နာကိုး၊ ေတာင္းရွစ္၊ သာဓုတစ္၊ အေျဖမွန္..?
==============================
“နာကိုးေတာင္းရွစ္၊ သာဓုတစ္၊ ေဟာလစ္အသေခ်ၤ” ဟူေသာစကားကို ပါဠိေတာ္ အ႒ကထာတို႔၌ မပါေၾကာင္း
ေရွးယပ္လွဲတရားစာ စသည္တို႔၌သာေတြ႔မိေၾကာင္း ပညာရွင္တို႔ ေျဖၾကားဖူးေလၿပီ။
(ဂါထာအေနျဖင့္ ဤသို႔ရွိသတဲ့–
န၀ကပၸံ သုတဓမၼံ ၊ အ႒ကပၸဥၥ ယာစိေတာ၊
ဧေကာ ကေပၸါ ႏုေမာဒနာ၊ ေဒသိေတာ စ အသေခ်ၤေယာ။)
ေရွးဦးစြာ လကၤာပါအတိုင္း အက်ဳိးရႏိုင္,မရႏိုင္ မစိစစ္မီွ၊ ပါဠိေတာ္ အ႒ကထာတို႔၌ လာေသာ တရားနာျခင္း
စသည္တုိ႔၏ အက်ဳိးတရားတို႔ကို ေဖာ္ျပခ်င္ပါသည္။
#နာကိုး
အဂၤုတၱိဳရ္ ပါဠိေတာ္၊ ဓမၼႆ၀န သုတ္တြင္ တရားနာျခင္းျဖင့္ အက်ိဳးငါးပါး ရႏိုင္ေၾကာင္း ေအာက္ပါ
အတိုင္းေဟာေတာ္မူထား၏။
ရဟန္းတို႔ တရားနာျခင္း၌ ၊ အာနိသင္တို႔သည္ ဤငါးမ်ိဳးတို႔တည္း-
အဘယ္ငါးမ်ိဳးတို႔နည္းဟူမူ-
(၁)မၾကားဘူးသည္ကို ၾကားနာရ၏၊
(၂) ၾကားဘူးသည္ကို ျဖဴစင္ေစ၏၊
(၃)ယုံမွားမႈကုိ ကူးေျမာက္ႏိုင္၏၊
(၄)အယူကိုေျဖာင့္မွတ္စြာ ျပဳႏိုင္၏၊
(၅)ထိုသူ၏ စိတ္သည္ ၾကည္လင္၏။
ရဟန္းတုိ႔ တရားနာၿခင္း၌ အာနိသင္တုိ႔သည္ ဤငါးမ်ိဳးတုိ႕တည္းဟု-(မိန္႔ေတာ္မူ၏)။ (အင္၊ျမန္၊၂၊၂၇၂)
ထုိ႔ျပင္ တရားေတာ္ကုိ ၾကားနာျခင္းဟူေသာ ေသာတသာ၀န၊ ႏႈတ္ျဖင့္ သရဇၥ်ာယ္ျခင္းဟူေသာ ပရိစိတ၊ စိတ္ျဖင္႔
အဖန္ဖန္ၾကံစည္ျခင္းဟူေသာ မနသာအႏုေပကၡိတ၊ပညာျဖင္႔ ေကာင္းစြာထုိးထြင္း၍ သိျခင္းဟူေသာ
ဒိ႒ိယာသုပနိ၀ိဒၶ၊ ဤေလးပါးေသာကိစၥတုိ႔ျဖင္႔ ေကာင္းစြာ အားထုတ္အပ္သည္ရွိေသာ္ ေလးပါးေသာ အက်ိဳး
တရားတုိ႔ကုိ ရႏုိင္ေၾကာင္းအဂၤုတၱိဳရ္၊ စတုကၠနိပါတ္၊ ေသာတာႏုဂတသုတ္တြင္ ေဟာေတာ္မူထား၏။ (အင္၊ျမန္၊
၁၊၅၁၉)
ေလးပါးဟူေသာ္ကား-….
၁။ေမ႔ေလ်ာ့သည္ျဖစ္၍ လုုူ႔အျဖစ္ကုိ စြန္႔ရသည္ရွိေသာ္ အထက္နတ္ျပည္၌ျဖစ္ရ သျဖင္႔ ေရွးဘ၀၌ၾကားနာအပ္
အားထုတ္ အပ္ေသာ ပရိယတၱိတရားရွိေသာပုဂၢဳိလ္သည္ ၾကည္လင္ေသာေၾကးမုံျပင္၌ထင္ေသာ မ်က္ႏွာ
ရိပ္ကဲသို႔ အလုိလုိပင္ ထင္ျခင္းသုိ႔ ေရာက္သျဖင္႔ မဂ္ညဏ္၊ ဖုိလ္ညဏ္၊ န္ိဗၺာန္ကုိ မ်က္ေမွာက္ျပဳရျခင္းတစ္ပါး။
၂။မိမိအလုိလိုပင္ တန္းခု္ိးၾကီးေသာရဟန္းတုိ႔ေဟာေျပာ၍ ထပ္မံနာရျပန္ေသာအခါ၌ လိမၼာေသာေယာက်္ား
သည္ အရပ္တစ္ပါး၌ စည္ၾကီးသံကုိၾကားသည္ရွိေသာ္ ၾကားေသာခဏ၌စည္းၾကီးသံဟု မေတြမေ၀ သိႏုိင္
သကဲ႔သုိ႔ တရားသံကုိၾကားရေသာခဏ၌ မေတြမေ၀သ္ိသျဖင္႔ေလာကုတၱရာ တရားအထူးကုိ ရျခင္းတစ္ပါး။
၃။တန္းခုိးၾကီးေသာရဟန္း မေဟာေသာ္လည္း သုဓမၼာသဘင္၌ သနကၤုရျဗဟၼာ သိၾကားမင္းတုိ႔ ေဟာေျပာ၍
ၾကားနာရေသာ ခဏ၌ မဂ္ဖုိလ္ရျခင္းတစ္ပါး။
၄။ထုိ႔သုိ႔ပင္ မဟုတ္ေသာ္လည္း အေပါင္းအေဖာ္နတ္္တို႔ သတိေပး၍ မဂ္ဖုိလ္ရျခင္းတစ္ပါး။ ဤေလးပါးတုိ႔တည္း။
အထက္ပါေဖာ္ျပခ်က္တုိ႔တြင္ ဓမၼႆ၀နသုတ္လာ ငါးပါးေသာအက်ိဳးတရားတုိ႔သည္ ယခု မ်က္ေမွာက္
ဘ၀အတြက္ျဖစ္၏။ ေသာတာႏုဂတသုတ္လာ ေလးပါးေသာအက်ိဳး တရားတုိ႔သည္ ေနာင္တမ လြန္ဘ၀
အတြြက္ျဖစ္၏။
သို႔ေသာ္ ထုိအက်ိဳးတရားတုိ႔ကုိ လူတုိင္း မုခ် အလြယ္တကူ ရႏုိင္ၾကသည္ မဟုတ္ကုန္။
အဂၤုတၱိဳရ္၊ ပဥၥကနိပါတ္၊ ဒုကၠထာသုတ္၌ ေဟာေတာ္မူသည္႔အတုိင္း သဒၵါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ
မရွိသူတုိ႔အား ထုိသဒၶါစေသာတရားတုိ႔သည္ မေကာင္းေသာ စကားတုိ႔သာျဖစ္၏။
ထုိ႔ေၾကာင့္ ထုိသူမ်ိဳးတုုိ႕အား ထုိသဒၶါတရားစသည္ႏွင့္စပ္ေသာ တရားစကားတုိ႔ကုိ ၾကားနာရေသာ အခါ
ႏွစ္သက္၀မ္းေျမာက္ျခင္း ပီတ္ိပါေမာဇၨစသည္မျဖစ္၊ ႏွလုံးမသာယာျခင္း ေဒါမနႆ စသည္ တုိ႔သာျဖစ္၏။
ထုိ႔ေၾကာင္႔ ထုိသူမ်ိဳးတုိ႔အား တရားနာရျခင္း အက်ိဳးတရားတုိ႔ ၿပည္႔ျပည္႔၀၀ မျဖစ္ပြားၾကကုန္။
အက်ိဳးတရားခံစားၾကရသူတုိ႔တြင္လည္း ဤဘ၀မဂ္ဖုိလ္ ရထုိက္သုူတုိ႔သည္ ဤဘ၀၌ပင္ မဂ္ဖုိလ္ကုိ
ရႏုိင္ၾကကုန္၏။
ဤဘ၀၌ မဂ္ဖုိလ္မရထုိက္သူ အခ်ိဳ႕သည္ ေနာက္ဘ၀၌ မဂ္ဖုိလ္ရႏုိင္ၾကကုန္၏။ အခ်ိဳသူတုိ႕အား အထုံ၀ါသနာ
အေနအားျဖင္႔သာ ျဖစ္ကုန္၏။ သုိ႔ရကား တရားနာရျခင္း၏ အက်ိဳးတရားတုိ႔က္ုိ ဘ၀ျဖင္႔ပုိင္းျခား၍ မျဖစ္ႏုိင္
ပါေခ်။ထိုကဲ့သို႔ တရားနာလွ်င္ ကိုးမ်ိဳးရ၏။
#ေတာင္းရွစ္
ျမန္မာႏုိင္ငံတြင္ တရားမေဟာမီ ၀တ္အဖြဲ႔ ၊ နိဗၺာန္ေဆာ္၊ ပန္းဒကာ စသူတုိ႔က မိမိတုိ႔ရရွိထားေသာ
တရားေတာင္းလကၤာမ်ားျဖင္႔ တရားေဒသနာမ်ား ခ်ီးျမႇင္႔ေဟာၾကားေတာ္မူပါရန္ ရြတ္ဆုိေတာင္းပန္ၾကကုန္၏။
သုိ႔ရာတြင္ ထုိသူတုိ႔အား တရားေတာင္းသူ အစစ္ဟု မဆုိႏုိင္ကုန္။ ထုိသူတုိ႔ မေတာင္းပန္လွ်င္လည္း တရား
ပြဲျဖစ္ေျမာက္ေအာင္တာ၀န္ယူပင္႔ဖိတ္သူ၊ စီစဥ္ေဆာင္ရြက္သူ အလွဴရွင္ တုိ႔က ေလွ်ာက္ထားေတာင္း ပန္ၿပီး
ျဖစ္ေသာေၾကာင္႔ ေဟာမည္ပင္ျဖစ္၏။ ထုိေၾကာင္႔ ထုိဓမၼဒါန ကုသုိလ္ရွင္ စီၤစဥ္ေဆာင္ရြက္ သူတုိ႔သာ
မူလတရားေတာင္းသူတို႔ ျဖစ္ကုန္၏။ ထုိသူတုိ႔သည္ တရားေဟာ သူႏွင္႔မျခား ဓမၼဒါန ကုသုိလ္တရားတုိ႔ ႔
ျဖစ္ပြားရရွိၾကကုန္၏။
မွန္၏။ ကုသုိလ္အမွဳ၌ျဖစ္ေစ၊ အကုသုိလ္အမွဳ၌ျဖစ္ေစ ကုိယ္တုိင္ျပဳသူ (သာဟတၱိက) ေစခုိင္းတုိက္တြန္းသူ
(အာဏတၱိက) အက်ိဳးျပ၍ ခ်ိီးမြမ္းသူ (၀ဏၰဘာသန) ေက်နပ္သေဘာက်သူ(သမႏုညာ)တုိ႔အား
ထပ္တူအက်ိဳးရႏုိင္ေၾကာင္း အဖြင့္အ႒ကထာမ်ား ႏွင့္အညီ ေရွးဆရာတုိ႔ ဤသုိ႔လကၤာဖြဲ႔ဆုိျပေတာ္မူထား၏။
“ကမၼပထ၊ ဆယ္ပါးျပ၌၊ ႏွစ္၀ ဒု-သု၊ ကုိယ္တုိင္ျပဳႏွင္႔၊ သူတုိ႔ေစျငား၊ ရႊင္အားႏွစ္သက္။ ခ်ီးမြမ္းျမြက္ ဟု၊
ေလးခ်က္ဆီလီ၊ ေလးဆယ္စီတည္း၊ မွ်ညီ ျပစ္က်ိဳး၊ တူရုိးအဟုတ္၊ျမတ္သမၺဳဒ္တုိ႔၊ မယုတ္မပို၊ ေဟာမိန္႔ဆုိခဲ႔။
(မဃေဒ၀၊၂၃၀)
ဓမၼဒါနကုသိုလ္ရွင္ဟု ေခၚဆိုၾကေသာ တရားပြဲျဖစ္ေျမာက္ရန္ မတည္လွဴဒါန္းသူ အလွဴရွင္သည္ ဓမၼကထိက
ပုဂၢိဳလ္အားလည္း ဓမၼေဒသနာကုသိုလ္ျဖစ္ေစသူ တရားနာပရိသတ္အေပါင္း သူေတာ္ေကာင္းတို႔အားလည္း
ဓမၼႆ၀နကုသိုလ္ျဖစ္ေစသူ တရားေဟာသူ တရားနာသူ စီစဥ္သူအားလံုးတို႔အား အာမိသဒါန ဓမၼဒါန တို႔ကို
ျဖစ္ပြားေစသူ ျဖစ္သျဖင့္ လြန္စြာေက်းဇူးမ်ားလွ၏။
သို႔ရာတြင္ ထိုသို႔ေတာင္းပန္သူ တိုက္တြန္းသူမ်ား ဘ၀ေပါင္းမည္မွ်အက်ိဳးေပးႏိုင္၏ ဟု ဘ၀ျဖင့္ ပိုင္းျခား၍
ေဟာျပေသာ ေဒသနာတို႔ကို မေတြ႔ရေပ။ ေမးခြန္းပါ တရားနာျခင္း၊ ေဟာျခင္း ေတာင္းပန္းျခင္း သာဓုေခၚျခင္း
အမႈတို႔သည္ ဒါန သီလ ဘာ၀နာ ဟု ကုသိုလ္အမႈ႔ သံုးခုရိွရာတြင္ ဘာ၀နာကုသိုလ္တြင္ စာရင္း၀င္၏၊
ဘာ၀နာကုသိုလ္၏ ပန္းတိုင္သည္လည္း မဂ္ဖိုလ္နိဗၺာန္ ျမန္ျမန္ရရန္ျဖစ္၏။ ထို႔ေၾကာင့္ အက်ိဳး တရားတို႔ကို
ဘ၀ျဖင့္ ပိုင္းျခားျပစရာ မလိုဟု ယူဆပါသည္။
#သာဓုတစ္
တရားနာရာ၌ သာဓုေခၚရျခင္း၏ အက်ိဳးျပ ၀တၳဳသက္ေသတစ္ခုကို အဂၤုတၱိဳရ္ အ႒ကထာမွ ထုတ္ႏွဳတ္ျပပါမည္။
ျမတ္စြာဘုရားသခင္ သာ၀တၳိျပည္မြန္ ေဇတ၀န္ေက်ာင္းေတာ္၌ ကိန္းေအာင္းေမြ႔ေလ်ာ္ စံေပ်ာ္ေတာ္မူခိုက္
တစ္ေယာက္ေသာ သူေဌးသမီး၏ လင္ေယာက္်ားသည္ ျမတ္စြာဘုရား၏ တရားေဒသနာကို ၾကားနာရ၍ “
ဤတရားကို လူ႔ဘ၀ျဖင့္ ျဖည့္က်င့္ျခင္းငွါ မလြယ္ကူ” ဟု ယူဆကာ ပိ႑ပါတ္ဓုတင္ေဆာင္ ရဟန္းတစ္ပါး၏
အထံ၌ ရဟန္းျပဳေလ၏။
ထိုသူ၏မယားကို ပေသနဒီေကာသလမင္းႀကီးက သိမ္းပိုက္ကာ ကိုယ္လုပ္ေမာင္းမအရာ၌ ထားေလ၏။
တေန႔ေသာအခါ ၾကာညိဳပန္းတစ္စည္းကို ယူ၍ ေမာင္းမတစ္ေယာက္စီအား ၾကာညိဳပန္း တစ္္ပြင္စီေပးေစ၏။
ထိုသို႔ေ၀ဘန္ရာတြင္ ထုိရဟန္း၀တ္သြားသူ၏ မယားေဟာင္းသည္ ပန္းႏွစ္ပြင့္ရေလ၏- ထိုေမာင္းမသည္
ၿပံဳးေပ်ာ္ၾကည္ႏူးကာ ပန္းတို႔ကို နမ္းရိူက္လွ်င္ လင္ေဟာင္းျဖစ္ေသာ ရဟန္းကို ေအာက္ေမ႔သတိရသျဖင့္
ငိုေၾကြးမိေလ၏။ မင္းႀကီးသည္ ထိုမိန္းမ၏ ၿပံဳးရီလိုက္ ငိုလိုက္ ျဖစ္ေနပုံကုိ ေတြ႔ျမင္၍ ေခၚကာေမးေလလွ်င္
“ၾကာညိဳပန္း ႏွစ္ပြင့္ရသျဖင့္ ၀မ္းသာကာ ျပံဳးရယ္မိေၾကာင္း ၾကာပန္းကို နမ္းရိႈက္စဥ္ ခံတြင္းမွ
ၾကာညိဳပန္းနံထြက္ေသာ ယခုရဟန္းျပဳသြားၿပီျဖစ္ေသာ လင္ေဟာင္းကို သတိရသျဖင့္ ငိုေၾကြးမိေၾကာင္း
အေၾကာင္းစံုကို ေလွ်ာက္တင္ေလ၏။
ပေသနဒီေကာသလမင္းႀကီးသည္ သံုးႀကိမ္တိုင္တိုင္ေမးျမန္း စစ္ေဆး၍ မယံုၾကည္ေသးသျဖင့္ ေနာက္ေန႔တြင္
နန္းေတာ္သို႔ ဘုရားအမွဴးရိွေသာ ရဟန္းသံဃာတို႔ကို ပင့္ဖိတ္၍ အလွဴႀကီးေပးကာ ဆြမ္းကိစၥၿပီးေသာအခါ၌
ထိုေမာင္းမကို ေမးျမန္းမွတ္သား၍ ဘုရားရွင္အား ရိွခိုးကာ “အရွင္ဘုရား၊ ရဟန္းအေပါင္းႏွင့္ တကြ ျပန္ၾကြေတာ္
မူပါ။
တပည့္ေတာ္တို႔အား ဤမည္ေသာရဟန္း တရားေဟာပါလိမ့္မည္”ဟု ေလွ်ာက္ထားေလ၏။ ျမတ္စြာဘုရားသည္
(သူေဌးသမီး၏ လင္ေယာက်္ားျဖစ္ဘူးေသာ) ထိုရဟန္းကို ခ်န္ထား၍ ျပန္ၾကြေတာ္မူ၏။
မေထရ္သည္ အႏုေမာဒနာတရား ေဟာအံ့ေသာငွါ ပါးစပ္ဟလိုက္လွ်င္ပင္ နန္းေတာ္တစ္ခုလံုး နံ႔သာၾကဳတ္
ကဲ့သို႔ျဖစ္၍ အလြန္ေမႊးႀကိဳင္သြား၏။ မင္းႀကီးသည္ ေမာင္းမ၏ စကားကို ယံုၾကည္ သြားၿပီး ေနာက္ေန႔၌
ဘုရားရွင္ကို ေမးေလွ်ာက္ေလ၏၊
ျမတ္စြာဘုရားသည္ “ဤရဟန္းကား အတိတ္ေ၀းစြာ ေရွးအခါတုန္းက တရားစကား နာၾကားရသည္ရိွေသာ္
“သာဓုသာဓု” ဟု ေကာင္းခ်ီးႏုေမာ္ သာဓုေခၚလ်က္ ပတၱာႏုေမာဒန ကုသိုလ္ကို အရိုအေသ ျဖစ္ေစခဲ့ဖူးေလၿပီ ။
ထုိကုသိုလ္ အေၾကာင္းရင္းေၾကာင့္ ဤသို႔ေသာ အက်ိဳးအာနိသင္ကို ရရိွျခင္းျဖစ္၏။ ဟု မိန္႔ေတာ္မူ၏။
(အံ၊ ႒၊ ၁၊ ၂၂ )
“သတည္း” ခ်တိုင္း ၀တၱရားအရ သာဓုေခၚရျခင္းမ်ိဳးမဟုတ္ပဲ တရားေတာ္၌ နားစိုက္ကာ ဓမၼရသ
ေသာက္သံုးရသျဖင့္ အားရရႊင္လန္း ၀မ္းေျမာက္သည့္အေန ခ်ီးမြမ္းသည့္အေနျဖင့္ သာဓုေခၚႏိုင္လွ်င္
၀ဏၰဘာသန ပတၱာႏုေမာဒန ကုသိုလ္တရားမ်ား ေဟာသူႏွင့္မျခား အလားတူ ရရိွႏိုင္သည္။
#ေဟာလစ္အသေခ်ၤ
သံယုတ္ပါဠိေတာ္ ကႎဒဒသုတ္တြင္ “ အမတံဒေဒါ စ ေသာ ေဟာတိ ၊ ေယာ ဓမၼမႏုသာသတိ။ “အၾကင္သူသည္
တရားေတာ္ကို ေဟာေဖာ္ညႊန္ျပ ဆံုးမ၏။ ထုိသူသည္ အၿမဳိက္နိဗၺာန္ကို ေပးလွဴသည္မည္၏” ဟု ဘုရား
ရွင္ေဟာေတာ္ မူပါသည္။( သံ၊ ၁၊ ၂၉)
ယင္းသုတ္၏ အ႒ကထာ အဖြင့္တြင္ “ တရားေတာ္ကို ေဟာေဖာ္ညႊန္ျပ ဆံုးမျခင္း- အရ အေၾကာင္းအက်ိဳးကို
အစဥ္အားျဖင့္ ဆံုးမျခင္း ပိဋကတ္သံုးပံု၏ အ႒ကထာကို ဖြင့္ဆိုျပသျခင္း၊ ပါဠိေတာ္ကို ပို႔ခ်ျခင္း၊ ကမၼ႒ာန္းတရား
ညႊန္ၾကားျပသျခင္း၊ သူတစ္ပါးတို႔အား တရားနာေအာင္ ေသြးေဆာင္တိုက္တြန္းျခင္းတို႔ ပါ၀င္ေၾကာင္း ဖြင့္ဆို
ရွင္းျပထား၏။ (သံ၊ ႒၊၁၊၇၉)
တဖန္ အမ်ားသိၿပီးျဖစ္ေသာ ဓမၼပဒပါဠိေတာ္လာ “ သဗၺဒါနံ ဓမၼဒါနံ ဇိနာတိ ” (ခပ္သိမ္း ဒါန ဟူသမွ်တြင္ ဓမၼဒါန
တရားအလွဴ ျမတ္ဆံုးဟူ၏။ ) ဟူေသာ ဂါထာပါဒ၏ အ႒ကထာအဖြင့္ကို အဓိပၸယ္သိသာရုံမွ်
ဘာသာျပန္ျပရလွ်င္-ဤစႀက္ာ၀ဠာတိုက္အတြင္းမွသည္ ျဗဟၼာျပည္တိုင္ေအာင္ စည္ေ၀းတည္ေနေတာ္
မူကုန္ေသာ ဘုရား ပေစၥကဗုဒၶါ ရဟႏၱာအရွင္ျမတ္တို႔အား မြန္ျမတ္ကုန္ေသာ ဆြမ္း ၊သကၤန္း၊ ေက်ာင္း၊ ေဆး
ဟူေသာ ပစၥည္းေလးပါးတို႔ကို ေပးလွဴရာ၏ ။
ထိုေပးလွဴအပ္ေသာ အာမိသဒါန ကုသိုလ္သည္ ထုိအစည္း အေ၀း၌ ေလးပါဒမွ်ရိွေသာ ဂါထာတစ္ပုဒ္ကို
ေဟာၾကားအပ္ေသာ ပုဂၢိဳလ္၏ ဓမၼဒါနကုသိုလ္ကို ၁၆-စိတ္(၀ါ) ၂၅၆ စိတ္ စိတ္၍ တစ္စိတ္ကိုမွ် မမီွႏိုင္။
အဘယ္ေၾကာင့္ဆိုေသာ္ ထိုဆိုအပ္ၿပီးေသာ ကုသိုလ္ႀကီးတို႔ကို ျပဳလုပ္ႏိုင္ၾကျခင္း သည္ တရားေတာ္ကို
နာရ၍သာ ျပဳလုပ္ႏိုင္ၾကျခင္း ျဖစ္၏။
အကယ္၍သာ တရားေတာ္ကို မနာရသျဖင့္ အက်ိဳးအေၾကာင္းကို မသိျမင္ မယံုၾကည္ႏိုင္ၾကလွ်င္ ယာဂုတစ္ရႈတ္
ဆြမ္းတစ္ လုပ္ကုိမွ် လွဴႏိုင္ၾကလိမ့္မည္မဟုတ္ကုန္၊ ဤအေၾကာင္းေၾကာင့္ ဓမၼဒါနသည္ ခပ္သိမ္းေသာ
ဒါနတို႔ထက္ သာလြန္မြန္ျမတ္၏။
တစ္နည္းလည္း ဘုရားရွင္ႏွင့္ ပေစၥကဗုဒၶါတို႔မွ တစ္ပါး ရြာသြန္းေနေသာ မိုးေရမိုးေပါက္ တို႔ကို ေရတြက္ျခင္းငွါ
စြမ္းႏိုင္ေသာ ပညာႏွင့္ျပည့္စုံေသာ အရွင္သာရိပုတၱရာအစရွိေသာ ပုဂၢိဳလ္တို႔သည္ပင္ မိမိတို႔ အလိုလို
ေသာတာပတၱိဖိုလ္စသည္တို႔သို႔ ေရာက္ျခင္းငွါ မတတ္ႏိုင္ကုန္ ။ အရွင္အႆဇိမေထရ္ စေသာ ပုဂၢိဳလ္မ်ား
ေဟာၾကားေတာ္မူအပ္ေသာ တရားေဒသနာမ်ားကို နာၾကားရမွသာ မဂ္ဖိုလ္ရႏိုင္ၾကပါသည္ ။
ဤအေၾကာင္းေၾကာင့္လည္း အလွဴအားလံုးထက္ တရားအလွဴက သာ၍ျမတ္၏ ။
ဤမွ်ျဖင့္ ေဟာျခင္း နာျခင္းတို႔၏ အက်ိဳးတရားတို႔ကို အျမြက္မွ်သိရေပၿပီ။ နာကိုးေတာင္းရွစ္ စသည္ျဖင့္ ဘ၀ျဖင့္
ပိုင္းျခားျပေသာ အက်ိဳးတရားတို႔ကို ပိဋကတ္ေတာ္၌ တိုက္ရုိက္ မေတြ႔ရေသာ္လည္း မျဖစ္ႏိုင္ဟု မမွတ္ယူေစလို၊
ထိုထက္သာ၏-ဟုပင္ ဆိုႏိုင္ပါသည္။ အေၾကာင္းမွာ တရားနာရျခင္း ေဟာရျခင္းတို႔ေၾကာင့္ ဘ၀ကိုမုန္းကာ
ဘ၀ဆံုး ေအာင္ အားထုတ္သျဖင့္ ျမန္ျမန္နိဗၺာန္ရႏိုင္ေသာေၾကာင့္ ျဖစ္ပါသည္ ။
အရွင္ေကာ၀ိဒ (ေယာ ) မွတဆင့္
( မူၾကိဳဆရာ )
(Unicode)

နာကိုး၊ တောင်းရှစ်၊ သာဓုတစ်၊ အဖြေမှန်..?
==============================
“နာကိုးတောင်းရှစ်၊ သာဓုတစ်၊ ဟောလစ်အသချေင်္” ဟူသောစကားကို ပါဠိတော် အဋ္ဌကထာတို့၌ မပါကြောင်း
ရှေးယပ်လှဲတရားစာ စသည်တို့၌သာတွေ့မိကြောင်း ပညာရှင်တို့ ဖြေကြားဖူးလေပြီ။
(ဂါထာအနေဖြင့် ဤသို့ရှိသတဲ့–
နဝကပ္ပံ သုတဓမ္မံ ၊ အဋ္ဌကပ္ပဥ္စ ယာစိတော၊
ဧကော ကပ္ပေါ နုမောဒနာ၊ ဒေသိတော စ အသချေင်္ယော။)
ရှေးဦးစွာ လင်္ကာပါအတိုင်း အကျိုးရနိုင်,မရနိုင် မစိစစ်မှီ၊ ပါဠိတော် အဋ္ဌကထာတို့၌ လာသော တရားနာခြင်း
စသည်တို့၏ အကျိုးတရားတို့ကို ဖော်ပြချင်ပါသည်။

#နာကိုး
အင်္ဂုတ္တိုရ် ပါဠိတော်၊ ဓမ္မဿဝန သုတ်တွင် တရားနာခြင်းဖြင့် အကျိုးငါးပါး ရနိုင်ကြောင်း အောက်ပါ
အတိုင်းဟောတော်မူထား၏။
ရဟန်းတို့ တရားနာခြင်း၌ ၊ အာနိသင်တို့သည် ဤငါးမျိုးတို့တည်း-
အဘယ်ငါးမျိုးတို့နည်းဟူမူ-

(၁)မကြားဘူးသည်ကို ကြားနာရ၏၊

(၂) ကြားဘူးသည်ကို ဖြူစင်စေ၏၊

(၃)ယုံမှားမှုကို ကူးမြောက်နိုင်၏၊

(၄)အယူကိုဖြောင့်မှတ်စွာ ပြုနိုင်၏၊

(၅)ထိုသူ၏ စိတ်သည် ကြည်လင်၏။

ရဟန်းတို့ တရားနာခြင်း၌ အာနိသင်တို့သည် ဤငါးမျိုးတို့တည်းဟု-(မိန့်တော်မူ၏)။ (အင်၊မြန်၊၂၊၂၇၂)
ထို့ပြင် တရားတော်ကို ကြားနာခြင်းဟူသော သောတသာဝန၊ နှုတ်ဖြင့် သရဇ္စျာယ်ခြင်းဟူသော ပရိစိတ၊ စိတ်ဖြင့်
အဖန်ဖန်ကြံစည်ခြင်းဟူသော မနသာအနုပေက္ခိတ၊ပညာဖြင့် ကောင်းစွာထိုးထွင်း၍ သိခြင်းဟူသော
ဒိဋ္ဌိယာသုပနိ၀ိဒ္ဓ၊ ဤလေးပါးသောကိစ္စတို့ဖြင့် ကောင်းစွာ အားထုတ်အပ်သည်ရှိသော် လေးပါးသော အကျိုး
တရားတို့ကို ရနိုင်ကြောင်းအင်္ဂုတ္တိုရ်၊ စတုက္ကနိပါတ်၊ သောတာနုဂတသုတ်တွင် ဟောတော်မူထား၏။ (အင်၊မြန်၊
၁၊၅၁၉)
လေးပါးဟူသော်ကား-….

၁။မေ့လျော့သည်ဖြစ်၍ လုုူ့အဖြစ်ကို စွန့်ရသည်ရှိသော် အထက်နတ်ပြည်၌ဖြစ်ရ သဖြင့် ရှေးဘဝ၌ကြားနာအပ်
အားထုတ် အပ်သော ပရိယတ္တိတရားရှိသောပုဂ္ဂိုလ်သည် ကြည်လင်သောကြေးမုံပြင်၌ထင်သော မျက်နှာ
ရိပ်ကဲသို့ အလိုလိုပင် ထင်ခြင်းသို့ ရောက်သဖြင့် မဂ်ညဏ်၊ ဖိုလ်ညဏ်၊ န်ိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်းတစ်ပါး။

၂။မိမိအလိုလိုပင် တန်းခု်ိးကြီးသောရဟန်းတို့ဟောပြော၍ ထပ်မံနာရပြန်သောအခါ၌ လိမ္မာသောယောကျ်ား
သည် အရပ်တစ်ပါး၌ စည်ကြီးသံကိုကြားသည်ရှိသော် ကြားသောခဏ၌စည်းကြီးသံဟု မတွေမဝေ သိနိုင်
သကဲ့သို့ တရားသံကိုကြားရသောခဏ၌ မတွေမဝေသ်ိသဖြင့်လောကုတ္တရာ တရားအထူးကို ရခြင်းတစ်ပါး။

၃။တန်းခိုးကြီးသောရဟန်း မဟောသော်လည်း သုဓမ္မာသဘင်၌ သနင်္ကုရဗြဟ္မာ သိကြားမင်းတို့ ဟောပြော၍
ကြားနာရသော ခဏ၌ မဂ်ဖိုလ်ရခြင်းတစ်ပါး။

၄။ထို့သို့ပင် မဟုတ်သော်လည်း အပေါင်းအဖော်နတ််တို့ သတိပေး၍ မဂ်ဖိုလ်ရခြင်းတစ်ပါး။ ဤလေးပါးတို့တည်း။

အထက်ပါဖော်ပြချက်တို့တွင် ဓမ္မဿဝနသုတ်လာ ငါးပါးသောအကျိုးတရားတို့သည် ယခု မျက်မှောက်
ဘဝအတွက်ဖြစ်၏။ သောတာနုဂတသုတ်လာ လေးပါးသောအကျိုး တရားတို့သည် နောင်တမ လွန်ဘဝ
အတွွက်ဖြစ်၏။
သို့သော် ထိုအကျိုးတရားတို့ကို လူတိုင်း မုချ အလွယ်တကူ ရနိုင်ကြသည် မဟုတ်ကုန်။
အင်္ဂုတ္တိုရ်၊ ပဥ္စကနိပါတ်၊ ဒုက္ကထာသုတ်၌ ဟောတော်မူသည့်အတိုင်း သဒ္ဒါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ
မရှိသူတို့အား ထိုသဒ္ဓါစသောတရားတို့သည် မကောင်းသော စကားတို့သာဖြစ်၏။
ထို့ကြောင့် ထိုသူမျိုးတုုိ့အား ထိုသဒ္ဓါတရားစသည်နှင့်စပ်သော တရားစကားတို့ကို ကြားနာရသော အခါ
နှစ်သက်ဝမ်းမြောက်ခြင်း ပီတ်ိပါမောဇ္ဇစသည်မဖြစ်၊ နှလုံးမသာယာခြင်း ဒေါမနဿ စသည် တို့သာဖြစ်၏။
ထို့ကြောင့် ထိုသူမျိုးတို့အား တရားနာရခြင်း အကျိုးတရားတို့ ပြည့်ပြည့်ဝ၀ မဖြစ်ပွားကြကုန်။
အကျိုးတရားခံစားကြရသူတို့တွင်လည်း ဤဘဝမဂ်ဖိုလ် ရထိုက်သုူတို့သည် ဤဘဝ၌ပင် မဂ်ဖိုလ်ကို
ရနိုင်ကြကုန်၏။
ဤဘဝ၌ မဂ်ဖိုလ်မရထိုက်သူ အချို့သည် နောက်ဘဝ၌ မဂ်ဖိုလ်ရနိုင်ကြကုန်၏။ အချိုသူတို့အား အထုံဝါသနာ
အနေအားဖြင့်သာ ဖြစ်ကုန်၏။ သို့ရကား တရားနာရခြင်း၏ အကျိုးတရားတို့က်ုိ ဘဝဖြင့်ပိုင်းခြား၍ မဖြစ်နိုင်
ပါချေ။ထိုကဲ့သို့ တရားနာလျှင် ကိုးမျိုးရ၏။

#တောင်းရှစ်
မြန်မာနိုင်ငံတွင် တရားမဟောမီ ဝတ်အဖွဲ့ ၊ နိဗ္ဗာန်ဆော်၊ ပန်းဒကာ စသူတို့က မိမိတို့ရရှိထားသော
တရားတောင်းလင်္ကာများဖြင့် တရားဒေသနာများ ချီးမြှင့်ဟောကြားတော်မူပါရန် ရွတ်ဆိုတောင်းပန်ကြကုန်၏။
သို့ရာတွင် ထိုသူတို့အား တရားတောင်းသူ အစစ်ဟု မဆိုနိုင်ကုန်။ ထိုသူတို့ မတောင်းပန်လျှင်လည်း တရား
ပွဲဖြစ်မြောက်အောင်တာဝန်ယူပင့်ဖိတ်သူ၊ စီစဉ်ဆောင်ရွက်သူ အလှူရှင် တို့က လျှောက်ထားတောင်း ပန်ပြီး
ဖြစ်သောကြောင့် ဟောမည်ပင်ဖြစ်၏။ ထိုကြောင့် ထိုဓမ္မဒါန ကုသိုလ်ရှင် စီင်္စဉ်ဆောင်ရွက် သူတို့သာ
မူလတရားတောင်းသူတို့ ဖြစ်ကုန်၏။ ထိုသူတို့သည် တရားဟော သူနှင့်မခြား ဓမ္မဒါန ကုသိုလ်တရားတို့ ့
ဖြစ်ပွားရရှိကြကုန်၏။
မှန်၏။ ကုသိုလ်အမှု၌ဖြစ်စေ၊ အကုသိုလ်အမှု၌ဖြစ်စေ ကိုယ်တိုင်ပြုသူ (သာဟတ္တိက) စေခိုင်းတိုက်တွန်းသူ
(အာဏတ္တိက) အကျိုးပြ၍ ချိီးမွမ်းသူ (ဝဏ္ဏဘာသန) ကျေနပ်သဘောကျသူ(သမနုညာ)တို့အား
ထပ်တူအကျိုးရနိုင်ကြောင်း အဖွင့်အဋ္ဌကထာများ နှင့်အညီ ရှေးဆရာတို့ ဤသို့လင်္ကာဖွဲ့ဆိုပြတော်မူထား၏။
“ကမ္မပထ၊ ဆယ်ပါးပြ၌၊ နှစ်ဝ ဒု-သု၊ ကိုယ်တိုင်ပြုနှင့်၊ သူတို့စေငြား၊ ရွှင်အားနှစ်သက်။ ချီးမွမ်းမြွက် ဟု၊
လေးချက်ဆီလီ၊ လေးဆယ်စီတည်း၊ မျှညီ ပြစ်ကျိုး၊ တူရိုးအဟုတ်၊မြတ်သမ္ဗုဒ်တို့၊ မယုတ်မပို၊ ဟောမိန့်ဆိုခဲ့။
(မဃဒေဝ၊၂၃၀)
ဓမ္မဒါနကုသိုလ်ရှင်ဟု ခေါ်ဆိုကြသော တရားပွဲဖြစ်မြောက်ရန် မတည်လှူဒါန်းသူ အလှူရှင်သည် ဓမ္မကထိက
ပုဂ္ဂိုလ်အားလည်း ဓမ္မဒေသနာကုသိုလ်ဖြစ်စေသူ တရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့အားလည်း
ဓမ္မဿဝနကုသိုလ်ဖြစ်စေသူ တရားဟောသူ တရားနာသူ စီစဉ်သူအားလုံးတို့အား အာမိသဒါန ဓမ္မဒါန တို့ကို
ဖြစ်ပွားစေသူ ဖြစ်သဖြင့် လွန်စွာကျေးဇူးများလှ၏။
သို့ရာတွင် ထိုသို့တောင်းပန်သူ တိုက်တွန်းသူများ ဘဝပေါင်းမည်မျှအကျိုးပေးနိုင်၏ ဟု ဘဝဖြင့် ပိုင်းခြား၍
ဟောပြသော ဒေသနာတို့ကို မတွေ့ရပေ။ မေးခွန်းပါ တရားနာခြင်း၊ ဟောခြင်း တောင်းပန်းခြင်း သာဓုခေါ်ခြင်း
အမှုတို့သည် ဒါန သီလ ဘာဝနာ ဟု ကုသိုလ်အမှု့ သုံးခုရှိရာတွင် ဘာဝနာကုသိုလ်တွင် စာရင်းဝင်၏၊
ဘာဝနာကုသိုလ်၏ ပန်းတိုင်သည်လည်း မဂ်ဖိုလ်နိဗ္ဗာန် မြန်မြန်ရရန်ဖြစ်၏။ ထို့ကြောင့် အကျိုး တရားတို့ကို
ဘဝဖြင့် ပိုင်းခြားပြစရာ မလိုဟု ယူဆပါသည်။

#သာဓုတစ်
တရားနာရာ၌ သာဓုခေါ်ရခြင်း၏ အကျိုးပြ ဝတ္ထုသက်သေတစ်ခုကို အင်္ဂုတ္တိုရ် အဋ္ဌကထာမှ ထုတ်နှုတ်ပြပါမည်။
မြတ်စွာဘုရားသခင် သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်းတော်၌ ကိန်းအောင်းမွေ့လျော် စံပျော်တော်မူခိုက်
တစ်ယောက်သော သူဌေးသမီး၏ လင်ယောက်ျားသည် မြတ်စွာဘုရား၏ တရားဒေသနာကို ကြားနာရ၍ “
ဤတရားကို လူ့ဘဝဖြင့် ဖြည့်ကျင့်ခြင်းငှါ မလွယ်ကူ” ဟု ယူဆကာ ပိဏ္ဍပါတ်ဓုတင်ဆောင် ရဟန်းတစ်ပါး၏
အထံ၌ ရဟန်းပြုလေ၏။
ထိုသူ၏မယားကို ပသေနဒီကောသလမင်းကြီးက သိမ်းပိုက်ကာ ကိုယ်လုပ်မောင်းမအရာ၌ ထားလေ၏။
တနေ့သောအခါ ကြာညိုပန်းတစ်စည်းကို ယူ၍ မောင်းမတစ်ယောက်စီအား ကြာညိုပန်း တစ််ပွင်စီပေးစေ၏။
ထိုသို့ဝေဘန်ရာတွင် ထိုရဟန်းဝတ်သွားသူ၏ မယားဟောင်းသည် ပန်းနှစ်ပွင့်ရလေ၏- ထိုမောင်းမသည်
ပြုံးပျော်ကြည်နူးကာ ပန်းတို့ကို နမ်းရိူက်လျှင် လင်ဟောင်းဖြစ်သော ရဟန်းကို အောက်မေ့သတိရသဖြင့်
ငိုကြွေးမိလေ၏။ မင်းကြီးသည် ထိုမိန်းမ၏ ပြုံးရီလိုက် ငိုလိုက် ဖြစ်နေပုံကို တွေ့မြင်၍ ခေါ်ကာမေးလေလျှင်
“ကြာညိုပန်း နှစ်ပွင့်ရသဖြင့် ဝမ်းသာကာ ပြုံးရယ်မိကြောင်း ကြာပန်းကို နမ်းရှိုက်စဉ် ခံတွင်းမှ
ကြာညိုပန်းနံထွက်သော ယခုရဟန်းပြုသွားပြီဖြစ်သော လင်ဟောင်းကို သတိရသဖြင့် ငိုကြွေးမိကြောင်း
အကြောင်းစုံကို လျှောက်တင်လေ၏။
ပသေနဒီကောသလမင်းကြီးသည် သုံးကြိမ်တိုင်တိုင်မေးမြန်း စစ်ဆေး၍ မယုံကြည်သေးသဖြင့် နောက်နေ့တွင်
နန်းတော်သို့ ဘုရားအမှူးရှိသော ရဟန်းသံဃာတို့ကို ပင့်ဖိတ်၍ အလှူကြီးပေးကာ ဆွမ်းကိစ္စပြီးသောအခါ၌
ထိုမောင်းမကို မေးမြန်းမှတ်သား၍ ဘုရားရှင်အား ရှိခိုးကာ “အရှင်ဘုရား၊ ရဟန်းအပေါင်းနှင့် တကွ ပြန်ကြွတော်
မူပါ။
တပည့်တော်တို့အား ဤမည်သောရဟန်း တရားဟောပါလိမ့်မည်”ဟု လျှောက်ထားလေ၏။ မြတ်စွာဘုရားသည်
(သူဌေးသမီး၏ လင်ယောကျ်ားဖြစ်ဘူးသော) ထိုရဟန်းကို ချန်ထား၍ ပြန်ကြွတော်မူ၏။
မထေရ်သည် အနုမောဒနာတရား ဟောအံ့သောငှါ ပါးစပ်ဟလိုက်လျှင်ပင် နန်းတော်တစ်ခုလုံး နံ့သာကြုတ်
ကဲ့သို့ဖြစ်၍ အလွန်မွှေးကြိုင်သွား၏။ မင်းကြီးသည် မောင်းမ၏ စကားကို ယုံကြည် သွားပြီး နောက်နေ့၌
ဘုရားရှင်ကို မေးလျှောက်လေ၏၊
မြတ်စွာဘုရားသည် “ဤရဟန်းကား အတိတ်ဝေးစွာ ရှေးအခါတုန်းက တရားစကား နာကြားရသည်ရှိသော်
“သာဓုသာဓု” ဟု ကောင်းချီးနုမော် သာဓုခေါ်လျက် ပတ္တာနုမောဒန ကုသိုလ်ကို အရိုအသေ ဖြစ်စေခဲ့ဖူးလေပြီ ။
ထိုကုသိုလ် အကြောင်းရင်းကြောင့် ဤသို့သော အကျိုးအာနိသင်ကို ရရှိခြင်းဖြစ်၏။ ဟု မိန့်တော်မူ၏။
(အံ၊ ဋ္ဌ၊ ၁၊ ၂၂ )
“သတည်း” ချတိုင်း ဝတ္တရားအရ သာဓုခေါ်ရခြင်းမျိုးမဟုတ်ပဲ တရားတော်၌ နားစိုက်ကာ ဓမ္မရသ
သောက်သုံးရသဖြင့် အားရရွှင်လန်း ဝမ်းမြောက်သည့်အနေ ချီးမွမ်းသည့်အနေဖြင့် သာဓုခေါ်နိုင်လျှင်
ဝဏ္ဏဘာသန ပတ္တာနုမောဒန ကုသိုလ်တရားများ ဟောသူနှင့်မခြား အလားတူ ရရှိနိုင်သည်။

#ဟောလစ်အသချေင်္
သံယုတ်ပါဠိတော် ကိံဒဒသုတ်တွင် “ အမတံဒဒေါ စ သော ဟောတိ ၊ ယော ဓမ္မမနုသာသတိ။ “အကြင်သူသည်
တရားတော်ကို ဟောဖော်ညွှန်ပြ ဆုံးမ၏။ ထိုသူသည် အမြိုက်နိဗ္ဗာန်ကို ပေးလှူသည်မည်၏” ဟု ဘုရား
ရှင်ဟောတော် မူပါသည်။( သံ၊ ၁၊ ၂၉)
ယင်းသုတ်၏ အဋ္ဌကထာ အဖွင့်တွင် “ တရားတော်ကို ဟောဖော်ညွှန်ပြ ဆုံးမခြင်း- အရ အကြောင်းအကျိုးကို
အစဉ်အားဖြင့် ဆုံးမခြင်း ပိဋကတ်သုံးပုံ၏ အဋ္ဌကထာကို ဖွင့်ဆိုပြသခြင်း၊ ပါဠိတော်ကို ပို့ချခြင်း၊ ကမ္မဋ္ဌာန်းတရား
ညွှန်ကြားပြသခြင်း၊ သူတစ်ပါးတို့အား တရားနာအောင် သွေးဆောင်တိုက်တွန်းခြင်းတို့ ပါဝင်ကြောင်း ဖွင့်ဆို
ရှင်းပြထား၏။ (သံ၊ ဋ္ဌ၊၁၊၇၉)
တဖန် အများသိပြီးဖြစ်သော ဓမ္မပဒပါဠိတော်လာ “ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ ” (ခပ်သိမ်း ဒါန ဟူသမျှတွင် ဓမ္မဒါန
တရားအလှူ မြတ်ဆုံးဟူ၏။ ) ဟူသော ဂါထာပါဒ၏ အဋ္ဌကထာအဖွင့်ကို အဓိပ္ပယ်သိသာရုံမျှ
ဘာသာပြန်ပြရလျှင်-ဤစကြ်ာဝဠာတိုက်အတွင်းမှသည် ဗြဟ္မာပြည်တိုင်အောင် စည်ဝေးတည်နေတော်
မူကုန်သော ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာအရှင်မြတ်တို့အား မွန်မြတ်ကုန်သော ဆွမ်း ၊သင်္ကန်း၊ ကျောင်း၊ ဆေး
ဟူသော ပစ္စည်းလေးပါးတို့ကို ပေးလှူရာ၏ ။
ထိုပေးလှူအပ်သော အာမိသဒါန ကုသိုလ်သည် ထိုအစည်း အဝေး၌ လေးပါဒမျှရှိသော ဂါထာတစ်ပုဒ်ကို
ဟောကြားအပ်သော ပုဂ္ဂိုလ်၏ ဓမ္မဒါနကုသိုလ်ကို ၁၆-စိတ်(၀ါ) ၂၅၆ စိတ် စိတ်၍ တစ်စိတ်ကိုမျှ မမှီနိုင်။
အဘယ်ကြောင့်ဆိုသော် ထိုဆိုအပ်ပြီးသော ကုသိုလ်ကြီးတို့ကို ပြုလုပ်နိုင်ကြခြင်း သည် တရားတော်ကို
နာရ၍သာ ပြုလုပ်နိုင်ကြခြင်း ဖြစ်၏။
အကယ်၍သာ တရားတော်ကို မနာရသဖြင့် အကျိုးအကြောင်းကို မသိမြင် မယုံကြည်နိုင်ကြလျှင် ယာဂုတစ်ရှုတ်
ဆွမ်းတစ် လုပ်ကိုမျှ လှူနိုင်ကြလိမ့်မည်မဟုတ်ကုန်၊ ဤအကြောင်းကြောင့် ဓမ္မဒါနသည် ခပ်သိမ်းသော
ဒါနတို့ထက် သာလွန်မွန်မြတ်၏။
တစ်နည်းလည်း ဘုရားရှင်နှင့် ပစ္စေကဗုဒ္ဓါတို့မှ တစ်ပါး ရွာသွန်းနေသော မိုးရေမိုးပေါက် တို့ကို ရေတွက်ခြင်းငှါ
စွမ်းနိုင်သော ပညာနှင့်ပြည့်စုံသော အရှင်သာရိပုတ္တရာအစရှိသော ပုဂ္ဂိုလ်တို့သည်ပင် မိမိတို့ အလိုလို
သောတာပတ္တိဖိုလ်စသည်တို့သို့ ရောက်ခြင်းငှါ မတတ်နိုင်ကုန် ။ အရှင်အဿဇိမထေရ် စသော ပုဂ္ဂိုလ်များ
ဟောကြားတော်မူအပ်သော တရားဒေသနာများကို နာကြားရမှသာ မဂ်ဖိုလ်ရနိုင်ကြပါသည် ။
ဤအကြောင်းကြောင့်လည်း အလှူအားလုံးထက် တရားအလှူက သာ၍မြတ်၏ ။
ဤမျှဖြင့် ဟောခြင်း နာခြင်းတို့၏ အကျိုးတရားတို့ကို အမြွက်မျှသိရပေပြီ။ နာကိုးတောင်းရှစ် စသည်ဖြင့် ဘဝဖြင့်
ပိုင်းခြားပြသော အကျိုးတရားတို့ကို ပိဋကတ်တော်၌ တိုက်ရိုက် မတွေ့ရသော်လည်း မဖြစ်နိုင်ဟု မမှတ်ယူစေလို၊
ထိုထက်သာ၏-ဟုပင် ဆိုနိုင်ပါသည်။ အကြောင်းမှာ တရားနာရခြင်း ဟောရခြင်းတို့ကြောင့် ဘဝကိုမုန်းကာ
ဘဝဆုံး အောင် အားထုတ်သဖြင့် မြန်မြန်နိဗ္ဗာန်ရနိုင်သောကြောင့် ဖြစ်ပါသည် ။
အရှင်ကောဝိဒ (ယော ) မှတဆင့်
( မူကြိုဆရာ )

LEAVE A REPLY

Please enter your comment!
Please enter your name here