ငရဲဆိုတာဘာလဲ
*************
အ၀ီစိဆိုတဲ့အဓိပၸါယ္က ငရဲသားတစ္ေယာက္နဲ႔တစ္ေယာက္ၾကားမွာ အၾကားအလပ္မရွိေအာင္ ငရဲသားအခ်င္းခ်င္းညွပ္ေနတယ္လို႔ ဆိုလိုတာ။ `၀ီစိ´ဆိုတာ အၾကားအလပ္၊ `အ´ဆိုတာမရွိဘူး။ အ၀ီစိ အၾကားအလပ္မရွိဘူးတဲ့။ ဒါကအဓိပၸါယ္တစ္ခုေနာ္။ ဆိုလိုတာက အပ္ဗူးထဲမွာ အပ္ကေလးေတြ အျပည့္ထည့္ထားရင္ အဲဒီအပ္ကေလးေတြတစ္ခုနဲ႔တစ္ခု ထိေနသည့္အတြက္ေၾကာင့္ ၾကားဆိုတာမရွိဘူး။ ပဲေစ့ကေလးေတြကို ဖန္ပုလင္းထဲအျပည့္ထည့္ထားရင္လည္း ၾကားဆိုတာမရွိေလာက္ေအာင္ကို ညွပ္ထပ္ေနတယ္။ အ၀ီစိငရဲမွာ သတၱ၀ါေတြအဲဒီလို အၾကားအလပ္မရွိေအာင္မ်ားတယ္လို႔ ေျပာတာေနာ္။

ေနာက္အဓိပၸါယ္တစ္ခုက အ၀ီစိငရဲသည္ မီးဟုန္းဟုန္းေတာက္ေနတ့ဲငရဲျဖစ္တယ္တဲ့။ အဲဒီမီးဟုန္းဟုန္းေတာက္ေနတာသည္ မီးမေလာင္တဲ့အခ်ိန္ပိုင္း အခုိက္အတန္႔ေလးေတာင္ မရွိဘူးတဲ့။ အၿမဲမျပတ္ ဒလစပ္မီးေတာက္ေနတာ။ မီးေတာက္ေတြရဲ႕ၾကား မေတာက္တဲ့ေနရာဆိုတာ မရွိဘူးတဲ့။ မေတာက္တဲ့ေနရာရွိရင္ေျပးၿပီးခိုလုိ႔ရမွာေပါ့။ မီးမေတာက္တဲ့ေနရာဆိုတာ တစ္ခုမွမရွိဘူး။ အၾကားအလပ္မရွိဘူး။ အဲဒီလို`အဂၢိဇာလ´မီးလွ်ံတို႕ရဲ႕အၾကားမရွိလို႔လည္း`အ၀ီစိ´လုိ႔ေခၚတယ္တဲ့။

ေနာက္တစ္ခုက ဘာအၾကားအလပ္မရွိတာတုန္းဆိုရင္ လူ႔ဘ၀မွာ တစ္ခါတစ္ခါေခါင္းကိုက္တာတို႔ ခါးကိုက္တာတို႔ဆိုတ့ဲ ဆင္းရဲဒုကၡေတြရွိတယ္ေပါ့။ အ၀ီစိငရဲမွာအဲဒီလို ခႏၶာကိုယ္ရဲ႕ဒုကၡသည္တစ္စကၠန္႔ကေလးမွ သက္သာတာမရွိဘူး။ ဒလစပ္အၿမဲမျပတ္ဆင္းရဲဒုကၡျဖစ္ေနတယ္။ အဲဒီလိုဆင္းရဲဒုကၡေတြရဲ႕ အၾကားအလပ္ဆိုတာလည္း မရွိလို႔ “အ၀ီစိ´´တဲ့။ သတၱ၀ါေတြရဲ႕ အၾကားအလပ္မရွိဘူူး။ မီးလွ်ံတို႔ရဲ႕အၾကားအလပ္မရွိဘူး။ ဆင္းရဲဒုကၡတို႔ရဲ႕ အၾကားအလပ္မရွိဘူး။ အၾကားအလပ္သံုးမ်ဳိးကင္းတဲ့ငရဲကို အ၀ီစိငရဲလုိ႔ ေခၚတယ္တဲ့။

ျမတ္စြာဘုရားက သံယုတၱနိကာယ္ထဲမွာ `ဆဖႆာယတနိကငရဲ´ဆိုၿပီး ေဟာထားတာရွိတယ္။ ရဟန္းေတြကိုျမတ္စြာဘုရားက အမိန္႔ရွိတယ္။ `ခ်စ္သားရဟန္းတု႔ိ လူ႔ဘ၀ရတယ္ဆိုတာအင္မတန္ ကံေကာင္းၾကတယ္။ ဘာျဖစ္လုိ႔ကံေကာင္းသလဲဆိုရင္ မ်က္စိကေကာင္းတာေလးေတြျမင္ရတဲ့အခ်ိန္ ရွိတယ္။ နားက သာယာတဲ့အသံေလးေတြ နားေထာင္ရတဲ့အခ်ိန္ရွိတယ္။ ႏွာေခါင္းကလည္း ေမႊးႀကိဳင္တဲ့ အနံ႔ကေလးေတြ ရတဲ့အခ်ိန္ပိုင္းဆိုတာ ရွိတယ္။ လွ်ာကလည္း ေကာင္းတဲ့အထိအေတြ႕ေလးေတြ ထိေတြ႕ရတယ္။ စိတ္ကလည္း ေကာင္းတဲ့ အေတြးအႀကံေလးေတြ ႀကံစည္ခြင့္ရတယ္။ လူ႔ျပည္မွာ မ်က္စိ၊နား၊ႏွာ၊လွ်ာ၊ကိုယ္၊စိတ္နဲ႔ ပတ္သက္ၿပီး အာ႐ုံေကာင္းေလးေတြကို သက္သက္သာသာေလး ခံစားႏုိင္ေသးတယ္´တဲ့။

`ဆဖႆာယတနိကငရဲ´မွာေတာ့ မ်က္စိကျမင္သမွ်ေတြသည္ မေကာင္းတာေတြပဲ၊ အနိ႒ာ႐ုံေတြပဲ၊ ေၾကာက္စရာ လန္႔စရာ စိတ္မခ်မ္းသာစရာေတြပဲ ျမင္တယ္တဲ့။ နားကၾကားရတဲ့အသံေတြကလည္း အင္မတန္ဆိုး၀ါးတဲ့ အသံႀကီးေတြပဲၾကားရတယ္။ ႏွာေခါင္းက အနံ႔ရႈရတာလည္း အင္မတန္ဆိုး၀ါးတဲ့အနံ႔၊ လွ်ာက အရသာကလည္း အလြန္ဆိုး၀ါးတဲ့ အရသာ၊ ခႏၶာကိုယ္မွ ထိေတြ႕လာတဲ့ အထိအေတြ႕ကလည္း အလြန္ဆုိး၀ါးတဲ့အထိအေတြ႕၊ စိတ္ထဲမွာႀကံေတြးမႈဆိုတာလည္း အေကာင္းတစ္ခုမွ မရွိဘူးတဲ့။ အဲဒီေလာက္ထိ အေကာင္းကင္းၿပီး အဆိုးေတြပဲျဖစ္ေနတာတဲ့။ အဲဒီ `ဆဖႆာယတနိကငရဲ´ဆိုတာ တျခားေျပာတာမဟုတ္ဘူး။ အ၀ီစိငရဲကိုေျပာတာပဲတဲ့။

ဘာေၾကာင့္ ဒီအ၀ီစိငရဲ႕ကို ခံေနၾကရတာလဲလုိ႔ေမးၾကည့္လုိက္ရင္ ေလာဘကိုမထိန္းႏုိင္လုိ႔၊ ေဒါသကိုမထိန္းႏုိင္လုိ႔၊ ေမာဟကိုမထိန္းႏုိင္လုိ႔ျဖစ္တယ္တဲ့။ အဲဒီအကုသိုလ္စိတ္ေတြကို မထိန္းႏုိင္သည့္အတြက္ေၾကာင့္ အကုသုိလ္ရဲ႕အျပစ္ဒဏ္အရ ဒုကၡေတြခံေနၾကရတာပါတဲ့။ ကိုယ့္ကိုယ္ကို ျပင္ဖို႔ရန္အတြက္ ၀ီရိယတို႔၊ သတိတို႔၊ ပညာတို႔က အားနည္းသည့္အတြက္ေၾကာင့္ ကိုယ့္ကိုကိုယ္ျပင္ႏုိင္စြမ္းမရွိဘူး။ ေလာဘ၊ ေဒါသကိုမဖယ္ရွားႏုိင္ဘူး။ အဲဒီအပါယ္ကိုက်ေစတတ္တဲ့ ေလာဘ၊ ေဒါသေတြရဲ႕ စြမ္းအားေၾကာင့္ ကိုယ့္ဆႏၵမရွိဘဲနဲ႔ အပါယ္ငရဲဆိုတာ က်သြားၾကရတယ္။

အပါယ္ငရဲဆိုတာနဲ႔ပတ္သက္ၿပီး ပါဠိစာေပမွာ `အပါယံ ဒုဂၢတႎ ၀ိနိပါတံ နိရယံ´ဆိုၿပီး စကားလံုးေလးလံုး သံုးထားတယ္။ အဲဒီစကားလံုးေလးလံုးက အပါယ္ေလးဘံုကို ရည္ညႊန္းတဲ့အခါ ရည္ညႊန္းတယ္။ တစ္ခါတစ္ရံ ငရဲဘံုကို ရည္ညႊန္းတာလည္း ျဖစ္တယ္။ “အပါယ=အပ+အာယ´ အာယဆိုတာ ခ်မ္းသာသုခ၊ အပဆိုတာ ကင္းမဲ့တာ မရွိတာ။ ခ်မ္းသာသုခမရွိလို႔`အပါယ´လို႔ေခၚတာ။ ဆင္းရဲဒုကၡေတြ အင္မတန္မ်ားတယ္။ ေနာက္တစ္နည္းကေတာ့ ကုသုိလ္စိတ္ျဖစ္မႈက ကင္းကြာတယ္။ အားနည္းတယ္။ ကုသုိလ္စိတ္ျဖစ္ဖို႔မရွိဘူး။ ဒါေၾကာင့္မုိ႔ `အပါယ´လုိ႔ေခၚတာ။

`ဒုဂၢတိ´ဆိုတာ `ဒုကၡႆဂတိ´ဆင္းရဲဒုကၡေတြပဲျဖစ္တယ္တဲ့။ သုခဆိုတာမလာဘူး။ ဒုကၡေတြပဲလာတယ္။ ဒါေၾကာင့္ ဒုဂၢတိ တဲ့။ ေနာက္တစ္ခုက လူ႔ဘ၀မွာ ကိုယ္ျဖစ္ခ်င္တာေလးေတြ ျဖစ္ခြင့္ရွိေသးတယ္။ ငရဲက်ေတာ့ ကိုယ္ျဖစ္ခ်င္တာက တစ္မ်ဳိး ျဖစ္ေနတာက တစ္မ်ဳိးတဲ့။ ကိုယ့္ရဲ႕ဆႏၵနဲ႔လံုး၀မကိုက္ညီတဲ့ ကိုယ့္ရဲ႕ဆႏၵမပါဘဲနဲ႔ ဖ႐ုိဖရဲၿပိဳကြဲလဲက်ျခင္းဆိုတဲ့ အေနအထားမ်ဳိးေၾကာင့္ `၀ိနိပါတ´လုိ႔ေျပာတာ။ `နိရယ´ဆိုတာ `နိ+အယ´သက္သာဖြယ္ျဖစ္တဲ့ သုခဆိုတာ လံုး၀ရွာမေတြ႕လို႔ သုခလံုး၀ကင္းတဲ့ဘံုလို႔ ဆိုလိုတယ္။

အဲဒီေတာ့ အပါယ္ေလးဘံု သုိ႔မဟုတ္ ငရဲဘံုဆိုတာ တစ္ခုမွေကာင္းတာမရွိဘူး။ အဲဒီမရွိတဲ့ဘံုကို ဘယ္သူက ေဆာင္ၾကဥ္းသြားတာတုန္းဆိုရင္ ခုနက ေလာဘ၊ ေဒါသ၊ ေမာဟေတြကို ကိုယ္ကမထိန္းႏုိင္လို႔ ကိုယ့္စိတ္ကို လႊမ္းမိုးသြားၿပီဆိုရင္ ဒုကၡေရာက္ေတာ့တာပဲေပါ့။

`ခီနမေစၧ၀ ပလႅေလ´ အဲဒီလို ဘ၀မွာဒုကၡေရာက္သြားနိုင္တဲ့ အေၾကာင္းတရားေတြကို ျပဳျပင္ရမယ္။ ကိုယ့္ဘ၀ကိုယ္ျပင္ၿပီး စီးပြားရွာရမယ့္အခ်ိန စီးပြားရွာရမယ္။ ကိုယ္က်င့္တရားေကာင္းေအာင္ျပဳျပင္ၿပီး တရားရွာရမယ့္အခ်ိန္ တရားရွာရမယ္။ အဲဒီႏွစ္ခုတစ္ခုခုမွမလုပ္ဘဲနဲ႔ အရြယ္သံုးပါးကိုကုန္လြန္သြားမယ္ဆိုရင္ ဘ၀မွာဆံုး႐ႈံုးနစ္နာျခင္းနဲ႔ပဲ ရင္ဆုိင္ရမယ္။ ဒီဘ၀မွာဆံုး႐ႈံးသြားရင္ ေနာင္ဘ၀ေကာင္းလာမွာမဟုတ္ဘူးတဲ့။ ေနာင္ဘ၀မွာ ဒီ့ထက္ ဆံုး႐ႈံးနစ္နာသြားဖို႔ပဲရွိတယ္တဲ့။ ဘာနဲ႔ဥပမာတူတုန္းဆိုရင္ `တြင္းတူးတဲ့လူနဲ႔ ဥပမာတူတယ္´ တြင္းတူးတဲ့လူသည္ တြင္းနက္ေလ ေအာက္ေရာက္သြားေလပဲတဲ့။

ဒါေၾကာင့္မို႔ တရားခ်စ္ခင္သူေတာ္စင္ပရိသတ္အေပါင္းတု႔ိ ကိုယ့္ဘ၀ကိုယ္ျပင္ၾကရမွာျဖစ္တယ္။ ကိုယ့္ဘ၀ကို ကိုယ္မျပင္ႏိုင္ဘူးဆိုရင္ အထက္တန္းကို ဘယ္ေတာ့မွ တက္လွမ္းႏုိင္မွာမဟုတ္ဘူး။ အထက္တန္းတက္လွမ္းႏုိင္ဖို႔အတြက္ ကိုယ့္ကိုကိုယ္ ခ်စ္ခင္ျမတ္ႏုိ္းတဲ့ ပုဂၢဳိလ္ေတြပီပီ ကိုယ့္ဘ၀ကိုယ္ ထိန္းသိမ္းေစာင့္ေရွာက္ရမယ္။ ကုသိုလ္ေတြမ်ားျပားေအာင္ ႀကိဳးစားအားထုတ္ၾကရမွာလို႔ ကိုယ္စီကိုယ္စီ သတိတရားရၿပီး က်င့္ႀကံႀကိဳးကုတ္အားထုတ္ႏုိင္ၾကပါေစကုန္သတည္း။

သာဓု သာဓု သာဓု

ပါေမာကၡခ်ဳပ္ ေဒါက္တာနႏၵမာလာဘိ၀ံသ၏
ကိုယ့္ဘ၀ကိုယ္ျပင္တရားေတာ္မွ ထုတ္ႏႈတ္ေဖာ္ျပပါသည္။

စာစီကုသုိလ္ျပု-ဓမၼပန္းခင္း

K S L *****

(Unicode)

ငရဲဆိုတာဘာလဲ
*************
အဝီစိဆိုတဲ့အဓိပ္ပါယ်က ငရဲသားတစ်ယောက်နဲ့တစ်ယောက်ကြားမှာ အကြားအလပ်မရှိအောင် ငရဲသားအချင်းချင်းညှပ်နေတယ်လို့ ဆိုလိုတာ။ `ဝီစိ´ဆိုတာ အကြားအလပ်၊ `အ´ဆိုတာမရှိဘူး။ အဝီစိ အကြားအလပ်မရှိဘူးတဲ့။ ဒါကအဓိပ္ပါယ်တစ်ခုနော်။ ဆိုလိုတာက အပ်ဗူးထဲမှာ အပ်ကလေးတွေ အပြည့်ထည့်ထားရင် အဲဒီအပ်ကလေးတွေတစ်ခုနဲ့တစ်ခု ထိနေသည့်အတွက်ကြောင့် ကြားဆိုတာမရှိဘူး။ ပဲစေ့ကလေးတွေကို ဖန်ပုလင်းထဲအပြည့်ထည့်ထားရင်လည်း ကြားဆိုတာမရှိလောက်အောင်ကို ညှပ်ထပ်နေတယ်။ အဝီစိငရဲမှာ သတ္တဝါတွေအဲဒီလို အကြားအလပ်မရှိအောင်များတယ်လို့ ပြောတာနော်။

နောက်အဓိပ္ပါယ်တစ်ခုက အဝီစိငရဲသည် မီးဟုန်းဟုန်းတောက်နေတဲ့ငရဲဖြစ်တယ်တဲ့။ အဲဒီမီးဟုန်းဟုန်းတောက်နေတာသည် မီးမလောင်တဲ့အချိန်ပိုင်း အခိုက်အတန့်လေးတောင် မရှိဘူးတဲ့။ အမြဲမပြတ် ဒလစပ်မီးတောက်နေတာ။ မီးတောက်တွေရဲ့ကြား မတောက်တဲ့နေရာဆိုတာ မရှိဘူးတဲ့။ မတောက်တဲ့နေရာရှိရင်ပြေးပြီးခိုလို့ရမှာပေါ့။ မီးမတောက်တဲ့နေရာဆိုတာ တစ်ခုမှမရှိဘူး။ အကြားအလပ်မရှိဘူး။ အဲဒီလို`အဂ္ဂိဇာလ´မီးလျှံတို့ရဲ့အကြားမရှိလို့လည်း`အဝီစိ´လို့ခေါ်တယ်တဲ့။

နောက်တစ်ခုက ဘာအကြားအလပ်မရှိတာတုန်းဆိုရင် လူ့ဘဝမှာ တစ်ခါတစ်ခါခေါင်းကိုက်တာတို့ ခါးကိုက်တာတို့ဆိုတဲ့ ဆင်းရဲဒုက္ခတွေရှိတယ်ပေါ့။ အဝီစိငရဲမှာအဲဒီလို ခန္ဓာကိုယ်ရဲ့ဒုက္ခသည်တစ်စက္ကန့်ကလေးမှ သက်သာတာမရှိဘူး။ ဒလစပ်အမြဲမပြတ်ဆင်းရဲဒုက္ခဖြစ်နေတယ်။ အဲဒီလိုဆင်းရဲဒုက္ခတွေရဲ့ အကြားအလပ်ဆိုတာလည်း မရှိလို့ “အဝီစိ´´တဲ့။ သတ္တဝါတွေရဲ့ အကြားအလပ်မရှိဘူူး။ မီးလျှံတို့ရဲ့အကြားအလပ်မရှိဘူး။ ဆင်းရဲဒုက္ခတို့ရဲ့ အကြားအလပ်မရှိဘူး။ အကြားအလပ်သုံးမျိုးကင်းတဲ့ငရဲကို အဝီစိငရဲလို့ ခေါ်တယ်တဲ့။

မြတ်စွာဘုရားက သံယုတ္တနိကာယ်ထဲမှာ `ဆဖဿာယတနိကငရဲ´ဆိုပြီး ဟောထားတာရှိတယ်။ ရဟန်းတွေကိုမြတ်စွာဘုရားက အမိန့်ရှိတယ်။ `ချစ်သားရဟန်းတို့ လူ့ဘဝရတယ်ဆိုတာအင်မတန် ကံကောင်းကြတယ်။ ဘာဖြစ်လို့ကံကောင်းသလဲဆိုရင် မျက်စိကကောင်းတာလေးတွေမြင်ရတဲ့အချိန် ရှိတယ်။ နားက သာယာတဲ့အသံလေးတွေ နားထောင်ရတဲ့အချိန်ရှိတယ်။ နှာခေါင်းကလည်း မွှေးကြိုင်တဲ့ အနံ့ကလေးတွေ ရတဲ့အချိန်ပိုင်းဆိုတာ ရှိတယ်။ လျှာကလည်း ကောင်းတဲ့အထိအတွေ့လေးတွေ ထိတွေ့ရတယ်။ စိတ်ကလည်း ကောင်းတဲ့ အတွေးအကြံလေးတွေ ကြံစည်ခွင့်ရတယ်။ လူ့ပြည်မှာ မျက်စိ၊နား၊နှာ၊လျှာ၊ကိုယ်၊စိတ်နဲ့ ပတ်သက်ပြီး အာရုံကောင်းလေးတွေကို သက်သက်သာသာလေး ခံစားနိုင်သေးတယ်´တဲ့။

`ဆဖဿာယတနိကငရဲ´မှာတော့ မျက်စိကမြင်သမျှတွေသည် မကောင်းတာတွေပဲ၊ အနိဋ္ဌာရုံတွေပဲ၊ ကြောက်စရာ လန့်စရာ စိတ်မချမ်းသာစရာတွေပဲ မြင်တယ်တဲ့။ နားကကြားရတဲ့အသံတွေကလည်း အင်မတန်ဆိုးဝါးတဲ့ အသံကြီးတွေပဲကြားရတယ်။ နှာခေါင်းက အနံ့ရှုရတာလည်း အင်မတန်ဆိုးဝါးတဲ့အနံ့၊ လျှာက အရသာကလည်း အလွန်ဆိုးဝါးတဲ့ အရသာ၊ ခန္ဓာကိုယ်မှ ထိတွေ့လာတဲ့ အထိအတွေ့ကလည်း အလွန်ဆိုးဝါးတဲ့အထိအတွေ့၊ စိတ်ထဲမှာကြံတွေးမှုဆိုတာလည်း အကောင်းတစ်ခုမှ မရှိဘူးတဲ့။ အဲဒီလောက်ထိ အကောင်းကင်းပြီး အဆိုးတွေပဲဖြစ်နေတာတဲ့။ အဲဒီ `ဆဖဿာယတနိကငရဲ´ဆိုတာ တခြားပြောတာမဟုတ်ဘူး။ အဝီစိငရဲကိုပြောတာပဲတဲ့။

ဘာကြောင့် ဒီအဝီစိငရဲ့ကို ခံနေကြရတာလဲလို့မေးကြည့်လိုက်ရင် လောဘကိုမထိန်းနိုင်လို့၊ ဒေါသကိုမထိန်းနိုင်လို့၊ မောဟကိုမထိန်းနိုင်လို့ဖြစ်တယ်တဲ့။ အဲဒီအကုသိုလ်စိတ်တွေကို မထိန်းနိုင်သည့်အတွက်ကြောင့် အကုသိုလ်ရဲ့အပြစ်ဒဏ်အရ ဒုက္ခတွေခံနေကြရတာပါတဲ့။ ကိုယ့်ကိုယ်ကို ပြင်ဖို့ရန်အတွက် ဝီရိယတို့၊ သတိတို့၊ ပညာတို့က အားနည်းသည့်အတွက်ကြောင့် ကိုယ့်ကိုကိုယ်ပြင်နိုင်စွမ်းမရှိဘူး။ လောဘ၊ ဒေါသကိုမဖယ်ရှားနိုင်ဘူး။ အဲဒီအပါယ်ကိုကျစေတတ်တဲ့ လောဘ၊ ဒေါသတွေရဲ့ စွမ်းအားကြောင့် ကိုယ့်ဆန္ဒမရှိဘဲနဲ့ အပါယ်ငရဲဆိုတာ ကျသွားကြရတယ်။

အပါယ်ငရဲဆိုတာနဲ့ပတ်သက်ပြီး ပါဠိစာပေမှာ `အပါယံ ဒုဂ္ဂတိံ ၀ိနိပါတံ နိရယံ´ဆိုပြီး စကားလုံးလေးလုံး သုံးထားတယ်။ အဲဒီစကားလုံးလေးလုံးက အပါယ်လေးဘုံကို ရည်ညွှန်းတဲ့အခါ ရည်ညွှန်းတယ်။ တစ်ခါတစ်ရံ ငရဲဘုံကို ရည်ညွှန်းတာလည်း ဖြစ်တယ်။ “အပါယ=အပ+အာယ´ အာယဆိုတာ ချမ်းသာသုခ၊ အပဆိုတာ ကင်းမဲ့တာ မရှိတာ။ ချမ်းသာသုခမရှိလို့`အပါယ´လို့ခေါ်တာ။ ဆင်းရဲဒုက္ခတွေ အင်မတန်များတယ်။ နောက်တစ်နည်းကတော့ ကုသိုလ်စိတ်ဖြစ်မှုက ကင်းကွာတယ်။ အားနည်းတယ်။ ကုသိုလ်စိတ်ဖြစ်ဖို့မရှိဘူး။ ဒါကြောင့်မို့ `အပါယ´လို့ခေါ်တာ။

`ဒုဂ္ဂတိ´ဆိုတာ `ဒုက္ခဿဂတိ´ဆင်းရဲဒုက္ခတွေပဲဖြစ်တယ်တဲ့။ သုခဆိုတာမလာဘူး။ ဒုက္ခတွေပဲလာတယ်။ ဒါကြောင့် ဒုဂ္ဂတိ တဲ့။ နောက်တစ်ခုက လူ့ဘဝမှာ ကိုယ်ဖြစ်ချင်တာလေးတွေ ဖြစ်ခွင့်ရှိသေးတယ်။ ငရဲကျတော့ ကိုယ်ဖြစ်ချင်တာက တစ်မျိုး ဖြစ်နေတာက တစ်မျိုးတဲ့။ ကိုယ့်ရဲ့ဆန္ဒနဲ့လုံးဝမကိုက်ညီတဲ့ ကိုယ့်ရဲ့ဆန္ဒမပါဘဲနဲ့ ဖရိုဖရဲပြိုကွဲလဲကျခြင်းဆိုတဲ့ အနေအထားမျိုးကြောင့် `၀ိနိပါတ´လို့ပြောတာ။ `နိရယ´ဆိုတာ `နိ+အယ´သက်သာဖွယ်ဖြစ်တဲ့ သုခဆိုတာ လုံးဝရှာမတွေ့လို့ သုခလုံးဝကင်းတဲ့ဘုံလို့ ဆိုလိုတယ်။

အဲဒီတော့ အပါယ်လေးဘုံ သို့မဟုတ် ငရဲဘုံဆိုတာ တစ်ခုမှကောင်းတာမရှိဘူး။ အဲဒီမရှိတဲ့ဘုံကို ဘယ်သူက ဆောင်ကြဉ်းသွားတာတုန်းဆိုရင် ခုနက လောဘ၊ ဒေါသ၊ မောဟတွေကို ကိုယ်ကမထိန်းနိုင်လို့ ကိုယ့်စိတ်ကို လွှမ်းမိုးသွားပြီဆိုရင် ဒုက္ခရောက်တော့တာပဲပေါ့။

`ခီနမစ္ဆေဝ ပလ္လလေ´ အဲဒီလို ဘဝမှာဒုက္ခရောက်သွားနိုင်တဲ့ အကြောင်းတရားတွေကို ပြုပြင်ရမယ်။ ကိုယ့်ဘဝကိုယ်ပြင်ပြီး စီးပွားရှာရမယ့်အချိန စီးပွားရှာရမယ်။ ကိုယ်ကျင့်တရားကောင်းအောင်ပြုပြင်ပြီး တရားရှာရမယ့်အချိန် တရားရှာရမယ်။ အဲဒီနှစ်ခုတစ်ခုခုမှမလုပ်ဘဲနဲ့ အရွယ်သုံးပါးကိုကုန်လွန်သွားမယ်ဆိုရင် ဘဝမှာဆုံးရှုုံးနစ်နာခြင်းနဲ့ပဲ ရင်ဆိုင်ရမယ်။ ဒီဘဝမှာဆုံးရှုံးသွားရင် နောင်ဘဝကောင်းလာမှာမဟုတ်ဘူးတဲ့။ နောင်ဘဝမှာ ဒီ့ထက် ဆုံးရှုံးနစ်နာသွားဖို့ပဲရှိတယ်တဲ့။ ဘာနဲ့ဥပမာတူတုန်းဆိုရင် `တွင်းတူးတဲ့လူနဲ့ ဥပမာတူတယ်´ တွင်းတူးတဲ့လူသည် တွင်းနက်လေ အောက်ရောက်သွားလေပဲတဲ့။

ဒါကြောင့်မို့ တရားချစ်ခင်သူတော်စင်ပရိသတ်အပေါင်းတို့ ကိုယ့်ဘဝကိုယ်ပြင်ကြရမှာဖြစ်တယ်။ ကိုယ့်ဘဝကို ကိုယ်မပြင်နိုင်ဘူးဆိုရင် အထက်တန်းကို ဘယ်တော့မှ တက်လှမ်းနိုင်မှာမဟုတ်ဘူး။ အထက်တန်းတက်လှမ်းနိုင်ဖို့အတွက် ကိုယ့်ကိုကိုယ် ချစ်ခင်မြတ်နို်းတဲ့ ပုဂ္ဂိုလ်တွေပီပီ ကိုယ့်ဘဝကိုယ် ထိန်းသိမ်းစောင့်ရှောက်ရမယ်။ ကုသိုလ်တွေများပြားအောင် ကြိုးစားအားထုတ်ကြရမှာလို့ ကိုယ်စီကိုယ်စီ သတိတရားရပြီး ကျင့်ကြံကြိုးကုတ်အားထုတ်နိုင်ကြပါစေကုန်သတည်း။

သာဓု သာဓု သာဓု

ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ၏
ကိုယ့်ဘဝကိုယ်ပြင်တရားတော်မှ ထုတ်နှုတ်ဖော်ပြပါသည်။

စာစီကုသိုလ်ပြု-ဓမ္မပန်းခင်း

K S L *****

LEAVE A REPLY

Please enter your comment!
Please enter your name here