေရာက္သြားတယ္။ နားက အသံ ၾကားရင္ ၾကားတဲ့အသံကို ေရာက္ သြားတယ္။ ႏွာေခါင္းက အနံ႔ရရင္ အနံ႔ရတဲ့ဆီေရာက္သြားတယ္။ တစ္ေနရာတည္းမွာ ရပ္တည္ၿပီး မေနဘူး၊ စိတ္ကို ျမတ္စြာဘုရားက ေမ်ာက္နဲ႔ ဥပမာ ေပးထားတယ္။ ေမ်ာက္ဆုိတဲ့ အေကာင္က ေတာ ထဲမွာ သစ္ပင္ေပၚေနလုိ႔ရိွရင္ ဒီ သစ္ကိုင္းဆြဲလုိက္၊ ဟိုသစ္ကိုင္း ဆြဲလုိက္၊ ဟိုဘက္ကူးလုိက္၊ ဒီဘက္ ကူးလုိက္ ၿငိမ္ေနတဲ့အခါဆိုတာ မရိွဘူး။
ထို႔အတူပဲ အသိစိတ္ေလးဟာ မ်က္စိႏွင့္ျမင္တဲ့ အာ႐ံု၊ နားႏွင့္ၾကား တဲ့ အာ႐ံု၊ ႏွာေခါင္းက နံတဲ့ အာ႐ံု မ်ဳိးစံုေရာက္တယ္။ အိမ္မွာေနရင္းနဲ႔ မ်က္စိကျမင္ရင္ ျမင္တဲ့ဘက္ စိတ္က ေရာက္သြားျပန္ေရာ။ တစ္ေနရာက ေဒါက္ခနဲ အသံၾကားရင္ ၾကားတဲ့ ဆီ ေရာက္သြားတယ္။ အနံ႔ကေလး နံလာရင္ ဘာနံ႔လဲလို႔ စိတ္က ေရာက္ သြားျပန္တယ္။ တရားအားထုတ္ၿပီး ထြက္ေလ၊ ဝင္ေလကို မွတ္ၿပီး ၾကည့္ လိုက္၊ ဘယ္ေလာက္ၾကာေအာင္ မွတ္ႏုိင္သလဲလို႔ အက်င့္ရေအာင္ လုပ္ရတယ္။ အက်င့္မရရင္ ဒီ အာ႐ံုေလးမွာ တားလို႔ကိုမရဘူး၊ ေျပး ေနတယ္။ ေျပးေနတဲ့ သဘာဝ တရားသည္ ကိုယ္ျဖစ္ခ်င္တာကို မျဖစ္ဘူး။ ျဖစ္ေစခ်င္တုိင္း မျဖစ္ သည့္အတြက္ ဒီစိတ္ကေလးဟာ မိတ္ေဆြမဟုတ္ဘူး။ ရန္သူျဖစ္ေန တယ္တဲ့။
တစ္ခဏေလးအတြင္းမွာ ျဖစ္ၿပီး ပ်က္သြားတဲ့အတြက္ေၾကာင့္ သူလည္း လူသတ္သမားပဲ။ လူ႕ရဲ႕ သႏၲာန္မွာ အသိစိတ္ေလးဆံုးသြား ရင္ က်န္တဲ့ သဘာဝတရားေတြ လည္း အကုန္ပ်က္စီးသြားတယ္။ ခႏၶာငါးပါးရထားတဲ့ ပုဂၢဳိလ္တုိင္းဟာ မေသရဘူးလား။ ဘာျဖစ္လို႔ ေသရ တုံးဆိုေတာ့ ဆုိင္ရာ အေၾကာင္း ေၾကာင့္ ျဖစ္လာတာ။ ဆုိင္ရာ အေၾကာင္း ပ်က္စီးသြားတာနဲ႔ တစ္ၿပဳိင္နက္ သူတို႔လည္း ပ်က္စီး သြားတာပဲ။ ေစာင္းကေလးကို တစ္ခ်က္တီးလုိက္ရင္ အသံမထြက္ ဘူးလား။ မတီးဘဲထားလုိက္ရင္ အဲဒီ အသံဟာ ေပ်ာက္သြားသလား။ တီး တဲ့အခ်ိန္ေလး ေပၚလာတာ။ မတီးလို႔ ရပ္လုိက္တာနဲ႔ အသံေပၚထြက္မလာ ေတာ့ဘူး။ အေၾကာင္းရိွတဲ့အခ်ိန္မွ ေပၚလာတာ။ အေၾကာင္းမရိွတဲ့အခ်ိန္ မေပၚဘူးဆိုတာ ထင္ရွားတယ္။
ေဟတံု ပဋိစၥ သမၻဴတာ၊ ေဟတုဘဂၤါ နိ႐ုဇၥ်ေရ -အေၾကာင္း ရိွရင္ ေပၚလာၿပီးေတာ့ အေၾကာင္း ပ်က္သြားတာနဲ႔ တစ္ၿပဳိင္နက္ ဒါေတြ ဟာ ေပ်ာက္သြားတယ္။ မတည္ၿမဲ တဲ့ သေဘာေလးကို ေျပာတာ။ ဒီ ဘဝ ဒီဘက္မွာရိွတဲ့ ဘဝသံသရာ ထဲမွာေနတဲ့ ပုဂၢဳိလ္ေတြဟာ သူတို႔ ရထားတာ ခႏၶာငါးပါး ျဖစ္တယ္။ ခႏၶာငါးပါးသည္ ေသတတ္တဲ့ သေဘာရိွလို႔ ျမတ္စြာဘုရားက ခႏၶာ (၅)ပါးကို သူသတ္သမားလို႔ ေဟာ ထားတယ္။ ကိုယ့္အလိုအတုိင္း မျဖစ္ လို႔ ရန္သူလို႔ ေဟာထားတာ။ အဲဒီ ေတာ့ ခႏၶာငါးပါး ရ,ထားတဲ့ ပုဂၢဳိလ္ တုိင္းဟာ ၿငိမ္းခ်မ္းတာ ဟုတ္ရဲ႕လား။ တကယ္ေတာ့ လံုးဝ မၿငိမ္းခ်မ္းဘူး။ ဟိုကျဖစ္လုိက္၊ ဒီကျဖစ္လိုက္နဲ႔ လူေတြဒုကၡေရာက္ေနၾကတယ္။ ခဏ တျဖဳတ္ ထိုင္ေနရင္း တရားနာရင္းနဲ႔ ေတာင္ ဟိုနားက နာလုိက္၊ ဒီနားက နာလုိက္နဲ႔ ေညာင္းလာတာေတြ ေတြ႕ ရတတ္တယ္။ အၿမဲတမ္း ျဖစ္ေန တာ။ ဒါေၾကာင့္ အႏၲရာယ္ကင္းၿပီး ၿငိမ္းခ်မ္းတဲ့ေနရာ မဟုတ္ဘူး။ ဘဝ ဆုိတာ ျပႆနာေတြနဲ႔ခ်ည္းပဲ။
ေနာက္တစ္ခုက အတြင္း ရန္သူဆိုတာ ဘယ္သူ႕ေျပာတာလဲ ဆိုေတာ့ နႏၵီရာဂ ဆိုတဲ့ တပ္မက္ တဲ့တဏွာ။ အဲဒီ တပ္မက္တဲ့ တဏွာ ကလည္းပဲ လူတကာကို ဒုကၡေပးလုိ႔ အတြင္းက ရန္သူလုိ႔ ေခၚတယ္။ သူနဲ႔ ေတြ႕လို႔ လူတုိင္း ဒုကၡေရာက္ေနတာ။ အခု ဘုန္းႀကီးတို႔တစ္ေတြ ဘဝတစ္ခု ရေနတဲ့ အိုျခင္း၊ နာျခင္း၊ ေသျခင္း ဆိုတဲ့ ဆင္းရဲကအစ ျပႆနာမ်ဳိးစံု ေတြ႕ႀကဳံေနရတာ ဘယ္သူ႕ေၾကာင့္လဲ ဆိုရင္ နႏၵီရာဂ ဆိုတဲ့ တဏွာ ေၾကာင့္ပဲ။
အဲဒီ လုိခ်င္တပ္မက္တဲ့တဏွာ ရိွခဲ့သည့္အတြက္ေၾကာင့္ ဘဝတစ္ခု ကိုရတယ္။ ဘဝတစ္ခု ရလာလို႔ ဒုကၡ မ်ဳိးစံု ေတြ႕ေနရတယ္ဆိုေတာ့ နႏၵီ ရာဂ လို႔ဆိုတဲ့ တဏွာသည္ ဒုကၡ ေပးတတ္ေသာေၾကာင့္ ရန္သူတဲ့။ ေလာကမွာ လူေတြက ေျပာၾက တယ္။ ”ဒီေကာင္ ေတာ္ေတာ္ဒုကၡ ေပးတယ္၊ တုိ႔ရဲ႕ ရန္သူပဲ” လို႔ ဒီလို သတ္မွတ္ၾကတယ္။ ဒုကၡေပးေနတာ ကို ရန္သူလို႔ သတ္မွတ္မယ္ဆိုရင္ ဘဝမွာ ဒုကၡအေပးဆံုးက ဘယ္သူ လဲဆိုေတာ့ နႏၵီရာဂ လို႔ဆိုတဲ့ အာ႐ံု ေပၚမွာ တြယ္တာၿပီး ႏွစ္သက္တဲ့ သဘာဝတရားပဲ။ ဒီ့ျပင္လူကို လက္ညႇဳိးမထိုးနဲ႔။ တကယ့္ ရန္သူ အစစ္က ဒါပဲ။ တို႔တစ္ေတြဟာ တျဖည္းျဖည္း အိုအိုလာရတာ သူ႕ေၾကာင့္ပဲ။ သူလုပ္လုိက္တာေတြ ဟာ ျပႆနာခ်ည္းပဲ။ သူဖန္တီး လုိက္တဲ့အတြက္ေၾကာင့္ တျဖည္း ျဖည္း အိုလာရတယ္၊ နာလာရ တယ္၊ ေနာက္ဆံုး ေသသြားျပန္ၿပီ၊ ေသသြားၿပီး လြတ္သြားလား၊ မလြတ္ ဘူး။ ေနာက္ဘဝတစ္ခါ ဆက္ျပန္ တယ္။ အိုလိုက္၊ နာလိုက္၊ ေသ လုိက္နဲ႔ ဒီလိုသြားတာ။ ဒါေၾကာင့္ နႏၵီရာဂ ကို ‘အတြင္းရန္သူ’ လို႔ ဒီလိုေျပာတာ။
အဲဒီ နႏၵီရာဂ ဆုိတဲ့ အတြင္း ရန္သူကိုလည္း ဝိပႆနာဉာဏ္နဲ႔ ႐ႈျမင္ႏုိင္ေအာင္ ႐ႈျမင္ရမယ္။ သူ႕ရဲ႕ ဒုကၡေပးပံုကိုလည္း နားလည္ရမယ္။ ဒါေၾကာင့္မို႔ ျမတ္စြာဘုရားက ဓမၼ စၾကာမွာလည္း ေဟာထားတယ္။ ‘ယာယံ တဏွာ နႏၵီရာဂသဟ ဂတာ တၾတတၾတဘိနႏၵိနီ’ ဒုကၡ သမုဒယ၊ ဒုကၡျဖစ္ေစတတ္တဲ့ တရားလို႔ ဒီလို ေဟာထားခဲ့တာ။ အဲဒီေတာ့ ဒုကၡေပးလို႔ရိွရင္ ရန္သူ ေခၚမလား၊ မိတ္ေဆြေခၚမလား၊ ရန္သူပဲ ေခၚရမယ္။ သူေပးလုိက္ တာေတြက ကိုယ့္မွာ ဒုကၡေတြႀကီးပဲ။ အဲဒီေတာ့ ဒီေကာင္ကတုိ႔ကို သိပ္ ဒုကၡေပးတာပဲလို႔ ဆုိၿပီးေတာ့ လူ ေတြက မုန္းတီးၾကတယ္။ အဲဒီလူ ဒုကၡေပးတာထက္ ပိုဒုကၡေပးႏုိင္ တာက ကိုယ့္ရဲ႕အတြင္းထဲမွာျဖစ္တဲ့ အာ႐ံုေတြေပၚ တပ္မက္တဲ့ တဏွာ ရာဂေတြက ပိုဒုကၡေပးတယ္လို႔ ဒီလို သတ္မွတ္ရမယ္။
ေအး နႏၵီရာဂ ဆိုတဲ့ ရန္သူ ရိွေနသည့္အတြက္ေၾကာင့္ ဒီဘက္ ကမ္းက မၿငိမ္းခ်မ္းဘူး။ ဘယ္လိုမွ ၿငိမ္းခ်မ္းေအာင္ တည္ေဆာက္လို႔ မရဘူး။
ဒါျဖင့္ ေကာင္းၿပီ၊ တျခား ဘာျပႆနာေတြ ရိွေသးတုံးဆိုေတာ့ ေျခာက္အိမ္စုရြာဆုိတာ ဒီဘက္ကမ္း မွာ ရိွေသးတယ္။ ဘုန္းႀကီးတို႔ တစ္ေတြဟာ ေျခာက္အိမ္စုရြာ ကေလးမွာ ေနၾကတယ္။ ေျခာက္ အိမ္စုရြာဆိုတာ တျခားကိုေျပာတာ မဟုတ္ဘူး။ စကၡဳ၊ ေသာတ၊ ဃာန၊ ဇိဝွါ၊ ကာယ၊ မန လို႔ ဆိုတဲ့ အဇၥ်တၱိ- ကာယတန ေျခာက္ပါးကို ေျပာတာ တဲ့။ ဘုန္းႀကီးတို႔တစ္ေတြမွာ မ်က္စိ၊ နား၊ ႏွာေခါင္း၊ လွ်ာ၊ ကိုယ္၊ စိတ္ ရိွတယ္၊ မ်က္စိပါတယ္။ မ်က္စိပါ သည့္အတြက္ေၾကာင့္ ျမင္စရာအာ႐ံု ေတြကို ျမင္ရတယ္။ နားပါသည့္ အတြက္ေၾကာင့္ အသံေတြကို ၾကားရ တယ္။ ႏွာေခါင္းပါသည့္အတြက္ ေၾကာင့္ အနံ႔ေတြကို ရတယ္။ လွ်ာပါ သည့္အတြက္ေၾကာင့္ အရသာ သိရ တယ္။ ခႏၶာကိုယ္ပါသည့္အတြက္ ေၾကာင့္ အထိအေတြ႕။ စိတ္ပါသည့္ အတြက္ေၾကာင့္ စိတ္ကူးစိတ္သန္း အာ႐ံုေတြကို ရယူႏုိင္တယ္တဲ့။ အဲဒီ ေျခာက္မ်ဳိးက တစ္ခုနဲ႔တစ္ခု မတူ ဘူး။
အဲဒီ အဇၥ်တၱိက အာယတန (၆)ပါး ေျခာက္အိမ္စုရြာကေလးကို ေလ့လာၾကည့္လုိက္မယ္။ အႏွစ္သာရ လိုက္ရွာၾကည့္လုိက္မယ္ဆုိရင္ ဘာမွ မရိွဘူး။ မ်က္စိထဲမွာ အႏွစ္သာရ ရွာၾကည့္စမ္း ဘာမွမရိွဘူး။ ခုိင္မာ တာလည္း တစ္ခုမွမရိွဘူး။ ၿမဲတာ လည္း တစ္ခုမွ မရိွဘူး။ ဘာျဖစ္လို႔ တုံးဆိုေတာ့ စကၡဳကလာပဆုိတာ ႐ုပ္(၁ဝ)မ်ဳိးနဲ႔ ဖြဲ႕ထားတာ။ ဘာနဲ႔ ဖြဲ႕ထားတုံးဆို ခုနက ေလးေကာင္လို႔ေခၚတဲ့ ဓာတ္ႀကီး ေလးပါး ပါတယ္။ အဆိပ္ျပင္းတဲ့ ေႁမြႀကီး ေလးေကာင္ပါတယ္။ ေနာက္ အဆင္းဆိုတဲ့ အာ႐ံုတစ္ခုပါတယ္။ အနံ႔ဆိုတာပါတယ္။ အရသာဆုိတာ ပါတယ္။ ၾသဇာဓာတ္ဆိုတာပါတယ္။ အဲဒီရွစ္ခုမွာ ေစာင့္ေရွာက္တတ္တဲ့ ဇီဝဓာတ္ ဆိုတာပါတယ္။ အဲဒီထဲမွာ စကၡဳ ပသာဒ အရိပ္လာထင္တဲ့ မ်က္လံုး အၾကည္ကေလးဆုိတာ ပါတယ္။ အဲဒီမ်က္လံုးအၾကည္ေလးနဲ႔ က်န္တဲ့ ႐ုပ္ကိုးခုေပါင္းၿပီးေတာ့မွ မ်က္လံုးဆိုတာေလးကို သတ္မွတ္ ထားတာ။
အဲဒီ စကၡဳပသာဒ႐ုပ္ေလးဟာ ကံေၾကာင့္ျဖစ္တယ္။ သူနဲ႔ ယွဥ္တြဲ တာလည္း ကံေၾကာင့္ ျဖစ္တာ။ ကံ တရားေၾကာင့္ ျဖစ္လာေပမဲ့ ဥတုက ေထာက္ပံ့ေပးထားရတယ္၊ အာဟာရ က ေထာက္ပံ့ေပးထားရတယ္၊ စိတ္ဓာတ္က ပံ့ပိုးေပးရတယ္။ ကံ၊ စိတ္၊ ဥတု၊ အာဟာရဆုိတဲ့ အေၾကာင္း(၄)ပါးက ေထာက္ပံ့ေပး ထားလုိ႔ရပ္တည္ႏုိင္တာ။ အေၾကာင္း (၄)ပါး ၿပဳိကြဲသြားတာနဲ႔ သူလည္း ၿပဳိကြဲသြားမွာပဲ။ အထဲထဲ ဝင္ရွာ ၾကည့္လုိ႔ရိွရင္ မ်က္စိထဲမွာ အႏွစ္ သာရ ခုိင္မာတယ္ဆုိတာ ဘာတစ္ခု မွမရိွဘူးတဲ့။ ဒါေၾကာင့္မို႔ ေျခာက္ အိမ္စု ရြာကေလးထဲမွာ ဘာမွမရိွ ဘူး။ အိမ္ေတြက အေခါင္းႀကီးထဲ ပဲလို႔ ဒီလိုေျပာတာ။ မ်က္စိ၊ နား၊ ႏွာ၊ လွ်ာ၊ ကိုယ္၊ စိတ္ဆိုတဲ့ ေျခာက္ အိမ္စုရြာ ဘုန္းႀကီးတို႔တစ္ေတြမွာ မရိွဘူးလား၊ ရိွေနတယ္။
ဒီေျခာက္အိမ္စုရြာကို ဝင္ဝင္ ၿပီးေတာ ့မၾကာခဏ ဒုကၡေပးေနတဲ့ ဓားျပ(၆)ေယာက္က ရိွေသးတယ္။ အဲဒီ ဓားျပ(၆)ေယာက္ဆိုတာ ဘာေတြလဲဆိုရင္ ႐ူပါ႐ံု၊ သဒၵါ႐ံု၊ ဂႏၶာ႐ံု၊ ရသာ႐ံု၊ ေဖာ႒ာဗၺာ႐ံု၊ ဓမၼာ႐ံု လို႔ဆိုတဲ့ အာ႐ံု(၆)ပါးပဲ။ မ်က္စိကေန ၿပီး ႐ူပါ႐ံုက ဝင္မလာဘူးလား။ မ်က္စိဖြင့္လုိက္တာနဲ႔ ျမင္စရာအာ႐ံု ကိုျမင္တယ္။ ႏွစ္သက္စရာအာ႐ံု ဆိုရင္ ေလာဘျဖစ္လုိက္တယ္။ မႏွစ္သက္စရာ အာ႐ံုဆိုရင္ ေဒါသ ျဖစ္လိုက္တယ္။ မ်က္စိထဲမွာ ေလာဘ ျဖစ္လုိက္၊ ေဒါသျဖစ္လိုက္ဆိုေတာ့ အသိပညာလို႔ဆိုတဲ့ ရတနာေတြကို လုယက္ တုိက္ခုိက္တာနဲ႔ အဓိပၸာယ္ မတူဘူးလား။ ခႏၶာကိုယ္ထဲမွာ ရိွၾက တဲ့ မ်က္စိ။ မ်က္စိကေန လွတဲ့ အာ႐ံုကို ျမင္ၿပီးေတာ့ လိုခ်င္တဲ့ စိတ္ ေတြျဖစ္ရင္ ေလာဘျဖစ္သြားတယ္။ ေလာဘျဖစ္တယ္ဆိုရင္ အသိပညာ ကို ဖ်က္ဆီးပစ္တာပဲ။ တန္ဖိုးရိွတဲ့ ကုသုိလ္ေတြ အလုအယက္ ခံေနရ တာ။ ဘယ္သူက လုတာတုံးဆုိရင္ ႐ူပါ႐ံုနဲ႔ေတြ႕လို႔ ႐ူပါ႐ံုကို တပ္မက္တဲ့ ေလာဘက လာလုသြားတယ္ဆုိတဲ့ အဓိပၸာယ္ပဲ။
လူေတြရဲ႕ စိတ္ဆိုတာ အာ႐ံု ေနာက္ လိုက္တာ မဟုတ္လား။ အာ႐ံုေနာက္ လုိက္သည့္အတြက္ လွပတဲ့ အာ႐ံုေနာက္လိုက္ေတာ့ ေလာဘျဖစ္သြားသည့္အတြက္ ေၾကာင့္ ထိုအာ႐ံုရဲ႕ သဘာဝကို သိ ေသးရဲ႕လား။ ထိုအာ႐ံုရဲ႕ သဘာဝ အမွန္ကို မသိလိုက္တာဟာ ပညာ ဆံုး႐ႈံးသြားတာလို႔ ေခၚတယ္။ ထို အာ႐ံုေလးေပၚမွာ စိတ္တည္ၾကည္ ေအာင္ မလုပ္ႏုိင္တာ၊ သဘာဝကို သိေအာင္ သတိေလးနဲ႔ စူးစိုက္ မထားႏုိင္တာကို သတိဆံုး႐ႈံးသြား တယ္လို႔ ေခၚတယ္။ ေလာဘ ျဖစ္လုိက္တာနဲ႔တစ္ၿပဳိင္နက္ ထိုအာ႐ံု ရဲ႕ တုိက္ခုိက္မႈကို ခံလိုက္ရၿပီ။ ေဒါသ ျဖစ္လုိက္တာနဲ႔ တစ္ၿပဳိင္နက္ ထို အာ႐ံုရဲ႕ တုိက္ခုိက္မႈကို ခံရၿပီ။
အၾကမ္းဖ်င္း ေျပာရလို႔ရိွရင္ ဘုန္းႀကီးတို႔တစ္ေတြ မ်က္လံုးေလး ဖြင့္လုိက္တာနဲ႔ ျမင္စရာအာ႐ံုကို မျမင္ဘူးလား။ ျမင္လုိက္တဲ့အခါမွာ ႏွစ္သက္စရာ အာ႐ံုဆုိရင္ လိုခ်င္တဲ့ စိတ္ မေပၚဘူးလား။ အဲဒါ လူဆိုး ဓားျပအတုိက္ခံရတာလို႔ ေခၚတယ္။ ဘာျဖစ္လု႔ိလဲဆိုရင္ ကိုယ့္သႏၲာန္မွာ အင္မတန္တန္ဖိုးရိွတဲ့ အခ်ိန္ပိုင္း ေလးေတြဟာ ေလာဘျဖစ္လုိက္တဲ့ အခ်ိန္မွာ ကုသိုလ္ေတြ လံုးဝပ်က္စီး သြားတယ္။ ကုသိုလ္ေတြ မျဖစ္ႏုိင္ဘဲ နဲ႔ အကုသိုလ္ေတြ ျဖစ္သြားတယ္။ ကိုယ္မႀကဳိက္တဲ့ အနိ႒ာ႐ံုေလးကို ၾကည့္ၿပီးေတာ့ ေဒါသျဖစ္မသြားဘူး လား။ ျဖစ္သြားလုိက္တာနဲ႔ တစ္ၿပဳိင္ နက္ ကိုယ့္သႏၲာန္ထဲမွာ ဘာေတြ ပ်က္စီးသြားတုံးဆို အသိဉာဏ္ေတြ ပ်က္စီးသြားၿပီ၊ သတိေတြ ပ်က္စီး သြားၿပီ။ တန္ဖိုးရိွတာေတြ၊ အာ႐ံုကို အမွန္အတိုင္း သိရမယ့္အစား ေလာဘက ျဖစ္သြားတယ္၊ ေဒါသက ျဖစ္သြားတယ္ဆုိေတာ့ ပစၥည္းကို လုယူသြားတာနဲ႔ မတူဘူးလား။ တူတယ္။ ဒါေၾကာင့္မို႔လို႔ ဓားျပ (၆)ေယာက္ကလည္း ဒီရြာထဲကို ခဏခဏ ဝင္ၿပီးေတာ့ ေမႊေနတယ္ လို႔ ေျပာတာ။
သာယာတဲ့အသံကေလး နားက ဝင္လာေတာ့ ေလာဘျဖစ္ လိုက္တယ္၊ မႀကဳိက္ရင္ ေဒါသျဖစ္ လုိက္တယ္။ ေမႊးႀကဳိင္တဲ့ အနံ႔ ကေလး ေလာဘျဖစ္လုိက္တယ္။ နံေစာ္တဲ့ အန႔ံက်ေတာ့ ေဒါသျဖစ္ လုိက္တယ္။ ေကာင္းတဲ့အရသာ ဆိုရင္ ေလာဘ ျဖစ္လုိက္တယ္။ မေကာင္းတဲ့ အရသာက်ေတာ့ ေဒါသျဖစ္လုိက္တယ္။ လူေတြရဲ႕ သႏၲာန္မွာၾကည့္၊ ေလာဘ ျဖစ္လုိက္ တုိင္း၊ ေဒါသျဖစ္လုိက္တုိင္း သဒၶါတို႔၊ ဝီရိယတို႔၊ သတိတို႔၊ ပညာတို႔ ဆံုး႐ႈံး မသြားဘူးလား။ အဲဒါဓားျပဝင္တုိက္ တာနဲ႔ အတူတူပဲေပါ့။ မသိမသာ ဆုိရင္ အခုေခတ္က အႏုၾကမ္းစီး တယ္လို႔ ေခၚတာမဟုတ္လား။ ႏုလည္းႏု၊ ၾကမ္းလည္းၾကမ္းတယ္ ေပါ့။ ကိုယ့္သႏၲာန္မွာ ရိွတာေတြ အကုန္ပါပါၿပီးေတာ့ သြားတယ္။ ဒါေၾကာင့္မို႔ ဒီဘက္ကမ္းက ေျခာက္အိမ္စုရြာကေလးမွာ အၿမဲတမ္း ဓားျပ(၆)ေယာက္ရဲ႕ အေမႊခံေနရ သည့္အတြက္ေၾကာင့္ ၿငိမ္းခ်မ္းမႈ မရိွဘူးတဲ့။ ဒီဘက္ကမ္းမွာ ေႁမြႀကီး (၄)ေကာင္ကလည္း ဒုကၡေပးတယ္။ လူသတ္သမား(၅)ေယာက္ကလည္း ဒုကၡေပးတယ္။ အတြင္းလူ တစ္ေယာက္ကလည္း အႏၲရာယ္ျပဳ ေနတယ္။ ေျခာက္အိမ္စုရြာကလည္း မလံုၿခဳံဘူး။ ဓားျပ(၆)ေယာက္က အၿမဲတမ္း ဒုကၡေပးေနတယ္။

ေဒါက္တာအရွင္နႏၵမာလာဘိဝံသ
ဆက္လက္ေဖာ္ျပပါမည္။

(Unicode)

ဟိုဘက်ကမ်းက ငြိမ်းချမ်းတယ်
ဒေါက်တာနန္ဒမာလာဘိဝံသ

ယခင်လမှအဆက် –
ကဲ တရားချစ်ခင် သူတော်စင် ပရိသတ်တို့ စဉ်းစားကြည့်။ အစဉ် ထာဝရ ဝမ်းနည်းနေတာ မရှိသလို အစဉ်ထာဝရ ဝမ်းသာနေတာရော ရှိရဲ့လား။ ဝမ်းနည်းတာလည်း တစ် ခဏပဲ၊ ဝမ်းသာတာလည်း တစ် ခဏပဲ။ လောကမှာလူတွေ ဝမ်းနည်း စရာရှိရင် ဝမ်းနည်းပြီး အခု ငို၊ တော်လေးကြာ ရယ်နေကြတာ တွေ့ ရပြန်တယ်။ အခုရယ်၊ တော်လေး ကြာ ငိုတာ တွေ့ရပြန်တယ်။ မတွေ့ ရဘူးလား။ ဘယ်တော့မှ မတည်မြဲ ဘူးတဲ့။ ဝေဒနာဟာလည်း သူ့ သက်တမ်းအရ သေသေသွားတာ ဖြစ်သောကြောင့် သူသေရင်လည်း ကျန်တာတွေ သေရတာဖြစ်လို့ သူ့ကို လူသတ်သမား ရန်သူတဲ့။ ကိုယ်က ဝမ်းသာချင်တယ်၊ သူက ဝမ်းနည်း တယ်။ ဝမ်းသာတာကို ဝမ်းနည်း တယ်ဆိုတာ ကိုယ့်အလိုကို လိုက် တာလား၊ ဆန့်ကျင်တာလား။ ဆန့်ကျင်တာပါ။ ဆန့်ကျင်တဲ့အတွက် ကြောင့် သူ့ကို ရန်သူလို့ သတ်မှတ် တာ။
ထို့အတူပဲ သညာ၊ သညာ ဆိုတာ အာရုံတစ်ခုခုကို တွေ့လိုက် တဲ့အခါမှာ စိတ်ထဲမှာ မှတ်တမ်း တင်လိုက်တာ၊ မှတ်လိုက်တယ်။ ဆိုပါစို့ အဖြူ၊ အဝါ၊ အနီ၊ အစိမ်း အရောင်ကိုကြည့်ပြီးတော့ မှတ်လိုက် တယ်။ နောက်တစ်ခါတွေ့ရင် အရင် တစ်ခါ မှတ်ထားတဲ့အတိုင်းပဲ ဒါက အဖြူ၊ ဒါက အနီ၊ ဒါက အစိမ်း၊ ဒါက အဝါ မသိဘူးလား။ အဲဒါ သညာ ကြောင့် သိတာ။ လူဆိုရင် လည်း မှတ်လိုက်တယ်လေ။ ပထမ စတွေ့တဲ့ ဒီလူကို အရပ်ရှည်ရှည် (သို့) အရပ်ပုပု။ ပိန်ပိန်(သို့)ဝဝ။ အသားအရောင် ဖြူတယ်၊ ညိုတယ် တစ်ခါတည်း မှတ်လိုက်တာ။ အဲဒီ မှတ်ထားတဲ့အတိုင်း နောက်တစ်ခါ ပြန်တွေ့တော့ မသိဘူးလား။ အဲဒါ သညာ ရဲ့ သဘောတွေတဲ့။ အဲဒီလို သညာက မှတ်ထားတဲ့ သညာဟာ လည်း တည်မြဲတာ မဟုတ်ဘူးတဲ့။ သူလည်း တစ်ခဏပဲ ဖြစ်ပြီးတော့ တစ်ခဏပဲ ပျက်သွားတာ ဖြစ်သည့် အတွက်ကြောင့် ရန်သူပဲ။ ကိုယ်မှတ် ချင်တဲ့အတိုင်း မှတ်လို့ မရဘူး။ သညာ ပျောက်သွားတာတွေ အများကြီးရှိတယ်။ တစ်ခါတစ်ရံ လွဲမှားစွာ ပြောတာတွေ ရှိတယ်။ ဒါကြောင့် သညာ ဟာလည်းပဲ ကိုယ့်ဆန္ဒအတိုင်းမဖြစ်ဘူး၊ ဆန့်ကျင် တတ်လို့ ရန်သူလို့ ဒီလိုသတ်မှတ် တယ်။
ထို့အတူ သင်္ခါရဆိုတာ အတွေးတွေ၊ အကြံတွေ လိုချင်တာ တွေ၊ မုန်းတီးတာတွေ စသည်ဖြင့် လူရဲ့ စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့၊ ကျန်တဲ့ သဘောတရားတွေ ဟာလည်းပဲ တည်မြဲတယ်ဆိုတာ တစ်ခုမှ မရှိဘူး။ ဒီ့ပြင်ဟာ မကြည့် နဲ့ စိတ်ဆိုးတာပဲ ကြည့်။ စိတ်ဆိုး တယ်ဆိုတာ အမြဲတမ်း ဆိုးတာလား၊ တစ်ခါတစ်ရံ ဆိုးတာလား။ တစ်ခါ တစ်ရံ ဆိုးတာဟာ ကိုယ်မကြိုက်တဲ့ အနိဋ္ဌာရုံနှင့် တွေ့လို့ ကိုယ်မကြိုက် တာ ဖြစ်ရင် စိတ်ဆိုးတယ်။ ဣဋ္ဌာရုံ နဲ့တွေ့ရင် မဆိုးပြန်ဘူး။ ဖြစ်လာပြီး တော့လည်း တည်နေတာ မဟုတ် ဘူး။ ကိုယ်ဖြစ်ချင်တိုင်း မဖြစ်ဘူး။ ဆိုင်ရာ အာရုံပေါ်မှာ ကြည့်ပြီး ဖြစ် တဲ့အတွက်ကြောင့်၊ ကိုယ့်ဆန္ဒပေါ်မှာ မလိုက်လျောလို့ ရန်သူလို့ သတ်မှတ် တယ်။ သူလည်းပဲ သူ့ရဲ့ သက်တမ်း အားလျော်စွာ တစ်ခဏလေးဖြစ်ပြီး တစ်ခဏလေး ပျက်သွားတယ်။ သူ လည်း လူသတ်သမားတဲ့။
နောက်ဆုံးတော့ ဝိညာဏ်ဆို တဲ့ အသိစိတ်လေးကလည်း ဘယ်လောက်လျင်မြန်စွာအာရုံတွေ ပေါ်မှာ ပြေးလွှားနေတယ်ဆိုတာ သာမန်နေရင် မသိဘူး။ မျက်စိက မြင်လိုက်ရင် မြင်လိုက်တဲ့အာရုံကို ရောက်သွားတယ်။ နားက အသံ ကြားရင် ကြားတဲ့အသံကို ရောက် သွားတယ်။ နှာခေါင်းက အနံ့ရရင် အနံ့ရတဲ့ဆီရောက်သွားတယ်။ တစ်နေရာတည်းမှာ ရပ်တည်ပြီး မနေဘူး၊ စိတ်ကို မြတ်စွာဘုရားက မျောက်နဲ့ ဥပမာ ပေးထားတယ်။ မျောက်ဆိုတဲ့ အကောင်က တော ထဲမှာ သစ်ပင်ပေါ်နေလို့ရှိရင် ဒီ သစ်ကိုင်းဆွဲလိုက်၊ ဟိုသစ်ကိုင်း ဆွဲလိုက်၊ ဟိုဘက်ကူးလိုက်၊ ဒီဘက် ကူးလိုက် ငြိမ်နေတဲ့အခါဆိုတာ မရှိဘူး။
ထို့အတူပဲ အသိစိတ်လေးဟာ မျက်စိနှင့်မြင်တဲ့ အာရုံ၊ နားနှင့်ကြား တဲ့ အာရုံ၊ နှာခေါင်းက နံတဲ့ အာရုံ မျိုးစုံရောက်တယ်။ အိမ်မှာနေရင်းနဲ့ မျက်စိကမြင်ရင် မြင်တဲ့ဘက် စိတ်က ရောက်သွားပြန်ရော။ တစ်နေရာက ဒေါက်ခနဲ အသံကြားရင် ကြားတဲ့ ဆီ ရောက်သွားတယ်။ အနံ့ကလေး နံလာရင် ဘာနံ့လဲလို့ စိတ်က ရောက် သွားပြန်တယ်။ တရားအားထုတ်ပြီး ထွက်လေ၊ ဝင်လေကို မှတ်ပြီး ကြည့် လိုက်၊ ဘယ်လောက်ကြာအောင် မှတ်နိုင်သလဲလို့ အကျင့်ရအောင် လုပ်ရတယ်။ အကျင့်မရရင် ဒီ အာရုံလေးမှာ တားလို့ကိုမရဘူး၊ ပြေး နေတယ်။ ပြေးနေတဲ့ သဘာဝ တရားသည် ကိုယ်ဖြစ်ချင်တာကို မဖြစ်ဘူး။ ဖြစ်စေချင်တိုင်း မဖြစ် သည့်အတွက် ဒီစိတ်ကလေးဟာ မိတ်ဆွေမဟုတ်ဘူး။ ရန်သူဖြစ်နေ တယ်တဲ့။
တစ်ခဏလေးအတွင်းမှာ ဖြစ်ပြီး ပျက်သွားတဲ့အတွက်ကြောင့် သူလည်း လူသတ်သမားပဲ။ လူ့ရဲ့ သန္တာန်မှာ အသိစိတ်လေးဆုံးသွား ရင် ကျန်တဲ့ သဘာဝတရားတွေ လည်း အကုန်ပျက်စီးသွားတယ်။ ခန္ဓာငါးပါးရထားတဲ့ ပုဂ္ဂိုလ်တိုင်းဟာ မသေရဘူးလား။ ဘာဖြစ်လို့ သေရ တုံးဆိုတော့ ဆိုင်ရာ အကြောင်း ကြောင့် ဖြစ်လာတာ။ ဆိုင်ရာ အကြောင်း ပျက်စီးသွားတာနဲ့ တစ်ပြိုင်နက် သူတို့လည်း ပျက်စီး သွားတာပဲ။ စောင်းကလေးကို တစ်ချက်တီးလိုက်ရင် အသံမထွက် ဘူးလား။ မတီးဘဲထားလိုက်ရင် အဲဒီ အသံဟာ ပျောက်သွားသလား။ တီး တဲ့အချိန်လေး ပေါ်လာတာ။ မတီးလို့ ရပ်လိုက်တာနဲ့ အသံပေါ်ထွက်မလာ တော့ဘူး။ အကြောင်းရှိတဲ့အချိန်မှ ပေါ်လာတာ။ အကြောင်းမရှိတဲ့အချိန် မပေါ်ဘူးဆိုတာ ထင်ရှားတယ်။
ဟေတုံ ပဋိစ္စ သမ္ဘူတာ၊ ဟေတုဘင်္ဂါ နိရုဇ္စျရေ -အကြောင်း ရှိရင် ပေါ်လာပြီးတော့ အကြောင်း ပျက်သွားတာနဲ့ တစ်ပြိုင်နက် ဒါတွေ ဟာ ပျောက်သွားတယ်။ မတည်မြဲ တဲ့ သဘောလေးကို ပြောတာ။ ဒီ ဘဝ ဒီဘက်မှာရှိတဲ့ ဘဝသံသရာ ထဲမှာနေတဲ့ ပုဂ္ဂိုလ်တွေဟာ သူတို့ ရထားတာ ခန္ဓာငါးပါး ဖြစ်တယ်။ ခန္ဓာငါးပါးသည် သေတတ်တဲ့ သဘောရှိလို့ မြတ်စွာဘုရားက ခန္ဓာ (၅)ပါးကို သူသတ်သမားလို့ ဟော ထားတယ်။ ကိုယ့်အလိုအတိုင်း မဖြစ် လို့ ရန်သူလို့ ဟောထားတာ။ အဲဒီ တော့ ခန္ဓာငါးပါး ရ,ထားတဲ့ ပုဂ္ဂိုလ် တိုင်းဟာ ငြိမ်းချမ်းတာ ဟုတ်ရဲ့လား။ တကယ်တော့ လုံးဝ မငြိမ်းချမ်းဘူး။ ဟိုကဖြစ်လိုက်၊ ဒီကဖြစ်လိုက်နဲ့ လူတွေဒုက္ခရောက်နေကြတယ်။ ခဏ တဖြုတ် ထိုင်နေရင်း တရားနာရင်းနဲ့ တောင် ဟိုနားက နာလိုက်၊ ဒီနားက နာလိုက်နဲ့ ညောင်းလာတာတွေ တွေ့ ရတတ်တယ်။ အမြဲတမ်း ဖြစ်နေ တာ။ ဒါကြောင့် အန္တရာယ်ကင်းပြီး ငြိမ်းချမ်းတဲ့နေရာ မဟုတ်ဘူး။ ဘဝ ဆိုတာ ပြဿနာတွေနဲ့ချည်းပဲ။
နောက်တစ်ခုက အတွင်း ရန်သူဆိုတာ ဘယ်သူ့ပြောတာလဲ ဆိုတော့ နန္ဒီရာဂ ဆိုတဲ့ တပ်မက် တဲ့တဏှာ။ အဲဒီ တပ်မက်တဲ့ တဏှာ ကလည်းပဲ လူတကာကို ဒုက္ခပေးလို့ အတွင်းက ရန်သူလို့ ခေါ်တယ်။ သူနဲ့ တွေ့လို့ လူတိုင်း ဒုက္ခရောက်နေတာ။ အခု ဘုန်းကြီးတို့တစ်တွေ ဘဝတစ်ခု ရနေတဲ့ အိုခြင်း၊ နာခြင်း၊ သေခြင်း ဆိုတဲ့ ဆင်းရဲကအစ ပြဿနာမျိုးစုံ တွေ့ကြုံနေရတာ ဘယ်သူ့ကြောင့်လဲ ဆိုရင် နန္ဒီရာဂ ဆိုတဲ့ တဏှာ ကြောင့်ပဲ။
အဲဒီ လိုချင်တပ်မက်တဲ့တဏှာ ရှိခဲ့သည့်အတွက်ကြောင့် ဘဝတစ်ခု ကိုရတယ်။ ဘဝတစ်ခု ရလာလို့ ဒုက္ခ မျိုးစုံ တွေ့နေရတယ်ဆိုတော့ နန္ဒီ ရာဂ လို့ဆိုတဲ့ တဏှာသည် ဒုက္ခ ပေးတတ်သောကြောင့် ရန်သူတဲ့။ လောကမှာ လူတွေက ပြောကြ တယ်။ ”ဒီကောင် တော်တော်ဒုက္ခ ပေးတယ်၊ တို့ရဲ့ ရန်သူပဲ” လို့ ဒီလို သတ်မှတ်ကြတယ်။ ဒုက္ခပေးနေတာ ကို ရန်သူလို့ သတ်မှတ်မယ်ဆိုရင် ဘဝမှာ ဒုက္ခအပေးဆုံးက ဘယ်သူ လဲဆိုတော့ နန္ဒီရာဂ လို့ဆိုတဲ့ အာရုံ ပေါ်မှာ တွယ်တာပြီး နှစ်သက်တဲ့ သဘာဝတရားပဲ။ ဒီ့ပြင်လူကို လက်ညှိုးမထိုးနဲ့။ တကယ့် ရန်သူ အစစ်က ဒါပဲ။ တို့တစ်တွေဟာ တဖြည်းဖြည်း အိုအိုလာရတာ သူ့ကြောင့်ပဲ။ သူလုပ်လိုက်တာတွေ ဟာ ပြဿနာချည်းပဲ။ သူဖန်တီး လိုက်တဲ့အတွက်ကြောင့် တဖြည်း ဖြည်း အိုလာရတယ်၊ နာလာရ တယ်၊ နောက်ဆုံး သေသွားပြန်ပြီ၊ သေသွားပြီး လွတ်သွားလား၊ မလွတ် ဘူး။ နောက်ဘဝတစ်ခါ ဆက်ပြန် တယ်။ အိုလိုက်၊ နာလိုက်၊ သေ လိုက်နဲ့ ဒီလိုသွားတာ။ ဒါကြောင့် နန္ဒီရာဂ ကို ‘အတွင်းရန်သူ’ လို့ ဒီလိုပြောတာ။
အဲဒီ နန္ဒီရာဂ ဆိုတဲ့ အတွင်း ရန်သူကိုလည်း ဝိပဿနာဉာဏ်နဲ့ ရှုမြင်နိုင်အောင် ရှုမြင်ရမယ်။ သူ့ရဲ့ ဒုက္ခပေးပုံကိုလည်း နားလည်ရမယ်။ ဒါကြောင့်မို့ မြတ်စွာဘုရားက ဓမ္မ စကြာမှာလည်း ဟောထားတယ်။ ‘ယာယံ တဏှာ နန္ဒီရာဂသဟ ဂတာ တတြတတြဘိနန္ဒိနီ’ ဒုက္ခ သမုဒယ၊ ဒုက္ခဖြစ်စေတတ်တဲ့ တရားလို့ ဒီလို ဟောထားခဲ့တာ။ အဲဒီတော့ ဒုက္ခပေးလို့ရှိရင် ရန်သူ ခေါ်မလား၊ မိတ်ဆွေခေါ်မလား၊ ရန်သူပဲ ခေါ်ရမယ်။ သူပေးလိုက် တာတွေက ကိုယ့်မှာ ဒုက္ခတွေကြီးပဲ။ အဲဒီတော့ ဒီကောင်ကတို့ကို သိပ် ဒုက္ခပေးတာပဲလို့ ဆိုပြီးတော့ လူ တွေက မုန်းတီးကြတယ်။ အဲဒီလူ ဒုက္ခပေးတာထက် ပိုဒုက္ခပေးနိုင် တာက ကိုယ့်ရဲ့အတွင်းထဲမှာဖြစ်တဲ့ အာရုံတွေပေါ် တပ်မက်တဲ့ တဏှာ ရာဂတွေက ပိုဒုက္ခပေးတယ်လို့ ဒီလို သတ်မှတ်ရမယ်။
အေး နန္ဒီရာဂ ဆိုတဲ့ ရန်သူ ရှိနေသည့်အတွက်ကြောင့် ဒီဘက် ကမ်းက မငြိမ်းချမ်းဘူး။ ဘယ်လိုမှ ငြိမ်းချမ်းအောင် တည်ဆောက်လို့ မရဘူး။
ဒါဖြင့် ကောင်းပြီ၊ တခြား ဘာပြဿနာတွေ ရှိသေးတုံးဆိုတော့ ခြောက်အိမ်စုရွာဆိုတာ ဒီဘက်ကမ်း မှာ ရှိသေးတယ်။ ဘုန်းကြီးတို့ တစ်တွေဟာ ခြောက်အိမ်စုရွာ ကလေးမှာ နေကြတယ်။ ခြောက် အိမ်စုရွာဆိုတာ တခြားကိုပြောတာ မဟုတ်ဘူး။ စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ၊ မန လို့ ဆိုတဲ့ အဇ္စျတ္တိ- ကာယတန ခြောက်ပါးကို ပြောတာ တဲ့။ ဘုန်းကြီးတို့တစ်တွေမှာ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် ရှိတယ်၊ မျက်စိပါတယ်။ မျက်စိပါ သည့်အတွက်ကြောင့် မြင်စရာအာရုံ တွေကို မြင်ရတယ်။ နားပါသည့် အတွက်ကြောင့် အသံတွေကို ကြားရ တယ်။ နှာခေါင်းပါသည့်အတွက် ကြောင့် အနံ့တွေကို ရတယ်။ လျှာပါ သည့်အတွက်ကြောင့် အရသာ သိရ တယ်။ ခန္ဓာကိုယ်ပါသည့်အတွက် ကြောင့် အထိအတွေ့။ စိတ်ပါသည့် အတွက်ကြောင့် စိတ်ကူးစိတ်သန်း အာရုံတွေကို ရယူနိုင်တယ်တဲ့။ အဲဒီ ခြောက်မျိုးက တစ်ခုနဲ့တစ်ခု မတူ ဘူး။
အဲဒီ အဇ္စျတ္တိက အာယတန (၆)ပါး ခြောက်အိမ်စုရွာကလေးကို လေ့လာကြည့်လိုက်မယ်။ အနှစ်သာရ လိုက်ရှာကြည့်လိုက်မယ်ဆိုရင် ဘာမှ မရှိဘူး။ မျက်စိထဲမှာ အနှစ်သာရ ရှာကြည့်စမ်း ဘာမှမရှိဘူး။ ခိုင်မာ တာလည်း တစ်ခုမှမရှိဘူး။ မြဲတာ လည်း တစ်ခုမှ မရှိဘူး။ ဘာဖြစ်လို့ တုံးဆိုတော့ စက္ခုကလာပဆိုတာ ရုပ်(၁ဝ)မျိုးနဲ့ ဖွဲ့ထားတာ။ ဘာနဲ့ ဖွဲ့ထားတုံးဆို ခုနက လေးကောင်လို့ခေါ်တဲ့ ဓာတ်ကြီး လေးပါး ပါတယ်။ အဆိပ်ပြင်းတဲ့ မြွေကြီး လေးကောင်ပါတယ်။ နောက် အဆင်းဆိုတဲ့ အာရုံတစ်ခုပါတယ်။ အနံ့ဆိုတာပါတယ်။ အရသာဆိုတာ ပါတယ်။ သြဇာဓာတ်ဆိုတာပါတယ်။ အဲဒီရှစ်ခုမှာ စောင့်ရှောက်တတ်တဲ့ ဇီဝဓာတ် ဆိုတာပါတယ်။ အဲဒီထဲမှာ စက္ခု ပသာဒ အရိပ်လာထင်တဲ့ မျက်လုံး အကြည်ကလေးဆိုတာ ပါတယ်။ အဲဒီမျက်လုံးအကြည်လေးနဲ့ ကျန်တဲ့ ရုပ်ကိုးခုပေါင်းပြီးတော့မှ မျက်လုံးဆိုတာလေးကို သတ်မှတ် ထားတာ။
အဲဒီ စက္ခုပသာဒရုပ်လေးဟာ ကံကြောင့်ဖြစ်တယ်။ သူနဲ့ ယှဉ်တွဲ တာလည်း ကံကြောင့် ဖြစ်တာ။ ကံ တရားကြောင့် ဖြစ်လာပေမဲ့ ဥတုက ထောက်ပံ့ပေးထားရတယ်၊ အာဟာရ က ထောက်ပံ့ပေးထားရတယ်၊ စိတ်ဓာတ်က ပံ့ပိုးပေးရတယ်။ ကံ၊ စိတ်၊ ဥတု၊ အာဟာရဆိုတဲ့ အကြောင်း(၄)ပါးက ထောက်ပံ့ပေး ထားလို့ရပ်တည်နိုင်တာ။ အကြောင်း (၄)ပါး ပြိုကွဲသွားတာနဲ့ သူလည်း ပြိုကွဲသွားမှာပဲ။ အထဲထဲ ဝင်ရှာ ကြည့်လို့ရှိရင် မျက်စိထဲမှာ အနှစ် သာရ ခိုင်မာတယ်ဆိုတာ ဘာတစ်ခု မှမရှိဘူးတဲ့။ ဒါကြောင့်မို့ ခြောက် အိမ်စု ရွာကလေးထဲမှာ ဘာမှမရှိ ဘူး။ အိမ်တွေက အခေါင်းကြီးထဲ ပဲလို့ ဒီလိုပြောတာ။ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်ဆိုတဲ့ ခြောက် အိမ်စုရွာ ဘုန်းကြီးတို့တစ်တွေမှာ မရှိဘူးလား၊ ရှိနေတယ်။
ဒီခြောက်အိမ်စုရွာကို ဝင်ဝင် ပြီးတော ့မကြာခဏ ဒုက္ခပေးနေတဲ့ ဓားပြ(၆)ယောက်က ရှိသေးတယ်။ အဲဒီ ဓားပြ(၆)ယောက်ဆိုတာ ဘာတွေလဲဆိုရင် ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌာဗ္ဗာရုံ၊ ဓမ္မာရုံ လို့ဆိုတဲ့ အာရုံ(၆)ပါးပဲ။ မျက်စိကနေ ပြီး ရူပါရုံက ဝင်မလာဘူးလား။ မျက်စိဖွင့်လိုက်တာနဲ့ မြင်စရာအာရုံ ကိုမြင်တယ်။ နှစ်သက်စရာအာရုံ ဆိုရင် လောဘဖြစ်လိုက်တယ်။ မနှစ်သက်စရာ အာရုံဆိုရင် ဒေါသ ဖြစ်လိုက်တယ်။ မျက်စိထဲမှာ လောဘ ဖြစ်လိုက်၊ ဒေါသဖြစ်လိုက်ဆိုတော့ အသိပညာလို့ဆိုတဲ့ ရတနာတွေကို လုယက် တိုက်ခိုက်တာနဲ့ အဓိပ္ပာယ် မတူဘူးလား။ ခန္ဓာကိုယ်ထဲမှာ ရှိကြ တဲ့ မျက်စိ။ မျက်စိကနေ လှတဲ့ အာရုံကို မြင်ပြီးတော့ လိုချင်တဲ့ စိတ် တွေဖြစ်ရင် လောဘဖြစ်သွားတယ်။ လောဘဖြစ်တယ်ဆိုရင် အသိပညာ ကို ဖျက်ဆီးပစ်တာပဲ။ တန်ဖိုးရှိတဲ့ ကုသိုလ်တွေ အလုအယက် ခံနေရ တာ။ ဘယ်သူက လုတာတုံးဆိုရင် ရူပါရုံနဲ့တွေ့လို့ ရူပါရုံကို တပ်မက်တဲ့ လောဘက လာလုသွားတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။
လူတွေရဲ့ စိတ်ဆိုတာ အာရုံ နောက် လိုက်တာ မဟုတ်လား။ အာရုံနောက် လိုက်သည့်အတွက် လှပတဲ့ အာရုံနောက်လိုက်တော့ လောဘဖြစ်သွားသည့်အတွက် ကြောင့် ထိုအာရုံရဲ့ သဘာဝကို သိ သေးရဲ့လား။ ထိုအာရုံရဲ့ သဘာဝ အမှန်ကို မသိလိုက်တာဟာ ပညာ ဆုံးရှုံးသွားတာလို့ ခေါ်တယ်။ ထို အာရုံလေးပေါ်မှာ စိတ်တည်ကြည် အောင် မလုပ်နိုင်တာ၊ သဘာဝကို သိအောင် သတိလေးနဲ့ စူးစိုက် မထားနိုင်တာကို သတိဆုံးရှုံးသွား တယ်လို့ ခေါ်တယ်။ လောဘ ဖြစ်လိုက်တာနဲ့တစ်ပြိုင်နက် ထိုအာရုံ ရဲ့ တိုက်ခိုက်မှုကို ခံလိုက်ရပြီ။ ဒေါသ ဖြစ်လိုက်တာနဲ့ တစ်ပြိုင်နက် ထို အာရုံရဲ့ တိုက်ခိုက်မှုကို ခံရပြီ။
အကြမ်းဖျင်း ပြောရလို့ရှိရင် ဘုန်းကြီးတို့တစ်တွေ မျက်လုံးလေး ဖွင့်လိုက်တာနဲ့ မြင်စရာအာရုံကို မမြင်ဘူးလား။ မြင်လိုက်တဲ့အခါမှာ နှစ်သက်စရာ အာရုံဆိုရင် လိုချင်တဲ့ စိတ် မပေါ်ဘူးလား။ အဲဒါ လူဆိုး ဓားပြအတိုက်ခံရတာလို့ ခေါ်တယ်။ ဘာဖြစ်လို့လဲဆိုရင် ကိုယ့်သန္တာန်မှာ အင်မတန်တန်ဖိုးရှိတဲ့ အချိန်ပိုင်း လေးတွေဟာ လောဘဖြစ်လိုက်တဲ့ အချိန်မှာ ကုသိုလ်တွေ လုံးဝပျက်စီး သွားတယ်။ ကုသိုလ်တွေ မဖြစ်နိုင်ဘဲ နဲ့ အကုသိုလ်တွေ ဖြစ်သွားတယ်။ ကိုယ်မကြိုက်တဲ့ အနိဋ္ဌာရုံလေးကို ကြည့်ပြီးတော့ ဒေါသဖြစ်မသွားဘူး လား။ ဖြစ်သွားလိုက်တာနဲ့ တစ်ပြိုင် နက် ကိုယ့်သန္တာန်ထဲမှာ ဘာတွေ ပျက်စီးသွားတုံးဆို အသိဉာဏ်တွေ ပျက်စီးသွားပြီ၊ သတိတွေ ပျက်စီး သွားပြီ။ တန်ဖိုးရှိတာတွေ၊ အာရုံကို အမှန်အတိုင်း သိရမယ့်အစား လောဘက ဖြစ်သွားတယ်၊ ဒေါသက ဖြစ်သွားတယ်ဆိုတော့ ပစ္စည်းကို လုယူသွားတာနဲ့ မတူဘူးလား။ တူတယ်။ ဒါကြောင့်မို့လို့ ဓားပြ (၆)ယောက်ကလည်း ဒီရွာထဲကို ခဏခဏ ဝင်ပြီးတော့ မွှေနေတယ် လို့ ပြောတာ။
သာယာတဲ့အသံကလေး နားက ဝင်လာတော့ လောဘဖြစ် လိုက်တယ်၊ မကြိုက်ရင် ဒေါသဖြစ် လိုက်တယ်။ မွှေးကြိုင်တဲ့ အနံ့ ကလေး လောဘဖြစ်လိုက်တယ်။ နံစော်တဲ့ အန့ံကျတော့ ဒေါသဖြစ် လိုက်တယ်။ ကောင်းတဲ့အရသာ ဆိုရင် လောဘ ဖြစ်လိုက်တယ်။ မကောင်းတဲ့ အရသာကျတော့ ဒေါသဖြစ်လိုက်တယ်။ လူတွေရဲ့ သန္တာန်မှာကြည့်၊ လောဘ ဖြစ်လိုက် တိုင်း၊ ဒေါသဖြစ်လိုက်တိုင်း သဒ္ဓါတို့၊ ဝီရိယတို့၊ သတိတို့၊ ပညာတို့ ဆုံးရှုံး မသွားဘူးလား။ အဲဒါဓားပြဝင်တိုက် တာနဲ့ အတူတူပဲပေါ့။ မသိမသာ ဆိုရင် အခုခေတ်က အနုကြမ်းစီး တယ်လို့ ခေါ်တာမဟုတ်လား။ နုလည်းနု၊ ကြမ်းလည်းကြမ်းတယ် ပေါ့။ ကိုယ့်သန္တာန်မှာ ရှိတာတွေ အကုန်ပါပါပြီးတော့ သွားတယ်။ ဒါကြောင့်မို့ ဒီဘက်ကမ်းက ခြောက်အိမ်စုရွာကလေးမှာ အမြဲတမ်း ဓားပြ(၆)ယောက်ရဲ့ အမွှေခံနေရ သည့်အတွက်ကြောင့် ငြိမ်းချမ်းမှု မရှိဘူးတဲ့။ ဒီဘက်ကမ်းမှာ မြွေကြီး (၄)ကောင်ကလည်း ဒုက္ခပေးတယ်။ လူသတ်သမား(၅)ယောက်ကလည်း ဒုက္ခပေးတယ်။ အတွင်းလူ တစ်ယောက်ကလည်း အန္တရာယ်ပြု နေတယ်။ ခြောက်အိမ်စုရွာကလည်း မလုံခြုံဘူး။ ဓားပြ(၆)ယောက်က အမြဲတမ်း ဒုက္ခပေးနေတယ်။

ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
ဆက်လက်ဖော်ပြပါမည်။

LEAVE A REPLY

Please enter your comment!
Please enter your name here