“ေသခါနီး ေ၀ဒနာ ခံစားရပံု”
===================
ေသတယ္ဆိုတာ အခုအေကာင္းၾကီးျမင္ေနလို ့ အေကာင္းမတြက္နဲ ့။ အေကာင္းၾကီးနဲ ့တြက္ရင္ေတာ့ မွားလိမ့္မယ္။ ေသခါနီး ပုဂၢိဳလ္တစ္ေယာက္ကို
ယပ္ေတာင္သြားမခတ္နဲ ့၊ ဓားနဲ ့ခြဲသလိုပဲ။ စကားသြားမေျပာနဲ ့နားကို စူးနဲ ့ထိုးသလိုပဲ။ ဒါ ဦးဇင္း မွတ္တမ္းေတြလည္း ရွိပါတယ္။ ေသခါနီးအခါက်ေတာ့ ေသတဲ့ပုဂၢိဳလ္ ဘယ္လိုခံစားရသလဲဆိုရင္
ေသတယ္ဆိုတာ သီတေတေဇာ၊ ဥဏွေတေဇာ အျပန္အလွန္ မဖလွယ္ေတာ့တာကို ေခၚတာ။ ဘယ္ေရာဂါနဲ ့ဘယ္လိုပဲေသေသ
ဓာတ္ေလးပါး ျပိဳကြဲမွ ေသလို ့ရတယ္။ ဓာတ္ေလးပါး ျပိဳကြဲဖို ့က
အပူအေအး မဖလွယ္ေတာ့တာကို ဆိုလိုတာ။
ခုထြန္းထားတဲ့ မီးဟာ ပူတလွည့္ ေအးတလွည့္၊ တစ္ၾကိမ္ပူျပီးရင္ တစ္ၾကိမ္ေအးတာ၊ ေတာက္ေလွ်ာက္သာ ပူသြားရင္ ေလာင္သြားမွာေပါ့။ ပူတလွည့္ ေအးတလွည့္ ပတ္ေနတာ။ ခင္ဗ်ားတို ့က်ဳပ္တို ့ရုပ္ေတြလည္း ပူတလွည့္ ေအးတလွည့္ မရွိဘူးလား။ ပူတလွည့္ ေအးတလွည့္ ၊ တင္းတလွည့္ ေတာင့္တလွည့္၊ ထံုတလွည့္ က်င္တလွည့္၊ တြန္းတလွည့္ ကန္တလွည့္၊ ယိုတလွည့္ ဖြဲ ့တလွည့္၊ အဲလို အျပန္အလွန္ျဖစ္ေနမွ ဓာတ္ေလးပါး မွ်တတယ္ေခၚတယ္။ အဲဒီ ဓာတ္ေလးပါးမွာ ဓာတ္သံုးပါးကို ဦးေဆာင္တာက ေတေဇာဓာတ္က ဦးေဆာင္တယ္။
ေသခါနီးလူ သြားၾကည့္ရင္ ဘာေတြ ့လဲ၊ ေသြးသြားစမ္းၾကည့္ရင္ ဒီပုဂၢိဳလ္ ေသြးဆုတ္ျပီ ဆိုရင္ ေသျပီေပါ့။ ေသြးဆိုတာက ေတေဇာဓာတ္၊ အပူဓာတ္လို ့ေခၚတယ္၊ ေသြးမေလွ်ာက္တဲ့ ေနရာ ေအးတာပဲ။ အဲေတာ့ ေသျပီဆိုတဲ့ ပုဂၢိဳလ္ဟာ ပူျပီးရင္ ေအး၊ ေအးျပီးရင္ မပူေတာ့ဘဲနဲ ့ အပူဓာတ္ျဖစ္တဲ့ ေသြးေတြဟာ ခႏၶာကိုယ္ရဲ ့ေျခဖ်ား လက္ဖ်ား ေခါင္းဖ်ားကေန
တျဖည္းျဖည္းနဲ ့ဗဟိုခ်က္ ႏွလံုးကို လာစုခဲပါတယ္။ အပူခဲတာ တခ်ိဳ ့မေသခင္ အေရျပားေတြ ေလာင္မေနဘူးလား။ မေသေသးဘူး၊ ေလာင္ေနတာ၊ အျပင္ကမီးနဲ ့ခႏၶာက မီးနဲ ့အတူတူပဲ။ အခုေယာဂီတို ့က အပူအေအး
ဖလွယ္မွ်တေနလို ့။ တခ်ိဳ ့အပူခ်ိန္ ၁၀၄ ေလာက္ဆို ကေယာင္ကတမ္း ငန္းဖမ္းမလာဘူးလား။
အဲဒါ အပူ၊ မေသေသးဘူး။ အဲေလာက္ အဟုန္ရွိတဲ့ အပူေတြဟာေခါင္းဖ်ား ေျခဖ်ား လက္ဖ်ားကေန စုလာျပီးေတာ့ ႏွလံုးအိမ္ေရာက္ေရာ။ ႏွလံုးအိမ္ကို အပူေတြ စုခဲေတာ့ ႏွလံုးက ဘာျဖစ္သြားလဲ၊ ကြ်တ္ကြ်တ္ဆူေအာင္ ေလာင္ျမိဳက္ေတာ့တာေပါ့။ ေရေႏြးအိုးကို မီးမ်ားမ်ားထိုးသလို ဆူပြတ္မလာဘူးလား။ ေသခါနီးျပီဆိုတဲ့သူဟာ ဓာတ္ေလးပါး ျပိဳကြဲဖို ့ရာ အပူေတေဇာက ႏွလံုးအိမ္ကို စုေတာ့ မီးေတြ ခဲလာတယ္။ ကဲ ခင္ဗ်ားတို ့စိတ္ကေလး ေရေႏြးအိုးတည္သလို
အထိုးခံရျပီ ဆိုရင္ ဘယ္ႏွယ့္ေနမလဲ။ ခ်မ္းသာပါ့မလား၊ အဲဒါက ဥဏွတေဇာ။ ႏွလံုးအိမ္ထဲကို မီးခဲနဲ ့ ထိုးသလို ခံရပါျပီ။ ေပါ့ေပါ့ေလွ်ာ့ေလွ်ာ့နဲ ့ေတာ့ မတြက္ၾကနဲ့။ အေကာင္းဘက္နဲ ့မတြက္ၾကနဲ့။
ေသခါနီးေတာ့ အားရွိေသးလား။ အာဟာရေတြ ျပတ္ျပီ။ ခင္ဗ်ားတို ့ထမင္း မစားဘဲ ႏွစ္ရက္ေနၾကည့္စမ္း။ အာဟာရအကုန္ျပတ္ေတာ့ အားအင္ေတြ အကုန္ ကုန္ခမ္းေနတဲ့ ေရာဂါ၊ အားအင္ေတြ ျပတ္ေတာက္ ေနေတာ့ ေတာ္လွန္ႏိုင္ေသးလား၊ ေရလည္း မေသာက္ႏိုင္ေတာ့ဘူး၊ ထမင္းလည္း မစားႏိုင္ေတာ့ အားအင္ေတြ ကုန္ခမ္း
ရက္စက္တဲ့ ေရာဂါကလည္း ျပင္းထန္တဲ့အခ်ိန္၊ အဲဒီလို တြက္ရမွာ ဒီလို အေကာင္းၾကီးေတြ ရွိမယ္မ်ား မတြက္နဲ ့။ အဲေတာ့မွ အပူႏႈတ္လိုက္ေတာ့ အေအးက်န္တယ္တဲ့။ ပူတာနဲ ့ေအးတာ ဘယ္ဟာက ျပင္းထန္လဲ။
ပူတာက ျပင္းထန္တယ္ဆိုရင္ ေရခဲတုိက္ထဲ သြားေနၾကည့္ပါလား။
ေအးတာေရာ ခ်မ္းသာရဲ ့လား။ ဒီေဆာင္းတြင္း ေအးလိုက္တာကြာ အရုိးကြဲမတက္ဘဲ လို ့မေျပာဘူးလား။ ေအး မွတ္ထား၊ ေသခါနီး အရုိးကြဲတာပဲ။
ဥဏွေတေဇာ အပူက ႏွလံုးအိမ္စုျပီးေတာ့ အျပင္မွာ သီတေတေဇာ အေအးဓာတ္ မက်န္ဘူးလား။ အရုိးေတြကို ပလာယာနဲ ့ညွပ္နဲ ့တူေပၚတင္ျပီး တစ္ေခ်ာင္းခ်င္း ခြဲေနသလို။ ဦးဇင္းက ခံစားျပီး ေျပာတာ။ ဒီစိတ္ရဲ ့ပါ၀ါ အပူအေအးကို ဒီစိတ္နဲ ့ေျပာင္းလြဲ ၾကည့္တာ။ ေျပာင္းလဲၾကည့္တဲ့အခါက်ေတာ့ စိတ္ရဲ ့ပါ၀ါ ဇီးရုိးထိ ကိုယ့္ဘာသာ ခ်ၾကည့္တဲ့အခါက်ေတာ့ ခ်က္ခ်င္း ရွိန္းဆို တခါတည္း အပူဓာတ္ေတြ ႏွလံုးအိမ္မွာစုျပီးေတာ့ အျပင္မွာ ေအးတာ။ ဘယ္ေလာက္ထိလဲဆိုရင္ ဆက္ျပီးေတာ့ ခ်ရင္ ေသမ်ားေသေတာ့မယ္။ အရုိးေတြက ခြပ္ကနဲ ခြပ္ကနဲ ကြ်တ္ကနဲ အဲလို ခံစားေနရတယ္။ ဒါ ကုိယ့္ဘာသာကိုယ္ စိတ္နဲ ့တရားနဲ ့လုပ္ၾကည့္တာ။ သီတေတေဇာ အေအးဓာတ္ရဲ ့သေဘာကလည္း အရုိးေတြ အက္ကြဲမတက္ ခံစားရတယ္။ ဒီႏွလံုးအိမ္မွာလည္း အပူဓာတ္က တ၀ုန္း၀ုန္းဆူေအာင္ ခံစားရတယ္။ တခါ နားထဲကပါ တ၀ူး၀ူးနဲ ့ၾကားေနရတယ္။ ႏွလံုးေသြးေတြ ဆူပြက္တာ။ ဆက္သာ လုပ္ရင္ ေသသြားမလား ေအာက့္ေမ့ရတယ္။
အဲဒီေတာ့မွ သီတေတေဇာနဲ ့ဥဏွေတေဇာ မဖလွယ္ေတာ့မွ က်န္တဲ့ ဓာတ္ေတြက ျပိဳကြဲသြားေတာ့၊ တြန္းတာနဲ ့ကန္တာ မေလွ်ာ့ဘူးဆိုရင္ ဘာျဖစ္သြားမလဲ ၊ ေတာင့္တင္းျပီး ျပတ္ထြက္မသြားဘူးလား။ ေသခါနီးေတာ့ တြန္းတာကလည္း ဆက္တြန္းေတာ့မယ္၊ ကန္တာကလည္း ဆက္ကန္ေတာ့မယ္ဆိုေတာ့ ေဟာဒီခႏၶာကို္ယ္ၾကီးကို အ၀တ္ေရညွစ္သလို
လိန္ညွစ္ေနသလိုပဲ ၊ တြန္းတဲ့ ၀ါေယာကလည္း ဆက္တြန္းေနသလို ကန္တဲ့ ၀ါေယာကလည္း ဆက္ကန္ေနေတာ့မယ္ဆိုရင္ လိန္ညွစ္မလာဘူးလား။ ေသတဲ့သူ သြားစမ္း ရင္ ေတာင့္ေတာင့္ၾကီး ျဖစ္မေနဘူးလား။
အဲဒါ အညွစ္ခံထားရတာ။ အဲဒီလို လိန္ညွစ္မတက္ ျပတ္ထြက္မတတ္ ခံစားရသလို၊ အဲဒီလိုညွစ္ေတာ့ အထဲထဲမွာရွိတဲ့ ေရေတြက ထြက္မလာဘူးလား။
ခႏၶာကိုယ္က ထြက္တဲ့ ေခြ်းဟာ ခင္ဗ်ားတို ့ၾကည့္ေတာ့ ဇီးကင္းေလာက္ ရွိတယ္၊ ဟိုမွာေတာ့ မခ်ိမဆန္ ့ခံစားေနရတယ္။ ေခြ်းတစ္ေပါက္ ထြက္လာတာဟာ သံေခ်ာင္းတုံးတုံးၾကီးနဲ ့ အသားေတြၾကားထဲက ျဖတ္ထြက္လာသလို ခံစားရတယ္။ ေခြ်းေပါက္တစ္ေပါက္ အျပင္ေရာက္လာဖို ့ဟာ အသားေတြကို
အမွ်င္အမွ်င္ ျဖတ္ထြက္လာရတယ္။ အဲလိုထြက္လာေတာ့ မခံႏိုင္ဘူး။ တစ္ဖက္ကလည္း လိန္ညွစ္ေနတယ္၊ တစ္ဖက္ကလည္း ႏွလံုးကို ေသြးပြက္ပြက္ဆူေအာင္ ပူေနတယ္။ အရုိးေတြက ကြဲမတက္လည္း ျဖစ္ေနတယ္၊ အသားထဲက ဆူးနဲ ့ထိုးသလိုလည္း ေခြ်းေတြ ထြက္ေနတယ္။ ေခြ်းက တစ္ေပါက္တည္းလား၊
ျပည့္ႏွက္ေနလား၊ ခႏၶာကိုယ္တစ္ကိုယ္လံုး သံေခ်ာင္းေတြနဲ ့ထိုးေနသလိုပဲ။ အဲဒီက ေခြ်းေပါက္တစ္ေပါက္က စီးလာတယ္ဆိုတာက အသားကို တုတ္နဲ ့တျဖည္းျဖည္းခ်င္း ျခစ္ခ်ေနသလို ခံစားရတယ္။ သေဘာေပါက္ျပီလား။
အဲဒီေသေဘးနဲ ့ၾကံဳလာရင္ ခ်မ္းသာဖို ့လိုပါသည္။ သူေ႒းၾကီး မျဖစ္ရင္ ေနပါေစ ၊ အေသတတ္ဖို ့လိုပါသည္။ အာဏာရွိၾကီး နာမည္ေက်ာ္ၾကီး မျဖစ္ရင္ေနပါေစ ၊ အေသတတ္ဖို ့လိုပါသည္။ တရားစခန္းမွာ ဘာလာယူတာလဲ၊ အေသတတ္မယ့္ ပညာလာယူတာ။ ေသတယ္ဆိုတာ ေဟာဒီရုပ္ၾကီး ျပင္းထန္စြာ ႏွိပ္စက္တာ။
ျပင္းထန္စြာ ႏွိပ္စက္တဲ့အခါမွာ ေဆာက္တည္ရာ မရေအာင္
ျဖစ္ေနတဲ့ စိတ္ကေလးက ခ်ဳပ္ျငိမ္းျပီးေတာ့ ခ်မ္းသာစြာ
ေသႏိုင္ဖို ့ တရား လိုတယ္။
ေအာင္လံဆရာေတာ္ၾကီး အရွင္စႏၵိမာ ေဟာၾကားေသာ
နိဒါန္းတရား တရားေတာ္မွ

ဤေကာင္းမႈသည္ သုခခ်မ္းသာအစစ္ ျဖစ္ေသာ ဒုကၡခပ္သိမ္း ကင္းျငိမ္းရာ ျမတ္နိဗၺာန္ ကို မ်က္ေမွာက္ျပဳႏိုင္ ရန္အတြက္ အားႀကီးေသာ အေထာက္အပံ့ျဖစ္ပါေစ….

သစၥာတရားေတာ္မ်ားနာယူ၍ခႏၶာအစဥ္မွာဉာဏ္ဝင္ကာ ႀကိဳးစားပြားမ်ား အားထုတ္ၿပီး တရားထူးတရားျမတ္မ်ား ရၾကပါေစ….

Share ျခင္းျဖင့္ သာသနာျပဳကုသိုလ္ယူ ေပးေစခ်င္ပါသည္
(Unicode)

“သေခါနီး ဝေဒနာ ခံစားရပုံ”
===================
သေတယ်ဆိုတာ အခုအကောင်းကြီးမြင်နေလို ့ အကောင်းမတွက်နဲ ့။ အကောင်းကြီးနဲ ့တွက်ရင်တော့ မှားလိမ့်မယ်။ သေခါနီး ပုဂ္ဂိုလ်တစ်ယောက်ကို
ယပ်တောင်သွားမခတ်နဲ ့၊ ဓားနဲ ့ခွဲသလိုပဲ။ စကားသွားမပြောနဲ ့နားကို စူးနဲ ့ထိုးသလိုပဲ။ ဒါ ဦးဇင်း မှတ်တမ်းတွေလည်း ရှိပါတယ်။ သေခါနီးအခါကျတော့ သေတဲ့ပုဂ္ဂိုလ် ဘယ်လိုခံစားရသလဲဆိုရင်
သေတယ်ဆိုတာ သီတတေဇော၊ ဥဏှတေဇော အပြန်အလှန် မဖလှယ်တော့တာကို ခေါ်တာ။ ဘယ်ရောဂါနဲ ့ဘယ်လိုပဲသေသေ
ဓာတ်လေးပါး ပြိုကွဲမှ သေလို ့ရတယ်။ ဓာတ်လေးပါး ပြိုကွဲဖို ့က
အပူအအေး မဖလှယ်တော့တာကို ဆိုလိုတာ။
ခုထွန်းထားတဲ့ မီးဟာ ပူတလှည့် အေးတလှည့်၊ တစ်ကြိမ်ပူပြီးရင် တစ်ကြိမ်အေးတာ၊ တောက်လျှောက်သာ ပူသွားရင် လောင်သွားမှာပေါ့။ ပူတလှည့် အေးတလှည့် ပတ်နေတာ။ ခင်ဗျားတို ့ကျုပ်တို ့ရုပ်တွေလည်း ပူတလှည့် အေးတလှည့် မရှိဘူးလား။ ပူတလှည့် အေးတလှည့် ၊ တင်းတလှည့် တောင့်တလှည့်၊ ထုံတလှည့် ကျင်တလှည့်၊ တွန်းတလှည့် ကန်တလှည့်၊ ယိုတလှည့် ဖွဲ ့တလှည့်၊ အဲလို အပြန်အလှန်ဖြစ်နေမှ ဓာတ်လေးပါး မျှတတယ်ခေါ်တယ်။ အဲဒီ ဓာတ်လေးပါးမှာ ဓာတ်သုံးပါးကို ဦးဆောင်တာက တေဇောဓာတ်က ဦးဆောင်တယ်။
သေခါနီးလူ သွားကြည့်ရင် ဘာတွေ ့လဲ၊ သွေးသွားစမ်းကြည့်ရင် ဒီပုဂ္ဂိုလ် သွေးဆုတ်ပြီ ဆိုရင် သေပြီပေါ့။ သွေးဆိုတာက တေဇောဓာတ်၊ အပူဓာတ်လို ့ခေါ်တယ်၊ သွေးမလျှောက်တဲ့ နေရာ အေးတာပဲ။ အဲတော့ သေပြီဆိုတဲ့ ပုဂ္ဂိုလ်ဟာ ပူပြီးရင် အေး၊ အေးပြီးရင် မပူတော့ဘဲနဲ ့ အပူဓာတ်ဖြစ်တဲ့ သွေးတွေဟာ ခန္ဓာကိုယ်ရဲ ့ခြေဖျား လက်ဖျား ခေါင်းဖျားကနေ
တဖြည်းဖြည်းနဲ ့ဗဟိုချက် နှလုံးကို လာစုခဲပါတယ်။ အပူခဲတာ တချို ့မသေခင် အရေပြားတွေ လောင်မနေဘူးလား။ မသေသေးဘူး၊ လောင်နေတာ၊ အပြင်ကမီးနဲ ့ခန္ဓာက မီးနဲ ့အတူတူပဲ။ အခုယောဂီတို ့က အပူအအေး
ဖလှယ်မျှတနေလို ့။ တချို ့အပူချိန် ၁၀၄ လောက်ဆို ကယောင်ကတမ်း ငန်းဖမ်းမလာဘူးလား။
အဲဒါ အပူ၊ မသေသေးဘူး။ အဲလောက် အဟုန်ရှိတဲ့ အပူတွေဟာခေါင်းဖျား ခြေဖျား လက်ဖျားကနေ စုလာပြီးတော့ နှလုံးအိမ်ရောက်ရော။ နှလုံးအိမ်ကို အပူတွေ စုခဲတော့ နှလုံးက ဘာဖြစ်သွားလဲ၊ ကျွတ်ကျွတ်ဆူအောင် လောင်မြိုက်တော့တာပေါ့။ ရေနွေးအိုးကို မီးများများထိုးသလို ဆူပွတ်မလာဘူးလား။ သေခါနီးပြီဆိုတဲ့သူဟာ ဓာတ်လေးပါး ပြိုကွဲဖို ့ရာ အပူတေဇောက နှလုံးအိမ်ကို စုတော့ မီးတွေ ခဲလာတယ်။ ကဲ ခင်ဗျားတို ့စိတ်ကလေး ရေနွေးအိုးတည်သလို
အထိုးခံရပြီ ဆိုရင် ဘယ်နှယ့်နေမလဲ။ ချမ်းသာပါ့မလား၊ အဲဒါက ဥဏှတဇော။ နှလုံးအိမ်ထဲကို မီးခဲနဲ ့ ထိုးသလို ခံရပါပြီ။ ပေါ့ပေါ့လျှော့လျှော့နဲ ့တော့ မတွက်ကြနဲ့။ အကောင်းဘက်နဲ ့မတွက်ကြနဲ့။
သေခါနီးတော့ အားရှိသေးလား။ အာဟာရတွေ ပြတ်ပြီ။ ခင်ဗျားတို ့ထမင်း မစားဘဲ နှစ်ရက်နေကြည့်စမ်း။ အာဟာရအကုန်ပြတ်တော့ အားအင်တွေ အကုန် ကုန်ခမ်းနေတဲ့ ရောဂါ၊ အားအင်တွေ ပြတ်တောက် နေတော့ တော်လှန်နိုင်သေးလား၊ ရေလည်း မသောက်နိုင်တော့ဘူး၊ ထမင်းလည်း မစားနိုင်တော့ အားအင်တွေ ကုန်ခမ်း
ရက်စက်တဲ့ ရောဂါကလည်း ပြင်းထန်တဲ့အချိန်၊ အဲဒီလို တွက်ရမှာ ဒီလို အကောင်းကြီးတွေ ရှိမယ်များ မတွက်နဲ ့။ အဲတော့မှ အပူနှုတ်လိုက်တော့ အအေးကျန်တယ်တဲ့။ ပူတာနဲ ့အေးတာ ဘယ်ဟာက ပြင်းထန်လဲ။
ပူတာက ပြင်းထန်တယ်ဆိုရင် ရေခဲတိုက်ထဲ သွားနေကြည့်ပါလား။
အေးတာရော ချမ်းသာရဲ ့လား။ ဒီဆောင်းတွင်း အေးလိုက်တာကွာ အရိုးကွဲမတက်ဘဲ လို ့မပြောဘူးလား။ အေး မှတ်ထား၊ သေခါနီး အရိုးကွဲတာပဲ။
ဥဏှတေဇော အပူက နှလုံးအိမ်စုပြီးတော့ အပြင်မှာ သီတတေဇော အအေးဓာတ် မကျန်ဘူးလား။ အရိုးတွေကို ပလာယာနဲ ့ညှပ်နဲ ့တူပေါ်တင်ပြီး တစ်ချောင်းချင်း ခွဲနေသလို။ ဦးဇင်းက ခံစားပြီး ပြောတာ။ ဒီစိတ်ရဲ ့ပါ၀ါ အပူအအေးကို ဒီစိတ်နဲ ့ပြောင်းလွဲ ကြည့်တာ။ ပြောင်းလဲကြည့်တဲ့အခါကျတော့ စိတ်ရဲ ့ပါ၀ါ ဇီးရိုးထိ ကိုယ့်ဘာသာ ချကြည့်တဲ့အခါကျတော့ ချက်ချင်း ရှိန်းဆို တခါတည်း အပူဓာတ်တွေ နှလုံးအိမ်မှာစုပြီးတော့ အပြင်မှာ အေးတာ။ ဘယ်လောက်ထိလဲဆိုရင် ဆက်ပြီးတော့ ချရင် သေများသေတော့မယ်။ အရိုးတွေက ခွပ်ကနဲ ခွပ်ကနဲ ကျွတ်ကနဲ အဲလို ခံစားနေရတယ်။ ဒါ ကိုယ့်ဘာသာကိုယ် စိတ်နဲ ့တရားနဲ ့လုပ်ကြည့်တာ။ သီတတေဇော အအေးဓာတ်ရဲ ့သဘောကလည်း အရိုးတွေ အက်ကွဲမတက် ခံစားရတယ်။ ဒီနှလုံးအိမ်မှာလည်း အပူဓာတ်က တဝုန်းဝုန်းဆူအောင် ခံစားရတယ်။ တခါ နားထဲကပါ တဝူးဝူးနဲ ့ကြားနေရတယ်။ နှလုံးသွေးတွေ ဆူပွက်တာ။ ဆက်သာ လုပ်ရင် သေသွားမလား အောက့်မေ့ရတယ်။
အဲဒီတော့မှ သီတတေဇောနဲ ့ဥဏှတေဇော မဖလှယ်တော့မှ ကျန်တဲ့ ဓာတ်တွေက ပြိုကွဲသွားတော့၊ တွန်းတာနဲ ့ကန်တာ မလျှော့ဘူးဆိုရင် ဘာဖြစ်သွားမလဲ ၊ တောင့်တင်းပြီး ပြတ်ထွက်မသွားဘူးလား။ သေခါနီးတော့ တွန်းတာကလည်း ဆက်တွန်းတော့မယ်၊ ကန်တာကလည်း ဆက်ကန်တော့မယ်ဆိုတော့ ဟောဒီခန္ဓာကို်ယ်ကြီးကို အဝတ်ရေညှစ်သလို
လိန်ညှစ်နေသလိုပဲ ၊ တွန်းတဲ့ ၀ါယောကလည်း ဆက်တွန်းနေသလို ကန်တဲ့ ၀ါယောကလည်း ဆက်ကန်နေတော့မယ်ဆိုရင် လိန်ညှစ်မလာဘူးလား။ သေတဲ့သူ သွားစမ်း ရင် တောင့်တောင့်ကြီး ဖြစ်မနေဘူးလား။
အဲဒါ အညှစ်ခံထားရတာ။ အဲဒီလို လိန်ညှစ်မတက် ပြတ်ထွက်မတတ် ခံစားရသလို၊ အဲဒီလိုညှစ်တော့ အထဲထဲမှာရှိတဲ့ ရေတွေက ထွက်မလာဘူးလား။
ခန္ဓာကိုယ်က ထွက်တဲ့ ချွေးဟာ ခင်ဗျားတို ့ကြည့်တော့ ဇီးကင်းလောက် ရှိတယ်၊ ဟိုမှာတော့ မချိမဆန် ့ခံစားနေရတယ်။ ချွေးတစ်ပေါက် ထွက်လာတာဟာ သံချောင်းတုံးတုံးကြီးနဲ ့ အသားတွေကြားထဲက ဖြတ်ထွက်လာသလို ခံစားရတယ်။ ချွေးပေါက်တစ်ပေါက် အပြင်ရောက်လာဖို ့ဟာ အသားတွေကို
အမျှင်အမျှင် ဖြတ်ထွက်လာရတယ်။ အဲလိုထွက်လာတော့ မခံနိုင်ဘူး။ တစ်ဖက်ကလည်း လိန်ညှစ်နေတယ်၊ တစ်ဖက်ကလည်း နှလုံးကို သွေးပွက်ပွက်ဆူအောင် ပူနေတယ်။ အရိုးတွေက ကွဲမတက်လည်း ဖြစ်နေတယ်၊ အသားထဲက ဆူးနဲ ့ထိုးသလိုလည်း ချွေးတွေ ထွက်နေတယ်။ ချွေးက တစ်ပေါက်တည်းလား၊
ပြည့်နှက်နေလား၊ ခန္ဓာကိုယ်တစ်ကိုယ်လုံး သံချောင်းတွေနဲ ့ထိုးနေသလိုပဲ။ အဲဒီက ချွေးပေါက်တစ်ပေါက်က စီးလာတယ်ဆိုတာက အသားကို တုတ်နဲ ့တဖြည်းဖြည်းချင်း ခြစ်ချနေသလို ခံစားရတယ်။ သဘောပေါက်ပြီလား။
အဲဒီသေဘေးနဲ ့ကြုံလာရင် ချမ်းသာဖို ့လိုပါသည်။ သူဋ္ဌေးကြီး မဖြစ်ရင် နေပါစေ ၊ အသေတတ်ဖို ့လိုပါသည်။ အာဏာရှိကြီး နာမည်ကျော်ကြီး မဖြစ်ရင်နေပါစေ ၊ အသေတတ်ဖို ့လိုပါသည်။ တရားစခန်းမှာ ဘာလာယူတာလဲ၊ အသေတတ်မယ့် ပညာလာယူတာ။ သေတယ်ဆိုတာ ဟောဒီရုပ်ကြီး ပြင်းထန်စွာ နှိပ်စက်တာ။
ပြင်းထန်စွာ နှိပ်စက်တဲ့အခါမှာ ဆောက်တည်ရာ မရအောင်
ဖြစ်နေတဲ့ စိတ်ကလေးက ချုပ်ငြိမ်းပြီးတော့ ချမ်းသာစွာ
သေနိုင်ဖို ့ တရား လိုတယ်။
အောင်လံဆရာတော်ကြီး အရှင်စန္ဒိမာ ဟောကြားသော
နိဒါန်းတရား တရားတော်မှ

ဤကောင်းမှုသည် သုခချမ်းသာအစစ် ဖြစ်သော ဒုက္ခခပ်သိမ်း ကင်းငြိမ်းရာ မြတ်နိဗ္ဗာန် ကို မျက်မှောက်ပြုနိုင် ရန်အတွက် အားကြီးသော အထောက်အပံ့ဖြစ်ပါစေ….

သစ္စာတရားတော်များနာယူ၍ခန္ဓာအစဉ်မှာဉာဏ်ဝင်ကာ ကြိုးစားပွားများ အားထုတ်ပြီး တရားထူးတရားမြတ်များ ရကြပါစေ….

Share ခြင်းဖြင့် သာသနာပြုကုသိုလ်ယူ ပေးစေချင်ပါသည်

LEAVE A REPLY

Please enter your comment!
Please enter your name here