ရဟန္းခံျခင္း
++++++++++
ရဟန္းခံရန္အသက္
သာသနာ့ေဘာင္သို႔ ရဟန္းပၪၥင္းအျဖစ္ ဝင္ေရာက္မည့္သူအတြက္ ‘အသက္ႏွစ္ဆယ္ေအာက္ ယုတ္ေလ်ာ့သူကို ရဟန္းခံမေပးရ’ဟု ဝိနည္းပါဠိေတာ္၌ ဘုရားရွင္ပညတ္ေတာ္မူထား၏။ ထို႔ေၾကာင့္ အသက္(၂ဝ)ျပည့္သူမွ ရဟန္းေဘာင္ဝင္ေရာက္ခြင့္ ရဟန္းခံခြင့္ ရပါသည္။ သို႔ ေသာ္ အ႒ကထာ, ဋီကာ အစရွိေသာ က်မ္းဂန္အေထာက္အထားမ်ားကို ၾကည့္႐ႈ၍ (၁၉)ႏွစ္ႏွင့္ (၃)လျပည့္လွ်င္ ရဟန္းခံႏိုင္ၿပီဟု မွတ္ယူရမည္ျဖစ္ပါသည္။
ရဟန္းခံရျခင္း၏ရည္ရြယ္ခ်က္
အသက္(၂ဝ)ျပည့္သူသည္ အခ်မ္း၊ အပူ၊ ဆာေလာင္မႈ၊ ျဖစ္ေပၚလာေသာ ေရာဂါေဝဒနာ စသည္တို႔ကို သည္းခံႏိုင္ေလာက္ေပၿပီ။ ထို အမႈတို႔ကို သည္းခံႏုိင္ေသာ စိတ္ေမြးျမဴရန္ အသိဥာဏ္ပညာရွိေပၿပီဟု အသက္(၂ဝ)ျပည့္ၿပီးသူကိုသာ ရဟန္းေဘာင္ဝင္ေရာက္ရန္ ဘုရားရွင္က ခြင့္ျပဳျခင္းျဖစ္၏။ ထို႔ေၾကာင့္ ရဟန္းေဘာင္ဝင္ေရာက္မည့္ အသက္(၂ဝ) အရြယ္ရွိသူသည္ မိမိကုိယ္ပိုင္ဥာဏ္ျဖင့္ စဥ္းစားေဝဖန္ႏိုင္ေသာ စိတ္ထားရွိေပၿပီ။ ဤသို႔ေသာ အသိဥာဏ္စိတ္ထားျဖင့္ (၇)ရက္၊ (၁၅)ရက္ ဒုလႅဘအျဖစ္ျဖင့္ျဖစ္ေစ၊ တစ္သက္လံုး ရဟန္းဘဝျဖင့္ျဖစ္ေစ သာသနာ့ေဘာင္ ဝင္ေရာက္မည့္သူသည္ မိမိရဟန္းေဘာင္ ဝင္ေရာက္မည့္အေရးကို ေလးေလးနက္နက္ ဆင္ျခင္စဥ္းစားသင့္၏။ သူမ်ားေယာင္၍ ေယာင္ရပါသည္ဟု မျဖစ္သင့္ေပ။ အဘယ့္ေၾကာင့္ဆိုေသာ္ ရွင္ရဟန္း ဘဝဟူသည္ ပြတ္ေဆာက္ဖ်ား၊ စူးဖ်ားေပၚက မုန္ညင္းေစ့ကေလးလိုပဲ’ဟု ‘ဓမၼပဒ’၌ ဘုရားရွင္ မိန႔္ေတာ္မူထား၏။
မွန္၏-လူဝတ္ေၾကာင္ဘဝ၌ ငါးပါးသီလလံုလွ်င္ အပါမက်၊ စိတ္ခ်ရ၏၊ ရဟန္းဘဝ၌ကား သီလသိကၡာပုဒ္ အက်ဥ္း (၂၂၇)ပုဒ္၊ အက်ယ္ကုေဋ ကိုးေထာင္ေက်ာ္ ရွိုသည္။ ဤဝိနည္းသီလသိကၡာပုဒ္တို႔ကို နားမလည္ဂ႐ုမျပဳပါက ေၾကာက္မက္ဖြယ္ ေကာင္းလွ၏။ နိဗၺာန္ကို လိုလား၍ ရဟန္းျပဳ၊ ရဟန္းခံပါ၏။ သို႔ျဖစ္ပါလ်က္ ဝိနည္းကို နားမလည္၊ မတတ္ကြၽမ္းေသာေၾကာင့္ လူလိုေန၊ လူလိုသြား၊ လူလိုစား၊ လူကဲ့သို႔ ျပဳက်င့္ေနပါက အက်ဳိးထက္ အျပစ္က ပိုမ်ား၏။ ထို႔ေၾကာင့္ ရဟန္းခံေတာ့မည္ဆိုလွ်င္ ေလးေလးနက္နက္ စဥ္းစားေလ့လာၿပီးမွ ေကာင္းျမတ္ေသာ ရည္ရြယ္ခ်က္ စိတ္ထားျဖင့္သာ ဆံုးျဖတ္၍ မိမိ၏ ေလ်ာင္ဆံထံုးအား အဆံုးခံသင့္၏။ ယၾတာေခ်၊ ေဗဒင္ေဟာစသည္ ့သေဘာေၾကာင့္ကား သာသနာေတာ္ကို ႏြားၿခံမလုပ္သင့္ေပ။
ရဟန္းသံုးမ်ဳိး
လယ္တီဆရာေတာ္ဘုရားႀကီးက ‘(၁) သဒၶါပဗၺဇိတ၊ (၂) ပညာပဗၺဇိတ၊ (၃) ဘယာပဗၺဇိတ’ဟု ရဟန္းသံုးမ်ဳိး မိန္႔ၾကား ထားပါသည္။ ထိုသံုးမ်ဳိးတို႔တြင္ –
(၁) သဒၶါပဗၺဇိတ – ဟူသည္ ရတနာသံုးပါးႏွင့္ ဘုရားအဆံုးအမ သာသနာကို သဒၶါၾကည္ညိဳစိတ္ျဖစ္ကာ သံသရာဝဋ္ဆင္းရဲမွ လြတ္ေျမာက္လိုေသာေၾကာင့္ ရဟန္းဝတ္၊ ရဟန္းခံေသာသူတည္း။
(၂) ပညာပဗၺဇိတ – ဟူသည္ ဗုဒၶ၏ ပဋိကတ္က်မ္းဂန္စာေပအသိပညာ၊ အတတ္ပညာေတြရလိုလို႔ ရဟန္းဝတ္သူတည္း။
(၃) ဘယာပဗၺဇိတ – ဟူသည္ လူ႔ေလာက၌ စားဝတ္ေနေရး အေနမေခ်ာင္ ရဟန္းေဘာင္မွာ အဆင္ေျပေလမလားလို႔ သာသနာ့ေဘာင္ဝင္ေရာက္လာသူ၊ အနာေရာဂါ၊ က်န္းမာေရးခြၽတ္ယြင္းေနမႈ၊ အေျခအေနအရ ေဗဒင္ယၾတာ အေျခအေနရ သာသနာ့ေဘာင္ ဝင္ေရာက္ရဟန္းခံသူတို႔တည္း။
ဒုလႅဘစစ္စစ္ျဖစ္ပါေစ
‘ဒုလႅဘ’ဟူေသာ ပုဒ္၌ ‘ဒု-ရႏိုင္ခဲသည္ကို၊ လဘ-ရသည္’ဟု အဓိပၸါယ္ထြက္၏။ ႏွစ္ပုဒ္ေပါင္းလိုက္လွ်င္ ‘ဒုလႅဘ-ရခဲသည္’။ ဒုလႅဘဟူသည္ ေခတၱခဏ သာသနာ့ေဘာင္သို႔ ဝင္ေရာက္၍ လူျပန္ထြက္မည့္ ရဟန္းေတာ္မ်ားဟု မ ဆိုလို။ အထက္၌ ဆိုခဲ့သည့္အတိုင္း ေခတၱခဏဝတ္ဝတ္၊ အၿမဲဝတ္ဝတ္ ထိုရွင္ရဟန္းအျဖစ္သည္ အလြန္တစ္ရာ ရခဲလွေသာေၾကာင့္ ‘ဒုလႅဘ’ဟု ေခၚ ျခင္းျဖစ္သည္။ ထိုရခဲလွေသာဘဝကို ရေနသည့္ ‘ဒုလႅဘ’ဟူေသာအမည္ႏွင့္ ေလ်ာ္ညီစြာ က်င့္သံုးေနထိုင္ပါက ေခတၱဒုလႅဘရဟန္းခံသူျဖစ္ ျဖစ္၊ အၿမဲဝတ္ေသာ ဒုလႅဘရဟန္းျဖစ္ျဖစ္ မဂ္ဖိုလ္နိဗၺာေရာက္သည္အထိ အက်ဳိးမ်ားၾကေပမည္။ သို႔မဟုတ္က မိမိတို႔လည္း အပါယ္ငရဲသို႔ က်ေရာက္သြားသည္အထိ အက်ဳိးယုတ္သြားမည္ျဖစ္၏။ သာသနာေတာ္ႀကီးလည္း မိမိတို႔ကို အေၾကာင္းျပဳ၍ ဆုတ္ယုတ္သြားမည္ျဖစ္ ေပသည္။ ထို႔ေၾကာင့္ ‘ဒုလႅဘ’စစ္စစ္ျဖစ္ေစခ်င္ပါသည္။
လူတုိင္းကို ခြင့္မျပဳ
အသက္(၂ဝ)ျပည့္ၿပီျဖစ္၍ အလြန္ရခဲေသာ ရဟန္းဘဝ ဒုလ ႅဘကို အရယူမည္ဟု အားခဲႀကိဳးပမ္းေသာ္လည္း ဘုရားရွင္က လူတိုင္းကို သာသနာ့ဝန္ထမ္း ရွင္ရဟန္းအျဖစ္ကို ခြင့္မျပဳပါေခ်။ ထိုသူတို႔မွာ အနာႀကီး ငါးမ်ဳိးရွိသူ၊ ေယာက်္ားမစစ္သူ၊ ေၾကြးၿမီရွိသူ၊ မင္းမႈထမ္း(လခစား)ႏွင့္ မိဘခြင့္မျပဳသူ စသည္တို႔တည္း။ ထို႔ျပင္ ဝိနည္းမဟာဝါ ‘န ပဗၺာေဇတဗၺ ဒြတၱႎသဝါရ-ရွင္ရဟန္းျပဳ မေပးရမည့္ ပုဂၢိဳလ္ ၃၂-ေယာက္’ တြင္ လက္ျပတ္၊ ေျချပတ္၊ လက္ေျချပတ္သူ၊ နားျပတ္၊ ႏွာေခါင္းျပတ္၊ နားႏွာေခါင္းျပတ္သူ၊ လက္ေခ်ာင္း၊ ေျခေခ်ာင္းျပတ္သူ၊ ကုန္းသူ၊ ကြသူ၊ ပရိသဒူသကဟု ဆိုအပ္ေသာ ပရိသတ္ကို က်က္သေရမဲ့ေစသူ၊ ေျခလက္ေကာက္သူ၊ ခြင္သူ၊ ဇရာဒုဗၺလဟုဆိုအပ္ေသာ အိုမင္းမစြမ္းသူ၊ မ်က္စိတစ္ဖက္ကန္း၊ ႏွစ္ဖက္ကန္းသူ၊ ဆြံ႕အ နားပင္းသူ စေသာ ၃၂ေယာက္ေသာ ပုဂၢိဳလ္တို႔ကို ရွင္လည္း ျပဳမေပးရ။ ရဟန္းလည္း ခံမေပးရ။ အတိအလင္း တားျမစ္ေတာ္မူထားေပသည္။
သံဃာ႕မဟာနာယက ညႊန္ၾကားလႊာ
ရဟန္းခံရာ၌ ကိုရင္ဝတ္သကဲ့သို႔ သရဏဂံုပီေအာင္ ႀကိဳတင္သင္ၾကားဖြယ္ မလိုပါ။ ရဟန္းေလာင္းက သံဃာ့အလယ္၌ လက္အုပ္ခ်ီ၍ လက္အုပ္ ကမၼဝါရြတ္ဖတ္သည္ကို နာယူနားေထာင္ေန႐ံုျဖင့္ ရဟန္းျဖစ္ပါသည္။ ကမၼဝါရြတ္ဖတ္ေသာ ဆရာေတာ္က ကမၼဝါစာကို ဌာန္က႐ိုဏ္း က်က် ရြတ္ဖတ္ႏိုင္ပါက ရဟန္းခံျခင္းကိစၥ ေအာင္ျမင္ၿပီးေျမက္ပါသည္။ ထို႔ေၾကာင့္ ရဟန္းခံမႈကို ‘ဧကေတာသုဒၶိ=(ဌာန္က႐ိုင္း က်က် ရြတ္ဆိုေသာအားျဖင့္) ဆရာဘက္မွ သန္႔ရွင္းမႈ’သာ လိုအပ္သည္ဟု စာေပက ဆိုသည္။ သို႔ရာတြင္ ႀကိဳတင္သင္ၾကား သင့္သည္မ်ား ရွိပါသည္။ထို႔ေၾကာင့္ ႏိုင္ငံေတာ္ သံဃမဟာနာယကအဖြဲ႕ ၫႊန္ၾကားလႊာအမွတ္ (၂၈)ျဖင့္ (၁၃၅၂)ခုႏွစ္က ေအာက္ပါအတိုင္း ၫႊန္ၾကားထားပါ သည္။
‘ ဒုလႅဘရဟန္းေလာင္းကို အနည္းဆံုး ရက္သတၱတစ္ပတ္ခန္႔ ဘုန္းႀကီးေက်ာင္းသို႔လာေစ၍ ပါဠိ (သို႔မဟုတ္) ျမန္မာဘာသာျဖင့္ ပါရာဇိကေလးပါး၊ သံဃာဒိသိသ္ ၁၃ပါး၊ အာပတ္ (၇)ပံု၊ ပစၥေဝကၡဏာဆင္ျခင္နည္း၊ ေဒသနာၾကားနည္း စသည့္ အေျခခံဗဟုသုတမ်ားကို သင္ၾကားေစၿပီးမွ ရဟန္းျပဳေပးရန္၊ ရဟန္းျပဳၿပီးပါက ဥပဇၥ်ာယ္ဆရာေတာ္၊ သို႔မဟုတ္ နိႆယည္းဆရာေတာ္ကိုယ္တိုင္ တာဝန္ယူ ေစာင့္ေရွာက္ ဆံုးမရန္၊ သတ္မွတ္ရက္ေစ့ပါက လူဝတ္လဲေစရန္၊ ဆက္လက္၍ သာသနာ့တာဝန္ ထမ္းေဆာင္လိုပါက အနည္းဆံုးဘိကၡဳပါတိ ေမာက္ႏွင့္ အဘိဓမၼတၴ သၿဂႋဳဟ္ကို သင္ေစရန္ ၫႊန္ၾကားအပ္ပါသည္’ဟူ၍ျဖစ္၏။ သို႔ေသာ္ ယခုေခတ္ ဒုလႅဘရဟန္းဝတ္မည့္ သူမ်ားသည္ မနက္ျဖန္ ဝတ္မည္ဆိုလွ်င္ ယေန႔လို ညေနမ်ဳိးမွ ေက်ာင္းသို႔ ေရာက္လာတတ္သည္။ ဒါေတာင္ သင္ၾကားဖို႔လာသည္မဟုတ္၊ ဒုလႅဘရဟန္းခံလို ေၾကာင္း လာေလွ်ာက္ျခင္းသာျဖစ္၏။ ဆရာ ဘုန္းႀကီးမ်ားကလည္း ဒဏာဒကာမႏွင့္ မဆန္႔က်င္ အလြမ္းသင့္ရင္ၿပီးေရာဟူေသာ သေဘာျဖင့္ လက္ခံလိုက္ၾကေပသည္။
အာပတ္ခုႏွစ္မ်ဳိး
သိကၡာပုဒ္ (၂၂၇)ပါးကို အာပတ္အမ်ဳိးအစား (အျပစ္အႀကီးအငယ္)အားျဖင့္ အစဥ္လိုက္ ျပသထားသည္ကို ၾကည့္ပါ။
၁။ ပါရာဇိက
၂။ သံဃာဒိသိသ္
၃။ ထုလႅစၥဥ္း
၄။ ပါစိတ္
၅။ ပါဋိေဒသန
၆။ ဒုကၠဋ္
၇။ ဒုဗၻာသီ
ဟူ၍ ျဖစ္ပါသည္။ ထိုခုနစ္မ်ဳိးတို႔တြင္ အမွတ္(၁)သည္ အျပစ္အႀကီးဆံုး (လူထြက္ရ၏)။ အမွတ္(၇)သည္ အျပစ္အငယ္ဆံုး ျဖစ္၏။
လူထြက္တာခက္၏
ရဟန္းခံၿပီး လူျပန္ထြက္တာကို သိကၡာက်သည္ဟု ေခၚ၏။ ထိုသို႔ သိကၡာခ် လူထြက္တာသည္ ေလးေလးနက္နက္ ၾကည့္လွ်င္ အလြန္ခက္၏။ သို႔ျဖစ္ျငား မိမိျမင္ေတြ႕ေနရသမွ် ဆရာသမားမ်ားသည္ အလြယ္တကူပင္ လူထြက္ေပးလိုက္ၾကသည္ကို ေတြ႕ျမင္ေနရေပသည္။ ရွင္သာမေဏ (ကိုရင္)ႏွင့္ ရဟန္း(ဘုန္းႀကီး)သည္ ဤအခ်က္၌ အလြန္ကြာျခားပါသည္။ ‘ရွင္သာမေဏစစ္စစ္ ျဖစ္ဖို႔သည္ အလြန္ခက္ၿပီး ကိုရင္ထြက္တာသည္ အလြန္လြယ္၏။ ရဟန္းခံတာသည္ အလြန္လြယ္ၿပီး လူဝတ္ေၾကာင္ျဖစ္ေအာင္ သိကၡာခ် လူထြက္ျခင္းသည္ အလြန္ခက္၏’ဤသို႔ေျပာင္းျပန္ျဖစ္သည္။
ကိုရင္စစ္စစ္ျဖစ္ဖို႔သည္ အစ၌ ေရးျပခဲ့သည့္အတိုင္း ဆရာတပည့္ႏွစ္ဦးလံုး စာလာေပလာအတိုင္း သံရဏဂံုပီမွ ကိုရင္စစ္စစ္ျဖစ္ပါသည္။ လူထြက္ရာ၌ကား မိမိသကၤန္းကို ခါးေတာင္းက်ဳိက္ သို႔မဟုတ္ အျခားလူဝတ္နည္းတစ္မ်ဳိးမ်ဳိးဝတ္ကာ မိမိကုိယ္ကို လူ႔အသြင္ဟု စိတ္ကလက္ခံသာယာလိုက္႐ံုႏွင့္ အဝတ္လဲစရာမလိုဘဲ လူျဖစ္သြားတတ္၏။ (ထို႔ေၾကာင့္ အခ်ဳိ႕ဝိနည္းနားလည္ေသာ ဆရာဘုန္းႀကီးတို႔သည္ မိမိတို႔ကိုရင္မ်ားကို ခါးေတာင္းက်ဳိက္ျခင္း စသည္မျပဳလုပ္ေအာင္ ႀကိဳတင္ သတိေပး တားျမစ္ထားၾက၏။) ရဟန္းျဖစ္ဖို႔ကား ဤသို႔မဟုတ္၊ ကမၼဝါဖတ္သည့္အခါ ထိုင္လက္အုပ္ခ်ီ နားေထာင္ေန႐ံုျဖင့္ ရဟန္းျဖစ္သြား၏။ သို႔ရာတြင္ လူထြက္ရာ၌ကား အဂၤါမညီလွ်င ္ မည္သူကဆြဲခြၽတ္ ခြၽတ္၊ မိမိကိုယ္တိုင္ပင္ လူ႔အဝတ္အစားေတြဝတ္ၿပီး လူဟုေလွ်ာက္သြားေနေစကာမူ လူမျဖစ္၊ ဘုန္းႀကီးကား ဘုန္းႀကီးပင္ျဖစ္ေနေသး၏။
သိကၡာခ်လူထြက္ျခင္း
သိကၡာခ်လူထြက္ရာ၌ အဂၤါ(၆)ခ်က္ရွိပါသည္။ ယင္းအဂၤါ(၆)ခ်က္ညီမွ လူျပန္ျဖစ္ပါသည္။ ယင္းအဂၤါတို႔မွာ – ‘စိတ္၊ ေခတ္၊ ကာလ၊ ပေယာဂ၊ ပုဂၢလ၊ ဝိဇာနန’တို႔တည္း။
၁။ စိတ္ – တကယ့္ကို လူထြက္လိုေသာစိတ္ပါမွ သိကၡာက်၊ လူျဖစ္သည္။ စိတ္မပါဘဲ ေျပာင္ေလွာင္ သိကၡာခ်လွ်င္ လည္းေကာင္း၊ စိတ္မပါဘဲ ေျပာင္ေလွာင္သိကၡာခ်လွ်င္လည္းေကာင္း၊ သူတစ္ပါးက အတင္းအဓမၼ ဆြဲခြၽတ္လွ်င္ လည္းေကာင္း သိကၡာ မက်လူမျဖစ္။
၂။ ေခတ္ – သိကၡာခ်နည္းကိုျပေသာ ‘သာမေဏေရာတိမံ ဓာေရထ=တပည့္ေတာ္ကို သာမေဏ(ကိုရင္)ဟု မွတ္ေတာ္မူပါကုန္’၊ ဂိဟီတိိ မံ ဓာေရထ=တပည့္ေတာ္ကို လူဝတ္ေၾကာင္ဟု မွတ္ေတာ္မူပါကုန္’ဟူေသာ ေခတ္ပုဒ္မ်ားကို မိမိနားလည္ေသာ ဘာသာျဖင့္ သံုးစြဲဆိုခ်မွ သိကၡာက်၊ လူျဖစ္သည္။
၃။ ကာလ – ‘ဓာေရထ=မွတ္ေတာ္မူပါကုန္’ဟု ပစၥဳပၸန္ကာလျဖင့္ဆိုမွ သိကၡာက်လူျဖစ္သည္။ အတိတ္ကာလ၊ အနာဂတ္ကာလ စကားလံုးျဖင့္ခ်ကာ သိကၡာမက်၊
၄။ ပေယာဂ – ႏႈတ္ျ>ြမက္ျခင္းဟူေသာ ဝစီပေယာဂျဖင့္ဆိုမွ သိကၡာက်သည္။ စာေရး၍ျဖစ္ေစ၊ ကိုယ္လက္ျပ၍ျဖစ္ေစ ခ်လွ်င္မက်။
၅။ ပုဂၢလ – သိကၡာခ်လူထြက္ေသာ ပုဂၢိဳလ္၊ သိကၡာခ်သည္ကို နားေထာင္ေသာ ပုဂၢိဳလ္ႏွစ္မ်ဳိးလံုးပင္ ေသြးပ်က္ေသာ အ႐ူးလည္း မဟုတ္ရ၊ ဘီလူး စသည္ဖမ္းစား၍ စိတ္လြင့္ေနသူလည္းမဟုတ္ရ၊ ေရာဂါဒဏ္ကုိ အျပင္းအထန္ခံေနရသူလည္း မဟုတ္ရ၊ သိနားလည္ေသာ ပကတိလူသား႐ိုး႐ိုးမွ သိကၡာက်သည္။
၆။ ဝိဇာနန – အထက္ပါ ေခတ္ပုဒ္တစ္ခုခုကို ဆိုၿပီးသည္ႏွင့္ တစ္ၿပိဳင္နက္ ‘ဤသူဟာ လူထြက္လိုေပါ့’ဟု နားေထာင္သူက သိမွ နားလည္မွ သိကၡာက်လူျဖစ္သည္၊ နားမလည္လွ်င္မက်။
အထက္ပါ အဂၤါ(၆)ခ်က္ညီၫြတ္မွ လူဝတ္ေၾကာင္စစ္စစ္ျပန္ျဖစ္သြားသည္။
ယင္းအဂၤါေတြႏွင့္မညီလွ်င္ မည္မွ် ပုဆိုး၊ အက်ႌဝတ္ေန ေသာ္လည္း လူမျဖစ္ေပ။
Copy/
#Credit.
(Unicode)

ရဟန်းခံခြင်း

++++++++++

ရဟန်းခံရန်အသက်

သာသနာ့ဘောင်သို့ ရဟန်းပ ဉ္စင်းအဖြစ် ဝင်ရောက်မည့်သူအတွက် ‘အသက်နှစ်ဆယ်အောက် ယုတ်လျော့သူကို ရဟန်းခံမပေးရ’ဟု ဝိနည်းပါဠိတော်၌ ဘုရားရှင်ပညတ်တော်မူထား၏။ ထို့ကြောင့် အသက်(၂ဝ)ပြည့်သူမှ ရဟန်းဘောင်ဝင်ရောက်ခွင့် ရဟန်းခံခွင့် ရပါသည်။ သို့ သော် အဋ္ဌကထာ, ဋီကာ အစရှိသော ကျမ်းဂန်အထောက်အထားများကို ကြည့်ရှု၍ (၁၉)နှစ်နှင့် (၃)လပြည့်လျှင် ရဟန်းခံနိုင်ပြီဟု မှတ်ယူရမည်ဖြစ်ပါသည်။

ရဟန်းခံရခြင်း၏ရည်ရွယ်ချက်

အသက်(၂ဝ)ပြည့်သူသည် အချမ်း၊ အပူ၊ ဆာလောင်မှု၊ ဖြစ်ပေါ်လာသော ရောဂါဝေဒနာ စသည်တို့ကို သည်းခံနိုင်လောက်ပေပြီ။ ထို အမှုတို့ကို သည်းခံနိုင်သော စိတ်မွေးမြူရန် အသိဉာဏ်ပညာရှိပေပြီဟု အသက်(၂ဝ)ပြည့်ပြီးသူကိုသာ ရဟန်းဘောင်ဝင်ရောက်ရန် ဘုရားရှင်က ခွင့်ပြုခြင်းဖြစ်၏။ ထို့ကြောင့် ရဟန်းဘောင်ဝင်ရောက်မည့် အသက်(၂ဝ) အရွယ်ရှိသူသည် မိမိကိုယ်ပိုင်ဉာဏ်ဖြင့် စဉ်းစားဝေဖန်နိုင်သော စိတ်ထားရှိပေပြီ။ ဤသို့သော အသိဉာဏ်စိတ်ထားဖြင့် (၇)ရက်၊ (၁၅)ရက် ဒုလ္လဘအဖြစ်ဖြင့်ဖြစ်စေ၊ တစ်သက်လုံး ရဟန်းဘဝဖြင့်ဖြစ်စေ သာသနာ့ဘောင် ဝင်ရောက်မည့်သူသည် မိမိရဟန်းဘောင် ဝင်ရောက်မည့်အရေးကို လေးလေးနက်နက် ဆင်ခြင်စဉ်းစားသင့်၏။ သူများယောင်၍ ယောင်ရပါသည်ဟု မဖြစ်သင့်ပေ။ အဘယ့်ကြောင့်ဆိုသော် ရှင်ရဟန်း ဘဝဟူသည် ပွတ်ဆောက်ဖျား၊ စူးဖျားပေါ်က မုန်ညင်းစေ့ကလေးလိုပဲ’ဟု ‘ဓမ္မပဒ’၌ ဘုရားရှင် မိန့်တော်မူထား၏။

မှန်၏-လူဝတ်ကြောင်ဘဝ၌ ငါးပါးသီလလုံလျှင် အပါမကျ၊ စိတ်ချရ၏၊ ရဟန်းဘဝ၌ကား သီလသိက္ခာပုဒ် အကျဉ်း (၂၂၇)ပုဒ်၊ အကျယ်ကုဋေ ကိုးထောင်ကျော် ရှိုသည်။ ဤဝိနည်းသီလသိက္ခာပုဒ်တို့ကို နားမလည်ဂရုမပြုပါက ကြောက်မက်ဖွယ် ကောင်းလှ၏။ နိဗ္ဗာန်ကို လိုလား၍ ရဟန်းပြု၊ ရဟန်းခံပါ၏။ သို့ဖြစ်ပါလျက် ဝိနည်းကို နားမလည်၊ မတတ်ကျွမ်းသောကြောင့် လူလိုနေ၊ လူလိုသွား၊ လူလိုစား၊ လူကဲ့သို့ ပြုကျင့်နေပါက အကျိုးထက် အပြစ်က ပိုများ၏။ ထို့ကြောင့် ရဟန်းခံတော့မည်ဆိုလျှင် လေးလေးနက်နက် စဉ်းစားလေ့လာပြီးမှ ကောင်းမြတ်သော ရည်ရွယ်ချက် စိတ်ထားဖြင့်သာ ဆုံးဖြတ်၍ မိမိ၏ လျောင်ဆံထုံးအား အဆုံးခံသင့်၏။ ယတြာချေ၊ ဗေဒင်ဟောစသည် ့သဘောကြောင့်ကား သာသနာတော်ကို နွားခြံမလုပ်သင့်ပေ။

ရဟန်းသုံးမျိုး

လယ်တီဆရာတော်ဘုရားကြီးက ‘(၁) သဒ္ဓါပဗ္ဗဇိတ၊ (၂) ပညာပဗ္ဗဇိတ၊ (၃) ဘယာပဗ္ဗဇိတ’ဟု ရဟန်းသုံးမျိုး မိန့်ကြား ထားပါသည်။ ထိုသုံးမျိုးတို့တွင် –

(၁) သဒ္ဓါပဗ္ဗဇိတ – ဟူသည် ရတနာသုံးပါးနှင့် ဘုရားအဆုံးအမ သာသနာကို သဒ္ဓါကြည်ညိုစိတ်ဖြစ်ကာ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်လိုသောကြောင့် ရဟန်းဝတ်၊ ရဟန်းခံသောသူတည်း။

(၂) ပညာပဗ္ဗဇိတ – ဟူသည် ဗုဒ္ဓ၏ ပဋိကတ်ကျမ်းဂန်စာပေအသိပညာ၊ အတတ်ပညာတွေရလိုလို့ ရဟန်းဝတ်သူတည်း။

(၃) ဘယာပဗ္ဗဇိတ – ဟူသည် လူ့လောက၌ စားဝတ်နေရေး အနေမချောင် ရဟန်းဘောင်မှာ အဆင်ပြေလေမလားလို့ သာသနာ့ဘောင်ဝင်ရောက်လာသူ၊ အနာရောဂါ၊ ကျန်းမာရေးချွတ်ယွင်းနေမှု၊ အခြေအနေအရ ဗေဒင်ယတြာ အခြေအနေရ သာသနာ့ဘောင် ဝင်ရောက်ရဟန်းခံသူတို့တည်း။

ဒုလ္လဘစစ်စစ်ဖြစ်ပါစေ

‘ဒုလ္လဘ’ဟူသော ပုဒ်၌ ‘ဒု-ရနိုင်ခဲသည်ကို၊ လဘ-ရသည်’ဟု အဓိပ္ပါယ်ထွက်၏။ နှစ်ပုဒ်ပေါင်းလိုက်လျှင် ‘ဒုလ္လဘ-ရခဲသည်’။ ဒုလ္လဘဟူသည် ခေတ္တခဏ သာသနာ့ဘောင်သို့ ဝင်ရောက်၍ လူပြန်ထွက်မည့် ရဟန်းတော်များဟု မ ဆိုလို။ အထက်၌ ဆိုခဲ့သည့်အတိုင်း ခေတ္တခဏဝတ်ဝတ်၊ အမြဲဝတ်ဝတ် ထိုရှင်ရဟန်းအဖြစ်သည် အလွန်တစ်ရာ ရခဲလှသောကြောင့် ‘ဒုလ္လဘ’ဟု ခေါ် ခြင်းဖြစ်သည်။ ထိုရခဲလှသောဘဝကို ရနေသည့် ‘ဒုလ္လဘ’ဟူသောအမည်နှင့် လျော်ညီစွာ ကျင့်သုံးနေထိုင်ပါက ခေတ္တဒုလ္လဘရဟန်းခံသူဖြစ် ဖြစ်၊ အမြဲဝတ်သော ဒုလ္လဘရဟန်းဖြစ်ဖြစ် မဂ်ဖိုလ်နိဗ္ဗာရောက်သည်အထိ အကျိုးများကြပေမည်။ သို့မဟုတ်က မိမိတို့လည်း အပါယ်ငရဲသို့ ကျရောက်သွားသည်အထိ အကျိုးယုတ်သွားမည်ဖြစ်၏။ သာသနာတော်ကြီးလည်း မိမိတို့ကို အကြောင်းပြု၍ ဆုတ်ယုတ်သွားမည်ဖြစ် ပေသည်။ ထို့ကြောင့် ‘ဒုလ္လဘ’စစ်စစ်ဖြစ်စေချင်ပါသည်။

လူတိုင်းကို ခွင့်မပြု

အသက်(၂ဝ)ပြည့်ပြီဖြစ်၍ အလွန်ရခဲသော ရဟန်းဘဝ ဒုလ ္လဘကို အရယူမည်ဟု အားခဲကြိုးပမ်းသော်လည်း ဘုရားရှင်က လူတိုင်းကို သာသနာ့ဝန်ထမ်း ရှင်ရဟန်းအဖြစ်ကို ခွင့်မပြုပါချေ။ ထိုသူတို့မှာ အနာကြီး ငါးမျိုးရှိသူ၊ ယောကျ်ားမစစ်သူ၊ ကြွေးမြီရှိသူ၊ မင်းမှုထမ်း(လခစား)နှင့် မိဘခွင့်မပြုသူ စသည်တို့တည်း။ ထို့ပြင် ဝိနည်းမဟာဝါ ‘န ပဗ္ဗာဇေတဗ္ဗ ဒွတ္တိံသဝါရ-ရှင်ရဟန်းပြု မပေးရမည့် ပုဂ္ဂိုလ် ၃၂-ယောက်’ တွင် လက်ပြတ်၊ ခြေပြတ်၊ လက်ခြေပြတ်သူ၊ နားပြတ်၊ နှာခေါင်းပြတ်၊ နားနှာခေါင်းပြတ်သူ၊ လက်ချောင်း၊ ခြေချောင်းပြတ်သူ၊ ကုန်းသူ၊ ကွသူ၊ ပရိသဒူသကဟု ဆိုအပ်သော ပရိသတ်ကို ကျက်သရေမဲ့စေသူ၊ ခြေလက်ကောက်သူ၊ ခွင်သူ၊ ဇရာဒုဗ္ဗလဟုဆိုအပ်သော အိုမင်းမစွမ်းသူ၊ မျက်စိတစ်ဖက်ကန်း၊ နှစ်ဖက်ကန်းသူ၊ ဆွံ့အ နားပင်းသူ စသော ၃၂ယောက်သော ပုဂ္ဂိုလ်တို့ကို ရှင်လည်း ပြုမပေးရ။ ရဟန်းလည်း ခံမပေးရ။ အတိအလင်း တားမြစ်တော်မူထားပေသည်။

သံဃာ့မဟာနာယက ညွှန်ကြားလွှာ

ရဟန်းခံရာ၌ ကိုရင်ဝတ်သကဲ့သို့ သရဏဂုံပီအောင် ကြိုတင်သင်ကြားဖွယ် မလိုပါ။ ရဟန်းလောင်းက သံဃာ့အလယ်၌ လက်အုပ်ချီ၍ လက်အုပ် ကမ္မဝါရွတ်ဖတ်သည်ကို နာယူနားထောင်နေရုံဖြင့် ရဟန်းဖြစ်ပါသည်။ ကမ္မဝါရွတ်ဖတ်သော ဆရာတော်က ကမ္မဝါစာကို ဌာန်ကရိုဏ်း ကျကျ ရွတ်ဖတ်နိုင်ပါက ရဟန်းခံခြင်းကိစ္စ အောင်မြင်ပြီးမြေက်ပါသည်။ ထို့ကြောင့် ရဟန်းခံမှုကို ‘ဧကတောသုဒ္ဓိ=(ဌာန်ကရိုင်း ကျကျ ရွတ်ဆိုသောအားဖြင့်) ဆရာဘက်မှ သန့်ရှင်းမှု’သာ လိုအပ်သည်ဟု စာပေက ဆိုသည်။ သို့ရာတွင် ကြိုတင်သင်ကြား သင့်သည်များ ရှိပါသည်။ထို့ကြောင့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ညွှန်ကြားလွှာအမှတ် (၂၈)ဖြင့် (၁၃၅၂)ခုနှစ်က အောက်ပါအတိုင်း ညွှန်ကြားထားပါ သည်။

‘ ဒုလ္လဘရဟန်းလောင်းကို အနည်းဆုံး ရက်သတ္တတစ်ပတ်ခန့် ဘုန်းကြီးကျောင်းသို့လာစေ၍ ပါဠိ (သို့မဟုတ်) မြန်မာဘာသာဖြင့် ပါရာဇိကလေးပါး၊ သံဃာဒိသိသ် ၁၃ပါး၊ အာပတ် (၇)ပုံ၊ ပစ္စဝေက္ခဏာဆင်ခြင်နည်း၊ ဒေသနာကြားနည်း စသည့် အခြေခံဗဟုသုတများကို သင်ကြားစေပြီးမှ ရဟန်းပြုပေးရန်၊ ရဟန်းပြုပြီးပါက ဥပဇ္စျာယ်ဆရာတော်၊ သို့မဟုတ် နိဿယည်းဆရာတော်ကိုယ်တိုင် တာဝန်ယူ စောင့်ရှောက် ဆုံးမရန်၊ သတ်မှတ်ရက်စေ့ပါက လူဝတ်လဲစေရန်၊ ဆက်လက်၍ သာသနာ့တာဝန် ထမ်းဆောင်လိုပါက အနည်းဆုံးဘိက္ခုပါတိ မောက်နှင့် အဘိဓမ္မတ္ထ သင်္ဂြိုဟ်ကို သင်စေရန် ညွှန်ကြားအပ်ပါသည်’ဟူ၍ဖြစ်၏။ သို့သော် ယခုခေတ် ဒုလ္လဘရဟန်းဝတ်မည့် သူများသည် မနက်ဖြန် ဝတ်မည်ဆိုလျှင် ယနေ့လို ညနေမျိုးမှ ကျောင်းသို့ ရောက်လာတတ်သည်။ ဒါတောင် သင်ကြားဖို့လာသည်မဟုတ်၊ ဒုလ္လဘရဟန်းခံလို ကြောင်း လာလျှောက်ခြင်းသာဖြစ်၏။ ဆရာ ဘုန်းကြီးများကလည်း ဒဏာဒကာမနှင့် မဆန့်ကျင် အလွမ်းသင့်ရင်ပြီးရောဟူသော သဘောဖြင့် လက်ခံလိုက်ကြပေသည်။

အာပတ်ခုနှစ်မျိုး

သိက္ခာပုဒ် (၂၂၇)ပါးကို အာပတ်အမျိုးအစား (အပြစ်အကြီးအငယ်)အားဖြင့် အစဉ်လိုက် ပြသထားသည်ကို ကြည့်ပါ။
၁။ ပါရာဇိက
၂။ သံဃာဒိသိသ်
၃။ ထုလ္လစ္စဉ်း
၄။ ပါစိတ်
၅။ ပါဋိဒေသန
၆။ ဒုက္ကဋ်
၇။ ဒုဗ္ဘာသီ
ဟူ၍ ဖြစ်ပါသည်။ ထိုခုနစ်မျိုးတို့တွင် အမှတ်(၁)သည် အပြစ်အကြီးဆုံး (လူထွက်ရ၏)။ အမှတ်(၇)သည် အပြစ်အငယ်ဆုံး ဖြစ်၏။
လူထွက်တာခက်၏
ရဟန်းခံပြီး လူပြန်ထွက်တာကို သိက္ခာကျသည်ဟု ခေါ်၏။ ထိုသို့ သိက္ခာချ လူထွက်တာသည် လေးလေးနက်နက် ကြည့်လျှင် အလွန်ခက်၏။ သို့ဖြစ်ငြား မိမိမြင်တွေ့နေရသမျှ ဆရာသမားများသည် အလွယ်တကူပင် လူထွက်ပေးလိုက်ကြသည်ကို တွေ့မြင်နေရပေသည်။ ရှင်သာမဏေ (ကိုရင်)နှင့် ရဟန်း(ဘုန်းကြီး)သည် ဤအချက်၌ အလွန်ကွာခြားပါသည်။ ‘ရှင်သာမဏေစစ်စစ် ဖြစ်ဖို့သည် အလွန်ခက်ပြီး ကိုရင်ထွက်တာသည် အလွန်လွယ်၏။ ရဟန်းခံတာသည် အလွန်လွယ်ပြီး လူဝတ်ကြောင်ဖြစ်အောင် သိက္ခာချ လူထွက်ခြင်းသည် အလွန်ခက်၏’ဤသို့ပြောင်းပြန်ဖြစ်သည်။

ကိုရင်စစ်စစ်ဖြစ်ဖို့သည် အစ၌ ရေးပြခဲ့သည့်အတိုင်း ဆရာတပည့်နှစ်ဦးလုံး စာလာပေလာအတိုင်း သံရဏဂုံပီမှ ကိုရင်စစ်စစ်ဖြစ်ပါသည်။ လူထွက်ရာ၌ကား မိမိသင်္ကန်းကို ခါးတောင်းကျိုက် သို့မဟုတ် အခြားလူဝတ်နည်းတစ်မျိုးမျိုးဝတ်ကာ မိမိကိုယ်ကို လူ့အသွင်ဟု စိတ်ကလက်ခံသာယာလိုက်ရုံနှင့် အဝတ်လဲစရာမလိုဘဲ လူဖြစ်သွားတတ်၏။ (ထို့ကြောင့် အချို့ဝိနည်းနားလည်သော ဆရာဘုန်းကြီးတို့သည် မိမိတို့ကိုရင်များကို ခါးတောင်းကျိုက်ခြင်း စသည်မပြုလုပ်အောင် ကြိုတင် သတိပေး တားမြစ်ထားကြ၏။) ရဟန်းဖြစ်ဖို့ကား ဤသို့မဟုတ်၊ ကမ္မဝါဖတ်သည့်အခါ ထိုင်လက်အုပ်ချီ နားထောင်နေရုံဖြင့် ရဟန်းဖြစ်သွား၏။ သို့ရာတွင် လူထွက်ရာ၌ကား အင်္ဂါမညီလျှင ် မည်သူကဆွဲချွတ် ချွတ်၊ မိမိကိုယ်တိုင်ပင် လူ့အဝတ်အစားတွေဝတ်ပြီး လူဟုလျှောက်သွားနေစေကာမူ လူမဖြစ်၊ ဘုန်းကြီးကား ဘုန်းကြီးပင်ဖြစ်နေသေး၏။

သိက္ခာချလူထွက်ခြင်း

သိက္ခာချလူထွက်ရာ၌ အင်္ဂါ(၆)ချက်ရှိပါသည်။ ယင်းအင်္ဂါ(၆)ချက်ညီမှ လူပြန်ဖြစ်ပါသည်။ ယင်းအင်္ဂါတို့မှာ – ‘စိတ်၊ ခေတ်၊ ကာလ၊ ပယောဂ၊ ပုဂ္ဂလ၊ ဝိဇာနန’တို့တည်း။

၁။ စိတ် – တကယ့်ကို လူထွက်လိုသောစိတ်ပါမှ သိက္ခာကျ၊ လူဖြစ်သည်။ စိတ်မပါဘဲ ပြောင်လှောင် သိက္ခာချလျှင် လည်းကောင်း၊ စိတ်မပါဘဲ ပြောင်လှောင်သိက္ခာချလျှင်လည်းကောင်း၊ သူတစ်ပါးက အတင်းအဓမ္မ ဆွဲချွတ်လျှင် လည်းကောင်း သိက္ခာ မကျလူမဖြစ်။

၂။ ခေတ် – သိက္ခာချနည်းကိုပြသော ‘သာမဏေရောတိမံ ဓာရေထ=တပည့်တော်ကို သာမဏေ(ကိုရင်)ဟု မှတ်တော်မူပါကုန်’၊ ဂိဟီတိိ မံ ဓာရေထ=တပည့်တော်ကို လူဝတ်ကြောင်ဟု မှတ်တော်မူပါကုန်’ဟူသော ခေတ်ပုဒ်များကို မိမိနားလည်သော ဘာသာဖြင့် သုံးစွဲဆိုချမှ သိက္ခာကျ၊ လူဖြစ်သည်။

၃။ ကာလ – ‘ဓာရေထ=မှတ်တော်မူပါကုန်’ဟု ပစ္စုပ္ပန်ကာလဖြင့်ဆိုမှ သိက္ခာကျလူဖြစ်သည်။ အတိတ်ကာလ၊ အနာဂတ်ကာလ စကားလုံးဖြင့်ချကာ သိက္ခာမကျ၊

၄။ ပယောဂ – နှုတ်ြ>ွမက်ခြင်းဟူသော ဝစီပယောဂဖြင့်ဆိုမှ သိက္ခာကျသည်။ စာရေး၍ဖြစ်စေ၊ ကိုယ်လက်ပြ၍ဖြစ်စေ ချလျှင်မကျ။

၅။ ပုဂ္ဂလ – သိက္ခာချလူထွက်သော ပုဂ္ဂိုလ်၊ သိက္ခာချသည်ကို နားထောင်သော ပုဂ္ဂိုလ်နှစ်မျိုးလုံးပင် သွေးပျက်သော အရူးလည်း မဟုတ်ရ၊ ဘီလူး စသည်ဖမ်းစား၍ စိတ်လွင့်နေသူလည်းမဟုတ်ရ၊ ရောဂါဒဏ်ကို အပြင်းအထန်ခံနေရသူလည်း မဟုတ်ရ၊ သိနားလည်သော ပကတိလူသားရိုးရိုးမှ သိက္ခာကျသည်။

၆။ ဝိဇာနန – အထက်ပါ ခေတ်ပုဒ်တစ်ခုခုကို ဆိုပြီးသည်နှင့် တစ်ပြိုင်နက် ‘ဤသူဟာ လူထွက်လိုပေါ့’ဟု နားထောင်သူက သိမှ နားလည်မှ သိက္ခာကျလူဖြစ်သည်၊ နားမလည်လျှင်မကျ။

အထက်ပါ အင်္ဂါ(၆)ချက်ညီညွတ်မှ လူဝတ်ကြောင်စစ်စစ်ပြန်ဖြစ်သွားသည်။

ယင်းအင်္ဂါတွေနှင့်မညီလျှင် မည်မျှ ပုဆိုး၊ အကျႌဝတ်နေ သော်လည်း လူမဖြစ်ပေ။

Copy/
#Credit.

LEAVE A REPLY

Please enter your comment!
Please enter your name here