(သူျမတ္တို႔ရဲ ့ ခြဲခြာခ်ိန္)
ပါရမီျဖည့္ဘက္ သူျမတ္ႏွစ္ဦးတို႔၏ ေနာက္ဆံုးခြဲခြာခ်ိန္ မည္သို႔မည္ပံု ရွိလိမ့္မည္ကို ရွင္အာနႏၵာ မမွန္းဆတတ္ေအာင္ ျဖစ္ေန၏။
အာသေ၀ါ ကုန္ခန္းသည့္ ရဟႏၲာပင္ ျဖစ္ေသာ္လည္း ျမတ္စြာဘုရား၏ ေရွ႕ေတာ္ေမွာက္၌ ဘဒၵကဥၥနာ ေထရီမႀကီး မ်က္ရည္၀ဲေလမည္လား။
၀မ္းနည္းပက္လက္ႏွင့္ ျခံဳးပြဲခ် ငိုေလမည္လား။
ရဟႏၲာ ေထရီမႀကီးသည္ လမ္းေလွ်ာက္ေတာင္ေ၀ွးကို ျမဲျမံစြာ ဆုပ္ကိုင္ေထာက္မွီလ်က္ ဘုရားရွင္၏ ထံေတာ္
ေမွာက္သို႔ ေရာက္ရွိလာ၏။ ထံုးစံအတိုင္း အျပံဳးပန္းမ်ား ေ၀ေ၀ဆာဆာ ပန္ဆင္ထား၏။ ေထရီမၾကီးသည္ ဘုရားရွင္ကို ဦးညြတ္၍ အ႐ိုအေသ ေပးလိုက္ၿပီးေနာက္ ဘုရားရွင္၏ အနီးအပါး၌ ဒူးေထာက္၍ ထိုင္လိုက္သည္။
တိတ္ဆိတ္စြာ ထိုင္ေနရင္း လက္ဆယ္ျဖာ ထိပ္မွာမိုး၍ ရွိခိုးျခင္းသည္ပင္လွ်င္ ေထရီမႀကီး၏ ႏႈတ္ဆက္မႈ
ျဖစ္၏။ ေထရီမႀကီး၏ မ်က္လံုးတို႔၌ မ်က္ရည္ ၀ဲစို႔ျခင္း မရွိေပ။ ပံုမွန္အသက္႐ႈေနသည္မွ အပ ေထရီမႀကီးသည္ တိတ္ဆိတ္ၿငိမ္သက္ေန၏။
ေထရီမႀကီး၌ ၀မ္းနည္းျခင္း အရိပ္အေရာင္ မေတြ႔ရေပ။
ဘုရားရွင္သည္ တည္ၿငိမ္ေလးနက္သည့္ အသံေတာ္ျဖင့္ ဘဒၵကဥၥနာ ေထရီမႀကီးကို မိန္႔ေတာ္မူလိုက္၏။
“ဘဒၵ . . . အခု ဘာျဖစ္လို႔ လာတယ္ဆိုတာ ငါ သိတယ္။ ဘဒၵဟာ ေမြးေသသံသရာမွာ မေသလမ္းကို သိထားသူပဲ။ ေသာကမ်ိဳးစံုက ကင္းလြတ္သူပဲ။ ဘဒၵမွာ အေႏွာင္အတြယ္ အစြဲအလမ္း မရွိတဲ့အတြက္ ခြဲခြာေကြကြင္းရေပမယ့္ ၀မ္းမနည္းေတာ့ဘူး။ မေၾကကြဲေတာ့ဘူး။
ေလာကမွာ ဘုရားတစ္ဆူ ပြင့္ထြန္းလာဖို႔ စြန္႔လႊတ္စြန္႔စားတဲ့ စိတ္ဓာတ္နဲ႔ ဘဒၵ ျဖည့္ဆည္းခဲ့တဲ့ ပါရမီေတြ၊ ဘဒၵ ေပးခဲ့တဲ့ အကူအညီေတြဟာ သတၱ၀ါေတြ တည္ၿငိမ္ေအးခ်မ္းစြာ ေပ်ာ္ရႊင္ႏိုင္ၾကဖို႔ပဲ။ ဘဒၵရဲ့ ဂုဏ္ေက်းဇူးေတြဟာ ဘုရားသာသနာ တည္ေနသမွ် ကာလပတ္လံုး ဂုဏ္ယူ အသိအမွတ္ျပဳစရာ၊ ၾကည္ညိဳေလးျမတ္ ပူေဇာ္စရာ ျဖစ္ေနမွာပါ။”
“ျမတ္စြာဘုရား . . . သတၱ၀ါေတြရဲ့ အစီးအပြားကို ဆက္လက္ၿပီး ရြက္ေဆာင္ႏိုင္ပါေစ ဘုရား။ တပည့္ေတာ္ . . . အိုပါၿပီ။ တုန္တုန္ခိုက္ခိုက္ ျဖစ္ေနပါၿပီ။ တပည့္ေတာ္ရဲ့ ခႏၶာ၀န္ကို ဆက္ၿပီး ေဆာင္မထားႏိုင္ေတာ့ပါ ဘုရား။ တပည့္ေတာ္ကို သြားခြင့္ျပဳပါ ျမတ္စြာဘုရား . . .။ ဘုရားရွင္ကို ေနာက္ဆံုးပူေဇာ္ ဦးခိုက္ဖို႔ တပည့္ေတာ္ လာခဲ့တာပါ ဘုရား။”။
ရဟႏၲာ ေထရီမႀကီး မ်က္ရည္လည္း မ၀ဲ၊ အသံလည္း မတုန္၊ မ်က္ႏွာထားလည္း မပ်က္ေသာ္လည္း အနီးအပါး၌ ရပ္ေနသည့္ ရွင္အာနႏၵာ၏ မ်က္လံုးမ်ားထဲ၌ မ်က္ရည္မ်ား ျပည့္လာ၏။ ရွင္အာနႏၵာသည္ ေထရီမႀကီးႏွင့္ ဘုရားရွင္တို႔ကို ဆက္လက္၍ ၾကည့္႐ႈေနျခင္းငွာ မစြမ္းႏိုင္ေသာေၾကာင့္ မ်က္ႏွာလႊဲကာ ေခါင္းငံု႔ေန၏။ ရွင္အာနႏၵာ ေျမျပင္ကို ေငးေမာၾကည့္႐ႈေနစဥ္ ဘုရားရွင္သည္ ေထရီမႀကီးကို မိန္႔ေတာ္မူ၏။
“ဘဒၵ . . . ငါလည္း မၾကာခင္မွာ ပရိနိဗၺာန္ ၀င္စံေတာ့မယ္။ ဘုရားရွင္တို႔ေသာ္မွ ေလာကရဲ့ ျဖစ္ျမဲတံထြာ ဓမၼတာကိုွ ေျပာင္းလဲမပစ္ႏိုင္ဘူး။ ဘုရာရွင္တို႔ဟာ ေလာကသဘာ၀ကို နားလည္ဖို႔နဲ႔ ေလာကက လြတ္ေျမာက္ရာ လမ္းကို ေဖာ္ထုတ္ဖို႔ပဲ စြမ္းႏိုင္ၾကတယ္။ ငါလည္း အိုရ နာရ ေသရမွာပဲ။ အခု ငါ အိုေနၿပီ။ ငါ့ခႏၶာမွာ အေရေတြ တြန္႔ေနၿပီ။ ဒါေပမယ့္ ငါ့ခႏၶာကိုယ္ထဲမွာ အင္အား အႂကြင္းအက်န္ ရွိေနေသးသ၍ ေလာကသားေတြကို ငါ အလုပ္အေကၽြး ျပဳမယ္။ ဘဒၵ . . . မတ္တတ္ရပ္ပါ။ သြားဖို႔ ငါ ခြင့္ျပဳတယ္။”
ရဟႏၲာ အရွင္မ ဘဒၵကဥၥနာသည္ သူ႔ေတာင္ေ၀ွးကို လက္်ာလက္ႏွင့္ ေကာက္ယူလိုက္၏။ ေျမျပင္ေပၚေတာင္ေ၀ွး
ေထာက္လ်က္ လက္၀ဲလက္ျဖင့္ ဒူးေပၚဖိေထာက္ရင္း မတ္တတ္ရပ္လိုက္သည္။ အတန္ငယ္ၾကာေအာင္ ဘုရားရွင္၏ မ်က္ႏွာေတာ္ကို ေငးေမာဖူးျမင္ၿပီးေနာက္ ျပံဳးလ်က္သားႏွင့္ ထြက္ခြာသြား၏။ ေထရီမႀကီး၏
ေတာင္ေ၀ွးေထာက္သံ တေဒါက္ေဒါက္ ၾကားရလိုက္ရေသာအခါ ရွင္အာနႏၵာ ေခါင္းေထာင္လာ၏။
“အာနႏၵာရဲ့ မ်က္ရည္ေတြကို ငါ ျမင္လိုက္တယ္”ဟု ဘုရားရွင္ မိန္႔ေတာ္မူ၏။
“မွန္ပါတယ္ ျမတ္စြာဘုရား . . .။ အရွင္ဘုရားနဲ႔ ေထရီမႀကီးတို႔ မ်က္ရည္မက်ဘဲ၊ သက္ျပင္းေတာင္ မခ်ဘဲ အလြန္အမင္း ေၾကကြဲဖြယ္ေကာင္းတဲ့ အေျခအေနကို ရင္ဆိုင္ခဲ့ၾကပံုကို တပည့္ေတာ္ မ်က္၀ါးထင္ထင္
ျမင္လိုက္ရပါတယ္ ဘုရား။ ခ်ီးက်ဴးစရာ အံ့ၾသစရာ ေကာင္းလိုက္တာ ျမတ္စြာဘုရား . . .။”
“အာနႏၵာ . . . ငါတို႔ၾကားမွာ သံေယာဇဥ္ အေႏွာင္အဖြဲ႔ မရွိဘူး။ ငါတို႔မွာ မွ်ေ၀ခံစားစရာလည္း မရွိဘူး။ ဒါ့ေၾကာင့္ ငါတို႔ ခြဲခြာၾကရေပမယ့္ မနာၾကင္ဘူး . . . . .”
Credit —

(သူမြတ်တို့ရဲ ့ ခွဲခွာချိန်)
ပါရမီဖြည့်ဘက် သူမြတ်နှစ်ဦးတို့၏ နောက်ဆုံးခွဲခွာချိန် မည်သို့မည်ပုံ ရှိလိမ့်မည်ကို ရှင်အာနန္ဒာ မမှန်းဆတတ်အောင် ဖြစ်နေ၏။
အာသဝေါ ကုန်ခန်းသည့် ရဟန္တာပင် ဖြစ်သော်လည်း မြတ်စွာဘုရား၏ ရှေ့တော်မှောက်၌ ဘဒ္ဒကဥ္စနာ ထေရီမကြီး မျက်ရည်ဝဲလေမည်လား။
ဝမ်းနည်းပက်လက်နှင့် ခြုံးပွဲချ ငိုလေမည်လား။

ရဟန္တာ ထေရီမကြီးသည် လမ်းလျှောက်တောင်ဝှေးကို မြဲမြံစွာ ဆုပ်ကိုင်ထောက်မှီလျက် ဘုရားရှင်၏ ထံတော်
မှောက်သို့ ရောက်ရှိလာ၏။ ထုံးစံအတိုင်း အပြုံးပန်းများ ဝေဝေဆာဆာ ပန်ဆင်ထား၏။ ထေရီမကြီးသည် ဘုရားရှင်ကို ဦးညွတ်၍ အရိုအသေ ပေးလိုက်ပြီးနောက် ဘုရားရှင်၏ အနီးအပါး၌ ဒူးထောက်၍ ထိုင်လိုက်သည်။

တိတ်ဆိတ်စွာ ထိုင်နေရင်း လက်ဆယ်ဖြာ ထိပ်မှာမိုး၍ ရှိခိုးခြင်းသည်ပင်လျှင် ထေရီမကြီး၏ နှုတ်ဆက်မှု
ဖြစ်၏။ ထေရီမကြီး၏ မျက်လုံးတို့၌ မျက်ရည် ဝဲစို့ခြင်း မရှိပေ။ ပုံမှန်အသက်ရှုနေသည်မှ အပ ထေရီမကြီးသည် တိတ်ဆိတ်ငြိမ်သက်နေ၏။
ထေရီမကြီး၌ ဝမ်းနည်းခြင်း အရိပ်အရောင် မတွေ့ရပေ။

ဘုရားရှင်သည် တည်ငြိမ်လေးနက်သည့် အသံတော်ဖြင့် ဘဒ္ဒကဥ္စနာ ထေရီမကြီးကို မိန့်တော်မူလိုက်၏။

“ဘဒ္ဒ . . . အခု ဘာဖြစ်လို့ လာတယ်ဆိုတာ ငါ သိတယ်။ ဘဒ္ဒဟာ မွေးသေသံသရာမှာ မသေလမ်းကို သိထားသူပဲ။ သောကမျိုးစုံက ကင်းလွတ်သူပဲ။ ဘဒ္ဒမှာ အနှောင်အတွယ် အစွဲအလမ်း မရှိတဲ့အတွက် ခွဲခွာကွေကွင်းရပေမယ့် ဝမ်းမနည်းတော့ဘူး။ မကြေကွဲတော့ဘူး။

လောကမှာ ဘုရားတစ်ဆူ ပွင့်ထွန်းလာဖို့ စွန့်လွှတ်စွန့်စားတဲ့ စိတ်ဓာတ်နဲ့ ဘဒ္ဒ ဖြည့်ဆည်းခဲ့တဲ့ ပါရမီတွေ၊ ဘဒ္ဒ ပေးခဲ့တဲ့ အကူအညီတွေဟာ သတ္တဝါတွေ တည်ငြိမ်အေးချမ်းစွာ ပျော်ရွှင်နိုင်ကြဖို့ပဲ။ ဘဒ္ဒရဲ့ ဂုဏ်ကျေးဇူးတွေဟာ ဘုရားသာသနာ တည်နေသမျှ ကာလပတ်လုံး ဂုဏ်ယူ အသိအမှတ်ပြုစရာ၊ ကြည်ညိုလေးမြတ် ပူဇော်စရာ ဖြစ်နေမှာပါ။”

“မြတ်စွာဘုရား . . . သတ္တဝါတွေရဲ့ အစီးအပွားကို ဆက်လက်ပြီး ရွက်ဆောင်နိုင်ပါစေ ဘုရား။ တပည့်တော် . . . အိုပါပြီ။ တုန်တုန်ခိုက်ခိုက် ဖြစ်နေပါပြီ။ တပည့်တော်ရဲ့ ခန္ဓာဝန်ကို ဆက်ပြီး ဆောင်မထားနိုင်တော့ပါ ဘုရား။ တပည့်တော်ကို သွားခွင့်ပြုပါ မြတ်စွာဘုရား . . .။ ဘုရားရှင်ကို နောက်ဆုံးပူဇော် ဦးခိုက်ဖို့ တပည့်တော် လာခဲ့တာပါ ဘုရား။”။

ရဟန္တာ ထေရီမကြီး မျက်ရည်လည်း မဝဲ၊ အသံလည်း မတုန်၊ မျက်နှာထားလည်း မပျက်သော်လည်း အနီးအပါး၌ ရပ်နေသည့် ရှင်အာနန္ဒာ၏ မျက်လုံးများထဲ၌ မျက်ရည်များ ပြည့်လာ၏။ ရှင်အာနန္ဒာသည် ထေရီမကြီးနှင့် ဘုရားရှင်တို့ကို ဆက်လက်၍ ကြည့်ရှုနေခြင်းငှာ မစွမ်းနိုင်သောကြောင့် မျက်နှာလွှဲကာ ခေါင်းငုံ့နေ၏။ ရှင်အာနန္ဒာ မြေပြင်ကို ငေးမောကြည့်ရှုနေစဉ် ဘုရားရှင်သည် ထေရီမကြီးကို မိန့်တော်မူ၏။

“ဘဒ္ဒ . . . ငါလည်း မကြာခင်မှာ ပရိနိဗ္ဗာန် ဝင်စံတော့မယ်။ ဘုရားရှင်တို့သော်မှ လောကရဲ့ ဖြစ်မြဲတံထွာ ဓမ္မတာကိုှ ပြောင်းလဲမပစ်နိုင်ဘူး။ ဘုရာရှင်တို့ဟာ လောကသဘာဝကို နားလည်ဖို့နဲ့ လောကက လွတ်မြောက်ရာ လမ်းကို ဖော်ထုတ်ဖို့ပဲ စွမ်းနိုင်ကြတယ်။ ငါလည်း အိုရ နာရ သေရမှာပဲ။ အခု ငါ အိုနေပြီ။ ငါ့ခန္ဓာမှာ အရေတွေ တွန့်နေပြီ။ ဒါပေမယ့် ငါ့ခန္ဓာကိုယ်ထဲမှာ အင်အား အကြွင်းအကျန် ရှိနေသေးသ၍ လောကသားတွေကို ငါ အလုပ်အကျွေး ပြုမယ်။ ဘဒ္ဒ . . . မတ်တတ်ရပ်ပါ။ သွားဖို့ ငါ ခွင့်ပြုတယ်။”

ရဟန္တာ အရှင်မ ဘဒ္ဒကဥ္စနာသည် သူ့တောင်ဝှေးကို လက်ျာလက်နှင့် ကောက်ယူလိုက်၏။ မြေပြင်ပေါ်တောင်ဝှေး
ထောက်လျက် လက်ဝဲလက်ဖြင့် ဒူးပေါ်ဖိထောက်ရင်း မတ်တတ်ရပ်လိုက်သည်။ အတန်ငယ်ကြာအောင် ဘုရားရှင်၏ မျက်နှာတော်ကို ငေးမောဖူးမြင်ပြီးနောက် ပြုံးလျက်သားနှင့် ထွက်ခွာသွား၏။ ထေရီမကြီး၏
တောင်ဝှေးထောက်သံ တဒေါက်ဒေါက် ကြားရလိုက်ရသောအခါ ရှင်အာနန္ဒာ ခေါင်းထောင်လာ၏။

“အာနန္ဒာရဲ့ မျက်ရည်တွေကို ငါ မြင်လိုက်တယ်”ဟု ဘုရားရှင် မိန့်တော်မူ၏။

“မှန်ပါတယ် မြတ်စွာဘုရား . . .။ အရှင်ဘုရားနဲ့ ထေရီမကြီးတို့ မျက်ရည်မကျဘဲ၊ သက်ပြင်းတောင် မချဘဲ အလွန်အမင်း ကြေကွဲဖွယ်ကောင်းတဲ့ အခြေအနေကို ရင်ဆိုင်ခဲ့ကြပုံကို တပည့်တော် မျက်ဝါးထင်ထင်
မြင်လိုက်ရပါတယ် ဘုရား။ ချီးကျူးစရာ အံ့သြစရာ ကောင်းလိုက်တာ မြတ်စွာဘုရား . . .။”

“အာနန္ဒာ . . . ငါတို့ကြားမှာ သံယောဇဉ် အနှောင်အဖွဲ့ မရှိဘူး။ ငါတို့မှာ မျှဝေခံစားစရာလည်း မရှိဘူး။ ဒါ့ကြောင့် ငါတို့ ခွဲခွာကြရပေမယ့် မနာကြင်ဘူး . . . . .”

LEAVE A REPLY

Please enter your comment!
Please enter your name here