#အင္ဒိုနီးရွားကုိရင္
ဗုဒၶတရားေတာ္ေတြကို ေလ့လာခ်င္လြန္းလို႕ ျမန္မာစကားကို ၅နွစ္သင္ျပီး သာသနာဝန္ေဆာင္သာမေဏေက်ာ္ စာေမးပြဲကို ထူးထူးခ်ြန္ခ်ြန္ေအာင္ျမင္ထားတဲ့ #ရွင္ဝိသုဒၶါစာရာလကၤာရ ဆိုတဲ့ အင္ဒိုနီးရွားကိုရင္ေလး ေလ….
ထပ္မံဖူးေတြ႕ ဘို႔ ၾကံဳခဲ့ပါတယ္။ ဒီတခါေတာ့ ရင္းရင္းနွီးနွိးဖူးေတြ႕ ရလို႔ ေမးခ်င္တာေတြ ေမးမိပါတယ္။
ေမးသမွ်ကို ေသေသခ်ာခ်ာနားေထာင္ျပီး အဂၤလိပ္ဆို Queen English လို႕ ေျပာရေလာက္တဲ့ …. King Myanmar စကားနဲ႕ ျပတ္ျပတ္သားသားနဲ႕ ေဒါင့္ေစ့ေအာင္ျပန္ေျဖေပးတယ္။
Q: အရွင္ဘုရား…ဘာလို႕ ကိုရင္၀တ္တာလဲ။ ဘာလို႕ ျမန္မာျပည္လာတာလဲဘူရား။
A: ကိုရင္ေက်ာင္းေနတုန္းက….Piano တီးၾကည့္တယ္….badminton ကစားၾကည့္တယ္… Soccer ကစားၾကည့္တယ္….ဘာလုပ္လုပ္ ဘ၀င္မက်ဘူး။ ကိုရင္၀တ္လိုက္မွ ဘ၀င္က်ျပီး ကိုရင္ဘ၀ကို နွစ္ခ်ိဳက္သြားတယ္။ ကိုရင့္အေနနဲ႕ နိုင္ငံျခားမွာ ေခတ္ပညာကို ေကာင္းေကာင္းသင္နိုင္ေပမည့္ ဗုဒၶေပးတဲ့ပညာကိုဘဲသင္ခ်င္တယ္။ ဗုဒၶစာေပကို ေလ့လာဘို႕ အေကာင္းဆံုးေနရာက ျမန္မာျပည္မို႕ ျမန္မာျပည္ကို လာတာ။
Q: အရွင္ဘုရား…. အေၾကာင္းရွိလို႔ အက်ိဳးျဖစ္တာ။ ဘယ္လိုအေၾကာင္းေတြေၾကာင့္ ဒီလိုအက်ိဳးေတြျဖစ္ၿပီး အရွင္ဘုရား ျမန္မာႏ္ုင္ငံကိုေရာက္ၿပီး ကိုရင္ျဖစ္ၿပီး၊ ျမန္မာစကားေတြေျပာေနတာလဲဘုရား။ ဒီေနရာေတြကို အရင္ဘဝေတြက ေရာက္ဖူးတယ္လို႔ ခံစားမိလားဘုရား။
A: ဒကာမႀကီး…. သံသရာမွာ မေရာက္ဖူးတဲ့ေနရာဆိုလို႔ နိဗၺာန္ရယ္၊ အနာဂမ္တို႔ စံေနရာ သုဒၶါဝါသဘံုရယ္ဘဲရွိတယ္။
Q: အရွင္ဘုရား… မိုးကုတ္ဆရာေတာ္ၾကီးတို႕ မဟာစည္ဆရာေတာ္ဘုရားၾကီးတို႕ လက္ထက္ကစျပီး တရားအားထုတ္တာေတြမ်ားလာေတာ့ ၀ိမုတၱိယုဂ ခတ္ေရာက္ေနတာလားဘုရား။ အခုေနာက္ပိုင္းမွာ ပါခ်ဳပ္ဆရာေတာ္ၾကီးတို႕ ၊ Oxford ဆရာေတာ္တို႕ က သုတ၊ ပညာကို အေလးထားတာ၊ လူေတြအတြက္ ဗုဒၶစာေပသင္တန္းေတြဖြင့္ေနတာေတြေတြ႕ရေတာ့ သုတယုဂေခတ္ဆိုတာ အဲဒီလိုမ်ိဳးလားဘုရား။
A: ဒကာမၾကီး… ဘယ္ေခတ္ေရာက္ေနတာလဲ အေရးမၾကီးဘူး၊ ကိုယ္လုပ္စရာရွိတာကို တစိုက္မတ္မတ္သာ လုပ္ပါ။
ဒကာမၾကီး : တင္ပ့့ါဘုရား။ လိုက္နာပါ့မယ္ဘုရား။
Q: အရွင္ဘုရား… ဗုဒၶစာေပေတြကို ေလ့လာျပီးမွ တရားအားထုတ္ရင္ပိုသင့္ေတာ္လား။ ဗုဒၶစာေပေတြကို မေလ့လာဘဲ တရားအားထုတ္လို႕ ရပါသလား။ တရားအားထုတ္ျပီးမွ ဗုဒၶစာေပေလ့လာသင့္လားဘုရား။
A: ဒကာမၾကီး… ျမစၾကာဆရာေတာ္က ျမစၾကာေက်ာင္းကို ပရိယတၱိေက်ာင္းလို႕ ဆိုရင္ မျပည့္စံုဘူးတဲ့။ ပရိယတၱိသင္ၾကားရင္း အဲဒီစာေပေတြမွာ ပါတဲ့အတိုင္း က်င့္ၾကံေနထိုင္အားထုတ္ေနတာ .ပဋိပတၱိ ေပါ့။ ပရိယတၱိ နဲ႕ ကင္းတဲ့ ပဋိပတၱိ၊ ပဋိပတၱိ နဲ႕ ကင္းတဲ့ ပရိယတၱိ ဆိုတာမျပည့္စံုဘူး။ ခ်မ္းေျမ႕ဆရာေတာ္ႀကီးဆိုရင္ ပညာေတြလည္းတတ္တယ္၊ သာသနာ့ဝန္ေတြလည္းထမ္းတယ္။ ဒါေပမည့္ ၆ ႏွစ္အခ်ိန္ယူၿပီးဘာမွမလုပ္ဘဲ တရားကိုသာအားထုတ္ခဲ့တယ္။
(ဒီေနရာမွာ …တရားအရာမွာ ေတာ္ေတာ္ ေပါက္ေရာက္နွံ႕ စပ္တဲ့ အန္တီေအး ေျပာတာသတိရမိတယ္။ … တရားအားမထုတ္ခင္က ဘယ္လိုသင္သင္ သင္တာ မွတ္တာဘဲရွိျပီး(သညၤာ) သေဘာမေပါက္တဲ့ တရားေတြဟာ တရားအားထုတ္ေတာ့မွ သိပ္သေဘာက် သေဘာေပါက္သြားေၾကာင္း ကိုယ္ေတြ႕ experience ကို ေျပာျပတယ္။ )
Q: အရွင္ဘုရား… ဗုဒၶစာေပေတြကိုလည္း ေလ့လာရင္း၊ တရားလည္းအားထုတ္ရင္း .. ဆုိတာေတာ့ ဟုတ္ပါျပီဘုရား။ ဒါေပမည့္… ဘ၀မွာ အခ်ိန္မရွိေတာ့ရင္ေကာဘုရား။
A: အင္း… ဒကာမၾကီးတို႕ လို အသက္ၾကီးလာျပီဆိုရင္ေတာ့လည္း… တရားဘဲဦးစားေပး အားထုတ္ပါေလ။
ဒကာမၾကီး: ဂိ 😁
Q: အရွင္ဘုရား… ျမန္မာစာကို ၅ နွစ္ထဲနဲ႕ ဒီေလာက္က်ြမ္းက်င္ေအာင္၊ သာမေဏေက်ာ္ ေအာင္ရေလာက္ေအာင္ ဘယ္လိုလုပ္လဲဘုရား။
A: ဒကာမၾကီး…ဗုဒၵစာေပေတြကို သိခ်င္တတ္ခ်င္ ေလ့လာခ်င္လြန္းလို႕ ျမန္မာစာကို အျပင္းအထန္ တစိုက္မတ္မတ္ၾကိဳးစားခဲ့ရတယ္။ သာမေဏေက်ာ္ေအာင္ဘို႔ ဆိုတာ တပါတ္ၿပီးတပါတ္၊ တလၿပီးတလ ႏွစ္ရွည္လမ်ား ဗုဒၶစာေပေတြကို တစိုက္မတ္မတ္ အခ်ိန္အကႏ္ု႔အသတ္အတြင္းမွာ ၿပီးေျမာက္ေအာင္ျမင္ေအာင္ ႀကီဳးစားတယ္။ ဆရာၾကီးေရႊဥေဒါင္းေရးတဲ့စာေပေတြကိုသေဘာက်တယ္။ ေရးပံုေရးနည္းေတြကို အတုယူတယ္။ မဟာဂႏၶာရံုဆရာေတာ္ၾကီးကိုသိတယ္မဟုတ္လား။ သူတို႕ တေခတ္ထဲေပါ့၊ သိပ္ေကာင္း သိပ္အရသာရွိတဲ့ စာေတြေရးၾကတာ။ ဆရာၾကီးေရႊဥေဒါင္းေရးရင္ က်စ္က်စ္လစ္လစ္နဲ႕ သိပ္ရွင္းတာ။ သာမေဏေက်ာ္စာေမးပြဲမွာ ဆရာၾကီးေရႊဥေဒါင္းေရးဟန္ကို အတုယူျပီး စာမ်က္နွာ သံုးေလးမ်က္နွာေလာက္ ေရးရမည့္ အခ်က္ ၆ ခ်က္ကို စာတစ္ေၾကာင္းတည္း (one sentence) ထဲနဲ႕ ေရးလိုက္ႏိုင္တယ္။
ဒကာမၾကီး: 😳
Q: အရွင္ဘုရား…ျမစၾကာေက်ာင္းက နံမည္ၾကီးစာသင္တုိက္ေနာ္။ အသင္အျပေကာင္းမွာဘဲေနာ္ဘုရား။
A: ဟုတ္တယ္ ဒကာမၾကီး။ ဆရာေတာ္က အျမင္က်ယ္တယ္။ စာၾကည့္တိုက္မွာလည္း စာအုပ္ေတြစံုေအာင္ထားေပးတယ္။ ဗုဒၶစာေပတင္မကဘူး.တျခားဘာသာက်မ္းစာေတြလည္းရွိတယ္။ စီးပြားေရး၊ နိုင္ငံေရး၊ လူမွဳေရး၊ ပညာေရး က႑အစံု စာအုပ္ေတြထားေပးထားတယ္။ ေရႊဥေဒါင္းစာအုပ္ေတြလည္းရွိတယ္။
ဒကာမၾကီး: ဟုတ္တာေပါ့ဘုရား။ လူ႕ေလာက က လူေတြကို တရားအသိေပးဘို႕ မွာ ကိုယ္သိတာခ်ည္းေျပာလို႕ ဘယ္ျဖစ္ပါ့မလဲ။ သူတို႕ ဘာေတြ သိထားလဲ၊ ဘာေတြေတြးေနလဲလို႕ ယေန႕ ကမၻာကိူသိမွ သူတို႕ စိတ္၀င္စားရာ နား၀င္ရာ အဆင့္ကေနေခၚသြားရမွာ။ ျမစၾကာဆရာေတာ္က အေမ်ွာ္အျမင္ၾကီးလိုက္တာဘုရား။
ကိုရင္ : စာၾကည့္တိုက္မွဴးကိုယ္ေတာ္က စာၾကည့္တိုက္အထူးနဲ႕ ဘြဲ႕ ရထားတာ။
ဒကာမၾကီး: ဟာ..ဟုတ္လားဘုရား။ တပည့္ေတာ္ သြားေလ့လာခ်င္လိုက္တာ။
🙏 🙏 🙏 🙏 🙏
ကိုရင္က ကိုရင္ဘဲေနာ္။ ပညာေတြဘယ္ေလာက္တတ္တတ္ ၁၈နွစ္ ၁၉ နွစ္ သားသားတို႕ အရြယ္မို႕ ေမးၾကည့္မိတယ္။ “ကိူရင္ McDonald ၾကိဳက္လား” လို႕ ။ “ၾကိဳက္တယ္” တဲ့။ “KFC ၾကိဳက္လား” ေမးေတာ့ “McDonald ေလာက္မၾကိဳက္ဘူးတဲ့” ဟုတ္တယ္ေနာ္… McDonald က teenagers ေတြရဲ႕ အသဲစြဲဘဲ။ ေမာ္တို႕ ေက်ာင္းမွာေတာင္မွ McDonald အစား တျခား fastfood chain တခုေရာက္လာေတာ့ ေက်ာင္းသားရာနွဳန္းျပည့္ကန္႕ ကြက္ၾကတယ္။
ကိုရင္လည္း ဘယ္ေလာက္ဘြဲ႕ၾကီးေတြရရ…မယ္ေတာ္ေဒ၀ီနဲ႕ ဆိုရင္ သားေလးျဖစ္သြားတာဘဲ။
မယ္ေတာ္ေဒ၀ီကေျပာတယ္။ ေမာ့္သားေလးေတြက ေမာ့္သားေလးေတြဘဲ။ ေဒ၀ီ့သားကေတာ့ အမ်ားပိုင္တဲ့၊ သာသနာေတာ္ကပိုင္တဲ့ သားျဖစ္သြားျပီတဲ့။ အဲဒီလို ေဒ၀ီေျပာတာ MMGM page မွာဖတ္ဖူးေပမည့္ အခုလို မ်က္စိေရွ႕ မွာ သားအမိ ၂ေယာက္ေမတၱာကို ေတြ႕ ရတဲ့အခါ ၀မ္းနည္း၀မ္းသာ ခံစားရတယ္။
မယ္ေတာ္ေဒ၀ီကလည္း အလြန္နဴးညံ့ျပီး နန္းဆံတယ္။ အသက္သတ္လြတ္စားတယ္။ ထူးျခားတဲ့ သာသနာ့ရတနာေလးရဲ႕ မယ္ေတာ္ဘဲေလ။ ထူးျခားေပမွာေပါ့။ ဘာျဖစ္လို႕ အသက္သတ္လြတ္စားတာလဲလို႕ မယ္ေတာ္ေဒ၀ီကို ေမးမိတယ္။ စားခ်င္စိတ္ျဖစ္လို႕ စားတာတဲ့။ အခုမွဘဲ ေမာ္တခါေရးဖူးတဲ့

နီတိ (၁၁)~~~~~~Food for thought !အသက္သတ္လြတ္စားဘို႕ တသက္လံုး တခါမွ စိတ္မကူးခဲ့ပါဘူး။အသက္သတ္လြတ္စားရမယ္လို႕ လည္း…

Posted by ေဒါက္တာေမာ္ on Wednesday, June 7, 2017

“Food for Thought” ဆိုတဲ့ ေဆာင္းပါးထဲမွာရးထားတဲ့
(၁) ဘာသာေရးအရ ယံုၾကည္ခ်က္ရွိလို႕
(၂) ကုသိုလ္ရခ်င္လို႕
(၃) က်န္းမာခ်င္လို႕
(၄) ေခ်ြတာခ်င္လို႕ (အသားစားဘို႕ ေမြးထားတဲ့ တိရိစၦာန္ေလးေတြကို ေက်ြးရတဲ့ ေကာက္ပဲသီးနွံေတြဟာ လူေတြအဟာရျဖစ္ဘို႕ တိုက္ရိုက္စားသံုးတဲ့ ေကာက္ပဲသီးနွံေတြထက္ ပမာဏပိုမ်ားတယ္တဲ့။ လူေတြအားလံုး အသားမစားၾကရင္ တကမၻာလံုးမွာ မေလာက္မငွ ဆာေလာင္မြတ္သိပ္တဲ့ဲျပသနာေတြ ေျပလည္သြားနိုင္တယ္တဲ့)
(၅) တိရိစၦာန္ေလးေတြကို ကိုယ္ခ်င္းစာ သနားလို႕
(၆) ၾကီးၾကီးက်ယ္က်ယ္ Global Warming ကို ကာကြယ္ဘို႕…..
ဆိုတဲ့ အသက္သတ္လြတ္စားရျခင္းအေၾကာင္းေတြမွာ…. နံပါတ္(၇) စားခ်င္စိတ္ျဖစ္လာလို႕ ဆိုတဲ့ အေၾကာင္းတခု ထပ္တိုးရေတာ့မယ္။
သာဓုသာဓုသာဓုပါ မယ္ေတာ္ေဒ၀ီ…..
ကိုရင္က ငယ္ေပမည့္ ၀ိနည္းေတာ့ သိပ္ထုိရ္တယ္။ မႏၱေလးေလယာဥ္ကြင္းမွာေတြ႕ တုန္းက ၀တၳဳလွဴတာ ကပၸိယမပါလို႕ လံုး၀လက္မခံဘူး။ စာအိပ္ထဲမွာထည့္လွဴတာပါဘုရား ဆိုလည္း မရဘူး။ အရွင္ဘုရားဒီစာအိပ္ကိုင္စရာမလိုပါဘူး၊ တပည့္ေတာ္ အရွင္ဘုရားေသတၱာထဲကိုထည့္ေပးမယ္ဆိုလည္း လက္မခံဘူး။ ဒီေန႕ ဆြမ္းစားေတာ့လည္း ေနထြက္ခ်ိန္နဲ႕ ေန၀င္ခ်ိန္ကိုၾကည့္ျပီး ဘယ္နာရီ ဘယ္မိနစ္အထိဘဲ ဆြမ္းဘုန္းနိုင္တယ္လို႕ အတိအက်လိုက္နာတယ္။
ကိုရင့္ကို ၾကည္ညိဳလြန္းလို႕ ကိုရင္သိထားတာေတြ၊ တတ္ထားတာေတြ၊ သေဘာတရားေတြ ဆက္လက္ေဆြးေႏြးခ်င္ပါေသးတယ္ဘုရား။
Looking forward to have more Q&A
crd: ေဒါက္တာေမာ္
06Apr2018
(Unicode)

#အင်ဒိုနီးရှားကိုရင်

ဗုဒ္ဓတရားတော်တွေကို လေ့လာချင်လွန်းလို့ မြန်မာစကားကို ၅နှစ်သင်ပြီး သာသနာဝန်ဆောင်သာမဏေကျော် စာမေးပွဲကို ထူးထူးချွန်ချွန်အောင်မြင်ထားတဲ့ #ရှင်ဝိသုဒ္ဓါစာရာလင်္ကာရ ဆိုတဲ့ အင်ဒိုနီးရှားကိုရင်လေး လေ….

ထပ်မံဖူးတွေ့ ဘို့ ကြုံခဲ့ပါတယ်။ ဒီတခါတော့ ရင်းရင်းနှီးနှိးဖူးတွေ့ ရလို့ မေးချင်တာတွေ မေးမိပါတယ်။
မေးသမျှကို သေသေချာချာနားထောင်ပြီး အင်္ဂလိပ်ဆို Queen English လို့ ပြောရလောက်တဲ့ …. King Myanmar စကားနဲ့ ပြတ်ပြတ်သားသားနဲ့ ဒေါင့်စေ့အောင်ပြန်ဖြေပေးတယ်။

Q: အရှင်ဘုရား…ဘာလို့ ကိုရင်ဝတ်တာလဲ။ ဘာလို့ မြန်မာပြည်လာတာလဲဘူရား။

A: ကိုရင်ကျောင်းနေတုန်းက….Piano တီးကြည့်တယ်….badminton ကစားကြည့်တယ်… Soccer ကစားကြည့်တယ်….ဘာလုပ်လုပ် ဘဝင်မကျဘူး။ ကိုရင်ဝတ်လိုက်မှ ဘဝင်ကျပြီး ကိုရင်ဘဝကို နှစ်ချိုက်သွားတယ်။ ကိုရင့်အနေနဲ့ နိုင်ငံခြားမှာ ခေတ်ပညာကို ကောင်းကောင်းသင်နိုင်ပေမည့် ဗုဒ္ဓပေးတဲ့ပညာကိုဘဲသင်ချင်တယ်။ ဗုဒ္ဓစာပေကို လေ့လာဘို့ အကောင်းဆုံးနေရာက မြန်မာပြည်မို့ မြန်မာပြည်ကို လာတာ။

Q: အရှင်ဘုရား…. အကြောင်းရှိလို့ အကျိုးဖြစ်တာ။ ဘယ်လိုအကြောင်းတွေကြောင့် ဒီလိုအကျိုးတွေဖြစ်ပြီး အရှင်ဘုရား မြန်မာန်ုင်ငံကိုရောက်ပြီး ကိုရင်ဖြစ်ပြီး၊ မြန်မာစကားတွေပြောနေတာလဲဘုရား။ ဒီနေရာတွေကို အရင်ဘဝတွေက ရောက်ဖူးတယ်လို့ ခံစားမိလားဘုရား။

A: ဒကာမကြီး…. သံသရာမှာ မရောက်ဖူးတဲ့နေရာဆိုလို့ နိဗ္ဗာန်ရယ်၊ အနာဂမ်တို့ စံနေရာ သုဒ္ဓါဝါသဘုံရယ်ဘဲရှိတယ်။

Q: အရှင်ဘုရား… မိုးကုတ်ဆရာတော်ကြီးတို့ မဟာစည်ဆရာတော်ဘုရားကြီးတို့ လက်ထက်ကစပြီး တရားအားထုတ်တာတွေများလာတော့ ၀ိမုတ္တိယုဂ ခတ်ရောက်နေတာလားဘုရား။ အခုနောက်ပိုင်းမှာ ပါချုပ်ဆရာတော်ကြီးတို့ ၊ Oxford ဆရာတော်တို့ က သုတ၊ ပညာကို အလေးထားတာ၊ လူတွေအတွက် ဗုဒ္ဓစာပေသင်တန်းတွေဖွင့်နေတာတွေတွေ့ရတော့ သုတယုဂခေတ်ဆိုတာ အဲဒီလိုမျိုးလားဘုရား။

A: ဒကာမကြီး… ဘယ်ခေတ်ရောက်နေတာလဲ အရေးမကြီးဘူး၊ ကိုယ်လုပ်စရာရှိတာကို တစိုက်မတ်မတ်သာ လုပ်ပါ။

ဒကာမကြီး : တင်ပ့့ါဘုရား။ လိုက်နာပါ့မယ်ဘုရား။

Q: အရှင်ဘုရား… ဗုဒ္ဓစာပေတွေကို လေ့လာပြီးမှ တရားအားထုတ်ရင်ပိုသင့်တော်လား။ ဗုဒ္ဓစာပေတွေကို မလေ့လာဘဲ တရားအားထုတ်လို့ ရပါသလား။ တရားအားထုတ်ပြီးမှ ဗုဒ္ဓစာပေလေ့လာသင့်လားဘုရား။

A: ဒကာမကြီး… မြစကြာဆရာတော်က မြစကြာကျောင်းကို ပရိယတ္တိကျောင်းလို့ ဆိုရင် မပြည့်စုံဘူးတဲ့။ ပရိယတ္တိသင်ကြားရင်း အဲဒီစာပေတွေမှာ ပါတဲ့အတိုင်း ကျင့်ကြံနေထိုင်အားထုတ်နေတာ .ပဋိပတ္တိ ပေါ့။ ပရိယတ္တိ နဲ့ ကင်းတဲ့ ပဋိပတ္တိ၊ ပဋိပတ္တိ နဲ့ ကင်းတဲ့ ပရိယတ္တိ ဆိုတာမပြည့်စုံဘူး။ ချမ်းမြေ့ဆရာတော်ကြီးဆိုရင် ပညာတွေလည်းတတ်တယ်၊ သာသနာ့ဝန်တွေလည်းထမ်းတယ်။ ဒါပေမည့် ၆ နှစ်အချိန်ယူပြီးဘာမှမလုပ်ဘဲ တရားကိုသာအားထုတ်ခဲ့တယ်။

(ဒီနေရာမှာ …တရားအရာမှာ တော်တော် ပေါက်ရောက်နှံ့ စပ်တဲ့ အန်တီအေး ပြောတာသတိရမိတယ်။ … တရားအားမထုတ်ခင်က ဘယ်လိုသင်သင် သင်တာ မှတ်တာဘဲရှိပြီး(သင်္ညာ) သဘောမပေါက်တဲ့ တရားတွေဟာ တရားအားထုတ်တော့မှ သိပ်သဘောကျ သဘောပေါက်သွားကြောင်း ကိုယ်တွေ့ experience ကို ပြောပြတယ်။ )

Q: အရှင်ဘုရား… ဗုဒ္ဓစာပေတွေကိုလည်း လေ့လာရင်း၊ တရားလည်းအားထုတ်ရင်း .. ဆိုတာတော့ ဟုတ်ပါပြီဘုရား။ ဒါပေမည့်… ဘဝမှာ အချိန်မရှိတော့ရင်ကောဘုရား။

A: အင်း… ဒကာမကြီးတို့ လို အသက်ကြီးလာပြီဆိုရင်တော့လည်း… တရားဘဲဦးစားပေး အားထုတ်ပါလေ။

ဒကာမကြီး: ဂိ😁

Q: အရှင်ဘုရား… မြန်မာစာကို ၅ နှစ်ထဲနဲ့ ဒီလောက်ကျွမ်းကျင်အောင်၊ သာမဏေကျော် အောင်ရလောက်အောင် ဘယ်လိုလုပ်လဲဘုရား။

A: ဒကာမကြီး…ဗုဒ္ဒစာပေတွေကို သိချင်တတ်ချင် လေ့လာချင်လွန်းလို့ မြန်မာစာကို အပြင်းအထန် တစိုက်မတ်မတ်ကြိုးစားခဲ့ရတယ်။ သာမဏေကျော်အောင်ဘို့ ဆိုတာ တပါတ်ပြီးတပါတ်၊ တလပြီးတလ နှစ်ရှည်လများ ဗုဒ္ဓစာပေတွေကို တစိုက်မတ်မတ် အချိန်အကန်ု့အသတ်အတွင်းမှာ ပြီးမြောက်အောင်မြင်အောင် ကြီုးစားတယ်။ ဆရာကြီးရွှေဥဒေါင်းရေးတဲ့စာပေတွေကိုသဘောကျတယ်။ ရေးပုံရေးနည်းတွေကို အတုယူတယ်။ မဟာဂန္ဓာရုံဆရာတော်ကြီးကိုသိတယ်မဟုတ်လား။ သူတို့ တခေတ်ထဲပေါ့၊ သိပ်ကောင်း သိပ်အရသာရှိတဲ့ စာတွေရေးကြတာ။ ဆရာကြီးရွှေဥဒေါင်းရေးရင် ကျစ်ကျစ်လစ်လစ်နဲ့ သိပ်ရှင်းတာ။ သာမဏေကျော်စာမေးပွဲမှာ ဆရာကြီးရွှေဥဒေါင်းရေးဟန်ကို အတုယူပြီး စာမျက်နှာ သုံးလေးမျက်နှာလောက် ရေးရမည့် အချက် ၆ ချက်ကို စာတစ်ကြောင်းတည်း (one sentence) ထဲနဲ့ ရေးလိုက်နိုင်တယ်။

ဒကာမကြီး: 😳

Q: အရှင်ဘုရား…မြစကြာကျောင်းက နံမည်ကြီးစာသင်တိုက်နော်။ အသင်အပြကောင်းမှာဘဲနော်ဘုရား။

A: ဟုတ်တယ် ဒကာမကြီး။ ဆရာတော်က အမြင်ကျယ်တယ်။ စာကြည့်တိုက်မှာလည်း စာအုပ်တွေစုံအောင်ထားပေးတယ်။ ဗုဒ္ဓစာပေတင်မကဘူး.တခြားဘာသာကျမ်းစာတွေလည်းရှိတယ်။ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး ကဏ္ဍအစုံ စာအုပ်တွေထားပေးထားတယ်။ ရွှေဥဒေါင်းစာအုပ်တွေလည်းရှိတယ်။

ဒကာမကြီး: ဟုတ်တာပေါ့ဘုရား။ လူ့လောက က လူတွေကို တရားအသိပေးဘို့ မှာ ကိုယ်သိတာချည်းပြောလို့ ဘယ်ဖြစ်ပါ့မလဲ။ သူတို့ ဘာတွေ သိထားလဲ၊ ဘာတွေတွေးနေလဲလို့ ယနေ့ ကမ္ဘာကိူသိမှ သူတို့ စိတ်ဝင်စားရာ နားဝင်ရာ အဆင့်ကနေခေါ်သွားရမှာ။ မြစကြာဆရာတော်က အမျှော်အမြင်ကြီးလိုက်တာဘုရား။

ကိုရင် : စာကြည့်တိုက်မှူးကိုယ်တော်က စာကြည့်တိုက်အထူးနဲ့ ဘွဲ့ ရထားတာ။

ဒကာမကြီး: ဟာ..ဟုတ်လားဘုရား။ တပည့်တော် သွားလေ့လာချင်လိုက်တာ။

🙏🙏🙏🙏🙏

ကိုရင်က ကိုရင်ဘဲနော်။ ပညာတွေဘယ်လောက်တတ်တတ် ၁၈နှစ် ၁၉ နှစ် သားသားတို့ အရွယ်မို့ မေးကြည့်မိတယ်။ “ကိူရင် McDonald ကြိုက်လား” လို့ ။ “ကြိုက်တယ်” တဲ့။ “KFC ကြိုက်လား” မေးတော့ “McDonald လောက်မကြိုက်ဘူးတဲ့” ဟုတ်တယ်နော်… McDonald က teenagers တွေရဲ့ အသဲစွဲဘဲ။ မော်တို့ ကျောင်းမှာတောင်မှ McDonald အစား တခြား fastfood chain တခုရောက်လာတော့ ကျောင်းသားရာနှုန်းပြည့်ကန့် ကွက်ကြတယ်။

ကိုရင်လည်း ဘယ်လောက်ဘွဲ့ကြီးတွေရရ…မယ်တော်ဒေဝီနဲ့ ဆိုရင် သားလေးဖြစ်သွားတာဘဲ။
မယ်တော်ဒေဝီကပြောတယ်။ မော့်သားလေးတွေက မော့်သားလေးတွေဘဲ။ ဒေဝီ့သားကတော့ အများပိုင်တဲ့၊ သာသနာတော်ကပိုင်တဲ့ သားဖြစ်သွားပြီတဲ့။ အဲဒီလို ဒေဝီပြောတာ MMGM page မှာဖတ်ဖူးပေမည့် အခုလို မျက်စိရှေ့ မှာ သားအမိ ၂ယောက်မေတ္တာကို တွေ့ ရတဲ့အခါ ဝမ်းနည်းဝမ်းသာ ခံစားရတယ်။

မယ်တော်ဒေဝီကလည်း အလွန်နူးညံ့ပြီး နန်းဆံတယ်။ အသက်သတ်လွတ်စားတယ်။ ထူးခြားတဲ့ သာသနာ့ရတနာလေးရဲ့ မယ်တော်ဘဲလေ။ ထူးခြားပေမှာပေါ့။ ဘာဖြစ်လို့ အသက်သတ်လွတ်စားတာလဲလို့ မယ်တော်ဒေဝီကို မေးမိတယ်။ စားချင်စိတ်ဖြစ်လို့ စားတာတဲ့။ အခုမှဘဲ မော်တခါရေးဖူးတဲ့

နီတိ (၁၁)~~~~~~Food for thought !အသက္သတ္လြတ္စားဘို႕ တသက္လံုး တခါမွ စိတ္မကူးခဲ့ပါဘူး။အသက္သတ္လြတ္စားရမယ္လို႕ လည္း…

Posted by ေဒါက္တာေမာ္ on Wednesday, June 7, 2017

“Food for Thought” ဆိုတဲ့ ဆောင်းပါးထဲမှာရးထားတဲ့
(၁) ဘာသာရေးအရ ယုံကြည်ချက်ရှိလို့
(၂) ကုသိုလ်ရချင်လို့
(၃) ကျန်းမာချင်လို့
(၄) ချွေတာချင်လို့ (အသားစားဘို့ မွေးထားတဲ့ တိရိစ္ဆာန်လေးတွေကို ကျွေးရတဲ့ ကောက်ပဲသီးနှံတွေဟာ လူတွေအဟာရဖြစ်ဘို့ တိုက်ရိုက်စားသုံးတဲ့ ကောက်ပဲသီးနှံတွေထက် ပမာဏပိုများတယ်တဲ့။ လူတွေအားလုံး အသားမစားကြရင် တကမ္ဘာလုံးမှာ မလောက်မငှ ဆာလောင်မွတ်သိပ်တဲဲ့ပြသနာတွေ ပြေလည်သွားနိုင်တယ်တဲ့)
(၅) တိရိစ္ဆာန်လေးတွေကို ကိုယ်ချင်းစာ သနားလို့
(၆) ကြီးကြီးကျယ်ကျယ် Global Warming ကို ကာကွယ်ဘို့…..

ဆိုတဲ့ အသက်သတ်လွတ်စားရခြင်းအကြောင်းတွေမှာ…. နံပါတ်(၇) စားချင်စိတ်ဖြစ်လာလို့ ဆိုတဲ့ အကြောင်းတခု ထပ်တိုးရတော့မယ်။

သာဓုသာဓုသာဓုပါ မယ်တော်ဒေဝီ…..

ကိုရင်က ငယ်ပေမည့် ၀ိနည်းတော့ သိပ်ထိုရ်တယ်။ မန္တလေးလေယာဉ်ကွင်းမှာတွေ့ တုန်းက ဝတ္ထုလှူတာ ကပ္ပိယမပါလို့ လုံးဝလက်မခံဘူး။ စာအိပ်ထဲမှာထည့်လှူတာပါဘုရား ဆိုလည်း မရဘူး။ အရှင်ဘုရားဒီစာအိပ်ကိုင်စရာမလိုပါဘူး၊ တပည့်တော် အရှင်ဘုရားသေတ္တာထဲကိုထည့်ပေးမယ်ဆိုလည်း လက်မခံဘူး။ ဒီနေ့ ဆွမ်းစားတော့လည်း နေထွက်ချိန်နဲ့ နေဝင်ချိန်ကိုကြည့်ပြီး ဘယ်နာရီ ဘယ်မိနစ်အထိဘဲ ဆွမ်းဘုန်းနိုင်တယ်လို့ အတိအကျလိုက်နာတယ်။

ကိုရင့်ကို ကြည်ညိုလွန်းလို့ ကိုရင်သိထားတာတွေ၊ တတ်ထားတာတွေ၊ သဘောတရားတွေ ဆက်လက်ဆွေးနွေးချင်ပါသေးတယ်ဘုရား။

Looking forward to have more Q&A

crd: ဒေါက်တာမော်
06Apr2018

LEAVE A REPLY

Please enter your comment!
Please enter your name here