` အတိတ္နွင့္အရိပ္ ´

အတိတ္ဆိုေသာစကားလုံးသည္ လူတိုင္းနွင့္ ရင္းနွီးၿပီးျဖစ္မည္။ ဟုတ္ပါသည္။ လူတိုင္းလူတိုင္းတြင္ အတိတ္ကိုယ္စီရွိၾကမည္။
လြမ္းေမာဖြယ္ေကာင္းေသာ အတိတ္| တသသျဖစ္ခဲ႔ရေသာ အတိတ္| နွလုံးအိမ္ထဲ၌ စိမ့္ေနေအာင္ စြဲလမ္းခဲ႔ေသာ အတိတ္| ရင္ထဲမွာ တနင့္နင့္ခံစားခဲ႔ရေသာ အတိတ္| စိတ္ပ်က္ဖြယ္ေကာင္းေသာ အတိတ္| ခါးသီးဖြယ္ေကာင္းေသာ အတိတ္| စိတ္မေနာတြင္ ေမ့မရေတာ႔ေသာ အတိတ္ စသည္ျဖင့္ စသည္ျဖင့္ စာဖြဲ႔၍ကုန္နိုင္ဖြယ္မရွိေပ။
ကြ်န္ုပ္တို႔သည္ အတိတ္ေျခရာေတြကို လြမ္းေမာၾကသည္။ တသၾကသည္။ စဉ္းစားၾကသည္။ ေတြးေတာၾကသည္။ ျပန္ေတြးၾကည့္လိုက္ေတာ႔ အတိတ္အျဖစ္အပ်က္ေလးေတြဟာ ရင္မွာမေန႔တစ္ေန႔ကလိုပဲ ခံစားၾကရသည္။
ငယ္ရြယ္စဉ္ေက်ာင္းသားဘဝ လြတ္လပ္ေပ်ာ္ျမဴးခဲ႔ရေသာ အတိတ္ျဖစ္ရပ္ကေလးေတြ| သူငယ္ခ်င္းမ်ားဝိုင္းဖြဲ႔ကာ ျငင္းခဲ႔ရေသာအတိတ္| ေဒါသျဖစ္ခဲ႔ရေသာ အတိတ္| စိတ္ပင္ပန္းခဲ႔ရေသာ အတိတ္| ထိုအတိတ္ျဖစ္ရပ္မ်ားကို လူႀကီးဘဝ ျပန္လည္ဆုံေတြ႔ၾကေသာအခါ ျပန္လည္ေျပာၾကားၾကသည္။ စၿမဳံ႕ျပန္အရသာခံၾကသည္။
ခ်စ္သူရည္းစားဘဝက ၾကည္ႏူးခဲ႔ရေသာ ျဖစ္ရပ္ေလးေတြ| ျငင္းခုန္ခဲ႔ရေသာ ျဖစ္ရပ္ေလးေတြ| ညွိယူမႈလြဲခဲ႔ရေသာျဖစ္ရပ္ေလးေတြ| ကလူက်ီခဲ႔ၾကေသာ ျဖစ္ရပ္ကေလးေတြ| ရင္ခုန္စည္းခ်က္ျပင္းစြာနဲ႔ ခိုးေတြ႔ခဲ႔ရေသာ ျဖစ္ရပ္ေလးေတြကို ႀကံဳဖူးသူတိုင္း သတိရလြမ္းဆြတ္ေနၾကမည္။
ထို႔အျပင္ ခ်စ္သူနွစ္ဦး ခြဲခြါရသလို အသဲႏွလုံးေတြ ေၾကမြခဲ႔ရေသာ ျဖစ္ရပ္မ်ား| မ်က္ရည္မိုးေတြ ရြာသြန္းခဲ႔ရေသာ ေန႔ရက္မ်ားကိုလည္း ေမ့ႏိုင္ၾကမည္မဟုတ္ေပ။ အခ်ိဳ႕ဆိုရင္ ခ်စ္သူနွင့္ခြဲခြါခဲ႔ရလို႔ အသဲႏွလုံးကို အရက္နွင့္စိမ္ၿပီး ဘဝကို ေရစုန္ေမ်ွာခဲ႔ၾကသည္။ ထိုသို႔ နာက်ည္းဖြယ္အျဖစ္အပ်က္ေတြကို အရက္ေသာက္ျခင္းျဖင့္ ေမ့ပစ္ၾကသည္။ သို႔ေသာ္ တခဏမ်ွသာပါ။
ဘဝဆိုေသာ အေမွာင္ဝကၤပါကို စမ္းတဝါးဝါးေလ်ွာက္ရင္း လမ္းမွားခဲ႔ရေသာ အတိတ္ျဖစ္ရပ္မ်ားလည္း ရွိၾကမည္။ ပတ္ဝန္းက်င္၏ ခ်ိဳးနွိမ္ျခင္းကိုခံရျခင္း| မိသားစု ၿပိဳကြဲျခင္း| အေဖ ေနာက္အိမ္ေထာင္ျပဳျခင္း| အေမ ေနာက္အိမ္ေထာင္က်ျခင္းကဲ႔သို႔ ခါးသီးဖြယ္ျဖစ္ရပ္မ်ားလည္း ရွိၾကေပမည္။
ေမာင္ျမသည္ အေဖကို အလြန္ခ်စ္ေသာ သားတစ္ေယာက္ျဖစ္သည္။ ခ်စ္၍မဝခင္ပင္ သူ႔အေဖ သူတို႔ဘဝထဲမွ ထြက္သြား၏။ ေနာက္အိမ္ေထာင္ျပဳသြားျခင္း ျဖစ္သည္။
ထိုေန႔ကား သူ႔အတြက္ ခါးသီးေသာေန႔ပင္တည္း။ မိဘေတြ၏ အိမ္ေထာင္ေရးကို နားမလည္ရွာေသာ ေမာင္ျမ သူအေဖကို ေတြ႔ခ်င္၏။ ထို႔ေၾကာင့္ သူ႔အေဖရွိရာသို႔ လိုက္သြား၏။ အေဖကိုေတြ႔လ်ွင္ တီတီတာတာစကားေတြ ေျပာမည္။ အရုပ္ေတြ ဝယ္ခိုင္းမည္| ပုံျပင္ေတြ ေျပာခိုင္းမည္။ ေႏြးေထြးလုံၿခဳံလွေသာ အေဖ႔၏ရင္ခြင္ထဲတြင္ အားပါးတရအိပ္လိုက္မည္။ စသျဖင့္ အေတြးအိမ္မက္ေတြ တစ္ေထြးႀကီးပိုက္ကာ သူ႔ပေဖအိမ္သို႔ ေရာက္ရွိသြား၏။
သို႔ေသာ္ သူ႔အေဖက သူထင္သလို လိႈက္လွဲႀကိဳဆိုမႈမရွိလွ။ အိမ္မက္ေတြ ေလထဲလြင့္သြားၿပီ| လုၿခဳံ မႈမရွိသလို ခံစားလာရၿပီး အားငယ္စိတ္မ်ား ဝင္လာ၏။ ေမာင္ျမ အားတင္းထားပါသည္။ သူ႔ေမ်ွာ္လင့္ခ်က္ေတြကိုေတာ႔ မေလ်ွာ႔ခ်င္ေသး။ ညၾကရင္ေတာ႔ အေဖနဲ႔အတူ အိပ္ရမည္ေပါ႔။ ထိုသို႔ေမ်ွာ္လင့္ေစာင့္စားရင္း ………။
ေမာင္ျမလက္ေတြ ေဘးဘီကို လိုက္စမ္းေနမိ၏။ ဟုတ္ပါသည္။ လန္႔ႏိုးလာျခင္း ျဖစ္၏။ ပထမဆုံး သူ႔အေဖကို လိုက္စမ္းေနမိ၏။ သူအားကိုးတႀကီးရွာေနေသာ အရာကားမရွိ။ သူ႔အေဖကို ရွာမေတြ႔ပါ။ တစ္ခန္းလုံး ေလ်ွာက္ၾကည့္မိ၏။ သူ႔အေဖ ဘယ္ေရာက္သြားသနည္း။ သူ ေတြး၍မရ ျဖစ္ေန၏။ ေတြးရင္းလည္း အားငယ္သလို ခံစားလာရသည္။
ထို႔ေၾကာင့္ အေပၚထပ္မွ ေအာက္ထပ္သို႔ ဆင္းလာ၏။ သူတုန္ရင္ေမဟိုက္လာၿပီး မ်က္ရည္မ်ားပင္ က်လာ၏။ ေတြ႔ပါၿပီ။ သူ႔အေဖေဘးတြင္ မိန္းမတစ္ေယာက္ ကပ္လ်က္အိပ္ေန၏။ သူ႔အတြက္ေတာ႔ ေတာင္ႀကီးၿပိဳသြားၿပီ။ သူေမ်ွာ္လင့္ထားေသာ ေရတစ္ပုံးသည္ ေရတစ္ဖလားပင္ ပါမလာေခ်။
ဝမ္းနည္းျခင္းမ်က္ရည္မိုးမ်ား လႈိင္လႈိင္ရြာသြန္းခဲ႔ရေသာ ထိုေန႔။ သူ႔ဘဝတြင္ အခါးသီးဆုံးေသာ ထိုေန႔။ သူ လက္မခံလိုေသာ ထိုအျဖစ္အပ်က္။ ထိုေန႔ ထိုအတိတ္ကို သူေမ့ထားခ်င္၏။ ေမ့ထားပါသည္ဆိုမွ အၿမဲလိုလို သတိရေနမိသည္။
ကြ်န္ုပ္တို႔သည္ ေပ်ာ္ရႊင္ခဲ႔ရေသာ အတိတ္| ၾကည္ႏူးခဲ႔ရေသာ အတိတ္| လြမ္းေမာခဲ႔ရေသာ အတိတ္တို႔ကို ျပန္လည္ေတြးေတာၾကသည္။ အမွတ္ရတတ္ၾကသည္။ မွန္ပါသည္။ အတိတ္| ပစၥဳပၸန္| အနာဂတ္ဆိုတာ ျဖတ္မရတဲ႔ သံႀကိဳးကြင္းဆက္ေတြ မဟုတ္ပါလား။
သို႔ေသာ္ ေကာင္းကြက္ကေလးမ်ားကိုသာ ျပန္လည္ခံစားၾကည့္တတ္ၾကၿပီး ဆိုးေသာအျဖစ္အပ်က္မ်ားကိုေတာ႔ ေမ့ထားခ်င္ၾကသည္။ အဲဒီလိုေမ့ထားျခင္းသည္ မွန္ကန္ေသာအရာ မဟုတ္ေပ။ အတိတ္ဆိုေသာ အမွန္တရားေတြကို ေမ့ပစ္ထားျခင္း|ပိတ္ဆို႔ပစ္ျခင္းသည္ ႀကိဳးေၾကာင္းဆီေလ်ွာ္ေသာ ေျဖရွင္းခ်က္မဟုတ္ပါ။
စိတ္ဆိုတဲ႔အရာဟာ တယ္ခက္ပါလား။
ေမ့ထားပါသည္ဆိုကာမွ ပိုသတိရတတ္သည္။ ေမ့ထားျခင္းသည္ ျငင္းဆန္ျခင္းျဖစ္၏။ ျငင္းဆန္ျခင္းသည္ ကာကြယ္ျခင္း ျဖစ္၏။ ကာကြယ္ျခင္းဆိုေသာအရာသည္ တကယ္ေပ်ာက္မသြားပါ။ ၿမွဳပ္နွံဖုံးကြယ္ထားျခင္းသာ ျဖစ္သည္။
ကြ်န္ုပ္တို႔ေမ့ထားသည္ဆိုေသာ အျဖစ္အပ်က္မ်ားကို သိစိတ္က ျငင္းဆန္လိုက္ၿပီး မသိစိတ္အတြင္း ၿမွဳပ္နွံလိုက္ပါသည္။ ထိုသို႔ ၿမွဳပ္နွံလိုက္ေသာ အျဖစ္အပ်က္မ်ားသည္ မသိစိတ္အတြင္းမွာ အခါအခြင့္သင့္တိုင္း ေပၚလာတတ္သည္။ မသိစိတ္သည္ သိစိတ္၏အရိပ္ျဖစ္သလို ထိုအျဖစ္အပ်က္ကလည္း ကြ်န္ုပ္တို႔၏ေနာက္သို႔ အရိပ္လိုကပ္ပါလာေပမည္။
ထို႔ေၾကာင့္ အတိတ္အျဖစ္အပ်က္ေတြကို ေကာင္းသည္ျဖစ္ျဖစ္| ဆိုးသည္ျဖစ္ျဖစ္ လက္ခံလိုက္ပါ။ အသိအမွတ္ျပဳလိုက္ပါ။ သို႔မဟုတ္လွ်င္ အတိတ္သည္ အရိပ္အျဖစ္ ကပ္ပါလာေပမည္။
နန္းမ်ိဳးဝင္း( စိတ္ပညာ )
( မေနာၾကာျဖဴမဂၢဇင္း – 2004/2005 ခုနွစ္)

(Unicode)

` အတိတ်နှင့်အရိပ် ´

အတိတ်ဆိုသောစကားလုံးသည် လူတိုင်းနှင့် ရင်းနှီးပြီးဖြစ်မည်။ ဟုတ်ပါသည်။ လူတိုင်းလူတိုင်းတွင် အတိတ်ကိုယ်စီရှိကြမည်။
လွမ်းမောဖွယ်ကောင်းသော အတိတ်| တသသဖြစ်ခဲ့ရသော အတိတ်| နှလုံးအိမ်ထဲ၌ စိမ့်နေအောင် စွဲလမ်းခဲ့သော အတိတ်| ရင်ထဲမှာ တနင့်နင့်ခံစားခဲ့ရသော အတိတ်| စိတ်ပျက်ဖွယ်ကောင်းသော အတိတ်| ခါးသီးဖွယ်ကောင်းသော အတိတ်| စိတ်မနောတွင် မေ့မရတော့သော အတိတ် စသည်ဖြင့် စသည်ဖြင့် စာဖွဲ့၍ကုန်နိုင်ဖွယ်မရှိပေ။
ကျွန်ုပ်တို့သည် အတိတ်ခြေရာတွေကို လွမ်းမောကြသည်။ တသကြသည်။ စဉ်းစားကြသည်။ တွေးတောကြသည်။ ပြန်တွေးကြည့်လိုက်တော့ အတိတ်အဖြစ်အပျက်လေးတွေဟာ ရင်မှာမနေ့တစ်နေ့ကလိုပဲ ခံစားကြရသည်။
ငယ်ရွယ်စဉ်ကျောင်းသားဘဝ လွတ်လပ်ပျော်မြူးခဲ့ရသော အတိတ်ဖြစ်ရပ်ကလေးတွေ| သူငယ်ချင်းများဝိုင်းဖွဲ့ကာ ငြင်းခဲ့ရသောအတိတ်| ဒေါသဖြစ်ခဲ့ရသော အတိတ်| စိတ်ပင်ပန်းခဲ့ရသော အတိတ်| ထိုအတိတ်ဖြစ်ရပ်များကို လူကြီးဘဝ ပြန်လည်ဆုံတွေ့ကြသောအခါ ပြန်လည်ပြောကြားကြသည်။ စမြုံ့ပြန်အရသာခံကြသည်။
ချစ်သူရည်းစားဘဝက ကြည်နူးခဲ့ရသော ဖြစ်ရပ်လေးတွေ| ငြင်းခုန်ခဲ့ရသော ဖြစ်ရပ်လေးတွေ| ညှိယူမှုလွဲခဲ့ရသောဖြစ်ရပ်လေးတွေ| ကလူကျီခဲ့ကြသော ဖြစ်ရပ်ကလေးတွေ| ရင်ခုန်စည်းချက်ပြင်းစွာနဲ့ ခိုးတွေ့ခဲ့ရသော ဖြစ်ရပ်လေးတွေကို ကြုံဖူးသူတိုင်း သတိရလွမ်းဆွတ်နေကြမည်။
ထို့အပြင် ချစ်သူနှစ်ဦး ခွဲခွါရသလို အသဲနှလုံးတွေ ကြေမွခဲ့ရသော ဖြစ်ရပ်များ| မျက်ရည်မိုးတွေ ရွာသွန်းခဲ့ရသော နေ့ရက်များကိုလည်း မေ့နိုင်ကြမည်မဟုတ်ပေ။ အချို့ဆိုရင် ချစ်သူနှင့်ခွဲခွါခဲ့ရလို့ အသဲနှလုံးကို အရက်နှင့်စိမ်ပြီး ဘဝကို ရေစုန်မျှောခဲ့ကြသည်။ ထိုသို့ နာကျည်းဖွယ်အဖြစ်အပျက်တွေကို အရက်သောက်ခြင်းဖြင့် မေ့ပစ်ကြသည်။ သို့သော် တခဏမျှသာပါ။
ဘဝဆိုသော အမှောင်ဝင်္ကပါကို စမ်းတဝါးဝါးလျှောက်ရင်း လမ်းမှားခဲ့ရသော အတိတ်ဖြစ်ရပ်များလည်း ရှိကြမည်။ ပတ်ဝန်းကျင်၏ ချိုးနှိမ်ခြင်းကိုခံရခြင်း| မိသားစု ပြိုကွဲခြင်း| အဖေ နောက်အိမ်ထောင်ပြုခြင်း| အမေ နောက်အိမ်ထောင်ကျခြင်းကဲ့သို့ ခါးသီးဖွယ်ဖြစ်ရပ်များလည်း ရှိကြပေမည်။
မောင်မြသည် အဖေကို အလွန်ချစ်သော သားတစ်ယောက်ဖြစ်သည်။ ချစ်၍မဝခင်ပင် သူ့အဖေ သူတို့ဘဝထဲမှ ထွက်သွား၏။ နောက်အိမ်ထောင်ပြုသွားခြင်း ဖြစ်သည်။
ထိုနေ့ကား သူ့အတွက် ခါးသီးသောနေ့ပင်တည်း။ မိဘတွေ၏ အိမ်ထောင်ရေးကို နားမလည်ရှာသော မောင်မြ သူအဖေကို တွေ့ချင်၏။ ထို့ကြောင့် သူ့အဖေရှိရာသို့ လိုက်သွား၏။ အဖေကိုတွေ့လျှင် တီတီတာတာစကားတွေ ပြောမည်။ အရုပ်တွေ ဝယ်ခိုင်းမည်| ပုံပြင်တွေ ပြောခိုင်းမည်။ နွေးထွေးလုံခြုံလှသော အဖေ့၏ရင်ခွင်ထဲတွင် အားပါးတရအိပ်လိုက်မည်။ စသဖြင့် အတွေးအိမ်မက်တွေ တစ်ထွေးကြီးပိုက်ကာ သူ့ပဖေအိမ်သို့ ရောက်ရှိသွား၏။
သို့သော် သူ့အဖေက သူထင်သလို လှိုက်လှဲကြိုဆိုမှုမရှိလှ။ အိမ်မက်တွေ လေထဲလွင့်သွားပြီ| လုခြုံ မှုမရှိသလို ခံစားလာရပြီး အားငယ်စိတ်များ ဝင်လာ၏။ မောင်မြ အားတင်းထားပါသည်။ သူ့မျှော်လင့်ချက်တွေကိုတော့ မလျှော့ချင်သေး။ ညကြရင်တော့ အဖေနဲ့အတူ အိပ်ရမည်ပေါ့။ ထိုသို့မျှော်လင့်စောင့်စားရင်း ………။
မောင်မြလက်တွေ ဘေးဘီကို လိုက်စမ်းနေမိ၏။ ဟုတ်ပါသည်။ လန့်နိုးလာခြင်း ဖြစ်၏။ ပထမဆုံး သူ့အဖေကို လိုက်စမ်းနေမိ၏။ သူအားကိုးတကြီးရှာနေသော အရာကားမရှိ။ သူ့အဖေကို ရှာမတွေ့ပါ။ တစ်ခန်းလုံး လျှောက်ကြည့်မိ၏။ သူ့အဖေ ဘယ်ရောက်သွားသနည်း။ သူ တွေး၍မရ ဖြစ်နေ၏။ တွေးရင်းလည်း အားငယ်သလို ခံစားလာရသည်။
ထို့ကြောင့် အပေါ်ထပ်မှ အောက်ထပ်သို့ ဆင်းလာ၏။ သူတုန်ရင်မေဟိုက်လာပြီး မျက်ရည်များပင် ကျလာ၏။ တွေ့ပါပြီ။ သူ့အဖေဘေးတွင် မိန်းမတစ်ယောက် ကပ်လျက်အိပ်နေ၏။ သူ့အတွက်တော့ တောင်ကြီးပြိုသွားပြီ။ သူမျှော်လင့်ထားသော ရေတစ်ပုံးသည် ရေတစ်ဖလားပင် ပါမလာချေ။
ဝမ်းနည်းခြင်းမျက်ရည်မိုးများ လှိုင်လှိုင်ရွာသွန်းခဲ့ရသော ထိုနေ့။ သူ့ဘဝတွင် အခါးသီးဆုံးသော ထိုနေ့။ သူ လက်မခံလိုသော ထိုအဖြစ်အပျက်။ ထိုနေ့ ထိုအတိတ်ကို သူမေ့ထားချင်၏။ မေ့ထားပါသည်ဆိုမှ အမြဲလိုလို သတိရနေမိသည်။
ကျွန်ုပ်တို့သည် ပျော်ရွှင်ခဲ့ရသော အတိတ်| ကြည်နူးခဲ့ရသော အတိတ်| လွမ်းမောခဲ့ရသော အတိတ်တို့ကို ပြန်လည်တွေးတောကြသည်။ အမှတ်ရတတ်ကြသည်။ မှန်ပါသည်။ အတိတ်| ပစ္စုပ္ပန်| အနာဂတ်ဆိုတာ ဖြတ်မရတဲ့ သံကြိုးကွင်းဆက်တွေ မဟုတ်ပါလား။
သို့သော် ကောင်းကွက်ကလေးများကိုသာ ပြန်လည်ခံစားကြည့်တတ်ကြပြီး ဆိုးသောအဖြစ်အပျက်များကိုတော့ မေ့ထားချင်ကြသည်။ အဲဒီလိုမေ့ထားခြင်းသည် မှန်ကန်သောအရာ မဟုတ်ပေ။ အတိတ်ဆိုသော အမှန်တရားတွေကို မေ့ပစ်ထားခြင်း|ပိတ်ဆို့ပစ်ခြင်းသည် ကြိုးကြောင်းဆီလျှော်သော ဖြေရှင်းချက်မဟုတ်ပါ။
စိတ်ဆိုတဲ့အရာဟာ တယ်ခက်ပါလား။
မေ့ထားပါသည်ဆိုကာမှ ပိုသတိရတတ်သည်။ မေ့ထားခြင်းသည် ငြင်းဆန်ခြင်းဖြစ်၏။ ငြင်းဆန်ခြင်းသည် ကာကွယ်ခြင်း ဖြစ်၏။ ကာကွယ်ခြင်းဆိုသောအရာသည် တကယ်ပျောက်မသွားပါ။ မြှုပ်နှံဖုံးကွယ်ထားခြင်းသာ ဖြစ်သည်။
ကျွန်ုပ်တို့မေ့ထားသည်ဆိုသော အဖြစ်အပျက်များကို သိစိတ်က ငြင်းဆန်လိုက်ပြီး မသိစိတ်အတွင်း မြှုပ်နှံလိုက်ပါသည်။ ထိုသို့ မြှုပ်နှံလိုက်သော အဖြစ်အပျက်များသည် မသိစိတ်အတွင်းမှာ အခါအခွင့်သင့်တိုင်း ပေါ်လာတတ်သည်။ မသိစိတ်သည် သိစိတ်၏အရိပ်ဖြစ်သလို ထိုအဖြစ်အပျက်ကလည်း ကျွန်ုပ်တို့၏နောက်သို့ အရိပ်လိုကပ်ပါလာပေမည်။
ထို့ကြောင့် အတိတ်အဖြစ်အပျက်တွေကို ကောင်းသည်ဖြစ်ဖြစ်| ဆိုးသည်ဖြစ်ဖြစ် လက်ခံလိုက်ပါ။ အသိအမှတ်ပြုလိုက်ပါ။ သို့မဟုတ်လျှင် အတိတ်သည် အရိပ်အဖြစ် ကပ်ပါလာပေမည်။
နန်းမျိုးဝင်း( စိတ်ပညာ )
( မနောကြာဖြူမဂ္ဂဇင်း – 2004/2005 ခုနှစ်)

LEAVE A REPLY

Please enter your comment!
Please enter your name here