အရွင္မဟာကႆပ (သုိ႔မဟုတ္) ဗုဒၶသာသနာေတာ္အတြက္ တန္ဖိုးအရွိဆံုးေသာ အရွင္သူျမတ္
➖ ➖ ➖ ➖ ➖ ➖ ➖ ➖ ➖ ➖ ➖ ➖ ➖ ➖ ➖
အရွင္မဟာကႆပ၏ အေၾကာင္းအရာကို စဥ္းစားရသည္မွာ ၾကက္သီးထေလာက္ေအာင္ အရသာ ရိွပါေပ၏။ စိတ္အား တက္ၾကြ အားရဖြယ္ေတြ အတုယူဖြယ္ သံေ၀ဂျဖစ္ဖြယ္ေတြ မ်ားလွေပ၏။ သာသနာပကာလ၌ ပေစၥကဗုဒၶါအရွင္ျမတ္တို႔ကို ကိုးကြယ္ဆည္းကပ္ေနေသာ နႏၵမင္းဘ၀မွ (ပေစၥကဗုဒၶါမ်ား ပရိနိဗၺာန္စံၾကေသာအခါ သံေ၀ဂရ၍ မင္းမိဖုရား ႏွစ္ပါးလံုးတို႔) ရေသ့ရဟန္းျပဳလုပ္ကာ တရားအားထုတ္၍ ျဗဟၼာ့ျပည္၌ ျဖစ္ၾကၿပီးေနာက္ ငါတို႔ဘုရားရွင္ ပြင့္ေတာ္မူခ်ိန္ ျဗဟၼာ့ျပည္မွ စုေတခဲ့ၾက၍ ျဗာဟၼဏသူေ႒းမ်ဳိး၌ “ပိပၸလိ” ဟူေသာ နာမည္ျဖင့္ ထင္ရွားေသာ သတို႔သားျဖစ္ေလသည္။ အႏြယ္အားျဖင့္ ကႆပအႏြယ္ ျဖစ္ေသာေၾကာင့္ က်မ္းစာတို႕၌ အရွင္မဟာကႆပဟု ထင္ရွား၏။
ပိပၸလိ သတို႔သား အသက္ ၂၀ အရြယ္ေရာက္ေသာအခါ ထိုသတို႔သားတစ္ေယာက္တည္းရိွေသာ မိဘမ်ားက လက္ထပ္ဖို႔ရန္ေျပာၾက၏ ၊ ကာမ စိတ္သန္႔ရွင္းေသာ ျဗဟၼာ့ျပည္မွ စုေတလာခဲ့သူျဖစ္၍ ကာမမႈကို စက္ဆုပ္ရြံ႕ရွာရကား အခါခါ ျငင္းဆန္၍ ေတာထြက္ရန္သာ ဇြဲသန္သန္ ေျပာေန၏။ မိခင္ႀကီးကား မိမိတို႔ ပစၥည္းမ်ား အေမြခံမရိွလွ်င္ မင္း ဘ႑ာျဖစ္ရစ္မည္စိုး၍ အမ်ဳိးမ်ဳိးေဖ်ာင္းဖ် ေျပာဆိုေလရာ ပန္းပုသမားထံ အလွဆံုးေရႊရုပ္ကို အထုခိုင္း၍ ထိုေရႊရုပ္ေလာက္ေခ်ာသူကုိရမွ လက္ထပ္မည္ဟု ေျပာေလသည္။ (မရႏိုင္ဘူးထင္၍ ေျပာျခင္း ျဖစ္ေသာ္လည္း) မိခင္ႀကီးကား အားမေလ်ာ့။
“ငါ့သား ေကာင္းမႈျပဳစဥ္တုန္းက တစ္ေယာက္တည္းျပဳခဲ့မွာ မဟုတ္ဘူး၊ ေကာင္းမႈျပဳဖက္ အမ်ဳိးသမီးဟာ ဒီေရႊရုပ္ေလာက္ ေခ်ာမွာေပါ့” ဟု ယူဆ၍ ျဗာဟၼဏရွစ္ေယာက္ထံ ေရႊရုပ္ကိုအပ္ႏွံကာ ေခၽြးမေလာင္း အရွာခိုင္းေလေတာ့သည္။
နႏၵမင္းဘ၀ မေရာက္ခင္ကပင္ မၾကာမၾကာ ေရစက္ဆံုလာေသာ အမ်ဳိးသမီးသည္ နႏၵမင္း၏မိဖုရားဘ၀၌ အတူတကြ ရေသ့လုပ္ခဲ့ၾက၍ ျဗဟၼာ့ျပည္ေရာက္၊ ထို႔ေနာက္ လူ႔ျပည္မွာ မိန္းမေခ်ာ မိန္းမလွ အမ်ားဆံုး ထြက္ေသာ (ပဘာ၀တီတို႔ တိုင္းျပည္ျဖစ္ခဲ့ေသာ) မဒၵရာဇ္တိုင္း ျဗာဟၼဏသူေဌးမ်ဳိး၌ ျဖစ္လ်က္ရိွရကား ျဗာဟၼဏ ရွစ္ေယာက္တို႕ မဒၵရာဇ္တိုင္းအေရာက္တြင္ တစ္ဆယ့္ေျခာက္ႏွစ္အရြယ္ သူေတာ္စင္ “မယ္ဘဒၵါ” ကို ေတြ႕ၾက၍ ထိုေရႊရုပ္ကို အပ္ႏွင္းကာ ေစ့စပ္ေၾကာင့္လမ္း၍ ျပန္သြားၾကေလသည္။
ထိုအေၾကာင္းကို သတို႔သား သတို႔သမီးတို႔ အသီးသီး ၾကားသိရလွ်င္ စိတ္အဆင္းရဲႀကီး ဆင္းရဲသြား ၾကေတာ့၏။ သတို႔သား စဥ္းစားသည္မွာ “ငါသည္ ထိုေရႊရုပ္လို အမ်ဳိးသမီးကို မရႏိုင္ဘူး ထင္ခဲ့၏ ၊ ယခုေသာ္ ရၿပီဟု ေျပာၾကသည္၊ ဘာပဲျဖစ္ျဖစ္ မိဘကြယ္လြန္လွ်င္ ေတာထြက္မည္ အမွန္ပင္ ျဖစ္ရကား သတို႔သမီးေလး စိတ္ဆင္းရဲရစ္ရွာေတာ့မည္၊ ကိစၥ မလြန္ခင္က သတိေပးရလွ်င္ သင့္ေတာ္စရာရိွရဲ႕” ဟု စဥ္းစား၍ တိတ္တိတ္ပုန္း စာေရးသည္မွာ “အို ဘဒၵါ၊ ႏွမအတြက္ ဂုဏ္ အသေရခ်င္း တူမွ်ေသာ အမ်ဳိးသားကို ရပါေစ” ဟု ဆုေတာင္းပါသည္။ က်ဳပ္ေတာ့ မိဘမ်ား ကြယ္လြန္လွ်င္ အမွန္ပင္ ရဟန္းျပဳရပါလိမ့္မည္။ ေနာင္တမရဖို႔ရန္ ယခုက သတိေပးပါသည္” ဤသုိ႔စာေရး၍ လူယံုေတာ္ကို ေစလႊတ္လိုက္ေလသည္။
အမ်ဳိးသမီးလည္း ထိုစာအတိုင္းပင္ စဥ္းစား၍ မိမိလက္မထပ္လိုေသာစာကို ေရးသားေစလႊတ္ေလရာ ထိုေစတမန္ ၂ဦး တို႔ ခရီးအၾကားမွာ ေတြ႕ၾက၍ အက်ဳိးအေၾကာင္းေမးကာ (၀မ္းေျမာက္ေက်နပ္ေၾကာင္း ၾကင္ၾကင္နာနာ ေရးသားၾကလိမ့္မည္ဟု ထင္၍) ေပးလိုက္ေသာစာကို သေဘာတူဖြင့္၍ ဖတ္ၾကည့္ေသာအခါ သူတို႔ ထင္ေၾကးႏွင့္မကိုက္ေသာ စာ ၂ ေစာင္ကို ဆုတ္ၿပီးလွ်င္ သေဘာတူ ေက်နပ္ေၾကာင္း စာကိုသာ ျပင္ဆင္ေရးသား၍ ပို႔ၾကေလသတဲ့။ ဤသို႔အားျဖင့္ ကာမစိတ္ကင္းရွင္းေနေသာ ေရစက္ေဟာင္း ၂ဦးတို႔ လက္မထပ္ခ်င္ဘဲႏွင့္ လက္ထပ္ပြဲ၀င္ၾကရေလသည္။
လက္ထပ္ၿပီးေနာက္၌ အိပ္ရာ၀င္ခ်ိန္ မေရာက္မီကပင္ ပန္းကံုးမ်ားကို ကံုးေစၿပီးကာ အိပ္ရာအလယ္၌ ခ်ထား၍ အိပ္ရာ ၀င္ၾကေသာအခါ “ပန္းကံုးကို မထိတမ္းေနာ္၊ ညိႈးတဲ့ပန္းကံုးရွင္ဟာ စိတ္မစင္ၾကယ္လို႕ပဲ” ဟု ေျပာ၍ ပန္းကံုးျခားလ်က္ အိပ္စက္ၾကေလသည္။ သို႔ေသာ္ တစ္ေယာက္ႏွင့္ တစ္ေယာက္ ထိမိမည္စိုးေသာေၾကာင့္ စိတ္ခ်လက္ခ် အိပ္မေပ်ာ္ၾက။
ဤနည္းအားျဖင့္ အိမ္ရာေထာင္၍ လူ႔ေဘာင္မွာ ေနၾကေသာ္လည္း ကာမစိတ္ဓာတ္ လြတ္လပ္စင္ၾကယ္ရကား ေမာင္ႏွမအရင္းပမာ တစ္ဦးႏွင့္တစ္ဦး အထူးၾကင္နာစြာ ေနထိုင္ၾကၿပီးေနာက္ မိဘတို႔ ကြယ္လြန္ေသာအခါ စည္းစိမ္ဥစၥာကို ထိန္းသိမ္းစီမံရင္း သံေ၀ဂျဖစ္ၾက၍ သေဘာတူ ေတာထြက္ၾကေလသည္။ သို႔ေသာ္ ထိုအခ်ိန္အခါ၌ “ဗုဒၶ” ရိွသည္ ဟူေသာ သတင္းကို သူတို႔ မသိရေသးသျဖင့္ “ေလာက၌ ရဟႏၲာအစစ္ ျဖစ္ၿပီးသူကို ရည္မွန္း၍ ထိုသူ႔အထံ တပည့္ခံဖို႔ရာ ငါတို႔ ရဟန္းျပဳပါသည္” ဟု ေျပာဆိုကာ ရဟႏၲာအစစ္ကို ရွာေသာအားျဖင့္ ေတာထြက္ခဲ့ၾကျခင္း ျဖစ္သည္။
ေတာထြက္ လာခဲ့ၾကၿပီးေနာက္ လမ္းႏွစ္ခြသို႔ ေရာက္ေသာအခါ အရွင္ပိပၸလိသည္ ရပ္တန္႔၍ “ဘဒၵါ … သင္ကဲ့သို႔ ရုပ္အဆင္း အထက္တန္းက်ေသာ ရေသ့မတစ္ေယာက္ ေနာက္ကပါေနသည္ကို ျမင္ရသူတို႔က “သူတို႔ႏွစ္ေယာက္ ရေသ့ရဟန္းျပဳၿပီးေသာ္မွလည္း မခြဲႏိုင္ မခြာရက္ၾက” ဟု အျပစ္ျမင္ၾကလိမ့္မည္၊ သင္အလိုရိွရာ လမ္းကိုယူပါ၊ ငါတို႔ ႏွစ္ေယာက္လမ္းခြဲၾကစို႔” ဟု မိန္႔ေတာ္မူရာ မယ္ဘဒၵါကလည္း “မွန္ပါတယ္၊ လူအမ်ား အျပစ္ျမင္စရာ ျဖစ္ေနပါတယ္၊ ႏွမက လက္၀ဲဘက္လမ္းကို လိုက္သြားပါ့မယ္၊ အရွင္က လက္ယာလမ္းကို ၾကြပါ” ဟု ေလွ်ာက္၍ အလြန္ရိုေသစြာကန္ေတာ့ရာ ေျမေစာင့္နတ္မ်ား မေနႏိုင္ မထိုင္ႏိုင္ျဖစ္၍ ဤမဟာပထ၀ီေျမႀကီးသည္ သြက္သြက္ခါေအာင္ တုန္လႈပ္ေလသည္။
ဗုဒၶႏွင့္ ေတြ႕ေတာ္မူပံု
ထို ေျမလႈပ္ျခင္း၏ အေၾကာင္းကို ဗုဒၶရွင္ေတာ္ ဆင္ျခင္ေတာ္မူေသာအခါ သာသနာ့၀န္ေဆာင္ ထိပ္ေခါင္တင္ သားေတာ္ႀကီး အေလာင္း ပိပၸလိသတို႔သား ႏွင့္ မယ္ဘဒၵါတို႔ ေတာထြက္လာ၍ လမ္းခြဲၾကေၾကာင္းကို သိေတာ္မူသျဖင့္ ပိပၸလိအရွင္ လာမည့္လမ္းသို႔ ၃ ဂါ၀ုတ္ေ၀းေအာင္ ခရီးဦးၾကိဳျပဳကာ ပေညာင္ပင္ေအာက္၌ ေရာင္ျခည္ေတာ္ေျခာက္သြယ္ျဖင့္ တင့္တယ္စြာ ထိုင္ေနေတာ္မူႏွင့္ေလသည္။ ပိပၸလိအရွင္လည္း ဗုဒၶရွင္ေတာ္ကို ျမင္လွ်င္ျမင္ခ်င္း “မိမိရည္မွန္းခဲ့ေသာ ဆရာသည္ ဤပုဂၢိဳလ္သာတည္း” ဟု ဆံုးျဖတ္၍ အလြန္ေလးျမတ္စြာ ရိွခိုး၀ပ္ခ်လ်က္ တပည့္အျဖစ္ကို ခံယူေလသည္။ [ထို ပိပၸလိကို ကႆပအႏြယ္၀င္ ျဖစ္ေသာေၾကာင့္ “အရွင္မဟာကႆပ” ဟု ေခၚၾကသည္။]
ဗုဒၶရွင္ေတာ္သည္ အရွင္မဟာကႆပအား ထိုေနရာတြင္ပင္ ရဟန္းအျဖစ္ကို ေပးေတာ္မူ၍ အတူ ၾကြေတာ္မူေလရာ ခရီးအၾကား သစ္ပင္ေအာက္၌ အရွင္မဟာကႆပ ခင္းေပးအပ္ေသာ သကၤန္းႀကီးအေပၚမွာ ထိုင္ေတာ္မူ၍ ထိုသကၤန္းႀကီးကို လက္ေတာ္ျဖင့္ သံုးသပ္ေတာ္မူကာ “ကႆပ … (လူ႔ဘ၀တုန္းက အ၀တ္ျဖစ္ခဲ့ေသာ) သင္ရဲ႕သကၤန္းက တယ္ႏူးညံ့ပါတကား” ဟု မိန္႔ေတာ္မူေလေသာ္ –
အရွင္ကႆပ။ ။ ဒီသကၤန္းကို ျမတ္စြာဘုရား ျခံဳေတာ္မူပါဘုရား။
ဗုဒၶ။ ။ သင္ေကာ ဘာကိုျခံဳမည္လဲ။
အရွင္ကႆပ။ ။ ျမတ္စြာဘုရား၏ သကၤန္းေတာ္ အေဟာင္းရပါလွ်င္ ျခံဳပါမည္ဘုရား။
ဗုဒၶ။ ။ ကႆပ … ဤသကၤန္းကို ငါဘုရားကိုယ္တိုင္ ပုဏၰာမည္ေသာ ကၽြန္မ၏အေလာင္းမွ တစ္ျပည္သားမွ်ေသာ ေလာက္ေတြကိုဖယ္၍ ပံသုကူ ေကာက္ယူခဲ့ရတယ္။ ဤသကၤန္းကို ပံသုကူေကာက္ခ်ိန္က မဟာပထ၀ီေျမႀကီးပင္ တုန္လႈပ္ခဲ့ရတယ္၊ ဓူတင္အားလံုးေဆာင္ႏိုင္သူမွ ဤသကၤန္းႏွင့္ထုိက္တန္တယ္၊ ဤသကၤန္းကို ေဆာင္ႏိုင္ပါ့မလား။ (ဤသကၤန္းနဲ႔တန္ေအာင္ က်င့္ႏိုင္ပါ့မလားဟူလို။) ဤသို႔ေမးေတာ္မူ၍ အရွင္ကႆပက
“ေဆာင္ႏိုင္ပါေၾကာင္း” ေလွ်ာက္ထားသျဖင့္ သကၤန္းခ်င္းလဲ၍ ၀တ္ရံုေလေသာ္ မဟာပထ၀ီေျမႀကီးလည္း တအံ့တၾသ ျဖစ္သည့္ပမာ ျပင္းစြာတုန္လႈပ္ ျပန္ေလသည္။ အရွင္မဟာကႆပလည္း ဓူတင္အားလံုးကို ေဆာင္၍ ႀကိဳးစားအားထုတ္ေတာ္မူရာ ရွစ္ရက္ေျမာက္ အရုဏ္တက္ခ်ိန္မွာ ရဟႏၲာျဖစ္ေတာ္မူသည္။
ရွင္မဟာကႆပသည္ ေတာေက်ာင္း၌ သီတင္းသံုးေတာ္မူ၏။ သကၤန္း ၃ ထည္သာ ကိုယ္ပိုင္ ထားေတာ္မူ၏။ အျမဲ ဆြမ္းခံ၍ ဘုဥ္းေပးေတာ္မူ၏။ ဆြမ္းခံရာမွာလည္း အိမ္စဥ္မေက်ာ္ဘဲ ဆြမ္းခံေတာ္မူ၏။ ဤသို႔စသည္ျဖင့္ အျမဲဓူတင္ေဆာက္တည္ေတာ္မူကာ တစ္ရံတစ္ခါ၌မူ ဆြမ္းခံမၾကြမီ သမာပတ္ကို ၀င္စားေတာ္မူ၍ သမာပတ္မွ ထ,ေတာ္မူၿပီးေနာက္ ဆင္းရဲသူမ်ားကို ခ်ီးေျမွာက္ေသာအားျဖင့္ ဆင္းရဲသူမ်ားရပ္ကြက္သို႔ ဆြမ္းခံ၀င္ေတာ္မူ၏။ အခါတစ္ပါး၌ကား သိၾကားႏွင့္သုဇာတာမိဖုရားတို႕ပင္ လူဆင္းရဲဟန္ေဆာင္၍ အရွင္မဟာကႆပအား ဆြမ္းေလာင္းဖူးသည္။ လယ္ေစာင့္ ဆင္းရဲသူမတစ္ေယာက္ကား သူ၏သြားရည္စာ ေပါက္ေပါက္ေလွာ္မ်ားကို အရွင္မဟာကႆပအားလွဴၿပီးေနာက္ လယ္ကန္သင္း၌ ေျမြေပါက္ခံရ၍ စုေတေလရာ ခ်က္ခ်င္းပင္ တာ၀တႎသာသို႔ ေရာက္သြားသည္။
တစ္ရံတစ္ခါ၌ ႏူနာစြဲသူတို႔၏ လက္ျဖင့္နယ္၍ လွဴဒါန္းအပ္ေသာ ဆြမ္းကိုပင္ ျမိန္ရွက္စြာ ဘုဥ္းေပးေတာ္မူပါသတဲ့။ အို အရွင္ျမတ္ႀကီးဘုရား၊ အရွင္ျမတ္၏ လူ႔ဘ၀တုန္းက စည္းစိမ္ႏွင့္ အရိွန္အ၀ါကိုေတြးကာ ရဟန္းေတာ္ဘ၀၌ က်င့္ေတာ္မူပံုမ်ားကို ႏႈိင္းယွဥ္၍ စဥ္းစားလိုက္ေသာအခါ တပည့္ေတာ္၏အျဖစ္ကို အားမရႏိုင္ေအာင္ ရိွပါသည့္ျပင္ အရွင္ျမတ္ႀကီးကိုကား ဦးေတာ္ညြတ္ကာပ်ပ္၀ပ္ ရိုေသလွပါေတာ့သည္ ဘုရား။
ဗုဒၶရွင္ေတာ္ ေျမွာက္စားေတာ္မူပံု
ေနာင္အေရးကို ေျမာ္ျမင္ေသာဘုရင္မင္းျမတ္သည္ မိမိ၏အရိပ္အရာကိုဆက္ခံႏိုင္မည့္ သားရတနာအား မိမိ၀တ္ဆင္ျမဲျဖစ္ေသာ တန္ဆာကိုေပးသနားေတာ္မူသကဲ့သို႔ ဗုဒၶရွင္ေတာ္ျမတ္သည္လည္း ကိုယ္ေတာ္ျမတ္၏ အရိပ္အရာ သာသနာေတာ္ကို ဆက္လက္၍ ေဆာင္ရစ္မည္ကို ျမင္ေတာ္မူကာ ကိုယ္ေတာ္ျမတ္၏ ပံသုကူသကၤန္းေတာ္ကို အရွင္မဟာကႆပ ရဟန္းျဖစ္စကပင္ ပထမအႀကိမ္ ခ်ီးေျမွာက္ေတာ္မူခဲ့ၿပီ။ ထို႔ေနာက္ မၾကာမၾကာ သံဃာ့ပရိသတ္အလယ္မွာ အရွင္မဟာကႆပကို ေျမွာက္စားေတာ္မူ၏။ ဘိကၡဳတို႔၊ သင္တို႔သည္ ကႆပလို ေနႏိုင္၊ ကႆပလို က်င့္ႏိုင္ေအာင္ ႀကိဳးစားၾက။
တရားေဟာတဲ့ေနရာမွာပင္ ကႆပရဲ႕စိတ္ထားမ်ဳိးေဟာၾက၊ ကႆပတရားေဟာတဲ့အခါ တရားေတာ္၏ သဘာ၀က်ပံု မွန္ကန္ပံုကို အေျခခံထား၍ “ငါေဟာတဲ့တရားကို သူတို႔နာၾကလွ်င္ ေကာင္းမွာပဲ၊ ၾကားနာၿပီး နားလည္ၾကလွ်င္ ေကာင္းမွာပဲ၊ နားလည္ၿပီး လိုက္နာက်င့္ၾကလွ်င္ ေကာင္းမွာပဲ” ဟု ေမတၱာ ကရုဏာစိတ္ျဖင့္ ေဟာသည္၊ “ဘိကၡဳတို႔၊ ငါဘုရားသည္ စ်ာန္ အဘိညာဥ္ ၀င္စားေတာ္မူလိုသည့္အခါ အလိုရိွရာ စ်ာန္အဘိညာဥ္ကို (အခ်ိန္မၾကာေစဘဲ) ၀င္စားႏိုင္သကဲ့သို႔ ကႆပ သည္လည္း ငါဘုရားလိုပင္ ခ်က္ခ်င္း၀င္စားႏိုင္သည္” ဟု တန္ခိုးအရာ တန္းတူထား၍ ေျမွာက္စားေတာ္မူသည္။
ေျမွာက္စားရာ၌ ရည္ရြယ္ခ်က္
ဘာ့ေၾကာင့္ ထိုမွ်ေလာက္ ေျမွာက္စားေတာ္မူပါသနည္း။ အရွင္သာရိပုတၱရာ အရွင္မဟာေမာဂၢလာန္ တို႔သည္ ဗုဒၶရွင္ေတာ္၏အလ်င္ ပရိနိဗၺာန္စံၾကမည္ျဖစ္၍ ဗုဒၶရွင္ေတာ္ပရိနိဗၺာန္စံေတာ္မူၿပီးသည့္အခါ၀ယ္ အရွင္မဟာကႆပသာလွ်င္ သာသနာ့၀န္ကို ေဆာင္ရစ္ရေပမည္၊ ထိုအခါ “ဗုဒၶရွင္ေတာ္သည္ပင္ တန္းတူထား၍ ေျမွာက္စားအပ္ေသာ အရွင္ျမတ္ေပတကား” ဟု အရွင္မဟာကႆပကို သံဃာေတာ္အားလံုးက ေလးစားရစ္ေစေတာ္မူလိုေသာေၾကာင့္ အဂၢသာ၀က ၂ ပါး ထက္ပို၍ ေျမွာက္စားေတာ္မူပါသည္။ [အရွင္ မဟာကႆပသည္ သက္ေတာ္ တစ္ရာ့ႏွစ္ဆယ္ရွည္ေသာေၾကာင့္ ဗုဒၶရွင္ေတာ္ ပရိနိဗၺာန္စံေတာ္မူၿပီးေနာက္ ႏွစ္ေပါင္းအေတာ္ၾကာေအာင္ သာသနာ့တာ၀န္ကို ေဆာင္ေတာ္မူခဲ့ေပသည္။ ထိုကဲ့သို႔ လူ႔ဘ၀၌လည္း အမ်ဳိးျမတ္စည္းစိမ္ရွင္ျဖစ္၍ သာသနာေတာ္သို႔ ၀င္လာေသာအခါ၌လည္း တန္ခိုးဣဒၶိပါဒ္အရပ္ရပ္ႏွင့္ အက်င့္ထူးေတာ္မူေသာ သက္ေတာ္ရွည္သားေတာ္ႀကီး တစ္ပါးကို ဗုဒၶရွင္ေတာ္ရေတာ္မူလိုက္သည္မွာ သာသနာေတာ္အတြက္ လြန္စြာ ကံေကာင္းပါေပသည္။
အမရပူရ မဟာဂႏၶာရံုဆရာေတာ္ အရွင္ဇနကာဘိ၀ံသ ၏ အနာဂတ္သာသနာေရး မွ ေကာက္ႏႈတ္ေဖာ္ျပပါသည္။
Credit— U Ariya Lankara
(Unicode)

အရှင်မဟာကဿပ (သို့မဟုတ်) ဗုဒ္ဓသာသနာတော်အတွက် တန်ဖိုးအရှိဆုံးသော အရှင်သူမြတ်
➖ ➖ ➖ ➖ ➖ ➖ ➖ ➖ ➖ ➖ ➖ ➖ ➖ ➖ ➖
အရှင်မဟာကဿပ၏ အကြောင်းအရာကို စဉ်းစားရသည်မှာ ကြက်သီးထလောက်အောင် အရသာ ရှိပါပေ၏။ စိတ်အား တက်ကြွ အားရဖွယ်တွေ အတုယူဖွယ် သံဝေဂဖြစ်ဖွယ်တွေ များလှပေ၏။ သာသနာပကာလ၌ ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့ကို ကိုးကွယ်ဆည်းကပ်နေသော နန္ဒမင်းဘဝမှ (ပစ္စေကဗုဒ္ဓါများ ပရိနိဗ္ဗာန်စံကြသောအခါ သံဝေဂရ၍ မင်းမိဖုရား နှစ်ပါးလုံးတို့) ရသေ့ရဟန်းပြုလုပ်ကာ တရားအားထုတ်၍ ဗြဟ္မာ့ပြည်၌ ဖြစ်ကြပြီးနောက် ငါတို့ဘုရားရှင် ပွင့်တော်မူချိန် ဗြဟ္မာ့ပြည်မှ စုတေခဲ့ကြ၍ ဗြာဟ္မဏသူဋ္ဌေးမျိုး၌ “ပိပ္ပလိ” ဟူသော နာမည်ဖြင့် ထင်ရှားသော သတို့သားဖြစ်လေသည်။ အနွယ်အားဖြင့် ကဿပအနွယ် ဖြစ်သောကြောင့် ကျမ်းစာတို့၌ အရှင်မဟာကဿပဟု ထင်ရှား၏။
ပိပ္ပလိ သတို့သား အသက် ၂၀ အရွယ်ရောက်သောအခါ ထိုသတို့သားတစ်ယောက်တည်းရှိသော မိဘများက လက်ထပ်ဖို့ရန်ပြောကြ၏ ၊ ကာမ စိတ်သန့်ရှင်းသော ဗြဟ္မာ့ပြည်မှ စုတေလာခဲ့သူဖြစ်၍ ကာမမှုကို စက်ဆုပ်ရွံ့ရှာရကား အခါခါ ငြင်းဆန်၍ တောထွက်ရန်သာ ဇွဲသန်သန် ပြောနေ၏။ မိခင်ကြီးကား မိမိတို့ ပစ္စည်းများ အမွေခံမရှိလျှင် မင်း ဘဏ္ဍာဖြစ်ရစ်မည်စိုး၍ အမျိုးမျိုးဖျောင်းဖျ ပြောဆိုလေရာ ပန်းပုသမားထံ အလှဆုံးရွှေရုပ်ကို အထုခိုင်း၍ ထိုရွှေရုပ်လောက်ချောသူကိုရမှ လက်ထပ်မည်ဟု ပြောလေသည်။ (မရနိုင်ဘူးထင်၍ ပြောခြင်း ဖြစ်သော်လည်း) မိခင်ကြီးကား အားမလျော့။
“ငါ့သား ကောင်းမှုပြုစဉ်တုန်းက တစ်ယောက်တည်းပြုခဲ့မှာ မဟုတ်ဘူး၊ ကောင်းမှုပြုဖက် အမျိုးသမီးဟာ ဒီရွှေရုပ်လောက် ချောမှာပေါ့” ဟု ယူဆ၍ ဗြာဟ္မဏရှစ်ယောက်ထံ ရွှေရုပ်ကိုအပ်နှံကာ ချွေးမလောင်း အရှာခိုင်းလေတော့သည်။
နန္ဒမင်းဘဝ မရောက်ခင်ကပင် မကြာမကြာ ရေစက်ဆုံလာသော အမျိုးသမီးသည် နန္ဒမင်း၏မိဖုရားဘဝ၌ အတူတကွ ရသေ့လုပ်ခဲ့ကြ၍ ဗြဟ္မာ့ပြည်ရောက်၊ ထို့နောက် လူ့ပြည်မှာ မိန်းမချော မိန်းမလှ အများဆုံး ထွက်သော (ပဘာဝတီတို့ တိုင်းပြည်ဖြစ်ခဲ့သော) မဒ္ဒရာဇ်တိုင်း ဗြာဟ္မဏသူဌေးမျိုး၌ ဖြစ်လျက်ရှိရကား ဗြာဟ္မဏ ရှစ်ယောက်တို့ မဒ္ဒရာဇ်တိုင်းအရောက်တွင် တစ်ဆယ့်ခြောက်နှစ်အရွယ် သူတော်စင် “မယ်ဘဒ္ဒါ” ကို တွေ့ကြ၍ ထိုရွှေရုပ်ကို အပ်နှင်းကာ စေ့စပ်ကြောင့်လမ်း၍ ပြန်သွားကြလေသည်။
ထိုအကြောင်းကို သတို့သား သတို့သမီးတို့ အသီးသီး ကြားသိရလျှင် စိတ်အဆင်းရဲကြီး ဆင်းရဲသွား ကြတော့၏။ သတို့သား စဉ်းစားသည်မှာ “ငါသည် ထိုရွှေရုပ်လို အမျိုးသမီးကို မရနိုင်ဘူး ထင်ခဲ့၏ ၊ ယခုသော် ရပြီဟု ပြောကြသည်၊ ဘာပဲဖြစ်ဖြစ် မိဘကွယ်လွန်လျှင် တောထွက်မည် အမှန်ပင် ဖြစ်ရကား သတို့သမီးလေး စိတ်ဆင်းရဲရစ်ရှာတော့မည်၊ ကိစ္စ မလွန်ခင်က သတိပေးရလျှင် သင့်တော်စရာရှိရဲ့” ဟု စဉ်းစား၍ တိတ်တိတ်ပုန်း စာရေးသည်မှာ “အို ဘဒ္ဒါ၊ နှမအတွက် ဂုဏ် အသရေချင်း တူမျှသော အမျိုးသားကို ရပါစေ” ဟု ဆုတောင်းပါသည်။ ကျုပ်တော့ မိဘများ ကွယ်လွန်လျှင် အမှန်ပင် ရဟန်းပြုရပါလိမ့်မည်။ နောင်တမရဖို့ရန် ယခုက သတိပေးပါသည်” ဤသို့စာရေး၍ လူယုံတော်ကို စေလွှတ်လိုက်လေသည်။
အမျိုးသမီးလည်း ထိုစာအတိုင်းပင် စဉ်းစား၍ မိမိလက်မထပ်လိုသောစာကို ရေးသားစေလွှတ်လေရာ ထိုစေတမန် ၂ဦး တို့ ခရီးအကြားမှာ တွေ့ကြ၍ အကျိုးအကြောင်းမေးကာ (၀မ်းမြောက်ကျေနပ်ကြောင်း ကြင်ကြင်နာနာ ရေးသားကြလိမ့်မည်ဟု ထင်၍) ပေးလိုက်သောစာကို သဘောတူဖွင့်၍ ဖတ်ကြည့်သောအခါ သူတို့ ထင်ကြေးနှင့်မကိုက်သော စာ ၂ စောင်ကို ဆုတ်ပြီးလျှင် သဘောတူ ကျေနပ်ကြောင်း စာကိုသာ ပြင်ဆင်ရေးသား၍ ပို့ကြလေသတဲ့။ ဤသို့အားဖြင့် ကာမစိတ်ကင်းရှင်းနေသော ရေစက်ဟောင်း ၂ဦးတို့ လက်မထပ်ချင်ဘဲနှင့် လက်ထပ်ပွဲဝင်ကြရလေသည်။
လက်ထပ်ပြီးနောက်၌ အိပ်ရာဝင်ချိန် မရောက်မီကပင် ပန်းကုံးများကို ကုံးစေပြီးကာ အိပ်ရာအလယ်၌ ချထား၍ အိပ်ရာ ၀င်ကြသောအခါ “ပန်းကုံးကို မထိတမ်းနော်၊ ညှိုးတဲ့ပန်းကုံးရှင်ဟာ စိတ်မစင်ကြယ်လို့ပဲ” ဟု ပြော၍ ပန်းကုံးခြားလျက် အိပ်စက်ကြလေသည်။ သို့သော် တစ်ယောက်နှင့် တစ်ယောက် ထိမိမည်စိုးသောကြောင့် စိတ်ချလက်ချ အိပ်မပျော်ကြ။
ဤနည်းအားဖြင့် အိမ်ရာထောင်၍ လူ့ဘောင်မှာ နေကြသော်လည်း ကာမစိတ်ဓာတ် လွတ်လပ်စင်ကြယ်ရကား မောင်နှမအရင်းပမာ တစ်ဦးနှင့်တစ်ဦး အထူးကြင်နာစွာ နေထိုင်ကြပြီးနောက် မိဘတို့ ကွယ်လွန်သောအခါ စည်းစိမ်ဥစ္စာကို ထိန်းသိမ်းစီမံရင်း သံဝေဂဖြစ်ကြ၍ သဘောတူ တောထွက်ကြလေသည်။ သို့သော် ထိုအချိန်အခါ၌ “ဗုဒ္ဓ” ရှိသည် ဟူသော သတင်းကို သူတို့ မသိရသေးသဖြင့် “လောက၌ ရဟန္တာအစစ် ဖြစ်ပြီးသူကို ရည်မှန်း၍ ထိုသူ့အထံ တပည့်ခံဖို့ရာ ငါတို့ ရဟန်းပြုပါသည်” ဟု ပြောဆိုကာ ရဟန္တာအစစ်ကို ရှာသောအားဖြင့် တောထွက်ခဲ့ကြခြင်း ဖြစ်သည်။
တောထွက် လာခဲ့ကြပြီးနောက် လမ်းနှစ်ခွသို့ ရောက်သောအခါ အရှင်ပိပ္ပလိသည် ရပ်တန့်၍ “ဘဒ္ဒါ … သင်ကဲ့သို့ ရုပ်အဆင်း အထက်တန်းကျသော ရသေ့မတစ်ယောက် နောက်ကပါနေသည်ကို မြင်ရသူတို့က “သူတို့နှစ်ယောက် ရသေ့ရဟန်းပြုပြီးသော်မှလည်း မခွဲနိုင် မခွာရက်ကြ” ဟု အပြစ်မြင်ကြလိမ့်မည်၊ သင်အလိုရှိရာ လမ်းကိုယူပါ၊ ငါတို့ နှစ်ယောက်လမ်းခွဲကြစို့” ဟု မိန့်တော်မူရာ မယ်ဘဒ္ဒါကလည်း “မှန်ပါတယ်၊ လူအများ အပြစ်မြင်စရာ ဖြစ်နေပါတယ်၊ နှမက လက်ဝဲဘက်လမ်းကို လိုက်သွားပါ့မယ်၊ အရှင်က လက်ယာလမ်းကို ကြွပါ” ဟု လျှောက်၍ အလွန်ရိုသေစွာကန်တော့ရာ မြေစောင့်နတ်များ မနေနိုင် မထိုင်နိုင်ဖြစ်၍ ဤမဟာပထဝီမြေကြီးသည် သွက်သွက်ခါအောင် တုန်လှုပ်လေသည်။
ဗုဒ္ဓနှင့် တွေ့တော်မူပုံ
ထို မြေလှုပ်ခြင်း၏ အကြောင်းကို ဗုဒ္ဓရှင်တော် ဆင်ခြင်တော်မူသောအခါ သာသနာ့ဝန်ဆောင် ထိပ်ခေါင်တင် သားတော်ကြီး အလောင်း ပိပ္ပလိသတို့သား နှင့် မယ်ဘဒ္ဒါတို့ တောထွက်လာ၍ လမ်းခွဲကြကြောင်းကို သိတော်မူသဖြင့် ပိပ္ပလိအရှင် လာမည့်လမ်းသို့ ၃ ဂါ၀ုတ်ဝေးအောင် ခရီးဦးကြိုပြုကာ ပညောင်ပင်အောက်၌ ရောင်ခြည်တော်ခြောက်သွယ်ဖြင့် တင့်တယ်စွာ ထိုင်နေတော်မူနှင့်လေသည်။ ပိပ္ပလိအရှင်လည်း ဗုဒ္ဓရှင်တော်ကို မြင်လျှင်မြင်ချင်း “မိမိရည်မှန်းခဲ့သော ဆရာသည် ဤပုဂ္ဂိုလ်သာတည်း” ဟု ဆုံးဖြတ်၍ အလွန်လေးမြတ်စွာ ရှိခိုးဝပ်ချလျက် တပည့်အဖြစ်ကို ခံယူလေသည်။ [ထို ပိပ္ပလိကို ကဿပအနွယ်ဝင် ဖြစ်သောကြောင့် “အရှင်မဟာကဿပ” ဟု ခေါ်ကြသည်။]
ဗုဒ္ဓရှင်တော်သည် အရှင်မဟာကဿပအား ထိုနေရာတွင်ပင် ရဟန်းအဖြစ်ကို ပေးတော်မူ၍ အတူ ကြွတော်မူလေရာ ခရီးအကြား သစ်ပင်အောက်၌ အရှင်မဟာကဿပ ခင်းပေးအပ်သော သင်္ကန်းကြီးအပေါ်မှာ ထိုင်တော်မူ၍ ထိုသင်္ကန်းကြီးကို လက်တော်ဖြင့် သုံးသပ်တော်မူကာ “ကဿပ … (လူ့ဘဝတုန်းက အဝတ်ဖြစ်ခဲ့သော) သင်ရဲ့သင်္ကန်းက တယ်နူးညံ့ပါတကား” ဟု မိန့်တော်မူလေသော် –
အရှင်ကဿပ။ ။ ဒီသင်္ကန်းကို မြတ်စွာဘုရား ခြုံတော်မူပါဘုရား။
ဗုဒ္ဓ။ ။ သင်ကော ဘာကိုခြံုမည်လဲ။
အရှင်ကဿပ။ ။ မြတ်စွာဘုရား၏ သင်္ကန်းတော် အဟောင်းရပါလျှင် ခြံုပါမည်ဘုရား။
ဗုဒ္ဓ။ ။ ကဿပ … ဤသင်္ကန်းကို ငါဘုရားကိုယ်တိုင် ပုဏ္ဏာမည်သော ကျွန်မ၏အလောင်းမှ တစ်ပြည်သားမျှသော လောက်တွေကိုဖယ်၍ ပံသုကူ ကောက်ယူခဲ့ရတယ်။ ဤသင်္ကန်းကို ပံသုကူကောက်ချိန်က မဟာပထဝီမြေကြီးပင် တုန်လှုပ်ခဲ့ရတယ်၊ ဓူတင်အားလုံးဆောင်နိုင်သူမှ ဤသင်္ကန်းနှင့်ထိုက်တန်တယ်၊ ဤသင်္ကန်းကို ဆောင်နိုင်ပါ့မလား။ (ဤသင်္ကန်းနဲ့တန်အောင် ကျင့်နိုင်ပါ့မလားဟူလို။) ဤသို့မေးတော်မူ၍ အရှင်ကဿပက
“ဆောင်နိုင်ပါကြောင်း” လျှောက်ထားသဖြင့် သင်္ကန်းချင်းလဲ၍ ၀တ်ရုံလေသော် မဟာပထဝီမြေကြီးလည်း တအံ့တသြ ဖြစ်သည့်ပမာ ပြင်းစွာတုန်လှုပ် ပြန်လေသည်။ အရှင်မဟာကဿပလည်း ဓူတင်အားလုံးကို ဆောင်၍ ကြိုးစားအားထုတ်တော်မူရာ ရှစ်ရက်မြောက် အရုဏ်တက်ချိန်မှာ ရဟန္တာဖြစ်တော်မူသည်။
ရှင်မဟာကဿပသည် တောကျောင်း၌ သီတင်းသုံးတော်မူ၏။ သင်္ကန်း ၃ ထည်သာ ကိုယ်ပိုင် ထားတော်မူ၏။ အမြဲ ဆွမ်းခံ၍ ဘုဉ်းပေးတော်မူ၏။ ဆွမ်းခံရာမှာလည်း အိမ်စဉ်မကျော်ဘဲ ဆွမ်းခံတော်မူ၏။ ဤသို့စသည်ဖြင့် အမြဲဓူတင်ဆောက်တည်တော်မူကာ တစ်ရံတစ်ခါ၌မူ ဆွမ်းခံမကြွမီ သမာပတ်ကို ၀င်စားတော်မူ၍ သမာပတ်မှ ထ,တော်မူပြီးနောက် ဆင်းရဲသူများကို ချီးမြှောက်သောအားဖြင့် ဆင်းရဲသူများရပ်ကွက်သို့ ဆွမ်းခံဝင်တော်မူ၏။ အခါတစ်ပါး၌ကား သိကြားနှင့်သုဇာတာမိဖုရားတို့ပင် လူဆင်းရဲဟန်ဆောင်၍ အရှင်မဟာကဿပအား ဆွမ်းလောင်းဖူးသည်။ လယ်စောင့် ဆင်းရဲသူမတစ်ယောက်ကား သူ၏သွားရည်စာ ပေါက်ပေါက်လှော်များကို အရှင်မဟာကဿပအားလှူပြီးနောက် လယ်ကန်သင်း၌ မြွေပေါက်ခံရ၍ စုတေလေရာ ချက်ချင်းပင် တာဝတိံသာသို့ ရောက်သွားသည်။
တစ်ရံတစ်ခါ၌ နူနာစွဲသူတို့၏ လက်ဖြင့်နယ်၍ လှူဒါန်းအပ်သော ဆွမ်းကိုပင် မြိန်ရှက်စွာ ဘုဉ်းပေးတော်မူပါသတဲ့။ အို အရှင်မြတ်ကြီးဘုရား၊ အရှင်မြတ်၏ လူ့ဘဝတုန်းက စည်းစိမ်နှင့် အရှိန်အဝါကိုတွေးကာ ရဟန်းတော်ဘဝ၌ ကျင့်တော်မူပုံများကို နှိုင်းယှဉ်၍ စဉ်းစားလိုက်သောအခါ တပည့်တော်၏အဖြစ်ကို အားမရနိုင်အောင် ရှိပါသည့်ပြင် အရှင်မြတ်ကြီးကိုကား ဦးတော်ညွတ်ကာပျပ်ဝပ် ရိုသေလှပါတော့သည် ဘုရား။
ဗုဒ္ဓရှင်တော် မြှောက်စားတော်မူပုံ
နောင်အရေးကို မြော်မြင်သောဘုရင်မင်းမြတ်သည် မိမိ၏အရိပ်အရာကိုဆက်ခံနိုင်မည့် သားရတနာအား မိမိ၀တ်ဆင်မြဲဖြစ်သော တန်ဆာကိုပေးသနားတော်မူသကဲ့သို့ ဗုဒ္ဓရှင်တော်မြတ်သည်လည်း ကိုယ်တော်မြတ်၏ အရိပ်အရာ သာသနာတော်ကို ဆက်လက်၍ ဆောင်ရစ်မည်ကို မြင်တော်မူကာ ကိုယ်တော်မြတ်၏ ပံသုကူသင်္ကန်းတော်ကို အရှင်မဟာကဿပ ရဟန်းဖြစ်စကပင် ပထမအကြိမ် ချီးမြှောက်တော်မူခဲ့ပြီ။ ထို့နောက် မကြာမကြာ သံဃာ့ပရိသတ်အလယ်မှာ အရှင်မဟာကဿပကို မြှောက်စားတော်မူ၏။ ဘိက္ခုတို့၊ သင်တို့သည် ကဿပလို နေနိုင်၊ ကဿပလို ကျင့်နိုင်အောင် ကြိုးစားကြ။
တရားဟောတဲ့နေရာမှာပင် ကဿပရဲ့စိတ်ထားမျိုးဟောကြ၊ ကဿပတရားဟောတဲ့အခါ တရားတော်၏ သဘာဝကျပုံ မှန်ကန်ပုံကို အခြေခံထား၍ “ငါဟောတဲ့တရားကို သူတို့နာကြလျှင် ကောင်းမှာပဲ၊ ကြားနာပြီး နားလည်ကြလျှင် ကောင်းမှာပဲ၊ နားလည်ပြီး လိုက်နာကျင့်ကြလျှင် ကောင်းမှာပဲ” ဟု မေတ္တာ ကရုဏာစိတ်ဖြင့် ဟောသည်၊ “ဘိက္ခုတို့၊ ငါဘုရားသည် စျာန် အဘိညာဉ် ၀င်စားတော်မူလိုသည့်အခါ အလိုရှိရာ စျာန်အဘိညာဉ်ကို (အချိန်မကြာစေဘဲ) ၀င်စားနိုင်သကဲ့သို့ ကဿပ သည်လည်း ငါဘုရားလိုပင် ချက်ချင်းဝင်စားနိုင်သည်” ဟု တန်ခိုးအရာ တန်းတူထား၍ မြှောက်စားတော်မူသည်။
မြှောက်စားရာ၌ ရည်ရွယ်ချက်
ဘာ့ကြောင့် ထိုမျှလောက် မြှောက်စားတော်မူပါသနည်း။ အရှင်သာရိပုတ္တရာ အရှင်မဟာမောဂ္ဂလာန် တို့သည် ဗုဒ္ဓရှင်တော်၏အလျင် ပရိနိဗ္ဗာန်စံကြမည်ဖြစ်၍ ဗုဒ္ဓရှင်တော်ပရိနိဗ္ဗာန်စံတော်မူပြီးသည့်အခါ၀ယ် အရှင်မဟာကဿပသာလျှင် သာသနာ့ဝန်ကို ဆောင်ရစ်ရပေမည်၊ ထိုအခါ “ဗုဒ္ဓရှင်တော်သည်ပင် တန်းတူထား၍ မြှောက်စားအပ်သော အရှင်မြတ်ပေတကား” ဟု အရှင်မဟာကဿပကို သံဃာတော်အားလုံးက လေးစားရစ်စေတော်မူလိုသောကြောင့် အဂ္ဂသာဝက ၂ ပါး ထက်ပို၍ မြှောက်စားတော်မူပါသည်။ [အရှင် မဟာကဿပသည် သက်တော် တစ်ရာ့နှစ်ဆယ်ရှည်သောကြောင့် ဗုဒ္ဓရှင်တော် ပရိနိဗ္ဗာန်စံတော်မူပြီးနောက် နှစ်ပေါင်းအတော်ကြာအောင် သာသနာ့တာဝန်ကို ဆောင်တော်မူခဲ့ပေသည်။ ထိုကဲ့သို့ လူ့ဘဝ၌လည်း အမျိုးမြတ်စည်းစိမ်ရှင်ဖြစ်၍ သာသနာတော်သို့ ၀င်လာသောအခါ၌လည်း တန်ခိုးဣဒ္ဓိပါဒ်အရပ်ရပ်နှင့် အကျင့်ထူးတော်မူသော သက်တော်ရှည်သားတော်ကြီး တစ်ပါးကို ဗုဒ္ဓရှင်တော်ရတော်မူလိုက်သည်မှာ သာသနာတော်အတွက် လွန်စွာ ကံကောင်းပါပေသည်။
အမရပူရ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိ၀ံသ ၏ အနာဂတ်သာသနာရေး မှ ကောက်နှုတ်ဖော်ပြပါသည်။
Credit— U Ariya Lankara

LEAVE A REPLY

Please enter your comment!
Please enter your name here