“စိတ္ထားေတြေျပာင္းၾက ”

အဲ့ဒီေတာ့ ေက်ာင္းသားေတြ ေက်ာင္းသူေတြ
အားလံုးေျပာခ်င္တာက ဘာလဲ။
Sense of Adventure – စြန္႔လႊတ္ စြန္႔စားခ်င္တဲ့ စိတ္ဓာတ္ေတြေမြးၾက။
ပိုျပီးေတာ့ ေလးေလးနက္နက္ ေျပာရရင္ Sense of the Scrifice ။
ကိုယ့္ဘဝကိုယ္ ျမဳပ္ႏွံခ်င္တဲ့ စိတ္ဓာတ္ေတြ ေမြးၾက။
ေနာက္တစ္ခုေျပာဦးမယ္ Sense of the Inventor ။
တီထြင္ ဆန္းသစ္လိုတဲ့ စိတ္ထားေတြ ေမြးၾက။
အဲ့ဒါေတြ မရိွေသးသမွ် ဘုန္းၾကီးတို႔
နိဳင္ငံေတာ္ ဖြံ႕ျဖိဳးတိုးတက္ဖို႔ မလြယ္ေသးဘူး။
အဲ့ဒါနဲ႔ ၂-ပတ္ တစ္ရက္။
အခ်ိန္ေလးရလာေတာ့ သူက တစ္ပတ္ (၁)ရက္ေတာင္းတယ္။
ဘုန္းၾကီးက ေပးတယ္။တစ္ႏွစ္ အျပည့္ပဲ။ျပီးေတာ့ မွတ္မိေသးတယ္။
ၾကာေသးပေတးေန႔တိုင္းမွာ သူ႔ရဲ႕
Department မွာ ဝိုင္းတစ္ဝိုင္းရိွတယ္။
ဘာဝိုင္းလဲဆိုေတာ့ Interfaith Dialogue-
ဘာသာေပါင္းစံု စားပြဲဝိုင္း ေဆြးေႏြးပြဲေလး။
ဟာအဲ့ဒီဝိုင္းေလးက လည္း သိပ္ေကာင္းတာပဲ။
ခရစ္ယာန္ေရာ အစၥလာမ္ေရာ ဟိႏၵဴေရာ
ဂ်ဴးေရာ ဂ်ိမ္းေရာ မဟာယာနေရာ
ေထရဝါဒေရာ စားပြဲဝိုင္းမွာ စကားေျပာၾကတာ။
တစ္ေယာက္က ေခါင္းစဥ္ေလးတစ္ခု တည္ေပးလိုက္ရင္
ဝိုင္းေဆြးေႏြးတယ္။
ညေနပိုင္း ေက်ာင္းဆင္းခ်ိန္ -၄ နာရီမွာ ။
အဲ့ဒါဘာျဖစ္လဲဆိုေတာ့ Mutual understanding each other
-အခ်င္းခ်င္းအျပန္အလွန္ ဘာသာေရးသမားေတြ
တစ္ေယာက္အေၾကာင္း တစ္ေယာက္
နားလည္ခြင့္ရတယ္။ပဋိပကၡမျဖစ္ဘူး။ဒီလို
အေလ့အက်င့္မ်ဳိးေတြနဲ႔ ဒီလိုစိတ္ထားမ်ဳိးေတြ
ဘုန္းၾကီးတို႔ တိုင္းျပည္မွာ ထြန္းကားမွေကာင္းမယ္။
ဘာသာဝင္တစ္ေယာက္က အျခားဘာသာဝင္တစ္ေယာက္ကို
မုဆိုးသမင္ၾကည့္သလို ၾကည့္ေနမယ္ဆိုလို႔ရိွရင္
ျငိမ္းခ်မ္းေရး တည္ေဆာက္ဖို႔ သိပ္ခက္လိမ့္မယ္။
Interfaith စကားဝိုင္းေလး ဘုန္းၾကီး အခုထိ အမွတ္ရတယ္။
အဲ့ဒါေၾကာင့္ ဘုန္းၾကီးတို႔လည္းပဲ ၾကိဳးစားျပီးေတာ့ ဗမာျပည္မွာ
(၂)ႏွစ္ တစ္ခါ ၊တစ္ႏွစ္ (၁)ခါေလာက္ ၾကိဳးစားလုပ္တယ္။
Mutual understanding and mutual respect
အျပန္အလွန္ အခ်င္းခ်င္းနားလည္ ေလးစား။
mutual Friendship -အျပန္အလွန္
ခ်စ္ခင္ေလးစာျပီး ရင္းႏွီးမႈေတြ ရကုန္တယ္။
တစ္ေယာက္နဲ႔ တစ္ေယာက္ ရင္းႏွီးခ်စ္ခင္သြားရင္
ပဋိပကၡျဖစ္ခ်င္တာေတာင္မွ
အားနာျပီးေတာ့ မျဖစ္ေတာ့ဘူး။
အဲ့ဒီ ဘန္ဒါဗစ္-တကၠသိုလ္မွာ တကၠသိုလ္မွာ တစ္ခုရိွတယ္။
Trinity College- ဆိုတာ ရိွတယ္။ Tri- ဆိုတာ သံုးခု
God- ရယ္ ၊ ဂ်ီးဆပ္ရယ္၊Spirit- ရယ္ သံုးခု
အဲ့ဒီအေၾကာင္းအရာ(၃)ခုကို ေလးေလးနက္နက္ သင္တဲ့
ေက်ာင္းကို ဘာေခၚလဲ တကၠသိုလ္ၾကီးထဲက
ေက်ာင္းခြဲေလးတစ္ခု Trinity College။
တခ်ဳိ႕တကၠသိုလ္ေတြၾကေတာ့ Divinity College- ေခၚတယ္။
divine-ဆိုတာ God ပဲ။ God -ေတြအေၾကာင္း အေသးစိပ္သင္တာ ။
တကၠသိုလ္ထဲမွာ ေကာလိပ္ခြဲေလးေတြ ေကာလိပ္ခြဲေလးေတြ
(၂၀) ၊(၂၅) ၊(၃၀) ဒီိလို ဖြဲ႕စည္းျပီးေတာ့မွ
အေပၚကေနျပီးေတာ့မွ တကၠသိုလ္ၾကီးဆိုျပီး လုပ္ထားတာ။
စနစ္ေတြက အားက်ဖို႔ သိပ္ေကာင္းတယ္။
အဲ့ဒီ ေကာလိပ္ေတြက- PhD အထိ ေပးတယ္။
အဲ့ဒီေတာ့ ဘုန္းၾကီးတို႔ တိုင္းျပည္မွာ ဗုဒၶေကာလိပ္တို႔
Buddhist Academy တို႔ Buddhist University တို႔
ဘုန္းၾကီးစလိုက္တာ ဒီကေန႔ နိဳင္ငံေတာ္မွာ Buddhist
တကၠသိုလ္ေကာလိပ္ေပါင္း (၂၅)ေလာက္ျဖစ္သြားျပီ။
သံဃာေတာ္ေတြၾကီးလုပ္ၾကတာ။ဘုန္းၾကီးရဲ႕ မိတ္ေဆြ
ခရစ္ယာန္ေတြ မိတ္ေဆြ အစၥလာမ္ေတြ ကို
“ေဟ့ ငါေတာ့ ဒါလုပ္တယ္။ မင္းတို႔ အစၥလာမ္
ခရစ္ယာန္ေက်ာင္းသားေတြ လာတက္မယ္ဆိုရင္
ငါတို႔ သင္ေပးမယ္။ ေလ့လာေရးေတာ့ လာၾကတယ္
” ေက်ာင္းသား ေက်ာင္းသူ အျဖစ္နဲ႔ေတာ့ မလာၾကေသးဘူး။
မင္းတို႔လည္းပဲ အစၥလာမ္ေကာလိပ္တို႔
ခရစ္ယာန္ေကာလိပ္တို႔ ဖြင့္မယ္ဆိုရင္ ငါလာတက္မယ္။
သူတို႔လည္းပဲ မဖြင့္ၾကေသးဘူး။
အဲ့ဒီေတာ့ ပညာေရးဖြံ႕ျဖိဳးတိုးတက္ဖို႔
အေရးၾကီးတဲ့ အေၾကာင္းေလး မေမ့လိုက္နဲ႔
Mutual Friendship – အျပန္အလွန္ မိတ္ေဆြျဖစ္ဖုိ႔။
Mutual Respect – အျပန္အလွန္ေလးစားဖို႔
Mutual Understanding –
တစ္ေယာက္အေၾကာင္း တစ္ေယာက္
အျပန္အလွန္ နားလည္လို႔ရိွရင္
It is very easy to coexist peacefully.
ျငိမ္ခ်မ္းစြာ အတူလက္တြဲေနထိုင္ဖို႔ ဘာမွ မခက္ဘူး။
ဗုဒၶဘာသာအသင္း၊
ခရစ္ယာန္ေက်ာင္းသူမ်ားကလည္း ခရစ္ယာန္အသင္း၊
ဘာျဖစ္လဲ ခ်စ္ခ်စ္ခင္ခင္ ရင္းရင္းႏွီးႏွီး ေနလိုက္ၾက။
ဒါနိဳင္ငံေတာ္ရဲ႕ ျငိမ္းခ်မ္းေရးကို ဒီလိုပဲ တည္ေဆာက္ယူရမွာ။
ဘန္ဒါဗစ္အေၾကာင္း ဆက္လိုက္ရေအာင္
။ထူးျခားတာေလး တစ္ခုေတာ့
ေျပာလိုက္ဦးမယ္။ ျမန္မာႏွစ္ေယာက္ပဲ
ရိွတဲ့ျမိဳ႕မွာ ဦးဝင္းျမင့္က ေက်ာင္းလာမယ္လို႔ ၾကံရင္
ဆရာေတာ္ ဟိုလူၾကီး ရိွလား။တယ္လီဖုန္းဆက္တယ္။
ဦးဝင္းေဆြ ရိွလားေမးတာ။မရိွဘူးဆိုရင္ လာတယ္။
ဝင္းေဆြေက်ာင္းေရာက္ေနတယ္ဆိုရင္ ဝင္းျမင့္မလာေတာ့ဘူး။
ဦးဝင္းေဆြကလည္း ဆရာေတာ္တပည့္ေတာ္
ေက်ာင္းလာမလို႔ ေက်ာင္းက
ခရစ္ယာန္ Churchၾကီး။ဦးဝင္းျမင့္ရိွလား လွမ္းေမးတယ္။
မရိွဘူးဆိုရင္ လာတယ္။ရိွတယ္ဆိုရင္ မလာဘူး။
ဗမာႏွစ္ေယာက္ထဲက မတည့္ဘူး။
အဲ့ဒါ Nature of the Burmeses.
ဗမာႏွစ္ေယာက္ထဲ မတည့္ဘူး အဲ့လိုျဖစ္တာ။
အဲ့ဒီႏွစ္ေယာက္ၾကားမွာ အဆင္ေျပေအာင္ အေတာ္ ေနေနရတယ္။
ႏွစ္ေယာက္ စလံုးကေတာ့ ေကာင္းေကာင္းၾကီး Support -လုပ္တယ္။
ဒီေန႔ထိ သူတို႔မ်ားရဲ႕ ေက်းဇူးေတြ ဘုန္းၾကီးက မေမ့ဘူး။
အခု ဒီေလာက္ကေလး ေျပာတတ္ေနတာ သူတို႔ေက်းဇူး။
ျမတ္ဗုဒၶမိန္႔ၾကားတဲ့ စကားေလး တစ္ခြန္းရိွတယ္
_/\_ _/\_ _/\_
ဥ႒ာနဝေတာ သတီမေတာ၊
သုစိကမၼႆ နိသမၼကာရိေနာ။
သညတႆ ဓမၼဇီဝိေနာ၊
အပၸမတၱႆ ယေသာဘိဝၯတိ။
အရွည္အခ်င္း(၇)ပါး။ဒီေန႔ လူငယ္ေတြမွာ
မရိွမျဖစ္လိုအပ္တဲ့ စြမ္းရည္သတၱိ(၇)ပါး။
ထူးခြ်န္ေသာ
ေက်ာင္းသားတစ္ေယာက္ျဖစ္ခ်င္ရင္
ဒီအရည္အခ်င္း(၇)ပါး ရိွရမယ္။
အဲ့ဒီေတာ့ ထူးခြ်န္တာဟာ
ေက်ာင္းတက္မွလား မဟုတ္ဘူး။ေက်ာင္းမတက္ဘဲနဲ႔လည္း
ထူးခြ်န္နိဳင္တာပဲ။
အခုသီတဂူဆရာေတာ္ကို ထူးခြ်န္တယ္ပဲေျပာေျပာ
မထူးခြ်န္ဘူးပဲေျပာေျပာ ဘယ္တကၠသိုလ္မွာမွ
ေက်ာင္းသားအျဖစ္နဲ႔ တရားဝင္ စနစ္တက်
မတက္ဖူးဘူး။ဗန္ဒါဗစ္မွာပဲ -(၁)ႏွစ္။
ေက်ာင္းသားလိုလို ဘာလိုလိုနဲ႔ ေက်ာင္းတက္လာတာ။
ဆရာတစ္လွည့္ တပည့္တစ္လွည့္ လုပ္လာတာ။
ေဒါက္တာ ခ်ားလ္ဟန္ဘရစ္ –
ခရစ္ယာန္ဘုန္းၾကီး ၾကီးအခုထိ မေမ့ဘူး။
Nashville- နက္ရွ္ဗီး-ေရာက္သြားတိုင္း
ေရာက္သြားတိုင္း သူ႔ကို ၾကိဳးစားရွာျပီးေတြ႕တယ္။
လြန္ခဲ့ႏွစ္က ျပန္သြားေတာ့ အို….လို႔။
ေတြ႕ေသးတယ္။ လာကြာ မစၥတာ ခ်ာလ္-ေရ။
မင္းနဲ႔ ငါနဲ႔ ထမင္းစားပြဲ အတူတူစားၾကရေအာင္
ဦးဝင္းျမင့္ကေတာ့ ႏွလံုးေရာဂါ ျဖစ္ေနတယ္ မလာနိဳင္ဘူး။
အဲ့ဒါ ေန႔လည္စာ အတူတူ စားၾကျပီး
စကားေျပာ ေနာက္ေၾကာင္းေတြ ျပန္ေျပာ။
အဘိုးၾကီး မ်က္ရည္မွား က်လို႔။
မနက္ပိုင္းမွာ ၁၀ နာရီကေန ၁၁ နာရီထိ
ဘုန္းၾကီးက အဂၤလိပ္စာ Class တစ္ခု သြားသြားတက္တယ္။
အသက္ (၃၀) (၄၀)ေလာက္ရိွတဲ့
အေမရိကန္ေက်ာင္းဆရာတစ္ေယာက္သင္တဲ့ အဂၤလိပ္Class
မွာတက္တာ။ႏွစ္ တစ္ဝက္ နီးပါးတက္တာ ဘာမွ နားမလည္ဘူး။
ဘယ္လို ဘာေတြ ေျပာေနမွန္းကို ေကာင္းေကာင္း မသိဘူး။
ႏွစ္တစ္ဝက္ က်ဳိးမွ နည္းနည္းနားလည္တာ။
အဲ့ဒါ မစၥတာ ခ်ားလ္-ကိုေတာင္းပန္ရတယ္
။ေဟ့ ခ်ားလ္ဟန္းဘရစ္ – ဒီဆရာငယ္ေလးေျပာတာကေတာ့
ပရြတ္ ပရြတ္နဲ႔ စာလံုးေပါင္းေတြေရာ
အသံေတြေရာ ငါနားမလည္ဘူးကြာ ငါ့ေျပာင္းေပးဆိုေတာ့။
အသက္(၆၅) ရိွျပီျဖစ္တဲ့။ပင္စင္
ယူခါနီးေနျပီ ေဒါက္တာ အယ္လင္ကားဝဲ-ဆိုတဲ့
အဂၤလိပ္စာျပ ဆရာမၾကီး သူက
မာစတာပဲေအာင္တယ္။ အဂၤလိပ္စာမွာ ေရႊတံဆိပ္ရတာ။
အဲ့ဒီ အဖြားၾကီးရဲ႕ အတန္းကို ပို႔လိုက္တာ။
အဲ့ဒီ အဖြားၾကီး ေဒါက္တာ အယ္လင္ကားဝဲ- နဲ႔ သင္မွ
အဆင္ေျပသြားတယ္။ေျဖးေျဖး ေလးေလးခ်င္း တစ္လံုးခ်င္းေျပာတာ။
အသံထြက္ကေလးမ်ားဆိုရင္ – ေအ၊ဘီ၊စီ တစ္လံုးခ်င္း လိုက္ဆိုစမ္းပါ။
အဲ့ဒီလိုေလး သင္ေပးတာ။
ေနာက္က်ေတာ့ အဆင္ေျပသြားတာက
ၾကာသာပေတးေန႔ တစ္ရက္ သီးသန္႔ တစ္ေယာက္ထဲ
သူ႔ဆီမွာ သင္ခြင့္ရတယ္။
အရွင္ဘုရားေျပာမယ့္ ေဟာမယ့္ ဗုဒၶဘုရားစာေတြကို
ႏွစ္မ်က္ႏွာေလာက္ ေရးေရးျပီးေတာ့ သူ႔စားပြဲေပၚတင္ထားေပးပါ။
ေဟာဒီမွာ ဖန္လံုးေလး ဒါေလးနဲ႔ ဖိထားေပး။
သူမရိွလည္း သူ႔ရံုးခန္းဖြင့္ထားမယ္ဆိုေတာ့ ၾကာသာပေတးေန႔ ေတြ႕ရမယ္။
ဗုဒၶဟူးေန႔ေလာက္မွာ မနက္ပိုင္း မွာ ေက်ာင္းတက္သြားရင္းနဲ႔ အဲ့ဒီစာေလး
(၇)ရက္ေလာက္ ေခြ်းဒီးဒီးက်ေအာင္ ေရးရတယ္။ဒီ Essay -ေလးကို။
သူ႕စားပြဲေပၚတင္ထားေပးလိုက္တယ္။
သူက ဗုဒၶဟူးညက်ေတာ့ ဖတ္ျပီးေတာ့
သူ႕မွတ္ခ်က္ေလးေတြ ေရးထားျပီးေတာ့
ၾကာသာပေတးေန႔ ညေန
(၄)နာရီးေက်ာင္းဆင္းခ်ိန္ေလးမွာ သူ႔ရံုးခန္းဝင္သြားေတာ့
အဲ့ဒီစာေလးေတြကို ဒါဘာေၾကာင့္ ဒီလို ေရးသလဲ။
ဒီလိုေရးသင့္တယ္ ဒီလိုမေရးသင့္ဘူး။
ဒီစာလံုး သံုးသင့္တယ္ မသံုးသင့္ဘူးဆိုတာ
သူ႔ဆီမွာ တစ္ႏွစ္ နီးနီး အဲ့ဒါေလးေတြသင္လိုက္ရတာ။
အဲ့ဒီအက်ဳိး အျမတ္ကေတာ့ ဒီေန႔အထိ မေမ့ပါဘူး။
ဘန္ဒါဗစ္ျပန္ေရာက္တဲ့ လြန္ခဲ့တဲ့ ႏွစ္က –
အယ္လင္ကားဝဲ- ရွာတယ္ မေတြ႕ေတာ့ဘူး။
လြမ္းစရာေကာင္းတယ္။
နံပါတ္(၁) ဥ႒ာန- အျမဲတမ္း နိဳးၾကား
တက္ၾကြေနတဲ့ စိတ္ဓာတ္ေတြ ရိွရမယ္။
ၾကီးမားတဲ့ေမွ်ာ္လင့္ခ်က္ေတြ ထားမွ
နိဳးၾကား တက္ၾကြတဲ့ စိတ္ထား ရိွလိမ့္မယ္။
ေမွ်ာ္လင့္ခ်က္ ၾကီးၾကီးမားမား မရိွရင္ နိဳးၾကားတက္ၾကြတဲ့ စိတ္မရိွဘူး။
ဒီကေန႔ ေက်ာင္းသားေတြ ၾကီးမားတဲ့ ေမွ်ာ္လင့္ခ်က္ ရိွေသာေက်ာင္းသား
သိပ္ရွားတယ္။တစ္နပ္စာပဲ စဥ္းစားေနတဲ့ ကေလးေတြ မ်ားတယ္။
ဒီေတာ့ ပညာေရးမွာ သူနာျပဳလုပ္ငန္း
ပရဟိတအလုပ္ေတြ လုပ္သြားတဲ့ မာသာထရီဇာ-တို႔လို႔ ၊
ဟန္နရီဒူးနန္႔တို႔လို ၊စစ္ေရး စစ္ရာမွာ ေျပာင္ေျမာက္တဲ့
ပုဂၢိဳလ္ေတြအေၾကာင္း သင္ခ်င္ရင္လည္းပဲ
နပိုလီယံတို႔လို- ျပင္သစ္ စစ္ဘုရင္ၾကီး၊
ျပင္သစ္စစ္ဘုရင္ၾကီး နယ္ပိုလီယံက
သူ႔စစ္တပ္ၾကီး လြတ္လိုက္တယ္။
ေရာမကို သိမ္းဖို႔။ၾကားထဲမွာAlps Ranges
-လ=အလ္ပ ေတာင္တန္းၾကီး ရိွတယ္။
သြား ေရာမကို တိုက္ဖို႔ သြားျပင္ၾကဆိုေတာ့
“တပ္သားေတြက ျပန္လာတယ္။”
အလ္ပတ္-ေတာင္တန္းၾကီး ဆီးႏွင္းေတြ ခဲေနတာ။
ေဟ့ ဘာလို႔ ျပန္လာၾကတာလဲ။ဆီးႏွင္းေတြ
ခဲေနတယ္ ျဖစ္နိဳင္တယ္ မထင္ဘူး။
It is impossible -ဆိုျပီး သူ႔ကို ေျပာတယ္။
သူဘာျပန္ေျပာလဲ။
“There shall be no Alps
Impossible is a word to be found only
in the dictionary of fools,” Napoleon.
ဘယ္ေလာက္ေတာင္ နိဳးၾကားတက္ၾကြေနလဲ ။
နိဳးၾကားမႈဟာ အစြန္းေတာင္ ေရာက္ေနတယ္။
ဘုန္းၾကီးတို႔ တိုင္းျပည္ကေတာ့ ျဖစ္မွာ
မဟုတ္ပါဘူး။ျဖစ္နိဳင္မယ္ မထင္ဘူး-
ဆိုတဲ့ လူေတြပဲမ်ားတယ္။
နပိုလီယံ ျပန္အမိန္႔ေပးတယ္။”
ျဖစ္လာ မျဖစ္လား ငါအၾကည့္ခိုင္းတာ မဟုတ္ဘူး။ျပန္သြား။
ငါ အတက္ခိုင္းတာ” စစ္တပ္ၾကီးေတာင္ေျခေရာက္ေရာ
သူကေနာက္က ျမင္းေပၚကေန
Hey Climp up the moutain , Napoléon Bonaparte –
လို႔လည္း ေအာ္လိုက္ေရာ
အကုန္လံုး ေတာင္ထိပ္ေရာက္သြားတယ္။
နိဳင္းျမစ္ရဲ႕ေအာက္ပိုင္းက စစ္ပြဲတစ္ခုမွာ
ျပင္သစ္စစ္တပ္နဲ႔ အဂၤလိပ္စစ္တပ္
ယွဥ္ဆိုင္ၾကတာ။Nile Battle -နိဳင္းျမစ္ရဲ႕ စစ္ပြဲ။
အဂၤလိပ္ဘက္က ေခါင္းေဆာင္က နယ္လ္ဆင္ Nelson၊
အဂၤလိပ္စစ္ဗိုလ္ေတြနဲ႔ ညမွာ အစည္းအေဝးလုပ္တယ္။
တိုက္နည္း ဗ်ဴဟာေတြ ေျမပံုခ် ၾကည့္ျပီးေတာ့ ဒီလိုတက္
ဘယ္သူကဘယ္ကတက္ အစည္းအေဝးၾကီးျပီးသြားတယ္။
စစ္ဗိုလ္တစ္ေယာက္က ထေျပာတယ္။
နိဳင္းျမစ္စစ္ပြဲေတာ့ ျပင္သစ္ကို အဂၤလိပ္က နိဳင္မွာပဲ။
ဘာေျပာလိုက္လဲဆိုေတာ့
If we succeed in this battle,
what will the world say ? –
သူက if နဲ႔ ေျပာတယ္။
အကယ္၍မ်ားေပါ့ေနာ္ ငါတို႔ ဒီတိုက္ပြဲမွာ နိဳင္ခဲ့လို႔ရွိရင္
ကမာၻၾကီးက ဘာေျပာလိမ့္မလဲ။
Hey There is no in the case “, replied Nelson.
“That we shall succeed is certain”
နယ္လ္ဆင္ -ထေအာ္တယ္။ ေဟ့ ဒီျဖစ္ရပ္မွာ –
အကယ္၍-ဆိုတာ မရိွဘူး။
ငါတို႔ နိဳင္မွာ ေသခ်ာေပါက္ပဲ။ Nile Battle မွာ
နယ္လ္ဆင္နိဳင္တယ္။
အခုေတာ့ ဘုန္းၾကီးတို႔တေတြက ဘာျဖစ္ေနလဲ ရပါ့ရပါ့မလား ။
ျဖစ္မွ ျဖစ္ပ့ါမလား ဟုတ္မွ ဟုတ္ပါ့မလား
ဒါေလးက မရိွဘူး ဟိုဟာေလးက လိုေန။
ဒါ မရိွလို႔ ဒါမျဖစ္ဘူးဆိုတဲ့ ဆင္ေျခေတြနဲ႔
ၾကီးသြားေနတာ တစ္သက္လံုး။
ဘာမွ ျဖစ္ဘူး။မျဖစ္ ျဖစ္တာနဲ႔ လုပ္။
ဥ႒ာန-အျမဲတမ္း တက္ၾကြေနရမယ္။
You must be always active.
ဒုတိယ – အရည္အခ်င္းက သတိ၊
သတိဆိုတာ ဘာလဲဆိုရင္Guardian of the Mind ပဲ။
စိတ္က အစာင့္အေရွာက္ရိွရမယ္။
ဘိုးေတာ္ မယ္ေတာ္ေတြ ေစာင့္ေစာင့္ မေစာင့္ေစာင့္
သတိနဲ႔ ထိန္းျပီးေတာ့ ဒီစိတ္ကို ခိုင္းရမယ္။
စိတ္အထိန္းမရိွတဲ့သူေတြ အမွားအယြင္းမ်ားတယ္။
ေနာက္တစ္ခ့=ု
နံပါတ္(၃)က သုစိကမၼ- Purification of the Deed.
လုပ္သမွ် အလုပ္ သန္႔သန္႔ရွင္းရွင္းလုပ္ပါ။
ရုပ္ညံ့တဲ့အေတြးအေခၚေတြနဲ႔ ေတြးျပီးေတာ့ ဒါလုပ္လိုက္ရင္
ငါ့အတြက္ ဘယ္ေလာက္ အက်ဳိးရိွမလဲ။မေတြးပါနဲ႔။
အဲ့ဒါ Selfishness
Purification of the speech.
Purification of the thought.
ကိုယ္က်ဳိး ကိုယ့္စီးပြားထည့္ျပီးေတာ့ မေတြးပါနဲ႔။
သန္႔ရွင္းရမယ္။
ေနာက္တစ္ခုက
နံပါတ္(၄) နိသမၼကာရိေတာ- လုပ္ရင္ ဘက္စံု
စူးစမ္ဆင္ျခင္ စံုစမ္း စစ္ေဆးျပီးမွ အလုပ္လုပ္ပါ။
ေလးဘက္ ေလးတန္ အကုန္စစ္ေဆးျပီးမွ အလုပ္လုပ္ပါ။
Investigative Wisdom- စူးဆန္းတဲ့ အသိဉာဏ္ရိွရမယ္။
ေနာက္ နံပါတ္(၅)က
သညတ- သညတ-ဆိုတာ သံယမ-Abstaining from all evil-
မေကာင္းမႈ မွန္သမွ် မေရာယွက္ေစနဲ႔။
မေကာင္းတာ မွန္သမွ် အားလံုးကို ေရွာင္ရမယ္။
မေကာင္းတာေလး နည္းနည္း ေရာလိုက္ရင္
မြန္ျမတ္တဲ့ ရည္ရြယ္ခ်က္ေတြ အကုန္ပ်က္စီးသြားမယ္။
နံပါတ္(၆)က ဓမၼဇီဝိ- Purification of the Livelihood.
ကိုယ့္စားေရး ေနေရး ဝတ္ေရး အဲ့ဒီ
အေရးသံုုးပါးနဲ႔ရွာတဲ့ ပစၥည္းေတြဟာ သန္႔သန္႔ရွင္းရွင္းျဖစ္ရမယ္။
မနက္ (၉)နာရီ ေက်ာင္းတက္ရမယ္ ဆရာ ဆရာမေတြ ဆိုၾကပါစို႔။
(၁၀)နာရီမွ လာရင္ ဘာျဖစ္လဲ ဘယ္သူမွ မသိ ဘာမွ မျဖစ္ဘူး။
မေအာက္ေမ့နဲ႔ နားလည္ေအာင္ စဥ္းစား တစ္နာရီ အလုပ္ မလုပ္ဘူးေလ။
တစ္လ လံုးလံုး (၁၀)နာရီမွခ်ည္း အလုပ္ဝင္တယ္ဆိုရင္
လြယ္ေအာင္ေျပာမယ္ နာရီ(၃၀) သူအခ်ိန္ခိုးထားတယ္။
အခ်ိန္ခိုးျခင္းဟာ နိဳင္ငံေတာ္ ပို္ကဆံကို ခိုးျခင္းနဲ႔ အတူတူပဲ။
သုစိကမၼ-ျဖစ္ဖို႔ ခက္တယ္။အဲ့ဒါေၾကာင့္
သန္႔သန္႔ရွင္းရွင္း အသက္ေမြးရမယ္။
အဒိႏၷာဒါနာ သိကၡာပုဒ္ သိပ္ႏုညံ့တယ္။ဗုဒၶသင္ထားေပးတယ္။
ဘဝ သန္႔ရွင္းဖို႔။
ညေန(၄)နာရီ ျပန္ရမယ္ မဟုတ္ဘူး။
(၃)နာရီ ျပန္သြားတယ္ ဆိုရင္ ညေန (၁)နာရီ ခိုး။
ညေန (၁)နာရီခိုးတယ္။(၂)နာရီစာ
အလုပ္မလုပ္ဘဲနဲ႔ ပိုက္ဆံယူသြားတယ္။
အဲ့ဒီအတြက္ ေလွ်ာ့ျပီး ပိုက္ဆံ ဘယ္သူမွ
မထုတ္ဘူး။အျပည့္ထုတ္တယ္။
အခ်ိန္ပိုခိုင္းျပီဆိုရင္ ဆူညံေနတာပဲ။အ
ခ်ိန္ခိုးေတာ့ ဘယ္သူမွ မဆူဘူး။
ဒါက နားလည္လြယ္ေအာင္ေျပာတာပါ။
Livelihood သန္႔ရွင္းရမယ္။
ေနာက္ဆံုး နံပါတ္(၇) ကေတာ့ အပၸမာဒ- မေမ့နဲ႔။
ေမ့ေလ်ာ့ျခင္းဟာလည္း ပ်က္စီးျခင္းရဲ႕ အေၾကာင္းပဲ။
အားလံုး အရည္အခ်င္း(၇)ပါး။
အဲ့ဒီ အရည္အခ်င္း(၇)ပါးနဲ႔ ျပည့္စံုလို႔ ရိွရင္ ဘယ္သူမဆို
ဘဝမွာ ၾကီးၾကီးက်ယ္က်ယ္ ထင္ထင္ေပၚေပၚ
ျဖစ္တတ္တယ္။ဒီအရည္အခ်င္း(၇)ပါးနဲ႔ အလုပ္လုပ္ၾက။
အဲ့ဒီေတာ့ ေက်ာင္းသင္ခန္းစာမ်ားမွာ
ဒါမ်ဳိးေတြလည္း သင္ၾကားေပးဖို႔ လိုတာေပါ့။
ထို႔ေနာက္ ေက်းဇူးေတာ္ရွင္ဆရာေတာ္ဘုရားၾကီးက
University of Vanderbilt-
အေၾကာင္းေျပာျပျပီး အခန္းအနားသိမ္းေတာ္မူသည္။
ေက်းဇူးေတာ္ရွင္သီတဂူဆရာေတာ္ဘုရားၾကီး
၂၅.၈.၂၀၁၇- ေန႔က မံုရြာတကၠသိုလ္တြင္
မိန္႔ၾကားေတာ္မူေသာ
ၾသဝါဒမွ
ဤဓမၼဒါနကို အသံဖိုင္မွ ေရးရေသာ ကုသိုလ္ေၾကာင့္
ဣမိနာ ပုည ကေမၼန ပေရသံ ဟိတမိေစၦယ်ံ၊
ဟိတံ ေမ ဣစၧတံ ပေရာ။
ဣဒံေမ ပုညံ ေဗာဓိဉာဏႆပစၥေယာ ေဟာတု။
_/\_ _/\_ _/\_
_/\_ သီတဂူစန္းလပမာ ခ်မ္းျမသာယာ ရွိၾကပါေစ_/\_

Credit — Pay Thoe

(Unicode)

“စိတ်ထားတွေပြောင်းကြ ”
အဲ့ဒီတော့ ကျောင်းသားတွေ ကျောင်းသူတွေ
အားလုံးပြောချင်တာက ဘာလဲ။
Sense of Adventure – စွန့်လွှတ် စွန့်စားချင်တဲ့ စိတ်ဓာတ်တွေမွေးကြ။
ပိုပြီးတော့ လေးလေးနက်နက် ပြောရရင် Sense of the Scrifice ။
ကိုယ့်ဘဝကိုယ် မြုပ်နှံချင်တဲ့ စိတ်ဓာတ်တွေ မွေးကြ။
နောက်တစ်ခုပြောဦးမယ် Sense of the Inventor ။
တီထွင် ဆန်းသစ်လိုတဲ့ စိတ်ထားတွေ မွေးကြ။
အဲ့ဒါတွေ မရှိသေးသမျှ ဘုန်းကြီးတို့
နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ဖို့ မလွယ်သေးဘူး။
အဲ့ဒါနဲ့ ၂-ပတ် တစ်ရက်။
အချိန်လေးရလာတော့ သူက တစ်ပတ် (၁)ရက်တောင်းတယ်။
ဘုန်းကြီးက ပေးတယ်။တစ်နှစ် အပြည့်ပဲ။ပြီးတော့ မှတ်မိသေးတယ်။
ကြာသေးပတေးနေ့တိုင်းမှာ သူ့ရဲ့
Department မှာ ဝိုင်းတစ်ဝိုင်းရှိတယ်။
ဘာဝိုင်းလဲဆိုတော့ Interfaith Dialogue-
ဘာသာပေါင်းစုံ စားပွဲဝိုင်း ဆွေးနွေးပွဲလေး။
ဟာအဲ့ဒီဝိုင်းလေးက လည်း သိပ်ကောင်းတာပဲ။
ခရစ်ယာန်ရော အစ္စလာမ်ရော ဟိန္ဒူရော
ဂျူးရော ဂျိမ်းရော မဟာယာနရော
ထေရဝါဒရော စားပွဲဝိုင်းမှာ စကားပြောကြတာ။
တစ်ယောက်က ခေါင်းစဉ်လေးတစ်ခု တည်ပေးလိုက်ရင်
ဝိုင်းဆွေးနွေးတယ်။
ညနေပိုင်း ကျောင်းဆင်းချိန် -၄ နာရီမှာ ။
အဲ့ဒါဘာဖြစ်လဲဆိုတော့ Mutual understanding each other
-အချင်းချင်းအပြန်အလှန် ဘာသာရေးသမားတွေ
တစ်ယောက်အကြောင်း တစ်ယောက်
နားလည်ခွင့်ရတယ်။ပဋိပက္ခမဖြစ်ဘူး။ဒီလို
အလေ့အကျင့်မျိုးတွေနဲ့ ဒီလိုစိတ်ထားမျိုးတွေ
ဘုန်းကြီးတို့ တိုင်းပြည်မှာ ထွန်းကားမှကောင်းမယ်။
ဘာသာဝင်တစ်ယောက်က အခြားဘာသာဝင်တစ်ယောက်ကို
မုဆိုးသမင်ကြည့်သလို ကြည့်နေမယ်ဆိုလို့ရှိရင်
ငြိမ်းချမ်းရေး တည်ဆောက်ဖို့ သိပ်ခက်လိမ့်မယ်။
Interfaith စကားဝိုင်းလေး ဘုန်းကြီး အခုထိ အမှတ်ရတယ်။
အဲ့ဒါကြောင့် ဘုန်းကြီးတို့လည်းပဲ ကြိုးစားပြီးတော့ ဗမာပြည်မှာ
(၂)နှစ် တစ်ခါ ၊တစ်နှစ် (၁)ခါလောက် ကြိုးစားလုပ်တယ်။
Mutual understanding and mutual respect
အပြန်အလှန် အချင်းချင်းနားလည် လေးစား။
mutual Friendship -အပြန်အလှန်
ချစ်ခင်လေးစာပြီး ရင်းနှီးမှုတွေ ရကုန်တယ်။
တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးချစ်ခင်သွားရင်
ပဋိပက္ခဖြစ်ချင်တာတောင်မှ
အားနာပြီးတော့ မဖြစ်တော့ဘူး။
အဲ့ဒီ ဘန်ဒါဗစ်-တက္ကသိုလ်မှာ တက္ကသိုလ်မှာ တစ်ခုရှိတယ်။
Trinity College- ဆိုတာ ရှိတယ်။ Tri- ဆိုတာ သုံးခု
God- ရယ် ၊ ဂျီးဆပ်ရယ်၊Spirit- ရယ် သုံးခု
အဲ့ဒီအကြောင်းအရာ(၃)ခုကို လေးလေးနက်နက် သင်တဲ့
ကျောင်းကို ဘာခေါ်လဲ တက္ကသိုလ်ကြီးထဲက
ကျောင်းခွဲလေးတစ်ခု Trinity College။
တချို့တက္ကသိုလ်တွေကြတော့ Divinity College- ခေါ်တယ်။
divine-ဆိုတာ God ပဲ။ God -တွေအကြောင်း အသေးစိပ်သင်တာ ။
တက္ကသိုလ်ထဲမှာ ကောလိပ်ခွဲလေးတွေ ကောလိပ်ခွဲလေးတွေ
(၂၀) ၊(၂၅) ၊(၃၀) ဒီိလို ဖွဲ့စည်းပြီးတော့မှ
အပေါ်ကနေပြီးတော့မှ တက္ကသိုလ်ကြီးဆိုပြီး လုပ်ထားတာ။
စနစ်တွေက အားကျဖို့ သိပ်ကောင်းတယ်။
အဲ့ဒီ ကောလိပ်တွေက- PhD အထိ ပေးတယ်။
အဲ့ဒီတော့ ဘုန်းကြီးတို့ တိုင်းပြည်မှာ ဗုဒ္ဓကောလိပ်တို့
Buddhist Academy တို့ Buddhist University တို့
ဘုန်းကြီးစလိုက်တာ ဒီကနေ့ နိုင်ငံတော်မှာ Buddhist
တက္ကသိုလ်ကောလိပ်ပေါင်း (၂၅)လောက်ဖြစ်သွားပြီ။
သံဃာတော်တွေကြီးလုပ်ကြတာ။ဘုန်းကြီးရဲ့ မိတ်ဆွေ
ခရစ်ယာန်တွေ မိတ်ဆွေ အစ္စလာမ်တွေ ကို
“ဟေ့ ငါတော့ ဒါလုပ်တယ်။ မင်းတို့ အစ္စလာမ်
ခရစ်ယာန်ကျောင်းသားတွေ လာတက်မယ်ဆိုရင်
ငါတို့ သင်ပေးမယ်။ လေ့လာရေးတော့ လာကြတယ်
” ကျောင်းသား ကျောင်းသူ အဖြစ်နဲ့တော့ မလာကြသေးဘူး။
မင်းတို့လည်းပဲ အစ္စလာမ်ကောလိပ်တို့
ခရစ်ယာန်ကောလိပ်တို့ ဖွင့်မယ်ဆိုရင် ငါလာတက်မယ်။
သူတို့လည်းပဲ မဖွင့်ကြသေးဘူး။
အဲ့ဒီတော့ ပညာရေးဖွံ့ဖြိုးတိုးတက်ဖို့
အရေးကြီးတဲ့ အကြောင်းလေး မမေ့လိုက်နဲ့
Mutual Friendship – အပြန်အလှန် မိတ်ဆွေဖြစ်ဖို့။
Mutual Respect – အပြန်အလှန်လေးစားဖို့
Mutual Understanding –
တစ်ယောက်အကြောင်း တစ်ယောက်
အပြန်အလှန် နားလည်လို့ရှိရင်
It is very easy to coexist peacefully.
ငြိမ်ချမ်းစွာ အတူလက်တွဲနေထိုင်ဖို့ ဘာမှ မခက်ဘူး။
ဗုဒ္ဓဘာသာအသင်း၊
ခရစ်ယာန်ကျောင်းသူများကလည်း ခရစ်ယာန်အသင်း၊
ဘာဖြစ်လဲ ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး နေလိုက်ကြ။
ဒါနိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေးကို ဒီလိုပဲ တည်ဆောက်ယူရမှာ။
ဘန်ဒါဗစ်အကြောင်း ဆက်လိုက်ရအောင်
။ထူးခြားတာလေး တစ်ခုတော့
ပြောလိုက်ဦးမယ်။ မြန်မာနှစ်ယောက်ပဲ
ရှိတဲ့မြို့မှာ ဦးဝင်းမြင့်က ကျောင်းလာမယ်လို့ ကြံရင်
ဆရာတော် ဟိုလူကြီး ရှိလား။တယ်လီဖုန်းဆက်တယ်။
ဦးဝင်းဆွေ ရှိလားမေးတာ။မရှိဘူးဆိုရင် လာတယ်။
ဝင်းဆွေကျောင်းရောက်နေတယ်ဆိုရင် ဝင်းမြင့်မလာတော့ဘူး။
ဦးဝင်းဆွေကလည်း ဆရာတော်တပည့်တော်
ကျောင်းလာမလို့ ကျောင်းက
ခရစ်ယာန် Churchကြီး။ဦးဝင်းမြင့်ရှိလား လှမ်းမေးတယ်။
မရှိဘူးဆိုရင် လာတယ်။ရှိတယ်ဆိုရင် မလာဘူး။
ဗမာနှစ်ယောက်ထဲက မတည့်ဘူး။
အဲ့ဒါ Nature of the Burmeses.
ဗမာနှစ်ယောက်ထဲ မတည့်ဘူး အဲ့လိုဖြစ်တာ။
အဲ့ဒီနှစ်ယောက်ကြားမှာ အဆင်ပြေအောင် အတော် နေနေရတယ်။
နှစ်ယောက် စလုံးကတော့ ကောင်းကောင်းကြီး Support -လုပ်တယ်။
ဒီနေ့ထိ သူတို့များရဲ့ ကျေးဇူးတွေ ဘုန်းကြီးက မမေ့ဘူး။
အခု ဒီလောက်ကလေး ပြောတတ်နေတာ သူတို့ကျေးဇူး။
မြတ်ဗုဒ္ဓမိန့်ကြားတဲ့ စကားလေး တစ်ခွန်းရှိတယ်
_/\_ _/\_ _/\_
ဥဋ္ဌာနဝတော သတီမတော၊
သုစိကမ္မဿ နိသမ္မကာရိနော။
သညတဿ ဓမ္မဇီဝိနော၊
အပ္ပမတ္တဿ ယသောဘိဝဎ္ဍတိ။
အရှည်အချင်း(၇)ပါး။ဒီနေ့ လူငယ်တွေမှာ
မရှိမဖြစ်လိုအပ်တဲ့ စွမ်းရည်သတ္တိ(၇)ပါး။
ထူးချွန်သော
ကျောင်းသားတစ်ယောက်ဖြစ်ချင်ရင်
ဒီအရည်အချင်း(၇)ပါး ရှိရမယ်။
အဲ့ဒီတော့ ထူးချွန်တာဟာ
ကျောင်းတက်မှလား မဟုတ်ဘူး။ကျောင်းမတက်ဘဲနဲ့လည်း
ထူးချွန်နိုင်တာပဲ။
အခုသီတဂူဆရာတော်ကို ထူးချွန်တယ်ပဲပြောပြော
မထူးချွန်ဘူးပဲပြောပြော ဘယ်တက္ကသိုလ်မှာမှ
ကျောင်းသားအဖြစ်နဲ့ တရားဝင် စနစ်တကျ
မတက်ဖူးဘူး။ဗန်ဒါဗစ်မှာပဲ -(၁)နှစ်။
ကျောင်းသားလိုလို ဘာလိုလိုနဲ့ ကျောင်းတက်လာတာ။
ဆရာတစ်လှည့် တပည့်တစ်လှည့် လုပ်လာတာ။
ဒေါက်တာ ချားလ်ဟန်ဘရစ် –
ခရစ်ယာန်ဘုန်းကြီး ကြီးအခုထိ မမေ့ဘူး။
Nashville- နက်ရှ်ဗီး-ရောက်သွားတိုင်း
ရောက်သွားတိုင်း သူ့ကို ကြိုးစားရှာပြီးတွေ့တယ်။
လွန်ခဲ့နှစ်က ပြန်သွားတော့ အို….လို့။
တွေ့သေးတယ်။ လာကွာ မစ္စတာ ချာလ်-ရေ။
မင်းနဲ့ ငါနဲ့ ထမင်းစားပွဲ အတူတူစားကြရအောင်
ဦးဝင်းမြင့်ကတော့ နှလုံးရောဂါ ဖြစ်နေတယ် မလာနိုင်ဘူး။
အဲ့ဒါ နေ့လည်စာ အတူတူ စားကြပြီး
စကားပြော နောက်ကြောင်းတွေ ပြန်ပြော။
အဘိုးကြီး မျက်ရည်မှား ကျလို့။
မနက်ပိုင်းမှာ ၁၀ နာရီကနေ ၁၁ နာရီထိ
ဘုန်းကြီးက အင်္ဂလိပ်စာ Class တစ်ခု သွားသွားတက်တယ်။
အသက် (၃၀) (၄၀)လောက်ရှိတဲ့
အမေရိကန်ကျောင်းဆရာတစ်ယောက်သင်တဲ့ အင်္ဂလိပ်Class
မှာတက်တာ။နှစ် တစ်ဝက် နီးပါးတက်တာ ဘာမှ နားမလည်ဘူး။
ဘယ်လို ဘာတွေ ပြောနေမှန်းကို ကောင်းကောင်း မသိဘူး။
နှစ်တစ်ဝက် ကျိုးမှ နည်းနည်းနားလည်တာ။
အဲ့ဒါ မစ္စတာ ချားလ်-ကိုတောင်းပန်ရတယ်
။ဟေ့ ချားလ်ဟန်းဘရစ် – ဒီဆရာငယ်လေးပြောတာကတော့
ပရွတ် ပရွတ်နဲ့ စာလုံးပေါင်းတွေရော
အသံတွေရော ငါနားမလည်ဘူးကွာ ငါ့ပြောင်းပေးဆိုတော့။
အသက်(၆၅) ရှိပြီဖြစ်တဲ့။ပင်စင်
ယူခါနီးနေပြီ ဒေါက်တာ အယ်လင်ကားဝဲ-ဆိုတဲ့
အင်္ဂလိပ်စာပြ ဆရာမကြီး သူက
မာစတာပဲအောင်တယ်။ အင်္ဂလိပ်စာမှာ ရွှေတံဆိပ်ရတာ။
အဲ့ဒီ အဖွားကြီးရဲ့ အတန်းကို ပို့လိုက်တာ။
အဲ့ဒီ အဖွားကြီး ဒေါက်တာ အယ်လင်ကားဝဲ- နဲ့ သင်မှ
အဆင်ပြေသွားတယ်။ဖြေးဖြေး လေးလေးချင်း တစ်လုံးချင်းပြောတာ။
အသံထွက်ကလေးများဆိုရင် – အေ၊ဘီ၊စီ တစ်လုံးချင်း လိုက်ဆိုစမ်းပါ။
အဲ့ဒီလိုလေး သင်ပေးတာ။
နောက်ကျတော့ အဆင်ပြေသွားတာက
ကြာသာပတေးနေ့ တစ်ရက် သီးသန့် တစ်ယောက်ထဲ
သူ့ဆီမှာ သင်ခွင့်ရတယ်။
အရှင်ဘုရားပြောမယ့် ဟောမယ့် ဗုဒ္ဓဘုရားစာတွေကို
နှစ်မျက်နှာလောက် ရေးရေးပြီးတော့ သူ့စားပွဲပေါ်တင်ထားပေးပါ။
ဟောဒီမှာ ဖန်လုံးလေး ဒါလေးနဲ့ ဖိထားပေး။
သူမရှိလည်း သူ့ရုံးခန်းဖွင့်ထားမယ်ဆိုတော့ ကြာသာပတေးနေ့ တွေ့ရမယ်။
ဗုဒ္ဓဟူးနေ့လောက်မှာ မနက်ပိုင်း မှာ ကျောင်းတက်သွားရင်းနဲ့ အဲ့ဒီစာလေး
(၇)ရက်လောက် ချွေးဒီးဒီးကျအောင် ရေးရတယ်။ဒီ Essay -လေးကို။
သူ့စားပွဲပေါ်တင်ထားပေးလိုက်တယ်။
သူက ဗုဒ္ဓဟူးညကျတော့ ဖတ်ပြီးတော့
သူ့မှတ်ချက်လေးတွေ ရေးထားပြီးတော့
ကြာသာပတေးနေ့ ညနေ
(၄)နာရီးကျောင်းဆင်းချိန်လေးမှာ သူ့ရုံးခန်းဝင်သွားတော့
အဲ့ဒီစာလေးတွေကို ဒါဘာကြောင့် ဒီလို ရေးသလဲ။
ဒီလိုရေးသင့်တယ် ဒီလိုမရေးသင့်ဘူး။
ဒီစာလုံး သုံးသင့်တယ် မသုံးသင့်ဘူးဆိုတာ
သူ့ဆီမှာ တစ်နှစ် နီးနီး အဲ့ဒါလေးတွေသင်လိုက်ရတာ။
အဲ့ဒီအကျိုး အမြတ်ကတော့ ဒီနေ့အထိ မမေ့ပါဘူး။
ဘန်ဒါဗစ်ပြန်ရောက်တဲ့ လွန်ခဲ့တဲ့ နှစ်က –
အယ်လင်ကားဝဲ- ရှာတယ် မတွေ့တော့ဘူး။
လွမ်းစရာကောင်းတယ်။
နံပါတ်(၁) ဥဋ္ဌာန- အမြဲတမ်း နိုးကြား
တက်ကြွနေတဲ့ စိတ်ဓာတ်တွေ ရှိရမယ်။
ကြီးမားတဲ့မျှော်လင့်ချက်တွေ ထားမှ
နိုးကြား တက်ကြွတဲ့ စိတ်ထား ရှိလိမ့်မယ်။
မျှော်လင့်ချက် ကြီးကြီးမားမား မရှိရင် နိုးကြားတက်ကြွတဲ့ စိတ်မရှိဘူး။
ဒီကနေ့ ကျောင်းသားတွေ ကြီးမားတဲ့ မျှော်လင့်ချက် ရှိသောကျောင်းသား
သိပ်ရှားတယ်။တစ်နပ်စာပဲ စဉ်းစားနေတဲ့ ကလေးတွေ များတယ်။
ဒီတော့ ပညာရေးမှာ သူနာပြုလုပ်ငန်း
ပရဟိတအလုပ်တွေ လုပ်သွားတဲ့ မာသာထရီဇာ-တို့လို့ ၊
ဟန်နရီဒူးနန့်တို့လို ၊စစ်ရေး စစ်ရာမှာ ပြောင်မြောက်တဲ့
ပုဂ္ဂိုလ်တွေအကြောင်း သင်ချင်ရင်လည်းပဲ
နပိုလီယံတို့လို- ပြင်သစ် စစ်ဘုရင်ကြီး၊
ပြင်သစ်စစ်ဘုရင်ကြီး နယ်ပိုလီယံက
သူ့စစ်တပ်ကြီး လွတ်လိုက်တယ်။
ရောမကို သိမ်းဖို့။ကြားထဲမှာAlps Ranges
-လ=အလ်ပ တောင်တန်းကြီး ရှိတယ်။
သွား ရောမကို တိုက်ဖို့ သွားပြင်ကြဆိုတော့
“တပ်သားတွေက ပြန်လာတယ်။”
အလ်ပတ်-တောင်တန်းကြီး ဆီးနှင်းတွေ ခဲနေတာ။
ဟေ့ ဘာလို့ ပြန်လာကြတာလဲ။ဆီးနှင်းတွေ
ခဲနေတယ် ဖြစ်နိုင်တယ် မထင်ဘူး။
It is impossible -ဆိုပြီး သူ့ကို ပြောတယ်။
သူဘာပြန်ပြောလဲ။
“There shall be no Alps
Impossible is a word to be found only
in the dictionary of fools,” Napoleon.
ဘယ်လောက်တောင် နိုးကြားတက်ကြွနေလဲ ။
နိုးကြားမှုဟာ အစွန်းတောင် ရောက်နေတယ်။
ဘုန်းကြီးတို့ တိုင်းပြည်ကတော့ ဖြစ်မှာ
မဟုတ်ပါဘူး။ဖြစ်နိုင်မယ် မထင်ဘူး-
ဆိုတဲ့ လူတွေပဲများတယ်။
နပိုလီယံ ပြန်အမိန့်ပေးတယ်။”
ဖြစ်လာ မဖြစ်လား ငါအကြည့်ခိုင်းတာ မဟုတ်ဘူး။ပြန်သွား။
ငါ အတက်ခိုင်းတာ” စစ်တပ်ကြီးတောင်ခြေရောက်ရော
သူကနောက်က မြင်းပေါ်ကနေ
Hey Climp up the moutain , Napoléon Bonaparte –
လို့လည်း အော်လိုက်ရော
အကုန်လုံး တောင်ထိပ်ရောက်သွားတယ်။
နိုင်းမြစ်ရဲ့အောက်ပိုင်းက စစ်ပွဲတစ်ခုမှာ
ပြင်သစ်စစ်တပ်နဲ့ အင်္ဂလိပ်စစ်တပ်
ယှဉ်ဆိုင်ကြတာ။Nile Battle -နိုင်းမြစ်ရဲ့ စစ်ပွဲ။
အင်္ဂလိပ်ဘက်က ခေါင်းဆောင်က နယ်လ်ဆင် Nelson၊
အင်္ဂလိပ်စစ်ဗိုလ်တွေနဲ့ ညမှာ အစည်းအဝေးလုပ်တယ်။
တိုက်နည်း ဗျူဟာတွေ မြေပုံချ ကြည့်ပြီးတော့ ဒီလိုတက်
ဘယ်သူကဘယ်ကတက် အစည်းအဝေးကြီးပြီးသွားတယ်။
စစ်ဗိုလ်တစ်ယောက်က ထပြောတယ်။
နိုင်းမြစ်စစ်ပွဲတော့ ပြင်သစ်ကို အင်္ဂလိပ်က နိုင်မှာပဲ။
ဘာပြောလိုက်လဲဆိုတော့
If we succeed in this battle,
what will the world say ? –
သူက if နဲ့ ပြောတယ်။
အကယ်၍များပေါ့နော် ငါတို့ ဒီတိုက်ပွဲမှာ နိုင်ခဲ့လို့ရှိရင်
ကမ္ဘာကြီးက ဘာပြောလိမ့်မလဲ။
Hey There is no in the case “, replied Nelson.
“That we shall succeed is certain”
နယ်လ်ဆင် -ထအော်တယ်။ ဟေ့ ဒီဖြစ်ရပ်မှာ –
အကယ်၍-ဆိုတာ မရှိဘူး။
ငါတို့ နိုင်မှာ သေချာပေါက်ပဲ။ Nile Battle မှာ
နယ်လ်ဆင်နိုင်တယ်။
အခုတော့ ဘုန်းကြီးတို့တတွေက ဘာဖြစ်နေလဲ ရပါ့ရပါ့မလား ။
ဖြစ်မှ ဖြစ်ပ့ါမလား ဟုတ်မှ ဟုတ်ပါ့မလား
ဒါလေးက မရှိဘူး ဟိုဟာလေးက လိုနေ။
ဒါ မရှိလို့ ဒါမဖြစ်ဘူးဆိုတဲ့ ဆင်ခြေတွေနဲ့
ကြီးသွားနေတာ တစ်သက်လုံး။
ဘာမှ ဖြစ်ဘူး။မဖြစ် ဖြစ်တာနဲ့ လုပ်။
ဥဋ္ဌာန-အမြဲတမ်း တက်ကြွနေရမယ်။
You must be always active.
ဒုတိယ – အရည်အချင်းက သတိ၊
သတိဆိုတာ ဘာလဲဆိုရင်Guardian of the Mind ပဲ။
စိတ်က အစာင့်အရှောက်ရှိရမယ်။
ဘိုးတော် မယ်တော်တွေ စောင့်စောင့် မစောင့်စောင့်
သတိနဲ့ ထိန်းပြီးတော့ ဒီစိတ်ကို ခိုင်းရမယ်။
စိတ်အထိန်းမရှိတဲ့သူတွေ အမှားအယွင်းများတယ်။
နောက်တစ်ခ့=ု
နံပါတ်(၃)က သုစိကမ္မ- Purification of the Deed.
လုပ်သမျှ အလုပ် သန့်သန့်ရှင်းရှင်းလုပ်ပါ။
ရုပ်ညံ့တဲ့အတွေးအခေါ်တွေနဲ့ တွေးပြီးတော့ ဒါလုပ်လိုက်ရင်
ငါ့အတွက် ဘယ်လောက် အကျိုးရှိမလဲ။မတွေးပါနဲ့။
အဲ့ဒါ Selfishness
Purification of the speech.
Purification of the thought.
ကိုယ်ကျိုး ကိုယ့်စီးပွားထည့်ပြီးတော့ မတွေးပါနဲ့။
သန့်ရှင်းရမယ်။
နောက်တစ်ခုက
နံပါတ်(၄) နိသမ္မကာရိတော- လုပ်ရင် ဘက်စုံ
စူးစမ်ဆင်ခြင် စုံစမ်း စစ်ဆေးပြီးမှ အလုပ်လုပ်ပါ။
လေးဘက် လေးတန် အကုန်စစ်ဆေးပြီးမှ အလုပ်လုပ်ပါ။
Investigative Wisdom- စူးဆန်းတဲ့ အသိဉာဏ်ရှိရမယ်။
နောက် နံပါတ်(၅)က
သညတ- သညတ-ဆိုတာ သံယမ-Abstaining from all evil-
မကောင်းမှု မှန်သမျှ မရောယှက်စေနဲ့။
မကောင်းတာ မှန်သမျှ အားလုံးကို ရှောင်ရမယ်။
မကောင်းတာလေး နည်းနည်း ရောလိုက်ရင်
မွန်မြတ်တဲ့ ရည်ရွယ်ချက်တွေ အကုန်ပျက်စီးသွားမယ်။
နံပါတ်(၆)က ဓမ္မဇီဝိ- Purification of the Livelihood.
ကိုယ့်စားရေး နေရေး ဝတ်ရေး အဲ့ဒီ
အရေးသုုံးပါးနဲ့ရှာတဲ့ ပစ္စည်းတွေဟာ သန့်သန့်ရှင်းရှင်းဖြစ်ရမယ်။
မနက် (၉)နာရီ ကျောင်းတက်ရမယ် ဆရာ ဆရာမတွေ ဆိုကြပါစို့။
(၁၀)နာရီမှ လာရင် ဘာဖြစ်လဲ ဘယ်သူမှ မသိ ဘာမှ မဖြစ်ဘူး။
မအောက်မေ့နဲ့ နားလည်အောင် စဉ်းစား တစ်နာရီ အလုပ် မလုပ်ဘူးလေ။
တစ်လ လုံးလုံး (၁၀)နာရီမှချည်း အလုပ်ဝင်တယ်ဆိုရင်
လွယ်အောင်ပြောမယ် နာရီ(၃၀) သူအချိန်ခိုးထားတယ်။
အချိန်ခိုးခြင်းဟာ နိုင်ငံတော် ပို်ကဆံကို ခိုးခြင်းနဲ့ အတူတူပဲ။
သုစိကမ္မ-ဖြစ်ဖို့ ခက်တယ်။အဲ့ဒါကြောင့်
သန့်သန့်ရှင်းရှင်း အသက်မွေးရမယ်။
အဒိန္နာဒါနာ သိက္ခာပုဒ် သိပ်နုညံ့တယ်။ဗုဒ္ဓသင်ထားပေးတယ်။
ဘဝ သန့်ရှင်းဖို့။
ညနေ(၄)နာရီ ပြန်ရမယ် မဟုတ်ဘူး။
(၃)နာရီ ပြန်သွားတယ် ဆိုရင် ညနေ (၁)နာရီ ခိုး။
ညနေ (၁)နာရီခိုးတယ်။(၂)နာရီစာ
အလုပ်မလုပ်ဘဲနဲ့ ပိုက်ဆံယူသွားတယ်။
အဲ့ဒီအတွက် လျှော့ပြီး ပိုက်ဆံ ဘယ်သူမှ
မထုတ်ဘူး။အပြည့်ထုတ်တယ်။
အချိန်ပိုခိုင်းပြီဆိုရင် ဆူညံနေတာပဲ။အ
ချိန်ခိုးတော့ ဘယ်သူမှ မဆူဘူး။
ဒါက နားလည်လွယ်အောင်ပြောတာပါ။
Livelihood သန့်ရှင်းရမယ်။
နောက်ဆုံး နံပါတ်(၇) ကတော့ အပ္ပမာဒ- မမေ့နဲ့။
မေ့လျော့ခြင်းဟာလည်း ပျက်စီးခြင်းရဲ့ အကြောင်းပဲ။
အားလုံး အရည်အချင်း(၇)ပါး။
အဲ့ဒီ အရည်အချင်း(၇)ပါးနဲ့ ပြည့်စုံလို့ ရှိရင် ဘယ်သူမဆို
ဘဝမှာ ကြီးကြီးကျယ်ကျယ် ထင်ထင်ပေါ်ပေါ်
ဖြစ်တတ်တယ်။ဒီအရည်အချင်း(၇)ပါးနဲ့ အလုပ်လုပ်ကြ။
အဲ့ဒီတော့ ကျောင်းသင်ခန်းစာများမှာ
ဒါမျိုးတွေလည်း သင်ကြားပေးဖို့ လိုတာပေါ့။
ထို့နောက် ကျေးဇူးတော်ရှင်ဆရာတော်ဘုရားကြီးက
University of Vanderbilt-
အကြောင်းပြောပြပြီး အခန်းအနားသိမ်းတော်မူသည်။
ကျေးဇူးတော်ရှင်သီတဂူဆရာတော်ဘုရားကြီး
၂၅.၈.၂၀၁၇- နေ့က မုံရွာတက္ကသိုလ်တွင်
မိန့်ကြားတော်မူသော
သြဝါဒမှ
ဤဓမ္မဒါနကို အသံဖိုင်မှ ရေးရသော ကုသိုလ်ကြောင့်
ဣမိနာ ပုည ကမ္မေန ပရေသံ ဟိတမိစ္ဆေယျံ၊
ဟိတံ မေ ဣစ္ဆတံ ပရော။
ဣဒံမေ ပုညံ ဗောဓိဉာဏဿပစ္စယော ဟောတု။
_/\_ _/\_ _/\_
_/\_ သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ_/\_

Credit — Pay Thoe

LEAVE A REPLY

Please enter your comment!
Please enter your name here